ဧရာမသစ်ပင်ကြီး၊ ကောင်းမင်
Vol. 30 Ch. 441
ကောင်းမင်သည် အကြောက်ရောဂါနှင့် ကျိကျဲတို့ ဖန်တီးထားသည့် ဤအသားသစ်ပင်သည် မည်သည့်သရဲအမျိုးအစား ဖြစ်ကြောင်း မသိပေ။ သားစားကြူး နတ်ဘုရားသည်လည်း ပိုသိပုံမရပေ။ သို့သော် တစ်ခုတော့ သေချာသည်။ အိပ်မက်သရဲဖြစ်သည့် ယန်ရှီကျီးပင်လျှင် ၎င်းကို ဘာမှ မတတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် အိပ်မက်သရဲတစ်ကောင်သည် သူတို့၏အိပ်မက်ဘုံကို ယက်လုပ်နိုင်သည် သို့မဟုတ် အဆုံးမရှိသော နောက်လိုက်များ၏ယုံကြည်မှုကို အသုံးပြု၍ အရိပ်ကမ္ဘာနှင့် လက်တွေ့ကမ္ဘာကြားတွင် တည်ရှိသော ‘နတ်ဘုရားနိုင်ငံတော်’တစ်ခုကို တည်ဆောက်နိုင်သည်။ အသားသစ်ပင်၏ အခြေအနေမှာ လုံးဝ ကွဲပြားခြားနားသည်။ ၎င်းတွင် မရဏဘုံမရှိသလို လက်တွေ့ကမ္ဘာနှင့် အရိပ်ကမ္ဘာကြားတွင် အိပ်မက်ဆိုးတစ်ခု ဖန်တီးခဲ့ခြင်းလည်း မရှိပေ။ သို့သော် အကြောက်ရောဂါသည် မြို့တော်အရှေ့ပိုင်း၌ အပြည့်အဝ ပျံ့နှံ့နေခဲ့သည်။ ၎င်းသည် အရှေ့ပိုင်းဇုန်တစ်ခုလုံးက ၎င်း၏မရဏဘုံဖြစ်သွားသကဲ့သို့ပင်။ သားစားကြူးနတ်ဘုရားသည်လည်း ဤအခြေအနေကို ယခင်က မမြင်ချေ။ ကောင်းမင်လည်း မမြင်ဖူးပေ။ သူ၏သူငယ်ချင်းဟောင်း ကျိကျဲသည် သူ့ထက်စော၍ ကံကြမ္မာ၏အချုပ်အနှောင်မှ လွတ်မြောက်သွားခဲ့သည်ဟု ပြောနိုင်သည်။
ကျိကျဲ “မင်း ငါ့ကို ပျော်စရာနေရာတစ်ခုဆီ ခေါ်သွားမှာလား ၊ ဘယ်နေရာလဲ ၊ မင်း ငါ့ကို လိမ်နေတာလား ၊ ငါ့ကို ဒီမှာ တစ်ယောက်တည်းထားခဲ့ပြီး မင်းတို့အားလုံး ထွက်သွားကြတယ် “
စကားလုံးများတွင် နာကြည်းမှုများပြည့်နေလေသည်။ယင်းသည် သက်ရှိအားလုံးပေါ်ရှိ ကျိန်စာတစ်ခုကဲ့သို့ပင်။သို့သော်လည်း ကျိကျဲက ယင်းကို နားလည်ပုံမရချေ။သူသည် မည်သည့်အရာမှ မပြောင်းလဲသွားသကဲ့သို့ စကားပြောဂရုထဲတွင် ဆက်လက်စာရိုက်လိုက်သည်။ကောင်းမင် ရောက်ရှိလာပြီးနောက် အခန်း ၁၃၏စကားပြောဂရုသည် နည်းလမ်းအမျိုးမျိုးဖြင့် လူသေဂရုတစ်ခုဖြစ်လာခဲ့သည်။
ကောင်းမင် “မင်းရဲ့ အကိုင်းတွေက ကောင်းကင်ကို ထိနေပြီး အမြစ်တွေက အမှောင်မြစ်ထဲကို တူးဝင်နေတာဆိုတော့ မင်းက ငါတို့အားလုံးထက် ပိုဝေးဝေးမြင်နိုင်မှာပေါ့ ၊ ဒါဆို မင်းလည်း ဒီမြို့ကြီးက ထောင်တစ်ခုလို ဖြစ်နေတာကို အာရုံခံမိလောက်တယ် ၊ တကယ့်လွတ်လပ်မှုကို မင်းရနိုင်မှာ မဟုတ်ဘူး”
ကျိကျဲ “ဒီလောက်လည်း မဆိုးပါဘူး ဟားဟားဟား”
ကောင်းမင် “ဒီတစ်ခေါက် ငါဒီကို ရောက်လာရတဲ့ အကြောင်းရင်းက မင်းကို မြို့ပြင်ခေါ်သွားပြီး စစ်ဆေးကြည့်ဖို့ပဲ ၊ မင်းရဲ့ အမြစ်တွေကို အနက်ရောင်မြူထဲ ဆန့်ထုတ်ပြီး အပြင်ဘက်မှာ သေခြင်းတရားလား ဒါမှမဟုတ် ခိုလှုံရာလားဆိုတာ မင်းကိုယ်တိုင်မြင်ရဖို့ ငါလာကူညီပေးတာ”
စီဆန်း “ဒီဂရုက အခုထိ လှုပ်ရှားနေတုန်းလား ၊ What the hell!”
ကျိကျဲ “ငါ ဘာလုပ်သင့်လဲ ၊ ငါက ရွေးချယ်ခံရတဲ့ လူနည်းစုထဲမှာ ပါတယ်ဆိုပေမဲ့ ငါ့ရဲ့ စွမ်းအားကို မထိန်းချုပ်နိုင်သေးဘူးလေ”
ကောင်းမင်၊ “မင်းရဲ့ အသိစိတ်ရဲ့ အဓိကနေရာက ဘယ်မှာလဲ?”
ကျိကျဲ “ပင်မခန်းမရဲ့ အလယ်ဗဟိုမှာ”
ကောင်းမင်သည် စီဆန်းပို့လိုက်သော မက်ဆေ့ချ်များကို လျစ်လျူရှုလိုက်ပြီး ပင်မခန်းမသို့ အလျင်အမြန် သွားလိုက်သည်။ သူသည် သားစားကြူးနတ်ဘုရားအား အရွက်အလွှာများကို ခွာထုတ်ခိုင်းလိုက်သည်။ ကောင်းမင်သည် ပင်မခန်းမအောက်ရှိ ခပ်နက်နက်နေရာတွင် ကျိကျဲကို ရှာတွေ့သွားသည်။ ကျိကျဲသည် အသားသစ်ပင်နှင့် ပေါင်းစပ်သွားခဲ့ခြင်းဖြစ်သည်။ အမြစ်များသည် သူ၏အရိုးများမှတစ်ဆင့် တွားဝင်နေပြီး သူ့ဝိညာဉ်ကို ထိုးဖောက်နေလေသည်။ သွေးစွန်းနေသော အရွက်များက ကောင်းမင်၏မျက်နှာရှေ့တွင် တရှဲရှဲလှုပ်ယမ်းနေ၏။ ကျိကျဲ၏မျက်လုံးများသည် ငြိမ်းချမ်းစွာ မှိတ်လျက်ရှိနေသည်။
“သူငယ်ချင်းဟောင်းကြီး”
ကျိကျဲက မတုံ့ပြန်ခဲ့သော်လည်း ကောင်းမင်၏ဖုန်းသည် ဆက်လက် တုန်ခါနေလေသည်။ သူ စစ်ဆေးကြည့်သောအခါ ကျိကျဲနှင့် စီဆန်းတို့သည် ဘဝအကြောင်းများ ပြောဆိုနေကြသည်ကို သတိပြုမိသည်။
“ကျိကျဲသေသွားတာ ရှင်းနေတာပဲ ၊ စကားပြောဂရုထဲမှာ စီဆန်းနဲ့ စကားပြောနေတာ ဘယ်သူလဲ ၊ ကျိကျဲရဲ့ ဝိညာဉ်လား ဒါမှမဟုတ် အကြောက်ရောဂါအရုပ်လား”
ကောင်းမင် သူ့သွေးတစ်စက်ကို ကျိကျဲ၏ပါးစပ်ထဲသို့ ချပေးလိုက်သည်။ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသည့် ဧရာမသစ်ပင်ကြီးက တုန်ယင်သွားသည်။ သစ်ရွက်များ ပိုမိုကြီးထွားလာပြီး သွေးနံ့က ပိုမိုပြင်းထန်လာတော့သည်။
ကျိကျဲ “ကောင်းမင်၊ ကောင်းမင် ! မင်း ငါ့ကို ဘာကျွေးလိုက်တာလဲ ၊ အရမ်း အရသာရှိတာပဲကွာ ၊ ထပ်ပေးပါဦး”
ကျိကျဲသည် မက်ဆေ့ချ်များ ဆက်လက် ပို့နေလေသည်။ သူသည် ရံဖန်ရံခါ ကောင်းမင်၏ပရိုဖိုင်ကို နှိပ်နှိပ်ကြည့်သည်။ သူ၏အနီရောင် မက်ဆေ့ချ်များသည် သွေးကဲ့သို့ ဖြစ်နေသည်။ သာမန်လူများဆိုလျှင် ၎င်းကိုကြောက်လန့်သွားကြမည်ဖြစ်သည်။ ကောင်းမင် သားစားကြူးနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။ နတ်ဘုရားသည် အသားသစ်ပင်အတွင်းရှိ တူညီသောစွမ်းအင်အရင်းအမြစ်ကို ခံစားမိသော်လည်း ၎င်းကို စားသုံးနိုင်ခြင်း မရှိပေ။ ကောင်းမင်မျက်မှောင်ကြုတ်လိုက်ပြီး အကြောက်ရောဂါ၏ လူသေဓာတ်ပုံကို ထုတ်ယူလိုက်သည်။ သူသည် အသားသစ်ပင်ကို ထိခိုက်စေလိုခြင်းမရှိပေ။ အသားသစ်ပင်၏ တစ်စိတ်တစ်ပိုင်းကို အနက်ရောင်မြူထဲ ခေါ်သွားနိုင်မည်လားကို စမ်းသပ်ချင်ရုံသာဖြစ်သည်။
ကျိကျဲ “ညီကို၊ မင်းလက်ထဲက ဘာကြီးတုန်း ၊ ဘာလို့ ဒါက ရင်းနှီးနေသလို ခံစားရတာလဲ”
ကောင်းမင် “ငါ ဒီဧရာမသစ်ပင်ကြီးကို မရွှေ့နိုင်ဘူး ၊ မင်းရဲ့ တစ်စိတ်တစ်ပိုင်းကို ငါနဲ့အတူ အရင် ခေါ်သွားနိုင်မလားဆိုတာ ကြည့်ချင်လို့”
ကျိကျဲ “အဲ့လောက်ထိ ဒုက္ခခံစရာ မလိုပါဘူးကွာ ၊ ငါ့ရဲ့ အစာအိမ်၊ လည်ပင်းနဲ့ ဦးနှောက်ကို တူးထုတ်လိုက်ရုံပဲလေ”
ကြောက်မက်ဖွယ်ရာစကားဝိုင်းကြောင့် စီဆန်း နှုတ်ဆိတ်သွားသည်။ သူ၏တခြားအတန်းဖော်များကို စကားဝိုင်းထဲ ဆွဲခေါ်မည့်အကြံကိုလည်း ပယ်ဖျက်လိုက်သည်။
သားစားကြူးနတ်ဘုရားသည် သစ်ပင်ကို ထိတွေ့လိုက်ပြီး ကျိကျဲပြောခဲ့သည့် နေရာသုံးခုတွင် လက်သီးဆုပ်အရွယ် အစေ့သုံးစေ့ကို တွေ့လိုက်ရသည်။ ဦးနှောက်အစေ့တွင် ကျိကျဲ၏မျက်နှာကို ထွင်းထုထားသည်။ အစာအိမ်အစေ့ကတော့ ပုံပျက်ပန်းပျက် အရုပ်တစ်ခုကို ဝှက်ထားလေသည်။ လည်ပင်းအစေ့သည် အထူးခြားဆုံးဖြစ်ပြီး မျက်နှာများစွာ၏ရုပ်ပုံများ ပါရှိနေသည်။
ကျိကျဲ “ဒီ ဧရာမသစ်ပင်ကြီးမှာ အရင်က အစေ့မရှိခဲ့ဘူးလေ ၊ ဒါပေမဲ့ ငါ အဲ့ဒါကိုမကြိုက်ဘူး ၊ အပင်တစ်ပင်မှာ ဘာလို့ အစေ့မရှိရမှာလဲ ၊ ထူးဆန်းတာက ငါရဲ့ အဆက်မပြတ်တိုက်တွန်းမှုနဲ့ ဆုတောင်းမှုတွေကြောင့် ဒီနတ်ဘုရားသစ်ပင်ဟာ ငါ့ခန္ဓာကိုယ်ထဲမှာ ဒီအစေ့သုံးစေ့ကို မွေးပေးခဲ့တယ်လေ”
ကျိကျဲ၏ မက်ဆေ့ချ်များကို မြင်ရသောအခါ ကောင်းမင်အပါအဝင် အတန်းဖော်များအားလုံး ဆွံ့အသွားကြသည်။
အကြောက်ရောဂါသည် လူတို့၏ကြောက်ရွံ့မှုကို ထင်ရှားစေနိုင်သည်။ ၎င်းသည် လူတစ်ဦး၏ စိတ်ကူးထဲတွင် တည်ရှိသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ သို့သော်လည်း ကျိကျဲသည် သူ၏ကိုယ်ပိုင်စိတ်ကူးကို အသုံးပြု၍ အသားသစ်ပင်၏အားနည်းချက်များကို ဖြည်းဖြည်းချင်း ဖန်တီးခဲ့ပုံရသည်။
ကျိကျဲ “ကမ္ဘာကြီးက ပိုရှုပ်ထွေးလာပြီ ၊ ငါ ဒီစွမ်းအားကို အပြည့်အဝကျွမ်းကျင်သွားရင် မင်းတို့ကို လာကယ်ပေးမယ်”
ကောင်းမင် “မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်ကွာ ၊ ဒီတစ်ကြိမ် ငါသွားမယ့်နေရာက မြို့အစွန်းမှာရှိတဲ့ သီလလုံခြုံရေးမြို့ ပဲ ၊ အနက်ရောင်မြူခိုးတွေ ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းကို သိရပြီးရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မတော်တဆမှုဖြစ်ခဲ့တဲ့ ဥမင်လိုဏ်ခေါင်းကို ငါတို့ ဘတ်စ်ကားနဲ့ သွားကြမယ် ၊ စိတ်ဝင်စားတဲ့သူတိုင်း ငါနဲ့အတူ လိုက်ခဲ့လို့ရတယ်”
ကျိကျဲ “ငါ့ရဲ့ အမြစ်တွေက ဟန်ဟိုင်းအောက်မှာ မြန်မြန်ဆန်ဆန်ကြီးထွားနေတာ ၊ ဒါပေမဲ့ အဲ့ဒါကို လူတွေ သတိမထားမိဘူး ၊ ငါ့ကို ရက်နည်းနည်းလောက် အချိန်ပေးပါ ၊ ငါ အဲ့ဒီကို တိုက်ရိုက် တွားသွားကိုပဲ စောင့်ကြည့်နေလိုက်”
ကျိကျဲက အမှောင်ထဲတွင် တွားသွားနေသော လူတစ်ယောက်၏ အီမိုဂျီကို ပို့လိုက်သည်။ စီဆန်းမှလွဲ၍ မည်သူမျှ သူ့ကိုပြန်မဖြေကြပေ။
ကောင်းမင်သည် အစေ့သုံးစေ့ကို သိမ်းဆည်းလိုက်ပြီး ကျိကျဲကို ထားခဲ့လိုက်သည်။ သူ ကျောင်းတွင် ရှိနေရခြင်း၏ အဓိကအကြောင်းရင်းမှာ ယန်ရှီကျီးအတွက်ဖြစ်သည်။
ကျန်းတင်းသည် အပြင်းအထန်ဒဏ်ရာရခဲ့သော်လည်း ဌာနချုပ်အကြောင်း ပိုမိုသိရှိရန် စီစဉ်နိုင်ခဲ့သည်။ ယင်းက ကောင်းမင်ကို စိတ်မသက်မသာ ဖြစ်စေသည်။
ကောင်းမင်သည် ရုံးခန်းအဆောက်အအုံထဲသို့ ဝင်ရောက်သွားပြီး ကျောင်းအုပ်ကြီး၏ရုံးခန်းသို့ ဦးတည်သွားလိုက်သည်။ သူ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ပုပ်သိုးသိုးနံ့က သူ့ကို တိုက်ခိုက်လာလေသည်။
ထို့နောက် အနက်ရောင်မြူခိုးခပ်ပါးပါးက ကောင်းမင်၏အမြင်အာရုံကို ဖုံးလွှမ်းသွားသည်။ ရုံးစားပွဲရှေ့တွင် ယန်ရှီကျီးထိုင်နေသည်ကို သူမြင်လိုက်ရသည်။ ဤလေးနက်သောအဘွားအိုကြီးသည် မကုသနိုင်သော ဧရာမဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ဒဏ်ရာများထဲမှ အနက်မြူခိုးများ စိမ့်ထွက်နေလေသည်။
“အနက်ရောင်မြူခိုးတွေက အိပ်မက်သရဲတွေရဲ့ ဒဏ်ရာတွေကနေ လာတာလား”
ကောင်းမင်သည် မူလက ယန်ရှီကျီးအား သူ့ကိုကူညီရန် တောင်းဆိုလိုသော်လည်း ကျောင်းအုပ်အိုကြီးသည် သူထင်ထားသည်ထက် ပိုဆိုးသောအခြေအနေတွင် ရှိနေလေသည်။
“ကျောင်းအုပ်ယန် ၊ ခင်ဗျားကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ ၊ ဒီကျောင်းက တခြားကျောင်းသားတွေရော ဘယ်ရောက်သွားကြတာလဲ”
ယန်ရှီကျီးက မျက်လုံးများ ဖွင့်လိုက်သည်။ သူမ၏မျက်လုံးများကို အာရုံစိုက်နိုင်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ သူမ ကောင်းမင်ကို ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြို့တော်အရှေ့ပိုင်းရဲ့ ကျေးလက်ဒေသမှာ အနက်ရောင်မြူခိုးတွေ ရုတ်တရက် ပေါ်လာခဲ့တယ် ၊ ငါ အဲ့ဒီကို သွားကြည့်ခဲ့တယ်”