ဓားအရိုးပြည့်စုံသွားခြင်း၊ တိမ်ပြာဓားသခင်
Vol. 98 Ch. 1374
လက်သီးချက်တစ်ချက်သာဖြစ်သော်လည်း ၄င်းက တျန်းဂျီတိုက်ကြီးအတွင်း အဆုံးစွန်သောကာကွယ်ရေးအဖြစ် ကျော်ကြားသည့် လိပ်နက်အခွံကို အပိုင်းပိုင်းကွဲသွားစေသည်။
သူတော်စင်သားတော်ရွှမ်မင်ကလည်း ပါးစပ်အပြည့်သွေးတစ်ပွက်အန်လိုက်ရပြီး ထိုနေရာတွင်ပင် သတိလစ်သွားရသည်။
သူသတိမလစ်သွားခင် ခပ်ရေးရေးအလင်းတစ်ခုက သူ့ကိုလွှမ်းခြုံသွားကာ အလင်းတန်းပျောက်ကွယ်သွားသည်နှင့် သူတော်စင်သားတော်ရွှမ်မင်ကလည်း ထိုနေရာမှ ပျောက်ကွယ်သွား၏။
လိပ်နက်၏ပုံရိပ်ယောင်က ပျောက်ကွယ်နေစဉ် ၎င်းကရှောင်ဟိုင်အား စူးစိုက်စွာ ကြည့်နေသေးပြီး ၎င်း၏မျက်သူငယ်အိမ်များက စိတ်ရှုပ်ထွေးမှုနှင့် ကြောက်စိတ်ဖြင့် ပြည့်နှက်နေသည်။
ဤသည်ကိုမြင်သောအခါ ရှောင်ဟိုင်နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး စွမ်းအားအားလုံးက ခန္ဓာဆီသို့ ပြန်ရောက်လာသည်။
နတ်ဆိုးဆင်းသက်ခြင်းနှင့်အတူ ထိုအားအပြည့်ရိုက်ချက်ကို ထုတ်လွှတ်ပြီးနောက် ရှောင်ဟိုင်ကလည်း မောပန်းနေပုံရပြီး ညာလက်မောင်းက သွေးနှင့်ဖုံးနေသည်။
သို့သော် အရင်ကလို သူမြေပေါ်တိုက်ရိုက်လဲပြိုကျသွားခြင်းမရှိတော့။
ရှောင်ဟိုင် သူတော်စင်သားတော်ရွှမ်မင် ပျောက်ကွယ်သွားသည့်နေရာသို့ ကြည့်ရင်း လှောင်ပြောင်လိုက်သည်။
"သူတကယ်ကိုအမြန်ပြေးသွားတာပဲ"
ထန်ကျုံ့ကျောက် ရှောင်ဟိုင်ဘေးကို ရောက်လာပြီး ဆေးလုံးတစ်လုံးပေးသည်။
"ရွှမ်ဝူနတ်မင်းဆက်ရဲ့သူတော်စင်သားတော်တစ်ပါးတဖြစ်လဲ ရွှမ်မင်သွေးကြောကို ပိုင်ဆိုင်တဲ့လူဆိုတာ နှစ်သောင်းချီမှ တစ်ခါပေါ်လာတတ်တာမို့ သူ့မှာ အသက်ကယ်နည်းလမ်းအများကြီးရှိမှာပဲ၊ မင်းသားဂူသင်္ချိုင်းက လွတ်မြောက်သွားတာက ပုံမှန်ပါပဲ"
မည်သို့ပင်ဆိုစေကာမူ ရွှမ်ဝူနတ်မင်းဆက်က တျန်းဂျီတိုက်ကြီးပေါ်က မဟာနတ်မင်းဆက်သုံးခုထဲက တစ်ခုဖြစ်သလို နက်ရှိုင်းသည့် အမွေအနှစ်တစ်ခုနှင့် နှစ်သိန်းချီကြာ ကြီးစိုးခဲ့သည့် မင်းဆက်တစ်ခုဖြစ်နေသည် မဟုတ်ပေလော။
ဤအချိန်မှာပင် ဟုန်ကျန်းနှင့် ကျန်သောသူများကလည်း မြေပေါ်ဒူးထောက်နေကြပြီး ဒဏ်ရာများကို ဆုပ်ကိုင်ကာ ပင့်သက်ရှိုက်ရင်း ကောင်းကင်ကိုးပါးနတ်သမီးအလား ထင်ရသည့် ကျိုးပိုင်လုအား စိုက်ကြည့်နေကြ၏။
သူတို့၏အမူအရာက အတော်လေးရယ်စရာကောင်းနေသည်။
ဟုန်ကျန်းတစ်ယောက် သူကကျိုးပိုင်လုကို မယှဉ်နိုင်ရုံတင်မက တခြားသူများပါ သူနှင့်ပူးပေါင်းသည့်တိုင် သူမအား ယှဉ်ပြိုင်ရန်အတွက် မလုံလောက်ဖြစ်နေဦးမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤကဲ့သို့ထူးခြားနက်ရှိုင်းပြီး ကြောက်မက်ဖွယ်ရာစွမ်းအားက အတော်လေးကြီးစိုးလွန်းသဖြင့် ဟုန်ကျန်းနှင့် သူ့လူများတွင် တုံ့ပြန်ရန်နည်းလမ်းမရှိကြတော့ဘဲ ရိုက်နှက်မှုကို လက်ခံရုံသာ တတ်နိုင်ကြသည်။
ယခုတွင် ဟုန်ကျန်းနှင့် တခြားသူများက အပြင်းအထန်ဒဏ်ရာရထားကြပြီး ကျိုးပိုင်လုကမူ တည်ငြိမ်စွာနှင့် အထိအခိုက်မရှိဘဲ ရပ်နေသည်။
သူမ၏အ၀တ်အစားများက အနည်းငယ်မျှပင် ပျက်စီးသွားခြင်းမရှိသလို အသက်ရှုသံကလည်း တည်ငြိမ်နေသည်။
သူမ၏အခြေအနေရပ်၏ သက်ရောက်ခြင်းကို မခံရသည့် လူတစ်ယောက်နှင့်တူသည်။
ဤကွာဟချက်က နည်းနည်းများလွန်းသည်။
ကျိုးပိုင်လု ဟုန်ကျန်းနှင့်တခြားသူများအား ထူးမခြားနားစွာ ကြည့်ရင်းမေးသည်။
"ဘယ်လိုလဲ၊ ဆက်တိုက်ချင်သေးလား"
ဟုန်ကျန်း၏မျက်နှာက ကြည့်ရဆိုးနေပြီး တုံ့ပြန်ခြင်းမရှိချေ။
သို့သော် သူ့နောက်ကလူတစ်ယောက်က သူ့အတွက် အဖြေပေးလာသည်။
"ဆက်မတိုက်တော့ပါဘူး၊ မလိုတော့ပါဘူး"
ဟုန်ကျန်းချေပခြင်းမရှိသဖြင့် တူညီသည့် အဖြေကို ရှင်းလင်းစွာပြသနေသည်။
ကျိုးပိုင်လုခေါင်းညိတ်သည်။
"ဒီလိုဆိုရင် ဘေးကနေ တိတ်တိတ်ဆိတ်ဆိတ်နဲ့ စောင့်ကြည့်နေပါ၊ နောက်ထပ်လှည့်ကွက်တွေရှိလာရင် ရှင့်တို့ဒီဂူသင်္ချိုင်းကနေ အသက်ရှင်လျက် ထွက်သွားလို့ မရလောက်တော့ဘူး"
ကျန်သောသူများက သဘောတူညီသည့်အသွင် ခေါင်းညိတ်သည်။
ဟုန်ကျန်း၏အမူအရာက အလွန်ပင်ကြည့်ရဆိုးနေသည်။ သူအမျိုးသမီးတစ်ယောက်၏ ယခုလိုခြိမ်းခြောက်မှုမျိုးကို တစ်ခါမှ မခံစားရဖူးပါ။
သို့သော်တစ်ချိန်တည်းမှာပင် ကျိုးပိုင်လု၏ ခွန်အားကို သူအံ့ဩသင့်နေမိသည်။
ဤခေးအောစ့်နယ်မြေ၏ နံပါတ်တစ်အလှပဂေးဟု လူသိများပြီး လူသိရှင်ကြားတွင် ရှားရှားပါးပါးမြင်ရခဲသည့် သိမ်မွေ့သော ဒုတိယမင်းသမီးအား အများစုက ပန်းအိုးတစ်လုံးဟုသာ ထင်ကြသည်။
ယခုကြည့်ရသည်မှာ သူမ၏ပါရမီနှင့် ခွန်အားက အတော်လေးအံ့သြသင့်စရာကောင်းသည်။
ဤသည်ကိုမြင်သော် ကျိုးပိုင်လုလှည့်သွားပြီး သူတို့ကို ထပ်မကြည့်တော့ဘဲ ယင်းအစား ယဲ့ချိုးပိုင်ကိုသာ အာရုံစိုက်ထားလိုက်သည်။
ရှောင်ဟိုင်၊ အိမ်ရှေ့မင်းသားနှင့် ထန်ကျုံ့ကျောက်တို့ကလည်း ယဲ့ချိုးပိုင်ကို လေးနက်စွာကြည့်နေကြ၏။
ယခုအချိန်တွင် ယခင်က စင်မြင့်ပေါ်၌ အရိုးစုအထောက်အကူမပါဘဲ ရွှံ့တုံးတစ်တုံးနှင့်တူနေသည့် ယဲ့ချိုးပိုင်၏ ကျောရိုးက ဖြောင့်နေပြီး ဓားကိုလက်ထဲတွင်ကိုင်ရင်း ပလ္လင်ရှေ့တွင် ရပ်နေသည်။
အရင်ကအော်ဟစ်သံများကလည်း အမည်မသိအချိန်ကာလတစ်ခုမှာပင် ရပ်သွားခဲ့သည်။
ကြည့်ရသည်မှာ သူကအန္တရာယ်အရှိဆုံးကာလကို ဖြတ်ကျော်သွားခဲ့ပုံပင်။
ယခုသူက အမွေအနှစ်ကို လက်ခံယူနေသည့်အချိန်ဖြစ်လောက်သည်။
ဒါ့အပြင် လက်ရှိယဲ့ချိုးပိုင်အား ကြည့်ပါက သူ့အော်ရာ၌ ကမ္ဘာကိုပင် တုန်ခါစေသည့် ပြောင်းလဲမှုတစ်ခုရှိနေသည်။
သူ့ကိုယ်ထဲက ဓားချီက ကိုယ်အစိတ်အပိုင်းတစ်လက်မချင်းစီတိုင်းက ဓားအဖြစ် ပြောင်းသွားသည့်အလား အဆက်မပြတ် မြည်ဟီးနေကြ၏။
"ဓားအရိုးပြည့်စုံသွားပြီ" ကျိုးပိုင်လု ရုတ်တရက်လေးစားစွာ ရေရွတ်လိုက်၏။
အိမ်ရှေ့မင်းသားနှင့် ထန်ကျုံ့ကျောက်တင်မဟုတ်ဘဲ သူတို့နောက်က ဟုန်ကျန်းပင်လျှင် ထိတ်လန့်သွားရသည်။
ရှောင်ဟိုင်အနည်းငယ်စိတ်ရှုပ်ထွေးနေတာကို မြင်ရသောအခါ ကျိုးပိုင်လုရှင်းပြသည်။
"ရှေးဟောင်းမှတ်တမ်းတွေမှာ ခေးအောစ့်နယ်မြေတစ်ခုလုံးမှာ ဓားအရိုးကို အပြည့်အ၀ရယူအောင်မြင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောလူက လွန်ခဲ့တဲ့နှစ်တစ်သန်းက အဲဒီဓားပိုင်ရှင်လို့ ဖော်ပြထားတယ်"
"တိမ်ပြာဓားသခင်"
အိမ်ရှေ့မင်းသားရေရွတ်လိုက်သည်။
"ခေးအောစ့်နတ်မင်းဆက်ရဲ့ ကိုယ်စားအုပ်ချုပ်သူ၊ နတ်မင်းဆက်ရဲ့အုပ်ချုပ်သူဘုရင်ကတောင် 'စီနီယာ'အဖြစ်လေးစားစွာ ခေါ်ခဲ့ရတဲ့ တိမ်ပြာဓားသခင်လား"
ထန်ကျုံ့ကျောက်ကလည်း လေးနက်သည့်အသံနှင့် စကားဝိုင်းထဲပါ၀င်လာသည်။
"ရှေးခေတ်နဲ့လက်ရှိခေတ်တစ်ခုလုံးက ဓားတာအိုရဲ့နံပါတ်တစ်ပုဂ္ဂိုလ်၊ ဒီဓားက အဲတုန်းက တိမ်ပြာဓားသခင်ရဲ့ အမွေအနှစ်ငို ဖုံးကွယ်ထားတာများလား"
ဒါကိုကြားသောအခါ ဟုန်ကျန်း၏မျက်လုံးများက နီရဲသွားခဲ့သည်။
ဒါကတိမ်ပြာဓားသခင်၏ အမွေအနှစ်ပေတည်း။
သူ့နှလုံးသားထဲတွင် အလိုလောဘဆန္ဒတစ်ခု အထိန်းအချုပ်မဲ့ထိုးတက်လာသည်။
ကျိုးပိုင်လုတစ်ခုခုကို သတိထားမိသည့်အလား ဟုန်ကျန်းကို အနည်းငယ်စိုက်ကြည့်လိုက်စဉ် ဟုန်ကျန်းခမျာ နှလုံးသားထဲက လောဘကို ချက်ချင်းဖိနှိပ်လိုက်ရသည်။
ဒါကိုကြားသောအခါ ရှောင်ဟိုင်ကလည်း အနည်းငယ်မျက်မှောင်ကြုတ်သည်။
တိမ်ပြာဓားသခင်လား!
သူအရင်က စီနီယာအစ်ကိုကြီး ဒီအကြောင်းကိုပြောခဲ့တာကို ကြားခဲ့ဖူးသည်။ ၎င်းက သေမျိုးနယ်မြေက အလယ်အလတ်အဆင့်ကြယ်နယ်မြေရှိ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတွင်ဖြစ်ပြီး တိမ်ပြာဓားသခင်၏ အမွေအနှစ်တစ်စိတ်တစ်ပိုင်းကို လက်ခံရယူနေစဉ်က ဖြစ်သည်။
တိမ်ပြာဓားသခင်က တကယ်တမ်းတွင် ခေးအောစ့်နယ်မြေက လူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ဒါကနည်းနည်းကြောင်စရာကောင်းမနေဘူးလား!
ဒါ့အပြင် အရာများက သူသံသယရှိသလိုသာဖြစ်ခဲ့ပါက ဒါက ထိုဖြစ်ရပ်များ၏ နောက်ကွယ်က လူ၏ အစီအစဉ်များနှင့်လည်း ပတ်သက်နေလောက်သည်။
ထိုအချိန်တွင် ကျိုးပိုင်လုခေါင်းခါယမ်းသည်။
"ဓားအရိုးက ထူးခြားတဲ့မွေးရာပါပါရမီတွေနဲ့ ရုပ်ခန္ဓာတည်ဆောက်ပုံလည်းလိုအပ်တယ်၊ ဒါက အမွေအနှစ်ကနေတဆင့် ရယူအောင်မြင်နိုင်တဲ့အရာတစ်ခုမဟုတ်ဘူး၊ ဒီလိုလုပ်နိုင်တာက ယဲ့ချိုးပိုင်ရဲ့ ထူးခြားတဲ့ ပါရမီကြောင့်လည်းပါတယ်"
လူတိုင်းခေါင်းညိတ်ပြီးနောက်တွင် ထန်ကျုံ့ကျောက် သူ့၏စိတ်ရှုပ်ထွေးမှုကို ဖော်ပြသည်။
"ဒါပေမယ့်တိမ်ပြာဓားသခင်က ခေးအောစ့်နတ်မင်းဆက်ရဲ့ ကိုယ်စားအုပ်ချုပ်သူမလား၊ ဒီလိုလေးစားခံရတဲ့ နေရာတစ်ခုက လူတစ်ယောက်က ဒီသာမန်မင်းသားတစ်ပါးရဲ့ သင်္ချိုင်းမှာ ဘာလို့ အမွေအနှစ်ကို ထားခဲ့ရတာလဲ"
"တိမ်ပြာဓားသခင်က ဒီမင်းသားဂူသင်္ချိုင်းနဲ့လည်း ဆက်စပ်နေတာများလား"
ဒါကိုကြားသော် ရှောင်ဟိုင်၏ ထင်မြင်ချက်များက ပို၍ပင် သေချာလာသည်။
သို့သော် ကျိုးပိုင်လုခေါင်းခါယမ်းသည်။
"ဒါကို မသိပေမယ့် ဒဏ္ဍာရီအရတော့ တိမ်ပြာဓားသခင် ကမ္ဘာကြီးက ပျောက်ကွယ်သွားပြီးနောက်မှာ သူ့အမွေအနှစ်ကို လေးပိုင်းပိုင်းပစ်ခဲ့တယ်၊ ဒီတော့ တစ်ပိုင်းက ဒီမင်းသားရဲ့ဂူသင်္ချိုင်းထဲမှာလို့ ယူဆလို့ရတယ်"
အိမ်ရှေ့မင်းသားခေါင်းညိတ်သည်။
"ဒါဆိုညီနောင်ယဲ့က အံ့ဖွယ်အခွင့်အလမ်းတစ်ခုနဲ့ အမှတ်မထင်ဆုံသွားတာပဲ၊ ဓားအရိုးဖွဲ့စည်းပြီးပြီဆိုရင် သူ့ရဲ့ဓားကျင့်ကြံခြင်းလမ်းစဉ်က အခုကနေစပြီး အတားအဆီးဆိုတာ ရှိမှာမဟုတ်တော့ဘူး"
ဓားအရိုးက ဓားသမားတိုင်း လိုက်စားကြသည့်အရာတစ်ခုပင်။
ဓားဆန္ဒနှင့်မတူသလို ဓားတာအိုနားလည်မှုနှင့်လည်း မတူဘဲ ဓားအရိုးက ပါရမီနှင့် ရုပ်ခန္ဓာ ဖွဲ့စည်းတည်ပုံအပေါ် လုံး၀မူတည်သည်။
လုံလောက်သည့်ပါရမီနှင့် မသင့်တော်သည့် ဖွဲ့စည်းတည်ဆောက်ပုံမရှိပါက ဓားအရိုးကို အောင်မြင်နိုင်မည်မဟုတ်။
သို့သော် အပြင်ပလောက၌ အရိုးအစားထိုးခြင်းနှင့်ပတ်သက်သည့် ဆိုရိုးစကားတစ်ခုရှိသည်။
ထို့ကြောင့် နှစ်သန်းချီကြာ မရေမတွက်နိုင်လောက်သည့်ဓားသမားများက တိမ်ပြာဓားသခင်၏ ခန္ဓာကို ရှာဖွေနေခဲ့ကြသည်။ သူက နှစ်တစ်သန်းကြာ ပျောက်ကွယ်သွားသည့်တိုင် ကမ္ဘာကြီးက တိမ်ပြာဓားသခင်ကျဆုံးသွားပြီဟု ယုံကြည်နေသေးသည်။
ဤအတွက်ကြောင့်ပင် သူတို့ တိမ်ပြာဓားသခင်၏ကိုယ်ထဲက ဓားအရိုးကို သူတို့ကိုယ်ထဲတွင် အစားထိုးချင်ကြသည်။
ထန်ကျုံ့ကျောက်၏အမူအရာကလည်း လေးနက်လာသည်။
"ညီနောင်ရဲက ဓားသမားအများစုရဲ့ ပစ်မှတ်ဖြစ်လာရတော့မှာပဲ"
အိမ်ရှေ့မင်းသားကလည်းပြောသည်။
"ဒါ့အပြင် ဒါကခေးအောစ့်နယ်မြေ ဖြစ်နေသေးတယ်....."
ကျိုးပိုင်လုကမူ ယဲ့ချိုးပိုင်ကို တိတ်ဆိတ်စွာကြည့်နေသည်။
သူမ ယဲ့ချိုးပိုင်၏ကံကြမ္မာတစ်ချို့ကို မြင်နိုင်သည်။
သို့သော်ထူးဆန်းတာက သူက မဟာကံကြမ္မာနှင့်လူတစ်ယောက်ဖြစ်ပြီး ကြီးကျယ်သည့် ကံတရားအင်အားတစ်ခု ရှိသော်လည်း အမှောင်ထု၏ ရောစပ်မှုတစ်ခုလည်းရှိသည်။
ဤသည်က သေခြင်းတရား၏အန္တရာယ်ကို ညွှန်ပြနေသည်။
ယုခုလိုကြီးမားသည့် ကံကြမ္မာကို ပိုင်ဆိုင်ထားသည့်တိုင် အသက်ကိုခြိမ်းခြောက်နေသည့် ကြီးမားသည့် အခြိမ်းအခြောက်များနှင့် ၀န်းရံခံနေရခြင်းက အနည်းငယ်ဝိရောဒိဖြစ်စရာပင်။
ကျိုးပိုင်လု ယခုလိုကံကြမ္မာကြိုးချည်မျှင်တစ်မျှင်ကို တစ်ခါမှမမြင်ခဲ့ဖူးပါ။