← Chapters

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အပိုင်း ၄၆၀ - ကြောင်နီ၏ မဟာနတ်ဆိုးအတတ်၊ အခင်းအကျင်းတည်ဆောက်မှု ပြီးစီးခြင်း(၂)

အချိန်အချို့ကြာအောင် လေ့လာပြီးနောက် ဖန်းဟောင်သည် အခင်းအကျင်း ၃၆ခုတို့အား တတ်မြောက်လာခဲ့ပြီး အခင်းအကျင်းကြီး ၉ခုဆိုလျှင်တောင် ပြုလုပ်နိုင်နေပြီ ဖြစ်သည်။ သို့ပေမယ့် သူသည် အခင်းအကျင်းကြီးများ၏ အစစ်အမှန်စွမ်းအားကို ဖော်ထုတ်နိုင်ခြင်း မရှိပေ။

ဤသည်ကို အခြေခံကာ ဖန်းဟောင်သည် ပိုမိုများပြားသည့် အခင်းအကျင်းများအား ဆက်လက်ရှာဖွေ၏။

"သင်၏တပည့် ဖန်းဟောင်သည် အခင်းအကျင်းတာအို၏ အခြေခံကို ဖမ်းဆုပ်နိုင်ခဲ့သည်။ သင်သည် အခင်းအကျင်းအပေါ် ပြည့်စုံစွာ နားလည်လာခဲ့သည်.."

လီရွှမ်သည် အပြုံးတို့ဖြင့် ပြည့်နက်နေ၏။ သူသည် အခင်းအကျင်းများနှင့် ပတ်သက်ပြီး ပိုမိုမြင့်မားသည့် နားလည်သဘောပေါက်မှုတို့ ရရှိလာခဲ့သည်။

ဖန်းဟောင် ရက်အနည်းငယ်ကြာအောင် အခင်းအကျင်းကို ဆက်လက်လေ့လာခဲ့ပြီးနောက် လီရွှမ်က အချိန်ယူကာ သူ့ကို ညွှန်ကြားချက်တို့ ပေး၏။ အခင်းအကျင်း၏ ပြည့်စုံသည့် နားလည်သဘောပေါက်မှုတို့ကို သင်ကြားပေးသည်။

အခင်းအကျင်းအပေါ် ဉာဏ်အလင်းတို့ ရလာပြီးနောက် ဖန်းဟောင်သည် အခင်းအကျင်း အားလုံး၏ အနှစ်သာရကို ဖမ်းဆုပ်လာနိုင်ဟန်ရှိပြီး သူ၏ အခင်းအကျင်းအပေါ် နားလည်နိုင်မှုသည် ကြီးစွာမြင့်တက်လာခဲ့သည်။

သူသည် လိုအပ်မှုအပေါ် အခြေခံပြီး ကိုယ်ပိုင် အခင်းအကျင်းများကို ဖန်တီးနိုင်နေပြီ ဖြစ်၏။

"သင်သည် အခင်းအကျင်း တာအိုကျမ်းကို ရရှိလာခဲ့သည်.."

မျက်စိတစ်မှိတ်အတွင်းတွင် လီရွှမ်၏ အခင်းအကျင်းအပေါ် နားလည်မှုတို့ ကြီးစွာမြင့် တက်လာခဲ့သည်။

ထိုက်ချန်းစာအုပ်အတွင်းရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ကြည့်ရသည်မှာလည်း ပိုမိုလွယ်ကူလာ၏။

လျှပ်တပြက်အတွင်း အခင်းအကျင်းကြီး များစွာတို့ကို မည်ကဲ့သို့ တည်ဆောက်ရမည်အား တွေးနိုင်လာခဲ့သည်။

'အခင်းအကျင်းနဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ဆန့်ကြယ်မှုတွေက သဘာဝတရားရှစ်ပါးပုံကြမ်း မပါဘဲနဲ့ ဘယ်လိုလုပ်ပြီး ပြည့်စုံနိုင်မှာလဲ..'

သူသည် ထိုဗဟုသုတများကို တပည့်တစ်ယောက်ချင်းစီတိုင်းအား သင်ကြားပေးမည် ဖြစ်၏။ ထို့ကြောင့် ဖန်းဟောင်ကိုလည်း အချိန်ယူကာ သဘာဝတရားရှစ်ပါးပုံကြမ်းကို သင်ကြားပေးသည်။

၎င်းကို မည်ကဲ့သို့ လေ့လာရမည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဆန်းကြယ်မှုများကို ၎င်းနှင့် မည်ကဲ့သို့ ပေါင်းစပ်ရမည်။ အခင်းအကျင်း ချိတ်တံဆိပ်နှင့် လက်နက်ကိရိယာ ထုလုပ်ခြင်းများကို ၎င်းနှင့် မည်ကဲ့သို့ ပေါင်းစပ်ရမည်။ အားလုံးတို့သည် ကိုယ်ပိုင်နားလည်သဘောပေါက်မှု အပေါ်တွင်သာ မူတည်နေ၏။

ထိုနေ့တွင် ဖန်းဟောင်သည် စံအိမ်အတွင်း၌ အခင်းအကျင်းကို စတင်တည်ဆောက်၏။ လီရွှမ်မှာ ထိုက်ချန်းစာအုပ်၏ စတုတ္ထမြောက်စာမျက်နှာရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို စတင်လေ့လာနေပြီး ဖြစ်သည်။

စတုတ္ထမြောက် စာမျက်နှာရှိ နိယာမများသည် ပိုမိုကာပင် နက်ရှိုင်းပြီး လေ့လာရန် ခက်ခဲလှ၏။ သူသည် အခင်းအကျင်း တာအိုကျမ်းကို ပိုင်ဆိုင်ပြီးဖြစ်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဆန်းကြယ်မှုများနှင့် ရင်းနှီးနေပြီး ချိတ်တံဆိပ် အတတ်တို့ကိုလည်း တတ်မြောက်ထားပေမယ့် ထိုစာမျက်နှာရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများ၏ နက်ရှိုင်းမှုကို ခံစားရဆဲ ရှိသည်။

'ငါ့ရဲ့နားလည်နိုင်မှု အဆင့်က အရမ်း နိမ့်ပါးနေသေးတယ်..'

လီရွှမ်က ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ်စဉ်းစားသည်။

ရွှီယန်သည် မည်သည့်အချိန်မှ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို နားလည်သဘောပေါက်မည်လဲ မသိပေ။

ရုတ်တရက် လီရွှမ်က ကြောင်နီကိုကြည့်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်တုန်းက ကြောင်နီသည် စုလင်းရှုံဆီမှ ဒန်ဆေးလုံးတစ်သုတ်ကို ရရှိခဲ့ပြီး စားသုံးပြီးနောက် ထိုနေရာတွင် လဲလျောင်းနေ၏။ အဆင့်ချိုးဖျက်နေဟန်ရှိသည်။

'အံ့သြစရာကောင်းတာက ကြောင်နီ မဟာနက်ဆိုးအတတ် တစ်ခုကို နားလည်သဘောပေါက်နိုင်ခဲ့တာပဲ..'

လီရွှမ်က သက်ပြင်းချသည်။ မဟာနတ်ဆိုးနတ်ဘုရား၏ စွမ်းအားနှင့် သူသည် ကြောင်နီ၏ ပြောင်းလဲမှုများအပေါ် ပြည့်စုံစွာ နားလည်နိုင်ပါသည်။

အခြား မဟာနတ်ဆိုးများ ပေါ်လာလျှင်တောင် သူသည် အရာအားလုံးကို ထိန်းချုပ်ပြီး မဟာနတ်ဆိုးများ၏ စွမ်းအားကိုပင် ငှားရမ်းနိုင်ဦးမှာ ဖြစ်သည်။

ထိုအကြောင်းကြောင့် ကြောင်နီက မဟာနတ်ဆိုးအတတ်တွင် နားလည်သဘောပေါက်မှုများ ရခဲ့ပေမယ့် တာအိုရွှေစာအုပ်က မည်သည့် တန်ပြန်အကျိုးပြုမှုကိုမှ မပေးလာခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် မဟာနတ်ဆိုးသိုင်းစနစ်၏ တန်ပြန်အကျိုးပြုမှုသည် မဟာနတ်ဆိုးနတ်ဘုရား ထိန်းချုပ်မှုအပေါ်တွင် မူတည်နေ၏။

ကြောင်နီအနေနှင့် မည်သည်ကို နားလည်သဘောပေါက် လာခဲ့စေကာမူ သူသည် မဟာနတ်ဆိုးနတ်ဘုရား ထိန်းချုပ်ခြင်းမှတစ်ဆင့် သိရှိကာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ကြောင်နီက ရုတ်တရက် အနည်းငယ် လှုပ်ရှားသွားသည်။ သူ၏ ပတ်ဝန်းကျင်တွင် ပုံရိပ်များစွာတို့ ပေါ်လာခဲ့၏။ ထိုပုံရိပ်များစွာက လူကိုအလွယ်တကူ ကြောင်တောင်မှုအား ဖြစ်စေသည်။ စုစုပေါင်း ကြောင်နီ၉ကောင်ရှိပြီး တစ်ကောင်သာလျှင် အစစ်အမှန်ခန္ဓာ ဖြစ်သည်။

ထို့အပြင် ၎င်းတို့သည် ပုံရိပ်ယောင်နှင့် အစစ်အမှန်အကြား စိတ်ကြိုက်ရွှေ့ပြောင်းနိုင်ပြီး ပုံရိပ်များအကြားတွင် တည်နေရာကို လျှပ်တပြက်အတွင်း ပြောင်းရွှေ့နိုင်သည်။ ဤသည်မှာ မဟာနတ်ဆိုးကျင့်စဉ်၏ စစ်မှန်သည့် အတတ်ဖြစ်၏။

'ကြောင်နီရဲ့ မဟာနတ်ဆိုးသိုင်းပညာအတွက် ပါရမီက တကယ့်ကို မဆိုဘူး။ သူက မဟာနတ်ဆိုးတွေရဲ့ ဘုရင်ဖြစ်ဖို့ ထိုက်တန်တယ်..'

လီရွှမ်က နှလုံးသားထဲတွင် ရေရွတ်သည်။ ကြောင်နီသည် ရွှီယန်၏ ညွှန်ကြားမှုအောက်တွင် အခင်းအကျင်းပုံကြမ်းကို သူ၏ သွေးကြောမှတ်များအတွင်း၌ ရေးဆွဲခဲ့၏။ ၎င်းသည် အောင်မြင်ခြင်းမရှိပေမယ့် ဤသည်က ထိုအတတ်၏ တာအိုအပေါ် ဆင်ခြင်မှုတို့ ဖြစ်ပေါ်စေခဲ့သည်။

လက်ရှိ ထုတ်လွှတ်လိုက်သည့် နတ်ဆိုးအတတ်သည် အတိုင်းအတာတစ်ခုအထိ ဝေ‌ဝါးရှုပ်ထွေးခြင်း အခင်းအကျင်းနှင့် ဆက်နွယ်နေ၏။

"ဆရာ... ဆရာ ကြောင်၉ကောင် မွေးထားတာလား.."

ဖန်းဟောင်က သိလိုစွာ ကြည့်သည်။ ရုတ်တရက် ခြံဝန်းအတွင်းတွင် ကြောင်၉ကောင်တို့ ပြေးလွှားနေပုံကို တွေ့ရပြီးနောက် မနေနိုင်ဘဲ မေး၏။

"သေသေချာချာ ဂရုစိုက် ကြည့်ကြည့်ဦး.."

လီရွှမ်က ရယ်၏။ ဖန်းဟောင်က ကြောင်၉ကောင်တို့၏ ပြေးလွှားနေမှုကို အာရုံစိုက်ကာ ခဏတာကြည့်ရှု့ပြီးနောက် ပြောသည်။

"တစ်ကောင်ပဲအစစ်ဟ... ကျန်၈ကောင်က အတုတွေ.."

သူသည် နှလုံးသားထဲ၌ အံ့သြသွားသည်။ အကြောင်းတရားကို နားလည်ပေမယ့် မည်သည်မှာ အစစ်ဖြစ်သည် ဟူသည်ကို မပြောနိုင်ဘဲ ရှိနေ၏။ ချီးကျူးစွာဖြင့် အသက်ကို ရှူသွင်းမိသည်။

ဆရာမွေးမြူထားသည့် တိရစ္ဆာန်ပီသလှပါသည်။ အလွန်ထူးကဲလှ၏။

ဖန်းဟောင်သည် ခြေထောက်ကိုဆောင့်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန်းကြယ်အခင်းအကျင်းကို ထုတ်လွှတ်လိုက်သည်။ ကြောင်၉ကောင်ကို လွှမ်းခြုံသည့် အခင်းအကျင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။ အခင်းအကျင်း အတွင်း၌ ဖန်းဟောင်သည် နောက်ဆုံးတွင် စစ်မှန်သည့် တစ်ကောင်ကို ရှာတွေ့လာခဲ့သည်။

သို့ရာတွင် သူက ကျေနပ်နေတုန်းရှိသေး။ မူလက အစစ်တစ်ကောင်သည် ရုတ်တရက် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကြောင်းကို တွေ့လိုက်ရသည်။ ပုံရိပ်ယောင်တစ်ခုက အစစ်ပြောင်းသွား၏။ အတုနှင့်အစစ်သည် ဆက်တိုက်ပြောင်းလဲနေပြီး တည်နေရာတို့ ပြောင်းလဲနေသည်။

ဒီအချိန်၌ သူသည် လေးနက်လာခဲ့၏။ ကြောင်နီ၏ မဟာနတ်ဆိုး ကျင့်စဉ်၏ စွမ်းအားကြီးမားသည့် သဘောသဘာဝကို နားလည်လာခဲ့သည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန်းကြယ်အခင်းအကျင်းကို ရုပ်သိမ်းပြီးနောက် ဖန်းဟောင်သည် အတွေးနက်သွားပုံ ပေါ်၏။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို လှည့်ဖျားရန်အတွက် တူညီသည့် အခင်းအကျင်းမျိုးကို ဖန်တီးပါက ဖြစ်နိုင်မည်လားဟု တွေးမိသည်။

ကြောင်နီသည် နောက်ဆုံးတွင် ကိုယ်ပိုင် မဟာနတ်ဆိုးအတတ်ကို နားလည်သဘောပေါက်လာခဲ့ပြီး စိတ်လှုပ်ရှားနေ၏။ ယနေ့မှစတင်ပြီး သူသည် ခွန်အားသက်သက်ကိုသာ အကြမ်းထည် အသုံးပြုတတ်သည့် မဟာနတ်ဆိုးတစ်ကောင် မဟုတ်တော့ပေ။

လီရွှမ်၏ရှေ့တွင် ထိုင်ရင်းမှ မျက်လုံးများကို ချစ်ဖို့ကောင်းစွာ ကစား၏။ သူသည် မြေပြင်ပေါ်၌ လက်သည်းဖြင့် စာရေးလိုက်သည်။

"သခင်... ကျွန်တော် အခင်းအကျင်း ပုံကြမ်းတွေ လိုချင်တယ်.."

သူသည် အခင်းအကျင်း ပုံကြမ်းများ၏ လျှို့ဝှက်ဆန်းကြယ်သည့် သဘာဝကိုနားလည်၏။

၎င်းတို့ကို လေ့လာနိုင်ခြင်း မရှိလျှင်တောင် တုပမှုပြုကာ သွေးကြောမှတ်အတွင်း၌ အခင်းအကျင်းပုံကြမ်းတို့ကို ရေးဆွဲနိုင်ပါသည်။ လက်ရှိ မဟာနတ်ဆိုးအတတ်မှာလည်း ဤနည်းအားဖြင့် ဖြစ်တည်လာခဲ့ခြင်း ဖြစ်၏။

လီရွှမ်ကအတွေးတစ်ချက်နှင့်အတူ မြေပြင်ပေါ်တွင် ပုံကြမ်းများစွာကို ရေးဆွဲလိုက်သည်။ ထိုထဲမှတစ်ခုမှာ တယ်လီပို့အခင်းအကျင်း ဖြစ်၏။

"ကောင်းကောင်းလေ့လာကြည့်.."

သူက အပြုံးတစ်ခုဖြင့် ပြောသည်။

ကြောင်နီက ခေါင်းငြိမ့်ကာ စိတ်လှုပ်ရှားနေ၏။ ထို့နောက် စုလင်းရှုံဆီသို့ ပြေးသွားကာ ချစ်ဖို့ကောင်းအောင် လုပ်ပြပြီး ဒန်ဆေးလုံးများကို တောင်းခံသည်။

ဆေးလုံးများကို စားသုံးပြီးနောက် ဟကလေးကိုရှာကာ မဟာနတ်ဆိုးဘုရင်၏ ဝေစုကို တောင်းသည်။

"သင်၏တပည့် ရွှီယန်သည် ဒီဗိုင်းဆန္ဒအဆင့်၏ အသေးစားကျွမ်းကျင်မှုသို့ ချိုးဖျက်သွားသည်။ သင်သည် မူလဒီဗိုင်းအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသည်.."

တာအိုရွှေစာအုပ်က ပွင့်လာပြီး တန်ပြန်အကျိုးပြုမှု ပေးလာခဲ့၏။ ရွှီယန်သည် နောက်ဆုံးတွင် ဒီဗိုင်းဆန္ဒအဆင့်၏ အသေးစားကျွမ်းကျင်မှုသို့ ချိုးဖျက်ခဲ့လေသည်။

'ဒီဗိုင်းဆန္ဒအဆင့်ရဲ့ အသေးစားကျွမ်းကျင်မှု၊ တောင်နဲ့မြစ် ဓားအခင်းအကျင်း၊ လျှပ်တပြက်လေ သုတ်သင်ခြင်းဓားသိုင်း... အဲ့ဒါတွေနဲ့ ရွှီယန်ရဲ့ လက်ရှိခွန်အားက သာမန် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် ပြဿနာမရှိလောက်တော့ဘူး..'

လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ စိတ်သက်သာရာရစွာ ခံစားလိုက်ရ၏။

ကျောက်စိမ်းနတ်ဘုရား ဂိုဏ်းနှင့် စုမိသားစုတို့သည် လက်ရှိအချိန်၌ ရွှီယန်နှင့် မုန့်ချုံတို့ကို ယွီကျိုးတစ်လျှောက် လိုက်လံရှာဖွေနေပါသည်။ အချိန်အတော်ကြာအောင် သဲလွန်စပျောက်သွားပြီးသည့် တိုင်အောင် ဒီအတိုင်း ထိုင်နေနိုင်ခြင်း မရှိသေးပါ။

ရွှီယန် အဆင့်ငယ်တစ်ခု ချိုးဖျက်ပြီးနောက် မုန့်ချုံမှာ အဆင့်ချိုးဖျက်ခြင်း မရှိသေးပေမယ့် သူ၏ ခွန်အားလည်း နေ့စဉ် မြင့်တက်နေပါသည်။

"ဟူး..."

ရုတ်တရက် ထူထဲသည့်မြူတို့ စံအိမ်အတွင်း၌ ပျံ့နှံလာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူအားလုံးတို့မှာ မှင်သက်သွားကြ၏။ သူတို့သည် စံအိမ်နှင့် ရင်းနှီးနေပြီး ဖြစ်လင့်ကစား လမ်းများ ပျောက်ဆုံးကုန်ကြသည်။

သိုင်းသမားများ၏ အာရုံခံနိုင်မှုမှာလည်း သက်ရောက်ခြင်းခံရပြီး မလှမ်းမကမ်းရှိ လှုပ်ရှားမှုများကိုပင် အာရုံခံနိုင်ခြင်း မရှိတော့ပေ။

စုလင်းရှုံက ဒန်ဆေးလုံးများကို သန့်စင်ခြင်းအား ရပ်တန့်ကာ အခင်းအကျင်းကို တည်ဆောက်နေသည့် ဖန်းဟောင်ကို ကြည့်သည်။

ဒီအချိန်၌ ဖန်းဟောင်သည် ခေါင်းကိုကုပ်နေပြီး ပြဿနာအချို့ ကြုံတွေ့နေရဟန် တူ၏။ အခင်းအကျင်းမှာ အပြင်ဘက်ကို လှည့်ဖျားရန် ဖြစ်သည်။ တည်ဆောက်သူကို မဟုတ်ပေ။

ထို့ကြောင့် အခင်းအကျင်းတစ်ခုသည် ထိန်းချုပ်မှုအောက်တွင်သာ ရှိသင့်ပြီး သက်ရောက်ခြင်း ခံရမယ့်လူနှင့် မခံရမည့်လူတို့ကို ခွဲခြားနိုင်သင့်သည်။

သူသည် ခဏတာစဉ်းစားပြီးနောက် အခင်းအကျင်း၏ အစီအမံများကို မွမ်းမံပြင်ဆင်သည်။ ရုတ်တရက် မြူအတွင်းတွင် လေပြင်းတစ်ခု တိုက်ခတ်လာပြီး လေနှင့်အတူ မီးတောက်များလည်း သယ်ဆောင်လာခဲ့သည်။

ချက်ချင်းပင် စံအိမ်သည် ထိုမီးတောက်များ၏ တောက်လောင်ခြင်းကို ခံရတော့မည့်နှယ် ရှိ၏။

လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွားပြီး မြေပြင်ပေါ်သို့ ခြေထောက်ဆောင့်လိုက်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အားကိုစုစည်းကာ စံအိမ်နှင့် လူတိုင်းကို ကာကွယ်လိုက်၏။ မီးတောက်များ၏ လားရာကိုလည်း ပြောင်းလဲလိုက်သည်။

ဖန်းဟောင်မှာ ပြာယာခတ်သွား၏။ သို့ပေမယ့် ခဏအကြာတွင် နောက်ဆုံး၌ အခင်းအကျင်း၏ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။

'ဒီတစ်ကြိမ်က ငါ့ရဲ့ ပထမဆုံးအကြိမ် အခင်းအကျင်းကြီးတစ်ခုကို တည်ဆောက်တာဆိုတော့ အတွေ့အကြုံမရှိ ဖြစ်နေတယ်။ ဆရာကူညီပေးတာကိုပဲ ကျေးဇူးတင်ရမယ်..'

ဖန်းဟောင်၏ ဝတုတ်သည့်မျက်နှာက ရှက်ရွံ့မှုတို့ဖြင့် ပြည့်နက်နေ၏။

"ခုနက... ငါတော့သေတော့မယ်လို့ တွေးမိလိုက်တာ.."

ရှီအာက နဖူးရှိချွေးစေးများကို သုတ်သည်။ ခုနက ဖီးနစ်မီးတောက်သည် သူ့ဆီသို့ ပြေးဝင်လာခဲ့၏။ သူ၏ လက်ရှိခွန်အားနှင့် ထိုမျှ ကြောက်စရာကောင်းသည့် စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်... နောက်တစ်ကြိမ် မရှိစေရပါဘူး... အခုဆိုရင် အတွေ့အကြုံရှိလာပါပြီ.."

ဖန်းဟောင်၏မျက်နှာက နောင်တရမှုတို့ဖြင့် ပြည့်နက်နေ၏။ ထို့နောက် သူ၏ပုံစံက ပြန်လည်လေးနက်သွားပြီး အခင်းအကျင်းကို ဆက်လက်တည်ဆောက်သည်။ ရံဖန်ရံခါ လိုအပ်သည့် ပစ္စည်းကိရိယာများကို ရပ်နားရင်းဖြင့် ထုလုပ်၏။

၃ရက်ကြာပြီးနောက် အခင်းအကျင်းမှာ နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့သည်။ သို့ရာတွင် ဖန်းဟောင်သည် အခင်းအကျင်းကို ထပ်မံစစ်ဆေး ကြည့်လိုက်ချိန်၌ အနည်းငယ် အကြမ်းထည်နိုင်နေကြောင်းကို တွေ့လိုက်ရ၏။

ရလဒ်အနေနှင့် အခင်းအကျင်းပစ္စည်း အားလုံးတို့ကို အရည်ဖျော်ကာ သူ၏အတွေ့အကြုံကို အသုံးပြုပြီး ပြန်လည်ထုလုပ်သည်။

ဒုတိယအကြိမ် အခင်းအကျင်းကို လျှင်မြန်စွာ ထပ်မံတည်ဆောက်၏။

"နောက်ဆုံးတော့ ပြီးသွားပြီ..."

စံအိမ်သည် အရင်အတိုင်းသာ ရှိနေပုံပေါ်၏။ မည်သည့် အခင်းအကျင်းမှ လွှမ်းခြုံထားသည့်ပုံ မရှိဟန်ရသည်။

သို့ရာတွင် အပြင်ဘက်မှ စူးစမ်းကြည့်ပါက စံအိမ်သည် ပျောက်ကွယ်သွားသည့်ပုံ ပေါ်၏။ ဒီနေရာတွင် မည်သည့်စံအိမ်မှ မရှိတော့ပါ။ မည်သည့် အရာဝတ္ထုကိုမှပင် တွေ့ရခြင်း မရှိပါ။

"ဆရာ... ကျွန်တော်စံအိမ်ထဲမှာ အခင်းအကျင်းနှစ်ခုကို တည်ဆောက်ထားတယ်။ တစ်ခုက ဝေဝါးရှုပ်ထွေးခြင်း အခင်းအကျင်းဖြစ်ပြီး နောက်တစ်ခုက ဖီးနပ်မီးတောက်ထောင်ချောက် အခင်းအကျင်းပဲ။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက်တောင်မှ ဘာအားနည်းချက်ကိုမှ ရှာတွေ့မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ချက်ရှိတယ်.."

"စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်နိုင်မှာ မဟုတ်ပေမယ့် နာရီဝက်လောက် ပိတ်လှောင်ထားဖို့တော့ ပြဿနာမရှိလောက်ဘူး.."

ဖန်းဟောင်က စိတ်လှုပ်ရှားစွာဖြင့် ပြော၏။

李 玄:

အပိုင်း ၄၆၁ - မြေဝိဉာဉ်ပန်း၊ ချီမန်လက်နက်သေတ္တာ

လီရွှမ်၏ ဒီဗိုင်းအသိက စံအိမ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဖန်းဟောင်က စီမံထားသည့် အခင်းအကျင်းကို အသေးစိတ် စူးစမ်းသည်။ ပြီးနောက် ပြော၏။

"အားနည်းချက်တွေ အများကြီးရှိသေးပြီး လိုအပ်ချက်တွေ တွေ့ရပေမယ့် အခင်းအကျင်းရဲ့ နိယာမတွေအပေါ် ဒီအတောအတွင်း အချိန်လေးပဲ လေ့လာခဲ့မှုအရ ဒီအဆင့်က အရမ်းကြီးတော့ မဆိုးဘူးလို့ ပြောလို့ရတယ်.."

ဖန်းဟောင်က မှင်သက်သွားသည်။ သူသည် အရာအားလုံးတို့ကို ဂရုတစိုက် စစ်ဆေးခဲ့၏။ သို့ပေမယ့် မည်သည့်လိုအပ်ချက် သို့မဟုတ် အားနည်းချက်ကိုမှ သတိထားမိခြင်း မရှိပေ။

လေးစားစွာ ပြော၏။

"တပည့်က ဉာဏ်ထိုင်းပါတယ်။ အခင်းအကျင်းထဲမှာ ဘာအားနည်းချက် သို့မဟုတ် လိုအပ်ချက်တွေ ရှိတာကိုမှ သတိမထားမိဘူး ဖြစ်နေတယ်။ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါဦးဆရာ.."

လီရွှမ်က လက်ကိုမြှောက်ကာ အလင်းတန်းတစ်ခုသည် အခင်းအကျင်း၏ နေရာတစ်ခုစီသို့ သက်ဆင်းသွား၏။ ရုတ်တရက် အခင်းအကျင်း၌ ကွာဟမှုတစ်ခု ပေါ်လာခဲ့သည်။

"ဒါကတစ်ခု... ဒါရောပဲ.."

လီရွှမ်သည် လိုအပ်ချက်နှင့် အားနည်းချက်များကို တစ်ခုပြီးတစ်ခု ထောက်ပြ၏။

ဖန်းဟောင်၏ မျက်နှာက ရှက်ရွံ့မှုတို့ဖြင့် ပြည့်နက်နေပါသည်။ သူစီမံထားသည့် အခင်းအကျင်းသည် တစ်ချက်ကြည့်သည်နှင့် ပြည့်စုံပုံ ပေါ်ပေမယ့် များပြားလှသည့် အားနည်းချက်များ ရှိနေ၏။

"ကျေးဇူးတင်ပါတယ် ဆရာ.."

လီရွှမ်က ဖန်းဟောင်ကိုကြည့်ကာ လေးနက်စွာပြောသည်။

"ချီမန်သိုင်းပညာရပ် လမ်းစဉ်မှာ အခင်းအကျင်း၊ ချိတ်တံဆိပ်နဲ့ ကောင်းကင်နဲ့ကမ္ဘာ့မြေကြီးရဲ့ ဆန်းကြယ်မှုတွေကို အသုံးချရတယ်။ အဲ့ဒါတွေကို ခွဲခြားထားလို့ မရဘူး။ အဲ့ဒီ့အစား တစ်ခုတည်းအဖြစ် ပေါင်းစပ်မှပဲ စစ်မှန်တဲ့ ချီမန်သိုင်းလမ်းစဉ် ဖြစ်လာလိမ့်မယ်.."

"အခင်းအကျင်းတွေရဲ့ ဖွဲ့စည်းပုံအတွင်းမှာ မင်းရဲ့ အခင်းအကျင်းတွေကို ကန့်သတ်ထားတာ၊ ချိတ်တံဆိပ်တွေရဲ့ ဖွဲ့စည်းပုံအတွင်းမှာ မင်းရဲ့ချိတ်တံဆိပ်တွေကို ကန့်သတ်ထားတာမျိုး အမှားတွေ မဖြစ်ပေါ်စေနဲ့.."

"အဲ့လိုဆိုရင် ချီမန်သိုင်းပညာရဲ့ စစ်မှန်တဲ့ အနှစ်သာရ ပျောက်ဆုံးသွားလိမ့်မယ်။ ငါမင်းကို မျှော်လင့်တာက ချီမန်သိုင်းပညာကို လေ့လာပြီး ဘယ်လိုကျင့်ကြံရမယ်ဆိုတာကို အတွေးသစ်တွေ ရလာစေဖို့ပဲ။ ခွန်အားကို ဘယ်လိုရှာဖွေမယ်လို့ သိလာစေဖို့ပဲ.."

ဖန်းဟောင်က မှင်သက်သွားသည်။ သူသည်အခင်းအကျင်းအပေါ်ပဲ အာရုံစိုက်လွန်းပြီး အခင်းအကျင်းမှာ ချီမန်သိုင်းပညာ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်းကို မေ့သွားခဲ့သည်။ဤသည်မှာ ချီမန်သိုင်းပညာ၏ စစ်မှန်သည့်အခြေခံ မဟုတ်ပေ။

"ဟုတ်ကဲ့ပါဆရာ... တပည့်နားလည်ပါတယ်.."

ဖန်းဟောင်က လေးစားစွာပြောသည်။ သူသည် ချီမန်သိုင်းပညာ၏ စွမ်းအားကို မည်ကဲ့သို့ လေ့လာရမည်ကို နားလည်လာခဲ့၏။

"သိုလှောင်အိတ်တွေကို မင်းသိတယ်မလား။ ကိရိယာ ထုလုပ်ခြင်းကလည်း အဲ့လိုမျိုး တူညီတဲ့ပစ္စည်းတွေကို ဖြစ်ပေါ်စေနိုင်တယ်။ ပိုပြီး သင့်တော်အသုံးဝင်ပြီး သိုလှောင်အိတ်တွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးဝင်ဆံ့မယ့် ကိရိယာမျိုးပေါ့.."

"ဒါပေမယ့် ပြုလုပ်ဖို့အတွက် အထူးကုန်ကြမ်းတွေ လိုအပ်လိမ့်မယ်။ အဲ့ဒါကို မင်းဘာသာစဉ်းစားပေါ့.."

လီရွှမ်က ခဏတာစဉ်းစားပြီးနောက် သတိပေး၏။

လက်နက်ကိရိယာထုလုပ်ခြင်း အခင်းအကျင်းနှင့် ချိတ်တံဆိပ်တို့အား နားလည်လာပြီးနောက် သိုလှောင်လက်စွပ် တစ်ခုကို ဖန်တီးရန် အချိန်ကျပြီး မဟုတ်ပါလား။

"တပည့်နားလည်ပါတယ်.."

လေးစားစွာဦးညွှတ်ပြီးနောက် ဖန်းဟောင်သည် သူ၏ အခင်းအကျင်းမှ အားနည်းချက်နှင့် လိုအပ်ချက်များကို မည်ကဲ့သို့ ပြင်ဆင်ရမည်အား စတင်စဉ်းစားသည်။

တစ်ချိန်တည်းတွင် အခင်းအကျင်းအပေါ် နားလည်သဘောပေါက်မှုတို့အား ဆင်ခြင်ကာ ချီမန်သိုင်းပညာ၏ ချိတ်တံဆိပ် လက်နက်ကိရိယာ ထုလုပ်ခြင်းနှင့် အခြားအသိအမြင်များကို စုစည်းပြီးအနှစ်သာရအပေါ် စစ်မှန်သည့် နားလည်မှုရရှိအောင် ပြုလုပ်သည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ မဟာခန်းမ အတွင်းတွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ၁၀ယောက်ကျော်တို့ စုစည်းနေကြ၏။ ၃ယောက်မှာ စုမိသားစုမှ ဖြစ်သည်။

ထိပ်ဆုံးတွင် ထိုင်နေသူမှာ ဂိုဏ်း၏ မဟာအကြီးအကဲဖြစ်၏။ သူသည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းအား လင်းနယ်မြေ၏ ပထမတန်းစား ဂိုဏ်းတစ်ခုအဖြစ် ဝင်ရောက်နိုင်စေသည့် သင်္ကေတဖြစ်သည်။

ဤသည်မှာ အောက်ခြေအဆင့်သို့သာ ရောက်ရုံ ဖြစ်ပေမယ့် ပထမအဆင့်ဟု ယူဆနိုင်သေး၏။ နှောင်းပိုင်းအဆင့် စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲသည် တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံကာ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ဖြစ်လာရန်အတွက် မျှော်လင့်၏။

သို့ပေမယ့် သူပင်လျှင် ထွက်ခွာလာရရာ အခြေအနေ၏ လေးနက်မှုကို ပြသနေပါသည်။

"ရွှီယန်နဲ့မုန့်ချုံတို့ရဲ့ အရင်းအမြစ်ကို ရှာတွေ့ပြီလား.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲက လေးနက်စွာဖြင့်မေးသည်။

"မတွေ့သေးပါဘူး.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း ဂိုဏ်းသခင်မျက်နှာမှာ အလွန်ညှို့မှိုင်းနေ၏။

"ကျွန်တော်တို့ စုမိသားစုဘက်ကလည်း အဲ့ဒီ့နှစ်ယောက်နဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရဘူး.."

စုမိသားစု၏ မျက်နှာကလည်း အလိုမကျစွာ ရှိနေသည်။

"ဒီလောက် အသက်အရွယ်နဲ့ ဒီလိုခွန်အားမျိုးရှိတာ ထိပ်တန်းဂိုဏ်းတွေရဲ့ စစ်မှန်တဲ့ ဆက်ခံသူတွေတောင်မှ သူတို့ထက် သာလွန်နိုင်မှာ မဟုတ်ဘူး။ သူတို့မှာ ရတနာခန္ဓာတွေကို ပိုင်ဆိုင်ထားရမယ်။ ယွီကျိုးက မဟုတ်ကတည်းက အခြားဒေသတွေကများ ဖြစ်နေမလား.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲက ညှို့မှိုင်းစွာ ပြော၏။

"ကျွန်တော်တို့တွေ အခြားဒေသက ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေကိုလည်း ကူညီစုံစမ်းပေးဖို့ တောင်းဆိုပြီးပါပြီ။ ဒါပေမယ့် ဘာရလဒ်မှ ထွက်မလာပါဘူး။ အဲ့ဒီ့နှစ်ယောက်က လေထဲကနေ ဘွားကနဲ ပေါ်လာပုံပေါ်ပြီး ပေါ်လာတာနဲ့ ခွန်အားကလည်း အရမ်းကိုကြောက်ဖို့ကောင်းလွန်းတယ်.."

"မိုးပြာရောင်ကောင်းကင်နဂါးရဲ့ သင်္ချိုင်းထဲမှာ ရွှီယန်က မိုးပြာရောင်ကောင်းကင်နဂါးရဲ့အလောင်းကို တိတ်တဆိတ် တစ်ယောက်တည်း အနိုင်ယူခဲ့ပြီး သိုက်မိသားစုရဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်.."

"ပြီးတော့ ရွှေချပ်ဝတ်နဲ့ လူ့ဘီလူးကြီး မုန့်ချုံကလည်း ရှိသေးတယ်။ လင်းနယ်မြေမှာ အဲ့လိုမျိုး စွမ်းအားကြီးမားတဲ့ ကျင့်စဉ်တစ်ခုကို ဘယ်တုန်းကကြားဘူးလို့လဲ။ သူတို့ကို ဘယ်သူက သင်ပေးလိုက်တာလဲ။ သူတို့က ဘယ်သူ့ရဲ့ အမွေဆက်ခံသူလဲ။ ဒါတွေက အဓိကအချက်ပဲ.."

စုမိသားစု၏ ခေါင်းဆောင်က မှတ်ချက်ပေး၏။

"အခုအချိန်အထိတော့ သူတို့နှစ်ယောက်က ဘယ်ဂိုဏ်းက သို့မဟုတ် မိသားစုကြီးကမှ မဟုတ်ဘူးလို့ အတည်ပြုနိုင်လု နီးပါးပဲ။ လေလွင့်သိုင်းသမားပဲ ထင်တယ်။ ဒါပေမယ့် လေလွင့်သိုင်းသမားတွေ အကြားမှာ ဒီလိုထူးကဲတဲ့ ပါရမီရှင်တွေ ပေါ်ပေါက်လာတာ သူတို့အမွေဆက်ခံခဲ့တဲ့ အမွေအနှစ်က သေချာပေါက် ထူးကဲလိမ့်မယ်.."

"ကျွန်တော်တို့ရဲ့ ယွီကျိုးအပေါ် ထိန်းချုပ်မှုနဲ့ဆိုရင်တောင် အခုအချိန်အထိ အဲ့ဒီနှစ်ယောက်ရဲ့ တည်နေရာကို ရှာမတွေ့နိုင်သေးဘူး။ အဲ့ဒီ့အခြေအနေက အဆိုးဆုံးပဲ.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က လေးနက်စွာပြောသည်။ ရန်သူ၏ စွမ်းအားကြီးမားမှုမှာ အရမ်းကြီး ကြောက်စရာမကောင်းပေ။ ပိုမိုကြောက်ဖို့ကောင်းသည်မှာ အရိပ်ကဲ့သို့ လာချင်သလိုလာ ထွက်ခွာချင်သလို ထွက်ခွာနိုင်သည့် ရန်သူမျိုး ဖြစ်၏။ ဝိုင်းဝန်းသတ်ဖြတ်ရန် မဖြစ်နိုင်အောင် ဖြစ်စေသည်။

ဤသည်က ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကဲ့သို့ စွမ်းအားကြီးမားသည့် အဖွဲ့အစည်းတစ်ခုပင်လျှင် ဦးခေါင်းထက်၌ ဓားတစ်ချောင်း ချိန်ရွယ်ထားသည်ဟု ခံစားလာရ၏။ သူတို့သည် ရွှီယန်နှင့် မုန့်ချုံတို့ကို သုတ်သင်၍ မပြီးမချင်း ငြိမ်းချမ်းနိုင်မည် မဟုတ်ပေ။

လင်းနယ်မြေ၏ အတိတ်တွင် နိမ့်ကျစွာ မွေးဖွားလာပြီး ဖယ်ထုတ်ခံခဲ့ရသည့် လူတစ်ယောက် ရှိခဲ့ဖူးသည်။

သူသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများဆီသို့ အန္တရာယ်အား ယူဆောင်လာခဲ့ပြီး စွမ်းအားကြီးမားသည်ဟူသည့် အဖွဲ့အစည်းများပင်လျှင် ဖျက်ဆီးခံခဲ့ရတာ လက်တစ်ချောင်းနှင့် ရေတွက်လို့မဆုံးပေ။

ထိုအကြောင်းပြချက်ကြောင့် ရွှီယန်က ခြိမ်းခြောက်နိုင်စွမ်းကို ပြသလာသည်နှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က အသဲအသန်သုတ်သင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ မဟာအကြီးအကဲက ခဏတာစဉ်းစားပြီးနောက် ပြောသည်။

"ရွှီယန်နဲ့မုန့်ချုံရဲ့ အရင်းအမြစ်က အဆုံးမဲ့ ကြယ်တာရာဂိုဏ်းက အကြွင်းအကျန်မကောင်းဆိုးဝါးတွေနဲ့များ ပတ်သက်နေမလား.."

ထိုစကားကို ကြားလိုက်ရချိန်လိုက် ရှိနေကြသည့် ကောင်းကင်လူသားအားလုံးတို့၏ နှလုံးသားများက လေးလံသွားသည်။

"အဲ့ဒါက ပြောဖို့ခက်တယ်.."

စုမိသားစု၏ အကြီးအကဲက ညှို့မှိုင်းစွာပြောသည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အဆုံးမဲ့ကြယ်တာရာအကယ်ဒမီက ငါတို့ဂိုဏ်းနဲ့ တော်ဝင်မိသားစုတွေကို ဆန့်ကျင်ဖို့ကြိုးစားခဲ့တယ်။ အဲ့ဒီ့ကျောင်းက မပျောက်ဆုံးသွားခဲ့ဘူး။ အဲ့ဒီ့အစား အသူရာပင်လယ်ထဲကို ထွက်ပြေးသွားခဲ့တာ.."

"ရွှီယန်နဲ့မုန့်ချုံတို့လည်း ဒေသ၁၈ခုကို ပြန်လာနိုင်ဖို့အတွက် အဆုံးမဲ့ညကြယ်တာရာကျောင်းတော်က ပျိုးထောင်ပေးထားတဲ့ ပါရမီရှင်တွေ ဖြစ်နေနိုင်တယ်.."

အဆုံးမဲ့ ကြယ်တာရာသိုင်းပညာ အကယ်ဒမီသည် တစ်ချိန်က လင်းနယ်မြေ၏ ဒေသ၁၈ခုတစ်လျှောက် နာမည်ကျော်ကြားခဲ့၏။

၎င်းသည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု မဟုတ်ပေမယ့် ပထမတန်းစားဂိုဏ်းတစ်ခုဟု ယူဆနိုင်သေးသည်။

သိုင်းပညာကို လက်ဆင့်ကမ်း သင်ကြားပေးရန် ရည်ရွယ်ချက်ဖြင့် လောကကြီးရှိ ပါရမီရှင်အားလုံးတို့ကို ကျောင်းသားများအဖြစ် ခေါ်ယူခဲ့သည်။

ထိုအခြေအနေတွင် ပထမတန်းစားမိ သားစုကြီးများရှိ မျိုးဆက်များစွာတို့ပင် လေ့ကျင့်ရန်အတွက် သွားရောက်ခဲ့ပြီး အဆုံးမဲ့ကြယ်တာရာအကယ်ဒမီ၏ ကျောင်းသားများ ဖြစ်လာခဲ့သည်။

အပိုင်း ၄၆၂ - မြေဝိဉာဉ်ပန်း၊ ချီမန်လက်နက်သေတ္တာ(၂)

လေလွင့်သိုင်းသမားများ အကြားရှိ ပါရမီရှင်များဆိုလျှင် အားလုံးနီးပါး အဆုံးမဲ့ ကြယ်တာရာအကယ်ဒမီသို့ ဝင်ရောက်ကာ ထိုနေရာတွင် သိုင်းပညာကို ကျင့်ကြံကြသည်။

သို့ရာတွင် သွေးနတ်ဆိုးက သယ်ဆောင်လာသည့် ကပ်ဘေး ရောက်ရှိလာပြီးနောက် သူတို့၏ မျှော်လင့်ချက်တို့ ပျက်ပြားခဲ့ရသည်။ ဒေသ၁၈ခုတို့ရှိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ဖိအားအောက်တွင် ပါရမီရှင်များအကြား ရုန်းကန်မှုတို့ စတင်ခဲ့၏။

လင်းနယ်မြေမှာ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် တော်ဝင်မိသားစုများ၏ အုပ်စိုးမှုအောက်တွင် ရှိနေသေးသည်ဟူ၍ ကြေငြာချက်ထုတ်ခဲ့သည်။

လေလွင့်သိုင်းသမားများသည် မည်မျှပင် ပါရမီကောင်းမွန်စေကာမူ သွေးမျိုးဆက်မှာ နိမ့်ကျပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် တော်ဝင်မိသားစုကြီးများမှ ပါရမီရှင်များထက် ထာဝရ နိမ့်ကျနေမည်ဖြစ်သည်။

ရလဒ်အနေနှင့် ထိုပဋိပက္ခတွင် အဆုံးမဲ့ ကြယ်တာရာအကယ်ဒမီသည် ရှုံးနိမ့်ခဲ့ပြီး ဆုတ်ယုတ်စွာဖြင့် အသူရာပင်လယ်ဆီသို့သာ ထွက်ခွာခဲ့ရသည်။ ထိုအချိန်ကတည်းက လင်းနယ်မြေတွင် ဝမ်ရှင်း(အဆုံးမဲ့ကြယ်တာရာ)ကျောင်းတော်ဟူ၍ မရှိတော့ပေ။

ရွှီယန်နှင့် မုန့်ချုံတို့၏ ရုတ်တရက် ပေါ်ပေါက်လာမှု၊ သူတို့၏ အံ့သြဖို့ကောင်းသည့် စွမ်းရည်များအား ဖော်ထုတ်ပြသလာမှု၊ ယွီကျိုးရှိ ဒေသခံပါရမီရှင်များအား ဖိနှိပ့်မှု... ထိုအရာအားလုံးတို့သည် သူတို့နှစ်ယောက်ကို ဝမ်ရှင်းအကယ်ဒမီက ဂရုတစိုက် ပျိုးထောင်ထားသည့် ပါရမီရှင်များ ဖြစ်သည်လားဟု သံသယဝင်လာစေခဲ့၏။

သူတို့၏ အပြုအမူများမှာ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ပါရမီရှင်များကို ဖိနှိပ့်လိုသည့်ဟန် ရှိသည်။

အတွင်းဘက်နယ်မြေမှ ဖြစ်သည်ဟုတော့ မည်သူမှ ထင်မိခြင်း မရှိပေ။ ယခုမျှ စွမ်းအားကြီးမားသည့် ပါရမီရှင်များသည် နိမ့်ကျသည့် အတွင်းဘက်နယ်မြေတွင် မပေါ်လာလောက်ပါ။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲက အသက်ကို နက်ရှိုင်းစွာရှူပြီး ပြော၏။

"သူတို့တွေ ဘယ်ကနေလာတာပဲဖြစ်ဖြစ် နည်းလမ်းအားလုံးကို အသုံးပြုပြီး သဲလွန်စရှာကြ။ ငါကိုယ်တိုင်လှုပ်ရှားမှုပြုမယ်.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲသည် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်ပြီး သူကိုယ်တိုင် လှုပ်ရှားလာမည်ဟူသည့် သတင်းက စုမိသားစုရှိ အကြီးအကဲများကို စိတ်လှုပ်ရှားလာစေသည်။

တစ်ဖက်လူက်ု ယွီကျိုးရှိ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်ဟု ယူဆနိုင်၏။ ကိုယ်တိုင်ဝင်ပါလာခြင်းက ရွှီယန်နှင့်မုန့်ချုံတို့မှ ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်နိုင်စွမ်းကို ပြသနေပါသည်။

"သူတို့တွေကို ဝမ်ရှင်းအကယ်ဒမီက တကယ်ပဲ ပျိုးထောင်ထားတာဆိုရင် စောင့်ရှောက်သူတစ်ယောက်လောက်တော့ ရှိမယ်ထင်တယ်.."

စုမိသားစုရှိ အကြီးအကဲက မျက်မှောင်ကျုံ့စွာပြောသည်။

"ဟန့်... ဝမ်ရှင်းအကယ်ဒမီက အဲ့ဒီ့ကောင်တွေသာ မျက်နှာပြရဲတယ်ဆိုရင် ငါတို့ဒေသ၁၈ခုက သူတို့ကိုလက်ခံမလားဆိုတာကို ကြည့်တာပေါ့.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲက အေးစက်စွာ ပြောသည်။ လူတိုင်းသည် သဘောတူစွာ ခေါင်းငြိမ့်ကြ၏။

"အရင်တုန်းက.. ဝမ်ရှင်းအကယ်ဒမီက အဲ့ဒီ့လူရော သေဆုံးခဲ့လား.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က ရုတ်တရက်ပြောသည်။

ချက်ချင်းပင် အားလုံးသည် တိတ်ဆိတ်သွားကြ၏။ ဝမ်ရှင်းသိုင်းပညာ အကယ်ဒမီ၏ ဒဏ္ဍာရီလာပုဂ္ဂိုလ် ဖြစ်သည့် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားသည် အဆင့်လွန် ဂိုဏ်းကြီးများရှိ ထိပ်တန်းပုဂ္ဂိုလ်ကြီးများကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်၏။ အရင်တုန်းက သူသည် သေဆုံးခဲ့သည်လား။

"သေသွားလောက်တယ် ထင်တယ်.."

အချိန်အတော်ကြာအောင် ရပ်တန့်နေပြီးနောက် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲက ညှို့မှိုင်းစွာ ပြောသည်။

"အတိတ်တုန်းက... တိုက်ပွဲမှာ သိုင်းတစ်ထောင်ခန်းမနဲ့ လိင်ယွင်(တိမ်မိုးကြိုး) စံအိမ်က ခေါင်းဆောင်တွေကိုယ်တိုင် လှုပ်ရှားမှုပြုခဲ့တယ်။ သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ.."

ခန်းမအတွင်းရှိ လူအားလုံးသည် အရိုးထဲအထိ အေးစိမ့်သွားကြ၏။ သိုင်းတစ်ထောင်ခန်းမနှင့် လိင်ယွင်တောင် စံအိမ်မှ ပုဂ္ဂိုလ်ကြီးနှစ်ဦး လှုပ်ရှားမှုပြုခဲ့ရာ ဝမ်ရှင်းအကယ်ဒမီမှ ထိုလူသည် အသက်ရှင်ရန် ခက်ခဲပေလိမ့်မည်။

ဒီအချိန်၌ လူအားလုံးတို့သည် စိတ်သက်သာရာရစွာ ခံစားလိုက်ရ၏။ စောင့်ရှောက်သူမှာ ထိုလူကိုယ်တိုင်သာ မဟုတ်ပါက ကျန်ရှိသည့် အကြွင်းအကျန်များမှာ စိုးရိမ်စရာ မရှိပေ။

လပေါင်းများစွာ ကြာပြီးနောက် ယွီကျိုးသည် ထပ်မံ လှုပ်ခါလာခဲ့ပြန်၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က ဆုကြေးကို ထပ်မံတိုးမြင့်ခဲ့သည်။

"ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင် မြေဝိဉာဉ်ပန်း... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကတော့ တကယ့်ကို အစွမ်းကုန်သုံးနေတာပဲ.."

"ဟစ်... အခုဆိုရင် ယွီကျိုးရဲ့ ဘယ်နေရာမှာမှ ရွှီယန်နဲ့မုန့်ချုံ နေလို့ရမှာ မဟုတ်လောက်တော့ဘူး.."

"ဒီလောက်မြင့်မားတဲ့ ဆုကြေး... အဲ့ဒါက စိတ်ဝိဉာဉ်နယ်မြေရဲ့ သိုင်းလောကသမိုင်းက ကိစ္စရပ်တစ်ခုကို ပြန်ပြီးတော့ အမှတ်ရလာမိစေတယ်..."

"ရှူး... မင်းအသက်ရှင်ချင်ရင် အဲ့ဒီ့စကားကို စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေနားကို မရောက်စေနဲ့.."

ယွီကျိုးသည် ထပ်မံ ထကြွလှုပ်ရှားလာပြီး လေလွင့်သိုင်းသမားများအကြားရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများပင် ပြသလာခဲ့သည်။ ရွှီယန်နှင့်မုန့်ချုံကို ရှာဖွေကြ၏။

ယခုကဲ့သို့ ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင် မြေဝိဉာဉ်ပန်းကို စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ပင်လျှင် မက်မောမိပါသည်။

မြေဝိဉာဉ်ပန်းသည် ကြီးမားသည့် စိတ်ဝိဉာဉ်သတ္တုတွင်းအတွင်း၌သာ ကြီးထွားပြီး နှစ်ပေါင်း၁၀၀၀ကြာပြီးမှသာ ပန်းတစ်ပွင့်ကို ပွင့်လေသည်။ ဤသည်ကား မြေဝိဉာဉ်ပန်း၏ အဖိုးတန်ပုံကို ပြသနေ၏။ ၎င်း၏ အာနိသင်မှာတော့ ဒီဗိုင်းဝိဉာဉ်ကို မြှင့်တင်ပေးနိုင်သည်။

အထွတ်အထိပ်စစ်ဘုရင် တစ်ယောက်သာ ၎င်းကို စားသုံးပြီးပါက စိတ်ဝိဉာဉ်စုစည်းခြင်း အဆင့်သို့ မည်သည့်အတားအဆီးမှမရှိဘဲ ချိုးဖျက်သွားမှာ ဖြစ်သည်။

ကောင်းကင်လူသားငယ် တစ်ယောက် စားသုံးလျှင် ကောင်းကင်လူသားကြီးအဆင့်သို့ ချိုးဖျက်နိုင်မည့် တစ်ဆို့မှုကို ကျော်လွှားနိုင်မည် ဖြစ်သည်။

ထို့အပြင် ဒီဗိုင်းဝိဉာဉ်အား သန့်စင်နိုင်မည့် အခွင့်အရေးတို့ တိုးမြင့်လာပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်လာရန် အခွင့်အရေးတစ်ခု ရှိလာနိုင်သည်။

ကောင်းကင်လူသားကြီး တစ်ယောက်သာ စားသုံးပါက စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်ရန် ၅၀%အောင်မြင်နိုင်ခြေ တိုးပွားလာစေသည်။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် စားသုံးလျှင် ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားကို ၁၀%လောက် တိုးပွားစေပြီး အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်ရန် အခွင့်အရေးတို့ ရလာစေနိုင်သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မြေဝိဉာဉ်ပန်း၏ အဖိုးတန်ပုံကို တွေ့မြင်နိုင်၏။ အဆင့်မြင့်စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများပင်လျှင် မြေဝိဉာဉ်ပန်းကို အလွယ်တကူ အသုံးပြုခြင်း မရှိကြပါ။

ပုံမှန်အားဖြင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် အဆင့်ချိုးဖျက်ရန်အတွက် သို့မဟုတ် ဒီဗိုင်းဝိဉာဉ် ထိခိုက်မှုရှိမှသာလျှင် အသုံးပြုရန် ချန်ထားလေ့ရှိသည်။

မြေဝိဉာဉ်ပန်းကို အသုံးပြုကာ ကျင့်ကြံမှု ပြုခြင်းမှာ အလွန် ဖြုန်းတီးရာကျ၏။ ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဂိုဏ်းများအတွက် ဆိုလျှင်တောင် ဖြစ်သည်။

ပြောရလျှင် မြေဝိဉာဉ်ပန်းအား စိုက်ပျိုးခြင်းနည်းလမ်းကို ပိုင်ဆိုင်ထားသည့် စိတ်ဝိညာဉ်ဂိုဏ်းနှင့် မိသားစုကြီးများသာလျှင် ထိုကဲ့သို့ အသုံးပြုနိုင်ပေလိမ့်မည်။

"ဒီတစ်ကြိမ်မှာ... ယွီကျိုးက သိုင်းသမားတွေချည်းပဲ မဟုတ်တော့ဘူး။ အပြင်ဘက်ဒေသက သိုင်းသမားတွေပါ လိုလိုချင်ချင် ရောက်လာခဲ့ကြတယ်.."

မဟာမိတ်ခေါင်းဆောင်က မနေနိုင်ဘဲ သက်ပြင်းချသည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့သည် လုံးဝ အပူတပြင်း ဖြစ်နေကြ၏။

အပြင်ဘက်ဒေသများမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများလည်း ရောက်ရှိလာရာ ရွှီယန်နှင့်မုန့်ချုံတို့ကို ရှာရန်အတွက် ယွီကျိုးတစ်ခုလုံး အထက်အောက် ပြောင်းပြန်ဖြစ်တော့မည်ဟု ခန့်မှန်းကြည့်နိုင်သည်။

ထိုအချိန်၌ ဝရမ်းထုတ်ခံထားရသည့် ရွှီယန်မှာတော့ အဆင့်ချိုးဖျက်ပြီးနောက် စံအိမ်ဆီသို့ ပြန်လာခဲ့သည်။

စံအိမ်၏ တည်နေရာကို ရောက်ရှိပြီးနောက် သူ၏မျက်ခုံးများက မျက်မှောင်ကျုံ့သွား၏။ စံအိမ်သည် ပျောက်ကွယ်သွားသည်လား။

ဒီဗိုင်းအသိကို ဖြန့်ကျက်ကြည့်ရှူ့ပြီးမှ တွေ့ရှိလာပြီး အသိအမှတ်ပြုစွာ ခေါင်းငြိမ့်သည်။

'အခင်းအကျင်းတစ်ခုပဲ...'

စတုတ္ထဂျူနီယာညီသည် အခင်းအကျင်းတစ်ခုအား ခင်းကျင်းကာ စံအိမ်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့၏။

'ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုရဲ့ စိတ်ဝိဉာဉ်သတ္တုတွင်းတွေကို ဖြုန်းတီးလို့မရဘူး... အဲ့ဒါတွေကိုသာ အခင်းအကျင်းနဲ့ ဖုံးလွှမ်းလိုက်ရင် ဘယ်လိုရွှေ့ပြောင်းရမယ်ဆိုတာ နည်းလမ်းတစ်ခု ရလာလောက်တယ်..'

ရွှီယန်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

'ငါတို့တွေ စိတ်ဝိဉာဉ်သတ္တုတွင်းကို ပြောင်စင်အောင်တူးဖို့အတွက် အသဲအသန်လုပ်နေဖို့ မလိုဘူး။ အခင်းအကျင်းတစ်ခုကို ခင်းကျင်းပြီး ချိတ်ပိတ်ထားလိုက်လို့ ရတယ်။ အဲ့ဒါဆိုရင် ငါတို့အပိုင် ဖြစ်လာမှာပဲ..'

အခင်းအကျင်းမှာ အမှန်တကယ်ကို ကောင်းမွန်သည့်အရာဖြစ်သည်။ ခြေတစ်လှမ်းနှင့် ရွှီယန်သည် အခင်းအကျင်းအတွင်းသို့ လျှောက်ဝင်သွားကာ ခြံဝန်းဆီသို့ ရောက်ရှိလာခဲ့၏။

စံအိမ်အတွင်းတွင် ဖန်းဟောင်၏မျက်နှာမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေပါသည်။ လက်ထဲတွင် အခင်းအကျင်း အဝိုင်းပြားကို ကိုင်ဆောင်ထားရင်းက အခင်းအကျင်းကြီးကို စတင်ထိန်းချုပ်ကာ ရွှီယန်ကို ပိတ်လှောင်ထားရန် ကြိုးစားသည်။

"ဂျူနီယာမောင်လေး... ငါတို့တွေ အစ်ကိုကြီးကို အချိန်ဘယ်လောက်ကြအောင် ပိတ်ထားနိုင်မယ်လို့ နင်ထင်လဲ.."

စုလင်းရှုံက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နက်နေသည့် မျက်နှာဖြင့် မေး၏။

"၁၅မိနစ်လောက်တော့ ပြဿနာမရှိလောက်ဘူးမလား.."

ဖန်းဟောင်က ခဏတာစဉ်းစားပြီးနောက် ပြောသည်။

"ငါ့အထင်တော့ အလွန်ဆုံး၇မိနစ်လောက်ပဲ ကြာနိုင်လိမ့်မယ်.."

စုလင်းရှုံက ပြောသည်။

"စီနီယာအစ်မ... နင်က ငါ့ရဲ့အခင်းအကျင်းကို အထင်သေးနေတာပဲ.."

"နင်ကမှ အစ်ကိုကြီးကို အထင်သေးနေတာ။ သူဘယ်လောက်စွမ်းအားကြီးမားလဲ ဆိုတာကို နင်မသိဘူး.."

လီရွှမ်က အခင်းအကျင်းအတွင်းရှိ ရွှီယန်ကို ကြည့်ကာ အနည်းငယ်ခေါင်းရမ်းသည်။ ၇မိနစ်လေလား။ သူမတို့သည် ရွှီယန်အပေါ် အရမ်းကြီး အထင်သေးလွန်းနေပါပြီ။

ဤသည်မှာ သူ့သိုင်းပညာ၏ ရှေ့ဆောင်လမ်းပြ ဖြစ်၏။ ဘယ်လိုလုပ်ပြီး ရိုးရှင်းသည့် အခင်းအကျင်းတစ်ခုနှင့် ပိတ်လှောင်နိုင်မည်နည်း။

မြူများက ထူထဲကာ ဖီးနစ်မီးတောက်က ရွေ့လျားနေ၏။ အခင်းအကျင်း၏ စွမ်းအားကို ဖန်းဟောင်က အသက်သွင်းလိုက်သည်။

ရွှီယန်က ဘယ်ညာနှစ်ဖက်ကို ကြည့်ကာ ခေါင်းငြိမ့်သည်။ ဒီအခင်းအကျင်းသည် အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်၏။ သိုက်ရှန်းသာဆိုပါက အတွင်းသို့ဝင်ပြီးလျှင် နာရီဝက်လောက် ပိတ်မိနေမှာပါ။ သူကတော့... လေထဲတွင် ဓားဆန္ဒတို့ ပျံ့နှံ့လာပြီး ခြေတစ်လှမ်း လှမ်းလိုက်၏။

လျှပ်တပြက်အတွင်း ဖီးနစ်မီးတောက်ပဲဖြစ်ဖြစ် မြူများပဲဖြစ်ဖြစ် အားလုံးထက်မြသည့် ဓားများအဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် တောင်နှင့်မြစ်ဓားအခင်းအကျင်းတစ်ခု ဖွဲ့စည်းလာခဲ့၏။

"နှလုံးသားဓားအဆင့်..."

အားလုံးကို ဓားအဖြစ် ပြောင်းလဲနိုင်လေသည်။

အခင်းအကျင်းလည်း အပါအဝင်ဖြစ်၏။ ရွှီယန်သည် ဖီးနစ်မီးတောက်နှင့် မြူများကို ဖြတ်သန်းကာ ခြံဝန်းအတွင်းသို့ အသာတကြည် လျှောက်ဝင်လာခဲ့သည်။

ဖန်းဟောင်မှာ မှင်သက်နေ၏။ ခဏအကြာ၌ သူ၏ အခင်းအကျင်းစွမ်းရည်ကို သံသယဝင်လာခဲ့သည်။

"မဟုတ်ဘူး... စီနီယာအစ်ကိုကြီးက အရမ်း စွမ်းအားကြီးနေတာဖြစ်မယ်.."

ရွှီယန်က ရယ်သည်။

"ဒီအခင်းအကျင်းက မဆိုးဘူး.."

"အစ်ကိုကြီး... ကျွန်တော်ရဲ့ အခင်းအကျင်းကို ဘယ်လိုမျိုး ချိုးဖျက်ခဲ့တာလဲ.."

ဖန်းဟောင်က အနည်းငယ် စိတ်ဓာတ်ကျစွာဖြင့်မေးသည်။

"ငါက အရာအားလုံးကို ဓားအဖြစ် ပြောင်းလဲနိုင်တယ်။ အခင်းအကျင်းတွေလည်း အပါအဝင်ပဲ။ မင်းရဲ့အခင်းအကျင်းက ငါ့ရဲ့ ထိန်းချုပ်မှုအတွင်းမှာ ရှိတယ်။ ဘယ်လိုပဲ စီမံထားစီမံထား အတွေးတစ်ချက်နဲ့ အဲ့ဒါကို ငါ့ရဲ့ဓားအဖြစ် ပြောင်းလဲလို့ရတယ်.."

ရွှီယန်ကပြုံးကာ ဖြေကြားသည်။

ဖန်းဟောင်မှာ မှင်သက်သွား၏။ အရာအားလုံးကို ဓားတစ်ချောင်းအဖြစ် ပြောင်းလဲနိုင်သည်လား။ အခင်းအကျင်းကိုလည်း ဓားတစ်ချောင်းအဖြစ် ပြောင်းလဲနိုင်သည်လား။

"စတုတ္ထဂျူနီယာညီ... မင်းရဲ့ချီမန်သိုင်းပညာက အရမ်းကို စွမ်းအားကြီးတယ်။ ဒါပေမယ့် မင်းရဲ့နားလည်မှုကတော့ လုံလုံလောက်လောက် မနက်ရှိုင်းသေးဘူး။ အဲ့ဒါကြောင့်မို့လို့ အနှစ်သာရကို မထုတ်ယူနိုင်သေးဘူး.."

ရွှီယန်က ပုခုံးကိုပုတ်ကာရယ်၏။

"ကျွန်တော်နားလည်ပါပြီ.."

ဖန်းဟောင်က လေးနက်စွာခေါင်းငြိမ့်သည်။

ဆရာဖြစ်သူကို အရိုအသေပေးပြီးနောက် ရွှီယန်သည် ယွီရှောင်လုံအား ပစ္စည်းများကို အန်ထုတ်ခိုင်းလိုက်၏။

"ဒါတွေက ဒုတိယဂျူနီယာညီနဲ့ ကျွန်တော် သိုက်မိသားစုဆီက လုယူလာခဲ့တဲ့ ပစ္စည်းတွေပါ။ ဂျူနီယာညီမလေးနဲ့ စတုတ္ထဂျူနီယာညီလေး မင်းတို့မှာ အရင်းအမြစ်တွေ မလုံလောက်မှာကို စိတ်မပူနဲ့.."

ရွှီယန်က ယွီရှောင်လုံက အန်ထုတ်လိုက်သည့် သိုလှောင်အိတ်အပုံကို လက်ညှိုးညွှန်ပြကာ ပြောသည်။ မိသားစုကြီးတစ်ခု၏ ရတနာများသည် မည်မျှ များပြားလိုက်မည်နည်း။

ဖန်းဟောင်မှာ မှင်သက်သွားသည်။ စုလင်းရှုံက ကျိုးယင်၊ ရှီအာ၊ မုန့်ရှူရှူတို့နှင့်အတူ ပစ္စည်းများကို စတင်ထုတ်ယူကာ အမျိုးအစားအလိုက် ခွဲခြမ်း၏။

ယွီရှောင်လုံမှာတော့ ချက်ချင်းပင် ကြောင်နီဆီသို့သွားကာ မျက်နှာချိုသွေးရန် ကြိုးစားသည်။ မဟာနတ်ဆိုးအတတ်အတွက်ဆိုပါက ညီငယ်တစ်ယောက် ဖြစ်ရလည်း အဆင်ပြေ၏။

ကြောင်နီမှာ ထိုကိစ္စအတွက် အလွန်ကျေနပ်သွားပြီး ဘေးတွင်ထိုင်နေသည့် ဟကလေးကို ညွှန်ပြသည်။ ယွီရှောင်လုံနှင့် မိတ်ဆက်ပေး၏။

"ဒါက တတိယညီ.."

ဟကလေးမှာ ကြောက်ရွံ့ပုံပေါ်နေ၏။ ဒီမြွေမှာ အလွန်ကြောက်ဖို့ ကောင်းလှပါသည်။

ဖက်တီးကြောင်က သခင်ဖြစ်သူ၏ဆရာ မွေးထားခြင်းဖြစ်ကာ ဒီမြွေမှာ သခင်ဖြစ်သူ၏ အစ်ကိုကြီးက မွေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏အဆင့်သာလျှင် အနိမ့်ဆုံးဖြစ်၏။

ဖန်းဟောင်၏ လက်နက်ကိရိယာများအား ပြုလုပ်နေပုံကို တွေ့ရပြီးနောက် ရွှီယန်ကပြောသည်။

"ဂျူနီယာညီလေး...မင်းလည်း မင်းအတွက် အသုံးပြုဖို့ အထူးလက်နက် တစ်စုံလောက်ကို ဖန်တီးထားသင့်တယ်။ အခင်းအကျင်း၊ ချိတ်တံဆိပ်၊ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ဆန်းကြယ်အစီအမံတွေ အပါအဝင် အခြားလိုအပ်တဲ့ လက်နက်တွေပေါ့.."

"ပြီးတော့ တိုက်ခိုက်ရေး လက်နက်တွေကိုလည်း ထုလုပ်လို့ရတယ်။ အဲ့ဒီ့ထဲမှာ ဆန်းကြယ်ကိရိယာတွေကို ထည့်ထားပြီး တစ်ချက်တည်းနဲ့ အခင်းအကျင်းကြီး တစ်ခုလုံးကို ထုတ်လွှတ်နိုင်တာမျိုးပေါ့... အဲ့ဒီ့အခါ အံ့ဖွယ်အခြေအနေတွေ ပေါ်ပေါက်လာပြီး တိုက်ခိုက်မှုက မြစ်ရေလှိုင်းလိုကြီးမားမှာ..."

ဖန်းဟောင်က ခဏတာ ရပ်တန့်သွားသည်။ စိတ်ထဲတွင် ဉာဏ်အလင်းတစ်ခု ရလာပြီး စိတ်လှုပ်ရှားလာခဲ့၏။

"ညွှန်ကြားမှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး... ကျွန်တော် အခုနားလည်ပြီ... လက်နက်သေတ္တာတစ်ခုကို ဖန်တီးဖို့ စဉ်းစားထားတယ်.."

ဒီအချိန်၌ သူ၏စိတ်ထဲတွင် လက်နက်သေတ္တာ ပြုလုပ်ခြင်း နည်းလမ်းတို့ ပေါ်လာခဲ့၏။ အတွေးတစ်ချက်နှင့်အတူ လက်နက်သေတ္တာက အခင်းအကျင်းများကို အသက်သွင်းနိုင်လေသည်။

အခင်းအကျင်းကြီးတစ်ခုအား လျှပ်တပြက်အတွင်း ဖြစ်တည်လာစေပြီး လက်နက်သေတ္တာ ကိုယ်တိုင်က ဖျက်ဆီးခြင်းလက်နက်ကြီးတစ်ခု ဖြစ်လာကာ သတ်ဖြတ်ခြင်း လက်နက်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

ရွှီယန်က ပြုံးကာ ခေါင်းငြိမ့်သည်။

"မင်းမှာ စိတ်ကူးရလာတာ ကောင်းတယ်... သိုက်မိသားစုရဲ့ ရတနာတွေထဲမှာ မရေမတွက်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေရှိတယ်။ သုံးရမှာကို မနှမြောနဲ့၊ ဘာပဲဖြစ်ဖြစ် ရှာဖို့လည်း သိပ့်ခက်တာမဟုတ်ဘူး.."

"ပြီးတော့ သိုလှောင်အိတ်နေရာမှာ အစားထိုးဖို့အတွက် ကြီးမားတဲ့ နေရာလပ်နဲ့ သိုလှောင်ပစ္စည်း တစ်ခုကို ပြုလုပ်သင့်တယ်။ အဲ့ဒါနဲ့ဆိုရင် ဒီရတနာတွေကို ပိုပြီးတော့ ဝင်ဆံ့နိုင်လိမ့်မယ်.."

ထိုအချိန်၌ ဖန်းဟောင်သည် စိတ်လှုပ်ရှားလာခဲ့၏။ နောက်ဆုံးတွင် သူသည် ချီမန်သိုင်းပညာ၏ တိုက်ခိုက်သတ်ဖြတ်ခြင်း လမ်းကြောင်းကို တွေ့မြင်ခဲ့လေပြီ။ ခေါင်းငြိမ့်ကာပြော၏။

"အစ်ကိုကြီး စိတ်မပူပါနဲ့... ကျွန်တော့မှာ စိတ်ကူးတစ်ခု ရှိနေပြီးပါပြီ.."

All Chapters