← Chapters

စခန်းချခြင်း

Vol. 30 Ch. 443

စခန်းချခြင်း

Vol. 30 Ch. 443

အနက်ရောင်မြူခိုးများသည် တိတ်ဆိတ်စွာ ရောက်ရှိလာပြီး လူတိုင်းကို နစ်မြုပ်နေစေခဲ့သည်။ မှတ်တိုင်အနီးရှိ လုံခြုံရေးအဖွဲ့ဝင်များအားလုံးသည် ကောင်းမင်အကြောင်းကို ယခင်က ကြားဖူးကြသည်။ သို့သော် သူ့အား ထိုပုံစံမျိုးဖြင့် ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။ ထူးခြားသည့်အလွှာတစ်ခုပါသော ဘတ်စ်ကားသည် လမ်းအတိုင်း ရွေ့လျားလာပြီး ကျင်းထောင်ရှန်းနှင့် မီတာအနည်းငယ်အကွာတွင် ရပ်တန့်သွားသည်။ ရှေ့မီးများကို ပိတ်လိုက်ပြီးနောက် ကောင်းမင်သည် စတီယာရင်ဘီးကို လွှတ်လိုက်သည်။ မျက်နှာဖုံးစွပ်ခြောက်ခြားဂိမ်းကစားသမားတစ်ဦးက ယာဉ်မောင်းထိုင်ခုံကို လွှဲပြောင်းယူလိုက်သည်။ တံခါးသည် တကျိကျိအသံမြည်ရင်း ပွင့်လာသည်။ သံချေးများ ကွာကျလာပြီး ကောင်းမင် ဘတ်စ်ကားထဲမှ ထွက်လာခဲ့သည်။

“မင်း ဒါကြီးကို ဘယ်အမှိုက်ပုံက သယ်လာတာလဲ”

ကျင်းထောင်ရှန်းသည် ဘတ်စ်ကားမှ ထွက်လာသော အနံ့ဆိုးများကြောင့် အော့ချင်အန်ချင်ဖြစ်သွား၏။

“ကျုပ်လူတွေ အားလုံး ဒီထဲမှာပဲ”

ကောင်းမင်၏အသံမှာ တည်ငြိမ်လှသည်။ သူသည် ထိုနေရာတွင် အတင်းအကြပ် ရောက်ရှိနေရသကဲ့သို့ ဖြစ်နေသည်။ သူ့တွင် မပျော်မရွှင် သို့မဟုတ် စိုးရိမ်ပူပန်နေပုံ မရပေ။

“မင်းလူတွေလား”

ကျင်းထောင်ရှန်းနှင့် လုံခြုံရေးအဖွဲ့ဝင်များသည် ဘတ်စ်ကားကို လှည့်ကြည့်လိုက်သည်။ ဤ ဘတ်စ်ကားအိုကြီးအတွင်းရှိ ထိုင်ခုံတိုင်း၌ လူများ ထိုင်နေကြသည်။ သူတို့အများစုသည် မျက်နှာဖုံးများ ဝတ်ဆင်ထားသည်။ တချို့က ထူးဆန်းသော အနီရောင် အဝတ်အစားများ ဝတ်ဆင်ထားသည်။

“လူတိုင်း ရောက်လာပြီဆိုတော့ ငါတို့ အမြန်ဆုံး ထွက်ခွာသင့်တယ် ၊ ငါတို့ စောင့်လေလေ၊ သီလလုံခြုံရေးမြို့မှာ ပိတ်မိနေသူတွေအတွက် ရှင်သန်နိုင်ခြေ နည်းလေလေပဲ” ကျင်းထောင်ရှန်းသည်မီးအိမ်ကို ကောက်ယူလိုက်ပြီး ဝမ်ကျားကိုမူ သူ့လူများကို တွန်းခိုင်း၍ ရှေ့မှ လျှောက်သွားလိုက်သည်။

မီးအိမ်သည် တဖျစ်ဖျစ်တောက်လောင်နေရာ ထူးဆန်းသောအနံ့ကို ထုတ်လွှတ်နေလေသည်။ အော်ဟစ်သံများ လွင့်ပျံလာသည်။ ကောင်းမင် ကျင်းထောင်ရှန်းကို လှမ်းကြည့်လိုက်သည်။

“ဒါကို ဆက်လောင်ကျွမ်းနေစေဖို့ ခင်ဗျား လူ့အဆီ ဘယ်လောက်များများ မီးရှို့ခဲ့ရတာလဲ”

လုံခြုံရေးအဖွဲ့ဝင်များ၏မျက်နှာများ မည်းမှောင်သွား၏။ သူတို့က ထိုခေါင်းစဉ်ကို တမင်တကာ ရှောင်ရှားနေခဲ့ကြသည်။ မီးအိမ်အတွင်းရှိ အလင်းရောင်သည် တောက်ပသည်ဟု မယူဆနိုင်ပေ။ ၎င်းက နွေးထွေးမှုကိုလည်း မပေးနိုင်ပေ။တကယ်တမ်း တစ်ခုခုရှိခဲ့လျှင် ၎င်းအနီး ချဉ်းကပ်သွားပါက အေးမြသည်ဟု ခံစားရပေလိမ့်မည်။ ကျန်းတင်း၏ ဦးခေါင်းထဲ ထည့်သွင်းထားသော မျက်လုံးသည် နက်နက်ရှိုင်းရှိုင်း ကြည့်နိုင်သော်လည်း ၎င်းတွင် စိတ်မသက်မသာ ဖြစ်စေသော အလင်းအရင်းအမြစ်တစ်ခု ပါဝင်နေသည်။ အိပ်မက်သရဲ၏စွမ်းအားက အလင်းရောင်နှင့် ဆက်စပ်နေနိုင်သလား။

ကောင်းမင်သည် ယာဉ်မောင်းအား မောင်းနှင်ရန် လက်ဝှေ့ယမ်းပြလိုက်သည်။ သူတို့သည် ကျင်းထောင်ရှန်းနောက်မှ ဖြည်းဖြည်းချင်း လိုက်သွားကြသည်။ ကောင်းမင်နှင့် ယှဉ်လျှင် ကျင်းထောင်ရှန်းက ပိုအလေးအနက် ဖြစ်နေပုံရသည်။ သူသည် ဟန်ဟိုင်းဆီသို့ ဦးတည်၍ တဖြည်းဖြည်းလှိမ့်ဆင်းနေသော အနက်ရောင်မြူခိုးများကို ကြည့်လိုက်သည်။ မီးအိမ်ကို ကိုင်ထားသော သူ၏လက်ချောင်းများ တင်းကျပ်နေခဲ့သည်။

“ဘယ်သူမှ အလင်းရောင် အကွာအဝေးကနေ မထွက်ရဘူး ၊ ငါ့နားက လူတွေ မြူထဲဝင်ဖို့ အသင့်ပြင်ကြ”

လူအုပ်ကြီးသည် ဖြည်းညင်းစွာ ရွေ့လျားသွားသည်။ ဖြောင့်တန်းလျက်ရှိသော လမ်းသည် ကွေ့ကောက်လာပြီး သူတို့ပတ်ဝန်းကျင်ရှိ သစ်ပင်များက ယိမ်းထိုးလာကြသည်။ ညလေပြေက တဟူးဟူးတိုက်ခတ်လျက်ရှိသည်။ မြူခိုးများသည် ကျင်းထောင်ရှန်းနှင့် ဝမ်ကျားတို့ကို ဖုံးအုပ်လိုက်သည်။ ၎င်းသည် ကောင်းမင်အား ညင်သာစွာပွတ်သပ်လိုက်ပြီး ဘတ်စ်ကားပတ်လည်တွင် ကွဲထွက်သွားသည်။

“သာမန်မဟုတ်တာ ဘာမှမခံစားရသေးဘူး”

သူတို့ မြူထဲ ဝင်လိုက်သည်နှင့် ကျင်းထောင်ရှန်းနှင့် ကောင်းမင်တို့၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ သူတို့ကိုယ်ပေါ်ရှိ သရဲတက်တူးများက မှေးမှိန်စပြုလာချေသည်။ သူတို့ပတ်ဝန်းကျင်ရှိ လုံခြုံရေးအဖွဲ့ဝင်များမှာ မည်သည့်အန္တရာယ်ကိုမျှ မခံစားရပေ။ အနက်ရောင် မြူခိုးသည် သူတို့အတွက် သာမန်မြူခိုးကဲ့သို့ ခံစားရသည်။ ဝမ်ကျားကို တွန်းနေသူသည် နောက်သို့ တစ်ချက်လှည့်ကြည့်ချင်နေသည့်စိတ်ကို မခုခံနိုင်ခဲ့ပေ။ အနက်ရောင်မြူခိုးသည် သူ့နောက်ကျော၏ မီတာအနည်းငယ်အကွာတွင် ရပ်တန့်သွားသည်။ သူ နောက်ပြန်လှည့်ချင်ရင် ရနိုင်သည်။

“နောက်လှည့် မကြည့်နဲ့ ၊ အလင်းနောက်ကို လိုက်ခဲ့”

ကျင်းထောင်ရှန်းက သူ့အရှိန်ကို ထိန်းသိမ်းထားသည်။ သူသည် သူ၏စိတ်ထဲတွင် အရာအားလုံးကို မှတ်သားထားသည်။ သူသည် အဆောက်အအုံများအားလုံး၏တည်နေရာကိုပါ မှတ်သားနေသည်။ စီးပွားရေးဆိုင်းဘုတ်များနှင့် သစ်ပင်များကိုပါ မချန်ခဲ့ပေ။

ဘတ်စ်ကားသည် ကောင်းမင်နောက်မှ ဖြည်းညင်းစွာ လိုက်ပါလာ၏။ ခရီးသည်များသည် လူသေများကဲ့သို့ တိတ်ဆိတ်နေကြသည်။ လုံခြုံရေးအဖွဲ့ဝင်အချို့သည် စူးစမ်းလိုစိတ်ဖြင့် ဘတ်စ်ကားကို လှမ်းလှမ်းကြည့်နေကြသည်။ သူတို့သည် ခေါင်းငုံ့ထားသော လူများကိုသာ မြင်ရသည်။

ပတ်ဝန်းကျင်ရှိ အလင်းရောင်မှာ အားနည်းလာခဲ့သည်။ သူတို့၏ အမြင်အာရုံအတွင်းရှိ အရာအားလုံးသည် ပုံမှန်အတိုင်း ဖြစ်နေလေသည်။ ဤနေရာသည် ဟန်ဟိုင်းရှိနေရာများထက်ပင် ပိုမို ငြိမ်းချမ်းနေသည်။ သို့သော် မည်သူကမှ သူတို့၏သတိအနေအထားကို မလျှော့ချကြပေ။ သူတို့ မီတာ ၃၀၀ ခန့် လျှောက်သွားပြီးချိန်၌ ဝမ်ကျားက ရုတ်တရက် သူ့နောက်သို့ လှည့်ကြည့်လိုက်သည်။ ၎င်းကို သတိပြုမိသော ကျင်းထောင်ရှန်းသည်လည်း ချက်ချင်း ရပ်တန့်လိုက်သည်။ တခြား လုံခြုံရေးအဖွဲ့ဝင်များသည်လည်း လှည့်ကြည့်လိုက်ကြသည်။ ထူထဲသော အနက်ရောင်မြူခိုးများသည် အရာအားလုံးကို ပိတ်ဆို့ထားပြီး ဖြစ်သည်။ မြင်နိုင်ရန်ခက်ခဲသော လမ်းကြောင်းတစ်ခုသာ ရေးတေးတေးကျန်နေရစ်ခဲ့သည်။

“မင်း ဘာမြင်လိုက်တာလဲ”

ကျင်းထောင်ရှန်းက ဝမ်ကျားကို စိုက်ကြည့်သည်။

“ငါတို့ အနက်ရောင်မြူထဲ ဝင်ဝင်ချင်း မင်းအပေါ် ဆေးသုံးခိုင်းရအောင် မလုပ်နဲ့နော်”

“ဘာမှ မဟုတ်ဘူး ၊ ငါ တစ်ချက် ကြည့်လိုက်ရုံပဲ ၊ ဒီလောက်ကြီး စိတ်ပူစရာ မလိုပါဘူး”

ဝမ်ကျား၏ ခန္ဓာကိုယ်သည် တွန်းလှည်းတွင် တွယ်ကပ်နေခြင်းဖြစ်သည်။ သူ့လည်ပင်းအောက်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းကို အထူးပစ္စည်းဖြင့် ပြုလုပ်ထားသော အဝတ်တစ်ခုဖြင့် ဖုံးအုပ်ထားသည်။

“ငါတို့ ရီကော်ဒါ ၀၀၃ ကို မရနိုင်ဘူးဆိုရင် မင်းကို ယုံကြည်တဲ့ မင်းရဲ့ ငယ်သားတွေက နောက်ထပ် မီးအိမ်အတွက် မီးစာဆီ ဖြစ်လာလိမ့်မယ်”

ကျင်းထောင်ရှန်းသည် ဝမ်ကျားကို မယုံကြည်သည်မှာ ရှင်းလင်းနေသည်။

“မင်းရဲ့ စိုးရိမ်စိတ်များတဲ့ သဘာဝနဲ့ ဌာနချုပ်က မင်းဆီမှာ ဘာတွေမြင်နေလဲဆိုတာ ငါသိချင်မိတယ် ၊ မင်းလည်း စတေးခံတစ်ယောက်လား”

ဝမ်ကျား ပြောလိုက်သည်။

“ငါတို့ ငယ်ငယ်တုန်းက ငါတို့ဟာ အရာအားလုံးအတွက် တိုက်ခိုက်ခဲ့တယ် ၊ နောက်ဆုံးမှာတော့ ငါတို့နှစ်ယောက်လုံး စတေးခံတွေဖြစ်နေတာပဲ”

မီးအိမ်က ယိမ်းထိုးသွားသည်။ ဝမ်ကျား၏အကြည့်များသည် ကျင်းထောင်ရှန်းထံမှ ရုတ်တရက် ရွေ့လျားသွားပြီး ရှေ့ကို ကြည့်လိုက်သည်။

“တစ်ယောက်ယောက်က မင်းကို စောင့်နေတယ် ၊ မြန်မြန်လုပ်လေ ၊ သီလလုံခြုံရေးမြို့ကို သွားဖို့ မင်း အလျင်လိုနေတာမဟုတ်လား”

ကျင်းထောင်ရှန်း ခေါင်းလှည့်၍ ဝေ့ကြည့်လိုက်သည်။ သူနှင့် သူ၏ပတ်ဝန်းကျင်ရှိ လုံခြုံရေးအဖွဲ့ဝင်များသည် မြူထဲတွင် လက်ဝှေ့ယမ်းပြနေသော အရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ မည်သူမျှ မည်သည့်အရာကိုမှ လုပ်ရဲခြင်း မရှိပေ။ သူတို့ စိတ်ထဲရှိ မြေပုံအတိုင်းကို လိုက်ပါ၍ သီလလုံခြုံရေးမြို့ဆီသို့ တဖြည်းဖြည်းချဉ်းကပ်လာကြသည်။ သူတို့သည် မီတာ ၁၀၀၀ ခန့် သွားရန် နာရီဝက်နီးပါး အချိန်ယူခဲ့ရသည်။ နောက်ဆုံး ဒုတိယမှတ်တိုင်သည် သူတို့ရှေ့တွင် ထွက်ပေါ်လာတော့သည်-- သီလလုံခြုံရေး မှတ်တိုင်။

“မီးအိမ်က လမ်းပြပေးမှုနဲ့ ငါတို့ လမ်းမပျောက်ခဲ့ဘူး ၊ ငါတို့ ရီကော်ဒါကို ပြန်ရနိုင်တယ်”

ဝမ်ကျားကို တွန်းသောသူက ယုံကြည်မှုရှိသွားသည်။ မီးအိမ်သည် အရင်ကထက် ပိုမှောင်လာသည်ကို သူသတိမထားမိခဲ့ပေ။

“ငါ့လူတွေ ဒီမှာ နေလို့ရတယ်”

ကောင်းမင် ဘတ်စ်ကားတံခါးကို ညင်သာစွာ ခေါက်လိုက်သည်။ ဘတ်စ်ကားသည် မှတ်တိုင်တွင် ရပ်တန့်လိုက်သည်။ မျက်နှာဖုံးစွပ်ခရီးသည်အချို့ ဆင်းလာကြပြီး ပစ္စည်းများကို သူတို့နှင့်အတူ ရွှေ့ပြောင်းလိုက်ကြသည်။ သူတို့သည် မပြည့်မစုံဖြစ်နေသော ရွှံ့ရုပ်တုများကို မှတ်တိုင်ပတ်ပတ်လည်တွင် ထားလိုက်ပြီး မှတ်တိုင်အလယ်တွင် ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်လိုက်ကြသည်။ လူအနည်းက ယဇ်ပလ္လင်တွင် ဦးညွှတ်လိုက်သည်။ ထို့နောက် သူတို့သည် ဓာတ်ပုံများကို ယဇ်ပလ္လင်အတွင်း ထည့်သွင်း၍ ဓာတ်ပုံများကို မီးရှို့လိုက်သည်။ မီးတောက်သည် ယဇ်ပလ္လင်အတွင်း ကခုန်နေလေသည်။ မှတ်တိုင်သည် စခန်းငယ်တစ်ခု ဖြစ်သွားခဲ့သည်။

“ဒီနေရာကို စောင့်ရှောက်ထားပါ ၊ မီး မငြိမ်းအောင် လုပ်ထား”

ကောင်းမင်သည် အနက်ရောင်မြူခိုးများနှင့် ရင်ဆိုင်ရန် မြို့ဟောင်းကို အပေါက်ဖြစ်အောင်လုပ်ခဲ့သည်။ သူ၏နောက်လိုက်များသည် ဒီတစ်ကြိမ်တွင်တော့ ကောင်းစွာရွေးချယ်ထားသူများ ဖြစ်သည်။ သူသည် သူ၏အတိတ်တွင် သူတို့၏အနာဂတ်များကို မြင်ခဲ့ရဖူးသည်။

“ကျုပ် ခင်ဗျားတို့နဲ့ လိုက်ဖို့မလိုဘူးလား”

မီးလောင်နေသော မျက်နှာဖုံး ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက မေးလိုက်သည်။

ကောင်းမင် ပြန်မဖြေရသေးခင် အနီးရှိ ကျင်းထောင်ရှန်းက ခေါင်းမော့လိုက်သည်။ သူသည် ထိုလူ၏ အသံကို အလွန်ရင်းနှီးသည်ဟု ခံစားရသည်။ ထိုလူသည် အသံတုအသုံးနေပြုသည်ဟူသောအချက်က ပို၍ပင် သံသယဖြစ်စေသည်။

“မလိုဘူး ၊ ကျုပ်နဲ့အတူလိုက်မယ့် တခြားအတန်းဖော်တွေ ရှိတယ်”

ကောင်းမင် အနီရောင်အဝတ်အစား ဝတ်ဆင်ထားသော ခရီးသည်များကို လှမ်းကြည့်လိုက်သည်။ သူသည် သူတို့အား မတိုက်တွန်းခဲ့ပေ။ ထိုအစား သူ ကျင်းထောင်ရှန်းဆီသို့ လျှောက်သွားလိုက်သည်။

“အဆင်သင့် ဖြစ်ပြီလား”

ကျင်းထောင်ရှန်းက ကောင်းမင်ကို စစ်ဆေးလိုက်သည်။

“ငါတို့နဲ့အတူ လိုက်မှာက မင်းတစ်ယောက်တည်းလား ၊ ဘတ်စ်ကားပေါ်က ခရီးသည်တွေက ဘယ်လိုလဲ”

“သူတို့က ကျုပ်ကိုယ်တိုင်အတွက် ချန်ထားခဲ့တဲ့ စစ်ကူတွေလေ”

ကောင်းမင်က တွန်းလှည်းကို ဆုပ်ကိုင်၍ ဝမ်ကျားကို ပြုံးပြလိုက်သည်။

All Chapters