← Chapters

ဘာရည်ရွယ်ချက်နဲ့ ချည်းကပ်တာလဲ

Vol. 6 Ch. 77

ဘာရည်ရွယ်ချက်နဲ့ ချည်းကပ်တာလဲ

Vol. 6 Ch. 77

နာရီဝက်ကြာပြီးသည့်နောက်တွင်ဖြစ်သည်။

ပေကျင်းရှိ သီးသန့်ခန်းတစ်ခန်းတွင်ဖြစ်သည်။

ချန်ကျိုးကို စားပွဲထိုးတစ်ဦးက အတွင်းဘက်အကျဆုံး သီးသန့်ခန်းဆီ ခေါ်ဆောင်သွားခဲ့သည်။

ကော်ရစ်ဒါမှဆင်းရင်း ချန်ကျိုး၏ ခြေလှမ်းများက အလျှင်လိုမနေပေ။

သူက အတွင်းဘက် တည်ငြိမ်နေကာ အပြင်ပန်းတွင် ထင်ဟပ်နေသည်။

ယွဲ့ကျီးပန်းဆိုင်တွင် အလုပ်လုပ်ကတည်းက သူကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပြီးထားဖြစ်သည်။

ထိုအကြွင်းမဲ့အာဏာရှိသောလူသည် တစ်နေ့တွင် သူ့ကို ခြေရာခံမိမည်ကို သူသိနှင့်ပြီးထားဖြစ်သည်။

အကယ်၍ သူသာ ချီမော့နှင့် မျက်နှာချင်းဆိုင် တွေ့ရသည့် နေ့တွင် ပြောမည့်စကားကို စိတ်ကူးပြီးထားဖြစ်သည်။

ယခုတော့ ထိုနေ့ရောက်လာပြီဖြစ်သည်။

သူ့ရင်ထဲတွင် စိတ်လှုပ်ရှားသည့် လှိုင်းကြီးဖြစ်ပေါ်နေသည်။

မူလက ပြောဖို့စီစဉ်ထားသည့် စကားတွေအားလုံးက ပျောက်ကွယ်ကုန်ပြီဖြစ်သည်။

စားပွဲထိုးက သီးသန့်ခန်း၏တံခါးကိုဖွင့်ပေးကာ ချန်ကျိုး ဝင်ဖို့ ပြုလုပ်ပေးခဲ့သည်။

ချီမော့က ပြတင်းပေါက်ဘေးရှိ ဆိုဖာထက်တွင် ခြေချိတ်ကာ ထိုင်နေသည်။

သူ့မျက်နှာက အမှောင်ရိပ်ထဲ ရောက်နေသဖြင့် အမူအရာက သိပ်မရှင်းလင်းပေ။

ချန်ကျိုးက အသက်ရှူသွင်းလိုက်ပြီးနောက် အံကြိတ်ကာ ချီမော့၏ ရှေ့ခုံတွင် ဝင်ထိုင်လိုက်သည်။

သူက အားတင်း၍ပြုံးပြီး နှုတ်ဆက်လိုက်သည်။ “မစ္စတာချီ တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော်က ယွဲ့ကျီးပန်းဆိုင်ရဲ့ မန်နေဂျာ ချန်ကျိုးပါ။”

ချီမော့က သူ့ကို အေးစက်စွာ မော့ကြည့်လိုက်သည်။

သူ့အကြည့်က ချန်ကျိုး၏ မျက်နှာကို ဖြည်းဖြည်းချင်း ကြည့်နေသည်။

အကြည့်တိုင်းက သူ့ကို စေ့စေ့စပ်စပ် ကြည့်နေပုံရသည်။

သူ၏ စေ့စပ်စွာ ကြည့်ရှုမှုအောက်တွင် ချန်ကျိုးက စိတ်လှုပ်ရှားလာသည်။

တင်းမာမှုကိုဖြိုဖျက်ရန် သူစကားစပြောတော့မည့် အချိန်မှာပဲ ချီမော့၏ အေးစက်သည့် အသံကို ကြားလိုက်ရလေသည်။

“တွေ့ရတာ ဝမ်းသာပါတယ် ချန်ကျိုး ဒါမှမဟုတ် ဖန်ချန်းအုပ်စုရဲ့ ဒုတိယသခင်လေးလို့ ခေါ်ရမလား။”

နောက်ဆုံးစကားကြောင့် ချန်ကျိုးက သူ့ကို ကြည့်လိုက်လေသည်။

ချန်ကျိုးက နှလုံးဆို့နင့်နေသကဲ့သို့ အသက်ရှူသံက ပြတ်တောင်းပြတ်တောင်းဖြစ်နေသည်။

သူက ပြုံးနေဆဲဖြစ်သော်လည်း အထဲက တင်းကြပ်မှုကို မဖုံးကွယ်ထားနိုင်ပေ။

စားပွဲအောက်တွင် ဝှက်ထားသည့်လက်က လက်သီးဆုပ်လိုက်လေသည်။

အလွန်ကြောက်ရွံ့နေသည်။

ထိုလူ၏ မျက်လုံးတွေက အရာအားလုံးကို ဖောက်ထွင်းမြင်နေရပုံပေါ်သည်။

ချန်ကျိုးက သတ္တိမကြောင်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသည့် အစ်ကို လက်အောက်တွင် ကြီးပြင်းလာသည့်သူက သူ့အရွယ်လူငယ်များထက် သတ္တိရှိသူ ဖြစ်သည်။

ထိုအချိန်တွင် သူ့အစ်ကိုထံမှ ရရှိသည့် ဖိနှိပ်သည့်အားမျိုးကို ချီမော့ထံမှ သူရလိုက်လေသည်။

အကယ်၍ သူသာ တစ်ခုမှပြန်မပြောပါက အားနည်းပုံပေါ်မည်ဖြစ်သည်။

ချန်ကျိုးက လက်သီးဆုပ်ပြီး တည်ငြိမ်အောင် ပြုလုပ်ပြီးနောက်တွင် ပွင့်လင်းသည့် အမူအရာကိုဆင်မြန်းပြီး ချီမော့၏ တည်ငြိမ်နေသည့် အကြည့်ကို ရင်ဆိုင်လိုက်သည်။

“ထင်တဲ့အတိုင်း မစ္စတာချီကို ဘာမှဖုံးကွယ်ထားလို့ မရဘူးပဲ။” ထို့နောက် သူက အခြေအနေကို ရှောင်ရှားပြီး ဆက်ပြောလိုက်သည်။ “ဒါပေမယ့် မစ္စတာချီ အထင်မလွဲပါနဲ့၊ ကျွန်တော်က အလုပ်နှစ်ခု လုပ်တာ မဟုတ်ပါဘူး၊ ဖန်းချန်အုပ်စုကို ကျွန်တော့် အစ်ကို လုပ်နေတာဖြစ်ပြီး ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။”

စကားပြောပြီးသည်နှင့် ချန်ကျိုးက သူ၏ ကြည်လင်တောက်ပသည့် မျက်လုံးလေးကို အပြစ်ကင်းစွာ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

သူ့အမူအရာက ရှန်းမူမူနှင့် အလွန်တူနေသည်။

ချီမော့ မျက်လုံးထဲက အေးစက်ခက်ထန်မှုက အနည်းငယ် လျော့ကျသွားသည်။

သူ့စကားပြောသည့်အခါ သူ့လေသံက အစောကထက် အနည်းငယ် ငြင်သာနေသည်။ “ပန်းဆိုင်မှာတုန်းက ကျွန်တော့် မိန်းမကို ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ်။”

ချီမော့က လူမှုရေးနှင့် အလုပ်ကို ခွဲခြားထားကာ ကျေးဇူးတရားနှင့် အမုန်းတရားကိုလည်း ခွဲခြားထားသည်။

ထိုစကားတွေက ဇနီးဖြစ်သူကို ကူညီပေးခဲ့သည့်လူကို ခင်ပွန်းတစ်ယောက် အနေဖြင့် ကျေးဇူးတင်ခြင်းဖြစ်သည်။

သို့သော် နောက်စကားက အနည်းငယ် ပြောင်းလဲသွားသည်။

သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အရှိန်အဝါက အနည်းငယ် အေးစက်နေသည်။

အမျိုးသားတစ်ယောက် အနေဖြင့် သူက မေးခွန်းထုတ်လိုက်သည်။ “သူ့ကို ဘာရည်ရွယ်ချက်နဲ့ ချည်းကပ်နေတာလဲ။”

ရှီယွီယွဲ့ဗီလာဝန်းတွင်ဖြစ်သည်။

တခြားအစီအစဉ်ရှိသည့် ဖုန်းယောင်ချင်က သူမရဲ့ လက်ကနာရီကို ကြည့်လိုက်သည်။

ထိုအချင်းအရာကိုမြင်တော့ ကျန်းအိမ်တော်ထိန်းက မေးလိုက်သည်။

“မဒမ် ဒီည ဒီမှာနေမှာလား ဒါမှမဟုတ်..”

ဖုန်းယောင်ချင်က လက်ယမ်းပြလိုက်သည်။ “မနေဘူး၊ ချီမော့ ပြန်လာမှ ညစာလာစားမယ်။”

ယခုခရီးပြီးသည့်နောက်တွင် သူမ မြို့ထဲ အချိန်ကြာကြာနေဦးမည်ဖြစ်သဖြင့် သူမ ချွေးမကို သင်ကြားပေးဖို့ အချိန်တွေရှိသေးကြောင်း ပြောခြင်း ဖြစ်သည်။

ကျန်းအိမ်တော်ထိန်းက လေးစားစွာပြောလိုက်သည်။ “မဒမ်နဲ့ မစ်ချောင်ကို လိုက်ပို့ပေးပါ့မယ်။”

“ရတယ်၊ နင် ပို့စရာ မလိုဘူး။” သူမက ခပ်ပြတ်ပြတ်ပြောပြီး ရှန်းမူမူကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

ရှန်းမူမူက ချက်ချင်း နားလည်သွားကာ ဆိုဖာထက်မှထလိုက်သည်။

“အမေ ကျွန်မ လိုက်ပို့‌ပေးပါ့မယ်။”

ဖုန်းယောင်ချင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“...”

နေ့တစ်ဝက်လောက်အထိ ဘာမှ ပြန်မပြောသည့် လူက ခပ်မြန်မြန် ပြန်ဖြေခဲ့သည်။

ရှန်းမူမူက ဖုန်းယောင်ချင်၏ ပြောင်းလဲသွားသည့် အမူအရာကို မြင်လိုက်သော်လည်း မသိချင်ယောင်ဆောင်ခဲ့သည်။

သူမက အတွေးထဲက သက်ပြင်းချလိုက်သည်။

ချွေးမနှင့်ယောက္ခမကြားက ဆက်ဆံရေးက အဘယ်ကြောင့် ထိန်းရခက်ကြောင်းကို သူမ ယနေ့နားလည်သွားခဲ့ပြီဖြစ်သည်။

အလွန်စိတ်အားထက်သန်နေခြင်းက အလုပ်မဖြစ်သကဲ့လို့ အလွန်အေးစက်နေခြင်းကလည်း အလုပ်မဖြစ်ပေ။

ကြက်သီးတွေထနေကာ တစ်ချက်ကြည့်လျှင်တောင် မြင်နိုင်သည်။

အလုပ်တွင် သူဌေး၏ မျက်နှာကို ဖတ်ရခြင်းထက် ယောက္ခမ၏ မျက်နှာကိုဖတ်ရခြင်းက အဆတစ်ရာပိုခက်သည်။

သူမရဲ့ ဟန်ဆောင်ခင်ပွန်းနှင့် သားကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သော်လည်း ယခုတော့ ကိုင်တွယ်ရခက်သည့် ယောက္ခမ ပေါ်လာပြီဖြစ်သည်။

အား ကယ်ကြပါဦး။

သူမက အသက်ပြင်းပြင်းရှူပြီးနောက်တွင် အတွေးတွေကို ပြန်ပြင်ဆင်လိုက်သည်။

လတိုင်းရနေတဲ့ ယွမ် ၅ သိန်းကိုပဲ တွေးရအောင်။

ရှန်းမူမူ နင်လုပ်နိုင်ပါတယ်။

ချက်ချင်းပင် အပြစ်ကင်းကာ စင်ကြယ်သည့်ချွေးမ ဇာတ်ရုပ်ကို သွင်းလိုက်သည်။

ရှန်းမူမူက သူတို့၏ ဗီလာထက် အဆောက်အဦး ၈ခုလောက် ဝေးသည့် ဗီလာငယ်သို့ ဖုန်းယောင်ချင်ကို ပို့ခဲ့သည်။

ထိုဗီလာက သူတို့နေသည့်နေရာထက် အနည်းငယ် သေးသည်။

သို့သော် ဖုန်းယောင်ချင်နှင့် ချောင်လီ နေဖို့ လုံလောက်သည်ထက်ပိုသည်။

ရှန်းမူမူက ဖော်ရွေစွာပြုံးပြီး ဖုန်းယောင်ချင်ကို နှုတ်ဆက်လိုက်သည်။ “အမေ အချိန်ရှိရင် အိမ်မှာလာစားနော်။”

ဖုန်းယောင်ချင်က ချက်ချင်းပြောလိုက်သည်။ “အလျင်စလို ပြန်မနေနဲ့ အိမ်ထဲဝင်ဦး၊ ချီမော့ကြိုက်တဲ့ ဟင်းတချို့ ချက်နည်း သင်ပေးမယ်၊ သေချာသင်ယူပြီး သူတို့ကို ချက်ကျွေးလိုက်။”

“အာ...။” ရှန်းမူမူက ငြင်းဆန်လုနီးပါးဖြစ်ခဲ့သည်။ “ဒီလို ညဉ့်နက်ကြီးမှာ သင်ရမှာလား။”

ဘယ်လိုတောင် ကိုယ့်ဘာသာကိုယ် အထင်ကြီးနေတာလဲ။

သူမ အမူအရာကိုမြင်တော့ ဘေးက ချောင်လီက မနေနိုင်စွာ ထပ်ရယ်မိလေသည်။

ပုဇဉ်းရင်ကွဲသံများကြောင့် ဖုန်းယောင်ချင်က ‌ရှန်းမူမူ၏ အသံကို ကွဲပြားစွာ မကြားလိုက်ပေ။ “ဘာပြောလိုက်တာလဲ။”

ရှန်းမူမူက စိတ်အားထက်သန်စွာဖြင့် ဖုန်းယောင်ချင်၏ လက်ကို ကိုင်လိုက်သည်။ “အချိန် နောက်ကျနေပြီလေ၊ ပြီးတော့ အမေက ကျွန်မကို သင်ပေးမှာဆိုတော့ အမေ ပင်ပန်းမှာပေါ့၊ အမေက အခုက နိုင်ငံခြားက ပြန်ရောက်တာဆိုတော့ ဒီက အချိန်ကွာခြားချက်နဲ့ ကျင့်သားမရသေးဘူးမလား။”

ထိုသို့ စိုးရိမ်ပေးမှုကြောင့် ဖုန်းယောင်ချင်က အလွန်ကျေနပ်သွားသည်။ သူမက နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်ကာ ပြုံးပြလိုက်သည်။

“ငါ့ရဲ့ နောက်ဆုံးခရီးစဉ်က ကိုရီးယားလေ၊ အချိန်ကွာခြားချက်ကို ညှိစရာ မလိုဘူး။”

ရှန်းမူမူ “...”

ဖုန်းယောင်ချင်၏ မျက်နှာထက်က အပြုံးများက ပြန်ပျောက်ကွယ်သွားခဲ့သည်။

တစ်ခုခုတော့ မူမမှန်ဘူး။

ထူးဆန်းတယ်။

ဘယ်လိုလုပ်ပြီး ချွေးမဖြစ်သူကို ပြုံးပြလိုက်မိတာလဲ။

ဒီလိုမဖြစ်ရဘူးလေ။ အာဏာတောင်မပြရသေးဘူး၊ အရှုံးပေးလိုက်ပြီလား။

ဖုန်းယောင်ချင်က မျက်မှောင်ကြုတ်ကာ သူမကို ကိုင်ထားသည့် ရှန်းမူမူရဲ့လက်ကို ကြည့်လိုက်သည်။ သူမက မသက်မသာဖြင့် ကိုယ်ခန္ဓာကိုလှုပ်ရှာလိုက်ပြီး ပြောလိုက်သည်။

“ငါ့ကို ကိုင်မထားနဲ့၊ ပူလွန်းလို့ ကိုယ့်ဘာသာကိုယ် လျှောက်စမ်းပါ။”

ရှန်းမူမူက လျင်မြန်စွာ လက်ကိုဖယ်ပေးလိုက်သည်။ “ဟုတ်တာပေါ့၊ အမေ လမ်းကိုသတိထားလျှောက်နော်၊ ညဆိုတော့ ခြံထဲ မှောင်တယ်လေ၊ မချော်စေနဲ့ဦး။”

သူမ ချွေးမထံမှ လိုက်လျောသံ ကြားရမည်ဟု ဖုန်းယောင်ချင် မထင်ခဲ့ပေ။ သူမက ယောက္ခမ ပုံရိပ် ထိန်းရဦးမည်ကို မှတ်ထားလိုက်သဖြင့် ချောင်းဟန့်ပြီးနောက် လေသံမာမာဖြင့် ပြောခဲ့သည်။

“ပြန်ချက်ပြရမယ်၊ လွယ်လွယ်သဘောမတူနဲ့၊ သေချာ စိတ်ပါဝင်စားစွာ သင်ယူ။”

ရှန်းမူမူက စိတ်မပါစွာ လိုက်ခဲ့ရလေသည်။

သူမ မျက်နှာထက်က စိတ်အားထက်သန်မှုများ ထင်ဟပ်နေသော်လည်း အတွင်းပိုင်းမှာ မျှော်လင့်ချက်မဲ့နေပြီဖြစ်သည်။

သူမ အသံက တက်ကြွမှုတို့ပြည့်နေသည်။

“အမ်၊ သေချာ သင်ယူပါ့မယ်၊ သေချာသင်ယူပါ့မယ်၊ အမေ့ရဲ့ ဟင်းချက်စွမ်းရည်တွေကို စောင့်မျှော်နေပါ့မယ်ရှင့်။”

ဖုန်းယောင်ချင်က ခြေလှမ်းရပ်လိုက်ပြီး ထူးဆန်းသည့်ချွေးမကို ကြည့်လိုက်သည်။

“အပြောကတော့ ကောင်းတယ်”

ဘေးက ချောင်လီရယ်ကာ ပြောလိုက်သည်။ “ဟုတ်တယ် အန်တီ အဲလိုလုပ်လိုက်။”

ရှန်းမူမူက ပြုံးကာ သူမ ယောက္ခမကို ခေါင်းငြိမ့်ပြခဲ့သည်။

သူမက နာခံတတ်သည့် ပုံစံ ရှိနေသည်။

လရောင်အောက်တွင် ချွေးမ၊ ယောက္ခမနှင့် ‌တူမတို့ရှိနေကာ မြင်ကွင်းက ပို၍ ထူးဆန်းနေသည်။

***

All Chapters