← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အပိုင်း ၄၅၄ - ယွီကျိုး၌ ကျော်ကြားခြင်း၊ ချီမန်အား ဉာဏ်အလင်းပွင့်ခြင်း(၂)

"ရွှီယန်နဲ့ မုန့်ချုံကို ရှာကြရအောင်.."

မဟာမိတ်ခေါင်းဆောင်က လေးနက်စွာ ပြောသည်။

"ပြီးတော့ ယွီကျိုးကို ဝင်ရောက်လာတဲ့ စွမ်းအားကြီး ဘယ်လေလွင့်သိုင်းသမားကို မဆို အနီးကပ် စောင့်ကြည့်ထား.."

"ဟုတ်ကဲ့ပါ.."

ဘယ်စောင့်ရှောက်သူက ခေါင်းငြိမ့်သည်။ ထို့နောက် တုံ့ဆိုင်းစွာပြော၏။

"ရွှီယန်နဲ့မုန့်ချုံတို့က လှုပ်ရှားတာ အရမ်းလျှို့ဝှက်တယ်။ သူတို့ကို ရှာဖွေဖို့ အရမ်းခက်ခဲမှာ။ ကျွန်တော်တို့တွေ ရှာမတွေ့ခင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက အရင်ဦးဆုံး ခြေတစ်လှမ်းစောသွားမှာကို စိုးရိမ်မိတယ်.."

မဟာမိတ်ခေါင်းဆောင်၏ မျက်နှာက မဲမှောင်သွားသည်။ မျိုးဆက်စုံ မဟာမိတ်အဖွဲ့သည် ထင်ပေါ်စွာ လှုပ်ရှားနိုင်ခြင်း မရှိသေးသောကြောင့် သတင်းအချက်အလက် ရှာဖွေရေးအရာတွင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် ယွီကျိုးရှိ အခြားစိတ်ဝိဉာဉ်ဂိုဏ်းများထက် များစွာ နိမ့်ကျပါသည်။

ဘာပဲဖြစ်ဖြစ် ယွီကျိုးတစ်ခုလုံးကို ထိုစိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများက အုပ်စိုး၏။

"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုရဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေ လှုပ်ရှားမှုရှိမရှိကို အနီးကပ် စောင့်ကြည့်ကြတာပေါ့။ မူမမှန်တာ ရှာတွေ့တာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြားလိုက်.."

မဟာမိတ်ခေါင်းဆောင်က ခဏတာစဉ်းစားပြီးနောက် အမိန့်ပေးသည်။

ယွီကျိုးတစ်ခုလုံးတွင် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှ စတင်ကာ အနိမ့်ဆုံး လေလွင့်သိုင်းသမားများအထိ လူတိုင်းသည် ရွှီယန်နှင့် မုန့်ချုံတို့၏ အရိပ်အယောင်များကို ရှာဖွေနေကြ၏။

သဲလွန်စကို ပေးအပ်နိုင်သည့် မည်သူမဆိုသည် စိတ်ဝိဉာဥ်ပုံဆောင်ခဲများကို ဆုကြေးအဖြစ် ရရှိနိုင်မည် ဖြစ်သည်။ မည်သူက မလိုချင်ဘဲ နေမည်နည်း။

"စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ စွမ်းအားက တကယ်ပဲ ကြောက်ဖို့ကောင်းတယ်.."

မုန့်ချုံက သက်ပြင်းချသည်။

"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုကို ပြောတာလား... သူတို့ကို အနှေးနဲ့အမြန် ငါဖျက်ဆီးပစ်မယ်.."

ရွှီယန်က နှာခေါင်းရှုံ့သည်။

သူတို့နှစ်ယောက်သည် ယခုအချိန်၌ ဆိုင်တစ်ခုအတွင်းတွင် လင်းနယ်မြေရှိ ရတနာအမျိုးအစား ပေါင်းစုံတို့ကို ဖော်ပြထားသည့် စာအုပ်များကို ဝယ်ယူနေ၏။

ပြီးနောက် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က ချမှတ်ထားသည့် ဆုကြေးများအကြောင်းကို ဆွေးနွေးနေသည့် သိုင်းသမားများဆီမှ ကြားသိခဲ့ရသည်။

ယခုအချိန်၌ ယွီကျိုးရှိ သိုင်းလောကတစ်ခုလုံးသည် သူတို့နှစ်ဦးကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေကြ၏။ လက်ရှိမြို့မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ထိန်းချုပ်မှုအောက်၌ ရှိသည်။

ထို့ကြောင့် သိုင်းသမားအားလုံးနီးပါးသည် သူတို့နှစ်ယောက်ကို ရှာဖွေနေကြ၏။ သို့ရာတွင် ရွှီယန်နှင့် မုန့်ချုံတို့မှာ စိုးရိမ်ခြင်း လုံးဝမရှိပါ။

ယခုအချိန်၌ သူတို့၏ အသွင်အပြင်နှင့် အငွေ့အသက်အားလုံးတို့ကို လုံးဝပြောင်းလဲထား၏။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် မျက်နှာချင်းဆိုင်ကာ ရောက်ရှိလာလျှင်တောင် မှတ်မိမည် မဟုတ်ပေ။

လိုအပ်သည့် စာအုပ်များကို ဝယ်ယူပြီးနောက် နှစ်ယောက်သား မြို့တစ်လျှောက် လှည့်လည်ကြည့်ရှု့သည်။

"စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ဖို့က နည်းနည်းခက်ခဲတယ်။ ဒါပေမယ့် ကောင်းကင်လူသားကြီးကို သတ်ဖြတ်ဖို့ကတော့ လက်တစ်ဝှေ့လောက်ပဲ လိုအပ်တယ်။ ဒီမှာရှိတဲ့ ကောင်းကင်လူသားကြီးတွေက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ လက်အောက်ခံတွေပဲ.. အဲ့တော့ မီးကို ဆီနဲနဲလောင်းပေးတာပေါ့.."

ရွှီယန်က အေးစက်စွာပြော၏။

"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက ချမှတ်ထားတဲ့ ဆုကြေးက နည်းနေသေးတယ်။ မလုံလောက်သေးဘူး.."

သူသည် မီးစကို လောင်စာပေါင်းကာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက သူတို့၏ ဆုကြေးကို တိုးမြင့်လာစေရန် ပြုလုပ်မည်ဖြစ်၏။

နောက်တစ်နေ့တွင် မြို့တစ်မြို့လုံးကို ထိတ်လန့်သွားစေသည့် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ မြို့သခင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်၏။ လူသတ်သမားမှာ ရွှီယန်ဖြစ်သည်။

ရွှီယန်သည် သတ်ဖြတ်ပြီးနောက် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို လှောင်ပြောင်သည့် စာတစ်ခုကိုပင် ချန်ရစ်ခဲ့သေး၏။

"ဒီရွှီယန်က သူ့ကိုသူ ဘာထင်နေတာလဲ။ အရမ်းကို မောက်မာလွန်းတယ်... လေလွင့်သိုင်းသမားလေး တစ်ယောက်က စိတ်ဝိဉာဉ်ဂိုဏ်းကြီးတစ်ခုကို ရန်သူလုပ်ရဲတယ်။ ပြီးတော့ အဲ့ဒီ့ဂိုဏ်းက ယွီကျိုးရဲ့ နံပါတ်တစ်ဂိုဏ်းလည်း ဖြစ်တယ်.."

"ရွှီယန်ရဲ့ လမ်းကြောင်းက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတာလို့ ခံစားရပေမယ့်.. ဘာလို့လဲမသိဘူး.. ကြည့်ရတာ အရမ်းကို သက်တောင့်သက်သာ ရှိလှတယ်.."

"ငါလည်းအတူတူပဲ... စိတ်ဝိဉာဉ်ဂိုဏ်းက အဲ့ဒီ့ခွေးကောင်တွေက အဲ့လိုလူမျိုးနဲ့မှ ထိုက်တန်တာ။ ငါတော့ နည်းနည်းတောင် ဂုဏ်ယူမိတယ်.."

လေလွင့်သိုင်းသမားများက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးကြသည်။

ထိုအချိန်၌ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းတစ်ခုလုံးမှာ အံ့သြနေကြ၏။ ရွှီယန်သည် မြို့ထဲတွင် ပေါ်ပေါ်ထင်ထင် ပေါ်လာခဲ့ပြီး မည်သူမှ သတိထားမိခဲ့ခြင်း မရှိပေ။ မြို့သခင် သတ်ဖြတ်ခံရသည့် အဖြစ်အပျက်ကိုပင် ရှာဖွေတွေ့ရှိရန် အချိန် အလွန်ကြာညောင်းခဲ့၏။ ယခုအချိန်၌ တစ်ဖက်လူသည် မြို့ထဲမှ ထွက်ပြေးသွားပြီး ဖြစ်ပေလိမ့်မည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ မြို့သခင် သတ်ဖြတ်ခံရပြီး မကြာခင် စုမိသားစု၏ လက်အောက်ရှိ ဧကရာဇ်တစ်ပါးလည်း သတ်ဖြတ်ခံခဲ့ရသည်။ လူသတ်သမားမှာ မုန့်ချုံဖြစ်၏။

ထိုအဖြစ်အပျက်က ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့ကို ကြီးမားသည့်အန္တရာယ်အား ခံစားလာရစေသည်။

အဆိုးဆုံးမှာ စွမ်းအားကြီးမားသည့် ရန်သူမဟုတ်ပေ။ ရှာမတွေ့နိုင်သည့် ရန်သူသာ ဖြစ်၏။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုက စွမ်းအားကြီးပုဂ္ဂိုလ်များစေလွှတ်ကာ အရပ်မျက်နှာအားလုံးတို့ဆီ၌ ရွှီယန်နှင့် မုန့်ချုံတို့အား ရှာဖွေနေစဉ် ထိုအဖွဲ့နှစ်ခု၏ သစ္စာခံ တတိယတန်းစား ဂိုဏ်းများထဲတွင် လိုက်လံဖမ်းဆီးမှု၌ ပါဝင်ခဲ့သည်များ၏ ဂိုဏ်းခေါင်းဆောင်များသည် ဂိုဏ်း၏ ဂိတ်တံခါးဝ၌ပင် လုပ်ကြံသတ်ဖြတ်ခြင်း ခံကြရသည်။

ရွှီယန်နှင့် မုန့်ချုံတို့သည် သူတို့၏ ပဋိပက္ခတွင် ပါဝင်သည့် မည်သူမဆိုအား သနားညှာတာမှုပေးမည် မဟုတ်ဟုပင် ကြေငြာခဲ့ကြ၏။

နောက်ထပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် သတ်ဖြတ်ခံခဲ့ရလေသည်။ ယွီကျိုးသိုင်းလောကသည် စစ်မှန်စွာ တုန်ဟီးလာ၏။

အနီးအနားရှိ လော့ကျိုးဒေသ၏ အဓိကဂိုဏ်းကြီးများနှင့် မိသားစုကြီးများပင်လျှင် ယွီကျိုးရှိ ကြမ်းကြုတ်သည့် လေလွင့်သိုင်းသမားနှစ်ယောက် အကြောင်းကို သိရှိလာခဲ့သည်။

သူတို့သည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကိုပင် သတ်ဖြတ်ခဲ့လေသည်။

ထိုအဖြစ်အပျက်အပြီးတွင် ရွှီယန်နှင့် မုန့်ချုံကို လိုက်လံသတ်ဖြတ်ခြင်း၌ ပါဝင်ဆင်နွှဲခဲ့ကြသည့် တတိယတန်းစား မိသားစုနှင့် ဂိုဏ်းကြီးများသည် ချက်ချင်းပင် ဆုတ်ခွာသွားကြသည်။

သူတို့သည် လုပ်ကြံသတ်ဖြတ်ခြင်းအား ခံရလိုခြင်း မရှိပေ။ ဒုတိယတန်းစား စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီး ဖြစ်လာပြီး စိတ်ဝိဉာဉ်သတ္တုတွင်းများကို ရရှိနိုင်မည့် ဆွဲဆောင်မှုမှာ ကြီးမားလှပေမယ့် အသက်များဆုံးရှုံးပြီးပါက အရာအားလုံးမှာ အဓိပ္ပါယ်မဲ့လာမှာဖြစ်သည်။

"အဖေ...တွေ့လား... ဒီလူတွေက အရမ်းရက်စက်လွန်းတယ်။ လေလွင့်သိုင်းသမားတွေကို အမြဲတမ်း ခေါင်းငုံ့ခံနေမယ်ပဲ ထင်မနေနဲ့။ သွေးနတ်ဆိုးအကြောင်းကို မမေ့နဲ့ဦး.."

ရှန်ဟိုင်ကျိုးက သူ၏ဖခင်ကို ပြော၏။ သူလည်းပဲ အံ့သြနေပါသည်။ ရွှီယန်နှင့် မုန့်ချုံတို့နှစ်ယောက်သည် အမှန်တကယ်ကို ကြမ်းတမ်းလွန်းလှ၏။

"ငါ့သားပြောတာမှန်တယ်... ငါတို့ ရှန်မိသားစု ဒီကိစ္စမှာ မပါဝင်ခဲ့တာကိုပဲ ကျေးဇူးတင်ရမယ်.."

ရှန်ဝမ်က ခေါင်းငြိမ့်သည်။

ရှန်မိသားစုမှာ စွမ်းအားကြီးမားပေမယ့် ထိုကြမ်းကြုတ်သည့် လူနှစ်ယောက်၏ ရန်ငြိုးကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူ.. ရှန်ဝမ်သည် ခက်ခဲသည့် အခြေအနေတစ်ခုကို အလကား ရင်ဆိုင်လိုခြင်းမရှိပါ။

ကျိန်နိုင်ငံအတွင်းရှိ မြို့တစ်မြို့တွင် ရွှီယန်နှင့် မုန့်ချုံတို့သည် ဘေးချင်းယှဉ်ကာ လျှောက်လှမ်းနေ၏။

"ပြန်ဖို့အချိန်ကျပြီ.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က သတိအရမ်းကြီးနေရာ ယခုအချိန်၌ သွားရောက်တိုက်ခိုက်လျှင် အဝိုင်းခံရနိုင်၏။ ထို့ကြောင့် သူတို့သည် ဆက်လက်လှုပ်ရှားရန် အစီအစဉ် မရှိကြပါ။ အဲ့ဒီ့အစား ဆရာ၏ စံအိမ်ဆီသို့ ခဏလောက် ပြန်ကြမည်ဖြစ်၏။

လီရွှမ်သည် ဖန်းဟောင်အား ချီမန်သိုင်းပညာကို သင်ကြားပြီးနောက် ရံဖန်ရံခါ တိုးတက်မှုတို့ကို စစ်ဆေးကြည့်လေ့ရှိသည်။

ဖန်းဟောင်သည် တောင်ထိပ်ပေါ်၌ ဂရုတစိုက် လေ့လာနေ၏။ ရက်အနည်းငယ်ကြာပြီးနောက် သူသည် မည်သည်ကိုမှ နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးပေ။

လီရွှမ်က အလျင်မလိုပါ။ တာအိုရွှေစာအုပ်တွင် ချီမန်သိုင်းပညာ၏ နားလည်သဘောပေါက်ရန် ခက်ခဲမှုမှာ မြင့်မားသည်ဟု မှတ်ချက်ပေးထား၏။

ထို့ကြောင့် ညတွင်းချင်း လုပ်ဆောင်နိုင်ခြင်း မရှိသည်မှာ ပုံမှန်သာ ဖြစ်သည်။ စတင်ခြင်းသို့ ဝင်ရောက်ရုံဖြစ်လျှင်တောင် ဖြစ်၏။

သူသည် ထိုက်ချန်းစာအုပ်အတွင်းရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို သုတေသန ပြုလုပ်နေစဉ် ဝိဉာဉ်အခြေ၏ထိပ်ရှိ တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းတို့ ထွက်ပေါ်လာခဲ့၏။

လီရွှမ်က မနေနိုင်ဘဲ ဝမ်းသာသွားသည်။ ဖန်းဟောင်သည် ချီမန်သိုင်းပညာကို နားလည်သဘောပေါက်လာခဲ့ပြီလား။

သို့ပေမယ့် ထိုအတွေးကို လျှင်မြန်စွာ ဖယ်ထုတ်လိုက်သည်။ တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှုစည်းမျဉ်းများအရ သိုင်းပညာစနစ် အသစ်တစ်ခုအတွက် စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးမှသာလျှင် တန်ပြန်အကျိုးပြုမှုကို ရရှိနိုင်မည် ဖြစ်သည်။

"သင်၏တပည့်ရွှီယန်နှင့် မုန့်ချုံတို့သည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ပူးပေါင်းတိုက်ခိုက်ကာ သတ်ဖြတ်ခဲ့သည်။ သင်၏ ဒီဗိုင်းဖျက်ဆီးခြင်းအတတ်သည် အဆင့်မြင့်တက်လာခဲ့သည်.."

လီရွှမ် "..."

'ရွှီယန်နဲ့မုန့်ချုံက ဘာတွေလုပ်နေတာလဲ...။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်လိုက်ပြန်ပြီးလား..'

'အဲ့ဒါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကလား။ ဒါမှမဟုတ် စုမိသားစုကလား..'

လီရွှမ်သည် ထိုကိစ္စအတွက် အာရုံအများကြီး ထားမနေတော့ပါ။

ရွှီယန်နှင့် မုန့်ချုံတို့သည် လှုပ်ရှားမှုတိုင်း၌ တွက်ချက်ထားပြီး သိုင်းပညာအတွေ့အကြုံ အရာတွင်လည်း ဆရာဖြစ်သူသူ့ထက် ပိုမိုကြွယ်ဝပါသည်။

တစ်နေ့တွင် ဖန်းဟောင်သည် တောင်ပေါ်မှဆင်းလာခဲ့၏။ သူသည် နေရာတစ်ခုကို သွားရောက်ရှာဖွေကာ ကျင့်ကြံမည်ဟု ပြောလေသည်။ မှန်ကန်သည့် နေရာကို ရှာတွေ့ပြီးလျှင် စတင်ကျင့်ကြံနိုင်မည်ဟု ယုံကြည်ချက်ရှိ၏။

လီရွှမ်က တိတ်တဆိတ် ဝမ်းသာသွားသည်။ ကြည့်ရသည်မှာ ဖန်းဟောင်သည် ချီမန်သိုင်းပညာအား မည်ကဲ့သို့ ကျင့်ကြံရမည်ကို နားလည်သဘောပေါက်လာဟန်ရှိ၏။

'အဲ့ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စွမ်းအားဖြစ်စဉ်ကို ပြောင်းလဲပြီး ဆန်းကြယ်အခင်းအကျင်း တစ်ခုကို တည်ဆောက်ရင်းနဲ့ လူတစ်ယောက်ကို ကျင့်ကြံနိုင်စေမှာလား..'

လီရွှမ်က နှလုံးသားထဲတွင် ခန့်မှန်းသည်။ ဖန်းဟောင်သည် ဟကလေးနှင့် ထွက်ခွာသွားပြီး ၂ရက်အကြာတွင် ပြန်လာခဲ့သည်။

"ဆရာ... ကျွန်တော်ကျင့်ကြံဖို့နေရာကို တွေ့ပါပြီ။ အခုစတင်ကျင့်ကြံဖို့အတွက် ပြင်ဆင်မှုအချို့ကို လုပ်ဖို့လိုပါမယ်.."

လီရွှမ်က ခေါင်းငြိမ့်ကာ ပြောသည်။

"လိုအပ်တာရှိရင် ပြောတာပြော.."

"ကျေးဇူးတင်ပါတယ်ဆရာ.."

ဖန်းဟောင်က ဝမ်းသာသွားသည်။

ထို့နောက် သူသည် စံအိမ်အတွင်းတွင် လက်နက်ကိရိယာထုလုပ်ခြင်း စင်တစ်ခုကို စတင်တည်ဆောက်၏။ စုလင်းရှုံ၏ အကူအညီနှင့် လျှင်မြန်စွာ ပြီးမြောက်ခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် ဒန်ဆေးသန့်စင်ခြင်းနှင့် လက်နက်ကိရိယာထုလုပ်ခြင်းတွင် တူညီမှုအချို့ ရှိနေ၏။

ထုလုပ်ခြင်းစင်မြင့်ကို တည်ဆောက်ပြီးနောက် ဖန်းဟောင်သည် ဆန်းကြယ်ကိရိယာများကို စတင်ထုလုပ်သည်။

ထုလုပ်စဉ်အတွင်းတွင် သူသည် ထိုကိရိယာများ အတွင်း၌ အခင်းအကျင်း၏ သင်္ကေတအချို့ကို ထည့်ပေါင်းထား၏။

လီရွှမ်က ခဏတာတိတ်ဆိတ်စွာ ကြည့်ရှု့ပြီးနောက် ဖန်းဟောင်၏ ချီမန်သိုင်းပညာအား ကျင့်ကြံမည့် နည်းလမ်းကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

'ဖန်းဟောင်က ဒီနည်းလမ်းကို ရှာတွေ့ခဲ့တာလား... အဲ့ဒါကမှ ချီမန်သိုင်းပညာကို ကျင့်ကြံတဲ့ စစ်မှန်တဲ့နည်းလမ်းလား။ ဒါက ဖြစ်နိုင်ရဲ့လား..'

လီရွှမ်က စဉ်းစားခြင်းဖြင့် စိတ်လှုပ်ရှားလာခဲ့သည်။ သူသည် ချီမန်သိုင်းပညာကို ဖန်တီးခဲ့ပေမယ့် ဤသည်မှာ အသေးစိတ်ကျခြင်း မရှိပေ။ သီအိုရီဆိုင်ရာ တည်ဆောက်မှုကိုသာ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်၏။

ဖန်းဟောင်မှာတော့ စိန်ခေါ်မှုအကြီးဆုံးကို ဖြတ်ကျော်ကာ ထိုသီအိုရီများအတွင်းမှ စစ်မှန်သည့် ကျင့်ကြံမှုစနစ်ကို ရှာဖွေရမည်ဖြစ်သည်။

'ဒီနည်းလမ်းနဲ့သာ အခြေခံကျင့်ကြံမှုကို အမှန်တကယ် လုပ်ဆောင်နိုင်ရင် ချီမန်သိုင်းပညာရဲ့ စွမ်းအားက ငါခန့်မှန်းထားတာထက်တောင် ပိုပြီးတော့ ကျော်လွန်နေမှာပဲ..'

လီရွှမ်သည် မနေနိုင်ဘဲ မျှော်လင့်နေမိ၏။

ဖန်းဟာင်သည် လိုအပ်သည့် ကိရိယာများကို ထုတ်လုပ်ရန်သုံးရက်သာ ကြာညောင်းခဲ့သည်။ ပစ္စည်းများသည် တစ်ခုနှင့်တစ်ခု ခြားနား၏။ ဥပမာအားဖြင့် ရှည်လျားသည့် တုတ်တံ၊ အဝိုင်းပြား၊ အတုံးနှင့် တိုင်များကဲ့သို့ သဏ္ဍာန်မျိုးစုံ ရှိသည်။

"ဂျူနီယာမောင်လေး... နင်ထုလုပ်ထားတဲ့ ဒီပစ္စည်းတွေကို ဘယ်လိုအသုံးပြုဖို့ စီစဉ်ထားတာလဲ.."

စုလင်းရှုံက သိလိုစွာမေးသည်။

ပစ္စည်းတစ်ခုချင်းစီတိုင်းသည် တစ်ခုနှင့်တစ်ခု အဆက်အစပ်မရှိပုံ ပေါ်၏။ သူမသည် ထိုပစ္စည်းများနှင့် ချီမန်သိုင်းပညာ၏ ကျင့်ကြံမှု မည်ကဲ့သို့ သက်ဆိုင်နေသည်ကို နားလည်နိုင်ခြင်း မရှိပေ။

"ဒါတွေက စွမ်းအားကို အသုံးချဖို့အတွက်ပဲ... အောင်မြင်နိုင်မလားဆိုတာတော့ ကျွန်တော်လည်း မသေချာဘူး.."

ဖန်းဟောင်က ခေါင်းကိုကုပ်ကာ ရှက်ရွံ့စွာပြောသည်။

"ဆရာ... ကျွန်တော်အဆင်သင့်ဖြစ်ပြီ.."

သူသည် လီရွှမ်ဆီသို့ ချဉ်းကပ်သွားပြီး လေးစားစွာပြော၏။

"ကောင်းပြီ...မင်းရဲ့နှလုံးသားနောက်ကို လိုက်ပြီးသာ အကောင်အထည်ဖော်လှည့်.."

လီရွှမ်က ခေါင်းငြိမ့်သည်။

"ဟုတ်ကဲ့ပါဆရာ.."

ဖန်းဟောင်က ခိုင်မာစွာ ဖြေကြား၏။

သူက ကျင့်ကြံရန်အတွက် ရွေးချယ်ထားသည့် နေရာအား သွားရောက်တော့မည်ဘအပြုတွင် စံအိမ်အတွင်းသို့ ပုံရိပ်နှစ်ခု သက်ဆင်းလာခဲ့သည်။

"ဘာဖြစ်တာလဲ.."

ရွှီယန်နှင့် မုန့်ချုံတို့က ပတ်ဝန်းကျင်ကို သိလိုစွာကြည့်၏။ နှစ်ယောက်သားသည် ပြန်လာပြီးနောက် စံအိမ်မှာ မူမှန်မှန်သည့် အခြေအနေသို့ ကျရောက်နေကြောင်းကို တွေ့လိုက်ရသည်။ အမည်မသိစွမ်းအားတစ်ခု၏ လွှမ်းခြုံခြင်းကို ခံထားရပုံပေါ်၏။

ဤသည်က အမြင်မှားခြင်းနှင့် ရှုပ်ထွေးခြင်းကို ဖြစ်ပေါ်စေပြီး ပုံရိပ်ယောင်အချို့ မြင်ယောင်လာစေသည်။

"စီနီယာအကိုတို့... ဒါက အခင်းအကျင်းပါ။ စတုတ္ထ ဂျူနီယာမောင်လေး ဖန်တီးပြီးတော့ အသက်သွင်းထားတာ.."

စုလင်းရှုံက သူတို့၏ ပြန်လာမှုကို တွေ့လိုက်ရသည်နှင့် အပြုံးတစ်ခုဖြင့် လာရောက်နှုတ်ဆက်သည်။

"အခင်းအကျင်းလား..."

ရွှီယန်နှင့် မုန့်ချုံတို့မှာ မှင်သက်သွားကြသည်။ လက်စသတ်တော့ ဤသည်မှာ အခင်းအကျင်းဖြစ်သည်လား။ အမှန်တကယ်ကို ပုံမှန်မဟုတ်ပေ။

အပိုင်း ၄၅၅ - ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားအား စုစည်းခြင်း၊ တောင်နှင့်မြစ် ဓားအခင်းအကျင်း

ရွှီယန်နှင့် မုန့်ချုံတို့ စံအိမ်အနားသို့ ရောက်ရှိမလာခင်တွင်ပင် လီရွှမ်သည် သတိထားမိနေပြီး ဖြစ်၏။ သူသည် စံအိမ်၏ မူမမှန်မှုအား တပည့်နှစ်ယောက် ချက်ချင်းသတိထားမိမည်လား ဟူသည်ကို စမ်းသပ်လိုခြင်းဖြစ်သည်။

ရလဒ်အနေနှင့် သူ့ကို စိတ်မပျက်စေခဲ့ပေ။ ရွှီယန်ပဲဖြစ်ဖြစ်၊ မုန့်ချုံပဲဖြစ်ဖြစ် သူတို့သည် လျှပ်တပြက်အတွင်း တစ်ခုခုမှားယွင်းနေကြောင်းကို သတိထားမိလိုက်၏။

ပြီးနောက် အခင်းအကျင်း၏ လွှမ်းမိုးမှုကို ခံရခြင်းမရှိဘဲ ခြံဝန်းအတွင်းသို့ တိကျစွာ သက်ဆင်းနိုင်ကြသည်။

"ဒီအခင်းအကျင်းအဝိုင်းပြားက အကြမ်းထည်နိုင်ပြီး အဆင့်နိမ့်သေးတာပဲ.."

လီရွှမ်မှာ အရမ်းကြီး အံ့သြခြင်းမရှိပေ။

ဘာပဲဖြစ်ဖြစ် ဤသည်မှာ ဖန်းဟောင်၏ ပထမဆုံးအခင်းအကျင်းဖြစ်၏။ သေသပ်ခြင်းမရှိဘဲ ရိုးရှင်းသည်။

စွမ်းအားမှာ အရမ်းကြီး သန်မာခြင်းမရှိပေ။ ထို့ကြောင့် ရွှီယန်နှင့်မုန့်ချုံတို့အား လှည့်ဖျားနိုင်မည် မဟုတ်ပါ။

"ဒါက ငါ့ရဲ့စတုတ္ထမြောက်တပည့်ဖန်းဟောင်... ချီမန်သိုင်းပညာကို ကျင့်ကြံတယ်... ဒါကတော့ အကြီးဆုံးစီနီယာအကိုရွှီယန်နဲ့ ဒုတိယစီနီယာအကိုမုန့်ချုံ.."

လီရွှမ်က တပည့်အသီးသီးကို မိတ်ဆက်ပေးသည်။

ထိုစကားကို ကြားရပြီးနောက် ဖန်းဟောင်၏ မျက်လုံးများက အံ့ဩစွာဖြင့် ပြူးကျယ်လာ၏။

"ရွှီယန်နဲ့မုန့်ချုံ..."

သူသည် လုံးဝ မှင်သက်သွားခဲ့၏။ ယွီကျိုးတစ်ခုလုံးကို လှုပ်ခါစေခဲ့သည့် ကြမ်းတမ်းသည့် ပုဂ္ဂိုလ်နှစ်ဦးသည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့ကို ခြောက်ခြားသွားစေခဲ့၏။ ထိုနှစ်ဦးသည် သူ၏ စီနီယာအကိုများ ဖြစ်ကြသည်လား။

"ဂျူနီယာမောင်လေး... နင့်ပုံစံက ဘာဖြစ်တာလဲ.."

စုလင်းရှုံက အံ့ဩစွာမေးသည်။

"စီနီယာအစ်ကိုကြီးနဲ့ ဒုတိယစီနီယာအကို... မင်းတို့က ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစု လိုက်ဖမ်းနေတဲ့ ရွှီယန်နဲ့မုန့်ချုံလား.."

ဖန်းဟောင်က အံ့သြစိတ်လှုပ်ရှားစွာဖြင့် မေး၏။ လက်စသတ်တော့ သူ၏စီနီယာများသည် ယခုမျှကြမ်းတမ်းသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

"ဟုတ်တယ်.. ငါတို့ပဲ.."

ရွှီယန်နှင့်မုန့်ချုံနှစ်ဦးလုံးက ခေါင်းငြိမ့်ကြသည်။

"အစ်ကိုကြီးနဲ့ ဒုတိယအကို... မင်းတို့က ငါအားအကျဆုံးလူတွေပဲ.."

ဖန်းဟောင်မှာ အလွန် စိတ်လှုပ်ရှားနေ၏။ ရွှီယန်နှင့်မုန့်ချုံတို့၏ လက်ကိုဆွဲကာ လေးစားစွာ ရှိနေသည်။

"အရမ်းကြီး စိတ်လှုပ်ရှားစရာ မလိုပါဘူး စတုတ္ထညီ.. ဒါက ကိစ္စသေးလေးပါ။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ဘားမှမဟုတ်ဘူး.."

ရွှီယန်က သူ၏ဂျူနီယာညီ ပုခုံးကိုပုတ်ကာ ပြော၏။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှာ ယွီကျိုးတွင် နံပါတ်တစ်ဂိုဏ်းတစ်ခုဖြစ်ပေမယ့် လင်းနယ်မြေတစ်ခုလုံး၏ ခွန်အားနှင့် နှိုင်းယှဉ်ကြည့်ပါက ပထမတန်းစား ဂိုဏ်းများအကြားတွင် အောက်ဆုံး၌သာ ရှိပါသည်။ အဆင့်ဝင်ရုံသာ ဖြစ်၏။

ဖန်းဟောင်မှာ စိတ်လှုပ်ရှားနေဆဲ ရှိသည်။ သူ၏ စီနီယာအကိုတို့ကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစု၏ နှလုံးသားအတွင်း၌ အကြောက်တရားတို့ ထည့်သွင်းခဲ့သည့် ပုဂ္ဂိုလ်နှစ်ဦး ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။

ရွှီယန်နှင့် မုန့်ချုံတို့ကြောင့် လေလွင့်သိုင်းသမား အများစု ဂုဏ်ယူစွာ ခံစားကြရ၏။ သို့ပေမယ့် လေလွင့်သိုင်းသမားများစွာတို့လည်း ဒီအခွင့်အရေးကို အသုံးပြုကာ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအဆင့်သို့ ဝင်ရောက်လိုကြသည်။

ဤသည်မှာ လင်းနယ်မြေရှိ လေလွင့်သိုင်းသမားများအတွက် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် စိတ်ကူးအိမ်မက် ဖြစ်၏။

သိုင်းညီအစ်ကိုများ အချင်းချင်း ရင်းနှီးလာပြီးနောက် ဖန်းဟောင်က စိတ်လှုပ်ရှားစွာ ပြော၏။

"ကျွန်တော်အခြေခံတွေကို ကျွမ်းကျင်ပြီးရင် အစ်ကိုတို့နှစ်ယောက်အတွက် အခင်းအကျင်းပြားတွေကို ထုလုပ်ပြီး ကူညီပေးမယ်.."

ဖန်းဟောင်သည် သူ၏ ချီမန်သိုင်းပညာအား ကျင့်ကြံမှုအတွင်းတွင် အခင်းအကျင်း ကိရိယာများကို ထုလုပ်ဖန်တီးရန်အတွက် ကုန်ကြမ်းပစ္စည်းများစွာတို့ လိုအပ်မည်ကို တွေးမိ၏။

ထိုပစ္စည်းများကို စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအနေနှင့် ဘယ်တုန်းကမှ လစ်ဟင်းခြင်း မရှိပေ။ သူတို့သာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့ကို သုတ်သင်နိုင်ပါက အချိန်အတော်ကြာအောင် သူ့အတွက် အရင်းအနှီးများ လစ်ဟင်းမည် မဟုတ်တော့ပေ။

ဤနည်းအားဖြင့် ဖန်းဟောင်သည် ပဋိပက္ခအတွင်းသို့ ဝင်ရောက်ပြီး ချီမန်သိုင်းပညာ၏ ခွန်အားကို ထုတ်ဖော်ပြသမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ရွှီယန်နှင့် မုန့်ချုံတို့မှာလည်း ဖန်းဟောင်သာ ချီမန်သိုင်းပညာ၏ အခြေခံများကို သင်ကြားပြီးပါက ထိုသိုင်းပညာစနစ်၏ မည်မျှထူးခြားမှုကို တွေ့နိုင်မည်နည်းဟု သိလိုနေကြသည်။

လူအုပ်စုသည် စံအိမ်မှထွက်ခွာကာ ဖန်းဟောင်ကျင့်ကြံမှုပြုသည့် နေရာဆီသို့ ဦးတည်ခဲ့ကြသည်။

ကျိန်နိုင်ငံ၏ နယ်စပ်တွင် ကျယ်ပြောသည့် တောင်များရှိနေ၏။ ထိုတောင်များအကြားတွင် အနည်းငယ် နိမ့်ပါးသည့် တောင်ကြားတစ်ခု ရှိသည်။ တောင်များ၏ ဝန်းရံမှုနှင့်အတူ တောင်၏စွမ်းအားတို့ စုစည်းနေ၏။

ဖန်းဟောင်ရွေးချယ်ထားသည့် ကျင့်ကြံရန်နေရာမှာ ထိုတောင်ကြားငယ် ဖြစ်သည်။

လီရွှမ်က ကြောင်နီပေါ်တွင်ထိုင်ရင်း လေထဲမှ အောက်သို့ငုံ့ကြည့်သည်။ ဖန်းဟောင်၏ ရွေးချယ်မှုအပေါ် ချီးကျူးမိ၏။

ဖန်းဟောင်သည် အမှန်တကယ်ကို ပါရမီပါလှသည်။ သူရွေးချယ်ထားသည့် တောင်ကြားသည် ပတ်ဝန်းကျင်တောင်များ၏ ပျိုးထောင်ပေးမှုဖြင့် ကျင့်ကြံရာတွင် အကျိုးများစေ၏။

ဖန်းဟောင်၏အသွင်က လေးနက်လာပြီး သူသည် ဖန်တီးထားသည့် ကိရိယာများကို တောင်ကြားတစ်လျှောက်ရှိ သက်ဆိုင်ရာနေရာများ၌ စတင်နေရာချသည်။

ပစ္စည်းကိရိယာများသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုတစ်မျိုး ဖွဲ့စည်းလာသည့်ဟန် ရှိ၏။

"ဆရာ... ဂျူနီယာညီလေးက ဘယ်လိုမျိုးကျင့်ကြံမှာလဲ... သဘာဝရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဆွဲသွင်းမှာလား.."

မုန့်ချုံက သိလိုစွာမေးသည်။

"သဘာဝရဲ့ စွမ်းအားကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ်ကျင့်ကြံတာက မလွယ်ကူဘူး။ သေသေချာချာကြည့်.. မင်းလည်းဉာဏ်အလင်းအချို့ ရလာလိမ့်မယ်.."

လီရွှမ်က အသာရယ်ကာဖြေ၏။

ဖန်းဟောင်၏ ဒီသီအိုရီဆိုင်ရာ နည်းလမ်းကို အသုံးပြုပြီး ချီမန်သိုင်းပညာကို ကျင့်ကြံလိုခြင်းမှာ လီရွှမ်ကို အံ့သြသွားစေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို နောက်ခံထားကာ ကျင့်ကြံခြင်းက ခက်ခဲရုံမက အန္တရာယ်လည်းများပါသည်။

အရေးအကြီးဆုံးအချက်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအင်ကို မည်ကဲ့သို့ အသုံးချမည်နည်းဟုဖြစ်၏။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားကို အသုံးပြုရန်အတွက် လူတစ်ယောက်သည် အခင်းအကျင်းကို တည်ဆောက်ခြင်း သို့မဟုတ် ဆန်းကြယ်သည့် သဘာဝဆိုင်ရာ အစီအမံများကို ဖန်တီးကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားကို ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းပြီး ကျင့်ကြံရသည်။

ဖန်းဟောင်တွင် အခင်းအကျင်းနှင့် သဘာဝ၏ ဆန်းကြယ်မှုများနှင့် ပတ်သက်ပြီး ထူးကဲသည့် ပါရမီရှိ၏။

သူသည် ကျင့်ကြံရန်အတွက် ပြည့်စုံသည့် နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး ထိုနေရာရှိ အစီအမံများကို အသုံးပြုကာ နေရာထိုင်ခင်း ပြုလုပ်ပြီး ကျင့်ကြံရန် ရည်ရွယ်လေသည်။

သို့ရာတွင် အန္တရာယ်တို့ရှိနေဆဲ ရှိ၏။ သူသာ စွမ်းအားကို ခံနိုင်ရည် မရှိပါက ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားဖြင့် ထိခိုက်သွားမှာ အသေအချာဖြစ်သည်။

"သူအောင်မြင်ဖို့ မျှော်လင့်တယ်.."

လီရွှမ်သည် အနည်းငယ် စိုးရိမ်နေ၏။

ဖန်းဟောင်သာ ဒီနည်းလမ်းကိုအောင်မြင်စွာ ကျင့်ကြံနိုင်ပါက ချီမန်သိုင်းပညာ၏ ကျင့်ကြံမှုစနစ်ကို ခိုင်မာစွာ တည်ဆောက်နိုင်မှာ ဖြစ်သည်။

'ဒီလိုပုံနဲ့ကျင့်ကြံရင် မူမမှန်တဲ့ ပြောင်းလဲမှုအချို့ ပေါ်လာနိုင်မလား..'

လီရွှမ်သည် တိတ်တဆိတ် စဉ်းစား၏။

တာအိုရွှေစာအုပ်ကို ဖွင့်ကာ စစ်ဆေးကြည့်ပြီးနောက် မနေနိုင်ဘဲ အတွေးနက်သွားသည်။ သူသည် ချီမန်သိုင်းပညာကို ဖန်တီးစဉ်က ချီမန်သွမ့်ကြာ ၄၃၀၀တို့ကို တွေးမိခဲ့သည်။

ဉာဏ်အလင်းပွင့်လာချိန်၌ ချီမန်အခင်းအကျင်းမှတစ်ဆင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို ငှားယူကာ ကျင့်ကြံခြင်းသီအိုရီကို ချရေးခဲ့သည်။

သူ၏ မူလရည်ရွယ်ချက်မှာ အခြေခံအဆင့်သို့ ဝင်ရောက်ပြီးနောက် ချီမန်သိုင်းပညာကို ကျင့်ကြံနိုင်စေရန်ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ထိုအတွက် ချီမန်အခင်းအကျင်းတစ်ခုကို တည်ဆောက်ရန် လိုအပ်သည်။

လူတစ်ယောက်သည် အခြေခံသို့ ဝင်ရောက်နိုင်ခြင်းမရှိပါက မည်ကဲ့သို့ ချီမန်အခင်းအကျင်းကို တည်ဆောက်မည်နည်။

မထင်မှတ်စွာပင် ဖန်းဟောင်သည် ထိုနည်းလမ်းကို စတင်ကျင့်ကြံမှုအတွက် တခါတည်း အသုံးပြုရန်ရွေးချယ်ခဲ့သည်။

ရလဒ်အနေနှင့် ချီမန်သိုင်းပညာ၏ အစောပိုင်းခက်ခဲမှုသည် တိုးမြင့်လာခဲ့ပြီး ထူးခြားသည့် ပါရမီမရှိသည့် လူများအတွက် စိန်ခေါ်မှု ပိုကြီးလာမှာ ဖြစ်သည်။

ဆိုလိုသည်မှာ ချီမန်သိုင်းပညာသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာနှင့် ဒန်ဆေးသိုင်းပညာတို့ထက် ပျံ့နှံ့ရန် ပိုမိုခက်ခဲပြီး စစ်မှန်သည့် သီးခြားသိုင်းပညာတစ်ခု ဖြစ်လာမှာဖြစ်၏။

李 玄:

အပိုင်း ၄၅၆ - ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားအား စုစည်းခြင်း၊ တောင်နှင့်မြစ် ဓားအခင်းအကျင်း(၂)

၎င်းသည် ပိုမိုခက်ခဲကာ ခန့်မှန်း၍ မရနိုင်အောင် ဖြစ်လာခဲ့သည်။ ဖန်းဟောင်လည်းပဲ အနည်းငယ် စိုးရိမ်နေ၏။

ဘာပဲဖြစ်ဖြစ် ဒီကျင့်ကြံမှုနည်းစနစ်သည် မကြုံစဖူး ဖြစ်ပြီး တစ်ချက် ဂရုမစိုက်လုပ်မိပါက မတော်တဆဖြစ်ပွားရန် လွယ်ကူ၏။

'ငါ့ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးက အရှေ့ကိုရောက်နေပြီ။ မကြိုးစားကြည့်ပဲနဲ့တော့ ဒီအတိုင်းမထားနိုင်ဘူး။ အန္တရာယ်ပိုကြီးရင် ဆုကြေးလည်း ပိုပြီးကြီးလိမ့်မယ်..'

ဖန်းဟောင်က အသက်ကို နက်ရှိုင်းစွာရှူပြီး သူ၏အကြည့်က ခိုင်မြဲလာခဲ့သည်။ အစ်ကိုကြီးနှင့် ဒုတိယစီနီယာအကိုတို့၏ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် တော်ဝင်မိသားစုများကို ရင်ဆိုင်သတ်ဖြတ်ဝံ့သည့် ဂုဏ်သရေနှင့် ကြီးမြတ်မှုကြောင့် သူလည်းပဲ ထိုကဲ့သို့သော လူတစ်ယောက်ဖြစ်လာရန် စိတ်အားထက်သန်လာခဲ့၏။

သူ၏အမည်ကို ကြားသည်နှင့် မိသားစုကြီးများနှင့် စိတ်ဝိဉာဉ်ဂိုဏ်းများကို တုန်ခါစေမည်ဖြစ်သည်။ အရာအားလုံးကို ပြင်ဆင်ပြီးနောက် ဖန်းဟောင်က ပြောလိုက်သည်။

"ဟကလေး... အပြင်မှာသွားစောင့်နေ.."

သူသည် ပုခုံးပေါ်ရှိ ဟကလေးကိုကြည့်ကာ ထွက်ခွာခိုင်းသည်။

"ကရို့.."

ဟကလေးက သူ၏လည်ပင်းကို အားပေးစွာဖြင့် ပွတ်သပ်ပြီးနောက် စုလင်းရှုံ၏ ပုခုံးပေါ်သို့ ခုန်သွား၏။

၎င်းသည် ဒန်ဆေးလုံးများကို စားသုံးပြီးကတည်းက စုလင်းရှုံအပေါ် ပိုမိုကာပင် နီးကပ်လာခဲ့သည်။ ဒန်ဆေးလုံးများသည် အလွန်အရသာရှိလှ၏။

ဖန်းဟောင်က တောင်ကြား၏အလယ်တွင် ခေါင်းလောင်းသဏ္ဍာန် ရတနာကို ထားရှိလိုက်သည်။

ချက်ချင်းပင် ပတ်ဝန်းကျင်ရှိတောင်မှ စွမ်းအင်တို့သည် ၎င်းအပေါ်သို့ စုစည်းလာခဲ့၏။ ကြည့်ရသည်မှာ သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်တို့အား ဆွဲယူနေသည့်ဟန် ရှိပြီး တောင်ကြားအတွင်းသို့ စီးဝင်လာခဲ့သည်။

ကျယ်ပြောလှသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့ စုစည်းလာပြီး အထူးအခင်းအကျင်းတစ်ခု ဖြစ်တည်လာခဲ့၏။

ဖန်းဟောင်က ခေါင်းလောင်း၏အပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

"အုန်း.."

ချက်ချင်းပင် သူသည် ခန္ဓာကိုယ်အပေါ်သို့ တောင်တစ်ခု ဖိနှိပ့်လာသည့်နှယ် ခံစားရ၏။

အချိန်မရွေး အရိုးများကွဲကြေကာ ပေါက်ကွဲထွက်သွားတော့မည့်နှယ် ရှိသည်။ ရွှီယန်သည် တောင်ကြားကို ကြည့်ရှု့နေပြီး အတွေးထဲ၌ ပျောက်ဆုံးနေပုံပေါ်၏။

မုန့်ချုံမှာ မျက်မှောင်ကျုံ့နေသည်။ တောင်၏စွမ်းအင်တို့သည် တောင်ကြားအတွင်း၌ စုစည်းလာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ဆွဲယူ၏။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်ဆုံစည်းမှုသည် ဆန်းကြယ်ကာ ပြောင်းလဲနေသည့် သင်္ကေတများကို ဖြစ်ပေါ်စေသည်။

ဤသည်ကို မဖျက်ဆီးနိုင်သည့် ‌ရွှေခန္ဓာကျင့်စဉ်အတွက်သာ ကျင့်ကြံလိုက်ပါက...

ဒီအချိန်၌ မုန့်ချုံတွင် စိတ်ကူးအချို့ရရှိလာခဲ့သည်။

စုလင်းရှုံလည်း တိတ်ဆိတ်စွာကြည့်နေ၏။ သူမ၏ မျက်နှာက စိုးရိမ်မှုတို့ဖြင့် ပြည့်နက်နေပါသည်။

ဖန်းဟောင်အပေါ်သို့ အန္တရာယ်တစ်ခုခု ကျရောက်လာခြင်း မရှိစေရန် သူမသည် အဆင့်မြင့်ဒဏ်ရာကုသခြင်းဆေးလုံးများကို ကြိုတင်လုပ်ထားခဲ့၏။ တစ်ခုခုဖြစ်ပွားသည်နှင့် တိုက်ကျွေးလို့ရသည်။

'ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအားက စုစည်းလာခဲ့တယ်...အဲ့ဒါကိုသာ ဒန်ဆေးလုံးသန့်စင်မှုအတွက် အသုံးပြုလိုက်ရင်...'

ဒီအချိန်၌ စုလင်းရှုံလည်း ဉာဏ်အလင်းတို့ ရလာခဲ့၏။

'အခင်းအကျင်းလမ်းစဉ်က တကယ့်ကိုနက်ရှိုင်းတယ်။ အောင်မြင်ရင် ဒန်ဆေးလုံးတွေ အများအပြား ထုတ်လွှတ်တာ သို့မဟုတ် အံ့ဖွယ်အာနိသင်နဲ့ ဆေးလုံးတွေ ထုတ်လုပ်တာတောင် လက်တွေ့ဖြစ်လာနိုင်တယ်..'

စုလင်းရှုံ၏ စိတ်ကူးထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာခဲ့၏။

'ဟင်းလင်းပြင်ဒန်ဆေးသန့်စင်မှုက...ကောင်းကင်နဲ့ကမ္ဘာမြေကြီးက ဟင်းလင်းပြင်ပဲ...ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စွမ်းအားကို စုစည်းမယ်ဆိုရင်...'

ဝေးဝါးနေသည့် အတွေးများမှတစ်ဆင့် အံ့ဩစရာကောင်းသည့် ဒန်ဆေးသန့်စင်ခြင်း နည်းစနစ်တစ်ခု သူမ၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

၎င်း၏ဖွဲ့စည်းပုံသည် မသဲကွဲသေးဘဲ သူမ၏ လက်ရှိစွမ်းရည်၏အလွန်တွင် ရှိနေပေမယ့် ဒန်ဆေးသန့်စင်မှု နည်းစနစ်အား မြှင့်တင်ရန်အတွက် လမ်းကြောင်းတစ်ခု ရလာစေခဲ့သည်။

လီရွှမ်သည် ဖန်းဟောင်၏ ကျင့်ကြံမှုအပေါ် လုံးဝအာရုံစိုက်နေရင်းမှ ရုတ်တရက် သူ၏ဝိဉာဉ်အခြေပေါ်တွင် တာအိုရွှေစာအုပ်က ပွင့်လာခဲ့သည်။ အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။

သူသည် အနည်းငယ်အံ့ဩသွားသည်။ ဖန်းဟောင်သည် စတင်ကျင့်ကြံကာစသာ ရှိသေး၏။ စတင်ခြင်းအဆင်သို့ မဝင်ရောက်သေးပေ။ ဘယ်လိုလုပ်ပြီး ယခုမျှမြန်ဆန်စွာ တန်ပြန်အကျိုးပြုမှု ရလာခဲ့သနည်း။

"သင်၏တပည့် စုလင်းရှုံသည် ဟင်းလင်းပြင်ဒန်ဆေးသန့်စင်ခြင်းအတတ်၏ ပိုမိုအဆင့်မြင့်မားသည့်အသွင်ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် ကောင်းကင်ဒီဗိုင်းအိုး ဒန်ဆေးသန့်စင်ခြင်းကို ရရှိသည်.."

လီရွှမ်က မှင်သက်သွားသည်။ ဘေးရှိစုလင်းရှုံကိုကြည့်ကာ မနေနိုင်ဘဲ အံ့သြသွား၏။ ကောင်းကင်ဒီဗိုင်းအိုး ဒန်ဆေးသန့်စင်မှုသည် စိတ်ကူး၍မရနိုင်အောင် စွမ်းအားကြီးမားလှသည်။

သူက အသက်ကိုနက်ရှိုင်းစွာ ရှူ၏။ ၎င်းကို ဒန်ဆေးသန့်စင်ခြင်း၏ အထွတ်အထိပ်သို့ ခံစားနေရသည်။ ဆက်လက်မြှင့်တင်ရန်အတွက် မဖြစ်နိုင်လုနီးပါး ရှိနေသည့်ဟန် ရှိ၏။

သို့ရာတွင် စုလင်းရှုံတွင် ထိုအတွက် စိတ်ကူးတစ်ခုနှင့် လားရာတစ်ခုသာ ရှိသေးပြီး တည်ဆောက်ရသေး၏။

သူမသည် ကောင်းကင်ဒီဗိုင်းအိုး ဒန်ဆေးသန့်စင်ခြင်းကို ပြည့်စုံစွာ နားလည်သဘောပေါက်ခြင်း မရှိသေး‌ပေ။

ထိုအပြင် သူမ၏ လက်ရှိစွမ်းအင်တို့နှင့် ထိုအတတ်ကို ဖော်ဆောင်ရန်အတွက် လုံလောက်ခြင်း မရှိသေးပေ။

လီရွှမ်အတွက်ပင်လျှင် မဖြစ်နိုင်သေးပါ။ သူသည် ထိုဒန်ဆေးသန့်စင်ခြင်းအတတ်၏ အသိအမြင်များကို ပိုင်ဆိုင်ရုံသာရှိပြီး စွမ်းဆောင်ရန်အတွက်မူ လုံလောက်သည့် စွမ်းအားကို လစ်ဟင်းနေ၏။

'ဒါက မထင်မှတ်ထားတဲ့ ရရှိမှုပဲ..'

လီရွှမ်က ဝမ်းသာစွာဖြင့် ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ဖန်းဟောင်မှာ ချီမန်သိုင်းပညာကို ကျင့်ကြံနေခြင်းဖြစ်ပေမယ့် စုလင်းရှုံမှာလည်း ထိုအထဲမှ ဉာဏ်အလင်းတို့ ရရှိလာခဲ့၏။

တောင်ကြားအတွင်းတွင် ခေါင်းလောင်းသဏ္ဍာန် ရတနာ၏အပေါ်၌ ဖန်းဟောင်၏မျက်နှာက အနီရောင်ပြောင်းလာခဲ့၏။ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်တော့မည့်ဟန်ရှိသည်။ သူသည် မနည်းတောင့်ခံနေရ၏။

'အချိန်ကျပြီ... ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့အားကို ငါငှားရမ်းအသုံးပြုနိုင်လောက်တယ်။ ပြီးရင်ခန္ဓာကိုယ်အတွင်းမှာ ကောင်းကင်ရဲ့ထူးကဲတဲ့ သင်္ကေတတွေကို ပေါင်းထည့်ရမယ်..'

ဒီအချိန်၌ ဖန်းဟောင်၏အကြည့်က ခိုင်မာနေပြီး သူနားလည်သဘောပေါက်ထားသည့် ချီမန်သိုင်းပညာအတိုင်း စတင်ကျင့်ကြံသည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအင်က ခန္ဓာကိုယ်အတွင်းတွင် စည်းကြောင်းတစ်ခုသဖွယ် ရွေ့လျားနေပြီး တစ်ခုခုအား ရေးဆွဲနေဟန်ရှိသည်။

ဆက်လက်ကျင့်ကြံရင်းနှင့် တောင်တစ်ခုကဲ့သို့ ဖိအားသည် တဖြည်းဖြည်း ပိုမိုညင်သာလာခဲ့၏။ မုန့်ချုံက စဉ်းစားသည်။

ဖန်းဟောင်က ဆန်းကြယ်အခင်းအကျင်းကို တည်ဆောက်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို ငှားရမ်းပြီး ကျင့်ကြံမှုပြု၏။

ဤသည်မှာ အမှန်တကယ်ကို ထူးခြားသည့် သိုင်းပညာတစ်ခုဖြစ်သည်။ သဘာဝ၏ စွမ်းအားသည် အလွန်ကြမ်းကြုတ်ပါက လူတစ်ယောက်ကို ချက်ချင်းထိခိုက်သွားစေနိုင်၏။

အလွန်အားနည်းလျှင်လည်း ကျင့်ကြံမှုတွင် စတင်မှုရနိုင်ရန် ခက်ခဲနေမှာပါ။ ၎င်းသည် အနုစိတ်သည့် မျှခြေတစ်ခုကို လိုအပ်၏။

ထိုနေရာတွင် သံသယဝင်စရာမကောင်းလောက်အောင် ဖန်းဟောင်သည် ကောင်းကောင်းဖမ်းဆုပ်နိုင်စွမ်းရှိသည်။ ဤသည်က သူ၏ချီမန်သိုင်းပညာအပေါ် ပါရမီကိုပြသနေ၏။

'ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ကြမ်းတမ်းပြီးတော့ သာမန်ကျင့်ကြံမှုနဲ့ဆိုရင် တိုးတက်မှုက နှေးကွေးတယ်။ ငါသာ သဘာဝရဲ့စွမ်းအားကို ငှားယူပြီးတော့ ကျင့်ကြံနိုင်မယ်ဆိုရင် မသေဆုံးနိုင်တဲ့ ရွှေခန္ဓာလည်း အများကြီးပိုပြီး သန်မာလာမှာဖြစ်သလို ခံနိုင်ရည်စွမ်းက အံ့သြစရာကောင်းပြီး ကျင့်ကြံမှုအမြန်နှုန်းကလည်း မြင့်တက်လာမှာ..'

ထိုအတွေးများက စိတ်ထဲတွင် ဝန်းရံနေပြီး ခြားနားသည့် စိတ်ကူးများ စတင်ပေါ်လာခဲ့သည်။ မုန့်ချုံ၏ စိတ်ထဲတွင် မဖျက်ဆီးနိုင်သည့် ရွှေခန္ဓာအားကျင့်ကြံရာတွင် ကူညီပေးနိုင်မည့် ကျင့်စဉ်တစ်ခုသည် စတင်ဖြစ်တည်လာခဲ့၏။

လီရွှမ်မှာ ဖန်းဟောင်ကိုကြည့်ကာ စိတ်သက်သာရာရသွားသည်။ ဖန်းဟောင်၏ အစောပိုင်းကျင့်ကြံမှုသည် ပြဿနာမရှိတော့ပေ။ အမှန်တကယ်ကို သူသည် ပထမဆုံးစမ်းသပ်ကြည့်ရာ၌ပင် သဘာဝ၏ စွမ်းအားကို ပြည့်စုံစွာ အသုံးချနိုင်ခဲ့၏။

ဤသည်က ထိုအပိုင်းရှိ သူ၏အံ့သြစရာကောင်းသည့် ပါရမီကို ပြသနေပါသည်။ တာအိုရွှေစာအုပ်က ထပ်မံပွင့်လာခဲ့ပြန်၏။ ရွှေရောင်အလင်းတို့ ထွက်ပေါ်လာခဲ့သည်။

"သင်၏တပည့် မုန့်ချုံသည် ခန္ဓာကိုယ်ကျင့်ကြံမှုစနစ်အတွက် အကူကျင့်စဉ်-ကောင်းကင်တူသန့်စင်ခြင်း၁၀၀အတတ်ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် ကောင်းကင်တူသန့်စင်ခြင်း၁၀၀အတတ်ကို ရရှိခဲ့ပြီး သင်၏မဖျက်ဆီးနိုင်သည့် ရွှေခန္ဓာသည် အကြိမ်၁၀၀သန့်စင်ခြင်းခံရပြီး ကြီးမားသော တိုးတက်မှုတို့ ဖြစ်ပေါ်လာခဲ့သည်.."

လီရွှမ်သည် သူ၏မဖျက်ဆီးနိုင်သည့် ရွှေခန္ဓာ၌ ရုတ်တရက် တိုးတက်မှုတို့ ဖြစ်ပေါ်လာကြောင်းကို ခံစားလိုက်ရ၏။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အကြိမ်၁၀၀တိုင်အောင် သန့်စင်ခြင်း ခံထားရသည့်နှယ် ရှိသည်။

'ဝိုး... ဒီခန္ဓာကိုယ်ကျင့်ကြံမှုရဲ့ အထောက်အကူပြုကျင့်စဉ်က တကယ့်ကိုစွမ်းအားကြီးတာပဲ... သဘာဝကို တူလိုအသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် သန့်စင်တယ်..'

လီရွှမ်သည် ကြီးစွာစိတ်လှုပ်ရှားလာခဲ့သည်။ သူ၏ ဒုတိယတပည့်ဖြစ်သူ မုန့်ချုံကို ကြည့်ရသည်မှာ အနည်းငယ်ကြမ်းကြုတ်၏။

သို့ပေမယ့် ယခုမျှစွမ်းအားကြီးမားသည့် အတတ်တစ်ခုကို ဉာဏ်အလင်းရလာမည်ဟု ထင်မထားခဲ့ပေ။

စုလင်းရှုံလည်းပဲ ဖန်းဟောင်၏ သဘာဝ၏စွမ်းအားကို အသုံးချမှုအား စူးစမ်းကာ ကောင်းကင်ဒီဗိုင်းအိုးဒန်ဆေးသန့်စင်ခြင်းအတတ်ကို နားလည်သဘောပေါက်လာခဲ့သည်။

မုန့်ချုံမှာတော့ ကောင်းကင်တူသန့်စင်ခြင်း၁၀၀ အတတ်ကို နားလည်သဘောပေါက်လာခဲ့သည်။ ထိုသို့ဆိုပါက ရွှီယန်က မည်သည်ကိုမှ နားမလည်ပေဘူးလား။

လီရွှမ်သည် အံ့ဩသွားသည်။ ရွှီယန်မှာ ပထမဆုံးတပည့်ဖြစ်သလို ပါရမီအကောင်းဆုံးလည်းဖြစ်၏။ သူ၏အကြည့်က အတွေးနက်နေပုံပေါ်သည့် ရွှီယန်အပေါ်သို့ ကျရောက်သွားသည်။ မည်သည်ကိုများ နားလည်မှု ရလာနိုင်မည်လဲဟု မျှော်လင့်နေမိ၏။

ဖန်းဟောင်၏ ကျင့်ကြံမှုဖြစ်စဉ်သည် ညတွင်းချင်း ပြီးမြောက်နိုင်သည့်အရာ မဟုတ်ပေ။

အထူးသဖြင့် သူသည် အစက စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ဖြစ်ကာ ယခုအချိန်၌ အစမှပြန်လည်ကျင့်ကြံနေပြီး မူလသိုင်းပညာအခြေခံကို လုံးဝစွန့်ပစ်လိုက်လုနီးပါး ရှိနေ၏။

ထို့ကြောင့် ဒီဖြစ်စဉ်မှာ အလောတလျှင်နိုင်လို့ မရပါ။ လီရွှမ်သည် ဖန်းဟောင်၏ ခွန်အားအခြေအနေကို သေချာခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် သူသည် ကျင့်စဉ်ကို ဖန်တီးခဲ့ပေမယ့် ကိုယ့်ဘာသာကျင့်ကြံခြင်း မရှိပေ။ ဖန်တီးခြင်းနှင့် ကျင့်ကြံခြင်းအကြား ခြားနားချက်မှာ အလွန်ကြီးမားလှ၏။

တစ်ရက်တာ ကုန်ဆုံးသွားသည်။ ဖန်းဟောင်သည် ကျင့်ကြံမှုအတွင်း၌ ရှိနေသေး၏။ သူ၏မျက်နှာက နီရဲနေဆဲရှိကာ ရှင်းလင်းစွာပင် သက်ဆိုင်ရာ နာကျင်မှုတစ်ခုကို တောင့်ခံထားရ၏။

လီရွှမ်က ရွှီယန်ကို အံ့ဩစွာ ကြည့်လိုက်သည်။

'တစ်ခုခုမှားနေပြီ... အကြီးဆုံးတပည့်ရဲ့ မကောင်းဆိုးဝါးဆန်တဲ့ ဉာဏ်အလင်းပွင့်နိုင်မှုက ဘယ်ကိုရောက်သွားတာလဲ... သူဘာလို့ ဘာတိုးတက်မှုမှ မရသေးတာလဲ..'

သူသည် အနည်းငယ်စိတ်ဓာတ်ကျစွာ ခံစားလိုက်ရ၏။ တပည့်လေးယောက်တို့အကြားတွင် ရွှီယန်မှာအကြီးဆုံးတပည့်ဖြစ်ကာ သူ၏သိုင်းပညာ၏ စစ်မှန်သည့် ရှေ့ဆောင်တစ်ဦး စစ်မှန်သည့် ပါရမီရှင်တစ်ဦးဖြစ်သည်။

ယခုအချိန်၌ မုန့်ချုံနှင့်စုလင်းရှုံတို့ နှစ်ဦးစလုံးမှာ တိုးတက်မှုတို့ ရရှိခဲ့ပြီးရွှီယန်ကတော့ မည်သည်ကိုမှ နားလည်သဘောပေါက်မှု မရပေဘူးလား။

ရုတ်တရက် လီရွှမ်၏မျက်ခုံးများက မြင့်တက်လာပြီး သူ၏မျက်နှာက အံ့ဩလာခဲ့သည်။ ထိုအချိန်၌ တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှု ရောက်ရှိလာ၏။

"သင်၏တပည့် ရွှီယန်သည် တောင်နှင့်မြစ်ဓားအခင်းအကျင်းကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် တောင်နှင့်မြစ်ဓားအခင်းအကျင်း၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိလာခဲ့သည်.."

'ဓားအခင်းအကျင်း...'

ရွှီယန်သည် ဓားအခင်းအကျင်းတစ်ခုကို ဖမ်းဆုတ်နိုင်ခဲ့၏။ ဤသည်မှာ လီရွှမ်စိတ်ကူးထားသည်ထက် ကျော်လွန်နေပါသည်။

ထို့အပြင် ဓားအခင်းအကျင်းမှာ အလွန်ပြောင်မြောက်သည့် ဖန်တီးမှုဖြစ်၏။ လီရွှမ်က တိတ်ဆိတ်နေစဉ် မျက်စိတစ်မှိတ်အတွင်း ရွှီယန်သည် ဓားအခင်းအကျင်းကို တည်ဆောက်လိုက်ပြီး ဖြစ်သည်။ မြင်ကွင်းအတွင်းရှိ အရာအားလုံးတို့သည် ဓားတစ်ခုကဲ့သို့ ပြောင်းလဲလာပြီး လေထဲတွင် တောင်နှင့်မြစ်ဓားဆန္ဒက ထွက်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်အတွင်းသို့ ပေါင်းစပ်သွား၏။

မည်သည့်အသံတစ်ခုမှ မထွက်ပေ။

မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။ ပတ်ဝန်းကျင်ကို ကြည့်ကာ တစ်ခုခုမှားယွင်းနေသည်ဟု ရေးတေးတေးခံစားရ၏။

သို့ပေမယ့် အကြောင်းအရင်းကို ရှာမရနိုင်ဘဲရှိနေပါသည်။

'အမြင်မှားတာလား..'

မုန့်ချုံသည် ထိုအတွေးကို ဖယ်ထုတ်လိုက်၏။ သူသည် ထိုကဲ့သို့ အမြင်မှားမှုမျိုး ဖြစ်ပေါ်မည်ဟု ဘယ်တုန်းကမှ တွေးထားခြင်းမရှိပေ။ အမှန်တကယ်ကို တစ်ခုခုမှားယွင်းနေရပေမည်။

သို့ပေမယ့် အတိအကျမပြောနိုင်ဘဲရှိနေ၏။ ရုတ်တရက် သူသည် အမည်မသိ အန္တရာယ်ခံစားချက်တစ်ခုကို ရရှိလာခဲ့သည်။

'တစ်ခုခုမှားနေပြီ...ဆရာလည်း ငါတို့ဘေးမှာရှိတာပဲ။ ဘာလို့ အန္တရာယ်ရှိသလိုမျိုး ခံစားနေရတာလဲ..'

မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။

စုလင်းရှုံကိုကြည့်ကာ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုမှတစ်ဆင့် မေးလိုက်၏။

"ဂျူနီယာညီမလေး... နင်မူမမှန်တာတစ်ခုခုကို သတိထားမိလား.."

စုလင်းရှုံ၏ လှပသည့်မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သစ်စိမ်းစိတ်ဝိဉာဉ်ခန္ဓာ၏ ပိုင်ရှင်တစ်ယောက်အနေနှင့် သူမသည် မြက်ပင်နှင့် သစ်ပင်တိုင်း၌ ထူးဆန်းနေမှုကို ခံစားလိုက်ရသည်။

၎င်းတို့သည် ပိုမိုထက်မြလာဟန်တို့၏။ တုံ့ဆိုင်းနေပြီးနောက် ဖြေကြားစွာပြောသည်။

"အပင်တွေနဲ့ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသလိုပဲ.."

မုန့်ချုံက အံ့ဩသွားသည်။ အပင်တွေက မည်ကဲ့သို့မှားယွင်းနိုင်မည်နည်း။ သူသည် မည်သည်ကိုမှ သတိထားမိခြင်း မရှိပေ။

ပြီးနောက် စီနီယာအစ်ကိုကြီးဖြစ်သူ ရွှီယန်ကိုကြည့်လိုက်၏။ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုမှတစ်ဆင့် မေးမြန်းလိုက်သည်။

"အစ်ကိုကြီး... တစ်ခုခုထူးဆန်းတာကို သတိထားမိလား.."

အစ်ကိုကြီးသာ မည်သည့်ထူးခြားမှုကိုမှ သတိထားမိခြင်းမရှိပါက ဤသည်မှာ အမှန်တကယ်ကို သူ၏ ထင်ယောင်ထင်မှားဖြစ်ခြင်း ဖြစ်ပေလိမ့်မည်။

All Chapters