← Chapters

မုဖူရှန်းအရေးယူဆောင်ရွက်ခြင်း

Vol. 98 Ch. 1378

မုဖူရှန်းအရေးယူဆောင်ရွက်ခြင်း

Vol. 98 Ch. 1378

ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ အတွင်း၀င်ထဲက အဆောင်အတားအဆီးအလွှာများနှင့် ၀န်းရံထားသည့် ကောင်းကင်နံပါတ်တစ်ခြံ၀င်းထဲတွင် မုဖူရှန်း လက်ထဲက အသံလွှင့်ကျောက်စိမ်းဆွဲသီးကို သေလောက်စေသည်အထိ ဖြူရော်နေသည့် မျက်နှာနှင့် ကြည့်နေသည်။

သွားမလား၊ မသွားဘူးလား၊ ဒါကမေးခွန်းဖြစ်သည်။

ယဲ့ချိုးပိုင်ဆီက သတင်းစကားက မုဖူရှန်းဆီကို ရောက်လာခဲ့ခြင်းပင်။

၄င်းကိုနားထောင်ပြီးနောက် မုဖူရှန်း၏ မျက်လုံးများက အားကိုးရာမဲ့မှုများနှင့် ပြည့်နှက်နေသည်။

ယင်းနောက်တွင် သူကျိုးပိုင်လုပြောခဲ့တာကို ပြန်သတိရမိသွား၏။

ကံကြမ္မာကိုတကယ်ပဲ ဆန့်ကျင်စိန်ခေါ်လို့မရဘူးလား!

သွားမလား၊ မသွားဘူးလား၊ သူသေချာပေါက်သွားရပေမည်။

မည်သို့ပင်ဆိုစေကာမူ သူတို့က သူ့စီနီယာအစ်ကိုများနှင့် ဂျုနီယာများဖြစ်နေသည်မဟုတ်ပေလော။

ဒါကမုဖူရှန်းကို အနာဂတ်၌ ကျိုးပိုင်လုနှင့် ခပ်ဝေးဝေးနေရန်အတွက် ပို၍ပင် စိတ်ပိုင်းပြတ်သားစေသည်။

ဒီမိန်းမကကြောက်စရာကောင်းလွန်းတယ်!

သွားဖို့ဆုံးဖြတ်ပြီးနောက် မုဖူရှန်း ဤရက်အနည်းငယ်အတွင်း ရေးထွင်းခဲ့သည့် အဆောင်များအားလုံးကို သိုလှောင်လက်စွပ်ထဲတွင် အမြန်သိမ်းဆည်းပြီးနောက် ခြံ၀င်းလေးကို ၀န်းရံနေသည့် ကာကွယ်ရေးအဆောင်များကို မဖယ်ရှားဘဲ တိတ်တိတ်လေးထွက်သွားလေတော့သည်။

ဤသည်က သူတစ်ပါးကို သူလုံး၀ မထွက်သွားဘူးဆိုသော စိတ်လှည့်စားမှုတစ်ခုကို ပေးဆောင်သည်။

ဒါကိုလုပ်ရခြင်း၏ ရည်ရွယ်ချက်က ဘာလဲဆိုတာ သူမသိသော်လည်း သူ့အမြင်အရ သူ့ခြေရာများအား တတ်နိုင်သမျှ ဖုံးကွယ်ထားခြင်းက အကောင်းဆုံးပေတည်း။

ဒီလိုဆိုပါက လုံး၀အားနည်းချက်ရှိတော့မည်မဟုတ်။

ဝိဉာဉ်အနှစ်သာရကျောင်းတော်ကနေ တောင်ပိုင်းသဲကန္တာရက မင်းသားဂူသင်္ချိုင်းအထိ ဝေးလှသည့်အကွာအဝေးတစ်ခုရှိသည်။

ဖန်တီးခြင်းနတ်အဆောင်နှင့် တခြားမြန်နှုန်းတိုးအဆောင်များကို အပြည့်အ၀ အသုံးပြုရင်း မုဖူရှန်းခရီးထွက်ရန်အတွက် တစ်နေ့တာအချိန်ယူခဲ့သည်။

သူအနီးအနားကိုရောက်လာစဉ် ဂူသင်္ချိုင်းအပြင်ဘက်တွင် ရပ်နေကြသည့် အားကောင်းသောပြိုင်ဘက်များစွာကို မြင်လိုက်ရသဖြင့် အော်ရာကို ဖုံးကွယ်ပြီး ပထမအကြီးအကဲကို လျင်မြန်စွာချဉ်းကပ် သတိပေးပြီးနောက် ဂူသင်္ချိုင်းထဲ ခပ်မြန်မြန်၀င်သွားလေတော့သည်။

အနီးအနားတွင် အားကောင်းသည့်ပြိုင်ဘက်များစွာ ရပ်နေကြလေရာ မုဖူရှန်း၏တည်ရှိမှုကို မည်သူမှရှာမတွေ့နိုင်ဘူးဟု မျှော်လင့်နေခြင်းက လက်တွေ့မကျပေ။

ပထမအကြီးအကဲကိုပြောပြီး တည်နေရာသို့၀င်သွားခြင်းက တစ်ခုတည်းသောရွေးချယ်မှုပင်။

ဂူသင်္ချိုင်းထဲကို၀င်ပြီးနောက် ယဲ့ချိုးပိုင်ပို့လိုက်သောမြေပုံကို သူရလို‌က်သည်။

ရှေးဟောင်းနတ်မိုးကြိုးစွမ်းအားကို အသုံးပြုရင်း သူအချိန်တစ်ယူနစ်အတွင်းမှာပင် မြေနီစစ်သည်တွင်းကို ဖြတ်ကျော်ခဲ့သည်။

သင်္ချိုင်းအခန်းများနှင့် စင်္ကြလမ်းများစွာကို ဖြတ်လာပြီးနောက်တွင် သူဂူသင်္ချိုင်းခန်းများ၏ ကာကွယ်သူဆီသို့ရောက်လာသည်။

လက်ရှိအချိန်တွင် သူ့ရှေ့က ကြမ်းပြင်က အဆောင်များနှင့်ဖုံးနေသည်။

အောက်သို့ငုံ့ကြည့်သောအခါ ဤအဆောင်များက ကြေးမုံများသဖွယ် အောက်က ၀င်္ကပါကဲ့သို့ ဂူသင်္ချိုင်းလမ်းကြောင်းများအား ထပ်ဟပ်အလင်းပြန်နေသည်။

သို့စေကာမူ အဆိုပါလမ်းကြောင်းများက ကွေ့ကောက်နေပြီး နောက်ဆုံးစမှတ်ဆီသို့ ပြန်ဦးတည်သွားကာ ထွက်မရနိုင်သည့် လမ်းပိတ်တစ်ခုကို ဖွဲ့စည်းထားသည်။

ထိုလမ်းကြောင်းများ၌ မှော်သားရဲများကို တိုက်ခိုက်နေကြသည့်လူများအား သူမြင်နိုင်သည်။ တစ်ချို့က ဖြတ်သန်းသွားကြသလို တစ်ချို့ကအဆုံးသတ်သွားကြ၏။

ဒါက အစ်ကိုကြီးနှင့် ကျန်တဲ့သူတွေပိတ်မိနေတဲ့နေရာဖြစ်ရမယ်!

"အိုး၊ ကွန်ရက်ကနေ လစ်ထွက်သွားသူတစ်ယောက်ရှိသေးတာလား"

ထိုအသံကိုကြားသောအခါ မုဖူရှန်းခေါင်းမော့လိုက်စဉ် သိုးမွှေး၀တ်စုံနှင့် ရွှေရောင်သရဖူတစ်ခုကို ဆင်မြန်းထားပြီး အဆောင်စုတ်တံတစ်ခုကို ကိုင်ရင်း သူ့အားပြုံးပြီး ကြည့်နေသည့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။

မုဖူရှန်းဦးညွတ်လိုက်သည်။

"စီနီယာ"

ထိုလူကပြုံးရင်းတုံ့ပြန်သည်။

"အနည်းဆုံးတော့ မင်းမှာယဉ်ကျေးမှုတစ်ချို့ရှိသားပဲ၊ ဒီလိုဆိုရင်တောင် စည်းမျဉ်းတွေကိုတော့ လိုက်နာရမယ်၊ ငါမင်းကို ရွေးချယ်စရာနှစ်ခုတော့ ပေးနိုင်တယ်၊ ငါ့အဆောင်တွေကို ချိုးဖျက်ဖို့အတွက် သူတို့နဲ့အတူ ၀င်္ကပါထဲလိုက်၀င်မလား ဒါမှမဟုတ် ငါနဲ့ယှဉ်ဖို့အတွက် အပြင်မှာနေမလား"

မုဖူရှန်းတိုက်ရိုက်မဖြေဘဲ ယင်းအစား ဆန်းကြယ်စွာမေးလိုက်၏။

"စီနီယာ၊ ခင်ဗျားရဲ့အဆောင်တွေထဲကနေ ဒီမှာဘာတွေဖြစ်ပျက်နေသလဲဆိုတာကို သူတို့မမြင်နိုင်ဘူးမလား"

သူဆိုလိုတာကို နားမလည်သည့်တိုင် ထိုလူက အပြုံးဖြင့်ခေါင်းညိတ်သည်။

"သူတို့ဒီမှာဖြစ်ပျက်နေတာကို မမြင်နိုင်၊ မကြားနိုင်၊ မခံစားနိုင်ပါဘူး"

"ဒါဆိုကောင်းတယ်" မုဖူရှန်းစိတ်သက်သာရာရစွာ သက်ပြင်းချပြီးနောက် ထိုလူအား ကြည့်လိုက်သည်။

"ဒါဆိုကျွန်တော်မ၀င်တော့ဘူး၊ အဲဒီအစား စီနီယာနဲ့ပဲ ယှဉ်ပြိုင်ကြတာပေါ့"

"အိုး"

ထိုလူမှာအံ့ဩသင့်နေသည့်အကြည့်တစ်ခုကို ပြသလာပြီး မုဖူရှန်းအားစိုက်ကြည့်ကာ ရုတ်တရက်ရယ်မောလိုက်၏။

"မင်းငါ့ကို အစောလေးတင် မေးခဲ့တဲ့ မေးခွန်းတွေက ဒီအတွက်ကြောင့်လား"

မုဖူရှန်းခေါင်းညိတ်သည်။

"ငါသေတာနှစ်တစ်သန်းရှိနေပြီး ဒီမှာကျန်နေတာက ငါ့ရဲ့အကြွင်းအကျန်ဝိဉာဉ်တစ်ခုပဲဖြစ်သလို ငါ့စွမ်းအားကလည်း အကြီးအကျယ် လျော့ကျသွားပြီဆိုပေမယ့် ငါဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်ခွနိအားကို ပိုင်ဆိုင်နေတုန်းပဲ၊ မင်းမှာ အများဆုံး ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်ခွန်အားပဲ ရှိမှာပါ၊ မင်းငါ့ကို နိုင်နိုင်မယ်လို့ အဲ‌လောက်ထိ ယုံကြည်တာလား"

မုဖူရှန်းပြုံးသည်။

"ကျွန်တော့်မှာ ယုံကြည်မှုသိပ်မရှိဘူးဆိုပေမယ့် အဆောင်သခင်တစ်ယောက်အနေနဲ့ အခြေခံသဘောတရားတစ်ခုကိုတော့ နားလည်ပါတယ်"

"နားထောင်ကြည့်ရအောင်"ထိုလူက စိတ်ဝင်တစားပြောရင်း မုဖူရှန်းအား စိုက်ကြည့်သည်။

"အဆောင်တွေထဲ ပိတ်မိသွားတာနဲ့ လွတ်မြောက်ဖို့အတွက် အခက်အခဲက ပိုကြီးမားလာပြီး ရှင်ကျန်မယ့် အခွင့်အလမ်းကပိုနည်းလာတယ်" မုဖူရှန်း ပြုံးရင်း ထိုလူအား ကြည့်နေသည်။

"ပြီးတော့ မင်းသားဒီဂူသင်္ချိုင်းကို တည်ဆောက်ခဲ့သလို ကာကွယ်ဖို့အတွက် ဂူသင်္ချိုင်းအစောင့်တွေကိုလည်း ထားခဲ့တာမို့ သူတခြားသူတွေကို ဂူသင်္ချိုင်းထဲက အရာတွေကို ရစေချင်မှာမဟုတ်ဘူး၊ ဒါကြောင့် ဂူသင်္ချိုင်းအစောင့်တွေရဲ့အလုပ်က အပြင်လူအားလုံးကို သတ်ပစ်ဖို့ပဲ၊ ဒီတော့ ခင်ဗျားရဲ့ အဆောင်တွေကို ကျွန်တော်ချိုးဖျက်နိုင်သရွေ့ ဖြတ်သန်းနိုင်မယ်လို့ ပြောတာတွေက မုသားစကားတစ်ခုဖြစ်သလို ခင်ဗျားရဲ့ကောက်ကျစ်တဲ့ ဟာသဉာဏ်တစ်ခုပဲ"

"နှစ်တစ်သန်းဆိုတာက အရမ်းကြာလွန်းတယ်၊ စီနီယာက အရမ်းအထီးကျန်နေမှာပဲလေ၊ ဟုတ်တယ်မလား၊ ဒီတော့ ပျော်စရာတစ်ချို့ကို ရှာဖွေရမယ်လေ"

ထိုလူမျက်နှာထက်က အပြုံးက ပျောက်ကွယ်သွားပြီး မည်းမှောင်သည့် အမူအရာတစ်ခုက အစားထိုးသွား၏။

မုဖူရှန်းဒါကိုလျစ်လျူရှုရင်း ဆက်ပြောသည်။

"ဒါ့အပြင် ကျွန်တော်ထင်တာသာ မမှားဘူးဆိုရင် ဝိဉာဉ်စွမ်းအားကို စုပ်ယူနေတဲ့ ဂူသင်္ချိုင်းလမ်းကြောင်းထဲက အစီအရင်တွေနဲ့ ဝိဉာဉ်ကို စားသုံးပစ်တဲ့ ဒီအဆောင်၀င်္ကပါထဲက ကန့်သတ်ချက်တွေက ဒီဝိဉာဉ်တွေရဲ့ စွမ်းအားကို အာဟာရအဖြစ် သုံးဖို့ရည်ရွယ်ထားတာ ဒါမှမဟုတ် ပင်မဂူသင်္ချိုင်းခန်းမထဲက တစ်ခုအတွက်ဖြစ်ရမယ်"

မှန်ပေသည်။ တကယ်တမ်း၌ အရေးအကြီးဆုံးအချက်တစ်ချက်ရှိသည်။

အဆောင်များထဲသို့ကျသွားပါက ၎င်းအား ချိုးဖျက်ရန်အတွက် ယုံကြည်မှုရှိသလားဆိုတာကို ပြောနေစရာပင်မလိုတော့။

မုဖူရှန်း ဤအဆောင်များထဲတွင် အပြစ်အနာအဆာကို တွေ့ပြီးသားဖြစ်သော်လည်း သူသာ၀င်ပြီး ချိုးဖျက်လိုက်ပါက တခြားသူများက သူ့စွမ်းအားကို သိသွားကြပေလိမ့်မည်။

ထို့နောက်ထွက်လာပြီးနောက် သူတို့က ဒီလူနှင့်ယှဉ်နိုင်မည်မဟုတ်လေရာ သူကိုယ်တိုင် သေချာပေါက် အရေးယူဆောင်ရွက်ရမည်သာ။

အခြေခံအားဖြင့် တျန်းဂျီတိုက်ကြီး၏ ပါရမီရှင်အားလုံး ဒီကိုရောက်လာကြလေရာ လူတိုင်း သူ့၏ပုန်းလျှိုထားသည့်စွမ်းအားကို သိသွားကြပေလိမ့်မည်။

ဒါကဘယ်လိုလုပ်အဆင်ပြေတော့မည်နည်း။

နိဂုံးချုပ်အနေနှင့် မုဖူရှန်း ဤလူကို တိုက်ရိုက်ရင်ဆိုင်ရန်သာ ရွေးချယ်ခဲ့သည်။

သူအပြည့်အ၀မသေချာသလို ပြိုင်ဘက်၏ နည်းဗျူဟာများကိုလည်းမသိသော်လည်း သူအဆောင်၀င်္ကပါကို အတွင်းကနေ ချိုးဖျက်ပါက အနိုင်ရမည့်အခွင့်အရေးက အားနည်းပြီးနောက် ဤလူကိုတိုက်ခိုက်ခြင်းထက် အများကြီးပိုမြင့်သည်။

"ဟားဟား...ဟားဟားဟား" ထိုလူမှာ ရုတ်တရက်သိမ်မွေ့သည့်အပြုံးရှိသော မျက်နှာစာကိုစွန့်လွှတ်ရင်း ကြမ်းတမ်းစွာ ရယ်မောလေတော့သည်။

"မင်းကအတော်လေးအထင်ကြီးစရာပဲ၊ ကြည့်ရတာ မင်းရဲ့အဆောင်ပါရမီက အတော်လေးအဆင့်မြင့်ပုံပဲ၊ အခုခေတ်ရဲ့ လူငယ်မျိုးဆက်တွေ ဘယ်လောက်ထိ ကြီးထွားသလဲဆိုတာ ငါမြင်တွေ့ပါရစေ"

သူပြောပြီးနောက် လက်ထဲကအဆောင်စုတ်တံကို စတင်လှုပ်ယမ်းရင်း ဟင်းလင်းပြင်ထဲ ရေးဆွဲလိုက်စဉ် အဆောင်တစ်ခုက အလျင်အမြန်ပုံပေါ်လာသည်။

အဆောင်က ဂူသင်္ချိုင်းအခန်းထဲက ကြီးမားသည့် နိယာမစွမ်းအားကို စုစည်းရင်း ဓားရှည်တစ်လက်ဖွဲ့စည်းကာ မုဖူရှန်းအား ဦးတည်ညွှန်ပြထားသည်။

"မင်းကဉာဏ်ကောင်းတယ်ဆိုတော့ မင်းလည်းသိသင့်တယ်" ထိုလူပြောနေစဉ် သူ့မျက်လုံးများက သတ်ဖြတ်လိုသည့်ဆန္ဒနှင့် ပြည့်နှက်သွားပြီး မုဖူရှန်းအားစိုက်ကြည့်သည်။

"အများကြီးသိထားတာက အမြဲတမ်းလိုလို အသက်တိုရတတ်တယ်"

ယင်းနောက်တွင် ဓားရှည်က မုဖူရှန်းဆီသို့ တည့်တည့်တိုး၀င်သွား၏။

ဤတဒင်္ဂ၌ မုဖူရှမ်းရယ်မောရင်း သူ့ဆရာပေးထားသည့် ကန့်သတ်ချက်များကို ဖြေလျော့လိုက်စဉ် ကျယ်ပြောလှသည့် အင်မော်တယ်အော်ရာတစ်ခုက ရှေ့၌ ထိုးတက်လာသည်။

တစ်ချိန်တည်းမှာပင် ညာလက်ကို ရှေ့သို့ ပစ်ထုတ်လိုက်စဉ် ရှေးဟောင်းနတ်မိုးကြိုးခြောက်ခုက သူ့လက်ဖဝါးထက်တွင် တစ်ပြိုင်နက်တည်းလှုပ်ရှားနေသည်။

၎င်းတို့က လျှပ်စီးလှံများအဖြစ်စုစည်းပြီးနောက် အဆောင်ကို တိုက်ရိုက်ပင် ကြေမွသွားစေသည်။

ထိုလူ၏မျက်နှာက ထိတ်လန့်မှုအဖြစ် ကူးပြောင်းသွားရသည်။

"ဘိုးဘေးနယ်ပယ်အထွတ်အထိပ်၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကန့်သတ်ချက်က မင်းအပေါ် ဘယ်လိုလုပ် မသက်ရောက်ရတာလဲ"

ဂူသင်္ချိုင်း၀င်ပေါက်တွင် ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်အထက်က မည်သူ့ကိုမဆို ၀င်ရောက်ခြင်းကနေ တားဆီးထားသည့် ကန့်သတ်ချက်တစ်ခုရှိသည်။

မုဖူရှန်းမတုံ့ပြန်ပေ။

သူ့ကိုယ်ထဲက အစစ်အမှန်စွမ်းအားကို ဖုံးကွယ်ရန်အတွက် အစောပိုင်းက သူ့ဆရာထံမှ အထူးပြုလုပ်ထားသည့် ကန့်သတ်ချက်တစ်ခုကို သူရှာဖွေခဲ့သည်။

မင်းသား၏ ဂူသင်္ချိုင်းကန့်သတ်ချက်နှင့် မုဖူရှန်း၏စွမ်းအားကို ဘယ်လိုလုပ် ရှာဖွေမည်နည်း။

"ဒါ့အပြင် မင်းကအဆောင်သခင်တစ်ယောက်မဟုတ်ဘူးလား၊ ဘာလို့ အဆောင်သခင်တစ်ယောက်ရဲ့ နည်းလမ်းတွေကို မသုံးရတာလဲ"

မုဖူရှန်းပြုံးရင်းပြန်ဖြေသည်။

"စီနီယာမှာ နှစ်သန်းနဲ့ချီတဲ့အဆောင်အခြေခံတွေရှိတယ်လေ၊ ဒီတော့ ဘေးကင်းစေဖို့အတွက် စီနီယာရဲ့အားသာချက်ကို ကျွန်တော်တိုက်ရိုက်မရင်ဆိုင်နိုင်ပါဘူး၊ ဒါ့အပြင် အဆောင်အပိုမရ်ဘူးဆိုရင် စီနီယာ ဒီနေရာမှာပဲ ရေးထွင်းနိုင်မှာဆိုတော့ တိုက်ရိုက်တိုက်ခိုက်တာက ကျွန်တော့အတွက် ပိုအကျိုးရှိတယ်လေ"

All Chapters