ကြီးမြတ်သူများ၏ တုန်လှုပ်မှု....
Vol. 55 Ch. 810
" လင်းယွမ် မင်းဆိုလိုတာက..." ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားကြီးမြတ်သူများက အံ့ဩတုန်လှုပ်သွားကြသည်။
စကြာဝဠာစိတ်အသိက လင်းယွမ်ကို မတိုက်ခိုက်နိုင်တော့ဘူးလား။ သာမန်သက်ရှိများက စကြာဝဠာစိတ်အသိကို မခံစားနိုင်ကြပေ။ အလွှာဆယ့်တစ်သက်ရှိများပင် ၎င်း၏ စွမ်းအားအနည်းငယ်သာ ခံစားမိနိုင်ကြသည်။
အလွှာဆယ့်နှစ် သက်ရှိများက အချိန်မြစ်၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့ပြီး စကြာဝဠာစိတ်အသိကို ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် သူတို့က ၎င်းကို ကောင်းစွာ သိကြသည်။ စကြာဝဠာစိတ်အသိက စကြာဝဠာတစ်ခုလုံး၏ စွမ်းအားကို စုစည်းနိုင်ပြီး စကြာဝဠာအတွင်း ၎င်းထုတ်လွှတ်သော စွမ်းအားက ဖရိုဖရဲအဆင့်သို့ပင် ရောက်နိုင်သည်။
သာမန် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် သက်ရှိများက စကြာဝဠာစိတ်အသိကို ဆန့်ကျင်ရဲခြင်းမရှိကြပေ။ ကပ်ဘေးမျိုးနွယ်မှ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ရှိသော ကြီးမြတ်သူနှစ်ယောက်ပင် စကြာဝဠာစိတ်အသိ၏ ပစ်မှတ်ထားခြင်းကို ခံရသောကြောင့် လှုပ်ရှားရဲခြင်းမရှိကြပေ။
တစ်ခုကောင်းသည်မှာ စကြာဝဠာစိတ်အသိက ဗီဇအရ လှုပ်ရှားခြင်းဖြစ်သည်။ မဟုတ်လျှင် အလွှာဆယ့်နှစ်များအပါအဝင် ၎င်း၏ အဆင့်အောက်ရှိ သက်ရှိအားလုံးက ၎င်း၏ ကျေးကျွန်ဖြစ်သွားကြပေလိမ့်မည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က အချင်းချင်း ကြည့်ကာ တွန့်ဆုတ်သွားကြသည်။ သူတို့က လင်းယွမ်ကို ယုံကြည်ကြသော်လည်း စကြာဝဠာစိတ်အသိကို အင်အားမဲ့စေခြင်းမှာ သူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
" နည်းနည်းတိုးတက်လာတာပါ။ " လင်းယွမ်က ပြုံး၍ သူ၏ လက်ကို မြှောက်ကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သည်။
ပထမအကြိမ် လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက် ကျော်လွန်သော စွမ်းအားကို ထုတ်ဖော်သောအခါ စကြာဝဠာစိတ်အသိက ဆင်းသက်လာခဲ့သော်လည်း ဤတစ်ကြိမ်တွင် စကြာဝဠာစိတ်အသိက ဆင်းသက်လာရန်ပင် စိတ်မဝင်စားတော့ပေ။
" ဒါက..." လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က တုန်လှုပ်သွားကြသည်။ လင်းယွမ်၏ သာမန်လှုပ်ရှားမှုတစ်ခုက စကြာဝဠာစိတ်အသိကို ဆွဲဆောင်နိုင်သော စွမ်းအားကို သယ်ဆောင်လာသည်။ သို့သော် သူတို့က ဘယ်သူမှ စကြာဝဠာစိတ်အသိ၏ အော်ရာကို မခံစားမိကြပေ။
" လင်းယွမ် မင်းနဲ့ယှဉ်ရင် ငါတို့ကိုးယောက်က..." ကြီးမြတ်သူကုလီက လင်းယွမ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
သူတို့က လင်းယွမ်ကို အားနည်းသော ဆင့်ကဲပြောင်းလဲသူအဖြစ်မှ စကြာဝဠာစိတ်အသိကိုပင် ဆန့်ကျင်နိုင်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာသည်ကို စောင့်ကြည့်ခဲ့ကြသည်။ လင်းယွမ်နှင့်မတူ ကြီးမြတ်သူကိုးယောက်၏ ခွန်အားက အစမှအဆုံး အနည်းငယ်သာ ပြောင်းလဲခဲ့သည်။
" ငါတို့လူသားမျိုးနွယ်မှာ လင်းယွမ်ရှိတာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။ " ကြီးမြတ်သူရွှမ်ယွမ်က သက်ပြင်းချလိုက်သည်။
လူသားမျိုးနွယ်က လင်းယွမ်ထံမှ ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။ ယခင်စကြာဝဠာပျက်ဆီးခြင်းများတွင် မျိုးနွယ်တိုင်းက သူတို့၏ လူဦးရေ ၉၉ ရာခိုင်နှုန်းကို စွန့်လွှတ်ခဲ့ရသည်။ အချို့အတ္တကြီးသော အလွှာဆယ့်နှစ် ကြီးမြတ်သူများဆိုလျှင် စကြာဝဠာပျက်ဆီးခြင်းကို ရင်ဆိုင်ရာတွင် ရှင်သန်နိုင်စွမ်းကို တိုးမြှင့်နိုင်ရန်အတွက် သူတို့၏ မျိုးနွယ်တစ်ခုလုံးကိုပင် စွန့်လွှတ်ခဲ့ကြသည်။
" လူသားမျိုးနွယ်တစ်ခုလုံးကို ရွှေ့ပြောင်းမယ်ဆိုရင် အစီအစဉ်ကို ပြန်ပြင်ရမယ်။ " ကြီးမြတ်သူယုတိုင်က ချက်ချင်း ရွှေ့ပြောင်းရေး အစီအစဉ်တစ်ခုကို စတင်စဉ်းစားလိုက်သည်။
" ငါတို့ နိုင်ငံသားအားလုံကို ဒီဧရိယာထဲကို ရွှေ့လိုက်ဖို့ပဲလိုတယ်။ " လင်းယွမ်က သူ၏ ရှေ့တွင် လွင့်မျောနေသော မြေပုံမှ နယ်မြေတစ်ခုကို ညွှန်ပြလိုက်သည်။ ထိုနယ်မြေက အလင်းနှစ်သန်းနှစ်ဆယ်ခန့်ရှိပြီး လူသားမျိုးနွယ်တစ်ခုလုံးကို ထားရှိရန် လုံလောက်ပေသည်။
" အဲ့ဒီနေရာမှာ အားလုံးကို စုစည်းမှာလား။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။
" ငါဒီနယ်မြေအတွင်းက လူသားတွေအားလုံးကို ငါ့ရဲ့ အတွင်းစကြာဝဠာထဲ တစ်ကြိမ်တည်း ရွှေ့ပြောင်းပေးနိုင်စွမ်းရှိတယ်။ " လင်းယွမ်က ပြောလိုက်သည်။
ယခု သူ၏ အတွင်းစကြာဝဠာက အလင်းနှစ် သန်းနှစ်ဆယ်ရှိသည်။ ကမ္ဘာနတ်စွမ်းရည်ကို အသုံးပြု၍ သူက အလင်းနှစ် သန်းနှစ်ဆယ်ကျယ်ဝန်းသော ပြင်ပစကြာဝဠာတစ်ခုကို ချက်ချင်း ဖွဲ့စည်းနိုင်သည်။ အချိန်ကန့်သတ်ချက် ရှိသော်လည်း လူသားမျိုးနွယ်တစ်ခုလုံးကို အတွင်းစကြာဝဠာအတွင်းသို့ ရွှေ့ပြောင်းရန် လုံလောက်သည်ထက် ပိုသည်။
လူသားမျိုးနွယ်၏ နိုင်ငံသားအားလုံး အတွင်းစကြာဝဠာထဲသို့ ရောက်သည်နှင့် လင်းယွမ်က သူတို့ကို လမ်းညွှန်မှတ်အဖြစ် အသုံးပြုပြီး ပင်မစကြာဝဠာ၏ အချိန်မြစ်အတွင်းမှ သူတို့၏ အသက်တံဆိပ်များကို ဆယ်ယူပြီး သူ၏ အတွင်းစကြာဝဠာ၏ အချိန်မြစ်ထဲသို့ ထည့်သွင်းနိုင်ရန် ယုံကြည်မှုရှိသည်။
" ဒါက အတော်လေး ရိုးရှင်းတာပဲ။ " ကြီးမြတ်သူရွှမ်ယွမ်က ခေါင်းညိမ့်လိုက်သည်။
လူသားမျိုးနွယ်၏ နိုင်ငံသားအားလုံးကို ရွှေ့ပြောင်းနိုင်လျှင် ကိစ္စများက သိသိသာသာ ရိုးရှင်းသွားပေလိမ့်မည်။ လူသားမျိုးနွယ်တစ်ခုလုံးကို ရွှေ့ပြောင်းနိုင်မည်ဖြစ်သောကြောင့် သူတို့က ယခင်ကဲ့သို့ နှုတ်ဆက်ခွဲခွာခြင်း သို့မဟုတ် နေရာစွန့်လွှတ်ခြင်းများမရှိတော့ဘဲ ဂြိုလ်တစ်ခုပြီးတစ်ခု ရွှေ့ပြောင်းသွားရန်သာ လိုအပ်သည်။
" ဒါနဲ့ စကြာဝဠာပျက်ဆီးခြင်းက ဘယ်အချိန် ရောက်လာမှာလဲ။ " ကြီးမြတ်သူရှုချန်က မေးလိုက်သည်။
" နှစ်သုံးရာမကျော်ဘူး။ " လင်းယွမ်၏ အမူအရာက လေးနက်နေသည်။
ကုမင်ဖရိုဖရဲကုန်းမြေမှ ကိုယ်ပွားက ထိုကိစ္စကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့၏ တိုက်ပွဲက ထိုနယ်မြေနှင့် သိပ်မဝေးတော့ပေ။ ဖရိုဖရဲဟင်းလင်းပြင်၏ အချိန်အရ တွက်ကြည့်လျှင် တစ်နှစ်အတွင်း ရောက်လာပေလိမ့်မည်။ သို့သော် စကြာဝဠာအတွင်း နှစ်သုံးရာကြာပေလိမ့်မည်။
" ဖရိုဖရဲမဟာသူတော်စင်တွေက တကယ်ကြောက်စရာကောင်းတာပဲ။ " ကြီးမြတ်သူရှုချန်က မှတ်ချက်ပေးလိုက်သည်။
" ဖရိုဖရဲမဟာသူတော်စင်တွေက ဖရိုဖရဲနိယာမကနေ သူတို့ရဲ့ တာအိုကို ဆင့်ကဲပြောင်းလဲပြီးသားပဲ။ သူတို့ရဲ့ သာမန်လှုပ်ရှားမှုတစ်ခုက ဖရိုဖရဲအရှင်သခင်တွေကို နှိမ်နင်းနိုင်တယ်။ " လင်းယွမ်က ရှင်းပြလိုက်သည်။
သို့သော် ဖရိုဖရဲအရှင်သခင်များတွင်လည်း ကိုယ်ပိုင်အသက်ကယ်နည်းများရှိသောကြောင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်များပင် သူတို့ကို လုံးဝ သတ်ပစ်နိုင်ရန် အလွန်ခက်ခဲသည်။
" ပြီးတော့ ငါတို့ကိုးယောက်ကိုယ်တိုင် လူသားမျိုးနွယ်ကနိုင်ငံသားတွေကို ရွှေ့ပြောင်းပေးရမယ်။ " ကြီးမြတ်သူ ရှချင်က ပြောလိုက်သည်။
ရွှေ့ပြောင်းချင်းကို ဂြိုလ်တစ်ခုချင်း ဆောင်ရွက်လျှင် ကြီးမြတ်သူများပါဝင်ခြင်းက ထိရောက်မှုကို သိသိသာသာ တိုးမြှင့်ပေးပေလိမ့်မည်။
လူသားမျိုးနွယ်၏ နယ်မြေအတွင်း မရေတွက်နိုင်သော အသက်ဂြိုလ်များပေါ်တွင် နှုတ်ဆက်ခွဲခွာသော မြင်ကွင်းများက ပေါ်ပေါက်လာခဲ့သည်။ ဤတစ်ကြိမ်နှုတ်ဆက်ခြင်းက မည်သည့်အခါမှ ပြန်တွေ့နိုင်တော့မည်မဟုတ်သည်ကို နိုင်ငံသားတိုင်း နားလည်ကြသည်။
ထိုအချိန်တွင် နတ်ဘုရားသုံးပါး၏ ထုတ်ပြန်ချက်တစ်ခုက နိုင်ငံသားတိုင်းဆီသို့ ဝင်ရောက်လာခဲ့သည်။
" ကြီးမြတ်သူနဂါးငွေ့တန်း၏ ကျေးဇူးကြောင့် လူသားမျိုးနွယ်ရဲ့ ရွှေ့ပြောင်းရေးအစီအစဉ်ကို ပြင်ဆင်လိုက်ပါပြီ။ အစီအစဉ်အသစ်က ခွဲတမ်းစနစ်ကို ဖျက်သိမ်းပြီး လူသားမျိုးနွယ်ရဲ့နိုင်ငံသားတိုင်းက စကြာဝဠာအသစ်က်ု ရွှေ့ပြောင်းခွင့်ရှိသွားပါပြီ။ "
ထိုသတင်းက လူသားမျိုးနွယ်၏ နိုင်ငံသားများကြားတွင် မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်သွားသည်။
" နိုင်ငံသားတိုင်း စကြာဝဠာအသစ်ကို ရွှေ့ပြောင်းနိုင်တယ်။ "
" ငါတို့ သေဖို့ စောင့်စရာမလိုတော့ဘူးပေါ့။ "
" ဟားဟားဟား ဒါက မယုံကြည်နိုင်စရာပဲ။ "
လူသားမျိုးနွယ်၏ မရေတွက်နိုင်သော နိုင်ငံသားများစွာက ဝမ်းသာမျက်ရည်များကျနေကြသည်။ ပျက်ဆီးမည့် စကြာဝဠာထဲတွင် ဘယ်သူက သေရန် စောင့်ဆိုင်နေချင်မှာလဲ။
" အဲ့ဒါ ကြီးမြတ်သူနဂါးငွေ့တန်းပဲ။ သူက ငါတို့ကို အသက်ရှင်သန်စေခဲ့တာ။ "
" ကြီးမြတ်သူနဂါးငွေ့တန်းက လူသားမျိုးနွယ်ရဲ့ အကြီးမြတ်ဆုံးပုဂ္ဂိုလ်တစ်ယောက်ပဲ။ "
လူသားမျိုးနွယ်၏ နိုင်ငံသားများက နတ်ဘုရားသုံးပါး၏ ကြေညာချက်တွင် ကြီးမြတ်သူနဂါးငွေ့တန်း၏ ကျေးဇူးကြောင့်ဖြစ်သည်ကို သတိထားမိခဲ့ကြသည်။ ကြီးမြတ်သူနဂါးငွေ့တန်းက လူသားမျိုးနွယ် နိုင်ငံသားအားလုံးကို စကြာဝဠာအသစ်သို့ ပြောင်းရွှေ့နိုင်ရန် မည်သည့်နည်းလမ်းအသုံးပြုသည်ကို သူတို့မသိကြပေ။
သို့သော် ထိုသို့သော နည်းလမ်းက ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရမည်မှာ သေချာသည်။ မဟုတ်လျှင် အစကတည်းက လူတစ်ရာကျော်လျှင် လူတစ်ယောက်တည်းသာ ရွှေ့ပြောင်းခွင့်ရမည်မဟုတ်ပေ။
အခြားမျိုးနွယ်များကလည်း လူသားမျိုးနွယ်၏ ရွှေ့ပြောင်းရေးအစီအစဉ် အသစ်ကို သိရှိခဲ့ကြသည်။ သူတို့က လူသားမျိုးနွယ်ကို အညံ့ခံခဲ့ကြသော်လည်း သူတို့က လူသားမျိုးနွယ်၏ နိုင်ငံသားများ မဟုတ်သောကြောင့် ရွှေ့ပြောင်းရေးအစီအစဉ်မှ ချန်လှပ်ခြင်းခံထားရသည်။
" လူသားမျိုးနွယ်ရဲ့ နိုင်ငံသားတိုင်းက စကြာဝဠာအသစ်ကို ရွှေ့ပြောင်းနိုင်တယ်။ "
" ငါတို့မျိုးနွယ်က ကြီးမြတ်သူတွေက ဘာလို့တစ်သန်းမှာ တစ်ယောက်ပဲ ရွှေ့ပြောင်းပေးနိုင်ရတာလဲ။ "
" အဲ့ဒါ ကြီးမြတ်သူနဂါးငွေ့တန်းကြောင့်လား။ "
အခြားမျိုးနွယ်များက ထိုအကြောင်းကို သိရှိသောအခါ နားမလည်နိုင်ဖြစ်သွားခဲ့သည်။ မကြာသေးမီက ကြီးမြတ်သူနဂါးငွေ့တန်းက အလွှာဆယ့်နှစ် ကြီးမြတ်သူများကို လွှတ်ပေးပြီး သူတို့၏ မျိုးနွယ်များဆီသို့ ပြန်သွားခွင့်ပြုခဲ့သည်။
လူသားမျိုးနွယ်က စကြာဝဠာပျက်စီးမည့်အကြောင်းကို လူသိရှင်ကြားကြေညာခဲ့ပြီး အခြားမျိုးနွယ်များကလည်း သဘာဝအတိုင်း သိရှိခဲ့ကြသည်။ သို့တိုင် သူတို့က ရွှေ့ပြောင်းရေးအစီအစဉ်များ ပြုလုပ်ခဲ့ကြသော်လည်း တစ်သန်းပုံတစ်ပုံသာ ရွှေ့ပြောင်းနိုင်ကြသည်။
ထို့အပြင် အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ လက်နက်များနှင့် ရတနာများက လင်းယွမ်ကို ပေးအပ်ခဲ့ရသောကြောင့် သူတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် မျိုးနွယ်ဝင်များကို သယ်ဆောင်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် စကြာဝဠာပျက်ဆီးခြင်းက ကလေးကစားစရာမဟုတ်ပေ။ အသက်များပို၍ သယ်ဆောင်လေ စကြာဝဠာ၏ တန်ပြန်တိုက်ခိုက်မှုက ပို၍ ပြင်းထန်လေဖြစ်ပြီး ရှင်သန်နိုင်ခြေကလည်း အချိုးအစားအလိုက် လျော့နည်းသွားပေလိမ့်မည်။