သွေးကြောဖိနှိပ်ခြင်း၊ ကြောက်ရွှံ့မှုထဲက ရွှမ်မင်
Vol. 98 Ch. 1373
ရွှမ်မင်ပိုင်နက်ထဲတွင် ထိုအနက်ရောင်ရေစက်များက အမှန်တကယ်စတင်သိပ်သည်းလာသည်။
သူတော်စင်သားတော်ရွှမ်မင် လက်နှစ်ဖက်နှင့် စည်းတံဆိပ်တစ်ခုကို ဖန်တီးလိုက်စဉ် သူ့ရှေ့တွင် ကျယ်ပြန့်၊ လေးလံသည့် အော်ရာတစ်ခုက စတင်စုစည်းလာသည်။
"ရွှမ်မင်ဆင့်ခေါ်ခြင်း"
သူတော်စင်သားတော်ရွှမ်မင်၏ ဒေါသတကြီးအော်သံနှင့်အတူ အော်ရာနှင့် ရေစက်များက စတင်စုစည်းကာ တဖြည်းဖြည်းနှင့် ဧရာမသတ္တဝါကြီးတစ်ကောင်၏ပုံရိပ်က ဖြည်းညင်းစွာ စတင်ရုပ်လုံးပေါ်လာသည်။
ထိုပုံရိပ်ယောင်က ပို၍အကောင်အထည်ပေါ်လာစဉ် သင်္ချိုင်းခန်းတစ်ခုလုံးက ဖိနှိပ်ခြင်းဂုဏ်ကျက်သရေ၏လေထုနှင့် ပြည့်နှက်သွား၏။
အိမ်ရှေ့မင်းသားနှင့် ထန်ကျုံ့ကျောက်တို့မှာ သူတို့ခန္ဓာများ ရုတ်တရက်နစ်မြှုပ်သွားသလို ခံစားလိုက်ရပြီး ခါးများပင် ကိုင်းညွတ်သွားကြသည်။
ဟုန်ကျန်းကလည်း အနည်းငယ်တုန်ယင်သွားကာ ကျိုးပိုင်လု၏ဖိနှိပ်ခြင်းကို ခံထားရသဖြင့် အသက်ပြင်းပြင်းရှုနေရသည်။ သူ သူတော်စင်သားတော်ရွှမ်မင်ထံ လှည့်လိုက်စဉ် ဤစွမ်းအားက သူအလွယ်တကူ ရင်ဆိုင်နိုင်မည့်အရာတစ်ခုမဟုတ်ဘူးဆိုတာ သိနေသည်။
ကျိုးပိုင်လုတစ်ယောက်သာလျှင် တည်ငြိမ်စွာရပ်နေသည်။
ပုံရိပ်ကပို၍ရှင်းလာသောအခါ ၎င်း၏ချွန်ထက်သည့်အနားသတ်အစွန်းများက ဖြည်းဖြည်းချင်းပုံပေါ်လာသည်။
သူတော်စင်သားတော်ရွှမ်မင်အနီးတွင် ဝဲလည်နေသည့် ဧရာမအကြေးခွံချပ်၀တ်က ပျံသန်းကာ ဧရာမသတ္တဝါကြီး၏ နောက်တွင် တိုက်ရိုက်ဆင်းသက်ခဲ့သည်။
ဤသည်ကအောင်မြင်သော ပေါင်းစည်းမှုတစ်ခုပေတည်း။
သူတော်စင်သားတော်ရွှမ်မင်၏မျက်နှာက ဖြူရော်သွားပြီး ဒူးထောက်ကျသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ကျွန်တော် လိပ်နက်ရဲ့ဆင်းသက်မှုကို နိမ့်ချစွာကြိုဆိုပါတယ်"
သူ့စကားလုံးများပြီးသွားသည်နှင့်တစ်ပြိုင်နက် သင်္ချိုင်းခန်းမတစ်ခုလုံးက စတင်တုန်ခါလာသည်။
နောက်ဆက်တွဲလှိုင်းများက ဗဟိုချက်အဖြစ် လိပ်နက်ထံမှ လှိုင်းထနေပြီး ပတ်၀န်းကျင်သို့ ပျံ့သွားသည်။
ဒါကိုမြင်သော် အိမ်ရှေ့မင်းသားနှင့် ထန်ကျုံ့ကျောက်၏မျက်နှာတို့က ထိတ်လန့်မှုနှင့် ပြည့်နှက်သွားကာ ပလ္လင်အောက်သို့ ချက်ချင်းပြေးဆင်းသွားကြပြီး အားအပြည့်သုံးရင်း အတားအဆီးတစ်ခုကို ထုတ်ဖော်ကာ စွမ်းအင်လှိုင်းများကို ဖယ်ရှားရင်း စင်မြင့်အထက်က ယဲ့ချိုးပိုင်အပေါ် မသက်ရောက်စေရန်အတွက် ကာကွယ်ပေးထားကြသည်။
အနက်ရောင်အကြေးခွံချပ်၀တ်နှင့် ဧရာမခန္ဓာက ထိုနေရာ၌ ရပ်နေရုံမျှနှင့် ရှိနေသောသူတိုင်းအား မဟာဖိနှိပ်ခြင်းအသိအာရုံတစ်ခုကို ပေးဆောင်ရန် လုံလောက်နေလေပြီ။
ရှောင်ဟိုင်ပင်လျှင် စိတ်လှုပ်ရှားနေသည့် အပြုံးတစ်ပွင့်ကို ပြသလာသည်။
ရှောင်ဟိုင်ကို ယခုလိုအပြုံးမျိုးပြသနိုင်စေခြင်းက သူ့တွင် မဟာတိုက်ပွဲတစ်ခုရှိလာပြီ သို့မဟုတ် ဒီတိုက်ပွဲက စိတ်လှုပ်ရှားစရာဖြစ်တော့မည်ဟု သူခံစားနေမိပြီဟု ဆိုလိုနေသည်။
ဤအချိန်တွင် လိပ်နက်ခေါင်းက တောင်ငယ်လေးတစ်လုံးပမာ ဖြည်းဖြည်းချင်းနိမ့်ကျလာပြီး ထိုရှေးဟောင်းမျက်လုံးများက ရှောင်ဟိုင်ဘက်သို့ လှည့်လိုက်စဉ် ဧရာမဖိနှိပ်အားတစ်ခုက ရှောင်ဟိုင်ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျဆင်းလာသည်။
ဤဖိနှိပ်မှုခံစားချက်က ဆွဲငင်အားသံလိုက်စက်ကွင်းတစ်ခုပမာ ရှောင်ဟိုင်၏ ခန္ဓာကို ရုတ်တရက်အောက်သို့ နစ်၀င်သွားစေသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်ကိုယ်က ကိုင်းညွတ်သွားစဉ် အနက်ရောင်အရိပ်တစ်ခုက သူ့အားလွှမ်းခြုံပစ်သည်။
ရှောင်ဟိုင်၏ အမူအရာကအနည်းငယ် တင်းမာသွားပြီး သူဖြောင့်တန်းစွာမရပ်ဘဲ ယင်းအစား ကိုယ်ကို ကိုင်းညွတ်ရင်း ရှေ့သို့ ပစ်၀င်သွား၏။
ထိုသို့ပစ်၀င်သွားစဉ် ရှောင်ဟိုင်ရပ်နေခဲ့သည့် မြေကြီးက ဖုန်မှုန့်များအဖြစ် ပေါက်ကွဲသွား၏။ ဧရာမခြေကြီးတစ်ဖက်က ထိုနေရာ၌ ဆင်းသက်လာစဉ် လေပြင်းများပင် တိုက်ခတ်သွားကာ ရှောင်ဟိုင်အား မီတာဆယ်ချီခန့် လွင့်စင်သွားစေသည်။
"ဟားဟားဟား" သူတော်စင်သားတော်ရွှမ်မင်က အားနည်းနေပုံရပြီး မျက်နှာက ဆေးစွဲသူတစ်ယောက်ပမာ အရောင်ကင်းမဲ့ကာ ဖြူဖျော့ရင်း အနည်းငယ်ပင် မီးခိုးရောင်သမ်းနေသည့်အလား ထင်ရသည်။
လိပ်နက်ကိုဆင့်ခေါ်ခြင်းက သူ့စွမ်းအင်အတော်များများကို ကုန်ဆုံးစေသည်မှာ ရှင်းနေသည်။
"တိုက်ခိုက်မယ်ဟုတ်လား၊ ဆက်ပြီးတိုက်လေ၊ မင်းထိပ်တိုက်ရင်ဆိုင်ရတာကို ကြိုက်တာမလား၊ အခုဘာလို့ရှောင်တိမ်းနေရတာလဲ" သူတော်စင်သားတော်ရွှမ်မင် ရူးသွပ်သည့် အမူအရာတစ်ခုကို ဖော်ပြသည်။
"သွေးကြောကြားက ကွာဟချက်က မင်းလိုသာမန်လူတစ်ယောက် တံတိုင်းထိုးနိုင်မယ့် အရာတစ်ခုများထင်နေလား"
ရှောင်ဟိုင်ခေါင်းမော့လိုက်စဉ် သူတော်စင်သားတော်ရွှမ်မင်နှင့် လိပ်နက်အကြားတွင် မမြင်ရလုနီးပါးဖြစ်နေသည့် သွေးမျှင်စတစ်ခု ဆက်နွှယ်နေတာကို တွေ့လိုက်ရသည်။
လိပ်နက်က သူတော်စင်သားတော်ရွှမ်မင်ထံမှ သွေးကြောစွမ်းအားကို အဆက်မပြတ်စုပ်ယူနေသည်။
"မင်းဘယ်လောက်ကြာကြာခံနိုင်မှာမို့လဲ" ရှောင်ဟိုင်ရုတ်တရက်နှာခေါင်းရှုံ့သည်။
သူတော်စင်သားတော်ရွှမ်မင်၏ အမူအရာကတောင့်တင်းသွားပြီး လိပ်နက်အား ဆက်လက်တိုက်ခိုက်ရန် အမိန့်ပေးတော့မည့်အချိန် ရှောင်ဟိုင်ရူးသွပ်စွာ ရယ်မောလိုက်တော့သည်။
"ဒါပေမယ့် မင်းရဲ့သွေးကြောစွမ်းအားကုန်ခမ်းသွားတဲ့အထိ ဆွဲဆန့်ထားဖို့လည်း ငါမရည်ရွယ်ထားပါဘူး"
သူပြောပြီးပြီးချင်းမှာပင် ရှောင်ဟိုင်ကိုယ်မှ ပြင်းထန်သည့်နတ်ဆိုးချီများစိမ့်ထွက်လာပြီး ကောင်းကင်ပေါ်ထိုးတက်သွားကာ သူ့နောက်တွင် နတ်ဆိုးဘုရင်ပုံရိပ်ယောင်အဖြစ် သိပ်သည်းသွား၏။
ဒီမြင်ကွင်းကိုမြင်သောအခါ သူတော်စင်သားတော်ရွှမ်မင် နှာခေါင်းရှုံ့သည်။
"သွေးကြောစွမ်းအားနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်နေတာလား၊ မင်းနည်းနည်းယုံကြည်မှုလွန်ရဲမနေဘူးလား"
သို့သော် ထိုစကားလုံးများသူ့ပါးစပ်က ထွက်သွားပြီးသည်နှင့် သူတော်စင်သားတော်ရွှမ်မင်၏ မျက်နှာထက်က အပြုံးက ဖြည်းဖြည်းချင်းတောင့်တင်းသွားသည်။
နတ်ဆိုးဘုရင်ပုံရိပ်ယောင်တွင် အဆုံးမဲ့သွေးကြောစွမ်းအားများက အမျှင်စများအဖြစ် စတင်သိပ်သည်းလာပြီး ကိုယ်တစ်ဝိုက်၌ လိမ်ယှက်သွားတာကို သူတွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဧရာမကြိတ်စက်တစ်ခုက နတ်ဆိုးဘုရင်ပုံရိပ်ယောင်၏ ခေါင်းထက်တွင် ပေါ်လာသည်။
နီရဲတောက်ပသည့်အမျှင်စများက စတင်ဆူပွက်ကာလောင်ကျွမ်းလာသည်။
ဤအခိုက်အတန့်မှာပင် သူတော်စင်နတ်ဆိုးသွေးကြောက အဆုံးစွန်ထိ ပေါက်ကွဲသွား၏။
အထွဋ်မြတ်သတ္တဝါနှင့် ဆင်တူသည့် အထွဋ်မြတ်ဆုံးသွေးကြောတစ်ခု၏အော်ရာက ထင်ရှားစွာပင် ပေါ်လွင်လာသည်။
နတ်ဆိုးဘုရင်ပုံရိပ်ယောင်က သူတော်စင်သားတော်ရွှမ်မင်၏ လိပ်နက်ကို မျက်ခုံးကျုံ့ကာ ငုံ့ကြည့်သည်။
သူတော်စင်သားတော်ရွှမ်မင်အား အံ့ဩသင့်စေသည်က သူ့ကိုယ်ထဲက သွေးကြောက ကြောက်စိတ်၏ လှုံ့ဆော်ခြင်းကို ခံနေရသည့်အလား ညည်းတွားနေခြင်းပင်။
လိပ်နက်တွင် နတ်ဆိုးဘုရင်ပုံရိပ်ယောင်အား ကြည့်သောအခါ မျက်လုံးများ၌ လေးနက်သည့်အကြည့်တစ်ခု ရှိနေသော်လည်း ၎င်း၏အကြည့်က အနက်ရောင်ကြိတ်စက်ကို ပို၍အာရုံစိုက်နေသည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ခေါင်းကိုနောက်ပြန်သွင်းထားရင်း လိပ်နက်၏မျက်လုံးများက နတ်ဆိုးဘုရင်ပုံရိပ်ယောင်အား ကြည့်နေစဉ် တုန်ယင်နေသည်။
သူကမြင့်မြတ်သည့် ရွှမ်မင်သွေးကြောမျိုးဆက်ဖြစ်သည်။
လိပ်နက်သွေးကြောအတွင်း သူက အဆင့်မြင့်တည်ရှိမှုတစ်ခုလည်းဖြစ်သည်။
တျန်းဂျီတိုက်တစ်ခုလုံးတွင် သူ့၏ သွေးကြောကို သွေးကြောဘယ်နှစ်ခုကများ နှိုင်းယှဉ်နိုင်မည်နည်း။
သို့စေကာမူ ယခုရှောင်သိုင်ထုတ်လွှတ်သည့် သွေးကြောစွမ်းအားကို ရင်ဆိုင်ရသောအခါ သူမှားယွင်းနေတာကို သိလိုက်ရတော့သည်။
သူ့ကိုယ်ပိုင်သွေးကြောပင်လျှင် ကြောက်ရွှံ့စွာ တုန်ယင်နေသည်။
သူတော်စင်သားတော်ရွှမ်မင်မှာ ဒူးထောက်ကာ နတ်ဆိုးဘုရင်ပုံရိပ်ယောင်အား အညံ့ခံချင်စိတ်ပင်ဖြစ်လာပြီး သူ့ဒူးများက ကွေးကွေးသွားစဉ် သူဖြောင့်တန်းအောင် ထပ်ခါတလဲလဲကြိုးစားရင်း သူ့သွေးကြောဆန္ဒနှင့် ကိုယ်ပိုင်စိတ်ဆန္ဒအကြားက အဆက်မပြတ်ရုန်းကန်မှုတစ်ခုကို ဆက်နွှဲနေသည်။
အိမ်ရှေ့မင်းသားနှင့် ထန်ကျုံ့ကျောက်တို့ကလည်း အတော်လေးအံ့ဩသင့်သွားကြသည်။
ရှောင်ဟိုင်တွင် သူတော်စင်နတ်ဆိုးသွေးကြောရှိတာကို သူတို့သိသော်လည်း ရှောင်ဟိုင် သူတော်စင်နတ်ဆိုးသွေးကြောအား ဤအဆင့်အထိ ကျင့်ကြံထားတာကို သူတို့ယခုမှ သဘောပေါက်သွားကြခြင်းပင်။
ဒါကလည်း နဂါးကိုးကောင်ဝိဉာဉ်များကြောင့်ပင်။ ၎င်းတို့က ရှောင်ဟိုင်ခန္ဓာကို အားဖြည့်ပေးပြီး ထာ၀ရနတ်ဆိုးခန္ဓာကို ကိုးခုမြောက်အလွှာအထိ ရောက်သွားစေသည်သာမက ရှောင်ဟိုင့်သွေးကြောကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးမြှင့်အားဖြည့်ပေးခဲ့သည်။
"မင်း...မင်းကတကယ်ပဲဘယ်သူလဲ" သူတော်စင်သားတော်ရွှမ်မင်၏ ဖြူရော်နေသည့်နှုတ်ခမ်းများက အနည်းငယ်တုန်ယင်နေသည်။
ရှောင်ဟိုင် သူတော်စင်သားတော်ရွှမ်မင်၏ မေးခွန်းကိုပြန်မဖြေသလို သူ့ကိုပြန်ကြည့်ခြင်းလည်းမရှိချေ။ ယင်းအစား သူခေါင်းမော့ကာ မိုးထိလုနီးပါးမြင့်မားသည့် လိပ်နက်ပုံရိပ်ယောင်အား စိုက်ကြည့်ရင်းပြုံးသည်။
"ဒီလိပ်အိုကြီးက တစ်ချက်တည်းနဲ့ ငါ့ရဲ့အားအပြည့်ကို ခံနိုင်ပါ့မလားဆိုတာ ငါသိချင်မိတယ်"
"မင်းနည်းနည်းခံနိုင်မယ်လို့တော့ ငါမျှော်လင့်တယ်၊ ငါ့အကန့်အသတ်တွေက အခုဘယ်မှာလဲဆိုတာ ကြည့်ကြတာပေါ့"
ထို့နောက်ရှောင်ဟိုင်ခြေကို မြှောက်လိုက်လေရာ သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း တစ်ချိန်တည်းမှာပင် ခြေကို မြှောက်လိုက်သည်။
အနက်ရောင်ကြိတ်စက်က စတင်လည်လာသည်။
သွေးကြောစွမ်းရည်နှင့် ထာ၀ရနတ်ဆိုးခန္ဓာ၏ လွှမ်းမိုးမှုအောက်တွင် အနက်ရောင်ကြိတ်စက် စတင်လည်လာသည်နှင့် ရှောင်ဟိုင်၏ ညာလက်သီးက 'ခရက်ခ်' ဟု စတင်မြည်ဟီးလာသည်။
သို့သော်ဒီတစ်ကြိမ်တွင် ရှောင်ဟိုင်၏ အရိုးများက ကျိုးမသွားဘဲ သူ့ကြွက်သားများနှင့် သွေးကြောများသာလျှင် အဆက်မပြတ် ဖောင်းလာသည်။
ရှောင်ဟိုင် လိပ်နက်ပုံရိပ်ယောင်ဆီသို့ လက်သီးတစ်ချက်ပစ်လွှတ်လိုက်စဉ် သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း ဧရာမလက်သီးကြီးကို လွှဲယမ်းသည်။
"နတ်ဆိုးဆင်းသက်ခြင်း....ကောင်းကင်ချိုးဖျက်သူ..."
ဤအခိုက်အတန့်မှာပင် ဘိုးဘေးနယ်ပယ်အစောပိုင်းအဆင့်ကို ကျော်လွန်နေသည့် ခန္ဓာတစ်ခု၏ အားကပေါက်ကွဲသွား၏။
လက်သီးချက်ဖြတ်သွားသည့်နေရာတိုင်း၌ လေဟာနယ်က ပြင်းထန်စွာ တုန်ခါနေသည်။
လက်သီးချက်မရောက်လာသေးခင်မှာပင် လက်သီးချက်၏ ကြီးမားသည့်အားက လိပ်နက်ကို အနည်းငယ် ကိုင်းညွတ်သွားစေသည်။
နတ်ဆိုးဘုရင်ပုံရိပ်ယောင်၏လက်သီးက လိပ်နက်၏ ဧရာမအခွံပေါ်ကျလာသောအခါ အသံကိုယ်တိုင်ကပင် ဖျက်ဆီးခံလိုက်ရသည့်အလား တိတ်ဆိတ်မှုက အသက်ရှုကြိမ်ရေသုံးကြိမ်ကြာ လွှမ်းမိုးသွား၏။
ထို့နောက် 'ခရက်ခ်' ဟူသောအသံနှင့်အတူ ဧရာမဟိန်းသံတစ်သံက ဂူသင်္ချိုင်းအတွင်း ပဲ့တင်ထပ်လာခဲ့သည်။
ရှိနေသောသူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်အောင်တွင် လိပ်နက်၏ဧရာမအခွံက တစ်လက်မချင်းစီ စတင်အက်ကွဲလာခဲ့သည်။