အခန်း (၄၅၇-၄၅၉)
Vol. 31 Ch. 457-459
အပိုင်း ၄၅၇ - ဖန်းဟောင်၏စတင်မှု၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အံ့ဖွယ်များ
ရွှီယန်က သူ၏ သိုင်းညီအစ်ကိုများကို ကြည့်ကာ နှုတ်ခမ်းများက အသာပြုံးသည်။
"ဘာမူမမှန်တာမှ မရှိပါဘူး.."
ဓားအခင်းအကျင်းအား ဖန်တီးထားသူမှာ သူဖြစ်သည်။ ထို့ကြောင့် ဘယ်လိုလုပ်ပြီး မူမမှန်မှု ရှိမည်လဲ။
မုန့်ချုံက သူ၏ ကတုံးပြောင်ကို ကုပ်ကာ အနည်းငယ်စိတ်ဓာတ်ကျသွားပုံ ပေါ်၏။ သူသည် မူမမှန်မှုများကို ဂရုတစိုက် အာရုံခံကြည့်ပြီး အမှန်တကယ်ကို အချို့အား သတိထားမိခဲ့သည်။ သူ့ကိုယ်သူ အန္တရာယ်အငွေ့အသက်၏ လွှမ်းခြုံခြင်းအား ခံထားရသည်ဟု ခံစားရ၏။
"ဖြစ်နိုင်တာက တကယ်ပဲ ငါထင်မှားတာလား.."
စီနီယာအစ်ကိုကြီးက မည်သည်မှ မှားယွင်းမှုမရှိဟု ပြောလာရာ သူ့ကိုယ်သူ၏ အထင်အမြင်မှားမှုလားဟုပင် စတင် တွေးတောလာမိသည်။
လီရွှမ်၏ နှုတ်ခမ်းထောင့်များက အနည်းငယ်တွန့်ကွေးသွားသည်။ သူသည် ရွှီယန်၏ တောင်နှင့်မြစ် ဓားအခင်းအကျင်းအား မုန့်ချုံရပ်နေသည့် တည်နေရာဆီသို့ ကျုံ့ဝင်လာစေမှုကို သတိထားမိ၏။ ဤသည်က မုန့်ချုံကို ပိုမိုကာပင် ကြောင်တောင်လာစေသည်။ အန္တရာယ်ခံစားချက်မှာ ပိုမိုကာပင် သန်မာလာခဲ့၏။
သူသည် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်အတွင်းသို့ ကျရောက်နေသည်ဟု ခံစားရသည်။ ပတ်ဝန်းကျင်သည် ခြိမ်းခြောက်နိုင်စွမ်းတို့ တိုးပွားလာသည့်ပုံပေါ်ပြီး အချိန်မရွေး ကြီးမားသည့် တိုက်ခိုက်မှုအား ရင်ဆိုင်ရတော့မည့်ပုံရှိ၏။
"ဂျူနီယာညီလေး... တစ်ခုခုမူမမှန်တာကို တွေ့လို့လား.."
ရွှီယန်က မေးသည်။
မုန့်ချုံက ခေါင်းကိုကုပ်ကာ အပူတပြင်း ဖြစ်နေဟန်ဖြင့်ပြော၏။
"ဟုတ်တယ်... အန္တရာယ်အချို့ကို ခံစားနေရတယ်။ ဒါပေမယ့် အဲ့ဒါက အဓိပ္ပါယ်မရှိဘူးလေ။ အနီးအနားမှာ ဆရာရှိနေတာကို.. စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ချောင်းမြောင်းနေရင်တောင် ဘာအန္တရာယ်မှ ရှိနိုင်မှာမဟုတ်ဘူး.."
ရွှီယန်က တွေးဆစွာ ခေါင်းငြိမ့်သည်။ မုန့်ချုံသည် သာမာန်သိုင်းသမားတစ်ယောက် မဟုတ်ပေ။ ဓားအခင်းအကျင်းမှာ ကောင်းမွန်စွာ ဖုံးကွယ်ထားပေမယ့် စူးစမ်းနိုင်ဆဲရှိ၏။
တစ်ဖက်လူသည် ဆရာ၏ တည်ရှိမူကြောင့် မဖြစ်နိုင်ဟု ယူဆထား၍သာ တုံ့ပြန်မှုမပြုရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ချက်ချင်းပင် ရွှီယန်သည် ဓားအခင်းအကျင်းကို ပြောင်းရွှေ့လိုက်၏။ စုလင်းရှုံကို လွှမ်းခြုံလာခဲ့သည်။
"ဂျူနီယာညီမလေး... တစ်ခုခုမူမမှန်တာကို သတိထားမိလား.."
ရွှီယန်က မေးသည်။ သူသည် ဓားအခင်းအကျင်းအား ပိုမိုတိတ်ဆိတ်ကာ ဖုံးကွယ်ထားနိုင်အောင် မည်ကဲ့သို့ ပြုလုပ်ရမည်အား ကြိုးစားရှာဖွေနေခြင်း ဖြစ်၏။
စုလင်းရှုံက မျက်မှောင်ကျုံ့သွားသည်။
"ဘာလို့လဲမသိဘူး... ပတ်ဝန်းကျင်က အပင်တွေ ပိုပြီးတော့ ထက်မြလာတယ်လို့ ခံစားရတယ်။ အန္တရာယ်ရှိသလိုပဲ.."
"အဲ့လိုလား..."
ရွှီယန်က ခေါင်းငြိမ့်သည်။ ချက်ချင်းပင် သူ၏ဓားဆန္ဒသည် မြေကြီးအတွင်းသို့ ပေါင်းစပ်သွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင် အတွင်းသို့ပင် ပျော်ဝင်သွားသည်။
"အမ်... အဲ့ဒီ့ခံစားချက် မရှိတော့ဘူး... ဒါပေမယ့်တစ်ခုခု... တစ်ခုခုက ခံစားရတာ မမှန်သေးဘူး.."
စုလင်းရှုံက အံ့သြစွာဖြင့် အသံပြုသည်။
မုန့်ချုံက သူ၏စီနီယာအကိုကို ကြည့်ကာ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ ယခုအချိန်၌ သူနားလည်လိုက်၏။ ကြည့်ရသည်မှာ တစ်ဖက်လူ၏ လုပ်ဆောင်ချက် ဖြစ်ပေလိမ့်မည်။
"စီနီယာအကို... ခုနက ဘာဉာဏ်အလင်းပွင့်မှု အသစ်တွေ ရခဲ့လဲ.."
မုန့်ချုံက သိလိုစွာမေး၏။
"ဓားအခင်းအကျင်း..."
ရွှီယန်က သက်ပြင်းချသည်။ မျက်စိတစ်မှိတ်အတွင်း ဓားအခင်းအကျင်းသည် ပေါ်လာခဲ့၏။ အချိန်မရွေး ထပ်မြသည်ဓားအဖြစ် ပြောင်းလဲသွားတော့မည့်ပုံပေါ်သည့် မြက်များ၊ သစ်ပင်များ၊ မြေကြီးများကို ကြည့်လိုက်လျှင် တစ်ခုချင်းစီတိုင်းသည် အထူးသင်္ကေတအတိုင်း စီမံထားသည့်ပုံ ပေါ်၏။
မုန့်ချုံသည် အရိုးထဲမှ အေးစိမ့်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဤသည်မှာ ဓားအခင်းအကျင်းလေလား။ ပြီးခဲ့တုန်းက သိုက်မိသားစု၏ အိမ်တွင် ရွှီယန်သည် နှလုံးသားဓားအဆင့်၏ စွမ်းအားကို ထုတ်ဖော်ပြသခဲ့သည်။ အရာအားလုံးကို ဓားအဖြစ် ပြောင်းလဲခဲ့၏။
သို့ရာတွင် ဤသည်မှာ တိုက်ခိုက်ရန်ရည်ရွယ်ချက်ဖြင့် အရာအားလုံးကို တိုက်ရိုက်ပြောင်းလဲခဲ့ခြင်းသာဖြစ်သည်။ နှိုင်းယှဉ်ကြည့်ပါက ဓားအခင်းအကျင်းမှာ အရာဝတ္ထုများကို ဓားအဖြစ်ပြောင်းလဲရုံမက အထူးသင်္ကေတတစ်ခုအတိုင်း ထိန်းချုပ်ထားကာ တိုက်ခိုက်မှုကို ပိုမိုသန်မာစေကာ သတ်ဖြတ်နိုင်စွမ်းတို့ ပိုကောင်းလာခဲ့သည်။
"ဒီဓားအခင်းအကျင်းနဲ့ဆိုရင်... သိုက်ရှန်းကို ငါအနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်.."
ရွှီယန်က ဓားအခင်းအကျင်းကို ရုတ်သိမ်းကာပြော၏။
ယခုအချိန်၌ သူ့တွင် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ကိုယ့်ဘာသာ သတ်ဖြတ်ရန် စွမ်းရည်တို့ ရလာခဲ့သည်။
"ငါ.. အဆင့်ချိုးဖျက်တော့မယ်လို့ ခံစားရတယ်... တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာဖွေပြီး ကျင့်ကြံရမယ်.."
ဆရာဖြစ်သူကို နှုတ်ဆက်စကားပြောပြီးနောက် ရွှီယန်သည် နောက်သို့လှည့်ကာ ထွက်ခွာခဲ့၏။ သူသည် ဒီဗိုင်းဆန္ဒအဆင့်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိပေတော့မည်။
'ငါလည်းသွားပြီးတော့ ကျင့်ကြံမှ..'
မုန့်ချုံက လေပူများကို မှုတ်ထုတ်၏။ စီနီယာအစ်ကိုကြီးက အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို အမှီအခိုကင်းစွာဖြင့် သတ်ဖြတ်နိုင်ရန် စွမ်းရည်တို့ရှိလာခဲ့ရာ သူလည်းပဲ ပိုမိုကြိုးစားရန် လိုအပ်ပါသည်။
ကံကောင်းစွာပင် သူသည် အထောက်အကူ ကျင့်စဉ်တစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့၏။ ယခုအချိန်၌ ရလဒ်ကို ကြည့်ရပေမည်။
ရွှီယန်နှင့် မုန့်ချုံတို့ နှစ်ဦးစလုံးသည် ထွက်ခွာသွားကြပြီး သက်ဆိုင်ရာ ကျင့်ကြံရာ နေရာများအား သွားရောက်ရှာဖွေကြသည်။ စုလင်းရှုံသာလျှင် ကျန်ခဲ့၏။ လီရွှမ်၏ဘေးတွင်ထိုင်ကာ ဆရာအတွက် လက်ဖက်ရည်ဖျော်ပေးသည်။
"ဆရာ... ဂျူနီယာမောင်လေး.. သူ့ရဲ့ကျင့်ကြံမှုမှာ စတင်နိုင်ဖို့ အချိန်ဘယ်လောက်ကြာမလဲ.."
လီရွှမ်က တောင်ကြားအတွင်းရှိ ဖန်းဟောင်ကိုကြည့်ကာ ပြောသည်။
"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအင်တွေ စပြီးတော့ ပျောက်ကွယ်လာပြီဆိုရင် စတင်ခြင်းအဆင့်ကို ဝင်ရောက်လိမ့်မယ်.."
ဤသည်ကို ကြားရပြီးနောက် စုလင်းရှုံက ဖန်းဟောင်ဖန်တီးထားသည့် ထူးဆန်းသည့် အခင်းအကျင်းကို ကြည့်သည်။ တောင်ကြားတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအင်မှာ ဆက်လက်စုဝေးနေပြီး ဖြေးညှင်းစွာ တိုးပွားနေသေး၏။ လွင့်ပါးရန်အတွက် ဝေးကွာပါသေးသည်။
"ဆရာ... စတင်ခြင်းအဆင့်ကို ရောက်ပြီးရင် ဂျူနီယာမောင်လေးက ဘယ်အဆင့်ကို ရောက်သွားမှာလဲ.."
စုလင်းရှုံက သိလိုစွာမေး၏။
လီရွှမ်က ခဏတာ စဉ်းစားသည်။ ဖန်းဟောင်သည် အစက စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ဖြစ်၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင်ကို အသုံးပြုကာ သူသည် သိုင်းပညာအခြေခံကို ပြန်လည်တည်ဆောက်ပြီး ချီမန်လမ်းစဉ် သိုင်းသမားတစ်ယောက် ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် အောက်ခြေမှစမည် မဟုတ်ပါ။
"ထုံးရွှမ်အဆင့်.."
ဖန်းဟောင်သာ စတင်ခြင်းအဆင့်သို့ ရောက်ရှိပါက သူသည် ထုံးရွှမ်အဆင့်သို့ ရောက်နိုင်မှာ ဖြစ်၏။
ပုံမှန်ဆိုပါက ချီမန်သိုင်းသမားတို့သည် စတင်ချိန်၌ မူလအဆင့်သို့ ရောက်ရှိမှာဖြစ်၏။ သို့ပေမယ့် ဖန်းဟောင်မှာ ပထမဆုံး ချီမန်သိုင်းသမားတစ်ယောက် ဖြစ်ပြီး သိုင်းပညာအခြေခံလည်း ပိုင်ဆိုင်ထားရာ သူ၏ စတင်မှတ်မှာ ပိုမိုမြင့်မားပါသည်။
"ပုံမှန်ဆိုရင်... ချီမန်သိုင်းသမားတွေက အရင်ဆုံး သူတို့ရဲ့ခန္ဓာကိုယ်ကို ပျိုးထောင်ဖို့ လိုအပ်တယ်။ အခြေခံကို မြှင့်တင်ပြီး အခင်းအကျင်းကို လေ့လာရမယ်။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ဆန်းကြယ်တဲ့ အစီအမံတွေကို လေ့လာရမယ်။ အဲ့ဒီ့အခြေခံတွေ ခိုင်မာမှပဲ စတင်ခြင်းအဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်.."
"သူတို့က စတင်တာနဲ့ မူလအဆင့်ကို ရောက်မှာ ဖြစ်ပေမယ့် မစတင်ခင် ကျင့်ကြံမှုကြောင့် ပင်ယင်းသိုင်းပညာ၊ ခန္ဓာကိုယ်ကျင့်ကြံမှုသိုင်းပညာ သို့မဟုတ် ဒန်ဆေးသိုင်းပညာ စနစ်တွေထက် ပိုပြီးတော့ မြန်နေမှာမဟုတ်ဘူး.."
"ပါရမီနိမ့်ပါးတဲ့သူတွေဆိုရင် အခြားသိုင်းလမ်းစဉ်တွေကို ကျင့်ကြံတာထက်ထောင် ပိုပြီး နှေးကွေးဦးမှာ.."
လီရွှမ်က တိတ်ဆိတ်စွာဖြင့် မှတ်ချက်ပေးသည်။
ဖန်းဟောင် စတင်ခြင်းအဆင့်သို့ ရောက်ရှိပြီး ချီမန်သိုင်းပညာစနစ်၏ တန်ပြန်အကျိုးပြုမှုကို လက်ခံရရှိပြီးပါက သူသည် ချီမန်သိုင်းပညာ၏ စစ်မှန်သည့် ကျင့်ကြံခြင်းလမ်းစဉ်ကို သိရှိလာမှာ ဖြစ်သည်။ လီရွှမ်သည် မျှော်လင့်နေမိ၏။
လဝက်ကြာပြီးနောက် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင်တို့ အားနည်းလာခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန်းကြယ်အခင်းအကျင်းကို ဖန်တီးရန် ဖန်းဟောင်အသုံးပြုသည့် ကိရိယာများမှ အက်ကွဲကြောင်းအချို့ ပေါ်လာခဲ့သည်။ အကန့်အသတ်သို့ ရောက်ရှိတော့မည့်ဟန် ရှိ၏။
'သူစတင်ခြင်းအဆင့်ကို ဝင်ရောက်တော့မှာမလား..'
လီရွှမ်က တိတ်တဆိတ် ကြည့်၏။
နောက်ထပ် ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားသည်။
ရုတ်တရက် လီရွှမ်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။ ဖန်းဟောင်သည် တောင်ကြား၌ရပ်နေပြီး အရင်ကနှင့် ခြားနားနေသည့်ဟန် ရှိသည်။
ဝိဉာဉ်အခြေပေါ်ရှိ တာအိုရွှေစာအုပ်က ပွင့်လာခဲ့၏။
"သင်၏တပည့် ဖန်းဟောင်သည် သင်ဖန်တီးထားသည့် ချီမန်သိုင်းပညာအား စတင်ခြင်းအဆင့်သို့ ကျင့်ကြံနိုင်ခဲ့သည်။ သင်၏ ချီမန်သိုင်းပညာသည် အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားပြီး သင်သည် အဆင့်တူများထက် အဆ၁၀၀ ပိုမိုသန်မာသည်.."
လီရွှမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ၏စိတ်ထဲ၌ ချီမန်သိုင်းပညာ၏ ကျင့်စဉ်သည် ဖြစ်တည်လာခဲ့၏။ သို့ရာတွင် တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှုမှာ ပျောက်ကွယ်သွားခြင်း မရှိသေးပါ။
"သင်သည် စတုတ္ထမြောက် သိုင်းပညာစနစ်- ချီမန်သိုင်းပညာကို အောင်မြင်စွာ ဖန်တီးခဲ့သည်။ သင်၏ ချီမန်သိုင်းပညာစနစ်သည် ဒီဗိုင်းဆန္ဒအဆင့်သို့ ရောက်ရှိသွားသည်.."
အပိုင်း ၄၅၈ - ဖန်းဟောင်၏စတင်မှု၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အံ့ဖွယ်များ(၂)
ချီမန်သိုင်းပညာသည် ဒီဗိုင်းဆန္ဒအဆင့်အထိ မြင့်တက်သွားခဲ့၏။ ယခုအချိန်၌ သိုင်းစနစ်လေးခုတို့ အကြားတွင် ပင်ယင်းသိုင်းပညာသည် မူလဒီဗိုင်းအဆင့်သို့ ရောက်ရှိနေပြီး ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှု၊ ဒန်ဆေးကျင့်ကြံမှုနှင့် ချီမန်ကျင့်ကြံမှုစနစ် အားလုံးတို့သည် ဒီဗိုင်းဆန္ဒအဆင့်၌ ရှိသည်။
"သင်၏တပည့် ဖန်းဟောင်သည် သင်ဖန်တီးထားသည့် ချီမန်သိုင်းပညာကို ကျင့်ကြံပြီး ကောင်းကင်သင်္ကေတတစ်ခုကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သည်။ သင်သည် မူလချီမန် သင်္ကေတကို ရရှိသည်.."
လျှပ်တပြက်အတွင်း လီရွှမ်၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးတို့အပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် သင်္ကေတတစ်ခု ပေါ်လာခဲ့သည်။
'ဒါက...'
သူသည် နှလုံးသားထဲ၌ အနည်းငယ် အံ့သြသွား၏။ ဖန်းဟောင်အနေနှင့် ၎င်းကို စတင်မှတ်အဖြစ် အသုံးပြုကာ ချီမန်လမ်းစဉ်သို့ ဝင်ရောက်ပြီး အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဟု ထင်မထားခဲ့ပေ။
'ခန္ဓာကိုယ်ကို အမြစ်အဖြစ်မှတ်ယူပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စွမ်းအားကို အစေ့အဖြစ်အသုံးပြုတယ်။ ကောင်းကင်ချီမန်ရဲ့ ဆန်းကြယ်မှုတွေက တံတားဖြစ်လာတယ်... ဖန်းဟောင်တကယ်ပဲ ဒီနည်းလမ်းနဲ့ စတင်ခြင်းဂိတ်တံခါးကို ဝင်ရောက်နိုင်ခဲ့တယ်..'
'ချီမန်သိုင်းပညာရှင် တစ်ယောက်က အခင်းအကျင်းကိုထိန်းချုပ်၊ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စွမ်းအားကို အသုံးချပြီး ချီမန်ရဲ့အခြေအနေကို ထိန်းညှိဖို့လိုတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် အခြေခံအဖြစ် အသုံးပြုရမယ်လို့ ငါနားလည်ထားသင့်တယ်..'
'ကောင်းကင်သင်္ကေတကို စုစည်းနိုင်မှပဲ အဲ့ဒါတွေကို အောင်မြင်နိုင်လိမ့်မယ်..'
လီရွှမ်သည် မနေနိုင်ဘဲ နှလုံးသားထဲတွင် သက်ပြင်းချမိ၏။
ချီမန်သိုင်းပညာသည် ထင်ထားသည့်အတိုင်းပင် ပုံမှန်မဆန်သည့် လမ်းစဉ်အား လျှောက်လှမ်းရပြီး အထူးသီးသန့် နည်းစနစ်ကို ကိုယ်တိုင်ဖန်တီးရသည်။
ဤသည်မှာ အခြား သိုင်းပညာစနစ်များနှင့် ခြားနား၏။ ပထမဆုံး ကောင်းကင်သင်္ကေတမှာ အခြေခံမျှသာဖြစ်သည်။ နောက်ဆက်တွဲ ကျင့်ကြံမှုများသည် ထိုအခြေခံအပေါ်တွင် မှီခိုရမည်ဖြစ်ပြီး ဒုတိယနှင့် တတိယ ကောင်းကင်သင်္ကေတများအား ခန္ဓာကိုယ်အတွင်းတွင် ဆက်လက်စုစည်းရမည်။
သို့ရာတွင် နောက်ထပ်တစ်ခုအား မစုစည်းခင်တွင် ကောင်းကင်သင်္ကေတ တစ်ခုချင်းစီတိုင်းကို ပြီးပြည့်စုံခြင်းအဆင့်သို့ ကျင့်ကြံရန်အတွက် လိုအပ်၏။
ကောင်းကင်သင်္ကေတကို အသုံးပြုကာ အစစ်အမှန်ချီ၊ အစစ်အမှန်ယွမ်၊ ဒီဗိုင်းဆန္ဒ၊ ဒီဗိုင်းအနှစ်သာရတို့ကို လှည့်လည်ရသည်။ ၎င်းသည် သိုင်းတာအို၏ အခြေခံဖြစ်လာခဲ့ပြီး ပင်ယင်းသိုင်းပညာစနစ်၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်၊ ဒန်ဆေးသိုင်းပညာစနစ်တို့နှင့် ခြားနားသည်။
၎င်းသည် ချီမန်အတွက် အထူးသီးသန့်ဖြစ်ပြီး သိုင်းလမ်းစဉ်၏ သမတ်ရိုးကျမဟုတ်သည့် လမ်းစဉ်တစ်ခု အမှန်တကယ် ဖြစ်သည်။
"သင်၏တပည့် ဖန်းဟောင်သည် လက်နက်ကိရိယာထုလုပ်ခြင်း ပညာကို တတ်မြောက်လာခဲ့သည်။ သင်၏ လက်နက်ကိရိယာထုလုပ်ခြင်း အခြေခံပညာသည် အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားသည်.."
"သင်၏တပည့် ဖန်းဟောင်သည် အခင်းအကျင်း၏ လမ်းစဉ်ကို နားလည်သဘောပေါက် လာခဲ့သည်။ သင်၏ အခြေခံ အခင်းအကျင်းတို့သည် အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသည်.."
"သင်၏တပည့် ဖန်းဟောင်သည် ချိတ်တံဆိပ်အတတ်ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်၏ အခြေခံချိတ်တံဆိပ် အတတ်သည် အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသည်.."
"သင်၏တပည့် ဖန်းဟောင်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ချီမန်အခင်းအကျင်းကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် ချီမန်အခင်းအကျင်း ၃၆ခုတို့အား တတ်မြောက်လာခဲ့သည်.."
တာအိုရွှေစာအုပ်က တန်ပြန်အကျိုးပြုမှုများကို ဆက်လက်ပေး၏။ ချီမန်သိုင်းပညာလမ်းစဉ်၏ အကိုင်းအခွဲများ ဖြစ်သည့် အခင်းအကျင်း၊ လက်နက်ကိရိယာထုလုပ်ခြင်း၊ ချိတ်တံဆိပ်နှင့် ဆန်းကြယ်အစီအမံများ အားလုံးအတွက် တန်ပြန်အကျိုးပြုမှုတို့ ရရှိလာခဲ့၏။
အားလုံးမှာ အခြေခံသာ ဖြစ်ပေမယ့် လီရွှမ်အနေနှင့် အလွန်ကျေနပ်နေပြီး ဖြစ်သည်။ သူသည် ထိုအခြေခံများကို ဖန်းဟောင်အား လက်ဆင့်ကမ်းပေးရန်သာ လိုအပ်၏။
စုလင်းရှုံတုန်းက ကဲ့သို့ပင် အချိန်တိုအတွင်းတွင် ဖန်းဟောင်သည်လည်း ဉာဏ်အလင်းတို့ ရရှိလာပြီး ပိုမိုမြင့်မားသည့် တန်ပြန် အကျိုးပြုမှုများကို ရရှိလာမှာဖြစ်သည်။
'အခြေခံပဲ ဆိုပေမယ့် စွမ်းအားကြီးတယ်..'
လီရွှမ်က အသက်ကိုနက်ရှိုင်းစွာရှူပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်။ ရုတ်တရက် ချီမန်အခင်းအကျင်းတစ်ခု ပေါ်လာပြီး ဒီအချိန်၌ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားသည် သူ့ကြောင့် ပြောင်းလဲလာဟန် ရှိသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန်းကြယ်မှု(ကောင်းကင်ချီမန် အခင်းအကျင်း)သည် အခင်းအကျင်းနှင့် ဆင်တူပေမယ့် အချို့နေရာများတွင် တော်တော်လေးခြားနားသည်။
ဤသည်မှာ ချီမန်သိုင်းပညာစနစ်၏ အထူးသီးသန့်ဖြစ်၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားကို ဆွဲယူကာ မြေမျက်နှာသွင်ပြင်နှင့် ဖွဲ့စည်းပုံတို့ကို အသုံးချပြီး အခင်းအကျင်းကို တည်ဆောက်ရ၏။
ခြေတစ်လှမ်းနှင့် ချီမန်အခင်းအကျင်းကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ ချီမန်သိုင်းပညာစနစ်၏ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်း နည်းလမ်းများထဲမှ တစ်ခုဖြစ်၏။
ပုံမှန် အခင်းအကျင်းများမှာတော့ တည်ဆောက်ရန်အတွက် ပြင်ပအရာဝတ္ထုများအား အသုံးပြုရန် လိုအပ်သည်။ ထပ်ဆင့်ထားသည့် အခင်းအကျင်းများနှင့် ထူးကဲသည့် အခင်းအကျင်းတို့သည် ပုံမှန်အားဖြင့် လျှို့ဝှက်ဆန်းကြယ်ကာ သတ်ဖြတ်နိုင်စွမ်းတို့ ပိုမိုကြီးမားသည်။
'အခုဆိုရင် အခင်းအကျင်း ၃၆ခုလုံးကို ငါကျွမ်းကျင်နေပြီးပြီ။ အခင်းအကျင်းကြီး၉ခုတောင် အပါအဝင်ပဲ။ ဒါပေမယ့် အားလုံးက အခြေခံတွေပဲ ရှိတယ်။ ဒါကြောင့်မို့လို့ အခင်းအကျင်းကြီးတွေရဲ့ စွမ်းအားကို ပြည့်ပြည့်စုံစုံ မထုတ်လွှတ်နိုင်ဘူး..'
'တယ်လီပို့အခင်းအကျင်းလို မျိုးပေါ့။ ငါ့ရဲ့လက်ရှိအခင်းအကျင်းပညာနဲ့ တယ်လီပို့အခင်းအကျင်းကို တည်ဆောက်မယ်ဆိုရင် ၁၀မိုင်လောက်အထိပဲ တယ်လီပို့နိုင်မှာ။ အကွာဝေးက တိုတောင်းလွန်းတယ်။ အသုံးမဝင်သလိုပဲ..'
'အခင်းအကျင်းငယ်တွေကမှ ပိုပြီးတော့ အသုံးဝင်ဦးမယ်..'
လီရွှမ်သည် နှလုံးသားထဲတွင် စဉ်းစားသည်။
တောင်ကြားအတွင်းရှိ ဖန်းဟောင်ကိုကြည့်လိုက်၏။ တစ်ဖက်လူသည် ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင်ပြုလုပ်နေသည်။
တစ်ရက်ကြာပြီးနောက် ဖန်းဟောင်သည် ကြီးစွာသော စိတ်အားထက်သန်မှုဖြင့် လျှောက်ထွက်လာခဲ့၏။
"ဆရာ... ကျွန်တော် အောင်အောင်မြင်မြင် စတင်နိုင်ခဲ့ပြီ.."
ချီမန်သိုင်းပညာစနစ်သည် အမှန်တကယ်ကို အလွန်စွမ်းအားကြီးမားလှ၏။
ဖန်းဟောင်၏ မျက်နှာပေါ်၌ တောက်ပသည့် အပြုံးတို့ဖြင့် ပြည့်နက်နေတော့သည်။ ခြေတစ်လှမ်းချင်းစီတိုင်းတွင် လျှို့ဝှက်ဆန်းကြယ်သည့် အားတစ်ခု မြေပြင်ပေါ်မှ ပျံ့နှံ့လာသည့်ဟန်ရှိပြီး လျှပ်တပြက်အတွင်း သင်္ကေတတစ်ခု ဖြစ်တည်လာခဲ့သည်။
အခင်းအတွင်းသို့ ကျရောက်ပြီးပါက လူတစ်ယောက်သည် ရွေးချယ်စရာမရှိဘဲ သက်ရောက်ခြင်းကို ခံရမှာဖြစ်၏။
စုလင်းရှုံ၏ မျက်ခုံးများက မြင့်တက်သွားသည်။ သူမသည် ဒီဗိုင်းဆန္ဒအဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။ ဖန်းဟောင်အသုံးပြုသည့် ချီမန်အခင်းအကျင်းမှာ သူမအပေါ်သို့ သက်ရောက်ခြင်း မရှိပေ။ သို့ပေမယ့် တိတ်တဆိတ် အံ့သြနေမိသည်။
ဤသည်မှာ ချီမန်အခင်းအကျင်းလေလား။ သူမ၏ အရှိန်အဝါက မြင့်တက်လာပြီး ခြေထောက်တစ်ချက် ဆောင့်လိုက်ပြီးနောက် အစစ်အမှန်ယွမ် လှိုင်းတစ်ခု ပျံလွင့်လာကာ ချီမန်အခင်းအကျင်း၏ အားနည်းချက်သို့ ထိမှန်သွားသည်။
"အုန်း.."
ပျံ့နှံလာနေသည့် ချီကွင်းပြင်မှာ လျှပ်တပြက်အတွင်း ပျက်စီးသွားပြီး ဖန်းဟောင်မှာ ယိုင်ကျသွားကာ လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ စုလင်းရှုံက ရယ်မောကာပြော၏။
"ဂျူနီယာမောင်လေးက အားနည်းသေးတယ်... အဆင့်ကျော်ပြီးတော့ စီနီယာအမကို ရင်ဆိုင်ချင်တယ်ဆိုရင် အိမ်မက်မက်နေလိုက်ဦး... လင်းနယ်မြေက အခြားသိုင်းသမားတွေအပေါ် ဆိုရင်တော့ အလုပ်ဖြစ်ရင် ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီအမကို ရင်ဆိုင်ဖို့တော့ အဝေးကြီးလိုသေးတယ်.."
ဖန်းဟောင်က နေရခက်စွာဖြင့် ပြုံးသည်။ ခေါင်းကိုကုပ်ကာ ပြော၏။
"ကျွန်တော်က စီနီယာအမ သတိမထားမိဘူးလို့ ထင်တာ.."
"ကောင်းပြီ ပြန်ကြရအောင်.."
လီရွှမ်လည်း ဝမ်းသာစွာဖြင့် ပြုံးကာ ကြောင်နီကို အမိန့်ပေးပြီး ထွက်ခွာသွား၏။
စုလင်းရှုံနှင့် ဖန်းဟောင်တို့သည် ပတ်ဝန်းကျင်ရှိ လောကကြီး တည်နေရာပြောင်းလဲသွားသည်ဟု ခံစားလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ခြင်း မရှိအောင် ဖြစ်သွားကြ၏။
မျက်လုံးထဲရှိ အမြင်တို့ ပြောင်းလဲကာ လားရာကိုပင် ဆုံးရှုံးသွားခဲ့သည်။
"ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ဆန်းကျယ်အခင်းအကျင်းလား..."
စုလင်းရှုံက အံ့သြစွာ စဉ်းစား၏။ သူမသည် ရုတ်တရက် အနည်းငယ် စိတ်ဓာတ်ကျစွာ ခံစားလိုက်ရသည်။
သူမနှင့် ဂျူနီယာမောင်လေးတို့သာ အဆင့်တူပါက သူမ၏ခွန်အားသည် တစ်ဖက်လူထက် နိမ့်ကျနေမှာဖြစ်သည်။
လီရွှမ်က ချီမန်အခင်းအကျင်းကို ရုပ်သိမ်းကာ ပြုံးသည်။ ရိုးရှင်းသည့် အတွေးတစ်ချက်နှင့်အတူ သူ၏မူလချီမန်သင်္ကေတက အခင်းအကျင်းတစ်ခုကို အသက်သွင်းနိုင်၏။
မိမိအတွက် စွမ်းအားကို စုစည်းကာ ရန်သူကို အခင်းအကျင်းအတွင်းသို့ ဆွဲသွင်းနိုင်သည်။
"ချီမန်အခင်းအကျင်းက တကယ့်ကို ဆန်းကြယ်တာပဲ.."
သို့ရာတွင် လီရွှမ်သည် ၎င်းမှာ စွမ်းအားကြီးမားသော်လည်း ရွှီယန်နှင့် မုန့်ချုံတို့ကဲ့သို့ သိုင်းသမားများကို တိုက်ခိုက်ရပါက အမှန်တကယ် အားသာချက် ရနိုင်မည်မဟုတ်ဟု နားလည်၏။
ရွှီယန်၏ ကြမ်းတမ်းသည့် ဓားတာအိုနှင့် ချီမန်အခင်းအကျင်းကို ပိုင်းဖြတ်ကာ အနှိုင်းမဲ့သည့် ဓားသိုင်းက အခင်းအကျင်းအားလုံးကို ဖျက်ဆီးသွားမှာဖြစ်သည်။
မုန့်ချုံမှာလည်း သူ၏ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာဖြင့် လူ့ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲကာ ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်နိုင်သည်။
သို့ပေမယ့် ဖန်းဟောင်၏ ချီမန်သိုင်းပညာမှာ ထူးကဲသည့် စွမ်းရည်တို့ ပိုင်ဆိုင်ထားပြီး လင်းနယ်မြေရှိ မည်သည့်သိုင်းသမားမဆို ဖျက်ဆီးခံရမှာ ဖြစ်သည်။
သို့ပေမယ့် ချီမန်သိုင်းပညာစနစ် မည်မျှ စွမ်းအားကြီးလာမည်နည်းနှင့် မည်ကဲ့သို့ ကောင်းမွန်စွာ ဆက်လက်ကျင့်ကြံနိုင်မည် ဟူသည်အားလုံးမှာ ဖန်းဟောင်အပေါ်တွင် မူတည်နေပါသည်။
ယခုအချိန်၌ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးဖြစ်ရာ ချီမန်သိုင်းပညာကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် မည်ကဲ့သို့ စွမ်းအားကြီးအောင် ပြုလုပ်ရမည်အား စဉ်းစားသင့်သည်။
ဥပမာအားဖြင့် အခင်းအကျင်း၊ လက်နက်ကိရိယာထုလုပ်ခြင်းနှင့် ချိတ်တံဆိပ် အစရှိသဖြင့် ဖြစ်၏။ မကြာခင်တွင် အခင်းအကျင်း၏ လမ်းစဉ်နှင့် ထူးကဲသည့် လက်နက်ကိရိယာထုလုပ်ခြင်း လမ်းစဉ်တို့သည် လင်းနယ်မြေတစ်ခုလုံးကို အံ့သြမှုပေးစွမ်းနိုင်တော့မည်ဟု သူယုံကြည်မိသည်။
ရွှီယန်နှင့် မုန့်ချုံတို့မှာ အသီးသီးသွားရောက်ကျင့်ကြံနေကြ၏။ သူတို့ကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုက လိုက်လံသတ်ဖြတ်နေပေမယ့် လီရွှမ်အနေနှင့် လုံခြုံမှုမရှိမည်အား စိတ်ပူခြင်းမရှိပါ။
ရွှီယန်သည် ဓားအခင်းအကျင်းအား ကျင့်ကြံနေပြီး ၎င်းကို ပြည့်စုံအောင်ပြုလုပ်နေ၏။ ဒီဗိုင်းဆန္ဒအဆင့်၏ အသေးစားကျွမ်းကျင်မှုသို့ အဆင့်ချိုးဖျက်ရန် ပြင်ဆင်နေသည်။
မုန့်ချုံလည်း သူ၏ ကောင်းကင်တူ အကြိမ်၁၀၀သန့်စင်ခြင်းအတတ်ကို ကျင့်ကြံရန်အတွက် နေရာကောင်းတစ်ခုကို ရှာဖွေကာ သူ၏ မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာအား မြှင့်တင်မည်ဖြစ်သည်။
မုန့်ချုံ၏ တိုးတက်မှုနှင့်အတူ လီရွှမ်လည်း မဖျက်ဆီးနိုင်သောရွှေခန္ဓာ၏ ဖြေးညှင်းစွာ အဆင့်မြင့်တက်နေမှုကို ခံစားနိုင်သည်။
စံအိမ်ဆီသို့ ပြန်ပြီးနောက် လီရွှမ်နှင့် ကုလားထိုင်တစ်ခုပေါ်၌ ထိုင်လိုက်၏။
"အခုစတင်ခြင်းအဆင့်ကို ရောက်ရှိပြီးပြီဆိုတော့ မင်းရဲ့အခြေခံအဖြစ် အခင်းအကျင်း၃၆ခုလုံးကို မှတ်သားပြီး အခင်းအကျင်းတာအိုထဲမှာ ပိုပြီးတော့နှစ်မြှုပ်ထား.."
လီရွှမ်က အခင်းအကျင်းပုံကြမ်း ၃၆ခုတို့ကို စတင် ရေးဆွဲသည်။
"ဟုတ်ကဲ့ပါဆရာ.."
ဖန်းဟောင်က လေးစားစွာဖြင့် ပြန်ကြား၏။ ချီမန်သိုင်းပညာစနစ်၏ စတင်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် အခင်းအကျင်းပုံကြမ်းများကို မှတ်သားရန် များစွာလွယ်ကူလာခဲ့သည်။
သို့ရာတွင် အကြိမ်အနည်းငယ် ကြည့်ရှုပြီးမှ ဖန်းဟောင်သည် အခင်းအကျင်းပုံကြမ်း ၃၆ခုလုံးကို အကုန်အစင် မှတ်မိလာနိုင်ခဲ့၏။
"ဒါတွေက ချီမန်အခင်းအကျင်း၃၆ခုပဲ။ အဲ့ဒါတွေကို အခြေခံအဖြစ် အသုံးပြုပြီး ဉာဏ်အလင်းတွေရလာအောင်ဆက်လုပ်။ ငါမင်းကို ချီမန်သိုင်းပညာလမ်းစဉ်ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်လုပ်နိုင်ပြီး နည်းလမ်းဟောင်းတွေထဲမှာပဲ ပိတ်မိမနေဖို့မျှော်လင့်တယ်.."
လီရွှမ်က လေးနက်စွာပြောသည်။ သူသည် ချီမန်အခင်းအကျင်း ၃၆ခုတို့ကိုလည်း ဖန်းဟောင်အား လက်ဆင့်ကမ်းပေးလိုက်၏။
မည်သည့်အချိန်၌ ၎င်းတို့အားလုံးကို ပြည့်စုံစွာ နားလည်သဘောပေါက်ပြီး ၎င်းတို့ကို အခြေခံအဖြစ် အသုံးပြုကာ ပိုမိုများပြားသည့် အခင်းအကျင်းများကို ဉာဏ်အလင်းပွင့်လာမည်လား ဟူသည်မှာတော့ လီရွှမ်အနေနှင့် သေချာခြင်း မရှိပေ။
အရာအားလုံးတို့မှာ ဖန်းဟောင်အပေါ်တွင်သာ မူတည်၏။
"ဟုတ်ကဲ့ပါဆရာ.."
ဖန်းဟောင်မှာ အလွန်စိတ်လှုပ်ရှားနေ၏။ သူသည် ချီမန်သိုင်းပညာ၏ ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်လုပ်ပြီး လမ်းကြောင်းဟောင်းများအတိုင်း လိုက်မည်မဟုတ်ပေ။
"ဒီစံအိမ်ထဲမှာ အခင်းအကျင်းအချို့ကို ဖန်တီးပြီး လေ့ကျင့်ကြည့်ပေါ့။ အခင်းအကျင်း တည်ဆောက်ခြင်း ပစ္စည်းကိရိယာတွေကို ထုလုပ်ရင်းနဲ့လည်း မင်းရဲ့လက်နက်ကိရိယာထုလုပ်ခြင်း အတတ်ကို မြှင့်တင်လို့ရတယ်.."
လီရွှမ်က ပြောသည်။
"ကျွန်တော်ဆရာ့ကို စိတ်မပျက်စေရပါဘူး.."
ဖန်းဟောင်က လေးနက်စွာပြော၏။
လီရွှမ်က ခေါင်းငြိမ့်ကာ ထပ်မံပြောသည်။
"မင်းက ထုံးရွှမ်အဆင့်မှာပဲဆိုပေမယ့် ချီမန်သိုင်းပညာစနစ်ရဲ့ ခွန်အားက ချီမန်အခင်းအကျင်းနဲ့ ချိတ်တံဆိပ်တွေအပေါ်မှာ မူတည်တယ်.."
"စွမ်းအားကြီးမားတဲ့ ချီမန်သိုင်းပညာရှင် တစ်ယောက်က စနစ်ကျတဲ့ ပြင်ဆင်မှုတွေနဲ့ အခင်းအကျင်းတည်ဆောက်ပြီးရင် အဆင့်ပိုမြင့်တဲ့ ရန်သူတစ်ယောက်ကိုတောင် သတ်ဖြတ်နိုင်တယ်.."
"မင်းအနေနဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို ပိတ်လှောင်နိုင်တဲ့ အခင်းအကျင်းတစ်ခုကို ဖန်တီးနိုင်ဖို့ ကြိုးစားသင့်တယ်.."
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ၏ စွမ်းအားမှာ အားနည်းခြင်းမရှိပေ။ သို့ပေမယ့် သူတို့သည် တစ်ခါမှ မကြားဖူးသည့် အခင်းအကျင်းကို ရုတ်တရက်ကြုံတွေ့ရပါက သေချာပေါက် ထိတ်လန့်သွားမှာပါ။
ဖန်းဟောင်၏ လက်ရှိစွမ်းအားနှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ရန်အတွက် အခင်းအကျင်းအား တည်ဆောက်ရန်မှာ ခက်ခဲပေလိမ့်မည်။
သို့ပေမယ့် အချိန်အချို့ ပိတ်လှောင်ထားရန်တော့ လုပ်ဆောင်နိုင်သည့်။ စွမ်းအားကြီးမားသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ပင်လျှင် အခင်းအကျင်းအတွင်း၌ ပိတ်မိနေပါက သတိကြီးစွာထားပြီး အလောတလျင် တိုက်ခိုက်ရဲမည် မဟုတ်ပေ။
ထို့အပြင် ဒီဗိုင်းဝိဉာဉ်၏ အာရုံခံနိုင်မှု စွမ်းရည်သည် ဒီဗိုင်းဆန္ဒလောက် စွမ်းအားကြီးမားခြင်း မရှိပါ။
"ဟုတ်ကဲ့ပါဆရာ... ကျွန်တော် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို ပိတ်လှောင်နိုင်တဲ့ အခင်းအကျင်းကို သေချာပေါက် တည်ဆောက်နိုင်အောင် ကြိုးစားပါမယ်.."
ဖန်းဟောင်က စိတ်လှုပ်ရှားစွာ ဖြေကြားသည်။ သူလည်းပဲ စီနီယာအကိုနှစ်ယောက်တို့ ကဲ့သို့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို ရင်ဆိုင်လိုလေသည်။
အပိုင်း ၄၅၉ - ကြောင်နီမဟာနတ်ဆိုးအတတ်၊ အခင်းအကျင်းတည်ဆောက်မှု ပြီးစီးခြင်း
ဖန်းဟောင်သည် အလွန် အလုပ်ရှုပ်နေ၏။ နေ့ညမပြတ် အခင်းအကျင်းများအား လေ့လာခြင်း၊ လက်နက်ကိရိယာ ထုလုပ်ခြင်းနှင့် ချိတ်တံဆိပ်တို့ကို လေ့လာနေ၏။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန်းကြယ်အခင်းအကျင်း ၃၆ခုတို့ကို လေ့လာရင်းနှင့် အချိန်ယူကာလည်း ကျင့်ကြံမှုပြုပြီး ခန္ဓာကိုယ်အတွင်းတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ သင်္ကေတတို့ကို ပြည့်စုံအောင် ပျိုးထောင်သည်။
ထိုအခါမှသာလျှင် သူသည် နောက်တစ်ဆင့်ဖြစ်သည့် ဒီဗိုင်းဆန္ဒအဆင့်ကို ချိုးဖျက်နိုင်မည် ဖြစ်၏။
လက်နက်ကိရိယာထုလုပ်ခြင်းအား ကျင့်ကြံရန်အတွက် ကုန်ကြမ်းပစ္စည်း များစွာတို့ကို လိုအပ်သည်။ အခင်းအကျင်း ခင်းကျင်းရန်လည်း တူညီစွာဖြစ်၏။
ကံကောင်းစွာပင် သူ့တွင် စုဆောင်းထားမှုအချို့ ရှိကာ ရွှီယန်က သိမ်းယူလာခဲ့သည့် သိုက်မိသားစု၏ ရတနာတိုက်အတွင်းတွင်လည်း ကုန်ကြမ်းပစ္စည်း ပမာဏတစ်ခုအထိ ရှိပါသည်။ ဖန်းဟောင်၏ လိုအပ်ချက်များကို ထောက်ပံ့ပေးရန် လုံလောက်၏။
"ဂျူနီယာညီလေး... ကျေးဇူးပြုပြီး ငါ့အတွက် ဒန်ဆေးအိုးတစ်ခုလောက် ထုလုပ်ပေးပါလား.."
စုလင်းရှုံက ဒန်ဆေးသန့်စင်ခြင်း ဆေးပေါင်းအိုး၏ ဒီဇိုင်းအသစ်တစ်ခုကို ရေးဆွဲပြီး ဖန်းဟောင်အား ပေးသည်။
ထိုဒီဇိုင်းအသစ်သည် စိတ်ဝိဉာဉ်နယ်မြေ တစ်ခုလုံးရှိ ပန်းပဲဆရာများ ထုလုပ်နိုင်သည့်အရာ မဟုတ်ပေ။ ပန်းပဲဆရာများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး ဖြစ်၏။
"ပြဿနာမရှိဘူး.."
ဖန်းဟောင်က ရင်ဘတ်ကိုပုတ်ကာ ပြောသည်။
"ဒီဆေးပေါင်းအိုးကို ထုလုပ်တဲ့အခါ အခင်းအကျင်းငယ်တစ်ခုကို အတွင်းထဲမှာ ထည့်သွင်းထားဖို့လိုတယ်။ ပြီးတော့ ဒန်ဆေးလုံးတွေရဲ့ ဆေးစွမ်းအားကို ချိတ်ပိတ်ဖို့အတွက် ချိတ်တံဆိပ်တစ်ခုရောပဲ..."
စုလင်းရှုံသည် ဆေးပေါင်းအိုးအတွက် အဓိကလိုအပ်ချက်များကို စတင်ရှင်းပြ၏။
ဖန်းဟောင်၏ ညွှန်ကြားပြသမှုဖြင့် သူမသည်လည်း အခင်းအကျင်းသင်္ကေတ အချို့ကို နားလည်သဘောပေါက်ခဲ့ပြီး ဒီအချိန်အတွင်း ချိတ်တံဆိပ်နှင့် အခင်းအကျင်းတို့အတွက် တိုးတက်မှုများစွာ ရှိခဲ့သည်။
ဖန်းဟောင်နှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိပေမယ့်အနည်းဆုံးတော့ သဲလွန်စ ပျောက်မနေတော့ပေ။
"ပြဿနာမရှိဘူး... ကျွန်တော့တာဝန်သာ ထားလိုက်.."
စုလင်းရှုံ၏ ရှင်းပြချက်များကို ခဏတာနားထောင်ပြီးနောက် ဖန်းဟောင်က ခေါင်းငြိမ့်သည်။
"ဒါဆိုလည်း ကျေးဇူးအများကြီးတင်တယ် ဂျူနီယာမောင်လေး.."
စုလင်းရှုံက ဝမ်းသာသွား၏။
"ကျေးဇူးတင်သင့်တာက ကျွန်တော်ပါ။ စီနီယာအမရဲ့ ဒန်ဆေးလုံးတွေ မရှိရင် ကျင့်ကြံမှုက ဒီလောက်အထိ မြန်ဆန်မှာမဟုတ်ဘူး.."
ဖန်းဟောင်၏ အနည်းငယ် ဝတုတ်သည့် မျက်နှာပေါ်၌ ရှက်ရွံ့သည့် အပြုံးတစ်ခု ပေါ်လာ၏။
ခြံဝန်း၏ အပြင်ဘက်ရှိ တောထဲတွင် ကြောင်နီသည် လက်သည်းဖြင့် ဟကလေးဦးခေါင်းကို ပုတ်ကာ သတိပေးမှုအပြည့်ဖြင့် အသံပြုရင်း စူးရဲစွာကြည့်၏။
သူသည် ဒီအတောအတွင်းတွင် အလွန်မကျေမနပ် ခံစားနေရသည်။ ဒီဖားသည် သူ၏ ချစ်ဖို့ကောင်းအောင် လုပ်ပြမည့် အခွင့်အရေးများစွာတို့ကို လုယူသွားပြီး စုလင်းရှုံကို အတင်းကပ်နေ၏။ သူ့အတွက်ဖြစ်သင့်သည့် ဒန်ဆေးလုံး များစွာတို့ကိုလည်း ယူဆောင်သွားသည်။ သတိပေးရန်အတွက် သေချာပေါက် လိုအပ်လာပြီဖြစ်၏။
ဟကလေး၏ သွက်လက်သည့် မျက်လုံးများက ပတ်ဝန်းကျင်ကိုကြည့်ကာ အသံပြုသည်။
"ကရို့.."
သူသည် ကြောက်ရွံ့နေပုံ ပေါ်ပေမယ့် အညံ့ခံလိုခြင်းလည်း မရှိပေ။
"မြှောင်.."
ကြောင်နီမှာ အမွှေးတို့ ထောင်လာခဲ့သည်။ ဒီဖားသည် သူ့ကို ဆန့်ကျင်ရဲသည်လား။ သူသည် အနာဂတ်၏ မဟာနတ်ဆိုးဘုရင် ဖြစ်သည်။ လက်ဝါးကိုမြှောက်ကာ ထက်မြသည့် လက်သည်းများကို ပြသပြီး ခြိမ်းခြောက်စွာကြည့်၏။
ဟကလေးက အနည်းငယ် ကြောက်ရွံ့သွားပြီး နောက်သို့ခြေနှစ်လှမ်း ဆုတ်သွားသည်။ သို့ပေမယ့် တစ်ခုခုကို မှတ်မိလိုက်ပုံပေါ်ပြီး ပြန်လည် ပြတ်သားလာခဲ့၏။ ညင်သာစွာ အသံပြုသည်။ သူသည် အညံ့ခံခြင်း မရှိပေ။
ကြောင်နီမှာ ဒေါသတကြီး ဖြစ်သွား၏။ ဒီဖားသည် ဖန်းဟောင်ကို အသုံးပြုကာ သူ့ကို ခြိမ်းခြောက်ရဲလေသည်။ အလွန် ရဲတင်းလွန်းလှ၏။
သူကြောင်နီသည် သခင်ကြီးလီရွှမ်မှအပါး စုလင်းရှူံ၏ ဒန်ဆေးလုံးတို့ မရမည်ကို ကြောက်ရွံ့သည်မှလွဲ၍ အခြားမည်သူကိုမှ စိုးရိမ်ခြင်း မရှိပေ။ ထို့ကြောင့် လက်သည်းများကိုမြှောက်ကာ စံအိမ်သို့ညွှန်ပြပြီး ဟကလေးကို ပြော၏။
"မင်းသခင်က ငါ့သခင်ရဲ့တပည့်ပဲ။ အဲ့ဒါကြောင့်မို့လို့ ရာထူးချင်းယှဥ်ရင် ငါက မင်းထက်ပိုမြင့်တယ်.."
ဟကလေးက ခေါင်းကိုလှည့်ကာ စံအိမ်ဆီသို့ ကြည့်သည်။ အနည်းငယ် မျက်လုံးပြူးသွား၏။ ဒီကြောင်၏ သခင်သည် သူ့သခင်၏ဆရာ ဖြစ်သည်လား။
ထိုကဲ့သို့ နားလည်လာပြီးနောက် သူသည်အနည်းငယ် သိမ်ငယ်လာပြီး အညံ့ခံမည့် လက္ခဏာတို့ ပြသလာ၏။
ကြောင်နီက ကျေနပ်စွာ ခေါင်းငြိမ့်သည်။ မြေပြင်ပေါ်တွင် သတိပေးချက်ကို ရေးကာ ဟကလေး၏ ဒန်ဆေးလုံး ၃၀%ကို တောင်းသည်။
အနာဂတ် မဟာနတ်ဆိုးဘုရင်အနေနှင့် သူသည်အရာအားလုံးကို လုယက်ခြင်း မပြုပေ။ အဲ့ဒီ့အစား ဟကလေးကို သူ၏နောက်လိုက် ဖြစ်လာစေလို၏။
သူ၏အာဏာကို မြှင့်တင်ကာ ဟကလေးအား ခေါင်းဆောင်ဖြစ်သူမှာ မည်သူဟူသည်ကို သိရှိစေရန်အတွက် ကြောင်နီသည် ခဏတာ ထွက်ခွာသွားခဲ့၏။
ပြန်လာပြီးနောက် ရေနှင့်ပြည့်နေသည့် အိုးတစ်အိုးကို သယ်ဆောင်လာကာ မီးကိုညှိပြီး ဆူအောင်တည်သည်။ ပြီးနောက် မည်သည့်နေရာမှလဲ မသိပေ ဖားတစ်ကောင်ကို ဖမ်းဆီးလာပြီး ဆူပွက်နေသည့် အိုးအတွင်းသို့ ထည့်ချက်လိုက်၏။
ထို့နောက် အိုးထဲရှိ ဖားကိုညွှန်ပြကာ ဟကလေးကို နာခံခြင်းမရှိပါက အကျိုးဆက်ကို ကြည့်ထားဟူ၍ သတိပေး၏။
သူ၏ ပါးစပ်ကိုဟပြီး ဖားစွပ်ပြုတ်တစ်အိုးလုံးကို တစ်ခါတည်း မြိုပြခဲ့သေးသည်။ အရသာမှာ မကောင်းလှပေမယ့် ကြောင်နီသည် ဟကလေးအတွက် အကြောက်တရားကို ထည့်သွင်းနိုင်ရန် ဟငါးခပ်မှုန့်အချို့ထည့်ပြီး မနဲ မြိုချပစ်ခဲ့သည်။ထို့နောက် ဟကလေးကို စူးရဲစွာကြည့်ကာ သတိပေးစွာ အသံပြု၏။
ဟကလေးမှာ မျက်လုံးများ ဦးခေါင်းအတွင်းသို့ ပြန်ဝင်သွားလုမတတ် ကြောက်ရွံ့နေပါသည်။ ခန္ဓာကိုယ်က တုန်ခါနေပြီး အလျှင်အမြန် ခေါင်းငြိမ့်သဘောတူ၏။
ကြောင်နီဘုရင်၏ အမိန့်မှန်သမျှကို မနာခံခြင်း မနေဟု ကတိပေးသည်။
"မြှောင်.."
ကြောင်နီက ဟကလေးဦးခေါင်းကို လက်ဝါးဖြင့် အသာပုတ်ပြီးနောက် မောက်မာစွာ ထွက်ခွာသွား၏။
စံအိမ်အတွင်းတွင် လီရွှမ်သည် ကြောင်နီ၏ ဟကလေးအား ခြိမ်းခြောက်မှု မြင်ကွင်းတစ်ခုလုံးကို ကြည့်ရှု့နေ၏။ သူသည် လုံးဝ မှင်သက်နေပါသည်။ ယခုကဲ့သို့ ဆိုးရွားသော အလေ့အကျင့်များကို ကြောင်နီ မည်သည့်နေရာမှ သင်ယူခဲ့သနည်းဟု အံ့သြနေမိ၏။
သူသည် ဟကလေး၏ရှေ့တွင် ဖားစွပ်ပြုတ်တစ်အိုးကို ချက်ပြကာ ဟကလေးအား သက်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကြောက်စိတ်တစ်ခုကို ရရှိစေခဲ့သည်။
'ကြောင်နီက တဖြည်းဖြည်းနဲ့ ပျက်စီးလာတာပဲ..'
လီရွှမ်က သက်ပြင်းချ၏။ ဒီစာတတ်ပေတတ် ကျားသည် နောက်ဆုံးတွင် ကောက်ကျစ်ယုတ်မာ လာခဲ့လေသည်။
ကြောင်နီသည် မောက်မာသည့် အသွင်ဖြင့် စံအိမ်ဆီသို့ ပြန်ခဲ့၏။ ထို့နောက် လီရွှမ်ကို တွေ့လိုက်ရသည်နှင့် ဝပ်တွားကာ အမြန်သွားရောက်ပြီး ချစ်ဖို့ကောင်းစွာ ပွတ်သပ်သည်။ သခင်ဖြစ်သူကို မျက်နှာချိုသွေးရန် ကြိုးစား၏။
လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ကျောက်စိမ်းအဆောင်ဖြင့် ကြောင်နီ၏ ခေါင်းကို ခေါက်ကာ ပြော၏။
"သတိထားနေ.. ဖန်းဟောင်မင်းကို ပြဿနာလာရှာနေမယ်.."
"မြှောင်.."
ကြောင်နီသည် ကြောက်ရွံ့မှု တစ်စုံတရာမပြပါ။
သူ့ကိုယ်သူ အလွန်သန်မာပြီး ဆရာသခင်၏ နောက်ခံရှိသည်ဟု ဆို၏။
သခင်ဖြစ်သူကို မျက်နှာချိုသွေးပြီးနောက် သူသည် စုလင်းရှုံဆီသို့ သွားရောက်ကာ ချစ်ဖို့ကောင်းစွာ ပြုမူပြပြန်သည်။
ပုံမှန်အတိုင်းပင် ဖန်းဟောင်သည် ခြံဝန်းအတွင်း၌ လက်နက်နှင့် ကိရိယာများကို ထုလုပ်နေ၏။ ချီမန်သိုင်းပညာကို ကျင့်ကြံပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန်းကြယ်မှုများကိုလည်း လေ့လာသည်။ သူ၏ခွန်အားသည် နေ့စဉ်နေ့တိုင်း သိသာစွာ တိုးတက်လာခဲ့၏။
စုလင်းရှုံ၏ ဆေးပေါင်းအိုးနှင့် ဂေါ်ပြားတို့မှာ ယခုအချိန်၌ လုံးဝ ပြောင်းလဲနေပါပြီ။ စိတ်ဝိဉာဉ်ကိရိယာများ ဖြစ်လာပြီး ထိုအထူး စိတ်ဝိဉာဉ်ကိရိယာများသည် လင်းနယ်မြေမှ ပစ္စည်းများထက် သာလွန်၏။ ဆေးပေါင်းအိုးကိုပဲ ဖြစ်ဖြစ် ဂေါ်ပြားတွင်ပဲ ဖြစ်ဖြစ် ချိတ်တံဆိပ်များကို အတွင်းထဲ၌ ထွင်းထုထားသည်။
သူမကိုယ်တိုင်လည်းပဲ အချိန်အချို့ယူကာ ချိတ်တံဆိပ်နှင့် အခင်းအကျင်းတို့ကို လေ့လာမှုပြုပြီး ဒန်ဆေးလုံးများ သို့မဟုတ် စိတ်ဝိဉာဉ်ဆေးပင်များကို ချိတ်ပိတ်နိုင်သည့် ချိတ်တံဆိပ်တစ်မျိုးကို ဖန်တီးသည်။