← Chapters

ရွှေ့ပြောင်းရေးအစီအစဉ် ပြောင်းလဲခြင်း....

Vol. 55 Ch. 809

ရွှေ့ပြောင်းရေးအစီအစဉ် ပြောင်းလဲခြင်း....

Vol. 55 Ch. 809

ပင်မစကြာဝဠာ၊ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။

" ဖရိုဖရဲနိယာမက တာအိုအားလုံးကို မွေးဖွားပေးနိုင်တယ်။ ဒါဆို ငါ့ရဲ့ တာအိုက ဘာဖြစ်မလဲ။ " လင်းယွမ်က အတွေးနက်နေသည်။

ရင်းမြစ်ကမ္ဘာရှိ လီယန်ရှေးဟောင်းနိုင်ငံမှ အတွေ့အကြုံများအရ လင်းယွမ်က နိယာမနားလည်မှုများနှင့် ပက်သက်၍ နားလည်မှုက အဆင့်သစ်တစ်ခုသို့ ရောက်သွားခဲ့သည်။

" ယင်နဲ့ယန်။ ငါ့ရဲ့ တာအိုက ယင်နဲ့ယန်ပဲ။ ငါ ဖရိုဖရဲယင်ယန်ကို ဆင့်ကဲပြောင်းလဲလို့ရတယ်။ " လင်းယွမ်၏ သိုင်းတာအိုက ယင်နှင့်ယန်တွင် အမြစ်တွယ်နေပြီး ယင်နှင့်ယန် လည်ပတ်မှုက ထိုက်ကျိ၊ ဖရိုဖရဲထိုက်ကျိကို ဖွဲ့စည်းသည်။

အရှင်ချင်းဖန်က မီးတာအိုကို ကျင့်ကြံခဲ့ပြီး နောက်ဆုံးတွင် ဖရိုဖရဲမီးတောက် သို့မဟုတ် သူနှင့်သာ သက်ဆိုင်သည့် ဖရိုဖရဲအပြာရောင်မီးတောက်အဖြစ် ပြောင်းလဲခဲ့သည်။ တူညီသော မီးတာအိုကို ကျင့်ကြံလျှင်တောင် ထိုးထွင်းသိမြင်နိုင်မှုများက သူတို့ဘဝ၏ အတွေ့အကြုံများအပေါ် အခြေခံ၍ ကွဲပြားသွားပေလိမ့်မည်။

" ဖရိုဖရဲနိယာမအပေါ် ငါ့ရဲ့ နားလည်မှုနဲ့ဆိုရင် ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းလဲဖို့ မဖြစ်နိုင်သေးဘူးထင်တယ်။ " လင်းယွမ်က ခဏလေ့လာပြီး ကောက်ချက်ချလိုက်သည်။

ဖရိုဖရဲနိယာမတွင် လင်းယွမ်၏ နားလည်မှုက ပထမအဆင့်သာ ရှိသေးသည်။ ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းလဲရန်အတွက် သူက ဒုတိယအဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။ အခြားနိယာမများက ပထမအဆင့်မှ နဝမအဆင့်ထိ ရှိကြသည်။

သို့သော် ဖရိုဖရဲနိယာမက အဆင့်သုံးဆင့်သာ ရှိပြီး ပထမအဆင့်က အနိမ့်ဆုံး၊ တတိယအဆင့်က အမြင့်ဆုံးဖြစ်သည်။

" ငါ အခြားနိယာမတွေအပေါ် နားလည်နိုင်စွမ်းကို မြှင့်တင်ဖို့ လိုအပ်နေတုန်းပဲ။ " လင်းယွမ်က သူ၏ လိုအပ်ချက်များကို ကောင်းစွာနားလည်သည်။

" အချိန်လေဟာနယ် အဋ္ဌမအဆင့်..." လင်းယွမ်က အချိန်လေဟာနယ်အပေါ် အာရုံစိုက်လိုက်သည်။

လက်ရှိတွင် သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီး အဋ္ဌမအဆင့်နှင့် နီးကပ်နေပြီဖြစ်သည်။ သူက အချိန်လေဟာနယ်အဋ္ဌမအဆင့်သို့ ရောက်ရှိလျှင် အချိန်လေဟာနယ်ကို အသုံးပြုပြီး အခြားနိယာမများ၏ နားလည်မှုကို မြှင့်တင်ပြီး ဖရိုဖရဲနိယာမ၏ ဒုတိယအဆင့်ကို တွန်းပို့နိုင်လောက်ပေသည်။

" အတွင်းစကြာဝဠာရဲ့ ချိန်ညှိမှုကလည်း ပြီးခါနီပြီ။ " လင်းယွမ်က အတွင်းစကြာဝဠာကို ကြည့်လိုက်သည်။

အဆုံးမဲ့ဟင်းလင်းပြင်၏ ပထမအဆင့်ကို အောင်မြင်ပြီးသောအခါ လင်းယွမ်၏ အတွင်းစကြာဝဠာက ဖရိုဖရဲအရှင်သခင်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်သို့ ရောက်ခဲ့ပြီး ချိန်ညှိမှုများ ပြုလုပ်နေခဲ့သည်။

လင်းယွမ်၏ အတွင်းစကြာဝဠာက အလင်းနှစ်သန်းနှစ်ဆယ်သာ ကျယ်ဝန်းသော်လည်း ပင်မစကြာဝဠာကို ဖိအားပေးနိုင်သည်။ အကြောင်းမှာ အတွင်းစကြာဝဠာ၏ အချိန်လေဟာနယ်တည်ဆောက်မှုက အလွန်တည်ငြိမ်သောကြောင့် ဖြစ်သည်။ ပင်မစကြာဝဠာနှင့် ယှဉ်နိုင်ခြင်းမှာ အရွယ်အစားသာမဟုတ်ဘဲ ကဏ္ဍအားလုံးပေါ်တွင် မူတည်နေသည်။

သာမန်အဆင့်နိမ့်သော သက်ရှိများက လင်းယွမ်၏ အတွင်းစကြာဝဠာအတွင်း ရှင်သန်နိုင်ရန် အလွန်ခက်ခဲပေသည်။ ၎င်းမှာ ပင်မစကြာဝဠာ၏ ဆွဲအားထက် လင်းယွမ်၏ အတွင်းစကြာဝဠာက အဆပေါင်းများစွာ ပိုမိုပြင်းထန်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် လင်းယွမ်က ၎င်းကို ချိန်ညှိနေခဲ့ခြင်းဖြစ်သည်။

စကြာဝဠာပျက်ဆီးခြင်းက နီးကပ်လာပြီဖြစ်သောကြောင့် လင်းယွမ်က လူသားမျိုးနွယ်၏ နိုင်ငံသားများကို အတွင်းစကြာဝဠာထဲတွင် လက်ခံထားရန် ရည်ရွယ်ထားသည်။

" စကြာဝဠာပျက်ဆီးမှာကို လူသားမျိုးနွယ်မှာလည်း ကြေညာထားတာကြာပြီ။ " လင်းယွမ်က ကြယ်စကြာဝဠာကို ကြည့်လိုက်သည်။

စကြာဝဠာပျက်ဆီးမည့်အကြောင်း ကြေညာခြင်းနှင့်အတူ နိုင်ငံသားများကို ရွှေ့ပြောင်းခြင်းက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။ နိုင်ငံသားများ စကြာဝဠာအသစ်သို့ ရွှေ့ပြောင်းခြင်းအပေါ် တင်းကျပ်သော စံနှုန်းများ သတ်မှတ်ထားသည်။

ပထမဆုံး အလွှာခြောက်နှင့် အထက် ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်လေးနှင့်အထက် နိုင်ငံသားများက စကြာဝဠာပျက်ဆီးခြင်းမှ အသက်ရှင်ကျန်ရစ်ပြီး စကြာဝဠာအသစ်သို့ ရွှေ့ပြောင်းနိုင်ရန် အာမခံချက်ရှိသည်။

အဓိကအချက်မှာ အလွှာခြောက်နှင့်အထက် ဆင့်ကဲပြောင်းလဲသူများက တိုးတက်ရန် အလားအလာများရှိပြီး အဆင့်လေးနှင့်အထက် နိုင်ငံသားများက လူသားမျိုးနွယ်အပေါ် ထင်ရှားသော ထောက်ပံ့မှုများ ပေးခဲ့သောကြောင့် ဖြစ်သည်။

သာမန်နိုင်ငံသားများနှင့် ဆင့်ကဲပြောင်းလဲသူအများစုအတွက်မူ ရွှေ့ပြောင်းခွင့်ကို ကံစမ်းမဲစနစ်ဖြင့် ဆုံးဖြတ်ပေးသည်။ ပျမ်းမျှအားဖြင့် သာမန်နိုင်ငံသားများနှင့် ဆင့်ကဲပြောင်းလဲသူ ၁၂၀လျှင် တစ်ယောက်က စကြာဝဠာအသစ်သို့ ပြောင်းရွှေ့ရန် ရွေးချယ်ခံရသည်။

လင်းယွမ်၏ အကြည့်များက နက်ရှိုင်းလာပြီး ကြယ်စကြာဝဠာထဲမှ မရေတွက်နိုင်သော ဂြိုလ်များက သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည်။

အသက်ဂြိုလ်တစ်ခုပေါ်တွင် ကြီးမားသော ကြယ်သင်္ဘောတစ်စင်းက အာကာသထဲတွင် ရပ်တန့်နေသည်။

" ပြောင်းရွှေ့ရန် ရွေးချယ်ခံရသော နိုင်ငံသားများအားလုံး ကျေးဇူးပြုပြီး ကြယ်ဆိပ်ကမ်းသို့ ချက်ချင်း သွားရောက်ပေးကြပါ။ "

အကြောင်းကြားချက်များက နိုင်ငံသားတိုင်းထံသို့ အဆက်မပြတ် ဝင်ရောက်နေသည်။

" သုံးရက်အတွင်း ကြယ်ဆိပ်ကမ်းသို့ ရောက်ရှိရန် ပျက်ကွက်ခဲ့ရင် ပြောင်းရွှေ့ခွင့်ကို ဆန္ဒအလျောက် စွန့်လွှတ်တယ်လို့ မှတ်ယူပါမယ်။ "

" အဖေ..." မိန်းကလေးတစ်ယောက်က သူမ၏ ဖခင်ကို ဝမ်းနည်းစွာ ကြည့်နေသည်။

" သမီး ဘာလို့ရပ်နေတာလဲ။ သမီးက ပြောင်းရွှေ့ခွင့်ရထားတယ်လေ။ လူတွေဘယ်လောက်များက သမီးကို မနာလိုဖြစ်နေကြလဲ သိလား။ သွား ကြယ်ဆိပ်ကမ်းကို မြန်မြန်သွား။ "

ဖခင်ဖြစ်သူက နွေးထွေးစွာ ပြုံးလိုက်သည်။ " အဖေနဲ့ အမေတို့က ဘဝရဲ့ အချိန်အများစုကို နေထိုင်ပြီးသွားပြီ။ ဒီမှာမွေးတယ်၊ ဒီမှာကြီးတယ်၊ ပြီးတော့ ဒီမှာပဲ သေရမှာပေါ့။ ဒါက အဖေတို့အတွက် လုံလောက်ပါပြီ။ "

" အဖေ သားတို့က အဖေတို့နဲ့အတူ ဒီမှာပဲနေခဲ့ချင်တယ်။ " ကလေးများ၏ မျက်နှာပေါ်တွင် မျက်ရည်များက စီးကျနေသည်။

" ဒီမှာနေမယ်။ မင်းတို့က ငယ်သေးတယ်။ ဒီမှာ အဖေတို့နဲ့အတူ နေပြီး သေခြင်းတရားကို ရင်ဆိုင်ဖို့ ဘာလို့နေခဲ့ရမှာလဲ။ " ဖခင်ဖြစ်သူက မျက်ရည်များနှင့် ဆူပူလိုက်သည်။ " သွားတော့။ မင်းတို့အမေကို ငါနှစ်သိမ့်ပေးရဦးမယ်။ "

" မင်းတို့သာ ရှိနေရင် ငါနဲ့ မင်းတို့အမေ အေးအေးချမ်းချမ်းနဲ့ သွားရမှာမဟုတ်ဘူး။ အခုသွားတော့။ " ဖခင်က လှည့်ပြီး အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

ကလေးများက တွန့်ဆုတ်စွာဖြင့် ကြယ်ဆိပ်ကမ်းသို့ ထွက်ခွာသွားကြသည်။ အိမ်အတွင်း၌ ဖခင်ဖြစ်သူက အမျိုးသမီးတစ်ယောက်နှင့်အတူ အာကာသထဲမှ ကြယ်သင်္ဘောကို ကြည့်နေသည်။

" သူတို့သာ ရှင်သန်နိုင်ရင် ကောင်းပါတယ်။ " ဖခင်ဖြစ်သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

လူသားမျိုးနွယ်တွင် ရွှေ့ပြောင်းရေးအစီအစဉ်က ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အသက်ဂြိုလ်များက အလွန်များပြားသဖြင့် ကြယ်သင်္ဘောများက နိုင်ငံသားများကို နှေးကွေးစွာဖြင့်သာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။

ရွှေ့ပြောင်းရေးကာလအတွင်း ခွဲခွာရသော မြင်ကွင်းများက ဝမ်းနည်းစရာကောင်းလှသည်။ အထူးသဖြင့် မိသားစုထဲတွင် တစ်ယောက်တည်း ရွှေ့ပြောင်းခွင့်ရသောအခါ ချစ်ခင်ရသူများနှင့် ခွဲခွာရခြင်းက ရှောင်လွှဲ၍မရပေ။ အချို့နိုင်ငံသားများက ခွဲခွာခြင်းကို ခံနိုင်ရည်မရှိဘဲ သူတို့၏ ပြောင်းရွှေ့ခွင့်ကို ဆန္ဒအလျောက် စွန့်လွှတ်ကာ မိသားစုများ၊ ချစ်ခင်ရသူများနှင့် ကျန်နေခဲ့ရန် ရွေးချယ်ခဲ့ကြသည်။

လူသားမျိုးနွယ်၏ တတိယခံတပ်တွင် ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားကြီးမြတ်သူများက ရွှေ့ပြောင်းခြင်းအကြောင်း ဆွေးနွေးနေကြသည်။

" ရွှေ့ပြောင်းခွင့်ရတဲ့ နိုင်ငံသားတွေအားလုံး သတ်မှတ်ထားတဲ့ နေရာကို ရောက်နေပြီ။ သူတို့ကို ငါတို့ အတွင်းစကြာဝဠာတွေထဲ ပို့ဆောင်ဖို့ပဲ လိုတော့တယ်။ " ကြီးမြတ်သူယုတိုင်က ပြောလိုက်သည်။

အခြားကြီးမြတ်သူများကလည်း သဘောတူညီစွာ ခေါင်းညိမ့်လိုက်ကြသည်။ နိုင်ငံသားများကို အတွင်းစကြာဝဠာထဲသို့ ပို့ဆောင်နိုင်ရန်အတွက် သူတို့က အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ ထိုအချိန်တွင် လင်းယွမ်က ပေါ်လာပြီး ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။

" လင်းယွမ် " ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားကြီးမြတ်သူများက မျက်လုံးများ တောက်ပသွားကြသည်။

" ရွှေ့ပြောင်းရေးအစီအစဉ်က ဘယ်လိုလဲ။ " လင်းယွမ်က မေးလိုက်သည်။

" အားလုံးက အဆင်ပြေပါတယ်။ " ကြီးမြတ်သူရွှမ်ယွမ်က ပြောလိုက်သည်။ " ဒါပေမယ့် ရွှေ့ပြောင်းခွင့်ရတဲ့ နိုင်ငံသားအချို့က သူတို့ရဲ့နေရာတွေကို ဆန္ဒအလျောက် စွန့်လွှတ်ခဲ့လို့ ရွေးချယ်မှုတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ရတယ်။ "

" အဲ့ဒါက သူတို့ ချစ်ခင်ရသူတွေနဲ့ မခွဲခွာချင်လို့ပဲ။ " ကြီးမြတ်သူရှုချန်က ပြောလိုက်သည်။

" ဟူး..." ကြီးမြတ်သူများက သက်ပြင်းချလိုက်ကြသည်။ သူတို့က အားလုံးကို ခေါ်သွားချင်သော်လည်း လက်တွေ့တွင် မဖြစ်နိုင်သောကြောင့် မတတ်နိုင်ကြပေ။

နိုင်ငံသားများကို ပိုမိုသယ်ဆောင်သွားလျှင်လည်း စကြာဝဠာ၏ တန်ပြန်မှုက ပို၍ ပြင်းထန်ပေလိမ့်မည်။ နောက်ဆုံး သူတို့အတွင်းစကြာဝဠာထဲမှ လူသားများသာမက သူတို့ကိုယ်တိုင်ပင် ထိခိုက်နိုင်လေသည်။

" ရွှေ့ပြောင်းရေးအစီအစဉ်က ပြောင်းလဲသွားပြီ။ " လင်းယွမ်က ကြီးမြတ်သူများကို ကြည့်ပြီး ပြောလိုက်သည်။

" ပြောင်းလဲသွားပြီလား။ " ကြီးမြတ်သူတိုင်းက စိတ်ထဲမှ တုန်လှုပ်သွားကြသည်။

" ငါ လူသားမျိုးနွယ်တစ်ခုလုံးကို ခေါ်သွားနိုင်တယ်။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။

" အားလုံးကို ခေါ်သွားမှာလား။ " ကြီးမြတ်သူများက အချင်းချင်း ကြည့်ပြီ နားမလည်နိုင်ဖြစ်သွားကြသည်။

" လင်းယွမ် လူသားမျိုးနွယ်တစ်ခုလုံးကို ခေါ်သွားရင် စကြာဝဠာစိတ်အသိနဲ့ ရင်ဆိုင်ရလိမ့်မယ်။ " ကြီးမြတ်သူရွှမ်ယွမ်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။

" စကြာဝဠာစိတ်အသိလား။ " လင်းယွမ်က ရယ်မောပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ " သူက ငါ့ကို ဆက်ပြီး တားဆီးနိုင်တော့မှာ မဟုတ်ဘူး။ "

အဆုံးမဲ့ဟင်းလင်းပြင်၏ ပထမအဆင့်ကို အောင်မြင်ပြီးသောအခါ လင်းယွမ်၏ အတွင်းစကြာဝဠာက ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ အတွင်းစကြာဝဠာနှင့် နှိုင်းယှဉ်နိုင်ခဲ့သည်။ ပင်မစကြာဝဠာ၏ စိတ်အသိပင် သူ့ကို ဘာမှမလုပ်နိုင်ပေ။

စကြာဝဠာစိတ်အသိက လင်းယွမ်အပေါ် လှုပ်ရှားလျှင်တောင် အများဆုံး ပိတ်လှောင်ထားနိုင်ရုံသာဖြစ်သည်။ စကြာဝဠာပျက်စီးသည့်အချိန်တွင် စကြာဝဠာစိတ်အသိကလည်း အားနည်းသွားပြီး လင်းယွမ်ကို ထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။

All Chapters