← Chapters

မိတ်ဆွေဟောင်း

Vol. 30 Ch. 440

မိတ်ဆွေဟောင်း

Vol. 30 Ch. 440

ဟန်ဟိုင်းတွင် မူမမှန်ဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် ခြောက်ခြားဂိမ်းကစားသမား အများစုသည် ဆောင်ပုဒ်တစ်ခုကို လက်ခံကျင့်သုံးခဲ့ကြသည်။

‘ထင်ပေါ်လျှင် အသတ်ခံရမည်၊ ကြောက်ရွံ့လျှင် အငတ်ခံရမည်’

သရဲများ၏ စွမ်းအား၊ သေဆုံးသူများ၏ အကြွင်းအကျန်များ နှင့် ကျိန်စာများပါရှိသော အရာဝတ္ထုများစွာ။

မူမမှန်ဖြစ်ရပ်များသည် အန္တရာယ်များသော်လည်း ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခွင့်အရေးကိုလည်း ယူဆောင်လာပေးသည်။ ပြည်သူတိုင်းသည် သူတို့ကိုယ်သူတို့ တိရစ္ဆာန်ဘဝမှ အစစ်အမှန်ခြောက်ခြားဂိမ်းကစားသမားများအဖြစ် မြှင့်တင်ရန် နတ်ဘုရားစွမ်းအားကို ရယူရန် စွမ်းရည်ရှိကြသည်။ ရှန့်ထျန်းနှင့် စီတုချန်တို့သည် ကောင်းမင် ဘာပြောလိုသည်ကို သိကြသည်။ အခွင့်အရေးနှင့် အန္တရာယ်သည် အတူယှဉ်တွဲတည်ရှိနေခြင်းဖြစ်သည်။ ထို့အပြင် သူတို့တွင် တခြားရွေးချယ်စရာလည်း မရှိပေ။ ကြည့်ရသည်မှာ ကောင်းမင်သည် သူတို့ကို အလွယ်တကူ လွှတ်ပေးမည်တော့ မဟုတ်ပေ။

ရှန့်ထျန်းသည် စိတ်မပါသော်လည်း ယင်းကို မျက်နှာပေါ်တွင် မပြသပေ။ သူ၏မျက်လုံးများသည် ကောင်းမင်အပေါ် လေးစားယုံကြည်မှုဖြင့် တောက်ပနေတော့သည်။ အကြောင်းမသိသူများက သူသည် ကောင်းမင်၏အကြီးဆုံး ထောက်ခံသူဖြစ်သည်ဟုပင် ယူဆကြလိမ့်မည်။

“စုံစမ်းစစ်ဆေးရေးဌာနက ကျုပ်တို့ရဲ့ ရန်သူပဲ ၊ ခင်ဗျား ဘာလိုလဲဆိုတာပဲ ပြောလိုက်ပါ ၊ ဟန်ဟိုင်း စုပေါင်းကယ်ဆယ်ရေးစင်တာက ကျုပ်တို့က ခင်ဗျားကိုကူညီဖို့ အကောင်းဆုံး လုပ်ပေးပါ့မယ်”

စီတုချန်က ခေါင်းညိတ်လိုက်သည်။

“ကျုပ်က စီတုအန်းနဲ့ဘာမှ ဆက်စပ်မှု မရှိပါဘူး ၊ ကျုပ်တို့က မျိုးရိုးနာမည် တူနေရုံသက်သက်ပဲ၊ ကျုပ်တို့လည်း ခင်ဗျားကိုကူညီဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပါ့မယ် ၊အခု ဟန်ဟိုင်းဟာ အနက်ရောင်မြူခိုးတွေ ဝန်းရံခံနေရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ် ၊ ဒါက စုံစမ်းစစ်ဆေးရေးဌာနကို ဖယ်ရှားပစ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”

ကောင်းမင်သည် သူ့ရင်ဘတ်ဒဏ်ရာကို ဆွဲဖြဲလိုက်ပြီး ဝမ်ချန်းယီကို လှမ်းကြည့်လိုက်သည်။ သိပ်သည်းသော အသားနံ့ပါသည် သွေးစက်များသည် သူ့လက်ချောင်းထိပ်များပေါ်တွင် စွဲကပ်နေလေသည်။

“အိပ်မက်သရဲတွေက သရဲနီတွေထက် ပိုသန်မာတယ်၊ စုံစမ်းစစ်ဆေးရေးဌာနချုပ်မှာ အိပ်မက်သရဲ တစ်ကောင်ထက် ပိုရှိနေတယ် ၊ သူတို့က အကြောင်းတချို့ကြောင့်မှ ဌာနချုပ်က ထွက်ခွာလို့ မရဘူး၊ ဒါပေမဲ့ အဲ့ဒါက ကျုပ်တို့ ဌာနချုပ်ထဲ ဝင်လို့မရဘူးလို့ ဆိုလိုတာမဟုတ်ဘူး”

ကောင်းမင် မည်သည့်အရာမှ ဖုံးကွယ်မထားပေ။ ဤလူများသည် ညှဉ်းပန်းနှိပ်စက်ခန်းဖြင့် အမှတ်အသားခတ်နှိပ်ခံခဲ့ရသောကြောင့် သူဖုံးကွယ်နေရန် မလိုအပ်ပေ။

“သွေးကို မျိုချလိုက် ၊ ခင်ဗျားတို့ သားစားကြူးနတ်ဘုရားကို ကြည့်ရှုနိုင်လိမ့်မယ်”

ဒါက အဆိပ်လား ဒါမှမဟုတ် ကောင်းချီးပေးတာလား။

စီတုချန်သည် ရှန့်ထျန်း၏တုံ့ပြန်မှုကို လေ့လာရန် ဘေးဘက်သို့ ကြည့်လိုက်သည်။ ထိုမြေခွေးအိုကြီးသည် သွေးကို မျိုချရန် ရှေ့သို့ ခြေလှမ်းလှမ်းပြီးသား ဖြစ်နေလေသည်။ သူ၏ နှလုံးသားသည် နတ်ဘုရားထပ်တူ တဒိတ်ဒိတ် ခုန်နေလေသည်။ သူ၏ အသွေးအသားများအတွင်း၌ ထူးဆန်းသောအရာများ ပေါ်လာတော့သည်။

သက်ပြင်းတစ်ချက်နှင့်အတူ စီတုချန်သည် ရုန်းကန်မှုကို လက်လျှော့လိုက်တော့သည်။ သူတို့သည် ကြီးမားသော လူရွေးပွဲကြီးက မည်မျှအန္တရာယ်များကြောင်း သိခဲ့ကြသည်။ ယင်းသည် ဌာနချုပ်နှင့် ခြောက်ခြားဂိမ်းကစားသမားများအကြား ပထမဦးဆုံး တရားဝင်ပဋိပက္ခဖြစ်သည်။ စီတုချန်နှင့် အခြားသူများသည် အကျိုးအမြတ်များကို ခိုးယူရန် ခိုးကြောင်ခိုးဝှက် ဝင်ချင်သော်လည်း ထိုအစား အနိုင်ရသူအား အရှုံးပေးလိုက်ရတော့သည်။

ပစ္စုပ္ပန်ရှိ လူတိုင်း ကောင်းမင်၏သွေးကို ဝါးမျိုခဲ့ကြသည်။ သူတို့ အရှုံးပေးခဲ့ကြသည်။ ကောင်းမင်သည် ဓားစာခံများကို ဌာနချုပ်နှင့် အလဲအလှယ်လုပ်ခဲ့သည်။ သူတို့သည် စတေးခံများသာဖြစ်သည်။

“ကျုပ် ခင်ဗျားတို့ကို ထိခိုက်အောင် မလုပ်ဘူး ၊ တကယ်တော့ ကျုပ်က ခင်ဗျားတို့ကို အမှန်တရားကို မြင်ရအောင် ပြသမှာပါ”

ကောင်းမင်သည် လူတိုင်းအား သားစားကြူးနတ်ဘုရား၏ အစိတ်အပိုင်း ဖြစ်စေလိုက်သည်။

“အရိပ်ကမ္ဘာက လက်တွေ့ကမ္ဘာကို ကျူးကျော်ဝင်ရောက်နေတာ၊ မူမမှန်ဖြစ်ရပ်တွေက နေ့စဉ်လိုလို နေရာတိုင်းမှာ ပေါက်ကွဲနေတယ် ၊ စုံစမ်းစစ်ဆေးရေးဌာနက ဒီမြို့ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး ၊ ဒါမှမဟုတ် သူတို့က မြောက်ဘက်ဆိပ်ကမ်း မျှော်လင့်ချက်အသစ်မြို့တော်ကို အဓိကထားပြီး ပြန်လည်တည်ဆောက်နေကြတယ် ၊ သူတို့ ဟန်ဟိုင်းကို စွန့်လွှတ်လိုက်ကြပြီ”

“သူတို့က ဟန်ဟိုင်းကို ကာကွယ်ဖို့လိုအပ်တယ်လို့ အမိန့်ထုတ်ထားပေမဲ့ သူတို့ကိုယ်သူတို့ပဲ ဂရုစိုက်ကြတာ”

ရှန့်ထျန်းက နှာမှုတ်လိုက်သည်။

“သူတို့အကြောင်းကို ကျုပ်ကောင်းကောင်းသိတယ်”

“ဟန်ဟိုင်းက အခြေအနေက ပိုဆိုးဦးလာမှာပဲ၊ ဒါပေမဲ့ ခြောက်ခြားဂိမ်းကစားသမားတွေ ပိုများလာလိမ့်မယ် ၊ အချိန်က ကျုပ်တို့ဘက်မှာ ရှိတယ် ၊ ဒါပေမဲ့ ကျုပ်ထပ်မစောင့်နိုင်တော့ဘူး”

ကောင်းမင်၏အသံသည် တည်ငြိမ်နေသော်လည်း ခေါင်းဆောင်နှစ်ဦးကို ထိတ်လန့်သွားစေသည်။

“ခင်ဗျားတို့ထဲက တစ်ယောက်က မြို့ဟောင်းကို ကိုင်တွယ်ပြီး ကျန်တစ်ယောက်က မြို့တော်အရှေ့ပိုင်းကို ဂရုစိုက်ထားပါ ၊ ခင်ဗျားတို့တွေ လူခွဲပြီး သားစားကြူးနတ်ဘုရားရဲ့ ရုပ်တုတွေကို အကြောက်စရာအကောင်းဆုံး နေရာဆီ ပို့ဆောင်ပေးရမယ် ၊ သူ ကိုးကွယ်ခံရဖို့ လိုတယ်”

“မစိုးရိမ်ပါနဲ့ ၊ ကျုပ်တို့ အောင်မြင်အောင် လုပ်ပါ့မယ်”

ရှန့်ထျန်း စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။ အနက်ရောင်မြူခိုးနှင့် နှိုင်းယှဉ်လျှင် မြို့တွင်းရှိ မူမမှန်ဖြစ်ရပ်များကို ကိုင်တွယ်ခြင်းသည် အန္တရာယ်များပုံမရချေ။

“ကျုပ်မှာ ခင်ဗျားတို့ နှစ်ယောက်အတွက် အထူးမစ်ရှင်တစ်ခု ရှိတယ်”

ကောင်းမင်သည် မြူခိုးများမှတစ်ဆင့် သီလလုံခြုံရေးမြို့၏ တည်နေရာကို ကြည့်လိုက်သည်။

“ညသန်းခေါင်မရောက်ခင်ထိ အချိန်တချို့ရှိသေးတယ် ၊ ခင်ဗျားတို့ကို ပြင်ဆင်ဖို့ အချိန်သုံးနာရီ ပေးမယ် ၊ ခင်ဗျားတို့ရဲ့ သစ္စာအရှိဆုံး နောက်လိုက်တွေကို ခေါ်ခဲ့ပြီး သီလလုံခြုံရေးမြို့ကို စောင့်ကြည့်ထားပါ ၊ ပြီးရင် ခင်ဗျားတို့ ကျုပ်နဲ့အတူ အနက်ရောင်မြူထဲ ဝင်ရလိမ့်မယ်”

ရှန့်ထျန်းနှင့် စီတုချန်တို့၏ မျက်နှာများ ကိုးရိုးကားရားဖြစ်သွားကြသည်။

“ခင်ဗျားတို့ရဲ့အသက်တွေက ခင်ဗျားတို့လက်ထဲမှာ မရှိတော့ဘူး ၊ သွားကြတော့ ၊ ကျုပ်ကို ကြာကြာ မစောင့်ရစေနဲ့”

ကောင်းမင်သည် သူတို့အတွက် ထွက်ပေါက်တစ်ခု ဖွင့်ပေးလိုက်ပြီး သူတို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေလိုက်သည်။

“ကောင်းမင်၊ အဲ့ဒီလူတွေက ငါတို့ကို တကယ်ကူညီမှာ မဟုတ်ဘူးနော် ၊ သူတို့က အခွင့်အရေးရတာနဲ့ ငါတို့ကို သစ္စာဖောက်လိမ့်မယ်”

လော်တုန်းသည် သူ၏ဇနီးနှင့် သမီးဖြစ်သူကို ရှာတွေ့ခဲ့ရသည်။ သူ ကောင်းမင်ဘက်မှ ခိုင်မာစွာ ရပ်တည်ခဲ့သည်မှာ ကောင်းမင်သည် သူ့ကယ်တင်ရှင်ဖြစ်သောကြောင့်သာမက ကောင်းမင်ထံတွင် မျှော်လင့်ချက်ကို မြင်ခဲ့ရသောကြောင့်လည်း ဖြစ်သည်။

“သူတို့ အခွင့်အရေးရမှာ မဟုတ်ဘူး”

ကောင်းမင် ကျန်းတင်း၏ဦးခေါင်းကို ထပ်မံ စစ်ဆေးလိုက်သည်။ သူသည် လော်တုန်းနှင့် ဖန်လီကို သူ့ဘေးသို့ လှမ်းခေါ်လိုက်သည်။

“ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို တစ်ခုခုကူညီပေးဖို့ လိုတယ်…”

…

တစ်နာရီကြာပြီးနောက် ကောင်းမင်သည် ထာဝရဘဝအိမ်ရာမှ ထွက်ခွာလိုက်သည်။ သူသည် မူမမှန်ဖြစ်ရပ်မှ နောက်ဆုံးထွက်ခွာသည့်လူ ဖြစ်သည်။ ရပ်ကွက်နှစ်ခုလုံးမှာ ဗလာနတ္တိ ဖြစ်သွားသည်။ သက်ရှိများသည် ကောင်းမင်၏ ဖမ်းဆီးခံခဲ့ရပြီး သေဆုံးသူများကိုမူ ညှဉ်းပန်းနှိပ်စက်ခန်းထဲ ပို့ခဲ့သည်။

ည မှောင်လာသောအခါ သူ မြို့ဟောင်းထဲသို့ ခိုးဝင်သွားသည်။ သူသည် ရွှမ်ဝမ်၏ခြေရာလက်ရာများ ပျောက်ကွယ်သွားသည်ကို သတိပြုမိသည်။ သူ ပို စိုးရိမ်လာသည်။ ကောင်းမင်သည် မျက်နှာဖုံးနှင့် ဖုန်းအပြင် ရွှမ်ဝမ် သူ့ကိုလက်ဆောင်ပေးခဲ့သည့် တခြားအရာများကို လျှို့ဝှက်ခန်းထဲတွင် တွေ့ရှိမှသာ သက်ပြင်းချလိုက်နိုင်ခဲ့သည်။

“ငါ ရှင်းရှင်းလင်းလင်း မှတ်မိနေသမျှ အရာအားလုံးက ဒီမှာ ရှိနေတုန်းပဲ ၊ ဒါပေမဲ့ ရွှမ်ဝမ်ရဲ့နေ့စဉ်သုံး ပစ္စည်းတွေလိုမျိုး ပိုသေးငယ်တဲ့ အရာတွေကတော့ သူနဲ့အတူ တစ်ခါမှ မတည်ရှိခဲ့ဖူးသလိုမျိုး ပြိုကွဲပျက်စီးနေတယ်”

ကောင်းမင်သည် ရွှမ်ဝမ်၏ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ဟန်သဲ့ကိုယ်ပိုင်ကျောင်းသို့ တစ်ကိုယ်တည်း ရောက်ရှိလာခဲ့သည်။ သူသည် ကောင်းကင်ကို ဖုံးအုပ်ထားသော အသားသစ်ပင်ကြီးကို ကြည့်ပြီး ပြောစရာစကားမဲ့သွားသည်။ အကြောက်ရောဂါသည် သူ၏သူငယ်ချင်းဟောင်း ကျိကျဲနှင့် ပေါင်းစပ်သွားပြီး ဟန်ဟိုင်းရှိ ထိုအာရုံစိုက်စရာနေရာအသစ် ဖြစ်လာခြင်းဖြစ်သည်။ အကြောက်ရောဂါသည် ထိန်းချုပ်မှု လွတ်လုနီးနီး ဖြစ်နေလေသည်။

“ဒီသစ်ပင်က အရမ်းမြန်မြန် ကြီးထွားနေတာပဲ”

မူမမှန်ဖြစ်ရပ်များသည် ဟန်ဟိုင်းတွင် ကြောက်ရွံ့ခြင်းကို အဓိကစိတ်ခံစားချက်ဖြစ်စေခဲ့သည်။ ယန်ရှီကျီးနှင့်ပင်လျှင် သစ်ပင်ကြီးကို ရပ်တန့်နိုင်ရုံသာရှိပြီး အပြည့်အဝအမြစ်မဖြတ်နိုင်ခဲ့ပေ။

“ဒါကို စားပစ်ဖို့ နည်းလမ်းရှိမလား”

ကောင်းမင် သားစားကြူးနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။ ဧရာမအသားသစ်ပင်ကြီးသည် သားစားကြူးနတ်ဘုရား၏ အကြောက်ရောဂါဖြစ်ပေါ်လာမှုဖြင့် အကောင်အထည် ပေါ်လာခြင်းဖြစ်သည်။ သူတို့သည် အရင်းအမြစ် တစ်ခုတည်းဖြစ်သည်ဟု ယူဆနိုင်သည်။

ဧရာမသစ်ပင်ကြီးကို စိုက်ကြည့်ရင်း သားစားကြူးနတ်ဘုရားသည် နားမလည်နိုင်ဖြစ်နေပုံရသည်။ မျက်နှာလေးခုသည် စိတ်လှုပ်ရှားနေသော်လည်း ရှုပ်ထွေးနေခဲ့သည်။

ကောင်းမင်က ထိုရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ လက်ရှိနတ်ဘုရားသည် ထိုဧရာမသစ်ပင်ကြီးကို မစားနိုင်သေးပေ။ သူ နတ်ဘုရားအလောင်းများ ပိုလိုအပ်သည်။ သူ ပိုပြီးပြည့်စုံလာသည့်အချိန်တွင် ဟန်ဟိုင်းရှိ အကြောက်တရားမှ စိုက်ပျိုးထားသည့် ဤသစ်ပင်ကို စားသုံးရန် အခွင့်အရေး ရှိလာပေလိမ့်မည်။

သားစားကြူးနတ်ဘုရားသည် သစ်ရွက်များ လှုပ်ယမ်းနေသည်ကိုကြည့်ရင်း မာန်ဖီလိုက်သည်။ ခဏအကြာတွင် အမြစ်များက ကောင်းမင်ဆီသို့ တွားသွားလာ၏။ တစ်ချိန်တည်းမှာပင် ကောင်းမင် ခုလေးတင် ရှာတွေ့ခဲ့သည့် ဖုန်းက တုန်ခါသွားသည်။ သူ စခရင်ကို ကြည့်လိုက်သည်။ အခန်း ၁၃ ၏ စကားဝိုင်းဂရုသည် ကျိကျဲဟူသော အနီရောင်နာမည်နှင့်အတူ ပေါ်လာလေသည်။

ကျိကျဲ “ကောင်းမင် ၊ မင်း ငါ့ကို လာရှာတာပေါ့ ၊ ငါ မင်းကို 'ဟိုင်း'ဖို့ လုပ်နေတာကွ”

ဧရာမသစ်ပင်ကြီးကို စိုက်ကြည့်နေရင်း ကောင်းမင်က ဖုန်းထဲသို့ စာရိုက်ထည့်လိုက်သည်။

“သူငယ်ချင်းဟောင်းကြီး ၊ မင်းကို ပျော်စရာကောင်းတဲ့ တစ်နေရာကို ခေါ်သွားပါရစေ”

All Chapters