← Chapters

အဆောင်ဂူသင်္ချိုင်း၊ လူများကို လှုပ်ခါစေခြင်း

Vol. 98 Ch. 1377

အဆောင်ဂူသင်္ချိုင်း၊ လူများကို လှုပ်ခါစေခြင်း

Vol. 98 Ch. 1377

အားကောင်းသည့်ခွန်အားနှင့် ဤအဆောင်မှ ဖန်တီးထားသည့် သေခြင်းရှင်ခြင်းလမ်းကြောင်းကို ချိုးဖျက်၀င်ရောက်နိုင်သလို အဆောင်သခင်တစ်ဦး၏ စွမ်းရည်များကိုလည်း အားကိုး၍၀င်နိုင်သည်။

လူတိုင်း သူတို့ရှေ့က ဂူသင်္ချိုင်းလမ်းကြောင်းကိုးခုကို ကြက်သေသေနေသည့်အမူအရာများဖြင့် ကြည့်နေကြ၏။

ရှိနေကြသည့်အဆောင်သခင်များက အကြည့်ချင်းဖလှာ်လိုက်ကြပြီးနောက် ရှေ့တိုးကာ ဤအဆောင်သင်္ချိုင်းလမ်းကြောင်း၏ အားနည်းချက်များကို ခံစားမိရန် ကြိုးစားနေကြသည်။

အဆောင်များဖြစ်စေ သို့မဟုတ် အစီအရင်များဖြစ်စေ အားလုံးတွင် အားနည်းချက်များရှိသည်။

ဤအရာအားလုံးက သင့်စွမ်းရည်များက အားနည်းချက်များကို မြင်နိုင်၊ မမြင်နိုင်အပေါ် မူတည်သည်။

သို့စေကာမူ ဤအဆောင်သခင်များအားလုံးက အမွေးတိုင်တစ်တိုင်စာအထိ အာရုံခံကြည့်ကြသည်။

ဤအတောအတွင်း အဆောင်သခင်အားလုံး၏မျက်နှာများက အချိန်ကြာလာသည်နှင့်အမျှ ဖြည်းဖြည်းချင်း လေးနက်လာကြပြီး နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြစ်လာကြ၏။

ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းမှ ပါရမီရှင်တစ်ဦးက သူ့ဘေးက အဆောင်သခင်တစ်ဦးကို ကြည့်လိုက်သည်။

ထိုအဆောင်သခင်အား ရှိနေသောသူတိုင်း သိကြပြီး တျန်းဂျီတိုက်ကြီး၏ အားအကောင်းဆုံးအဆောင်ဂိုဏ်း၏ ဂုဏ်ယူစရာပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ဤသည်အပြင် သူကရှိနေသောသူများထဲတွင် အားအကောင်းဆုံးဖြစ်ပြီး အဆောင်စွမ်းရည်၌ ဘိုးဘေးနယ်ပယ် အစောပိုင်းအဆင့်ကိုပင် ရောက်နေလေပြီ။

သူ့နာမည်က ဟဲကျွမ်းဖြစ်သည်။

"အစ်ကိုဟဲ၊ ဘယ်လိုလဲ၊ ခင်ဗျားဒါကို အနက်ဖော်နိုင်လား"

ဟဲကျွမ်း စိတ်ပျက်အားငယ်နေသည့်အသွင် မျက်လုံးများကိုဖွင့်ကာ လူတိုင်း၏ စောင့်ကြည့်နေသည့် အကြည့်များအောက်တွင် ခေါင်းခါယမ်းသည်။

"ဒီအဆောင်တွေက ဖွင့်လှစ်ဖို့အတွက် ငါတို့တတ်နိုင်စွမ်းအလွန်မှာရှိနေတယ်၊ ဘာအားနည်းချက်တစ်ခုမှ မမြင်ရဘူး"

ဒါကိုကြားသောအခါ လူတိုင်း၏မျက်နှာက လေးလံလာကြ၏။

အကယ်၍ ဟဲကျွမ်းပင်လျှင် အဆောင်သင်္ချိုင်းဂူလမ်းကြောင်းကို မဖော်ထုတ်နိုင်ပါက ဤသင်္ချိုင်းဂူလမ်းကြောင်းအား ဖွင့်ရန်အတွက် အဆောင်သခင်တစ်ဦးကို အားကိုးခြင်းအား စွန့်ပစ်ရန်လိုအပ်သည်။

သို့သော် ခွန်အားနှင့် အတင်းချိုးဖျက်ခြင်းက ဤအဆောင်များအား ကျော်လွန်နိုင်မည်လား။

ကျိုးပိုင်လုရိုးရှင်းစွာပြောသည်။

"ငါတို့မှာဒါကိုလုပ်နိုင်တဲ့သူ ဘယ်သူမှမရှိဘူး၊ အတင်းချိုးဖျက်မယ်ဆိုရင် အနည်းဆုံး နတ်တပိုင်းအဆင့်စွမ်းအားကို လိုအပ်တယ်"

ဤနေရာတွင် လူသိအများဆုံးနယ်ပယ်က ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည်။

ဒါကပင် လူအုပ်စုအကြားပုန်းနေသည့် မိုမိသားစုက လူများပင်။

မိုမိသားစု၏ကိုယ်စားပြုက ဘယ်သူလဲဆိုတာကို ဘယ်သူမှမသိကြပါ။ လူအုပ်စုကြားတွင် ပုန်းနေသဖြင့် သူတို့မမှတ်မိနိုင်ကြပေ။

မိုမိသားစုမှ ဘိုးဘေးနယ်ပယ်အလယ်အလတ်အဆင့်ရှိ ပါရမီရှင်တစ်ဦး ဤနေရာကို ရောက်လာခဲ့သည်ဟူသော သတင်းကိုသာ သူတို့ရရှိခဲ့ကြသည်။

ထိုပါရမီရှင်၏နာမည်ကိုပင် သူတို့မသိကြ။

သို့သော် နတ်တပိုင်းအဆင့်ဆိုပါက မိုမိသားစု၏ ထိုတပည့်ပင်လျှင် ချိုးဖျက်နိုင်မည်မဟုတ်။

ဤသို့ဆိုပါက သူတို့ဘယ်လိုရှေ့ဆက်ရမည်နည်း။

သင်္ချိုင်းဂူလမ်းကြောင်းကိုးခုစလုံးက သေခြင်းလမ်းကြောင်းများပင်။

၎င်းတို့ကိုအနက်ဖော်နိုင်စွမ်းမရှိခြင်းက သူတို့ ဤသင်္ချိုင်းဂူလမ်းကြောင်းကိုးခုစလုံး၌ အဆုံးမဲ့လည်ပတ်နေရုံသာတတ်နိုင်ပြီး ထွက်မသွားနိုင်ဘဲ တဖြည်းဖြည်းနှင့် မှော်သားရဲများ၏ ထောင်ချောက်များကြောင့် လုံး၀ခြောက်သွေ့သွားရပေလိမ့်မည်။

ဖန်ချန်းမျက်မှောင်ကြုတ်သည်။

"တကယ်ပဲတခြားနည်းလမ်းမရှိတော့ဘူးလား"

ရှောင်ဟိုင်တိုက်ရိုက်ပင်ပြောသည်။

"နည်းလမ်းရှိရှိ၊ မရှိရှိ ငါတို့အရင်၀င်ပြီး ကြိုးစားကြည့်ဖို့လိုတယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ကြိုးစားကြည့်ကြတာပေါ့၊ အလုပ်မဖြစ်ဘူးဆိုရင်တော့ ငါတို့တခြားတစ်ခုခုကို တွေးကြမယ်၊ အခုတော့ ငါတို့ရှေ့ဆက်ကြည့်ရုံပဲရှိတယ်"

ရှီရှန်းစကားမပြောသော်လည်း ယဲ့ချိုးပိုင်နှင့် တခြားနှစ်ယောက်နောက်သို့ ပြတ်သားစွာပင် လိုက်သွားပြီး သူတို့၀င်ရန်အတွက် ကျပန်းလမ်းကြောင်းတစ်ခုကို ရွေးလိုက်၏။

အိမ်ရှေ့မင်းသားနှင့် ထန်ကျုံ့ကျောက်တို့ တစ်ခဏမျှ မျက်မှောင်ကြုတ်လိုက်ကြပြီးနောက် သူတို့နောက်သို့ အမြန်လိုက်သွားကြသည်။

ကျိုးပိုင်လုခပ်ရေးရေးသာပြုံးရင်း ဘာတစ်ခုမှမပြောပေ။

လူတစ်ချို့၀င်သွားတာကို မြင်သောအခါ တခြားသူများကလည်း အံကြိတ်လိုက်ကြ၏။

သူတို့ကလည်း တျန်းဂျီတိုက်ကြီးရှိ မဟာအင်အားစုများမှ ပါရမီရှင်များဖြစ်လေရာ ကြီးမားသည့်ဂုဏ်သတင်းကို ပိုင်ဆိုင်ကြသည်။

မကြိုးစားခင် စိတ်အားလျော့နေပါက ရှက်စရာကောင်းလွန်းသည်။ သူတို့၀င်ပြီး အခွင့်အလမ်းတစ်ခုကို ရှာဖွေရ‌ပေမည်။

ယဲ့ချိုးပိုင်နှင့် တခြားသူများလမ်းကို ဦးဆောင်နေစဉ် ကျန်သောသူများကလည်း ၀င်ရန်အတွက် သင်္ချိုင်းဂူလမ်းကြောင်းတစ်ခုစီကို စတင်ရွေးချယ်ကြသည်။

သင်္ချိုင်းဂူလမ်းကြောင်းများထဲရှိ နေရာက မသေးသော်လည်း အကွေ့များနှင့် အပေါက်များဖြင့် ပြည့်နှက်နေသည်။

အထဲတွင် အလင်းအရင်းအမြစ်ဟူ၍မရှိချေ။ သို့သော် လေထုက မမြင်နိုင်သည့် ပိုးစုန်းကြူးများနှင့် ပြည့်နှက်နေပုံရပြီး ခပ်မှိန်မှိန်အလင်းက လမ်းကြောင်းတစ်ခုလုံးကို အလင်းပေးနေသည်။

ယဲ့ချိုးပိုင်နှင့် တခြားသူများ သင်္ချိုင်းဂူလမ်းကြောင်းကို ဖြတ်လျှောက်လာကြစဉ် ထိုခပ်မှိန်မှန်အဝါရောင်အလင်းထဲတွင်ပင် သူတို့ဝိဉာဉ်များ ကန့်သတ်ခံထားရတာကို ခံစားရသည်။

သူတို့ဝိဉာဉ်များအပေါ် ဤကန့်သတ်မှုက သူတို့အသိအမြင်ကို ကန့်သတ်ထားခြင်းတင်မဟုတ်ဘဲ သူတို့ဝိဉာဉ်များအား တီကောင်များ တွယ်ကပ်နေသည့်အလား သူတို့စိတ်စွမ်းအားများကို ကိုက်ဖြတ်စားသောက်နေကြ၏။

သူတို့ရပ်၍မရသလို လွတ်မြောက်နိုင်ခြင်းလည်းမရှိချေ။

သို့စေကာမူ ဒါက ယဲ့ချိုးပိုင်နှင့် တခြားသူများအတွက် အရေးမကြီးပါ။

သူတို့ဆရာက သူတို့ဝိဉာဉ်များထဲတွင် အကန့်အသတ်များအား ချထားပြီး ဝိဉာဉ်ဆိုင်ရာတိုက်ခိုက်မှုများကနေတဆင့် ကာကွယ်ပေးထားသည် မဟုတ်ပေလော။

တစ်ဖက်လူ၏ခွန်အားက လုချန်ရှန်းကို မကျော်လွန်သရွေ့ ဒါကမဖြစ်နိုင်ပေ။

သို့သော် အနည်းဆုံးတော့ ဒီဂူသင်္ချိုင်းကို ဖန်တီးခဲ့သောလူက သူ့ဆရာကို မကျော်လွန်နိုင်ပေ။

အိမ်ရှေ့မင်းသား၊ ထန်ကျုံ့ကျောက်နှင့် ကျိုးပိုင်လုတို့တွင် ယခုလိုဆရာမျိုးမရှိပေ။ တစ်နည်းအားဖြင့် ယခုလိုအကန့်အသတ်မျိုးမရှိပေ။ ဒါကိုသဘောပေါက်သွားသောအခါ အိမ်ရှေ့မင်းသား လေးနက်စွာပြောသည်။

"ငါတို့ခွန်အားနဲ့ဆိုရင် ငါတို့ငါးရက်ပဲ ကိုင်တွယ်ထားနိုင်လောက်တယ်"

ထန်ကျုံ့ကျောက်ခေါင်းညိတ်သည်။

"ငါးရက်အကြာမှာ ငါတို့ဝိဉာဉ်စွမ်းအားတွေရဲ့ခုခံမှုက ကုန်ခမ်းသွားလိမ့်မယ်၊ ပြီးရင် ငါတို့ရဲ့ဝိဉာဉ်ဗဟိုချက်က တိုက်ရိုက်ကုန်ခမ်းသွားနိုင်တယ်၊ အဲချိန်ကျရင် အကျိုးဆက်တွေက စိတ်ကူးယဉ်ကြည့်လို့တောင် ရမှာမဟုတ်ဘူး"

ဝိဉာဉ်ဗဟိုချက်ကုန်ခမ်းခြင်းက ပြန်ပြောင်း၍မရနိုင်သည့် ပျက်စီးမှုပင်။

၎င်းကိုတန်ပြန်တုံ့ပြန်ရန်အတွက် နည်းလမ်းများရှိသော်လည်း သူတို့တွင်သာမရှိပါက ကောင်းကင်ဘုံတာအိုက ချို့ယွင်းသွားမည်ဖြစ်ပြီး ထိုးဖောက်ကျော်လွှားရန်ဟူသည် ဖြစ်နိုင်မည်မဟုတ်တော့။

အကယ်၍ ဝိဉာဉ်ကသာချို့ယွင်းနေပါက အကောင်းဆုံးအနေအထားတွင် နောက်ထပ်ဘယ်တော့မှအဆင့်ချိုးဖျက်နိုင်မည်မဟုတ်။ နယ်ပယ်များပင် ကျသွားနိုင်ချေရှိသည်။ အဆိုးဆုံးတွင် ဝိဉာဉ်ရောစိတ်ဓာတ်ပါ ပျက်စီးသွားနိုင်သည်။

ယဲ့ချိုးပိုင် ‌သူတို့အားလှည့်ကြည့်ရင်း တစ်ခဏမျှတွေးလိုက်သည်။

"ကျုပ်တို့ဒီနှစ်ရက်အတွင်း အခြေအနေကို ချိုးဖျက်ဖို့ နည်းလမ်းရှာမတွေ့ဘူးဆိုရင်တော့ နောက်ကျရင် တခြားနည်းလမ်းတစ်ခုကို စမ်းကြည့်လိုက်ပါမယ်"

အိမ်ရှေ့မင်းသားရောထန်ကျုံ့ကျောက်ပါ ထိတ်လန့်သွားကြသည်။

ဘာနည်းလမ်းလဲ၊ နည်းလမ်းတစ်ခုရှိရင် ဘာလို့အခုမသုံးကြည့်ရတာလဲ!

ကျိုးပိုင်လု၏ နှုတ်ခမ်းများသာလျှင် တစ်ခုခုကို မှန်းဆမိသည့်အလား အနည်းငယ်ကွေးညွတ်သွား၏။

သို့စေကာမူ သင်္ချိုင်းဂူလမ်းကြောင်းအတွင်း ဒါက တစ်ခုတည်းသော အကျပ်အတည်းဟုတ်မနေပေ။

ယဲ့ချိုးပိုင်နှင့် တခြားသူများရှေ့ဆက်သွားစဉ် နောက်ထပ်လမ်းခွဲတစ်ခုပေါ်လာပြီး မတူညီသည့်လမ်းကြောင်းကိုးခုအဖြစ် ကွဲသွားပြန်သည်။

လမ်းကြောင်းကိုးခုစလုံးက တူညီပုံရပြီး တစ်စုံတစ်ရာကွဲပြားမှုကိုမှ မရှာတွေ့နိုင်လေရာ သူတို့ပင်ကိုယ်အသိကို မှီခိုအားကိုးရင်း ရှေ့ဆက်ရန်အတွက် အလယ်ဂူသင်္ချိုင်းလမ်းကြောင်းကို ရွေးချယ်လိုက်ကြ၏။

သို့သော် သူတို့အဝေးကြီးကို မသွားနိုင်သေးခင်မှာပင် ရုတ်တရက် ပိုးမွှားမှော်သားရဲတစ်အုပ်ပေါ်လာပြီး သူတို့ထံရှေ့နှင့်နောက်ကနေ လှိမ့်၀င်လာကြသည်။

တစ်ချိန်တည်းမှာပင် သူတို့ပတ်လည်က ဂူသင်္ချိုင်းလမ်းကြောင်း၏ ကျောက်နံရံများက ရုတ်တရက် ရွှံ့တောတစ်ခုအလား ပြောင်းသွားသည်။

ယဲ့ချိုးပိုင်နှင့်တခြားသူများ၏ခန္ဓာများက အနည်းငယ် တုန်ယင်သွားကြပြီး သူတို့ခြေ့စုံက ရွှံတောထဲနစ်မြှုပ်သွားကြ၏။

ရုတ်တရက်ခြေကိုမလိုက်စဉ် သူတို့မလွတ်မြောက်နိုင်ဘဲ ယင်းအစားပို၍ပင် နစ်မြှုပ်သွားကြသည်။

နှစ်ဘက်စလုံးက၀င်လာသည့် ပိုးမွှားအုပ်စုများကိုကြည့်ရင်း ယဲ့ချိုးပိုင် တိမ်ဖုံးဓားကို ဆွဲထုတ်လိုက်ပြီး သူ့ကိုယ်ထဲက ဓားတာအိုနိယာမက ရှေ့သို့ပေါက်ကွဲသွားပြီး ဓားပိုင်နက်အတွင်း ဂူသင်္ချိုင်းလမ်းကြောင်းတစ်ခုလုံးကို လွှမ်းခြုံပစ်သည်။ ‌

ရှောင်ဟိုင်ကလည်းတစ်ချက်အော်ဟစ်သည်။ သူ့ရုပ်ခွန်အားက အခိုင်မာဆုံးဖြစ်လေရာ အားအပြည့်ကိုသုံးရင်း နောက်ဆုံးတွင် ခြေအစုံကိုဆွဲထုတ်လိုက်ပြီးနောက် ရှေ့က ပိုးမွှားအုပ်ထဲသို့ တိုက်ရိုက်၀င်သွားလေတော့သည်။

ဖန်ချန်း၏ရုပ်ခွန်အားကလည်း ထူးခြားသော်လည်း သူဆွဲထုတ်ရန်မရွေးချယ်ဘဲ ယင်းအစား ကျယ်ပြန့်သည့်တိုက်ခိုက်မှုတစ်ခုအတွက် အစီအရင်တစ်ခုဖန်တီးရန် ချက်ချင်းအာရုံစိုက်လိုက်၏။

အဇူရာနဂါးကြွေသတ်ဖြတ်ခြင်းအစီအရင်နှင့် အမြစ်သုတ်သတ်ဖြတ်ခြင်းချီဓားသွားတို့က ထိုတဒင်္ဂမှာပင် နှစ်ဘက်စလုံးသို့ မာန်ဖီကာ ၀င်ရောက်သွားသည်။

အိမ်ရှေ့မင်းသား၊ ထန်ကျုံ့ကျောက်နှင့် ကျိုးပိုင်လုတို့ကလည်း သူတို့၏ နတ်စွမ်းရည်များကို ပြသကြသည်။

သို့သော် ပိုးမွှားအရေအတွက်က အနည်းဆုံးထိ လျော့ကျမသွားဘဲ လှိုင်းများက တစ်လွှာပြီးတစ်လွှာထိုးတက်လာရင်း တစ်လှိုင်းပြီးတစ်လှိုင်းဆက်တိုက် ရိုက်ခတ်နေသည်။

"ဒါအလုပ်မဖြစ်ဘူး" ယဲ့ချိုးပိုင်ပြောသည်။

ဤသည်ကိုကြားသောအခါ ရှောင်ဟိုင် ဖန်ချန်းအားကြည့်လိုက်၏။

"ဂျူနီယာညီလေး၊ မင်းဒီရွှံ့တောထဲကနေ အလွယ်တကူထွက်နိုင်တယ်မလား"

ဖန်ချန်းခေါင်းညိတ်သည်။

"ပြဿာနာမရှိဘူး"

"ဒါဆိုငါရှေ့ကိုသွားမယ်၊ ဂျူနီယာညီလေးဖန်က နောက်ကိုသွားပြီး လမ်းကြောင်းဖွင့်ပေးမယ်၊ အစ်ကိုကြီးနဲ့တခြားတွေကတော့ အစွမ်းကုန်ရှေ့ဆက်ကြပါ"

မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်နှင့် တခြားသူများ၏ရုပ်ခွန်အားက ရှောင်ဟိုင်နှင့်ဖန်ချန်းတို့လောက် မကြီးမားသဖြင့် ဤရွှံ့တောအတွင်း ရွေ့လျားရန်ပင် အတော်လေးကြိုးစားအားထုတ်နေရသည်။

ဤပူးပေါင်းမှုနှင့်အတူ နှစ်ရက်အကြာတွင် သူတို့ လက်ရှိဂူသင်္ချိုင်းလမ်းကြောင်းက ထွက်လာနိုင်ခဲ့သော်လည်း ချက်ချင်းဆိုသလို လမ်းခွဲအသစ်တစ်ခုက ရှေ့တွင် ပေါ်လာပြန်သည်။

ဒါကိုမြင်သော် လုံး၀အားအင်ကုန်ခမ်းနေပြီဖြစ်သည့် အိမ်ရှေ့မင်းသားမှာ ခါးသီးစွာ ပြုံးလိုက်မိသည်။

"ငါတို့မှာ အခြေအနေကိုချိုးဖျက်ပြီး အခွင့်အလမ်းတွေရှာဖို့ စွမ်းအင်မရှိတော့ဘူး၊ ငါတို့တစ်ချိန်လုံး အသက်အတွက်ပဲ ပြေးလွှားနေရ‌တော့မယ်"

ထန်ကျုံ့ကျောက် ယဲ့ချိုးပိုင်အားကြည့်ပြီး မေးသည်။

"ညီနောင်ယဲ့၊ မင်းမှာတကယ်ပဲ တခြားနည်းလမ်းတွေရှိသေးလား"

ဒါကိုကြားသော် ယဲ့ချိုးပိုင် အသံလွှင့်ကျောက်စိမ်းဆွဲသီးတစ်ခုကို တိုက်ရိုက်သာ ထုတ်ယူလိုက်ပြီး ဤနေရာရှိ အခြေအနေကို ပြောပြလိုက်၏။

ထို့နောက် သူထန်ကျုံ့ကျောက်အားလှည့်ကြည့်ပြီးပြောသည်။

"စစ်ကူတွေခေါ်ရမယ်"

All Chapters