← Chapters

ဟန်ဟိုင်းအပြင်ဘက်ဆိုတာ ဘာလဲ

Vol. 30 Ch. 445

ဟန်ဟိုင်းအပြင်ဘက်ဆိုတာ ဘာလဲ

Vol. 30 Ch. 445

ဝေထျန်းနှင့်ဆရာမလီတို့နှစ်ဦးလုံး မည်သည့်အန္တရာယ်ကိုမှ မခံစားရပေ။ သူတို့သည် အလွန်ကာကွယ်ပေးခြင်းခံခဲ့ရသူများဖြစ်သည်။ ကျင်းထောင်ရှန်းနှင့် ကောင်းမင်တို့က သတိမလျှော့ရဲချေ။ သူတို့သည် အပြင်လူများ၏ ချို့ယွင်းချက်များကို ရှာတွေ့ရန်ကြိုးစားနေကြသည်။ နောင်တရစရာကောင်းသည့်အရာက ထိုလူအုပ်စုသည် သိုးဖြူလေးတစ်အုပ်နှင့်တူနေခြင်းဖြစ်သည်။ သူတို့တွင် သရဲများနှင့် ဆက်နွယ်နေသည့် မည်သည့်အရာမှ ရှိမနေခဲ့ချေ။သူတို့သည် သရဲဇာတ်လမ်းများအမှန်တကယ် တည်ရှိနေခြင်းကို နားလည်ပုံမရချေ။သူတို့အတွက် ထိုအနက်ရောင်မြူများသည် သဘာဝဖြစ်ရပ်တစ်ခုသာဖြစ်သည်။

“ခင်ဗျားတို့က ဟန်ဟိုင်းအပြင်ဘက်က လာတာလား”

“ဟုတ်ပါတယ်ဗျ”

“ဒီလိုဆို … ဟန်ဟိုင်းအပြင်ဘက်မှာ သရဲတစ်ကောင်မှ မရှိဘူးလား ၊ ဟန်ဟိုင်းပဲ သက်ရောက်ခံနေရတာလား”

ကျင်းထောင်ရှန်းအသံမှာ ကြောက်မက်ဖွယ်ကောင်းနေလေသည်။ဒရိုင်ဘာဝေက ခေါင်းကုတ်၍ ကျင်းထောင်ရှန်းအား ငတုံးတစ်ယောက်ဖြစ်နေသကဲ့သို့ ကြည့်လိုက်သည်။

“အဲ့လိုပြောဖို့က စောလွန်းပါသေးတယ်”

ကောင်းမင်သည် ဝေထျန်း၏စကားများထဲမှ အဓိကအချက်များကို မှတ်မိသည်။

“ရှင်းလု ပထမနှစ်အထက်တန်းကျောင်း အခန်း၁၃ ၊ ခင်ဗျားတို့က ပွဲတော်တစ်ခုပြီးတော့ ရှင်းလုကို ပြန်လာတာ ၊ ခင်ဗျားတို့ ဖြတ်လာခဲ့တဲ့ ဥမင်က ရှင်းလု ၊ ကျို့ကျန်း နဲ့ ဟန်ဟိုင်းကြားကလား ၊ အဲ့ဒါက ဟန်ရှန်းအကျဉ်းထောင်နဲ့ နီးလား”

“အမှန်ပဲ ၊ ဥမင်လှိုင်ခေါင်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက အက်ဆီးဒင့်တွေ အများကြီးဖြစ်ခဲ့ဖူးပေမယ့် အခုတော့ အများကြီးကောင်းလာပါပြီ”

ဝေထျန်းက စီးကရက်တစ်ဘူးကို ထုတ်လိုက်သည်။

“ဒါ့အပြင် ကျုပ်က ဒရိုင်ဘာလုပ်လာတာ နှစ် ၂၀ကျော်ပြီ ၊ ကျုပ်က အလုပ်မှာ အရမ်းကျွမ်းကျင်ပါတယ်”

ဝေထျန်းက စီးကရက်ဘူးကို ဖွင့်လိုက်ပြီး ကောင်းမင်နှင့် အခြားလူများကို ဝေမျှပေးလိုက်သည်။ယင်းက ကျင်းထောင်ရှန်းကို မျက်မှောင်ကြုတ်သွားစေသည်။

“စိတ်မကောင်းပါဘူး ၊ ဒါပေမယ့် ဒီမှာ ဘာဖြစ်ခဲ့တာကို ဘယ်သူသိလဲ ၊ ဘာလို့ ဒီနေရာမှာ ဘယ်သူမှရှိမနေရတာလဲ”

ခြောက်ခြားဖွယ်ရာများ မဖြစ်ပျက်ခဲ့ပေ။ထိုအစား သူတို့သည် ဟန်ဟိုင်းအပြင်ဘက်မှလာသော လူတစ်စုနှင့် ဆုံတွေ့ခဲ့ရသည်။ သူတို့၏လေသံများအရ သူတို့သည် မူမမှန်ဖြစ်ရပ်နှင့် ခြောက်ခြားဇာတ်လမ်းများအကြောင်းကို အမှန်တကယ် သိပုံမရချေ။

ဝမ်ကျား၏တွန်းလှည်းကို တွန်းပေးနေသော လုံခြုံရေးအဖွဲ့ဝင်မှာ ကြင်နာတတ်ပေသည်။သူက သူတို့၏မျှော်လင့်ချက်များကို မဖျက်ဆီးခဲ့ပေ။သူက “ဒီမြို့က အရမ်းအန္တရာယ်များတယ် ၊ အခုတော့ ခင်ဗျားတို့ဘာသာပဲ ကိုယ့်ကိုယ်ကို ကယ်တင်ရတော့မယ်” ဟုသာ သတိပေးခဲ့သည်။

“အရမ်းအန္တရာယ်များတယ် ၊ ဟုတ်လား ၊ ရှင်ဘာပြောချင်တာလဲ ၊ ဒီနေရာမှာ ကူးစက်ရောဂါတစ်ခု ရှိနေတာလား”

ဆရာမလီက တုန့်ပြန်သည်။သူမသည် သရဲများအကြောင်းကို မစဉ်းစားမိဘဲ စားသောက်ဆိုင်ဘက်ပြန်သွား၍ အော်ခေါ်လိုက်သည်။

“အခန်း ၁၃က ကျောင်းသားတွေအားလုံး အခုထွက်လာကြတော့ ၊ လျှောက်သွားမနေကြနဲ့ ၊ တံခါးဝမှာ လူစုကြမယ်”

ထိုအမျိုးသမီး၏အသံက လမ်းများတစ်လျှောက် ပဲ့တင်ထပ်သွားသည်။လုံခြုံရေးအဖွဲ့ဝင်များက သူမကို တားဆီးလိုက်သော်လည်း အလွန်နောက်ကျသွားချေပြီ။

“ကောင်းရော ၊ ခုတော့ ခင်ဗျားကြောင့် ကျုပ်တို့ဖော်ထုတ်ခံလိုက်ရပြီ”

“ရပါတယ် ၊ မီးအိမ်ကြောင့် ငါတို့ တည်နေရာက ထင်းထင်းကြီးပေါ်နေပြီးသားပဲလေ”

ကျင်းထောင်ရှန်းသည် သူတို့လာခဲ့သော လမ်းကို လက်ညိုးထိုးပြလိုက်ပြီး အမျိုးသမီးဆရာမကို သူတို့နှင့်အတူ ပူးပေါင်းစေလိုက်သည်။

“ဟန်ရှန်းအကျဉ်းထောင်က ဒီနေရာနဲ့ သိပ်မဝေးဘူး၊ စိတ်ဖောက်နေတဲ့ ထောင်သားတချို့ထွက်ပြေးသွားကြတယ် ၊ သူတို့က ဒီမြို့ထဲမှာ ပုန်းနေနိုင်တယ် ၊ သူတို့က လူတွေကိုနှိပ်စက်တတ်ပြီး လူသားစားရတာတွေ ၊ လူသွေးသောက်ရတာတွေကို ကြိုက်ကြတယ်”

ဆရာမလီ၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။သို့သော်လည်း သူမသည် ကြောက်ရွံ့နေသည့်ကြားမှပင် သူမ၏ပထမဆုံးတုံ့ပြန်မှုမှာ သူမ၏ကလေးများကို ရှာဖွေရန် စားသောက်ဆိုင်ထဲပြေးဝင်သွားခြင်းဖြစ်သည်။ယင်းသည် အလွန်လေးစားစရာပင်။ကျောင်းသားများ တဖြည်းဖြည်းထွက်လာကြသည်။ ကိုယ်ပိုင်ကားနှစ်စီး၏ပိုင်ရှင်များလည်း ထွက်လာကြသည်။

ဇိမ်ခံကားကို မောင်းနှင်လာသူမှာ သက်ကြီးပိုင်းစုံတွဲတစ်တွဲဖြစ်သည်။ သူတို့ကား ဟန်းနီးမွန်းကာလတွင် ရှိနေကြပုံရသည်။အမျိုးသား၏လက်များမှာ သူ့လက်တွဲဖော်အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်တွင် တရစ်ဝဲဝဲရှိနေလေသည်။

“ဟယ်လို ကျုပ်က မသေဆေးနည်းပညာရဲ့ အရောင်းဌာနက ဒုမန်နေဂျာပါ ၊ ကျုပ်ကို လယ်ရီလို့ ခေါ်လို့ရပါတယ် ၊ ကျုပ်က မင်းတို့အားလုံးထက် အသက်ကြီးမယ့်ပုံဆိုတော့ မင်းတို့စိတ်မရှိရင် ကျုပ်ကို အစ်ကိုကြီးလယ်ရီလို့ ခေါ်လို့ရပါတယ်”

ထိုအမျိုးသား၏ရုပ်ရည်မှာ သာမန်သာဖြစ်သည်။ သူသည် တစ်နည်းနည်းဖြင့် ဈေးကြီးသောအဝတ်အစားများကို ဈေးပေါသယောင်ဖြစ်အောင် ဝတ်ဆင်ထားလေသည်။သူ့ရည်းစားမှာ အလွန်လှပသည်။သူတို့သည် စုံတွဲတစ်တွဲထက် သားအဖနှင့်သာ ပိုတူပေသည်။

“ကျုပ်က အစည်းအဝေးတစ်ခုတက်ဖို့ ရှင်းလုက ပင်မကုမ္ပဏီဆီကို သွားနေတာပါ၊ ဒါက အရေးပေါ်ကိစ္စမို့ပါ ၊ ကျုပ်ကို မင်းတို့ရဲ့အထက်လူကြီးဆီကို ခေါ်သွားပေးနိုင်မလား”

အားလုံး လယ်ရီ့ကို လျစ်လျူရှုလိုက်ကြသည်။ ကျင်းထောင်ရှန်းနှင့်ဝမ်ကျားသည် ထိုလူ၏ခန္ဓာကိုယ်ထဲတွင် သရဲများပုန်းနေလိမ့်မည်ဟု မထင်ပေ။

အခြားကားတစ်စီးထဲမှ ထွက်လာသူများမှာ လူငယ်လေးလေးယောက်ဖြစ်သည်။ သူတို့သည် ဖက်ရှင်ကျကျ ဝတ်စားထားကြသည်။ ကားမောင်းသူမှ လွှဲ၍ အခြားသုံးယောက်မှာ အရက်သောက်ထားကြသည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် အိပ်ပျော်လုမတတ်ဖြစ်နေလေသည်။

“သူတို့က သရဲတွေ ၊ မကောင်းဆိုးဝါးတွေနဲ့ မတူပါဘူး “

လုံခြုံရေးအဖွဲ့ဝင်များသည် ဝေထျန်းကို ပိုယုံကြည်လာကြသည်။ထိုလူများသည် သရဲများကို အရင်က ကြုံဖူးကြပုံမရပေ။

အခန်း ၁၃မှ ကျောင်းသားများ ကျောင်းဘတ်စ်ကားနားတွင် စုဝေးလာကြသည်။ဆရာမလီက လူရေတွက်လိုက်သည်။သူမ မေ့လဲမတတ်ဖြစ်သွား၏။ကျောင်းသားငါးယောက် ပြန်ရောက်မလာပေ။ သူတို့သည် ပါးလွှာသောလေထုထဲတွင် ပျောက်ကွယ်သွားခဲ့သလိုဖြစ်နေသည်။

“မဟုတ်ဘူး ၊ ကျွန်မ သူတို့ကို သွားရှာမှရမယ် ၊ ကျန်တဲ့လူတွေ ဘတ်စ်ကားပေါ်တက်ကြစမ်း ၊ ဘယ်သူကိုမှ ကားပေါ်က ထွက်ခွင့်မပြုဘူး “

ဆရာမလီသည် စိုးရိမ်ပူပန်နေသော်လည်း စားသောက်ဆိုင်ထဲသို့ တစ်ယောက်တည်းဝင်မသွားဝံ့ပေ။ သူမသည် စုံစမ်းရေးမှူးများဘက် လှည့်၍ အကူညီတောင်းတော့သည်။

“ကျုပ်တို့က ရဲတွေမဟုတ်ပါဘူး ၊ ကျုပ်တို့မှာ ခင်ဗျားကို ကူညီဖို့ တာဝန်မရှိပါဘူး”

ကျင်းထောင်ရှန်းက ဆီမီးအိမ်ကို သူ့ရှေ့တွင်ချလိုက်သည်။

“ဒီမြို့က အန္တရာယ်များတယ် ၊ ခင်ဗျားတို့ကို ခင်ဗျားတို့ကိုယ်တိုင်ပဲ ကယ်တင်နိုင်မယ်”

လုံခြုံရေးအဖွဲ့ဝင်များသည် သူတို့ကို သနားမိသော်လည်း သနားခြင်းက သူတို့ကို သေစေနိုင်ရုံသာဖြစ်ကြောင်း သူတို့သိကြသည်။ မှောင်မိုက်နေသော စားသောက်ဆိုင်ခန်းမသည် ပါးလွှာသောအနက်ရောင်မြူများ ဖုံးလွှမ်းနေလေသည်။ဆရာမလီသည် လေးနက်သောအသွင်အပြင်ဖြစ်နေခဲ့သည်။သူမသည် တစ်ကိုယ်တည်းဝင်သင့်မဝင်သင့် စဉ်းစားနေခြင်းဖြစ်သည်။သူမ၏ ပျောက်ဆုံးနေသောကျောင်းများက အန္တရာယ်ကြုံနေရနိုင်သည်။

“ကျွန်တော် ခင်ဗျားနဲ့အတူလိုက်ခဲ့မယ် “

ရုတ်တရက် ကောင်းမင်က ကမ်းလှမ်းလိုက်သည်။

“ခင်ဗျား ကျွန်တော့်ကို ယုံရင် ကျွန်တော်တို့နဲ့အတူလိုက်လာဖို့ ကျောင်းသားနဲနဲလောက် ရွေးလို့ရမလား ၊ လူပိုများတော့ ရာဇဝတ်ကောင်တွေနဲ့ ကြုံရရင် ကျွန်တော်တို့ ပြန်တိုက်ခိုက်လို့ရတာပေါ့”

“မရဘူး”

ဆရာမလီက သူမကျောင်းသားများကို ကာကွယ်ရန် ငြင်းလိုက်သော်လည်း ကောင်းမင်က သူမကို တိုက်ရိုက်ကျော်ဖြတ်သွားလိုက်သည်။

သူ့ခန္ဓာကိုယ်က မီးအိမ်အကွာအဝေးအတွင်းမှ ထွက်လိုက်သည်နှင့် အနက်ရောင်မြူများသည် အသက်ရှိနေသကဲ့သို့ ကောင်းမင်ထံတွင် ကပ်ညှိလာကြသည်။၎င်းတို့သည် တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး သူ့ခန္ဓာကိုယ်ထဲသို့ တွားဝင်နေချင်ပုံရသည်။ ကောင်းမင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သွေးနီရောင်မြို့တော်တက်တူးကို သူ့နှလုံးသားအတွင်း ကွယ်ဝှက်လိုက်သည်နှင့် အနက်ရောင်မြူများမှာ ဖြည်းညင်းစွာ ပုံမှန်ပြန်ဖြစ်သွားလေသည်။ သရဲတက်တူးအနည်းငယ်မျှ ကောင်းမင်ထုတ်ဖော်မိသည်နှင့် သူပစ်မှတ်ထားခံရမည်ဖြစ်သည်။

“ဒီ အနက်ရောင်မြူတွေက ဟန်ဟိုင်းကလူတွေကိုပဲ ပစ်မှတ်ထားတဲ့ပုံပဲ ၊ ဒါတွေက ဟန်ဟိုင်းကလူတွေ အပြင်ထွက်မသွားအောင် တားဆီးဖို့ကြိုးစားနေတာ…”

ဟန်ဟိုင်းသည် ကွာရန်တင်းဇုန်(သီးခြားဇုန်)တစ်ခုကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ အနက်ရောင်မြူခိုးများက အကာအကွယ်ဖြစ်သည်။

“အပြင်ဘက်က လူတွေက ဟန်ဟိုင်းထဲက လူတွေကို ဘာကြောင့်ထိန်းသိမ်းထားချင်တာလဲ ၊ အကာအကွယ်ပေးဖို့လား ဒါမှမဟုတ် ရှင်းလင်းဖို့လား”

သူ့လက်ချောင်းများက ဘတ်စ်ကားကို ထိတွေ့လိုက်သည်။ဘတ်စ်ကားသည် သူ့မှတ်ဉာဏ်ထဲမှ ဘတ်စ်ကားနဲ့ ဆင်တူသည်။သူဘတ်စ်ကားထဲ ဝင်လိုက်သည်။ စိုးရိမ်ပူပန်နေသည့် ငယ်ရွယ်သောမျက်နှာလေးများကို သူမြင်လိုက်ရသည်။

“၄၅ယောက်ရှိတယ် ၊ ပျောက်နေတဲ့ ငါးယောက်ကို ထပ်ပေါင်းလိုက်ရင် မင်းတို့အခန်းမှာ ကျောင်းသားအယောက် ၅၀ရှိတာလား”

ကောင်းမင်က သူနှင့်အနီးဆုံးကျောင်းသားကို မေးလိုက်သည်။

ကျောင်းသားက ခေါင်းခါလိုက်ပြီး သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။

“ကျွန်တော်တို့က ၅၁ယောက်ရှိတာပါ ၊ ဒါပေမယ့် တစ်ယောက်က နေမကောင်းဖြစ်နေလို့ ကျောင်းပွဲတော်မှာ မပါခဲ့ပါဘူး “

“အခန်း ၁၃က ကျောင်းသား၅၁ယောက်တဲ့လား ၊ ဒါက နောက်ထပ်တိုက်ဆိုင်မှုပဲလား”

ကောင်းမင်သည် အနက်ရောင်မြူထဲမှ တည်ရှိမှုက သားစားကြူးနတ်ဘုရား၏ဖြစ်တည်မှုကို အာရုံမခံမိစေရန် တဒုန်းဒုန်းခုန်လာနေသော သူ့နှလုံးခုန်သံကို တားဆီးရန်ကြိုးစားလိုက်ရသည်။

All Chapters