← Chapters

မင်းနေရာမှန်ကို ရောက်လာတာပဲ

Vol. 30 Ch. 447

မင်းနေရာမှန်ကို ရောက်လာတာပဲ

Vol. 30 Ch. 447

“ကျွန်မလည်း လိုက်ချင်တယ်”

မျက်နှာတွင် အစက်အပြောက်များရှိသော မိန်းကလေးက နောက်ကျမည်စိုး၍ ချက်ချင်း လက်ထောင်လိုက်သည်။

“ကျွန်တော့်ကိုလည်း ခေါ်ပါ ၊ ကျွန်တော်က စုံထောက်ဝတ္ထုတွေ အများကြီး ဖတ်ထားတယ်ဗျ”

“ပြီးတော့ ကျွန်တော့်အဖေက မှုခင်းဆရာဝန်ပါဗျ”

“ကျွန်တော့်ကို သွားခွင့်ပေးပါ ၊ ကျွန်တော်က အတန်းထဲမှာ အကောင်းဆုံး အားကစားသမားပါ ၊ ကျွန်တော်က သိုင်းပညာတွေ သင်ပြီး ကြီးပြင်းလာခဲ့တာပါ”

ကောင်းမင်အတွက် အံ့အားသင့်ရသည်မှာ ဤကျောင်းသားများသည် သေဆုံးခြင်းကို သေသေချာချာ နားမလည်ကြခြင်းပင်ဖြစ်သည်။ သို့မဟုတ် သူတို့တွင် ဇာတ်လိုက်၏ အကာအကွယ်ရှိသည်ဟု ယုံကြည်နေကြခြင်းပင် ဖြစ်သည်။ သူတို့ထဲမှ များစွာသောလူများသည် ကောင်းမင်နှင့်အတူ လိုက်ပါရန် စေတနာ့ဝန်ထမ်းလုပ်နေကြသည်။

“မင်းတို့ ဒါကို သေသေချာချာစဉ်းစားတာ ပိုကောင်းမယ်”

ကောင်းမင်က အမူအရာမဲ့စွာ ပြောလိုက်သည်။ ထိုကျောင်းသားများသည် သူ့အား NPC တစ်ယောက်အဖြစ် တကယ်ပင် မှတ်ယူနေကြခြင်းဖြစ်သည်။

“ဟိုတယ်ထဲမှာ ဘာရှိလဲကို ငါမသိဘူး ၊ ရာဇဝတ်သားတွေနဲ့ လူသတ်သမားတွေကို ကိုင်တွယ်ဖို့က လွယ်တယ် ၊ ဒါပေမဲ့ မင်းတို့ နားမလည်နိုင်တဲ့ အရာတွေကို ကြုံတွေ့ရနိုင်တယ် ၊ အဲဒါတွေက မင်းတို့ကို မြူတွေထဲ ဆွဲခေါ်သွားလိမ့်မယ်၊ ပြီးတော့ သေခြင်းတရားထက် ပိုဆိုးတဲ့အရာကို ခံစားရလိမ့်မယ်”

ကောင်းမင်သည် စကားအနည်းငယ်ဖြင့် ကျောင်းသားများကို တည်ငြိမ်စေလိုက်သည်။

“ဒါ့အပြင် ငါဒါကို အလေးပေး ပြောချင်တယ် ၊ ဒါက ဂိမ်းတစ်ခုမဟုတ်ဘူး ၊ ဒီမှာ သေရင် တကယ်သေမှာပါ”

ကျောင်းသားအနည်းငယ် လက်ပြန်ချလိုက်ကြသည်။ မျက်နှာတွင် အစက်အပြောက်များရှိသော မိန်းကလေးနှင့် မျက်မှန်တပ်ကလေးသာ နောက်မဆုတ်ကြပေ။

“ဘာမှ မလုပ်ဘဲနေတာက ကျွန်တော်တို့ရဲ့ အခြေအနေကို ပြောင်းလဲစေမှာ မဟုတ်ဘူး ၊ ကယ်ဆယ်ရေးကို စောင့်နေတာက မကောင်းတဲ့ရွေးချယ်မှုမဟုတ်တာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်ရဲ့ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ထားချင်တယ် ၊ ဒါက ဂိမ်းတစ်ခုဆိုရင် မစ်ရှင်ပြီးတာနဲ့ ဆုလာဘ်တစ်ခုတော့ ရှိမှာပဲ ၊ ဒါက စွမ်းရည်တိုးတာ ဒါမှမဟုတ် ကျွမ်းကျင်မှု ရတာ ဖြစ်နိုင်တယ် ၊ ဒါက ကျွန်တော်တို့ကို ဒီနေရာကို ပိုသိလာဖို့ သေချာပေါက် အကူအညီဖြစ်စေလိမ့်မယ်”

လီဝမ်က သူ့ထိုင်ခုံမှ တိုက်ရိုက်ထွက်လိုက်သည်။

“ကောင်းပြီလေ ၊ ငါတို့သုံးယောက်နဲ့ အတန်းအားကစားသမား လိုက်လို့ရတယ်”

ကောင်းမင်သည် နောက်တန်းမှ ကျောင်းသားကို လက်ညှိုးထိုးပြလိုက်သည်။ သူသည် ထိုကျောင်းသားကို မြင်သောအခါ စီဆန်းကို သတိရမိသည်။

“မင်း နာမည် ဘယ်လိုခေါ်လဲ”

“လျူဝူပါ”

လျူဝူသည် အရပ်မရှည်သော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်သည်။

“မင်းတို့ နှစ်ယောက်ကကော”

“ကျွန်တော်က အခန်း ၁၃ ရဲ့ အတန်းခေါင်းဆောင် ချန်ကျင်းပါ”

မျက်မှန်တပ်ကျောင်းသားက သူ၏ကျောပိုးအိတ်ကို ကောက်ယူလိုက်သည်။ သူသည် အနည်းငယ် ကြောက်ရွံ့နေဆဲဖြစ်သည်။

“ကျွန်မနာမည်က ရှန်းတုရှောင်ပါ ၊ ရှောင်လေးလို့ ခေါ်လို့ရပါတယ်”

မျက်နှာတွင် အစက်အပြောက်များရှိသော မိန်းကလေးမှာ စွမ်းအင်များပြည့်နေပြီး အလွန်ရဲရင့်သည်။ ဆံပင်ကို မြင်းမြီးစည်းထားသဖြင့် သူမသည် ထက်မြက်ပုံရသည်။

“မရဘူး ၊ မင်းတို့ထဲက ဘယ်သူမှ ဘယ်မှသွားခွင့်မရှိဘူး ၊ အလုပ်ကို လူကြီးတွေဆီပဲ ချန်ထားလိုက်”

ဆရာမလီက ကောင်းမင်၏အဝတ်စကို လှမ်းဆွဲလိုက်သည်။

“ရှင် ဘယ်သူ့အတွက် အလုပ်လုပ်နေလဲဆိုတာ ကျွန်မဂရုမစိုက်ဘူး ၊ ကျောင်းသားတွေကို ဒီလိုအန္တရာယ်များတဲ့ အလုပ်တစ်ခုကို လုပ်ခိုင်းဖို့ ရှင့်မှာ အခွင့်အရေးမရှိဘူးနော်”

“ကျွန်တော် သူတို့ကို အတင်းအကျပ်မခိုင်းပါဘူး ၊ ဒါက သူတို့ကောင်းဖို့ပါ”

ကောင်းမင်က ဆရာမလီကို အသာအယာတွန်းဖယ်လိုက်သည်။

“သူတို့ကို မျက်စိစုံမှိတ်ကာကွယ်ပေးနေတာက သူတို့ကို ထိခိုက်စေမှာပဲ ၊ သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတာကို ခင်ဗျား မမြင်ချင်ဘူးမလား ၊ လူသတ်သမားတွေကို ကိုင်တွယ်ရတာက အလွယ်ကူဆုံးခြိမ်းခြောက်မှုပါ ၊ မမြင်နိုင်တဲ့ တည်ရှိမှုကသာ အန္တရာယ် အစစ်အမှန်ပဲ”

“ဆရာမ၊ ကျွန်မကို သူနဲ့သွားခွင့်ပြုပါ ၊ ဆရာမမှာ လူအင်အား မလုံလောက်ဘူးဆိုတာ ကျွန်မ သိပါတယ် ၊ ကျွန်မတို့လည်း ကူညီချင်ပါတယ်”

ရှန်းတုရှောင်က တိုက်ရိုက်ပင် ပြောလိုက်သည်။ သူမသည် သူမ၏ကျောပိုးအိတ်ကိုပင် မယူဘဲ လက်ဗလာဖြင့် သွားရန် စီစဉ်နေခြင်းဖြစ်သည်။

“အတန်းထဲမှာသာ ဒီလောက်အာရုံစိုက်ရင် တော်တော်ကောင်းမှာပဲ”

ဘတ်စ်ကားပေါ်ရှိ လူများ အငြင်းပွားနေကြစဉ် ကိုယ်ပိုင်ကားများတွင် ပြဿနာတက်လာခဲ့သည်။ အရက်မူးနေသော လူငယ်သည် အိပ်မက်မှ နိုးလာပြီး ဆီးသွားချင်နေလေသည်။ သူ့သူငယ်ချင်းများက သူ့ကို ဆွဲထားကြသည်။

“ဂေါင်ကြီး ငြိမ်ငြိမ်နေစမ်း”

“သေစမ်း ၊ ငါ ထိန်းထားနိုင်တော့ဘူးဟ ၊ မင်းတို့ ငါ့ကို လွှတ်မပေးရင် မင်းကားထဲမှာ သေးပေါက်ပစ်မယ်”

ကားတံခါးက ပွင့်သွားသည်။ ဂေါင်ကြီးသည် အနက်ရောင်မြူခိုးများကို မြင်သောအခါ အံ့အားသင့်သွားသည်။

“ဘာတွေ ဖြစ်နေတာလဲ”

“ဟန်ရှန်း အကျဉ်းထောင်က သေဒဏ်ကျအကျဉ်းသားတွေ ထွက်ပြေးသွားပြီး ဒီမြို့ထဲမှာ ပုန်းနေကြတယ်တဲ့”

သူ့သူငယ်ချင်းများက ချက်ချင်း သူ့ကို ဆွဲဖမ်းလိုက်ကြသည်။

“သူတို့ အခု ငါတို့ကို ထောက်လှမ်းနေနိုင်တယ် ၊ ကျောင်းသား ငါးယောက်တောင် ပျောက်သွားပြီ”

ဂေါင်ကြီးက သူ့လည်ပင်းကို ကျုံ့လိုက်သော်လည်း သူထပ်ထိန်းမထားနိုင်တော့ပေ။

“ငါ အဝေးကြီး မသွားပါဘူးကွာ ၊ ဟိုနားက မီးတိုင်နားလေးပဲ ၊ မင်း ငါနဲ့အတူ လိုက်ခဲ့လို့ရတယ်”

အနက်ရောင်မြူခိုးက ထူထဲလာလေသည်။ သူတို့နှင့် ၄ မီတာအကွာတွင် ခပ်ပါးပါးအရိပ်တစ်ခု ရှိနေသည်။

“ဒါဆို မြန်မြန်လုပ်”

ဂေါင်ကြီးသည် သူ့သူငယ်ချင်းနှင့်အတူ မြူခိုးထဲသို့ ဦးတည်သွားလိုက်သည်။ သူ ကြောက်ရွံ့နေခဲ့သည်။ သူ မရောက်မီတွင် သူ့ခါးပတ်ကို စဖြုတ်ထားသည်။

ထိုအသံကို ကြားသဖြင့် သူ့သူငယ်ချင်းက ဂေါင်ကြီးထံမှ နောက်လှည့်ပေးလိုက်သည်။

“မင်းကို အရက်အရမ်းမသောက်ဖို့ ပြောထားတာကို နားမထောင်ဘူး ၊ မင်းမိန်းမသိရင် ငါတို့ကို ဆူလိမ့်မယ်ကွ”

“ပြီးပြီလား ၊ မင်း အရမ်းမူးနေလို့ သေးဘယ်လိုပေါက်ရမလဲ မသိတော့ဘူးလား”

ထိုနေရာသည် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

“ဂေါင်ကြီး”

သူ လှည့်ကြည့်လိုက်သောအခါ လူငယ်၏မျက်လုံးများ ပြူးကျယ်သွားသည်။ ဂေါင်ကြီးနှင့် ခပ်ပါးပါးအရိပ်တို့ နှစ်ခုလုံး ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။ ကြောက်စရာကောင်းသော အတွေးတစ်ခု သူ့စိတ်ထဲ ပေါ်လာခဲ့သည်။ သူတို့ မြင်ခဲ့ရသော ခပ်ပါးပါးအရိပ်က မီးတိုင်တစ်တိုင် မဟုတ်ဘူးလား။

လူငယ်သည် ရှေ့မီးများရှိရာသို့ ခလုတ်တိုက်လျက် အပြေးရောက်သွားသည်။

“မကောင်းတော့ဘူး ၊ ဂေါင်ကြီး ပျောက်သွားပြီ”

သက်ရှိလူသားတစ်ဦးသည် လေထဲတွင် အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။ လူငယ်က သူကြုံတွေ့ခဲ့ရသည်ကို လူတိုင်းအား အမြန်ပြောပြလိုက်သည်။ သူသည် သရဲ သို့မဟုတ် မည်သည့်အရာကိုမှ မမြင်ခဲ့ရပေ။ ထို အမည်မသိကြောက်ရွံ့မှုက ထိုလူငယ်၏ခံစစ်ကို ချိုးဖျက်ပစ်လိုက်သည်။ သူသည် ကားထဲတွင် ပုန်းအောင်းနေပြီး ထွက်လာရန် ငြင်းဆန်နေတော့သည်။

ကျင်းထောင်ရှန်းက ခေါင်းသာခါလိုက်သည်။ ဤလူများ၏ဝမ်းနည်းဖွယ် အနာဂတ်ကို သူမြင်နိုင်ပေသည်။ သူသည် လုံခြုံရေးအဖွဲ့ဝင်များကို လူများနှင့် ကားများပတ်လည်တွင် ဦးဆောင်နေခဲ့သည်။ ရီကော်ဒါ ၀၀၃ ၏ အချက်ပြမှုမရှိကြောင်း သေချာစေပြီးနောက် သူထွက်ခွာရန် ပြင်လိုက်သည်။

“ဟေ့လူ ၊ မင်း ဒီအတိုင်း ထွက်သွားတော့မလို့လား”

အစ်ကိုလယ်ရီက သူ၏ပါတနာကို လွှတ်လိုက်သည်။

“ကျုပ် မင်းရဲ့ အထက်အရာရှိကို တွေ့ဖို့လိုတယ် ၊ ကျုပ်မှာ မသေဆေးနည်းပညာရဲ့ အရေးကြီးတဲ့ ပရောဂျက်တစ်ခု ရှိတယ် ၊ ကျုပ် ရှင်းလုကို အမြန်ဆုံးပြန်ရောက်ဖို့ လိုတယ်”

လယ်ရီသည် သူ၏ကောင်မလေးအား ကားထဲသို့ ပြန်ဝင်ရန် ပြောလိုက်ပြီးနောက် ကျင်းထောင်ရှန်းနောက်သို့ ပြေးလိုက်သွားသည်။ အခြား လုံခြုံရေးအဖွဲ့ဝင်များက သူ့ကို မည်သို့ ထူးဆန်းစွာကြည့်ရှုနေသည်ကို သူသတိမထားမိပေ။

ဆီမီးအိမ်သည် နောက်ထပ်နှစ်နာရီသာ လောင်ကျွမ်းနိုင်တော့မည်ဖြစ်သည်။ ထို့နောက်တွင် သူတို့သည် လူ့အဆီ အရင်းအမြစ်အသစ်တစ်ခု လိုအပ်လိမ့်မည်ဖြစ်သည်။ အနက်ရောင်မြူခိုးထဲရှိ အရာက ယင်းကို ရှာမတွေ့ခင် သူတို့ ဒါကိုလုပ်ဆောင်ရမည်ဖြစ်သည်။

“ရှင်က သူတို့နဲ့အတူ လိုက်စရာ မလိုဘူးလား”

ရှန်းတုရှောင်သည် ကောင်းမင်ဘေးတွင် လိုက်ပါလာပြီး ကျင်းထောင်ရှန်းကို လက်ညှိုးထိုးပြလိုက်သည်။

“သူတို့က စုံစမ်းစစ်ဆေးရေးဌာနကပါ ၊ ငါက ခြောက်ခြားဂိမ်း ကစားသမားတစ်ယောက်လေ”

ကောင်းမင်က အသာအယာ ပြုံးပြလိုက်သည်။

“ငါတို့က ညဘက်မှာ ရှင်သန်ပြီး အမျိုးမျိုးသော မူမမှန်မှုတွေကြား လျှောက်သွားကြတယ် ၊ ငါတို့က ကျိန်စာတွေ ၊ သရဲတွေနဲ့အတူ ရှိကြတယ် ၊ အဆုံးသတ်ကျရင် ငါတို့ဟာ ဟန်ဟိုင်းရဲ့ ပိုင်ရှင် ဖြစ်လာလိမ့်မယ်”

ကောင်းမင် ထိုသို့ပြောလိုက်သောအခါ ကျောင်းသားများ၏မျက်လုံးများ တောက်ပလာကြသည်။ သူက NPC တစ်ယောက်လို မပြုမူတော့ဘူးလား။

“ဆိုလိုတာက သရဲတွေကို အနိုင်မယူနိုင်တာမဟုတ်ဘူး၊ ပြီးတော့ ကျွန်တော်တို့ သူတို့ကို တိုက်ခိုက်ဖို့ နည်းလမ်းတွေ ရှာနိုင်တယ်ပေါ့”

ချန်ကျင်းက မေးခွန်းကို ထောက်ပြလိုက်သည်။

“သီအိုရီအရတော့ ဟုတ်ပါတယ် ၊ မင်း မူမမှန်မှုတွေကို ပိုကြုံတွေ့ရလေ ပိုသန်မာလာလေပဲ”

ကောင်းမင်က လက်ချောင်းငါးချောင်းကို ဆန့်ထုတ်လိုက်သည်။

“ခြောက်ခြားဂိမ်း ကစားသမားတစ်ယောက်ရဲ့ ခွန်အားကို စွမ်းရည်ငါးခုနဲ့ သတ်မှတ်ထားတယ် ၊ ခိုင်မာတဲ့ နှလုံးသား၊ သန်မာတဲ့ ခန္ဓာကိုယ်၊ ယင်ဝိညာဉ်၊ ဦးနှောက်စွမ်းအားနဲ့ တွယ်တာမှု။ မင်းတို့ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ တကယ့်သေမင်းဂိမ်းတွေကို စိတ်ဝင်စားတယ်ဆိုရင် မင်းတို့ မှန်ကန်တဲ့နေရာကို ရောက်နေပါပြီ”

All Chapters