← Chapters

တိမ်ဖုံးဓား၊ တိမ်ပြာဓားလျှို့၀ှက်ချက်များ

Vol. 98 Ch. 1375

တိမ်ဖုံးဓား၊ တိမ်ပြာဓားလျှို့၀ှက်ချက်များ

Vol. 98 Ch. 1375

လက်ရှိအချိန်တွင် ယဲ့ချိုးပိုင်၏အသိစိတ်ပင်လယ်ထဲတွင် ဝေဝါးနေသည့်မျက်နှာနှင့် အရိပ်ထိုးနေသည့်ပုံရိပ်တစ်ခု ပေါ်လာပုံပင်။

"ခင်ဗျားဘယ်သူလဲ" ယဲ့ချိုးပိုင်ကလည်း ထိုမြင်ကွင်းကို သတိထားမိသည်။

ဤအရိပ်က သူ့အသိစိတ်ပင်လယ်ထဲတွင်သာ ပေါ်လာခဲ့ပြီး ယဲ့ချိုးပိုင်ကိုယ်ထဲက ဓားဆန္ဒ၏ ရှုပ်ထွေးသည့်စီးကြောင်း တစ်ခဏမျှ ငြိမ်သက်သွားပုံရသည်။

"မင်းငါ့ကိုရှာနေတာမဟုတ်ဘူးလား" ထိုပုံရိပ်ယောင်၏အသံက အသိစိတ်ပင်လယ်တစ်ခုလုံးထဲတွင် ပျံ့သွားသည်။

ယဲ့ချိုးပိုင် အနည်းငယ်တုန်ယင်သွားပြီးနောက် အော်ဟစ်လိုက်မိသည်။

"တိမ်ပြာဓားသခင်လား"

"မှန်တယ်၊ ငါ့ရဲ့အကြွင်းအကျန်ဝိဉာဉ်က ကြာကြာမတည်မြဲနိုင်ဘူး၊ အခုမင်းဓားအရိုးကို ရယူအောင်မြင်နိုင်ပြီဆိုတော့ ပြဿာနာတွေက တစ်ချိန်လုံးပေါ်လာတော့မယ်ဆိုတာ ငါမင်းကိုပြောဖို့လိုတယ်၊ မရေမတွက်နိုင်လောက်တဲ့ဓားသမားတွေက မင်းခန္ဓာထဲက ဓားအရိုးကို ရယူဖို့အတွက် မင်းကိုသတ်ချင်ကြလိမ့်မယ်"

"ပြီးတော့ ငါ့ရဲ့ကျန်ရှိနေတဲ့အမွေအနှစ်သုံးခုကလည်း ခေးအောစ့်နယ်မြေတစ်ခုလုံးမှာ ပြန့်ကျဲနေတယ်၊ မင်းတိကျတဲ့တည်နေရာတွေကို ကိုယ်တိုင်ရှာဖို့လိုတယ်၊ ဒါပေမယ့် မင်းတုံကင်ကို ရပြီးတာနဲ့ တုံကင်ရဲ့အော်ရာက မင်းကိုဆွဲဆောင်သွားမှာမို့ အတတ်နိုင်ဆုံး အမြန်ဆုံးရှာရမယ်"

"သေချာတာကတော့ ပထမအမွေအနှစ်ကို ရှာတွေ့သွားပြီမို့ တခြားသုံးခုကလည်း ဖြည်းဖြည်းချင်းပေါ်လာမှာပဲ၊ ထောင်ချီတဲ့ ဓားသမားတွေကြားမှာ မင်းအဲဒါတွေအတွက် ယှဉ်ပြိုင်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

"ကောင်းပြီ၊ ငါ့မှာပြောစရာရှိတာဒါပါပဲ၊ မင်းမှာတခြားမေးခွန်းတွေရှိလား"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ကျွန်တော်နဲ့ ခေးအောစ့်အနှစ်သာရဓားသခင်က ခင်ဗျားဝိဉာဉ်ကို လျှို့ဝှက်နည်းစနစ်တစ်ခုနဲ့အသုံးပြုပြီး ခွဲထုတ်ခဲ့တဲ့ ထုတ်ကုန်တွေလား"

‌တိမ်ပြာဓားသခင်ထူးမခြားနားစွာပြောသည်။

"ဟုတ်တယ်၊ မဟုတ်ဘူး၊ အဲဒါက ဝိဉာဉ်ကို ခွဲထုတ်ပြီး ပြန်လည်မွေးဖွားစေဖို့အတွက် လျှို့၀ှက်နည်းစနစ်တစ်ခုကို သုံးတာပါပဲ၊ တိကျစွာပြောရရင် ငါက မင်းရဲ့ခေးအောစ့်အနှစ်သာရဓားသခင်တို့ရဲ့ အတိတ်ဘ၀ပဲ"

"ဒီတော့ ဝိဉာဉ်တွေကိုပေါင်းစပ်ပြီးနောက်မှာ ပင်မအသိစိတ်ကို ဘယ်သူသိမ်းပိုက်သွားမှာလဲ၊ ကျွန်တော်လား၊ ခေးအောစ့်အနှစ်သာရဓားသခင်လား၊ ဒါမှမဟုတ် ခင်ဗျားကပဲ ဒီအခွင့်အလမ်းကို ပြန်လည်မွေးဖွားဖို့အတွက် အသုံးချရမှာလား" ဒါက ယဲ့ချိုးပိုင်အစိုးရိမ်ရဆုံးအရာပေတည်း။

သို့စေကာမူ တိမ်ပြာဓားသခင် ဘာတစ်ခုကိုမှ ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပင်ပြောသည်။

"ပြောရရင် ပြန်လည်မွေးဖွားလာသူက ငါဖြစ်မှာပဲ"

"ဒီလျှို့ဝှက်နည်းစနစ်ရဲ့ ကနဦးအသုံးပြုမှုက ငါ့ရဲ့ဓားတာအိုက အစွန်းတစ်ခုကို ရောက်သွားလို့ပဲ၊ ဒီအစွန်းကို ချိုးဖျက်ဖို့အတွက် ဒီကိုလုပ်ဖို့လိုတယ်၊ သေချာတာပေါ့၊ ဒါက မင်းနဲ့နောက်တစ်ယောက်ရဲ့ ပါရမီတွေနဲ့ ရုပ်ခန္ဓာတွေ ဆက်တိုက်ကြီးထွားမှုကိုလည်း လိုအပ်တာပေါ့၊ ပြီးရင် မင်းတို့နှစ်ယောက်ရဲ့ပေါင်းစပ်မှုက ငါ့ကို ဒီသောက်ကျိုးနည်းအချုပ်အနှောင်ကနေ လွတ်မြောက်စေဖို့အတွက်ပဲ"

ယဲ့ချိုးပိုင်ရယ်မောသည်။

"ကျွန်တော် ဒါမှမဟုတ် ခေးအောစ့်အနှစ်သာရဓားသခင်က ဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင်ရော၊ ကျွန်တော်တို့ရဲ့စိတ်ဝိဉာဉ်တွေကိုပါ တက်တက်ကြွကြွနဲ့ မပေါင်းစပ်ဘူးဆိုရင် ဒီအရာအားလုံးက ဘာမှလုပ်ပေးနိုင်မှာမှမဟုတ်တာလေ"

"မှတ်တယ်" တိမ်ပြာဓားသခင် သိမ်မွေ့စွာပြောသည်။

"ဒါ့အပြင် ဝိဉာဉ်တွေပေါင်းစည်းမှုကလည်း လျှို့ဝှက်နည်းစနစ်တစ်ခုကို လိုအပ်တယ်၊ ဒါပေမယ့် ကံကြမ္မာဆိုတာက မင်းချိုးဖျက်နိုင်တဲ့အရာတစ်ခုမဟုတ်ဘူးဆိုတာ ငါမင်းကို သတိပေးပါရစေ၊ ငါတောင်မှ မချိုးဖျက်နိုင်ဘူး"

ကံကြမ္မာ၊ အမြဲတမ်းဒီကံကြမ္မာပဲလား!

ယဲ့ချိုးပိုင်ပြောသည်။

"ကြည့်ကြတာပေါ့"

ထိုအချိန်မှာပင် တိမ်ပြာဓားသခင်၏ ပုံရိပ်ကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။

"မင်းအောင်မြင်ပါစေလို့ ငါဆုတောင်းပေးပါတယ်"

တိမ်ပြာဓားသခင်ပျောက်ကွယ်သွားပြီးနောက် ဓားအရိုးကိုပုံသွင်းခြင်းရဲ့ နောက်ဆုံးအဆင့်ကလည်း ပြီးဆုံးသွားခဲ့သည်။

ဤအခိုက်အတန့်၌ ယဲ့ချိုးပိုင်ကိုယ်ထဲက အော်ရာက စတင်ထိုးတက်လာသည်။

ဓားဆန္ဒကထွက်လာပြီး ဓားပိုင်နက်က ဂူသင်္ချိုင်းတစ်ခုလုံးက်ု အလိုအလျောက်ဖုံးသွား၏။

နယ်ပယ်ကလည်း အံ့ဩစရာမရှိသည့်အလား စတင်မြင့်တက်လာသည်။

အဆုံးစွန်ထိ တည်ငြိမ်နေပြီဖြစ်သည့် တာအိုအခြေခံကလည်း ယခုအချိန်၌ ၎င်း၏ အခန်းကဏ္ဍကို စတင်ထမ်းဆောင်သည်။

နယ်ပယ်က နတ်ဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်ကနေ နတ်ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်အထိ တိုက်ရိုက်တက်သွားသည်။

ထို့နောက် ကျိုးကွဲသွားသည့်ဝါးတစ်လုံးအလား နတ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီး ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်ကို ရောက်သောအခါမှသာ ရပ်သွားသည်။

အိမ်ရှေ့မင်းသားရေရွတ်လိုက်သည်။

"ဒီလိုတည်ငြိမ်တဲ့တာအိုအခြေခံအုတ်မြစ်တစ်ခုရှိတာလား၊ နယ်ပယ်တွေကို မရပ်မနားဘဲ အဆက်မပြတ်ဖြတ်သန်းနေတာက အတားအဆီးလုံး၀မရှိသလိုပဲ"

‌သူ့ဘေးက ရှောင်ဟိုင်ရယ်မောသည်။

"ကျုပ်တို့အုပ်စုထဲမှာ အစ်ကိုကြီးမှာ အမြင့်ဆုံးနယ်ပယ်မရှိကောင်းမရှိနိုင်ပေမယ့် ဘယ်သူမှ သူ့ထက်ပိုတည်ငြိမ်တဲ့ တာအိုအခြေခံအုတ်မြစ်ကို မပိုင်ဆိုင်ထားကြဘူး၊ သူနယ်ပယ်တစ်ခုချိုးဖျက်တိုင်း အင်မော်တယ်အော်ရာကို ဖိနှိပ်ထားလေ့ရှိပြီး ချိုးဖျက်မှုကိုမရှာဘဲ တည်ငြိမ်မှုကိုပဲ ရှာဖွေတယ်"

အင်မော်တယ်အော်ရာကို အဆက်မပြတ်ဖိနှိပ်မှုအောက်တွင်ပင် သူဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်ကို ရောက်နိုင်သည်ဟူသော အချက်က ဓားအရိုးမှတဆင့် တိုးတက်မှုက ယဲ့ချိုးပိုင်အတွက် ဘယ်လောက်ထိ ထိရောက်သလဲဆိုတာကို ပြသနေသည်။

ဒီတဒင်္ဂ၌ ယဲ့ချိုးပိုင်မျက်လုံးများကိုဖွင့်ပြီး လက်ထဲကဓားကို ကြည့်လိုက်၏။ ယွန်ကန်(တိမ်ဖုံးဓား) ဟုအမည်ရသည့် ဤဓားက နတ်တပိုင်းအဆင့်ဓားတစ်လက်ပင်။

ယဲ့ချိူးပိုင် တိမ်ဖုံးဓားကို ဓားအိမ်ထဲက ထုတ်လိုက်သောအခါ ပလ္လင်က အဆုံးမဲ့ဓားဆန္ဒနှင့်အတူ ချက်ချင်းလင်း၀င်းသွား၏။ လူတိုင်း၏ကြက်သေသေနေသည့် အကြည့်များအောက်တွင် ၎င်းက စတင်ပြိုကွဲကာ ပြန်လည်သိပ်သည်းလာနေသည်။

နောက်ဆုံးတွင် ၎င်းက တုံကင်တစ်ခုအဖြစ် ပြောင်းသွားပြီး ယဲ့ချိုးပိုင်ရှေ့တွင် လွင့်မျောနေသည်။

တုံကင်ပေါ်၌ 'တိမ်ပြာ' ဟူသောစာလုံးများကို ရေးထွင်းထားသည်။

ဟုန်ကျန်းနှင့် တခြားသူများ၏ မနာလိုနေသည့်အကြည့်အောက်တွင် ယဲ့ချိုးပိုင်ဒါကို သိမ်းဆည်းလိုက်၏။

ဤတုံကင်က တိမ်ပြာဓားသခင်ပြောခဲ့သည့် တခြားအမွေအနှစ်သုံးခု၏အော်ရာကို ခံစားနိုင်စွမ်းရှိသော တုံကင်ဖြစ်ရပေမည်။

ဤအချိန်မှညပင် သင်္ချိုင်းခန်းနောက်က တံခါးကလည်းပွင့်လာသည်။

ယဲ့ချိုးပိုင် စင်မြင့်ပေါ်ပဆင်းလာပြီး ကျိုးပိုင်လုနှင့်တခြားသူများအား ကြည့်ပြီးနောက် လက်နှစ်ဖက်အတူတကွဆုပ်သည်။

"ကျေးဇူးတင်ပါတယ်၊ ကျုပ်ကျေးဇူးကြွေးတစ်ခုတင်သွားပြီ"

အိမ်ရှေ့မင်းသား လက်ဝှေ့ယမ်းပြ၏။

"ငါတို့အတွက် ဒီအမွေအနှစ်က မသင့်တော်လို့ပါပဲ၊ ငါ့အတွက်သာ သင့်တော်နေမယ်ဆိုရင် ငါမင်းနဲ့ ယှဉ်ပြိုင်နေရလောက်တယ်"

ယဲ့ချိုးပိုင်ပြုံးသည်။

"အနာဂတ်မှာ အိမ်ရှေ့မင်းသားအတွက် သင့်တော်တာတစ်ခုခုရှိခဲ့ရင် ယဲ့ချိုးပိုင် ခင်ဗျားကို ကူညီတဲ့အနေနဲ့ ဘာမှကြိုးစားအားထုတ်မှာမဟုတ်ပါဘူး"

ထန်ကျုံ့ကျောက်ကြားဝင်ပြောသည်။

"ကောင်းပြီ၊ ဆက်သွားကြရ‌အောင်၊ တခြားသူတွေ အခုဘယ်ကို ရောက်နေသလဲဆိုတာ ပြောဖို့ခက်သေးတယ်"

အိမ်ရှေ့မင်းသားသုံးသပ်သည်။

"သင်္ချိုင်းခန်းရဲ့ ပုံစံအရဆိုရင် ငါတို့ရောက်နေတဲ့နေရာက ဘေးအခန်းတွေထဲက တစ်ခုခုဖြစ်ရမယ်၊ ကြားအလယ်မှာ အဓိကသင်္ချိုင်းခန်းမကို ဦးတည်နေတဲ့ ရှည်လျားတဲ့ သင်္ချိုင်းခန်းတစ်ခုရှိလိမ့်မယ်"

ဘေးအခန်းများတွင် နေထိုင်ကြသူများက သင်္ဂြိုလ်မှုနှင့်အတူရှိသူများဖြစ်ပြီး မင်းသား၏ နတ်မင်းဆက်မှ အရေးပါသည့် ပုဂ္ဂိုလ်များလည်းဖြစ်သည်။

ထိုအချိန်မှာပင် ကျိုးပိုင်လုမှန်းဆသည်။

"ခေးအောစ့်နတ်မင်းဆက်အတွင်းမှာ ဒီမင်းသားက ဘယ်လိုရာထူးမျိုးကို ကိုင်တွယ်ထားသလဲဆိုတာ ငါသိချင်နေမိတယ်၊ သူ့ရာထူးက သာမန်မင်းသားတစ်ပါးထက် ပိုမြင့်နေမယ်ဆိုရင် ဂူသင်္ချိုင်းကာကွယ်သူတစ်ယောက်ရှိရမယ်"

'ဂူသင်္ချိုင်းကာကွယ်သူ' ဟူသောစကားကို ကြားသောအခါ အိမ်ရှေ့မင်းသားရော ထန်ကျုံ့ကျောက်တို့ပါ စိတ်ဖိစီးသွားကြ၏။

ဂူသင်္ချိုင်းကာကွယ်သူဟူသည် အမည်နာမအတိုင်းပင် ဂူသင်္ချိုင်းအား လုယက်ခြင်းနှင့် ဖောက်ထွင်းခြင်းကနေ ကာကွယ်ရန်အတွက် ခန့်ထားခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် အဆင့်မြင့်ပုဂ္ဂိုလ်များ၏ ဂူသင်္ချိုင်းတွင် ဂူသင်္ချိုင်းကာကွယ်သူတစ်ဦးရှိပေလိမ့်မည်။

ဒါ့အပြင် ကြောက်မက်ဖွယ်ရာအစောင့်အရှောက်များပင်ရှိနိုင်သည်။

ယေဘုယျအားဖြင့်ဆိုရပါက ဂူသင်္ချိုင်းကာကွယ်သူက ပင်မဂူသင်္ချိုင်းအခန်းရှေ့တွင် တည်ရှိမည်သာ။

"ဘယ်လိုပဲဖြစ်ဖြစ် ဆက်သွားကြတာပေါ့" ရှောင်ဟိုင်အန္တရာယ်ကို ဂရုမမူသည့်အသွင် ပြောသည်။ သူ့အတွက် ပြိုင်ဘက်က ပိုအားကောင်းလေလေ၊ ပိုကောင်းလေလေပင်။

ရှောင်ဟိုင် ပင်မတံခါး၀ထဲသို့ အရင်ဆုံး၀င်သွားတာကိုမြင်ရသောအခါ ထန်ကျုံ့ကျောက်နှင့် ကျန်သောသူများ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အားကိုးရာမဲ့စွာပြုံးရင်း အလျင်အမြန်လိုက်သွားကြသည်။

ဟုန်ကျန်းနှင့် သူ့အုပ်စုကလည်း ကျောဘက်တွင် သူတို့စွမ်းအားများကို ပြန်ရလာခဲ့ကြသည်။

ကန္တရာတပ်ဖွဲ့၀င်တစ်ဦးမေးသည်။

"အစ်ကိုကျန်း၊ အခုကျွန်တော်တို့ဘာလုပ်ကြမလဲ၊ ကျွန်တော်တို့သူတို့ကို လုံး၀မယှဉ်နိုင်ဘူး"

ဟုန်ကျန်း သူတို့၏ထွက်ခွာသွားသည့်ပုံရိပ်များကို ကြည့်ရင်း သူ့မျက်နှာက အနည်းငယ်မည်းမှောင်နေသည်။

"တိုက်ရိုက်ဝိရောဓိမဖြစ်အောင် ရှောင်ကြမယ်၊ အခွင့်အလမ်းတစ်ခုရှိမလားဆိုတာ ကြည့်ကြတာပေါ့၊ သူတို့သာ ထောင်ချောက်ထဲကျသွားရင် ငါတို့လှုပ်ရှားလို့ရပြီ"

လူတိုင်းသဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။

ဒါကယခုလောလောဆယ် သူတို့၏ တစ်ခုတည်းသောအစီအရင်ပေတည်း။

မဟုတ်ပါက လမ်းကြောင်းတစ်ခုတည်းသာရှိသည်။

သူတို့နောက်သို့ ရိုးရှင်းစွာလိုက်ရုံမျှနှင့် စွပ်ပြုတ်တစ်ငုံပင် သောက်ခွင့်ရမည်မဟုတ်။

"သူတို့နောက်လိုက်ကြ‌ရအောင်"

......

ဤအချိန်တွင် အပြင်ဘက်၌ ဂိုဏ်းအသီးသီးက အားကောင်းသည့်ပုံရိပ်များက ကန္တာရထဲတွင် ရှိနေကြပြီး ရှေ့က ဂူသင်္ချိုင်းကို အပြင်းအထန်စောင့်ကြပ်နေကြ၏။

ရုတ်တရက် မှိန်ဖျော့သည့်အလင်းတစ်ခု ပျံသန်းထွက်လာလေရာ လူတိုင်းအံ့သြသွားကြသည်။

ရွှမ်ဝူနတ်မင်းဆက်က လူများသာလျှင် စိတ်ပျက်သွားပုံရပြီး ချက်ချင်းနောက်ဆုတ်ရန် ရွေးချယ်ခဲ့ကြ၏။

ဒါက သူတို့၏ သူတော်စင်သားတော်၏ အသက်အန္တရာယ်ရှိလာသောအခါ အဝေးသို့ တယ်လီပို့ရန်အတွက် အစပျိုးပေးသည့် နတ်ပစ္စည်းတစ်ခုဆိုတာကို သူတို့သိသောကြောင့်ပင်။

ကြည့်ရှုသူများက အနည်းငယ်အံ့ဩသင့်သွားကြ၏။

သူတော်စင်သားတော်မှာ ဒီလိုနတ်ပစ္စည်းမျိုးရှိတာလား!

သူတို့တွင် ဝိဉာဉ်တုံကင်များရှိနေတာကိုသာသူသိပြီး ထိုတုံကင်အများစုကလည်း ကြေမွသွားကြလေပြီ။

ပထမအကြီးအကဲမှာ ဤမြင်ကွင်းအား မြင်ပြီးနောက် သူ့ဘေးကလူအားကြည့်လိုက်၏။

"ငါတို့ထဲက တစ်ယောက်ယောက်ရဲ့ တုံကင်တွေများ ပြိုကွဲသွားသေးလား"

ထိုလူက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

"တစ်ခုကတော့ ကြေမွသွားပါတယ်၊ အဲဒါက ဟဲစုန့်ဟာပါ"

စိတ်မချမ်းမြေ့ဖွယ်ရာ အမူအရာနှင့်အတူ ပထမအကြီးအကဲခေါင်းညိတ်သည်။

"လက်ရှိအခြေအနေကို ကျောင်းတော်ကို အရင်အစီရင်ခံတင်ပြကြတာပေါ့"

All Chapters