← Chapters

လျှို့ဝှက်ခြင်း

Vol. 6 Ch. 80

လျှို့ဝှက်ခြင်း

Vol. 6 Ch. 80

ညအချိတ်တွင် ဗီလာဝန်းကြီးက တိတ်ဆိတ်နေသည်။

လူနှစ်ဦးက ရှေ့ဆင့်နောက်ဆင့် လမ်းဘေးတွင် လမ်းလျှောက်‌နေသည်။

ရှန်းမူမူက ဟင်းချက်နည်းသင်ယူရာမှ လွတ်မြောက်လာသဖြင့် စိတ်ကြည်လင်နေကာ ရှေ့ဆုံးမှ ဖျတ်လက်စွာ လမ်းလျှောက်နေသည်။

ချီမော့က လက်ကိုနောက်တွင်ထားက သူ၏ခြေလှမ်းများက အနည်းငယ် လေးကန်နေသည်။

သူက စစ်သားအိုကြီးနှင့်‌တူနေကာ ရှန်းမူမူထက် ခြေတစ်လှမ်း နောက်ကျနေသည်။

ချီမော့က ခေါင်းငုံ့ကာ မီးရောင်အောက်က ရှန်းမူမူ၏ အရိပ်ကို ကြည့်နေသည်။

သူ့မျက်လုံးထဲက ခဏတာ အေးစက်သည့်ပုံကိပ် ထင်ဟပ်သွားခဲ့သည်။

သူမရဲ့နောက်ကျောကနေလျှင်တောင် ယခုအချိန်တွင် သူမ မည်မျှထိ တက်ကြွနေကြောင်းကို သိနိုင်သည်။

သူမက တက်ကြွကာ သက်ဝင်လှုပ်ရှားနေသည်။

သူမကို ထိန်းချုပ်လို့ မရနိုင်ပေ။

နောက်တစ်နေ့တွင်ဖြစ်သည်။

ရှန်းမူမူက နှိုးစက်သံကြားသည်နှင့် ချက်ချင်းထခဲ့သည်။

ယနေ့ သူမရဲ့အချိန်ဇယားက တစ်နေကုန် အပြည့်နီးပါးဖြစ်သည်။ မနက်ပိုင်းတွင် ရုံးခန်းငှားရန်အတွက် သွားကြည့်ဖို့ ချင်ကျားမူနှင့် ချိန်းထားကာ နေ့လည်ပိုင်းတွင် ပန်းဆိုင်သွားမည်ဖြစ်ကာ ညနေခင်းတွင် ချီမော့နှင့် ညစာစားဖို့ ချိန်းဆိုထားသည်။

သူမက ရေချိုးရန်အတွက် ဆံပင်ဖရိုဖရဲဖြင့် ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည့်အခါ သူမရဲ့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

သူမရှေ့တွင် ချောမောသည့် အမျိုးသားတစ်ဦးက မှန်အနားကပ်ကာ ရပ်ပြီး မှုတ်ဆိတ်မွေး ရိတ်သင်နေသည်။

သူက မျက်လုံးကို အောက်စိုက်ထားကာ သူ့မျက်တောင်များက ထူထဲနေသည်။

သာမာန်အနက်ရောင် အဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး ပါးစပ်က အနည်းငယ်ဟနေသည်။

ဘေးတိုက်ကြည့်ပါက သူ၏လည်စလုတ်က အလွန်ဆွဲဆောင်မှုရှိနေသည်။

သူတံခါးဖွင့်ကာ ဝင်လိုက်သည့်အချိန်တွင် ထိုလူက သူမကို မှန်ထဲမှတစ်ဆင့် ကြည့်ခဲ့သည်။

ရှန်းမူမူက သူ၏ချောမောသည့် မျက်နှာကြောင့် အကြိမ်များစွာ ကြက်သေသေခဲ့ဖူးသည်။

သို့သော် ယခုတစ်ကြိမ်တော့ မတူပေ။

သူ၏ သတိမမူမိသည့်အပြုအမူက ရှန်းမူမူကို ဒွိဟဖြစ်စေကာ သူမကို လှုပ်ခတ်စေခဲ့သည်။

ပုံစံက မဂ္ဂဇင်း ရုပ်ပုံနှင့်တူနေသည်။

ချီမော့၏နှုတ်ခမ်းကို ဆပ်ပြာမြှုတ်များဖုံးနေကာ သူ၏ ထင်ရှားလှသည့် မေးရိုးကို ဖုံးကွယ်နေသည်။

သူ့လက်တစ်ဖက်က သင်တုန်းဓားကို ကိုင်ထားကာ ကျန်လက်ဖြင့် မေးကို အနည်းငယ် ပင့်ထားသည်။ သူက စူးရှသည့်အကြည့်ဖြင့် ရှန်းမူမူကို မှန်ထဲမှတစ်ဆင့်ကြည့်ကာ ဩရှတိုးလျသည့်အသံဖြင့် ပြောခဲ့သည်။ “နိုးပြီလား။”

ထိုစကားက မေးခွန်း မဟုတ်သလို တုံ့ပြန်ချက်လည်း မဟုတ်ပေ။

မလိုလားအပ်သည့်အရာသာဖြစ်သည်။

သို့သော် ထိုစကားကို မနက်ခင်း အိပ်ခန်းထဲမှာ ကြားလိုက်ရသဖြင့် လိုသလို ကောက်ယူနိုင်သည့် စကားအဓိပ္ပာယ် ဖြစ်သည်။

ရှန်းမူမူက အကြည့်ကို ပြန်ရုတ်သိမ်းပြီး မပီမသပြောလိုက်သည်။ “အင်း။”

သူမက ဘာမှမဖြစ်ခဲ့သလို သူ့ဘေးကို လျှောက်သွားခဲ့သည်။

သူမက သွားတိုက်ဆေးညှစ်ကာ သွားတိုက်လိုက်သည်။

ချီမော့က အေးဆေးစွာပင် သူ့မေးစေ့က ဆပ်ပြာမြှုပ်တွေကို အဝတ်ဖြင့် သုတ်လိုက်သည်။

ရှန်းမူမူက မျက်နှာသစ်ရင်း မူမမှန်တာကို တွေးတောမိခဲ့သည်။

ပုံမှန်ဆိုလျှင် ထိုလူက သန့်စင်သည့်အခါ အလွန်မြန်သည်။

အဘယ်ကြောင့် ယနေ့ အလွန်နှေးကွေးနေသနည်း။

ထို့အပြင် ဂရုတစိုက် ရိတ်သင်နေသည်။

သူ့တွင် ပုံမှန်ဆိုလျှင် မုတ်ဆိတ်မွှေးငုတ်တိုလေးတွေရှိသည်ကို သူမ သတိမထားမိခဲ့ပေ။

သူ ဘာတွေရိတ်သင်နေတာလဲ။ အထီးကျန်မှုတွေကို ရိတ်သင်နေတာလား။

ဒီနေ့ အရေးကြီး အစည်းအဝေးများ ရှိတာလား။

ဒီနေ့ ညစာ အတူတူစားဖို့ချိန်းထားတာကို သူမေ့နေတာလား။

သူမ မေးတော့မည့်အချိန်တွင် အနောက်မှ ချီမော့၏ နူးညံ့သည့်အသံထွက်လာခဲ့သည်။ “ကုမ္ပဏီ သွားဦးမယ်၊ ညကျရင် ပန်းဆိုင်မှာ လာကြိုမယ်။”

ရှန်းမူမူက ခဏလောက် ကြက်သေသေသွားပြီးမှ ခေါင်းငြိမ့်လိုက်သည်။

ညနေခင်းတွင်ဖြစ်သည်။

ချီမော့က ရှန်းမူမူကို ပန်းဆိုင်မှ လာကြိုခဲ့သည်။

ယာဉ်မောင်းသမား ရှောင်ဝမ်က မည်သည့်နေရာကို မောင်းရမည်နည်းဟု သူ့သူဌေးကိုမေးမည့်အချိန်တွင်ပဲ ရှန်းမူမူက ချီမော့ကို ကြည့်ကာ ပြောလိုက်သည့် အသံကိုကြားလိုက်သည်။ “ဘယ်ကိုသွားမလဲဆိုတာ မပြောပြဘူး၊ ရောက်ရင် သိလိမ့်မယ်၊ ရှင် အံ့ဩသွားမှာပါ။”

ပထမဆုံးတော့ ချီမော့က တုန်လှုပ်သွားသော်လည်း ထို့နောက် စိတ်ဝင်စားဖို့ကောင်းသားပဲဟူသော အပြုံးဖြင့်ပြုံးကာ ပြောလိုက်သည်။ “ကောင်းပြီ။”

ရှန်းမူမူက သူမရဲ့ ဖုန်းကို ရှောင်ဝမ်ကို ကမ်းပေးလိုက်သည်။ “အဲ့ကို မောင်းပေး။”

ရှောင်ဝမ်က စားသောက်ဆိုင်၏လိပ်စာကိုမြင်ပြီးနောက်တွင် နောက်ခုံတွင်ထိုင်နေသည့် သူ့သူဌေးကို ကြည့်လိုက်သည်။

ဒါကမဟုတ်သေးပါဘူး။

ရှန်းမူမူက ရှောင်ဝမ်၏ ရှုပ်ထွေးနေသည့်အမူအရာကိုမမြင်ဘဲ တက်ကြွသွာ ပြောလိုက်သည်။ “သွားကြစို့။”

ရှောင်ယွမ်က အမြန် အကြည့်ကိုပြန်ရုတ်သိမ်းပြီး တံတွေးကိုမြိုချကာ ကားကိုသာ အာရုံစိုက်မောင်းခဲ့သည်။

သူမက အင်တာနက်ပေါ်မှာ ရှာဖွေခဲ့ပြီးသား ဖြစ်သည်။

ထိုစားသောက်ဆိုင်က မြို့ထဲရှိ အမြင့်ဆုံးအဆောက်အဦး၏ အပေါ်ဆုံးထပ်တွင် အသစ်ဖွင့်ထားသည့်ဆိုင်ဖြစ်သည်။

ထိုနေရာမှနေ၍ တစ်မြို့လုံး၏ ညရှုခင်းကို ကြည့်လို့ရကြောင်း သူမ ကြားခဲ့သည်။

‌ဈေးလည်း မပေါပေ။

သို့သော် သူမ၏ ရှူးဂားဒယ်ဒီအား ပျော်ရွှင်အောင်လုပ်ပေးနိုင်ကာ ချေးငွေပြန်ဆပ်ရမည့်အချိန်အား ရွှေ့ဆိုင်းပေးဖို့ ပြောမည့် သူမရဲ့ တောင်းဆိုချက်ကို သဘောတူမည်ဆိုပါက မည်မျှကုန်ကျပါစေ ထိုက်တန်သည်။

ထိုစားသောက်ဆိုင်ကလည်း ဖွင့်ထားသည်မှာ တစ်လသာ ရှိသေးသည်။

ချီမော့ကို သူမ နားလည်ရသလောက်ဆိုလျှင် မြို့ထဲရှိ စားသောက်ဆိုင်အကောင်းစား အားလုံးကို သွားဖူးပြီးသား ဖြစ်မည်။

သို့သော် လွန်ခဲ့သည့်လက သူက အလုပ်ကိစ္စဖြင့် အဝေးရောက်နေခဲ့သည်။

ထို့ကြောင့် ယခုသွားမည့် စားသောက်ဆိုင်ကို သူ မရောက်ဖူးသေးသည်မှာ ဖြစ်နိုင်ခြေ များသည်။

တစ်ဖက်လူကို အစားအသောက် ဝယ်ကျွေးကာ ရိုးသားမှုကို ပြရမည်။

ယနေ့ ညစာအတွက် ယခုနေရာကို ရွေးခဲ့ခြင်းမှာ သူမရဲ့ ရိုးသားမှုကို ပြသဖို့ ဖြစ်သည်။

မိနစ်နှစ်ဆယ်ကြာပြီးသည့်နောက်တွင် သူတို့၏ပန်းတိုင်ကို ရောက်ခဲ့သည်။

ရှန်းမူမူက ပဟေဠိဆန်ဆန် မပြုမူတော့ဘဲ သူမက ချီမော့ကို တောက်ပစွာပြုံးလျက် ပြောပြခဲ့သည်။ “ဒါက အသစ်ဖွင့်ထားတဲ့ စားသောက်ဆိုင်လေ၊ ရှင် မရောက်ဖူးသေးဘူးမလား။”

ချီမော့က ကားပြတင်းပေါက်မှတစ်ဆင့် အပြင်က အဆောက်အဦး အမြင့်ကြီးကို ကြည့်လိုက်သည်။

သူ၏ ချောမောသည့် မျက်နှာထက်တွင် ယာယီအံ့ဩမှုလေး ပေါ်ခဲ့သည်။

သူက ခဏလောက် ပြန်တွေးတောပြီးနောက် ပြန်ဖြေခဲ့သည်။ “အင်း... မရောက်ဖူးသေးဘူး။”

ထိုစကားကြောင့် စတီယာကိုကိုင်ထားသည့် ရှောင်ဝမ်၏ လက်များက အနည်းငယ် တင်းကြပ်သွားခဲ့သည်။

ထိုနှစ်ယောက် ကားပေါ်မှ ဆင်းသွားပြီးသည့်နောက်တွင် ရှောင်ဝမ်က ရှုပ်ထွေးစွာ ခေါင်းကုတ်လိုက်ပြီး တီးတိုးပြောလိုက်သည်။

“ထူးဆန်းလိုက်တာ၊ ဒီအဆောက်အဦးကြီးကို ချီအုပ်စုက ပိုင်တာကို သူဌေးက ဘာလို့ မရောက်ဖူးဘူးလို့ပြောတာလဲ။”

မြေညီထပ်မှ ထိပ်ဆုံးထပ်အထိ ဓာတ်လှေကားကို နှစ်မိနစ် စီးခဲ့ရသည်။

ဓာတ်လှေကားပွင့်သွားသည်နှင့် ကြီးကျယ်ခန်းနားသည့် ဧည့်ကြိုခန်းမကို တွေ့လိုက်သည်။

ရှန်းမူမူက စားပွဲထိုးလေးကို သီးသန့်ခန်းယူထားသည့် အချက်အလက်များ ပြောလိုက်ပြီးသည့်နောက်တွင် စားပွဲထိုးလေးက သီးသန့်ခန်း တည်နေရာကို ဦးဆောင်ကာ ခေါ်သွားခဲ့သည်။

ရှန်းမူမူက စားသောက်ဆိုင်၏ အပြင်အဆင်ကို ကြည့်ရှုနေခဲ့သည်။

သူမက စားသောက်ဆိုင်ကို ကျေနပ်နေသည်။

ကောင်းမွန်သည့်အစက တစ်ဝက်အောင်မြင်နေပြီဖြစ်သည်။

ယနေ့ညစာက အလွန်အဆင်ပြေစွာ ပြီးလိမ့်မည်။

ရုတ်တရက်ပင် အသံအကျယ်ကြီးထွက်လာခဲ့သည်။

“ဥက္ကဌချီ။”

အသံများကိုကြားလိုက်သည့်အခါ ကော်ရစ်တာအဆုံးတွင်ရှိနေသည့် မန်နေဂျာက ကြောက်ရွံ့စရာ တစ်ခုခုကို တွေ့သကဲ့သို့ လက်ကို အရှေ့တွင် ယှက်ကာ သတိအနေအထားဖြင့် ရပ်လိုက်သည်။

မန်နေဂျာ၏ အပြုအမူကို‌မြင်တော့ ဘေးရှိ စားပွဲထိုးများကလည်း ထိုအတိုင်းပြုမူကာ တစ်ညီတည်း ခေါ်ခဲ့သည်။ “ဥက္ကဌချီ။”

ရှန်းမူမူ “....”

ရှန်းမူမူက သူမဘေးကလူကို တီးတိုးမေးလိုက်သည်။ “ဒါ ရှင့်စားသောက်ဆိုင်လား။”

ချီမော့က မငြင်းခဲ့ပေ။ “အင်း။”

ရှန်းမူမူက အလွန်ရှုပ်ထွေးနေသည်။ “ဒါဆို စောနက မရောက်ဖူးဘူးလို့ ဘာလို့ပြောတာလဲ။”

ချီမော့က တည်တည်ငြိမ်ငြိမ်ဖြင့် အပြုံးရိပ်လေးဖြင့် ဖြည်းဖြည်းပြောခဲ့သည်။ “ပရောဂျက်လုပ်တုန်းက ပုံကြမ်းပဲတွေ့ခဲ့တာ၊ ဒီကို တကယ် မရောက်ဖူးဘူး။”

သူ မလိမ်ပေ။

ရှန်းမူမူက သက်ပြင်းရှိုက်လိုက်သည်။ “...”

ဒါက ဘယ်လိုကြီးလဲ။

လူတစ်ယောက်ကို သူပိုင်တဲ့အဆောက်အဦးမှာ လိုက်ဝယ်ကျွေးတာလား။

သူမက စိတ်ဓာတ်ကျသကဲ့သို့ ခံစားနေရကာ မန်နေဂျာက စားပွဲထိုးလေး၏ အလုပ်ကို အစားဝင်ကာ သီးသန့်ခန်းသို့ လိုက်ပို့ပေးခဲ့သည်။

သီးသန့်ခန်း၏ အပြင်အဆင်က အလွန်ခမ်းနားကြီးကျယ်သည်။

ခရစ်စတယ်မီးဆိုင်းများက အလင်းရောင်ကို တောက်ပနေစေကာ ဘေးပတ်ဝန်းကျင်ကို အိပ်မက်ကမ္ဘာနှင့်တောင် တူစေသည်။

ရှန်းမူမူက မှာယူစားသောက်စိတ် ပျောက်နေသည်။ သူမက မီနူးကို ချီမော့ထံ ပေးလိုက်သည်။

“ရှင်ပဲ မှာလိုက်တော့။”

ကျွန်မ တိတ်တိတ်လေးပဲ နေတော့မယ်။

ချီမော့က ခပ်ပါးပါးပြုံးလျက် ယနေ့အထူးဟင်းလျာများထဲမှ မှာယူခဲ့သည်။

ဟင်းပွဲများ၏ လက်ရာကောင်းများကို စားသောက်ပြီးသည့်နောက်တွင် အရသာကောင်းလှသည့်ဟင်းလျာများက ရှန်းမူမူ၏ စိတ်အခြေအနေကို တိုးတက်စေခဲ့သည်။

ပြတင်းပေါက်အပြင်တွင် မြို့၏ညရှုခင်းကို မြင်နေရသည်။

ဥည့်နက်လေ မင်ပြာရောင် ကောင်းကင်ကြီးအောက်တွင် ကားများစီတန်းသွားနေပြီး နီယွန်မီးရောင်များ လင်းလက်နေသည်။

ညစာကို ကောင်းမွန်စွာ စားခဲ့သည်။

ရှန်းမူမူက ချီမော့ကို မကြာသေးမီက သူမရဲ့ ပန်းဆိုင်လုပ်ငန်းအကြောင်းပြောခဲ့သည်။

ချီမော့က ရှန်းမူမူ၏ လုပ်ငန်းချဲ့ထွင်မည့်အကြောင်းကို နားထောင်ကာ သူမ နမူနာယူလို့ရအောင် သူစီးပွားရေး စလုပ်တုန်းက အတွေ့အကြုံများကို ဝေမျှခဲ့သည်။

ဝိုင်နှင့်အစားအစာများက သူတို့ကို ကျေနပ်စေခဲ့သည်။ ရှန်းမူမူက မေးထောက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ “ရှင့်ကို အံ့ဩသွားအောင် လုပ်ချင်ပေမယ့် နောက်ဆုံးတော့ ကျွန်မက လူရွှင်တော် ဖြစ်သွားတယ်။”

ချီမော့က မူးညံ့စွာရယ်လျက် သူမအား မည်းနက်သည့်မျက်ဝန်းဖြင့် ကြည့်ခဲ့သည်။ “တကယ်တော့ ကိုယ် အရမ်းအံ့ဩခဲ့ပါတယ်။”

ရှန်းမူမူက အချိုပွဲတစ်ခုကို ခပ်ကာ ပါးစပ်ထဲထည့်ခဲ့သည်။ “ရှင့်စကားကို ကျွန်မ ယုံမယ်ထင်လား။”

သူမ ချီမော့ကို ပိုသိလာလေလေ ထိုလူက လျှို့ဝှက်တတ်ကြောင်း သူမ သဘောပျောက်ခဲ့သည်။

မနေ့ညက ဖုန်းယောင်ချင်၏ အိမ်မှာကဲ့သို့ ဖြစ်သည်။

ထို့နောက် ယခုအချိန်ဖြစ်သည်။

သူက မျက်တောင်ပင် မခတ်ဘဲ လိမ်ပြောနိုင်ကာ စကားကို လှိမ့်ပတ်လည်အောင် ပြောတတ်သည်။

ချီမော့က ပျင်းရိစွာပင် ထိုင်ခုံကို မှီလိုက်ပြီး ခြေချိတ်ကာ အပြုံးဖွဖွဖြင့် ပြောလိုက်သည်။ “အဲဒါကိုပြောတာ မဟုတ်ဘူး။”

သူ့မျက်လုံးတွေက ရဲနေကာ အသံက ဖြည်းဖြည်းမှန်မှန်နှင့် ရှင်းလင်းနေသည်။

“စားစရာလိုက်ကျွေးတာကို အံ့ဩတာ မဟုတ်ဘဲ မင်းနဲ့ အတူတူ စား‌ဖို့ ကိုယ့်ကိုဖိတ်ခေါ်တာကို အံ့ဩတာပါ။”

***

All Chapters