လူသားတွေလား
Vol. 30 Ch. 444
ဟန်ဟိုင်းမြို့စွန်နှင့်နီးကပ်လာသည်နှင့်အမျှ အနက်ရောက်မြူများကလည်း ပိုမိုထူထပ်လာသည်။ သီလလုံခြုံရေးမြို့ပတ်ဝန်းကျင်ရှိ မြူများမှာ လက်ခံနိုင်ဖွယ်ရှိသေးသည်။ သာမန်လုံခြုံရေးအဖွဲ့ဝင်တစ်ယောက်၏ မြင်နိုင်စွမ်းသည် ဆယ်မီတာထက်ကျော်သည်။ မှုန်ဝါးဝါးဖြစ်နေသော အဆောက်အဦးပုံရိပ်များက ကျင်းထောင်ရှန်းစိတ်ထဲတွင် ရှိသော မြေပုံနှင့်ကိုက်ညီပေသည်။အနည်းဆုံးတော့ မြင်နေရသော အရာများမှတဆင့် မြို့သည် မပြောင်းလဲသေးပုံရသည်။
“ငါတို့ ပို့လိုက်တဲ့ လူတွေအားလုံး ပျောက်သွားကြတယ် ၊ ဒီ့အရင်က အနက်ရောင်မြူတွေက အရမ်းမြန်မြန်ကြီး မပျံ့နှံ့သေးဘူး ၊ နောက်ဆုံးအချက်ပြတဲ့အရင်းမြစ်က ဒီနေရာပဲ”
လုံခြုံရေးအဖွဲ့ဝင်များသည် ကျင်းထောင်ရှန်းနဲ့ နီးကပ်စွာလိုက်ပါနေကြသည်။သူတို့သည် သူ့ကိုကာကွယ်နေခြင်းမဟုတ်ပေ။ ထိုအခြေအနေမျိုးတွင် ကျင်းထောင်ရှန်းနှင့် အနီးကပ်နေရခြင်းသည် ရှင်သန်နိုင်ခြေပိုများသောကြောင့် ဖြစ်သည်။ သူတို့ စကားပြောနေရင်းနှင့် မြို့အဝင်ဝသို့ရောက်လာကြသည်။ သီလလုံခြုံရေးမြို့သည် အရင်က ရွာငယ်လေးတစ်ရွာဖြစ်သည်။ထိုမြို့ပတ်ဝန်းကျင်တွင် စက်ရုံကြီးများတည်ဆောက်ခဲ့ကြသောကြောင့် မြို့လူဦးရေမှာ တိုးတက်လာခဲ့သည်။သူတို့သည် သူတို့၏ကိုယ်ပိုင်ဆေးရုံနှင့် စာသသင်ကျောင်းများကို ဆောက်လုပ်ခဲ့ကြသည်။ရေပြဿနာကို ဖြေရှင်းရန်အတါက် သူတို့သည် ဟန်ဟိုင်းရေလှောင်တမံထံမှ ပိုက်လိုင်းအနည်းကိုပင် တူးခဲ့ကြသေးသည်။
“သီလလုံခြုံရေးမြို့က လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကတည်းက စွန့်ပစ်ခံခဲ့ရတာပဲ ၊ ရှင်းပြလို့မရတဲ့ ကိစ္စတွေ အများအပြားဖြစ်ပျက်ခဲ့တယ် ၊ ဒါပေမယ့် စက်ရုံတွေ ပိုဆောက်လာပြီး လူတွေပိုချမ်းသာလာတာနဲ့အမျှ အဲ့ဒီကိစ္စတွေကို ယုံကြည်တဲ့သူတွေ နည်းပါးလာခဲ့တယ်”
ကျင်းထောင်ရှန်းဘေးရှိ လုံခြုံရေးအဖွဲ့ဝင်က နူးညံ့စွာပြောသည်။
“အနက်ရောင်မြူခိုးတွေ ရောက်လာတော့ ဘယ်မြို့သားမှ မလွတ်မြောက်ခဲ့ဘူးလား”
ကောင်းမင်တွင် မေးခွန်းတစ်ခု အမြဲရှိနေခဲ့သည်။ အနက်ရောင်မြူကဲ့သို့ ထိုမျှကြီးမားလှသော သတင်းတစ်ခုကို စုံစမ်းစစ်ဆေးရေးဌာနက မည်သို့ဖိနှိပ်ထားခဲ့သနည်း။
လုံခြုံရေးအဖွဲ့ဝင်က ခေါင်းခါလိုက်သည်။
“ဘယ်သူမှ မလွတ်မြောက်ခဲ့ဘူး ၊ တစ်မြို့လုံး မှော်ဆန်ဆန်ပဲ ပျောက်ကွယ်သွားပြီး အလွတ်ကြီးဖြစ်သွားတာ ၊ ခင်ဗျား နားမလည်တာ ကျုပ်သိတယ် ၊ ဒါပေမယ့် ဒါက အမှန်တရားပဲ ၊ အနက်ရောင်မြူတွေထဲဝင်သွားတဲ့ သာမန်လူတစ်ယောက်ရဲ့ တုန့်ပြန်မှုက သရဲပူးခံထားရတဲ့လူတွေနဲ့ အများကြီးကွာခြားတယ်၊ သူတို့က …”
“အဲ့ဒီထဲကို ဆွဲဆောင်ခံရတာပဲ”
ကျင်းထောင်ရှန်းက ဝါကျကို အဆုံးသတ်ပေးလိုက်သည်။
“မူမမှန်ဖြစ်ရပ်တွေနဲ့ မဆက်ဆံဘူးတဲ့ သာမန်လူတွေက မြူထဲက တစ်ခုခုကြောင့် ဆွဲဆောင်ခံရလိမ့်မယ် ၊ ဒါကြောင့် ငါတို့က သတင်းတွေကို ဒီလောက်မြန်မြန်ပိတ်ချနိုင်ခဲ့တာပဲ “
“သူတို့ အနက်ရောင်မြူတွေထဲဝင်သွားရင် ဘာဖြစ်သွားမှာလဲ “
“သဲလွန်စမရှိဘူး ၊ မြူထဲကနေ အသက်ရှင်ရက်ထွက်လာနိုင်တဲ့သူကို ငါတို့မတွေ့ဖူးဘူး”
ကျင်းထောင်ရှန်းက သူ့ရှေ့ရှိ အဆောက်အဦးပေါ်မှ စာသားများကို မြင်ရရန် သူ့လက်ထဲမှ မီးအိမ်ကို မြောက်လိုက်သည်။
သီလလုံခြုံရေးမြို့မှ ကြိုဆိုပါ၏။
“ဒါဆို ဒီတစ်ကြိမ် ကျုပ်တို့ ဒီကိုလာတာ မြို့သူမြို့သားတွေကို ကယ်ဖို့လည်း ပါတာပေါ့”
ကောင်းမင်က လှောင်ပြောင်လိုက်သည်။
“ဒါက စုံစမ်းစစ်ဆေးရေးဌာန လုပ်နေတဲ့အရာပဲလေ”
“အိုး ဆောရီးပါပဲ ၊ ဌာနက နူတ်ယူခဲ့တဲ့ အသက်တွေကြောင့် ကျုပ်က ခင်ဗျားတို့ကို ရန်ဘက်တွေထက် ပိုမမြင်နိုင်ဘူးဖြစ်နေခဲ့တာ”
ကောင်းမင်က သူတို့အားလုံးကို နူတ်ပိတ်သွားအောင်လုပ်လိုက်သည်။
“မြို့ထဲဝင်ပြီး အဆောက်အဦးတွေကို တစ်ခုပြီးတစ်ခုရှာကြ ၊ ရီကော်ဒါ ၀၀၃ရဲ့ နောက်ဆုံးအချက်ပြမှုက ဒီနေရာက လာတာပဲ”
အုပ်စုသည် မြို့ထဲဝင်လာပြီနောက် လူစုမခွဲဝံ့ကြပေ။ညသည် နက်သထက်နက်လာပြီး မြင်နိုင်စွမ်းသည်လည်း ပိုမိုဆိုးဝါးလာတော့သည်။
“မီးအိမ်က နောက်ထပ်နှစ်နာရီလောက်ပဲ ခံတော့မယ် ၊ မီးတောက်က ပိုအားနည်းလာပြီ ၊ မင်းတို့ အလင်းရောင်ရောက်နိုင်တဲ့ အကွာအဝေးအတွင်းမှာပဲ နေတာပိုကောင်းမယ် “
မည်သူမှ သရဲစွမ်းအားမသုံးကြပေ။သူတို့သည် မြို့အဝင်ဝနှင့် အနီးဆုံးဖြစ်သော အဆောက်အဦးထဲဝင်လိုက်ကြသည်။သူတို့ စတုတ္တထပ်သို့ ရောက်လာသောအခါ ဝမ်ကျားက ပြတင်းပေါက်ကို ထိတ်လန့်တကြားမော့ကြည့်လိုက်သည်။သူ့ဘေးတွင်ရှိနေသော လုံခြုံရေးအဖွဲ့ဝင်က စက္ကန့်အနည်းကြာအောင် အသက်ကို အမောတကောရှူလိုက်ပြီး အော်ပြောလိုက်သည်။
“ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်စမ်း ၊ မြူတွေထဲမှာ လူတစ်ယောက်လမ်းလျှောက်နေတယ် “
တက္ကစီတစ်စီးနှင့် ကိုယ်ပိုင်ကားနှစ်စီးသည် မြို့အရှေ့တောင်ဘက်ရှိ ဟိုတယ်ရှေ့တွင် ပါကင်ထိုးထားပြီး ရှေ့မီးများဖွင့်ထားဆဲဖြစ်သည်။
“သာမန်အလင်းရောင်တွေက အနက်ရောင်မြူတွေကို ဖောက်နိုင်လို့လား”
စုံစမ်းရေးမှူးများက ကျင်းထောင်ရှန်းကိုင်ထားသော ဆီမီးအိမ်ကို ကြည့်လိုက်ကြသည်။သူတို့ မျက်မှောင်ကြုတ်သွားကြသည်။
“အဲ့မှာ လူတွေ အများကြီးပဲ ၊ သူတို့ ကားထဲက ထွက်လာနေကြတုန်းပဲ “
ကျင်းထောင်ရှန်းနှင့်ကောင်းမင်တို့သည် အနက်ရောင်မြူထဲသို့ ပထမဆုံးအကြိမ်ဝင်ရောက်လာြခင်းဖြစ်သည်။ သူတို့မြင်နေရသောအရာများမှာ သက်ရှိလူသားများ ဟုတ်မဟုတ် မပြောနိုင်ပေ။
“ဘာပဲဖြစ်ဖြစ် ငါတို့တစ်ချက်သွားကြည့်မှ ဖြစ်မယ်”
ဝမ်ကျားက ကျင်းထောင်ရှန်းကို တိုက်တွန်းလိုက်သည်။
သူတို့မှာ ရီကော်ဒါ ၀၀၃ရှိနေရင်ရော ၊ သူတို့ ဒီမြို့က ထွက်သွားရင် မင်းသူတို့ကို ဘယ်တော့မှ ထပ်မြင်ရတော့မှာ မဟုတ်ဘူး”
“အောက်ဆင်းကြ”
ကျင်းထောင်ရှန်းသည် အနက်ရောင်မြူခိုးများ မည်မျှထူးဆန်းသည်ကို သိသော်လည်း ထိုအခွင့်အရေးကို လက်လွတ်ရန် ဆန္ဒမရှိပါချေ။
“သူတို့ ငါတို့ကို တခြားမြို့သားတွေ ဘယ်ပျောက်သွားလဲဆိုတာ ပြောပြနိုင်မလားမသိဘူး”
သူတို့ လှေကားများအတိုင်း အလျင်အမြန်ဆင်းလိုက်သော်လည်း သူတို့၏ ဦးခေါင်းခွံများ ထုံကျင်သွားစေမည့် တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။သူတို့ အဆောက်အဦးထဲမှ ထွက်လာပြီး လူရေတွက်လိုက်သောအခါ စုံစမ်းရေးမှူးတစ်ယောက်ပျောက်ဆုံးနေလေသည်။သူ ဘယ်အချိန်ပျောက်သွားမှန်း ဘယ်သူမှ မသိကြချေ။
“ဒီအဆောက်အဦးက သူ့ကို စားလိုက်တဲ့ပုံပဲ…”
မှောင်မည်းနေသော အဆောက်အဦးဝင်ပေါက်ကို ကြည့်ရင်း ကျင်းထောင်ရှန်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“ငါတို့ သီလလုံခြုံရေးဟိုတယ်ကို အရင်သွားကြမယ်”
သူတို့ မြို့ထဲလမ်းအတိုင်း လျှောက်လာရင်း ဆီမီးအိမ်သည် ဆက်လက်မှိန်ဖျော့လာခဲ့သည်။ ကံကောင်းသည်က ဟိုတယ်ရှေ့ရှိ ကားမီးများမှာ လင်းကျင်းနေဆဲဖြစ်ပြီး သူတို့ကို လမ်းပြပေးနေခဲ့သည်။ သူတို့သည် မြူများကိုဖြတ်၍ သူတို့၏ပုံရိပ်များကို မမြင်ရသော်လည်း စကားပြောနေသည်တော့ကို ကြားရသည်။
“ဒါက ဘယ်လိုဆိုးရွားတဲ့ ရာသီဥတုမျိုးလဲကွာ ၊ အရမ်းကံဆိုးတာပဲ “
“ကလေးတွေ အဆင်ပြေကြလား”
“သူတို့ အဆင်ပြေပါတယ် ၊ သူတို့ စိတ်တောင်မပူကြဘူး ၊ ဒါကို စိတ်လှုပ်ရှားစရာလို့တောင် ထင်နေကြတာ ၊ ခေါင်းကိုက်စရာပဲကွာ”
“ကျွန်မတို့ ခုထိ ဖုန်းလိုင်းတွေ မရသေးဘူးလား”
“မရသေးဘူး ၊ အရေးပေါ်နံပါတ်တွေကိုတောင် ခေါ်လို့မရဘူး ၊ ဒါက ကျုပ်ရဲ့ယာဉ်မောင်းသက်တမ်း နှစ်နှစ်ဆယ်အတွင်းမှာ ဒါမျိုး ပထမဆုံးကြုံဖူးတာပဲ”
အသံက ပိုမိုထင်ရှားလာသည်။မီးအိမ်မှ အလင်းရောင်သည် မြူထုကိုဖြတ်၍ ကားမီးများနှင့်ရောနှောသွားသည်။
စကားပြောနေကြသော အမျိုးသား အမျိုသမီးစုံတွဲက စုံစမ်းရေးမှူးများကို လှမ်းကြည့်လိုက်သည်။သူတို့သည် ယူနီဖောင်းဝတ်ထားသည့် လူအုပ်စုကြီးကို မြင်သောအခါ ကြောက်ရွံ့မသွားကြပေ။ထိုအစား သူတို့မျက်လုံးထဲတွင် မိုက်မဲသည့်အပြစ်ကင်းစင်မှုများ ရှိနေလေသည်။
အမျိုးသားဖြစ်သူက မည်သည့်သတိထားမှုမှ မရှိချေ။ သူက ကျင်းထောင်ရှန်းဆီသို့ တည့်တည့်လျှောက်လာခဲ့သည်။သူသည် ကယ်တင်ခံရတော့မည့်အလား ပျော်ရွှင်နေပုံရသည်။
“ခင်ဗျားတို့က မြို့စောင့်ရဲတွေလား ၊ ခင်ဗျားးတို့က ဒီလို မြူထူတဲ့နေ့မျိုးမှာတောင် အရမ်းအလုပ်ကြိုးစားတာပဲ ၊ “
ထိုအမျိုးသားက စပြောလိုက်သည်။
“ကျုပ်နာမည်က ဝေထျန်းပါ ၊ ကျုပ်က ရှင်းလု အထက်တန်းကျောင်းပထမနှစ်က ကျောင်းဒရိုင်ဘာပါ၊ ဟိုနားက အမျိုးသမီးကတော့ ဒုတိယနှစ်အတန်း အခန်း၁၃က ဆရာမပါဗျ ၊ ကျုပ်တို့က ကျောင်းလှုပ်ရှားမှုပွဲတော်တစ်ခုက ပြန်လာကြတာပါ ၊ မြူတွေက ကျုပ်တို့အပေါ်ကျလာတယ်လေ ၊ ကျုပ်တို့ ဥမင်လှိုဏ်ခေါင်းတစ်ခုကို ဖြတ်ခဲ့ပြီးတော့ အဆက်အသွယ်တွေအားလုံး ပြတ်သွားတော့တာပဲ ၊ ကျုပ်တို့ အချိန်အကြာကြီး ကားမောင်းခဲ့ပေမယ့် ဘယ်သူမှမတွေ့ခဲ့ရဘူး ၊ ဒါကြောင့် ဒီမြို့လေးမှာ ရပ်လိုက်ရတာပဲ “
ထိုလူ၏စကားများက ရှင်းလင်းပြီး လိုရင်းရောက်သည်။ သူတို့သည် အိမ်မက်ဆိုး၏ကျူးကျော်မခံရသေးသော ကမ္ဘာတစ်ခုတွင် နေထိုင်ကြပုံရသည်။ သူတို့သည် ယူနီဖောင်းဝတ်စုံစမ်းရေးမှူးများကို မြင်သောအခါ မည်သည့်သံသယမှ မရှိဘဲ အကူအညီတောင်းရန် ရောက်လာကြလေသည်။
“ခင်ဗျားတို့က ဟန်ဟိုင်းအပြင်ဘက်က လာတာလား “
ကျင်းထောင်ရှန်းက မီးအိမ်ကို မြောက်၍ သူတို့၏မျက်နှာများကို စိုက်ကြည့်လိုက်သည်။
“ဟုတ်ပါတယ် ၊ ကျုပ်တို့က ရှင်းလုကို ပြန်သွားဖို့လုပ်နေတာပါ ၊ ဒါပေမယ့် လမ်းပျောက်သွားတယ်လေ ၊ ကျောင်းသားတွေကို ကာကွယ်ဖို့ ဆရာမလီနဲ့ ကျုပ်က ကားတွေကို ဒီမှာရပ်ပြီး ကယ်ဆယ်ရေးကို စောင့်နေကြတာပဲ “
ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေခြင်းသည် အလွန်အပြစ်ကင်းစင်ပြီး ဆန္ဒရှိသော အတွေးတစ်ခုဖြစ်သည်။ စုံစမ်းစစ်ဆေးရေးဌာနသည် အခြားသူများကို ကယ်တင်ရန်မဆိုထားဘိ သူတို့ကို သူတို့ပင် မကယ်တင်နိုင်ပေ။