← Chapters

သီလလုံခြုံရေးမြို့

Vol. 30 Ch. 439

သီလလုံခြုံရေးမြို့

Vol. 30 Ch. 439

ကျန်းတင်းစုပ်ယူခဲ့သည့် အဆိုးမြင်စွမ်းအင်အားလုံးသည် သူ၏ဘယ်ဘက်မျက်လုံးထဲသို့ ဝင်ရောက်သွား၏။ ဆိုလိုသည်မှာ သူ၏ခန္ဓာကိုယ်သည် ပြန်လည်ကောင်းမွန်နိုင်ခြင်း မရှိသေးပေ။ သူ၏ စိတ်သည် ပြိုကွဲလုနီးနီးဖြစ်နေခဲ့သည်။

သူ့မျက်နှာပေါ်တွင် တွန့်ခေါက်နေသော အရေပြားများ ပေါင်းစုနေသည်။ ကျန်းတင်း၏ ဘယ်ဘက်မျက်လုံးမှာ ပွင့်လျက်ရှိသည်။ မျက်လုံးသည် ထူးခြားသည်။ယင်းသည် ညကဲ့သို့ မှောင်မည်းနေသော်လည်း အတွင်းထဲတွင် တောက်လောင်နေသည့် အလင်းရောင်တစ်ခု ရှိနေလေသည်။ ၎င်းသည် အရိပ်ကမ္ဘာ၏စွမ်းအားကို စုပ်ယူနိုင်ရုံသာမက အဆိုးမြင်စိတ်ခံစားမှု အများစုကိုပါ သန့်စင်ပေးနိုင်သည်။

“အိပ်မက်သရဲရဲ့ မျက်လုံးလား”

ကောင်းမင်၏နှလုံးသားသည် နစ်မြုပ်သွား၏။

“ဌာနချုပ်ရဲ့အိပ်မက်သရဲက မင်းကို စောင့်ကြည့်နေတာ ဒါပေမဲ့ သူက မင်းကို ထိခိုက်အောင်မလုပ်ပါဘူး၊ ဘာလို့လဲဆိုတော့ မင်းက အနက်ရောင်မြူထဲဝင်ဖို့ အသင့်တော်ဆုံးလူ ဖြစ်နေလို့ပဲ”

ကျင်းထောင်ရှန်း ဆက်ပြောသည်။

“အနက်ရောင် မြူခိုးတွေက သရဲတက်တူးကို လှုံ့ဆော်ပေးလိမ့်မယ် ၊ ငါတို့ နည်းလမ်းတွေ အများကြီး ကြိုးစားခဲ့တယ် ၊ စုံစမ်းရေးမှူးတွေ မြူထဲ ဝင်လိုက်တာနဲ့ သူတို့ရဲ့တက်တူးထဲက သရဲတွေက ထိန်းချုပ်မှု လွတ်သွားလိမ့်မယ် ၊ တချို့ သရဲတွေက စုံစမ်းရေးမှူးတွေကိုတောင် စားပစ်နိုင်တယ်။

“ငါတို့က သရဲတွေကို အားနည်းအောင်လုပ်ခဲ့ပြီး နောက်ဆုံးမှာ မျှခြေတစ်ခုရခဲ့တယ် ၊ ဒါပေမဲ့ လုံခြုံရေးအဖွဲ့ဝင်တွေအတွက်ကတော့ အနက်ရောင် မြူခိုးတွေရဲ့ အတွင်းပိုင်းကိုရောက်ဖို့ အရမ်းကို အားနည်းနေတုန်းပဲ”

ကျင်းထောင်ရှန်းက ကောင်းမင်ကို ကြည့်သည်။

“ငါတို့ ဖိုင်တွေ အများကြီးကို စစ်ဆေးခဲ့ပြီးနောက်တော့ မင်းဟာ တစ်ဦးတည်းသော ခြွင်းချက် ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ် ၊ မင်းဟာ သရဲတွေရဲ့ စွမ်းအားကို မသုံးဘဲနဲ့တောင် မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ရွှံ့ရုပ်တုထဲက နတ်ဘုရားတွေထက် ပိုသန်မာတယ်။

“ငါတို့ရဲ့ မူလအစီအစဉ်က မင်းရဲ့ ထူးခြားမှုနောက်က အမှန်တရားကိုသိရအောင် မင်းရဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို သုတေသနလုပ်ဖို့ ဒီမူမမှန်ဖြစ်ရပ်ထဲမှာ မင်းကို သတ်ဖြတ်ဖို့ပဲ ၊ ဒါပေမဲ့လည်း ငါတို့ မင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ပိုသင့်တော်တဲ့ နည်းလမ်းကို တွေ့ခဲ့ရတယ် ၊ နောက်ပြီး ဒါက မင်းအတွက် အခွင့်အရေးတစ်ခုပဲ မဟုတ်လား ၊ မင်း ဟန်ဟိုင်းကနေ ထွက်ပြီး အပြင်ဘက်က အစစ်အမှန်ကမ္ဘာကြီးကို မမြင်ချင်ဘူးလား”

ကောင်းမင်သည် ကျန်းတင်းကိုသာ စိုက်ကြည့်နေသောကြောင့် ကျင်းထောင်ရှန်းက သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။ မူမမှန်ဖြစ်ရပ်ထဲသို့ ဒုတိယမြောက်အနက်ရောင်ကားတစ်စီး ဝင်ရောက်လာခဲ့သည်။ အရိပ်က ကားကို ဖုံးအုပ်လိုက်သောအခါ ကားထဲမှ သွေးများစွာ ယိုစီးထွက်လာသည်။ ကားတံခါးက ဖြည်းဖြည်းချင်း ပွင့်ဟလာ၏။ ခြောက်ခြားဖွယ်ရာ အော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။ ကောင်းမင်နောက်ကွယ်တွင် ပုန်းအောင်းနေသည့် သားစားကြူး နတ်ဘုရားသည် တစ်စုံတစ်ခုကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်အား လှုပ်ရှားလိုက်သည်။ မကြာမီပင် စုံစမ်းရေးမှူးအနည်းငယ် ကပျာကယာထွက်ပြေးလာသည်။ သူတို့သည် ရူးသွပ်နေကြပြီး အရုပ်ဆိုးလှသည်။ သူတို့၏ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားအလောင်းများကို ထည့်သွင်းထားလေသည်။

သူတို့အား ရှင်သန်ရန် ‘ကူညီ’ ဖို့အတွက် ကောင်းမင်သည် သားစားကြူးနတ်ဘုရားကို မတားဆီးခဲ့ပေ။ နတ်ဘုရားသည် စုံစမ်းရေးမှူးများပေါ်ရှိ သန္ဓေပြောင်းအသားများကို ဆွဲဖြဲလိုက်ပြီး ခွဲစိတ်စားပွဲပေါ်တွင် ‘ပြန်လည်ကုသရေး’ ပြုလုပ်ရန် ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ပို့ဆောင်လိုက်သည်။ နတ်ဘုရားအလောင်းများကို စားသုံးပြီးနောက် သားစားကြူးနတ်ဘုရားက ကျေနပ်နှစ်သိမ့်မှုကို ထုတ်ဖော်လိုက်သည်။ သူ၏စွမ်းအား တိုးပွားလာသည်နှင့်အမျှ ကောင်းမင်ပေါ်ရှိ သွေးနီရောင်မြို့တော် တက်တူးမှာ ပို၍နီမြန်းလာလေသည်။ ဤအတိုင်း ဆက်သွားနေပါက သူတို့သည် နောက်ဆုံးတွင် အိပ်မက်သရဲတစ်ကောင် ဖြစ်လာပေလိမ့်မည်။

“ဒီအသားတွေက အနက်ရောင်မြူခိုးတွေထဲက လာတာ ၊ မြူထဲမှာ မင်းလိုအပ်တဲ့ တစ်ခုခု ရှိတယ်”

ကျင်းထောင်ရှန်းသည် အဝေးထိန်းခလုတ်တစ်ခုကိုထုတ်ယူ၍ ဗီဒီယိုတစ်ခုကို ပရိုဂျက်တာဖြင့် ထိုးပြလိုက်သည်။

“ငါတို့က ခွေးကြီးနဲ့အတူ ပါလာတဲ့သူတွေကို တမင်လွှတ်ပေးလိုက်တာ ၊ ငါတို့က သူတို့ကို အနက်ရောင် မြူခိုးတွေရဲ့ အစွန်အဖျားက မြို့ငယ်လေးအထိ လိုက်လံခဲ့တာမို့လို့ မင်းကတိပေးထားတဲ့ နေရာကို မရောက်နိုင်ခဲ့ဘူး ၊ မင်းအခု အဲ့ဒီကိုအပြေးသွားလိုက်ရင် သူတို့ရဲ့ ဆင်ခြင်တုံတရားတွေ ပျက်စီးဦးမှာမဟုတ်ဘူး”

ကောင်းမင် ယင်းကို ကြားသောအခါ သူ၏အကြညည့်များ ပြောင်းလဲသွားသည်။ သူသည် ပရိုဂျက်တာကို စိုက်ကြည့်ပြီး ထူးဆန်းသောအရာတစ်ခုကို သတိပြုမိလိုက်သည်။ ပရိုဂျက်တာထဲတွင် ရွှမ်ဝမ် ပျောက်ဆုံးနေလေသည်။ သူမအား စုံစမ်းစစ်ဆေးရေးဌာနက ရှာမတွေ့သေးပုံရသည်။

“အဘွားရှန်းကို အရင်က အကြီးအကဲမာလို့ ခေါ်ခဲ့ဖူးတယ် ၊ သူက မြို့တော်အရှေ့ပိုင်းက ဗေဒင်ဆရာမ တစ်ယောက်ပဲ ၊ နောက်ပိုင်းမှာ သူက စီတုအန်းရဲ့ မူမမှန်ဖြစ်ရပ်ထဲမှာ ပိတ်မိနေခဲ့တယ် ၊ သူ့မျက်နှာပေါ်မှာ ပါးစပ်တွေအများကြီးရှိနေတဲ့ အမျိုးသမီးက အန်တီအလုပ်များသူ ၊ သူ့ယောက်ျားက ဟန်ဟိုင်းပရဟိတရဲ့ အထက်အရာရှိတစ်ယောက်...”

ကျင်းထောင်ရှန်းသည် စုံစမ်းစစ်ဆေးရေးဌာန၏ စွမ်းရည်ကို သက်သေပြရန် စခရင်ပေါ်ရှိ သရဲတစ်ကောင်ချင်းစီ၏ နောက်ခံအချက်အလက်များကို ပြောပြလိုက်သည်။ သို့သော်လည်း ယင်းသည် ဌာနက ရွှမ်ဝမ်အကြောင်းကို အမှန်တကယ်မသိကြောင်းသာ သက်သေပြခဲ့သည်။

“မင်းရဲ့ မိတ်ဆွေတွေက လက်ရှိမှာ သီလလုံခြုံရေးမြို့မှာ ပိတ်မိနေကြတယ် ၊ အဲ့ဒါက ငါတို့ရဲ့ နောက်ဆုံးအသုတ် စုံစမ်းရေးမှူးတွေနဲ့ အဆက်အသွယ်ရခဲ့တဲ့ နောက်ဆုံးနေရာပဲ ၊မင်းနဲ့အတူလိုက်ဖို့ စုံစမ်းရေးမှူးတွေကို ငါတို့ စီစဉ်ပေးမယ် ၊မင်း ငါတို့ဆီ တစ်ခုတည်းကိုပဲ ပြန်ယူလာဖို့ မျှော်လင့်တယ်”

ကျင်းထောင်ရှန်းက နောက်ဆုံးတွင် အရေးကြီးသောအချက်သို့ ရောက်ရှိလာသည်။

“အဲ့ဒီအရာက ရီကော်ဒါ ၀၀၃ပဲ ၊ အဲ့ဒါက အနက်ရောင်မြူခိုးတွေ ပျံ့နှံ့ရတဲ့ အကြောင်းရင်းကို မှတ်တမ်းတင်ထားပုံရတယ်”

အခြေအနေက အမှန်တကယ်အသည်းအသန် ဖြစ်မနေပါက ဌာနမှ ဘော့စ်ကြီးများသည် ဒီလောက်ထိ လိုက်လျောညီထွေဖြစ်လာမည် မဟုတ်ပေ။

“ခင်ဗျားမှာ အိပ်မက်သရဲ မရှိဘူးလား ၊ ခင်ဗျား သူ့ကို ဘာလို့ မလွတ်တာလဲ”

ကောင်းမင်က လှောင်ပြောင်လိုက်သည်။

“အိပ်မက်သရဲက ရုံးချုပ်ကနေ အလုံးစုံထွက်သွားလို့ မရဘူး”

ကျင်းထောင်ရှန်းသည် နောက်ထပ်အချက်အလက်များကို ထုတ်မပြောတော့ပေ။ သူက ကျန် အနက်ရောင်ကားများကို မူမမှန်ဖြစ်ရပ်မှ ထွက်ခွာကြရန် လက်ဝှေ့ယမ်းပြလိုက်သည်။

“အနက်ရောင် မြူခိုးတွေက ဟန်ဟိုင်းကို တိုက်စားနေတာ၊ ဒီမြို့ဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေခဲ့ပြီ ၊ ငါတို့ အဲ့ဒါကို မကြာခင်အချိန်အတွင်း မဖြေရှင်းနိုင်ဘူးဆိုရင် လူတိုင်း သေဆုံးကြလိမ့်မယ် ၊ ဒါ့အပြင် မင်း ငါ့လူတွေကို အခုလွှတ်ပေးသင့်ပြီ မဟုတ်လား”

စုံစမ်းစစ်ဆေးရေးဌာနသည် ကောင်းမင်၏မိတ်ဆွေများကို ပြန်လွှတ်ပေးခဲ့သော်လည်း သူတို့သည် သူတို့အပေါ် အရာများစွာကို ပြုလုပ်ခဲ့ကြသည်။ ကောင်းမင်လည်း ထိုနည်း၎င်းပင်။ မူမမှန်ဖြစ်ရပ်ထဲရှိ လူတိုင်းသည် ညှဉ်းပန်းနှိပ်စက်ခန်းဖြင့် အမှတ်အသားပြုခံခဲ့ရသည်။

ကားများ ထွက်ခွာသွားပြီးနောက် သားစားကြူးနတ်ဘုရား၏သတိပေးချက်က ရပ်တန့်သွားသည်။ ကောင်းမင် ဂိတ်တံခါးကို ရွှေ့ပြောင်းလိုက်သည်။ ထာဝရဘဝအိမ်ရာအတွင်းရှိ နာရီများအားလုံး တချက်ချက်မြည်လာသည်။ လူအုပ်ကြီးရှေ့တွင် လမ်းကြောင်းတစ်ခု ပေါ်လာလေသည်။ စုံစမ်းရေးမှူးများကို လွှတ်ပေးပြီးသည်နှင့် ကောင်းမင်သည် မူမမှန်ဖြစ်ရပ်ကို ချိတ်ပိတ်လိုက်တော့သည်။ ဤနေရာသည် သူ၏အခြေစိုက်စခန်း ဖြစ်လာပေလိမ့်မည်။

ကောင်းမင်သည် ကျန်းတင်း၏ဦးခေါင်းကို လူချမ်းသာရပ်ကွက်ထဲသို့ သယ်ဆောင်သွား၏။ လမ်းတစ်လျှောက်လုံးတွင် သူသည် ကျန်းတင်းကို ကုသရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

“မျက်လုံးကို တူးထုတ်ပစ်ရမလား”

သူ ထိုသို့ တွေးလိုက်သောအခါ သူ့နှလုံးခုန်သံရပ်တန့်သွားပြီး သူ့ခန္ဓာကိုယ်သည် နာကျင်မှုဖြင့် တုန်လှုပ်သွားသည်။ ကောင်းမင်သည် နာကျင်မှုကို ခံနိုင်ရည်ရှိသွားပြီးနောက် ဓားတစ်ချောင်း ထုတ်ယူလိုက်သည်။ သို့သော်လည်း မျက်လုံး ပျက်စီးသွားသည်နှင့် ၎င်းသည် ကျန်းတင်း၏ဝိညာဉ်ကို အသုံးပြု၍ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ ဤအရာသည် ဘော့စ်ကျန်းကို ထိခိုက်စေရုံသာ ဖြစ်သည်။

“သူတို့က မျက်လုံးတစ်လုံးကို ငါ့ဆီချန်ထားခဲ့တာ တော်တော်စက်ဆုပ်စရာကောင်းတာပဲ”

ကောင်းမင်သည် ယာယီအားဖြင့်တော့ ပိုမိုကောင်းမွန်သည့်အကြံဉာဏ် မရှိပေ။ ဌာနချုပ်သည် သူ ထင်ထားသည်ထက် ပိုမိုသန်မာပေသည်။ သူသည် ဌာနချုပ်ထဲတွင် အိပ်မက်သရဲတစ်ကောင်ထက် ပိုရှိနေသည်ဟု သံသယရှိမိသည်။

ကျန်းတင်း၏ဦးခေါင်းကို အနာဂတ်နတ်ဘုရား၏ကျိုးပဲ့နေသော ယဇ်ပလ္လင်အတွင်း၌ ထားလိုက်သည်။ ကောင်းမင်က ၎င်းကို အလွှာအထပ်ထပ်ဖုံးအုပ်လိုက်ပြီး သူ့နောက်ကျောတွင် လွယ်ထားသည့် အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူသည် အသက်ရှင်ကျန်ရစ်သူ အားလုံးကို ဆင့်ခေါ်လိုက်သည်။

“ခင်ဗျားတို့ စုံစမ်းစစ်ဆေးရေးဌာနဆီကစကားကို ကြားခဲ့ကြပြီးပြီ ၊ ရေသေဖိုရမ်ရဲ့ တခြား တည်ထောင်သူတွေက အနက်ရောင်မြူခိုးတွေထဲ ပိတ်မိနေကြတယ် ၊ကျုပ်နဲ့အတူ လိုက်လာဖို့ ခင်ဗျားတို့ထဲက လူတချို့လိုအပ်တယ်”

လူအုပ်ကြီးသည် တိတ်ဆိတ်နေ၏။ စီတုချန်နှင့် ရှန့်ထျန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများက လှုပ်ရှားသွားကြသည်။

“အနက်ရောင်မြူခိုးတွေက သရဲတက်တူးကို ထိန်းချုပ်မှု လွတ်သွားစေနိုင်တယ် ၊ ဒါကြောင့် ခင်ဗျားတို့ဟာ အနက်ရောင်မြူခိုးတွေထဲက လုံခြုံရေးအဖွဲ့ဝင်တွေ ကျန်ထားခဲ့တဲ့အရာတွေကို ရှာတွေ့ဖို့ အခွင့်အရေး ရနိုင်လိမ့်မယ် ၊ တကယ်ကမ်းဆိုရင် ခင်ဗျားတို့ကိုယ်ပေါ်မှာကို ခပ်နှိပ်ဖို့ ပျောက်ဆုံးနေတဲ့ သရဲတက်တူးတွေကိုတောင် ရှာတွေ့နိုင်တယ်”

ကောင်းမင်တွင်လည်း သူ၏ကိုယ်ပိုင် ရည်မှန်းချက်များ ရှိသည်။ သူ အနက်ရောင်မြူခိုးထဲ ဝင်ချင်သည်မှာ အမှန်ပင်။ တကယ်တမ်း သူသည် ဥမင်လှိုဏ်ခေါင်းဆီသို့ ပြန်သွားချင်နေခြင်းဖြစ်သည်။ သူ၏စွမ်းအားသည် အိပ်မက်သရဲ၏စွမ်းအားနှင့် နီးစပ်နေသည့်အတွက် လျှို့ဝှက်ဆန်းကြယ်သောသူက သူ့ကို ထပ်မံသတ်ဖြတ်ဦးမည်လားဟု တွေးတောနေမိသည်။

All Chapters