← Chapters

စုံစမ်းစစ်ဆေးရေးဌာနရဲ့ လျှို့ဝှက်ချက်များ

Vol. 30 Ch. 436

စုံစမ်းစစ်ဆေးရေးဌာနရဲ့ လျှို့ဝှက်ချက်များ

Vol. 30 Ch. 436

ထွက်သွားဖို့ ဆန္ဒက နောက်ကျလွန်းနေပြီလား။

မာနကြီးသော ကျင်းထောင်ရှန်းသည် ထိုအခိုက်အတန့်ချိန်တွင် ထွက်သွားချင်နေခဲ့သည်။ သူ၏နှလုံးသားထဲရှိ စိုးရိမ်ပူပန်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။ ကောင်းမင်မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမိုကြီးမားလာလေသည်။ သူသည် သူ၏လက်များကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ ချိန်းကြိုးများသည် မြွေများကဲ့သို့ အရိပ်မှတစ်ဆင့် လှုပ်ရှားသွားကြသည်။ ၎င်းတို့တစ်ခုချင်းစီတွင် မုန်းတီးမှုများပြည့်နေသော နာမည်တစ်ခုစီကို ထွင်းထုထားသည်။

“ကျုပ် ဒီနေ့ကို အချိန်အကြာကြီး စောင့်ခဲ့ရတယ် ၊ ကျုပ်ခင်ဗျားကို ပထမဆုံးမြင်ကတည်းက သတ်ဖို့ ရည်ရွယ်ထားခဲ့တာပဲ ၊ ခင်ဗျားလည်း ဒီလိုခံစားရမယ်ဆိုတာ ကျုပ်သိတယ် ၊ ကိုယ်စားလှယ်လောင်း ဆယ့်သုံးယောက်ထဲမှာ တစ်ယောက်တည်းပဲ ရှင်သန်နိုင်မယ် ၊ ဒါပေမဲ့ ခင်ဗျားကို သတ်တာထက် ခင်ဗျား ဒါမှမဟုတ် ဌာနချုပ်မှာဝှက်ထားတဲ့ တခြားကိုယ်စားလှယ်လောင်းမှာ ဘယ်သူကပိုကြာကြာ အသက်ရှည်မလဲကို ကြည့်ရတာက ပိုစိတ်ဝင်စားဖို့ကောင်းတယ်…”

ကျင်းထောင်ရှန်း လှည့်မကြည့်ဝံ့ပေ။ သူ ပိုမြန်ဆန်စွာ လျှောက်လိုက်သည်။ သို့သော်လည်း သူ၏ဆံပင်တစ်မျှင်နှင့်အရိပ်မှာ နေရာတွင်သာ ကပ်ကျန်နေခဲ့သည်ကို သူထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။ သူ မည်သို့ပင်ပြေးစေကာမူ သူ့၏တစ်စိတ်တစ်ပိုင်းက သူ့နဲ့အတူ ဘယ်တော့မှ ထွက်ခွာသွားမည် မဟုတ်သလိုပင်။

သူ့နှလုံးသားထဲရှိ ကြောက်ရွံ့မှုကို ဖိနှိပ်လိုက်ရင်း ကျင်းထောင်ရှန်းက မျက်မှောင်ကြုတ်ကာ နောက်ပြန်လှည့်လိုက်သည်။ သူ့မျက်လုံးထဲရှိ မူမမှန်ဖြစ်ရပ်သည် လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ထာဝရဘဝအိမ်ရာ၏တံခါးကို သံမဏိသော့များဖြင့် အထပ်ထပ်ဖုံးအုပ်ထားသည်။ ငရဲနှင့်တူသော မြေအောက်ခန်းက ၎င်း၏ပါးစပ်ကိုဟထားသည်။ သို့သော်လည်း အမည်မသိအကြောင်းများကြောင့် အကျဉ်းထောင်သည် ထာဝရဘဝအိမ်ရာမှ မည်သည့်အခါမှ မထွက်ခွာခဲ့ပေ။

“နေမဝင်ခင် ကျုပ်လိုချင်တဲ့ လူတိုင်းကို ဒီကို ခေါ်လာခဲ့ပါ မဟုတ်ရင် မူမမှန်ဖြစ်ရပ်အားလုံးကို အထိန်းအကွပ်မဲ့အောင်လုပ်ပြီး ဟန်ဟိုင်းကို နတ်ဆိုးမြို့တော်အဖြစ် ပြောင်းလဲပစ်မယ်”

ကောင်းမင်၏စကားများသည် ပြတ်သားပြီး အေးစက်နေသည်။ ပစ္စုပ္ပန်တွင် ရှိနေသူ မည်သူကမျှ သူ့ခြိမ်းခြောက်မှု မှန်မမှန်ကို သံသယမဝင်ခဲ့ပေ။ အရိပ်က မြင်ကွင်းကို ဖုံးကွယ်လိုက်သည်။ ညှဉ်းပန်းနှိပ်စက်ခန်းသည် မူမမှန်မှုထဲသို့ ပျောက်ကွယ်သွား၏။ ဤသည်မှာ ရိုးရှင်းသော အပြန်အလှန်တုံ့ပြန်မှုတစ်ခု ဖြစ်သော်လည်း အနာဂတ်လုပ်ငန်းများအတွက် အခြေခံနားလည်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် ကောင်းမင်သည် သူလိုအပ်သောအရာကို ရရှိခဲ့သည်။

“အဘွားရှန်းက အရမ်းတော်တာပဲ ၊ သူက မင်းကို ပထမဆုံးလက်ဆောင် ဖြစ်လာမယ်လို့တောင် ခန့်မှန်းထားခဲ့သေးတယ်”

ကောင်းမင်သည် ခွေးကြီးကို ပျက်စီးနေသောဝိညာဉ်အချို့ ကျွေးလိုက်သည်။ ခွေးကြီးမှာ သူ၏ပါးစပ်ကို မနည်းမျှသာ လှုပ်ရှားနိုင်သည်။ သူ လုပ်ရှားလိုက်သည်နှင့် ကျိန်စာများ စီးထွက်လာလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ကျင်းထောင်ရှန်း၏အရိပ်ကိုမူ ကျိန်စာများစွာကြားတွင် ဝှက်ထားခြင်းဖြစ်သည်။ များစွာသော လုံခြုံရေးအဖွဲ့ဝင်များရှေ့တွင် ကောင်းမင်သည် ကျင်းထောင်ရှန်းကို ဝါးမြိုရန် ခက်ခဲသည်။ ကျင်းထောင်ရှန်း၏လျှို့ဝှက်ချက်များကို ဘေးဖယ်ထားလျှင်ပင် ကောင်းမင် ကျင်းထောင်ရှန်းကို ထိခိုက်စေလိုသောအချိန်တွင် သူ့အပေါ်သို့ အစွမ်းထက်သောအရာတစ်ခု စိုက်ကြည့်နေသည်ကို အာရုံခံနိုင်သည်။ သားစားကြူးနတ်ဘုရားကလည်း ကျင်းထောင်ရှန်းတွင် အိပ်မက်သရဲ၏အနံ့အသက် ရှိနေကြောင်း ကောင်းမင်ကို သတိပေးထားခဲ့သည်။

“အခု ဌာနချုပ်က ငါ့အကြောင်းကို အသည်းအသန်သိချင်နေလောက်တယ် ၊ ကျင်းထောင်ရှန်းကို ဝါးမြိုလိုက်ရင် ငါအများကြီး ဆုံးရှုံးသွားလိမ့်မယ် ၊ သူ့ကို ဖမ်းထားမယ့်အစား သူ့နာမည်နဲ့အရိပ်ကို အကျဉ်းထောင်ထဲမှာ ချန်ထားခဲ့တာက ပိုထိရောက်လိမ့်မယ် ၊ ဒါပေမဲ့ ကံကြမ္မာက သူ့ကိုသုတ်သင်လိုက်ရင် သူညှဉ်းပန်းနှိပ်စက်ခန်းထဲမှာ အတင်းအကျပ်ပြန်မွေးဖွားလာမလား ငါသိချင်မိတယ်”

ယခုတွင် ညှဉ်းပန်းနှိပ်စက်ခန်းကို ချဲ့ထွင်ထားပြီဖြစ်၍ ကောင်းမင်သည် အကျဉ်းသားများ ပိုမိုလိုအပ်နေလေသည်။

“ကောင်းမင်…”

ခွေးကြီးသည် အပျက်အစီးဝိညာဉ်များကို စားသုံးလိုက်ပြီးနောက် ပြန်လည်ကောင်းမွန်လာ၏။

“မင်း ကျန်းတင်းကို ကယ်ရမယ် ၊ ဘောစ့်ကျန်းက အပြစ်တွေအားလုံးကို သူ့တစ်ယောက်တည်း ခေါင်းခံခဲ့ရတယ် ၊ စုံစမ်းစစ်ဆေးရေးဌာနက သောက်ရူးတွေက တခြားသူတွေရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ပြောလာအောင် သူ့ကိုညှဉ်းပန်းနှိပ်စက်နေကြတာ”

ခွေးကြီးသည် ပုံမှန်အားဖြင့် အလွန်နူးညံ့သောသူဖြစ်သည်။ သူသည် ညစ်ညမ်းစကားများပြောခဲလှသည်။ သို့သော်လည်း သူ စုံစမ်းစစ်ဆေးရေးဌာနအကြောင်း ပြောသောအခါ မရပ်မနားကျိန်ဆဲချင်နေလေသည်။

“ငါကလွဲရင် ကျန်းတင်းက အိပ်မက်သရဲအဆင့်နဲ့ အနီးစပ်ဆုံးတည်ရှိမှုပဲ ၊ အဲဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ”

ခွေးကြီး၏မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် ဖြည်းဖြည်းချင်း အာရုံစိုက်လိုက်သည်။

“မင်း စိတ်တောင်ကူးနိုင်မှာ မဟုတ်ဘူး ၊ ဌာနချုပ်က မျှော်လင့်ချက်အသစ်မြို့တော်အောက်မှာ မဖြစ်နိုင်တဲ့ခြောက်ခြားမှုတစ်ခုကို ဖုံးကွယ်ထားတာပဲ”

“ဖြည်းဖြည်းပြောပါ”

ခွေးကြီးသည် သူ့ဘဝတွင် ဆိုးယုတ်မှုများစွာကို ကြုံတွေ့ခဲ့ရသည်။ သူ အနက်ရောင်ရေကန်တွင် ရှိခဲ့ချိန်ကပင် ထိုမျှလောက် မကြောက်ရွံ့ခဲ့ဘူးချေ။

“မူမမှန်ဖြစ်ရပ်တွေထဲမှာ သေဆုံးခဲ့တဲ့ စုံစမ်းရေးမှူးတိုင်းရဲ့ နာမည်နဲ့ နံပါတ်တွေကို မှတ်တမ်းတင်ထားတယ် ၊ ပြီးတော့ သူတို့ရဲ့ အနက်ရောင်ဆက်သွယ်ရေးစက်တွေကို နောက်မျိုးဆက် စုံစမ်းရေးမှူးတွေကို ပေးတယ် ၊ ဒါက ပုံမှန်ဆိုရင်တော့ အဆင်ပြေတယ် ၊ ဒါပေမဲ့ ဌာနချုပ်အဆောက်အအုံအောက်မှာ ထူးဆန်းတဲ့သချိုင်းတစ်ခုကို ငါတို့ တွေ့ခဲ့ရတယ် ၊ ကမ္မည်းကျောက်တိုင်တိုင်းမှာ သေဆုံးသွားတဲ့ စုံစမ်းရေးမှူးတွေရဲ့ ဓာတ်ပုံတစ်ပုံစီရှိတယ် ၊ သူတို့ သေဆုံးပြီးတာတောင် သူတို့ရဲ့ ဝိညာဉ်တွေကို ထွက်သွားခွင့်မပြုဘူး ၊ အဲဒီအစား သူတို့ကို အဲဒီသချိုင်းမှာ ပိတ်လှောင်ထားတာပဲ”

ခွေးကြီး တုန်ယင်သွားသည်။

“ကျန်းတင်းနဲ့ငါ အဲဒီနေရာကို ရောက်တော့ တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရတယ် ၊ငါတို့ ကမ္မည်းတိုင်တစ်ခုပေါ်မှာ ဒူးထောက်နေတဲ့ တစ်ယောက်ယောက်ကို မြင်ဖို့အချိန်သိပ်မကြာလိုက်ဘူး ၊ အဲဒီအရာကြီးက စုံစမ်းရေးမှူးတွေရဲ့ နောင်တတွေကို စားသုံးနေတာ ၊ သူ့ခန္ဓာကိုယ်မှာ သေဆုံးသူတွေရဲ့ နာမည်တွေ ဖုံးလွှမ်းနေတယ်”

“သူက အိပ်မက်သရဲလား”

“သူက ခန္ဓာကိုယ်သက်သက်ပဲ ၊ တကယ့်အစားအသောက်အတွက် ပန်းကန်ပြားတစ်ချပ်ပေါ့ ၊ တကယ့်ခြောက်ခြားစရာစရာက သချိုင်းရဲ့အနက်ရှိုင်းဆုံးနေရာမှာပဲ”

ခွေးကြီးက အတည်ပြုသည်။

“ဌာနချုပ်က စုံစမ်းရေးမှူးတွေရဲ့ စွဲလမ်းမှုကို သရဲဆီ လမ်းလွှဲပေးနေတာ ၊ သူတို့ တိုက်ခိုက်ဖို့ အရမ်းကြိုးစားခဲ့ကြတဲ့ မူမမှန်ဖြစ်ရပ်က ဌာနချုပ်အောက်မှာ ရှိနေခဲ့တာ ၊ လူတိုင်းက ရုံးချုပ်ကို နောဧရဲ့ သင်္ဘောအဖြစ် သတ်မှတ်နေကြတာက ချီးစကားပဲ ၊ တကယ်တော့ အဲဒီနေရာက မရဏတရားဆီကိုသွားမယ့် တိုက်ရိုက်လက်မှတ်ပဲ”

“မင်း အဲဒီနေရာမှာ အဖမ်းခံခဲ့ရတာလား”

ကောင်းမင် အံ့အားသင့်ရသည်က ခွေးကြီးသည် ခေါင်းခါလိုက်ခြင်းဖြစ်သည်။

“စုံစမ်းစစ်ဆေးရေးဌာနက ဘယ်လောက် ဖုံးကွယ်ထားတယ်ဆိုတာ ငါတို့ သဘောပေါက်သွားတဲ့အခါ သူတို့ ဘာလို့ ဒီလောက်ထိ သတိထားနေရလဲ နားမလည်နိုင်ခဲ့ဘူး”

ကောင်းမင်က နောက်ထပ်ဝိညာဉ်အချို့ကို ထုတ်ပေးလိုက်ရာ ခွေးကြီးက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။

“ဌာနချုပ်ရဲ့ အပြင်ဘက်အလွှာက လူနေဧရိယာပဲ ၊ အဓိကဧရိယာမှာ အဆောက်အအုံ ဆယ်လုံးလောက် ရှိတယ် ၊ အဲ့ဒီအဆောက်အအုံတွေက မြေပြင်ပေါ်မှာတော့ ပုံမှန်အတိုင်းပဲ မြင်ရပေမဲ့ အဆောက်အအုံတိုင်းက မြေအောက်မှာ ထိတ်လန့်စရာလျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားကြတာပဲ”

“အဓိကအဆောက်အအုံရဲ့ မြေအောက်ခန်းက သင်္ချိုင်းပဲ ၊ ကျင်းထောင်ရှန်း လာခဲ့တဲ့ သုတေသနစင်တာရဲ့မြေအောက်ခန်းမှာ ဓာတ်ခွဲခန်းမျိုးစုံရှိတယ် ၊ အဲ့ဒါတွေက ဟန်ဟိုင်းအပြင်ဘက်ကနေ ရောင်းဝယ်ထားတဲ့ နတ်ဘုရားအလောင်းတွေရဲ့ အိမ်တွေပဲ ၊ မူမမှန်မှုတွေနဲ့ ထိတွေ့ဖူးတဲ့ စုံစမ်းရေးမှူးတွေကို စမ်းသပ်ခံတွေအဖြစ် သတ်မှတ်ထားတာ ၊ သူတို့က ကျိန်စာတွေကို ခွဲထုတ်ပြီး လေ့လာနေကြတာ”

“စုံစမ်းရေးမှူးတွေလည်း ဘာကုသမှုမှ မခံရဘူး ၊ သုတေသနစင်တာရဲ့ ပထမထပ်တစ်ခုတည်းကသာ ဆေးရုံပဲ ၊ ကျန်တဲ့အထပ်တွေကတော့ ရေခဲတိုက်ထက် ပိုကြောက်စရာကောင်းတဲ့ ဓာတ်ခွဲခန်းတွေ ရှိတယ်”

ခွေးကြီးသည် အိပ်မက်ဆိုးတစ်ခုကို ပြန်လည်တည်ဆောက်နိုင်သည့် သရဲနီတစ်ကောင် ဖြစ်သော်လည်း ထိုနေရာကို ငရဲနှင့်တူသည်ဟုပင် သူခံစားရသည်။

“ငါ သုတေသနစင်တာကနေ ထွက်လာတော့ ခေါင်းနဲနဲကိုက်နေပြီလို့ ခံစားရတယ်၊ ဒါပေမဲ့ ဒါက အဆိုးဆုံး မဟုတ်သေးဘူး ၊ ဒဿမမြောက် အဆောက်အအုံက အဆိုးဆုံးပဲ”

ခွေးကြီးက ကောင်းမင်၏မျက်လုံးများကို ကြည့်လိုက်သည်။

“အဘွားရှန်းနဲ့ ငါ အထဲကိုဝင်သွားတော့ ကျန်းတင်းက ငါတို့ကို ပစ်ထုတ်လိုက်တယ် ၊ သူက ချက်ချင်းပဲ စိတ်ပျက်အားငယ်မှုထဲ မျိုချခံလိုက်ရတယ် ၊ ဒဿမမြောက် အဆောက်အအုံထဲမှာ ဘာရှိလဲဆိုတာတော့ ငါမသိဘူး ၊ ကျန်းတင်း ပျောက်မသွားခင် ပြောခဲ့တဲ့စကားလုံးကိုပဲ ငါကြားလိုက်ရတယ် - အမှန်တရားတဲ့”

“အမှန်တရား”

ကောင်းမင် သူ့မေးစေ့ကို ပုတ်လိုက်သည်။

“ဟန်ဟိုင်းနောက်ကွယ်က အမှန်တရားက ဒဿမထပ်မှာ ဝှက်ထားတာလား ဒါမှမဟုတ် အရိပ်ကမ္ဘာရဲ့ အမှန်တရားလား”

ကျန်းတင်းတို့အဖွဲ့သည် လျှို့ဝှက်ချက်များစွာကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ယင်းက ကောင်းမင်ကို စိုးရိမ်စေသည်။ ဌာနသည် သူတို့မည်သည်မျှ ထုတ်ဖော်မပြောနိုင်စေရန် ကန့်သတ်ချက်များစွာ ချထားပေလိမ့်မယ်။

“မင်းတို့ကလွဲလို့ တခြားသူတွေတော့ အဖမ်းမခံရဘူးမလား”

ကောင်းမင်သည် ကျိန်စာကို လျစ်လျူရှု၍ ဝိညာဉ်များကို ခွေးကြီး၏ပါးစပ်ထဲသို့ ကျွေးလိုက်သည်။

“ရွှမ်ဝမ် လွတ်မြောက်သွားခဲ့လား”

ခွေးကြီး၏အတွင်း၌ တစ်စုံတစ်ခု ပြတ်တောက်သွား၏။ သူ၏မျက်လုံးများသည် နက်ရှိုင်းသော စိတ်ရှုပ်ထွေးမှုဖြင့် အရောင်ပြောင်းသွားသည်။ ထို့နောက် သူက မေးသည်။

“ရွှမ်ဝမ်က ဘယ်သူလဲ”

All Chapters