ယဲ့ချိုးပိုင်တစ်ယောက်တည်းသွားခြင်း
Vol. 98 Ch. 1386
ဂူသင်္ချိုင်းလေ့လာရေးခရီးစဉ်က ဤအခိုက်အတန့်မှာပင် အဆုံးသတ်သွားခဲ့သည်။
အလုံးစုံဆိုရပါက လူတိုင်း၏ အကျိုးအမြတ်များက အတော်လေးကို ကြွယ်၀ခဲ့ကြသည်။
ပြင်ပကမ္ဘာကလည်း ဂူသင်္ချိုင်းလေ့လာရေးခရီးစဉ်၏ အသေးစိတ်များကို လျင်မြန်စွာသိလာခဲ့ကြသည်။
တကယ်တမ်းတွင် အများဆုံးအာရုံစိုက်ခံရတာက မိုမိသားစု၀င်များပေါ်လာခြင်းဖြစ်ပြီး လူအများစုအား ရတနာများ၏ဝေစုကို မရရှိခြင်းသို့ ဦးတည်စေခဲ့သည့်အဖြစ်ပင်။
သို့စေကာမူ မိုမိသားစုက မထီမဲ့မြင်ပြုရန် မသင့်တော်သဖြင့် တစ်ချို့ပူးပေါင်းကြံစည်ထားကြသောသူများက အိမ်ရှေ့မင်းသား၊ ယဲ့ချိုးပိုင်တို့နှင့် သူ့အုပ်စုအပေါ် တမင်တကာပင် တိုက်ရိုက်ဦးတည်ကြသည်။
မည်သို့ပင်ဆိုစေကာမူ မိုလင်းကလွဲ၍ ဂူသင်္ချိုင်းထဲက နတ်ပစ္စည်းကို ရခဲ့ကြသူများက သူတို့ပင် မဟုတ်ပေလော။
ဒီအတွက်အပြစ်ဖျန်ဖြေသူတော့ရှိရမယ်မလား!
ထို့နောက် အပြစ်ဖျန်ဖြေသူက အမြဲလိုလို ပိုပျော့သည့်ပစ်မှတ်ဖြစ်ရမည်မဟုတ်ပေလော။
တစ်ချို့အင်အားစုများ၏ အထက်တန်းပုဂ္ဂိုလ်များက မိုမိသားစုက မည်သည့်အတွက်ကြောင့် အိမ်ရှေ့မင်းသားနှင့် ယဲ့ချိုးပိုင်တို့ကို အထူးဆက်ဆံရသလဲဆိုတာကို သိချင်နေမိကြသည်။
ဒါကိုသဘောပေါက်သွားသောအခါ ထိုအင်အားစုများ၏ အဆင့်မြင့်ပုဂ္ဂိုလ်များက သူတို့လက်အောက်ငယ်သားများအား မည်သည့်အခြေအနေတွင်ဖြစ်စေ ပွင့်ပွင့်လင်းလင်းအရေးယူမဆောင်ရွက်သင့်ဟု ညွှန်ကြားကြသည်။
ထို့နောင် သူတို့ရေရှည်စီမံကိန်းများကို ချမှတ်နိုင်ပေသည်။
ဒါကခေးအောစ့်နယ်မြေဖြစ်သဖြင့် ဂူသင်္ချိုင်းထဲက ပစ္စည်းများစွာကို သယ်လာခြင်းက မနာလိုမှုများကို ဆွဲဆောင်စေမည်သာ။
ဝိဉာဉ်အနှစ်သာရကျောင်းတော်နှင့် နဂါးကိုးကောင်နတ်မင်းထက်တို့ထက် သိသိသာသာအားနည်းသည့် အင်အားစုတစ်ချို့ကမူ အားကိုးရာမဲ့စွာ လက်လျှော့ရုံသာ တတ်နိုင်ကြသည်။
မညီမျှသည့်စွမ်းအားအဆင့်များအရဆိုပါက အလောတကြီးပြုမူခြင်းက အဆုံးတွင် ပျက်စီးမှုဆီသို့သာ ဦးတည်စေလိမ့်မည်။
ပထမအကြီးအကဲနှင့် အိမ်ရှေ့မင်းသားဘက်ကဖြစ်သည့် အကြီးအကဲချူတို့က သူတို့အုပ်စုထွက်လာတာကို မြင်သောအခါ ချက်ချင်းနှုတ်ဆက်ရန်သွားကြသည်။
ဘာတစ်ခုမှပင်မမေးဘဲ သူတို့လူတိုင်းကို ထိုနေရာမှခေါ်ဆောင်သွားပြီး ဝိဉာဉ်အနှစ်သာရကျောင်းတော်နှင့် နဂါးကိုးကောင်နတ်မင်းဆက်ဆီသို့ ဦးတည်သွားကြတော့သည်။
မထွက်သွားခင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မရေမတွက်နိုင်လောက်သည့် မနာလိုသောအကြည့်များကို ခံစားမိဆဲပင်။
ပထမအကြီးအကဲပြောသည်။
"မင်းတို့ပြန်သွားတဲ့အခါကျရင် ကျောင်းတော်ရဲ့ပိုင်နက်က နောက်ရက်အနည်းငယ်လောက် မထွက်ဖို့ကြိုးစားကြပါ၊ ဘာလို့လဲဆိုတာ မင်းတို့ဘာကြောင့်လဲဆိုတာ နားလည်တယ်မလား"
ရှောင်ဟိုင်နှင့်ကျန်သောသူများ ခေါင်းညိတ်သည်။
သို့သော်ယဲ့ချိုးပိုင်ပြောသည်။
"အကြီးအကဲ၊ ကျွန်တော်တခြားတစ်နေရာကို သွားဖို့လိုတယ်"
မုဖူရှန်းထိတ်လန့်သွားပုံရသည်။
ပထမအကြီးအကဲမျက်မှောင်ကြုတ်ရင်း မေးသည်။
"မင်းအတွက်သွားဖို့လိုအပ်နေတာလား၊ အခုကျောင်းတော်ကထွက်တာက အန္တရာယ်များလွန်းတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"တကယ်အရေးကြီးနေလို့ပါ"
"ဘယ်ကိုသွားမလို့လဲ"
"ကျွန်တော်မသိဘူး"
ဒါကိုကြားသောအခါ ပထမအကြီးအကဲ ဆွံအသွားလေတော့သည်။ သို့သော် သူနောက်ထပ်မမေးမြန်းဘဲ တစ်ခဏမျှ တွေးတောပြီးနောက်ခေါင်းညိတ်သည်။
"ဒါဆိုမင်းကျောင်းတော်ကို ပြန်သွားတဲ့အခါကျရင် မင်းရုပ်ဖျက်ပြီးထွက်သွားလို့ရတယ်လေ၊ ငါတို့နဲ့တိုက်ရိုက်လမ်းခွဲမယ်ဆိုရင် မင်းချောင်းမြောင်းတိုက်ခိုက်ခံရနိုင်တယ်"
ယဲ့ချိုးပိုင်ကလည်း အလားတူတွေးမိသဖြင့် သဘောတူလိုက်သည်။
ဤတဒင်္ဂမှာပင် ရှောင်ဟိုင်ပြောသည်။
"အစ်ကိုကြီး၊ ကျွန်တော်တို့လည်း အစ်ကိုကြီးနဲ့အတူသွားမယ်လေ"
မည်သို့ပင်ဆိုစေကာမူ နှစ်များစွာကြာ သူတို့ကအတူတကွလုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်။
သို့သော်ဒီတစ်ကြိမ်တွင်မူ ယဲ့ချိုးပိုင်ပြုံးရင်း ငြင်းဆန်သည့်အသွင် ခေါင်းခါယမ်းသည်။
"ဒီတစ်ကြိမ် မင်းတို့ကျောင်းတော်မှာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားသင့်တယ်၊ ငါအခုလုပ်တော့မယ့်အရာက ငါ့အတွက် အရမ်းကိုအရေးကြီးတယ်ဆိုတာ မင်းတို့လည်း သိပါတယ်"
ယဲ့ချိုးပိုင် တိမ်ပြာဓားသခင်ချန်ထားခဲ့သည့် တခြားအမွေအနှစ်သုံးခုကို ရှာဖွေရန်အတွက် ပြင်ဆင်နေခြင်းဖြစ်ကာ တစ်ချို့ကိစ္စရပ်များကို သူရှင်းလင်းရန်လိုအပ်သည်။
ဒါကလုံး၀သူ့ကိုယ်ပိုင်ကိစ္စဖြစ်လေရာ ရှောင်ဟိုင်နှင့်တခြားသူများအား သူ့အတွက်ကြောင့် သူတို့၏ကျင့်ကြံခြင်းအချိန်များကို မဖြုန်းတီးစေချင်ပေ။
"ဒါ့အပြင် နယ်မြေခြောက်ခုကျောင်းတော်ဖလှယ်ပွဲက မကြာတော့ဘူးလေ၊ မင်းတို့ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာပဲ နေကြပြီး မင်းတို့အစ်မဟုန်ရင်နဲ့တခြားသူတွေ လူတွေကို ခေါ်လာတာကိုပဲစောင့်နေကြပါ" ယဲ့ချိုးပိုင်ဖြည့်စွက်ပြောသည်။
မုဖူရှန်းမျက်မှောင်ကြုတ်သည်။
"ဒါဆိုအချိန်ကျလာတဲ့အခါကျရင်....."
ယဲ့ချိုးပိုင် ပြတ်သားသည့်အပြုံးဖြင့် တုံ့ပြန်သည်။
"ငါအချိန်မီပြန်လာဖို့အတွက် အကောင်းဆုံးကြိုးစားပါမယ်၊ ငါသာပြန်မလာခဲ့ဘူးဆိုရင်လည်း မင်းတို့ငါ့ကို ပူပန်နေစရာမလိုပါဘူး"
ဒါကိုကြားသော် လူတိုင်း ယဲ့ချိုးပိုင်၏ ခရီးရှည်မှ အန္တရာယ်ကို ခံစားနိုင်ပေသည်။
သို့သော် ယဲ့ချိုးပိုင်၏ ပြတ်သားသည့် အကြည့်ကိုမြင်ပြီးနောက် သူတို့ကန့်ကွက်လိုသည့် စကားလုံးများကို မျိုသိပ်ထားရုံသာ တတ်နိုင်သည်။
ဒီတဒင်္ဂမှာပင် အိမ်ရှေ့မင်းသားကြားဖြတ်ပြောသည်။
"ညီနောင်ယဲ့၊ မင်းအန္တရာယ်တစ်ခုခုကြုံလာရင် မိုမိသားစုဆီက အကူအညီတောင်းလို့ရတယ်၊ မိုမိသားစုမှာ တျန်းဂျီတိုက်ကြီးတစ်ခုလုံးမှာ ပုန်းလျှိုနေတဲ့ခံတပ်တွေရှိတယ်၊ မိုလင်းက မိုမိသားစုမှာ အဆင့်မြင့်ရာထူးတစ်ခုကို ပိုင်ဆိုင်ထားတာမို့ သူမင်းကို ပေးတဲ့တုံကင်က အများကြီးလုပ်နိုင်တယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ဖန်ချန်းစိတ်ရှုပ်ထွေးနေသည်။
"အိမ်ရှေ့မင်းသား....."
"ငါ့ကိုအိမ်ရှေ့မင်းသားလို့ ထပ်မခေါ်ပါနဲ့တော့၊ ကျိုးရွှမ်လို့ပဲခေါ်ပါ"
"ဒါဆို အစ်ကိုကျိုးရွှမ်၊ ခင်ဗျားက မိုလင်းနဲ့ ဆက်ဆံရေးကောင်းပေမယ့် ကျုပ်တို့က သူ့အတွက် သူစိမ်းတွေပဲလေ၊ ကျုပ်တို့အတွက် သူအဲလောက်လုပ်ပေးပါ့မလား"
အိမ်ရှေ့မင်းသား ခပ်ပေါ့ပေါ့ရယ်မောရင်း ရှင်းပြသည်။
"သူနဲ့ငါ့ဆက်ဆံရေးက မိတ်ဆက်မှုတစ်ခုနဲ့ ညီမျှရုံပါပဲ၊ ဒီအတွက်သက်သက်ဆိုရင် သူမင်းတို့ကို တုံကင်ပေးမှာမဟုတ်ဘူး"
"သူ့ကိုတကယ်သဘောကျစေတာက မင်းတို့တစ်ယောက်ချင်းစီရဲ့ပါရမီတွေပဲ"
အားလုံးသဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။
......
လမ်းတစ်လျှောက်တွင် ကျိုးရွှမ်နှင့် ကျိုးပိုင်လုတို့က နဂါးကိုးကောင်နတ်မင်းဆက်က တခြားအဖွဲ့၀င်များနှင့်အတူ ယဲ့ချိုးပိုင်တို့နှင့် လမ်းခွဲခဲ့ကြသည်။
နေ့တစ်၀က်ခန့်အကြာတွင် လူတိုင်းနောက်ဆုံးတွင် ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ပြန်ရောက်လာကြသည်။
ခရီးစဉ်အကြောင်းမေးမြန်းရန် အကြီးအကဲတစ်ဦး ရောက်လာသော်လည်း ထန်ကျုံ့ကျောက် ယဲ့ချိုးပိုင်နှင့်တခြားသူများ ဤကဲ့သို့ကိစ္စရပ်များကြိ မကြိုက်တာကိုသိသဖြင့် သူတို့အားအရင်ထွက်သွားခွင့်ပြုပြီးမှ အကြီးအကဲအား အစီရင်ခံတင်ပြသည်။
တစ်ခဏမျှအနားယူပြီူနောက် ယဲ့ချိုးပိုင် လုချန်ရှန်းအထူးပြုလုပ်ပေးထားသည့် အနက်ရောင်၀တ်ရုံကို၀တ်ဆင်ကာ သူ့တည်ရှိမှုကို ဖုံးကွယ်နိုင်သည့် ကျောက်စိမ်းဆွဲသီးကို ယူရင်း ဖန်ချန်းဖန်တီးခဲ့သည့် အစီအရင်စာလိပ်များအပါအ၀င် အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ကိုယူသလို မုဖူရှန်းပေးသည့် ထောင်ချီသောအဆောင်များကိုလည်း သိမ်းဆည်းပြီးနောက် ကျောင်းတော်က တိတ်တိတ်လေးထွက်သွားတော့သည်။
သူအထီးကျန်မှုခရီးစဉ်တစ်ခုကို စတင်ခဲ့သည်။
ယဲ့ချိုးပိုင်ထွက်သွားပြီးနောက် ရှောင်ဟိုင်၊ ရှီရှန်း၊ မုဖူရှန်းနှင့် ဖန်ချန်းတို့က စတင်သီးသန့်ကျင့်ကြံကြသည်။
ဂူသင်္ချိုင်းစွန့်စားမှုမှ ရခဲ့သည့် အကျိုးကျေးဇူးများက ကြီးမားလွန်းသဖြင့် သူတို့စုပ်ယူရန်နှင့် နယ်ပယ်ကို တည်ငြိမ်အောင်လုပ်ရန်အတွက် သီးသန့်ကျင့်ကြံရန် လိုအပ်သည်။
ရှောင်ဟိုင် ရေခဲမူလဇစ်မြစ်ကနေ သိပ်သည်းနေသည့် ရေခဲပန်းကို စတင်စုပ်ယူသည်။
နာကျင်မှုဒဏ်ကို ခုနှစ်ရက်ကြာသည်းခံပြီး နောက်ဆုံးတွင် သူပြီးပြည့်စုံစွာ စုပ်ယူနိုင်ခဲ့သည်။
သူ့ထာ၀ရနတ်ဆိုးကိုယ်ထည်၏ ဒုတိယအလွှာအတွင်းရှိ အဆင်းများက ယခုရေခဲမူလဇစ်မြစ်နှင့် ပြည့်နှက်နေသည်။
ထာ၀ရနတ်ဆိုးခန္ဓာကို အသက်သွင်းလိုက်သောအခါ လက်သီးချက်တိုင်းက ယခု အေးခဲသည့် သက်ရောက်မှုတစ်ခုကို ဖန်တီးပေးသည်။
ရေခဲပန်းကိုစုပ်ယူပြီးနောက် သူ့နယ်ပယ်က မချိုးဖျက်ခဲ့သော်လည်း ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်နှင့် အဆုံးစွန်ထိ နီးစပ်လာခဲ့သည်။
သို့စေကာမူ ဂူသင်္ချိုင်းထဲကယူလာသည့် ကိုယ်ခန္ဓာသန့်စင်ဆေးလုံးများအား သောက်သုံးပြီးနောက်တွင် သူဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်သို့ တိုက်ရိုက်ချိုးဖျက်သွားခဲ့သည်။
ရှီရှန်းက ကြယ်ကျောက်တောင်သို့ပြန်၀င်ခဲ့ပြီး ကြယ်နတ်ဘုရားကျောက်စိမ်းဆွဲသီးနှင့် ကိုယ့်ကိုကိုယ်ပြန်အားဖြည့်ရန် ကျယ်ပြန့်သည့် ကြယ်စွမ်းအားကိုသုံးနေခဲ့စဉ် သူ့နယ်ပယ်ကလည်း စတင်ချိုးဖျက်ခဲ့သည်။
သူဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်သို့ ချောမွေ့စွာပင် ၀င်ရောက်သွားခဲ့သည်။
မုဖူရှန်းမုန်တိုင်းကြမ်းပင်လယ်သို့ပြန်၀င်သွားခဲ့သည်။ သူရှေ့လျှောက်တိုးတက်ခြင်းမရှိသလို အဆင့်သတ်မှတ်ချက်ဘုတ်ပြားတွင်လည်း စာရင်းမ၀င်သေးသဖြင့် အတွင်း၀င်းထဲက တခြားတပည့်များစွာ၏ သူ့စီနီယာအစ်ကိုများနှင့် ဂျူနီယာတို့နှင့် ယှဉ်နိုင်သည့် ပါရမီမရှိသူဟု ဝေဖန်ခံနေရဆဲပင်။ သို့သော်ဒါက မုဖူရှန်းအတွက် သက်ရောက်မှုမရှိသလောက်လုနီးပါးပင်။ အပြင်ပန်းဒေသတဖြစ်လဲ လူနည်းပါးသည့် ဒေသများတွင် သူမိုးကြိုးကြမ်းပင်လယ်၏ အနက်ရှိုင်းဆုံးအကျိုးအမြတ်များကို ခံစားနေခဲ့သည်။
ထို့နောက် သူ တောင်ကဲ့သို့ ပုံနေသည့် ခြောက်ပြစ်ကင်းကမ္ဘာဦးကျောက်တုံးများကို ထုတ်ယူကာ စတင်စုပ်ယူရင်း သူ့နယ်ပယ်ကို ကျင့်ကြံနေသည်။
တစ်ချိန်တည်းမှာပင် သူနတ်တပိုင်းအဆင့်အဆောင်စုတ်တံကို စတင်လေ့လာခဲ့သည်။
အဆောင်စုတ်တံကို 'နတ်ဘုရားခြေရာ' ဟု အမည်ပေးထားသည်။
ဖန်ချန်းကမူ ကောင်းကင်နံပါတ်တစ်ခြံ၀င်း၌ နတ်တပိုင်းအဆင့်အစီအရင်များနှင့် ဘိုးဘေးနယ်ပယ်အထွတ်အထိပ်အဆင့်ရှိ ဝိဉာဉ်များစွာမှ စွမ်းအားကိုစုပ်ယူနေခဲ့သည်။
အစီအရင်ဝိဉာဉ်များ၏စွမ်းအားက ကြီးမားသည်။ ၎င်း၏ ၇၀ရာခိုင်နှုန်းခန့်ကို စုပ်ယူပြီးနောက် ဖန်ချန်း ဘိုးဘေးနယ်ပယ်ကို အောင်မြင်စွာ၀င်ရောက်သွားခဲ့သည်။
ကြီးမားသည့်စွမ်းအားတစ်ခုက ဖန်ချန်းကိုယ်ကို အဆက်မပြတ်ဖိသိပ်နေစဉ် မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ရှိ အင်္ဂါရပ်ငါးခု၏ စတုတ္ထအဆင့်က နောက်ဆုံးတွင် ပြီးပြည့်စုံသွားခဲ့သည်။
ဤအချိန်မှာပင် ဖန်ချန်းကိုယ်ထဲက လျန်ကျီးကလည်းထွက်လာပြီး ကြုံတွေ့နေရသည့် အပြောင်းအလဲများကို မြင်ရသောအခါ တိတ်တဆိတ်အံ့သြသင့်နေခဲ့သည်။
"အစီအရင်ဝိဉာဥ်ဖန်တီးခြင်းခန္ဓာဆိုတဲ့ နာမည်နဲ့တကယ်ထိုက်တန်ပါပေတယ်၊ ကျင့်ကြံခြင်းအတွက် အစီအရင်ဝိဉာဉ်စွမ်းအားကိုတောင် တိုက်ရိုက်က်စုပ်ယူနိုင်တယ်"
"ဒါပေမယ့် ဒီကျင့်ကြံခြင်းနည်းစနစ်က တကယ်ပဲဘာလဲ၊ ဒီလိုများပြားတဲ့ အစီအရင်ဝိဉာဉ်ချီတွေကို စုပ်ယူပြီးတာတောင် ဘာလို့ ဘိုးဘေးနယ်ပယ်အစောပိုင်းအဆင့်ကိုပဲ ချိုးဖျက်ရတာလဲ"
ယုတ္တိတန်စွာဆိုရပါက ကျင့်ကြံခြင်းအတွက် အစီအရင်ဝိဉာဉ်ချီကို စုပ်ယူနိုင်ခြင်းကို ဘေးချိတ်ထားလျှင်ပင် ဤနတ်တပိုင်းအဆင့်နှင့် ဘိုးဘေးနယ်ပယ်အထွတ်အထိပ်အဆင့်များစွာ၏ အစီအရင်ဝိဥာဉ်များကို စုပ်ယူနိုင်လျှင်ပင် ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်က မည်သူ့ကိုမဆို တစ်ပြိုင်နက်တည်းစုပ်ယူသည်နှင့် ပေါက်ကွဲသွားစေလိမ့်မည်။
ဒါ့အပြင် ရလဒ်က ဘိုးဘေးနယ်ပယ် အစောပိုင်းအဆင့်လေးတစ်ခုတည်းသာ ချိုးဖျက်မည်မဟုတ်။
လျန်ကျီး သိချင်စိတ်ဖြင့်ခေါင်းခါယမ်းသည်။
"ခေးအောစ့်နတ်မင်းဆက်မှာတောင် ဒီလိုပါရမီရှင်မျိုးမရှိဘူး၊ အတိတ်ခေတ်က အဲဒီလူကိုတောင် သူတကယ်ကျော်ဖြတ်နိုင်လောက်တယ်....."