မင်းသားကျိရှောင်ကို ရင်ဆိုင်ခြင်း
Vol. 98 Ch. 1383
တစ်ခုခုမှားနေလေပြီ။
ထိုအပေါက်သုံးပေါက်ထဲတွင် အင်မော်တယ်ချီထည့်သွင်းမှုက အစပိုင်းတွင် မြန်ဆန်သော်လည်း အသက်ရှုကြိမ်ရေ အနည်းငယ်ကြာပြီးနောက်တွင် စိမ့်၀င်နှုန်းက အတော်လေးနှေးသွားတာကို မုဖူရှန်းသတိထားမိသည်။
ဒါက ထိုရုပ်သေး၏ အင်္ဂါရပ်တစ်ခုဖြစ်လောက်သော်လည်း သတိထားခြင်းက ပိုကောင်းသည်ဟု မုဖူရှန်းခံစားနေရဆဲပင်။
အိမ်ရှေ့မင်းသားနှင့် ထန်ကျုံ့ကျောက်တို့အပါအ၀င် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများမှာ မုဖူရှန်း၏အကြံပေးချက်ကို လိုက်နာပြီး အင်မော်တယ်အော်ရာကို ဖြည်းဖြည်းချင်းထည့်သွင်းနေသည်။
ရှောင်ဟိုင်ကမူ ထည့်သွင်းရန် မည်သည့်အင်မော်တယ်အော်ရာမှ မရှိသဖြင့် ကျိုးပိုင်လုဘေးတွင် တိုက်ရိုက်ကိုယ်ဟန်အနေအထားတစ်ခုရယူရင်း မင်းသားကျိရှောင်ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။
မိုလင်း ကျိုးပိုင်လုနှင့် ရှောင်ဟိုင်တို့ကို ကြည့်လိုက်စဉ် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သော်လည်း ပြုံးလိုက်သည်။
"ဒါကကျိုးပိုင်လုဖြစ်ရမယ်၊ မင်းသားကျိရှောင်ရဲ့ခွန်အားက အခုအတော်လေးနက်ရှိုင်းနေပြီ၊ ကျုပ်ရုပ်သေးတွေက သူ့ကို ခဏလောက် တားဆီးနိုင်တယ်ဆိုပေမယ့် မင်းတို့နှစ်ယောက် အမြန်လုပ်ပြီး ကျုပ်ရုပ်သေးရဲ့ အင်မော်တယ်အော်ရာကို ဖြည့်ပေးသင့်တယ်"
ကျိုးပိုင်လု ဂရုမစိုက်သည့်အသွင်ရပ်နေသည်။
ရှောင်ဟိုင်ကမူ ရှေ့ကရုပ်သေးများကို မရပ်မနားမလဲထိုးနေသည့် မင်းသားကျိရှောင်ကိုကြည့်ရင်း စိတ်လှုပ်ရှားမှုကို ပြသကာ လှည့်ပင်မကြည့်ဘဲ မိုလင်းကို တုံ့ပြန်သည်။
"ငါကခန္ဓာကျင့်ကြံသူတစ်ယောက်ပဲ၊ ငါ့မှာ အင်မော်တယ်အော်ရာမရှိဘူး"
မိုလင်း၏မျက်နှာက တုံ့ဆိုင်းသွားပြီး အမူအရာက အနည်းငယ်မကြည်မလင် ဖြစ်သွားသော်လည်း ပြန်တွေးမိပြီးနောက်တွင် အပြုံးဖြင့်ပြောသည်။
"ဒါဆိုမင်းတို့နှစ်ယောက်ဂရုစိုက်ကြပါ"
ရှေ့တွင် မင်းသားကျိရှောင်၏ ဧရာမအမြွာဓားက ဆက်တိုက်မြင့်တက်ကျဆင်းနေပြီး သူ့ရှေ့က ဘိုးဘေးနယ်ပယ်ရုပ်သေးများကို တစ်ချက်တည်းနှင့် နှစ်ပိုင်းခွဲပစ်သည်။
ဧရာမရုပ်သေးကိုမြင်သောအခါ သူ့မျက်လုံး၏ လေးနက်သည့်အရိပ်အယောင်တစ်ခုပေါ်လာသည်။
သူအမြန်နှုန်းတိုးမြှင့်ရင်း ရှေ့သို့မရပ်မနားပိုင်းဖြတ်သွား၏။
ဤအခိုက်အတန့်တွင် ကျိုးပိုင်လုကလည်း လှုက်ရှားလာပြီး အကြောင်းရင်းစွမ်းအားအမျှင်စများကို ရွှေကြိုးများအဖြစ် ပြောင်းပစ်ကာ မင်းသားကျိရှောင်အနီး၌ ချည်နှောင်လိုက်သည်။
ထိုရွှေကြိုးများက မင်းသားကျိရှောင်၏ ခြေလက်အင်္ဂါများအား ဖမ်းဆီးလိုက်သောအခါ သူ့ခန္ဓာကို တစ်ခဏမျှ ရပ်သွားစေသည်။
သူ့လက်ထဲက ဧရာမဓားကြီးကလည်း အသက်ရှူကြိမ်ရေတစ်ကြိမ်ခန့် တုံ့ဆိုင်းသွားခဲ့သည်။
မင်းသားကျိရှောင်၏မျက်နှာ၌ အံ့ဩသင့်နေသည့်အရိပ်အယောင်တစ်ခု ပေါ်လာပြီး ကျိုးပိုင်လုအား ကြည့်သည်။
"အကြောင်းရင်းစွမ်းအားလား၊ မင်းမှာ ရှားပါးကိုယ်ခန္ဓာတစ်ခုရှိတာပဲ၊ မင်းနယ်ပယ်က လုံလောက်အောင် မမြင့်တာကတော့ သနားစရာပဲ"
ချက်ချင်းဆိုသလို သူ့ခန္ဓာက ရွှေကြိုးများကို ချိုးဖျက်ရင်း အတင်းလွတ်မြောက်လာသည်။
သို့သော် ကြိုးများပေါက်ကွဲသွားသည့်အခိုက် ရှောင်ဟိုင် မင်းသားကျိရှောင်ရှေ့သို့ ပြေး၀င်သွားလေပြီ။
သူ့သွေးကြောစွမ်းအားက အပြည့်အ၀ ပေါက်ကွဲသွားပြီး နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ပေါ်လာကာ အနက်ရောင်ကြိတ်စက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်၏ ခေါင်းအထက်တွင် ပေါ်လာသည်။
ဖန်တီးခြင်းနတ်အဆောင်ကို ရင်ဘတ်၌ ကပ်လိုက်စဉ် သူ့ရုပ်ခန္ဓာနယ်ပယ်က ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်သို့ တက်ရောက်သွားခဲ့သည်။
ထာ၀ရနတ်ဆိုးခန္ဓာ၏ စွမ်းအားကိုးလွှားက ရုတ်ချည်းဆိုသလို အပြည့်အ၀ပေါက်ကွဲသွား၏။
နတ်ဆိုးဆင်းသက်ခြင်း၊ ကောင်းကင်ချိုးဖျက်သူ!
အော်ဟစ်ရင်း သူမင်းသားကျိရှောင်၏ ရင်ဘတ်အား ထိုးနှက်လိုက်သည်။
ဤလက်သီးချက်က မင်းသားကျိရှောင်ကို ထိတ်လန့်သွားစေပြီး အလိုအတူဘဲ နောက်နှစ်လှမ်းဆုတ်လိုက်မိသည်။
နောက်တွင်ရှိနေသည့်လူများမှာ ဤမြင်ကွင်းကြောင့် အံ့ဩသင့်သွားကြ၏။
မိုလင်း၏မျက်လုံးများက မယုံနိုင်မှုနှင့် ပြည့်နှက်နေသည်။
ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်တွင်သာရှိသည့်တိုင် သူက နတ်တပိုင်းနယ်ပယ်နှင့် အတော်လေးနီးစပ်နေသည့် မင်းသားကျိရှောင်ကို နောက်နှစ်လှမ်းဆုတ်အောင် လုပ်နိုင်စွမ်းရှိသည်လား။
မင်းသားကျိရှောင်က အဆင်သင့်ဖြစ်မနေခဲ့လျှင်ပင် ဒါက ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်က လူတစ်ယောက် လုပ်နိုင်စွမ်းရှိသည့်အရာတစ်ခုမဟုတ်။
မင်းသားကျိရှောင်လျင်မြန်စွာ ကောင်းမွန်သွားပြီး သူ့ခန္ဓာက အပြင်းအထန်တုန်ခါကာ ထိုးထွက်လာသော ပြင်းထန်သည့် အင်မော်တယ်အော်ရာက လေပြင်းတစ်စင်းပမာ ရှေ့သို့ပေါက်ကွဲသွား၏။
ရှောင်ဟိုင်၏အမူအရာက တောင့်တင်းသွားပြီး ထိုလေပြင်းကြောင့် ချက်ချင်းဆိုသလို လွင့်စင်သွားရသည်။
သွေးအန်ထုတ်လိုက်မိစဉ် သူ့ခြေလက်အင်္ဂါများ၌ အက်ကြောင်းများရှိနေသည်။
လွင့်စင်သွားသည့်တိုင် မသေသွားခဲ့သည့် ရှောင်ဟိုင်အား ကြည့်ရင်း မင်းသားကျိရှောင်၏ မျက်နှာထက်တွင် အံ့ဩသင့်နေသည့် အကြည့်တစ်ခုရှိနေသည်။
"မင်းရုပ်ခန္ဓာကတကယ်အားကောင်းတာပဲ၊ မင်းငါ့ကို နောက်ဆုတ်အောင် လုပ်နိုင်ခဲ့ရုံတင်မက အင်မော်တယ်အော်ရာပေါက်ကွဲမှုက ရိုက်ချက်ကိုလည်း ခံနိုင်ခဲ့ပြီး မသေသွားခဲ့ဘူး" သူပြောရင်းပြုံးလိုက်၏။
"မင်းက ငါ့ရဲ့ပြန်လည်မွေးဖွားမှုအတွက် အသားကဏ္ဍကနေ ပါ၀င်ပေးဖို့အတွက် ကံပါလာတာဖြစ်လောက်တယ်"
ရှောင်ဟိုင် ကိုယ်ခန္ဓာကို အတင်းတည်ငြိမ်အောင်လုပ်ရင်း သူ့ရုပ်ပိုငးသဏ္ဍာန်မှ မီးခိုးဖြူများစတင်ထုတ်လွှတ်လာပြီး ကြောက်စရာကောင်းသည့် ထိုဒဏ်ရာများက မြင်သာသည့်နှုန်းတစ်ခုနှင့်အတူ အမြန်ပျောက်ကင်းလာသည်။
ဒါကိုမြင်သော် မင်းသားကျိရှောင် လောဘအရိပ်အယောင်တစ်ခုကို ပြသသည်။
"ကြည့်ရတာ မင်းသွေးကြောကလည်း ထူးခြားနေပုံပဲ"
ရှောင်ဟိုင်အူလှိုက်သည်းလှိုက်ရယ်မောသည်။
"ခင်ဗျားကျုပ်ခန္ဓာကို လိုချင်ရင် လက်တွေ့လုပ်နိုင်တဲ့အထိ စောင့်ပေါ့"
ထို့နောက်ချက်ချင်းဆိုသလို သူမင်းသားကျိရှောင်ထံ ထပ်မံတိုက်ခိုက်လိုက်သည်။
အနက်ရောင်ကြိတ်စက်က ထပ်တဖန်ပေါ်လာပြန်သည်။
ဒါကိုမြင်သော် ကျိုးပိုင်လုကလည်း တစ်ချိန်တည်းတွင် လှုပ်ရှားလာပြီး သူမ၏ မျက်လုံးများက လုံး၀ရွှေရောင်ပြောင်းသွားကာ အထဲတွင် ရွှေရောင်မီးတောက်များက လောင်ကျွမ်းနေသည်။
သူမကို ကံကြမ္မာရွှေစွမ်းအားက လွှမ်းခြုံထားပြီး ကောင်းကင်ကိုးဘုံ၏နတ်သမီးတစ်ပါးအလား မင်းသားကျိရှောင်ထံ လက်ညိုးထိုးလိုက်၏။
ကြီးမားသည့်ကံကြမ္မာစွမ်းအားက ဖဲကြိုးများအဖြစ် သိပ်သည်းသွားကြကာ မင်းသားကျိရှောင်ထံ ရစ်ပတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် မုဖူရှန်းပြောသည်။
"ကျွန်တော်လည်းကူညီမယ်၊ အစ်ကိုရှောင်ဟိုင် ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို ခံနိုင်မှာ မဟုတ်လောက်ဘူး၊ ဒီတော့ကျွန်တော်သူ့ကို အာရုံပြောင်းအောင်လုပ်မယ်"
ယဲ့ချိုးပိုင်နှင့်တခြားသူများခေါင်းညိတ်ပြသည်နှင့် မုဖူရှန်း၏ပုံရိပ်က မင်းသားကျိရှောင်ဆီသို့ ကြမ်းပြင်နှင့်နီးကပ်စွာ ပျံသန်းသွား၏။
မုဖူရှန်း၏ဆုတ်ခွာသွားသည့်ပုံရိပ်ကို မြင်သောအခါ ဖန်ချန်းအပြုံးဖြင့် မှတ်ချက်ပေးသည်။
"ကြည့်ရတာ စီနီယာအစ်ကိုမုက သူ့စွမ်းအားအနည်းငယ်ကိုပဲ ဖော်ပြပြီး ကျွန်တော်တို့ ဒုက္ခကြုံလာတဲ့အခါကျမှ ဆောင်ရွက်ဖို့ ဆန္ဒရှိနေပုံပဲ"
ယဲ့ချိုးပိုင်ပြန်ဖြေသည်။
"မင်းရဲ့စီနီယာအစ်ကိုက အမြဲအဲလိုပဲလေ၊ ငါတို့အကျပ်အတည်းမှာ မဟုတ်နေသရွေ့ သူအဲလိုမျိုး သေချာပေါက် ဆောင်ရွက်မှာ မဟုတ်သလို ပဋိပက္ခကို ရှောင်ရှားဖို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်လိမ့်မယ်"
ရှီရှန်းခေါင်းညိတ်သည်။
"ဘာပဲဆိုဆို တခြားသူတွေကို ရန်စတာက အမြဲလိုလိုအစ်ကိုကြီးနဲ့ အစ်ကိုရှောင်ဟိုင်ပဲလေ၊ ဒီတော့ ဂျူနီယာညီလေးမုကလည်း ပါ၀င်ဖို့ အတင်းအကျပ်ပြုခံလိုက်ရတာပေါ့"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်၏မျက်နှာက ချက်ချင်းမည်းမှောင်သွား၏။
သို့သော်ဒါကအမှန်ဖြစ်နေလေရာ သူ့တွင် ချေပငြင်းဆိုရန်အတွက် နည်းလမ်းမရှိချေ။
ဤအခိုက်အတန့်၌ မုဖူရှန်းဘေးတွင် ရောက်လာပြီး မင်းသားကျိရှောင်ထံ အဆောင်များအား စတင်ပစ်လွှတ်သည်။
မင်းသားကျိရှောင်မှာ ကံကြမ္မာဖဲကြိုးများနှင့် ပိတ်မိနေသဖြင့် လွတ်မြောက်ရန် ကြိုးစားမည့်အချိန် အဆောင်များက ရုတ်တရက် သူ့၀န်းကျင်တွင် ပေါ်လာကာ လျှပ်စီးစင်းများက ပေါက်ကွဲသွားကြ၏။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်ကလည်း မင်းသားကျိရှောင်ရှေ့သို့ ထပ်မံတိုး၀င်လာပြီး အော်ဟစ်ကာ ထိုးနှက်လိုက်သည်။
မင်းသားကျိရှောင်မှာ နှစ်ကြိမ်တိုင်တိုင် နောက်ဆုတ်ခဲ့ရသည်။
ထိုအချိန်တွင် ဘိုးဘေးနယ်ပယ်အထွတ်အထိပ်အဆောင်များက ပေါက်ကွဲသွားကြပြီး လျှပ်စီးသံကြိုးများကို ဖန်တီးကာ မင်းသားကျိရှောင်၏ ခြေထောက်တစ်ဝိုက်တွင် ပုံပေါ်လာသည်။
ဒါက မင်းသားကျိရှောင်ကို ရှောင်ဟိုင်အား ထိခိုက်အောင်လုပ်ခြင်းကနေ ချက်ချင်းတားဆီးပစ်သည်။
အခွင့်အလမ်းကိုဖမ်းဆုပ်ယူရင်း ရှောင်ဟိုင်မင်းသားကျိရှောင်၏ ရင်ဘတ်ဆီသို့ မိုးရွာသွန်းသည့်နှယ် လက်သီးချက်များအား ရွာချလိုက်လေသည်။
လက်သီးချက်တိုင်းတွင် သူ့စွမ်းအားအားလုံးကို ဖျစ်ညှစ်ထုတ်ယူထားသည်။
တစ်ချက်စီထိုးလိုက်တိုင်း သူ့သွေးကြောက အပြည့်အ၀ဆူပွက်သွား၏။
ဒါက ရှောင်ဟိုင်ကို အတော်လေးအားအင်ကုန်ခမ်းစေသော်လည်း သူပို၍တိုက်ခိုက်လာလေလေ၊ ပင်ပန်းမှုကပိုလျော့နည်းလာပြီး ယင်းအစား ပို၍စိတ်လှုပ်ရှားလာကာ သူ့မျက်လုံးများကနီရဲလာသည်။
"ပုရွက်ဆိတ်လိုသတ္တဝါတွေ၊ မင်းတို့ရဲတင်းလှချည်လား"
တစ်ချက်အော်ဟစ်ရင်း မင်းသားကျိရှောင် လက်ထဲက အသွားနှစ်ဖက်ပါဧရာမဓားဖြင့် ပြင်းထန်စွာ ပိုင်းဖြတ်ပစ်သည်။
အဆောင်များ၏စွမ်းအားက သုတ်သင်ခံလိုက်ရသလို ကံကြမ္မာဖဲကြိုးများကလည်း ကြေမွသွားကြ၏။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင် ဧရာမဓားအစွန်းလေးကို ရှောင်နိုင်ခဲ့သော်လည်း နောက်ဆက်တွဲလှိုင်းကြောင့် လွင့်စင်သွားဆဲပင်။
နောက်သို့လွင့်စင်သွားစဉ် သူသွေးသစ်များစွာကို အန်ထုတ်လိုက်ရသည်။
သူ့ခန္ဓာက အကြွင်းအကျန်နောက်ဆက်တွဲလှိုင်းများကို မခံန်ုင်သည့်အလား အသားနှင့်အရေပြားက ပွင့်သွားပြီး အထဲက တောက်ပသည့်အရိုးဖြူများကို ဖော်ပြသည်။
မင်းသားကျိရှောင် လွင့်စင်သွားသည့် ရှောင်ဟိုင်ကို ကြည့်ရင်း သူ့အကြည့်က ခက်ထန်လာပြီး ကောက်ကျစ်စွာပြုံးသည်။
"ခန္ဓာက နည်းနည်းပျက်စီးနေတယ်ဆိုပေမယ့် မင်းအတွက် ဒီလိုသေရတာပိုကောင်းတယ်၊ ငါပြင်လို့ရပါသေးတယ်"
ထိုသို့ပြောပြီးနောက် သူအသွားနှစ်ဖက်ပါဧရာမဓားကို ရှောင်ဟိုင်ထံပစ်လွှတ်လိုက်၏။
၎င်း၏အမြန်နှုန်းက မြန်ဆန်လွန်းသဖြင့် အသက်ရှူကြိမ်ရေသုံးကြိမ်အတွင်းမှာပင် ရှောင်ဟိုင်အားခုတ်ဖြတ်လာသည်။
ဒါကိုမြင်သော် ယဲ့ချိုးပိုင်နှင့်တခြားသူများကလည်း တင်းမာသွားကြသည်။
ကျိုးပိုင်လုနှင့်မုဖူရှန်းတို့မှာ တစ်ချိန်တည်းမှာပင် ဧရာမဓားထံအကြည့်ပို့လွှတ်လိုက်ကြပြီး ကံကြမ္မာစွမ်းအားနှင့် ရှေးဟောင်းနတ်မိုးကြိုးတို့က တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကြ၏။