← Chapters

ဂူသင်္ချိုင်းအစောင့်

Vol. 98 Ch. 1376

ဂူသင်္ချိုင်းအစောင့်

Vol. 98 Ch. 1376

လက်ရှိအချိန်တွင် ကျောင်းတော်ကလည်း ဤသတင်းစကားကို လက်ခံရရှိခဲ့သည်။

ဤအောင်မြင်မှုကို အင်အားစုများအကြား ထူးခြားသည်ဟု ယူဆ၍ရသော်လည်း နောက်ဆုံး၌ ကိုယ်ပိုင်တပည့်တစ်ဦး သေဆုံးခဲ့ရသည်။

ကိုယ်ပိုင်တပည့်တစ်ဦး၏သေဆုံးမှုက ဝိဉာဉ်အနှစ်သာရကျောင်းတော်အတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုပင်။

ကောင်းကင်နံပါတ်တစ်ခြံ၀င်း!

ကောင်းကင်နံပါတ်တစ်ခြံ၀င်း၏၀န်းကျင်၌ ကာကွယ်ရေးအတားအဆီးအဆောင်များက ဖုံးနေပြီး လိပ်ခွံတစ်ခုနှင့်တူသည့် ထူထဲသည့်အတားအဆီးများ၏ အလွှာများစွာကို မြင်သာစွာ ဖန်တီးထားသည်။

ထို့နောက် ၀င်ပေါက်၌ ကြီးမားသည့်အက္ခရာလေးလုံးကိုကပ်ထားသည်။

"နောက်ဆုတ်နေစဉ် မနှောင့်ယှက်ပါနဲ့"

ဤသည်က ဖြတ်သွားဖြတ်လာများအား အလျင်အမြန်ပင် လျှောက်သွားစေပြီး အားလုံးက ကျောင်းတော်အတွင်း ယခုလိုအတားအဆီးကြီးတစ်ခုကို လိုအပ်စေသည်အထိ ဘာများကျင့်ကြံနေသလဲဆိုတာ တွေးနေသည်။

သို့သော်သူတို့ဘာများသိနိုင်မည်နည်း။

ဤတဒင်္ဂလေးတွင် ကောင်းကင်နံပါတ်တစ်ခြံ၀င်းထဲက တစ်ဦးတည်းသောသူက ကျင့်ကြံခြင်း သို့မဟုတ် နယ်ပယ်တစ်ခုကို ချိုးဖျက်နေခြင်းမရှိချေ။

ယင်းအစား သူက ကိုယ့်ကိုကိုယ်အခန်းတစ်ခန်းထဲတွင် ပိတ်ဆို့ထားပြီး ပြင်ပက လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန်အတွက် စောင့်ကြည့်အဆောင်တစ်ခုအား အသုံးပြုထားကာ သူ့အမူအရာက အလွန်ပင် လေးနက်နေပြီး မျက်လုံးများက သူခိုးတစ်ယောက်အလား မရေရာသည့်အသွင် တဖျပ်ဖျပ်လင်း၀င်းနေသည်။

မုဖူရှန်း ခပ်ကြောင်ကြောင်အပြုံးကို ဖော်ထုန်ရင်း ပြုံးလိုက်လေသည်။

"အကြောင်းရင်းအကြောင်းပြောရမယ်ဆိုရင် ငါအိမ်ထဲကနေမထွက်သရွေ့ ဘယ်သူမှ ငါ့ကို ထွက်ခွာအောင် မလုပ်န်ုင်ပါဘူး၊ အားကောင်းတဲ့သက်ရှိတစ်ယောက် ငါ့ကို ကိုယ်တိုင်ကိုယ်ကျ လာမဆွဲခေါ်သွားသရွေ့ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ဒါက သုညနီးပါးပဲမလား"

မဟုတ်သေးဘူး!

ဤနေရာတွင် မုဖူရှန်းရုတ်တရက်ရပ်သွားသည်။

သုညနီးပါးလား!

နီးပါး!

မုဖူရှန်းအိပ်မက်ကနေ နိုးထလာသည့်အလား ရုတ်တရက်လက်ခုပ်တီးကာ အော်ဟစ်လိုက်သည်။

"ဒါက ဖြစ်နိုင်ချေနည်းနည်းလေးရှိတယ်ဆိုတာကို ဖော်ပြနေသေးတယ်မလား၊ မရဘူး၊ မရဘူး"

ချက်ချင်းဆိုသလို မုဖူရှန်း ၀န်းကျင်၌ အဆောင်များကို စတင်တပ်ဆင်းပြီး သူ့ကိုယ်ပိုင်အသွင်အပြင်နှင့် အသက်ရှုသံကိုပင် ဖျောက်ပစ်ကာ အခန်းထောင့်တစ်နေရာ၌ ပုန်းနေလေသည်။

ဒါကလုံလောက်သင့်တယ်မလား!

တစ်ချိန်တည်းမှာပင် အကြောင်းအရာများအား ဆွေးနွေးနေကြသည့်အသံတစ်ချို့နှင့်အတူ အဆောင်များ၏ ထိုးပြမှုမှတဆင့် ပြင်ပမြင်ကွင်းများက မုဖူရှန်းအား ဆွဲဆောင်သွားခဲ့သည်။

"ဆဌမအကြီးအကဲရဲ့ကိုယ်ပိုင်တပည့် ဟဲစုန့်ရဲ့ဝိဉာဉ်တုံကင် ပြိုကွဲသွားတာကို မင်းကြားခဲ့လား"

"အစ်ကိုဟဲစုန့်က ဆဌမအကြီးအကဲ တန်ဖိုးအထားရဆုံး၊ အရည်အချင်းအရှိဆုံးနဲ့ အကန့်အသတ်မဲ့အလားအလာကို ပိုင်ဆိုင်ထားတဲ့ တပည့်တစ်ယောက်ပဲ၊ သူလည်း တောင်ပိုင်းသဲကန္တာရမှာ သေဆုံးပျောက်ကွယ်သွားလိမ့်မယ်ဆိုတာ တကယ်မျှော်လင့်မထားတဲ့အရာတစ်ခုပဲ....."

"ဘာမှကူညီနိုင်တော့တာမှမဟုတ်တာ၊ အဲဒါက ခေးအောစ့်နတ်မင်းဆက်က မင်းသားတစ်ပါးရဲ့ ဂူသင်္ချိုင်းတစ်ခုဖြစ်နေတော့ ဒါကို ကံဆိုးမှုတစ်ခုလို့ပဲ မှတ်ယူရတော့မှာပေါ့၊ အထဲမှာ ခြိမ်းခြောက်မှုတွေ ဘယ်လောက်တောင်ရှိမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ၊ ဒါ့အပြင် ကန္တာရက အင်အားစုတွေနဲ့ ပြင်ပက ပါရမီရှင်အသီးသီးလည်း ၀င်သွားခဲ့ကြသေးတယ်"

"မှန်တယ်၊ ဒါကဖြစ်နိုင်ချေအရှိဆုံးပဲ၊ ဒါ့အပြင် တခြားအင်အားစုတွေကလည်း ပိုကြီးမားတဲ့ဆုံးရှုံးမှုတွေကို ခံစားခဲ့ရသေးတယ်လေ"

"အစ်ကိုဟဲစုန့်အတွက်ကတော့ တကယ်ကို၀မ်းနည်းစရာပဲ....."

ဒါကိုကြားသောအခါ မုဖူရှန်းတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ ကြည့်ရသည်မှာ သူ့စီနီယာအစ်ကိုများ အဆင်ပြေနေပုံပင်။

သို့သော် အန္တရာယ်အများကြီးရှိတာကို ထောက်ဆကြည့်ပါက သူ့စီနီယာအစ်ကိုများ သိသာသည့် အန္တရာယ်များကို ရင်ဆိုင်ရနိုင်သည်။

မုဖူရှန်း၏အမူအရာက တဖြည်းဖြည်းလေးနက်လာပြီး စတင်တုန်ယင်လာသည်။

မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါဒီလိုတွေးလို့မရဘူး၊ ဒီလိုအတွေးရှိတာက ငါသွားဖို့လိုတယ်လို့ ဆိုလိုနေတာပဲ!

မုဖူရှန်းအလျင်အမြန်ပင်ခေါင်းခါယမ်းသည်။

ဒါ့အပြင် သူ့စီနီယာအစ်ကိုများတွင် ကိုယ်ပိုင်ဝှက်ဖဲများရှိသည်။ တစ်ခုခုဖြစ်ပျက်သွားပါက သူတို့ဆရာပြုလုပ်ပေးထားသည့် အသံလွှင်ကျောက်စိမ်းဆွဲသီးကနေတဆင့် ဆက်သွယ်ရန် အသုံးပြုနိုင်သည်။

မင်းသားဂူသင်္ချိုင်းက ဆရာပြုလုပ်ပေးထားသည့် အသံလွှင်ကျောက်စိမ်းဆွဲသီးကို ပိတ်ဆို့ထားနိုင်မယ်ဆိုတာ သူမယုံပေ။

ဒါကိုတွေးမိသောအခါ မုဖူရှန်းနောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။

ဟုတ်တယ်၊ အတည်ဖြစ်သွားပြီ!

ဆက်နေမယ်!

......

လက်ရှိတွင် မင်းသားဂူသင်္ချိုင်းအတွင်း ရှည်လျားသည့် သင်္ချိုင်းစင်္ကြလမ်းကို ဖြတ်ပြီး ပိုးဟပ်ကဲ့သို့မှော်သားရဲများစွာ၏ တိုက်ခိုက်မှုများမှ ရှင်ကျန်ရစ်ပြီးနောက်တွင် အားလုံးက အလွန်တင်းကျပ်ကာ တည်ငြိမ်နေပုံရသည့် သင်္ချိုင်းခန်းတစ်ခုတွင် စုစည်းသွားကြသည်။

ဤအခန်းက နိယာမစွမ်းအားနှင့် ပြည့်နှက်နေသည်။

ခေါင်းတလားဟူ၍မရှိသလို မြင့်မားသည့် စင်မြင့်ချိပ်စည်းများလည်းမရှိပေ။

ယင်းအစား တံခါးတစ်ချပ်ရှေ့တွင် ရပ်နေသည့် ပန်းပုရုပ်တစ်ရုပ်သာရှိသည်။

ထိုပန်းပုရုပ်က ရွှေရောင်သရဖူကို ဆင်မြန်းထားသည့် သိုးမွှေးများနှင့် ၀တ်ရုံကို လွှမ်းခြုံထားသောလူတစ်ယောက်ဖြစ်ပြီး လက်ထဲတွင် အဆောင်စုတ်တံတစ်ခုကို ကိုင်ထားသည်။

သို့သော် ဤအဆောင်စုတ်တံက ပန်းပု၏ အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ ထိုလူလက်ထဲတွင် ကိုင်ထားရုံမျှသာဖြစ်ပြီး အနီး၀န်းကျင်၌ အခန်းထဲက နိယာမစွမ်းအားများ အလိုအလျောက် လည်ပတ်နေသည်။

"ကြည့်ရတာ ဒီအဆောင်စုတ်တံက အဲဒီနတ်တပိုင်းအဆင့်အဆောင်စုတ်တံလို့ခေါ်တဲ့ဟာဖြစ်ရမယ်" ယဲ့ချိုးပိုင်နှင့် တခြားသူများနှင့်အတူ ပူးပေါင်းသွားခဲ့သည့် ဖန်ချန်းနှင့် တခြားသူများပြောသည်။

ရှီရှန်းကလည်းပြုံးရင်း ခေါင်းကုတ်သည်။

"ဒါဆို ဒီအဆောင်စုတ်တံကို ဂျူနီယာညီလေးမုအတွက် ပြန်ယူသွားကြရအောင်"

သို့စေကာမူ ရှိနေသောသူအများစုက အဆောင်စုတ်တံကို တောင့်တနေကြတယ်ဆိုတာ ရှင်းနေသည်။

သူတို့ထဲတွင် အဆောင်သခင်များက မရှိသလောက်နည်းပါးသော်လည်း အဆောင်သခင်မဟုတ်သောသူများအတွက်ပင် ဒါက နတ်တပိုင်းအဆင့်နတ်ပစ္စည်းတစ်ခုဖြစ်သည်။

၎င်းက အဆောင်စုတ်တံတစ်ခုသာဖြစ်သည့်တိုင် နတ်တပိုင်းအဆင့်အဆောင်စုတ်တံများ၊ နတ်တပိုင်းအဆင့်ဆေးလုံးဖိုများ၊ အစရှိသည်တို့က အလွန်အင်မတန်ရှားပါးသည့် ရတနာများပင်။

၎င်းတို့က ပုံမှန်ရှာဖွေတွေ့ရှိနိုင်သည့် အရာ၀တ္ထုများထက် ကံပါမှတွေ့နိုင်သည့် အရာများဖြစ်ပြီး တခြားအရာများထက် အဆင့်များစွာ ပိုအဖိုးတန်သည်။

အချိန်တန်ပါက တခြားအသုံး၀င်သည့် ပစ္စည်းများအတွက် အဆောင်သခင်တစ်ဦးဆီက လဲလှယ်နိုင်သည်မဟုတ်ပေလော။

ကျိုးပိုင်လု လှည့်ကြည့်ရင်း ထူးမခြားနားစွာပြောသည်။

"ဒါက ဂူသင်္ချိုင်းအစောင့်ဖြစ်ရမယ်၊ ဒါဆိုရင်တော့ ဒီပန်းပုနောက်မှာ အဓိကသင်္ဂြိုဟ်ခန်းရှိလောက်တယ်"

ရုတ်တရက် အဆောင်သခင်တစ်ဦး လူအုပ်စုထဲကနေ ပြေးထွက်လာပြီး ပန်းပုရုပ်လက်ထဲက အဆောင်စုတ်တံကို လှမ်းယူလိုက်၏။ သူ့မျက်လုံးများက လောဘနှင့် ပြည့်နှက်နေသည်။

ဒါကရှောင်လွှဲ၍မရနိုင်ပေ။ နတ်တပိုင်းအဆင့်အဆောင်စုတ်တံတစ်ခုက အဆောင်သခင်တစ်ဦးအတွက် အတော်လေးကို ဆွဲဆောင်နိုင်စွမ်းရှိသည်။

သို့သော် သူအနီးကိုမရောက်နိုင်ခင်မှာပင် အဆောင်စုတ်တံက ရုတ်တရက် နိယာမရောင်စုံမီးအလင်းများနှင့် လင်း၀င်းသွား၏။

နိယာမအလင်းများ၏ တောက်ပမှုအောက်တွင် ပန်းပုရုပ်၏ ကျောက်သားမျက်နှာပြင်အလွှာက ဖြည်းဖြည်းချင်းကွာကျသွား၏။

အဆောင်စုတ်တံကို ကိုင်ထားသည့်လူက ဟင်းလင်းပြင်ထဲတွင် ပုံကြမ်းရေးဆွဲလိုက်စဉ် အသက်ရှူကြိမ်ရေအနည်းငယ်အတွင်း လေထဲကနေ အဆောင်တစ်ခုထွက်ပေါ်လာသည်။

ရှေ့သို့ပြေးသွားသည့်အဆောင်သခင်မှာ ထိတ်လန့်သွားသော်လည်း သူမတုံ့ပြန်နိုင်ခင်မှာပင် အဆောင်က အသင်္ချေနိယာမစွမ်းအားများကနေ ဓားရှည်တစ်လက်ဖန်တီးကာ ထုတ်လွှတ်လိုက်လေရာ သူ့မျက်ခုံးကြားသို့ တည့်တည့်ထိုးဖောက်သွား၏။

အဆောင်သခင်ကိုယ်ထဲက အသက်ဓာတ်က စတင်ပျောက်ကွယ်သွားပြီး လေထဲကနေ လဲပြိုကျသွားရသည်။

ဤအဆောင်က ဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ဤမြင်ကွင်းကို ကြည့်နေကြသည့် လူတိုင်း၏ အမူအရာများက အလွန်အမင်း လေးနက်နေကြ၏။

တစ်ချို့ကမူ စိတ်ဓာတ်ပင်ကျသွားကြသည်။

အသက်ရှုကြိမ်ရေနှစ်ချက်အတွင်း ဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်အဆောင်တစ်ခုကို ရေးဆွဲနိုင်သည့် အဆောင်သခင်တစ်ဦး!

သူတို့အား‌လုံးပေါင်းစပ်လျှင်ပင် သူ့ကိုသတ်ရန်အတွက် လုံလောက်မည်မဟုတ်။

ထိုအချိန်တွင် သိုးမွှေး၀တ်ရုံရှင်က အပြုံးဖြင့်ပြောသည်။

"ဒီလူက အရမ်းစိတ်မရှည်ဖြစ်လွန်းတယ်၊ ဒါကြောင့် မင်းသားချန်ထားခဲ့တဲ့ လျှို့ဝှက်ရတနာကို လက်ခံဖို့ မသင့်တော်ဘူး၊ ဒီတော့ သူသေရုံပဲရှိတော့တယ်"

ရှိနေသောသူအားလုံး၏ လေးနက်သည့် အသွင်အပြင်များကို သတိထားမိသည့်အပေါ် ထိုလူကလက်ဝှေ့ယမ်းသည်။

"မင်းတို့စိတ်ပူနေစရာမလိုပါဘူး၊ ငါသေပြီးပြီမို့ မင်းတို့လိုဂျုနီယာတွေကို ခပ်ပြင်းပြင်းတိုက်ခိုက်မှာမဟုတ်ဘူး၊ ဒါပေမယ့် အခွင့်အလမ်းတွေတော့ပေးမှာပါ"

ထိုသို့ပြောနေရင်း သူ့လက်ထဲက အဆောင်စုတ်တံကို လှုပ်ယမ်းလိုက်၏။

တဒင်္ဂလေးအတွင်းမှာပင် လူတိုင်း သူတို့ရှေ့တွင် မိုးနှင့်မြေ၏ ဝဲဂယက်တစ်ခုကို ခံစားလိုက်ရသည်။

သူတို့ခြေဖဝါးအောက်က မြေကြီးက ပြင်းထန်စွာ စတင်တုန်ခါလာသည်။

သူတို့ရှေ့ကမြင်ကွင်းက မသိလိုက်သည့်အချိန်မှာပင် ပြောင်းသွားပြီး ဂူသင်္ချိုင်းစင်္ကြလမ်းကိုးခုကို ဖန်တီးသည်။

ထိုလူ၏အသံက လူတိုင်းနားတွင် ဝဲလည်နေခဲ့သည်။

"ဒီမှာ သင်္ချိုင်းစင်္ကြလမ်းကိုးခုရှိပြီး တစ်ခုစီက ရှင်ခြင်းလမ်းကြောင်း ဒါမှမဟုတ် သေခြင်းလမ်းကြောင်းဖြစ်နိုင်တယ်"

"မင်းတို့ထွက်ဖို့ဆန္ဒရှိရင်တော့ ငါ့အဆောင်တွေကို မြင်နိုင်ဖို့အတွက် အံ့ဖွယ်စွမ်းအား ဒါမှမဟုတ် အဆောင်တွေအပေါ်မှာ ထူးခြားရဲ့ ကျွမ်းကျင်မှုမျိုးကို ပိုင်ဆိုင်ထားဖို့ လိုတယ်"

"မဟုတ်ဘူးဆိုရင် ငါမင်းတို့ကို ဒီနေရာမှာ ထာ၀ရအတွက် အဖော်ပြုပေးနေတော့မှာ"

All Chapters