← Chapters

အံ့မခန်း တိုးတက်မှု

Vol. 27 Ch. 402

အံ့မခန်း တိုးတက်မှု

Vol. 27 Ch. 402

~မျက်တောင်တစ်ခတ် အတွင်းမှာပင် (၁၀) ရက် ကုန်ဆုံးသွားခဲ့ပြီး၊ 'ကိုးထပ် ချန်ခွင်း မျှော်စင်' အတွင်းတွင်မူ ရက် ( ၂၀ ) ကြာမြင့်ခဲ့လေ၏။

ရူးသွပ်စွာ ကျင့်ကြံနေခဲ့သော 'ယီထျန်းချင်း' သည် 'ကောင်းကင်ဘုံ လူသား' ဘုံ ဒုတိယအလွှာသို့ ချောမွေ့စွာ အဆင့်တက်ရောက်သွားခဲ့သည်။

ဖုန်းဝူချန်က သူ့အား တစ်လ အတွင်း 'ကောင်းကင်ဘုံ လူသား' ဘုံ ဒုတိယအလွှာသို့ ရောက်ရှိအောင် ကူညီပေးမည်ဟု ကတိပေးခဲ့သည်။ ယခု တစ်လပင် မပြည့်သေးဘဲ၊ ရက် ( ၂၀ ) အတွင်းမှာပင် အဆင့်တက်ရောက်သွားခြင်း ဖြစ်သည်။

'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ မှော်ဆန်သော နေရာလပ်၊ အစွမ်းထက်သော နတ်ဘုရား စွမ်းရည်များနှင့် ကြောက်မက်ဖွယ် ကောင်းသော ကျင့်ကြံမှု အရှိန်အဟုန်တို့သည် 'ယီထျန်းချင်း' ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

'ကောင်းကင်ဘုံ လူသား' ဘုံတွင် ကျင့်ကြံရန် မည်မျှ ခက်ခဲကြောင်းကို 'ယီထျန်းချင်း' ကောင်းကောင်းကြီး သိရှိထားသည်။ 'ကောင်းကင်ဘုံ' နယ်မြေ၏ ထိပ်သီး ပါရမီရှင် တစ်ဦး အနေဖြင့် 'ကောင်းကင်ဘုံ လူသား' ဘုံတွင် အဆင့် တစ်ခု တက်ရန်အတွက် အမြန်ဆုံး အခြေအနေတွင်ပင် အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်တတ်သည်။

ထို့အပြင် ကောင်းကင်နှင့်မြေကြီးမှ ရတနာများ၊ ဆေးလုံးများ၏ အကူအညီ ပါဝင်မှသာ အဆင့်တက်နိုင်ခြင်း ဖြစ်သည်။

ယခု ရက် ( ၂၀ ) တည်းဖြင့် 'ယီထျန်းချင်း' သည် 'ကောင်းကင်ဘုံ လူသား' ဘုံ ဒုတိယအလွှာသို့ အံ့မခန်း တိုးတက်သွားခဲ့သည်။ သူ မည်သို့ မတုန်လှုပ်ဘဲ နေနိုင်ပါမည်နည်း။

ထို့အပြင် ဤ ရက် ( ၂၀ ) သည် 'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ သတ္တမထပ် အတွင်းမှ ရက် ( ၂၀ ) သာ ဖြစ်ပြီး၊ ပြင်ပ ကမ္ဘာတွင် ၁၀ ရက်သာ ကြာမြင့်သေးသည်။

ဆိုလိုသည်မှာ ၁၀ ရက်တည်းဖြင့် 'ယီထျန်းချင်း' သည် ဘုံ တစ်ခုလုံးကို ကျော်ဖြတ် အဆင့်တက်သွားခြင်း ဖြစ်သည်။

(၁၀) ရက်... (၁၀) ရက်တည်းတဲ့လား။ ပြည်မကြီးရဲ့ နံပါတ်တစ် ပါရမီရှင်တောင် ဒီလောက် စွမ်းဆောင်နိုင်ပါ့မလား။

အကယ်၍သာ တစ်လ သို့မဟုတ် ခြောက်လခန့် ရူးသွပ်စွာ ကျင့်ကြံလိုက်လျှင် မည်သို့ ဖြစ်သွားမည်နည်း။ ကောင်းကင်ဘုံကို အာခံခြင်း မမည်ပေဘူးလော။

'ယီထျန်းချင်း' ဆက်လက် တွေးတောရန်ပင် မဝံ့ရဲတော့ပေ။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းရည်သည် 'ယီထျန်းချင်း' ၏ နားလည်နိုင်စွမ်းကို လုံးဝ ကျော်လွန်နေသည်။

ဖုန်းဝူချန် ကိုယ်တိုင်လည်း 'ထျန်းယွမ်' ဘုံ ဆဌမအလွှာသို့ ချောမွေ့စွာ အဆင့်တက်သွားခဲ့ပြီး၊ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အံ့မခန်း မြင့်တက်သွားခဲ့သည်။

'ကောင်းကင်ဘုံ လူသား' ဘုံ အောက်တွင် ဆိုလျှင် သူသည် လုံးဝ ပြိုင်ဘက်ကင်း ဖြစ်နေပေပြီ။

သတ္တမထပ် နေရာလပ် အတွင်းတွင်၊ အဆင့်တက်သွားခါစ ဖြစ်သော ဖုန်းဝူချန်သည် ကြက်သေ သေနေသော 'ယီထျန်းချင်း' ကို ကြည့်လိုက်ပြီး၊ သူ၏ နှုတ်ခမ်းထောင့်များတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။

ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ခင်ဗျားရဲ့ အဆင့်က အခုမှ တက်လာတာ... အခြေခံ ခိုင်မာအောင် လုပ်ဖို့ မမေ့နဲ့... မဟုတ်ရင် ခင်ဗျားရဲ့ တိုက်ခိုက်နိုင်စွမ်းကို ထိခိုက်လိမ့်မယ်...”

စကားဆုံးသည်နှင့် ဖုန်းဝူချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ၊ သူတို့ နှစ်ဦးစလုံး 'ကိုးထပ် ချန်ခွင်း မျှော်စင်' အတွင်းမှ ထွက်ခွာလာပြီး အခန်းထဲတွင် ရုတ်တရက် ပေါ်လာကြသည်။

လက်ကို ဝှေ့ယမ်းလိုက်ရာ ဖုန်းဝူချန်သည် 'ကိုးထပ် ချန်ခွင်း မျှော်စင်' ကို သူ၏ ခန္ဓာကိုယ် အတွင်းသို့ သိမ်းယူလိုက်သည်။ 'ယီထျန်းချင်း' မှာမူ တုန်လှုပ်နေဆဲပင်။

သို့သော် ဖုန်းဝူချန် အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်သောအခါ 'ယီထျန်းချင်း' ရုတ်တရက် သတိပြန်ဝင်လာသည်။

“ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်...”

'ယီထျန်းချင်း' က အလျင်အမြန် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကြည့်ရတာ၊ ဆုံးဖြတ်ချက် ချလိုက်ပြီ ပုံ ရပါတယ်...”

ဟု ဖုန်းဝူချန်က အပြုံးလေးဖြင့် ပြောလိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားတော့သည်။

ဖုန်းဝူချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း 'ယီထျန်းချင်း' ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာပီတိများ လင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“တစ်လတောင် မပြည့်ဘဲ... ငါ ဘုံ တစ်ခုလုံးကို အဆင့်တက်သွားခဲ့တယ်... အိပ်မက် မက်နေသလိုပဲ...”

လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး၊ 'ယီထျန်းချင်း' ၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်နှင့် ယုံကြည်မှုများ ပြည့်နှက်နေသည်။ သူက အေးစက်စွာ ရယ်မောရင်း အံကြိတ်ကာ ပြောလိုက်သည်။

“'ဖန်ရှောင်ယွင်'... မင်းမှာ မူလ စွမ်းအား ရှိရှိ မရှိရှိ... ငါ့ရဲ့ လက်ရှိ အင်အားနဲ့ ဆိုရင်... ငါ မင်းကို ဘယ်အချိန်မဆို အနိုင်ယူနိုင်တယ်...”

၁၀ ရက် အတွင်း ဘုံ တစ်ခုလုံး အဆင့်တက်သွားခြင်းသည် 'ယီထျန်းချင်း' ၏ ဘဝတွင် အတုန်လှုပ်ဆုံး အတွေ့အကြုံ ဖြစ်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ဖုန်းဝူချန်၏ နတ်ဘုရား စွမ်းရည်များ၏ ကြောက်မက်ဖွယ် ကောင်းမှုက 'ယီထျန်းချင်း' ကို ဒူးထောက်သွားစေခဲ့ပြီး၊ သူသည် ဖုန်းဝူချန်၏ နောက်လိုက် လုပ်ရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ဖုန်းဝူချန်က ကတိအတိုင်း လုပ်ဆောင်ပေးနိုင်ခဲ့သဖြင့်၊ 'ယီထျန်းချင်း' ကလည်း ကတိတည်ရပေမည်။

'ယီထျန်းချင်း' အဆင့်တက်သွားကြောင်း 'ကောင်းကင်မီး တောင်ပေါ် စံအိမ်' မှ သိရှိသွားသောအခါ၊ စံအိမ် တစ်ခုလုံး တုန်လှုပ်သွားကြသည်။

“သခင်လေးက တကယ်ကြီး အဆင့်တက်သွားတာ... တကယ်ကြီး အဆင့်တက်သွားတာ...”

“၁၀ ရက်... ၁၀ ရက်တည်းနဲ့တဲ့လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

“ဆေးဧကရာဇ်က အရမ်း ကြောက်စရာ ကောင်းတာပဲ... သခင်လေးကို ၁၀ ရက်တည်းနဲ့ ဘုံ တစ်ခုလုံး အဆင့်တက်အောင် လုပ်ပေးလိုက်တယ်... အဲ့ဒါက 'ကောင်းကင်ဘုံ လူသား' ဘုံ နော်...”

“၁၀ ရက် အတွင်းမှာ 'ချီ' သန့်စင်ခြင်း ဘုံက အားနည်းတဲ့ သူတွေတောင် အဆင့်တက်ဖို့ မလွယ်ဘူး... 'ကောင်းကင်ဘုံ လူသား' ဘုံ ဆိုရင် ပြောမနေနဲ့တော့...”

စံအိမ်မှ အစောင့်များသည် 'ယီထျန်းချင်း' ၏ အဆင့်တက်မှုကို ကြားသိလိုက်ရသဖြင့် ဝိညာဉ်များ လွင့်ပျောက်မတတ် ထိတ်လန့် တုန်လှုပ်စွာ ဆွေးနွေးနေကြသည်။

ပင်မ ခန်းမဆောင်တွင် စံအိမ်သခင် 'ယီယွင်'၊ ဂိုဏ်းချုပ် 'ဟွမ်ရွှမ်း' နှင့် အခြား အကြီးအကဲများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး၊ သူတို့၏ မျက်နှာထားများမှာ တောင့်ခဲနေကြသည်။

သူတို့သည်လည်း 'ယီထျန်းချင်း' ၏ အဆင့်တက်မှုကို မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

၁၀ ရက်သာ ရှိသေးသော်လည်း 'ယီထျန်းချင်း' က အဆင့်တက်သွားခဲ့ပြီ။ ကျင့်ကြံမှု အရှိန်အဟုန်က မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

“တကယ်ကို တွေးလို့တောင် မရနိုင်လောက်အောင်ပဲ...”

'ယီယွင်' က လေအေးတစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ ရင်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်ထားလိုက်သည်။

“ဆေးဧကရာဇ်က ဘယ်လို လုပ်လိုက်တာလဲ... ဒါက နတ်ဘုရား စွမ်းရည်ပဲ...”

'ဟွမ်ရွှမ်း' လုံးဝ တုန်လှုပ်သွားပြီး၊ 'ယီထျန်းချင်း' ကို သေချာစွာ စစ်ဆေး ကြည့်ရှုနေသည်။ လှည့်ကွက် တစ်ခုခု သုံးထားခြင်း ဟုတ်မဟုတ် သံသယ ဝင်နေသည့်အလား။

၁၀ ရက်တည်းဖြင့် အဆင့်တက်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။ ပြည်မကြီး၏ အကြီးမြတ်ဆုံး ပါရမီရှင်များပင် မစွမ်းဆောင်နိုင်ကြပေ။

“အကြီးအကဲ... မကြည့်ပါနဲ့တော့... တကယ်ပါ... လူငယ် စံအိမ်သခင် တကယ်ကြီး အဆင့်တက်သွားတာပါ...”

လူလတ်ပိုင်း အမျိုးသား တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ အသံများမှာ တုန်ယင်နေသည်။

'ယီထျန်းချင်း' က အပြုံးဖျော့ဖျော့လေး ပြုံးလိုက်ပြီး ပြောလိုက်သည်။

“အဖေ... အကြီးအကဲ... ကျွန်တော် တကယ်ပဲ အဆင့်တက်သွားပါပြီ...”

“ဆေးဧကရာဇ်ရဲ့ နတ်ဘုရား စွမ်းရည်တွေက အရမ်း ကြောက်စရာ ကောင်းတယ်... ကျွန်တော် ဆေးဧကရာဇ်ရဲ့ နောက်လိုက် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ...”

'ယီထျန်းချင်း' က ထပ်ဖြည့် ပြောလိုက်သည်။

'ယီယွင်' နှင့် စံအိမ်၏ အခြား အဆင့်မြင့် အဖွဲ့ဝင်များမှာ မှင်သက်နေကြပြီး၊ 'ယီထျန်းချင်း' ၏ အဆင့်တက်မှုကို အတည်ပြုပြီးသည့်တိုင်အောင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်နေကြဆဲပင်။

“မြန်မြန်... ဆေးဧကရာဇ်ကို သွားပြီး ကျေးဇူးတင်စကား ပြောရအောင်...”

တုန်လှုပ်မှု ပြယ်သွားသောအခါ 'ယီယွင်' က စိတ်လှုပ်ရှားစွာ တိုက်တွန်းလိုက်ပြီး၊ ပင်မ ခန်းမဆောင် အပြင်ဘက်သို့ သွက်လက်စွာ ထွက်ခွာသွားသည်။

'ကောင်းကင်မီး တောင်ပေါ် စံအိမ်' မှ အဆင့်မြင့် အဖွဲ့ဝင် များစွာလည်း နောက်မှ လိုက်ပါသွားကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် တုန်လှုပ်မှု အစား စိတ်လှုပ်ရှားမှုများ တောက်လောင်နေသည်။

“ဆေးဧကရာဇ်သာ ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ရင်... ငါ 'ကောင်းကင်ဘုံ လူသား' ဘုံကို ရောက်နိုင်မှာပဲ...”

“ဟုတ်တယ်... ဟုတ်တယ်... ငါလည်း 'ထျန်းယွမ်' ဘုံ နဝမအလွှာ ရောက်ဖို့ မလိုတော့ဘူး...”

“ဆေးဧကရာဇ်သာ စံအိမ်သခင်ကြီးရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ရင်... စံအိမ်သခင်ကြီးက 'ထျန်းယွဲ့' ဂိုဏ်းချုပ်ကြီးကို ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူးလား...”

အဆင့်မြင့် အရာရှိများမှာ စိတ်လှုပ်ရှား ပျော်ရွှင်စွာ ဆူညံနေကြသည်။

သို့သော် အိပ်မက်မက်နေစရာ မလိုပေ။ ဖုန်းဝူချန်တွင် သူတို့အတွက် အချိန်ဖြုန်းစရာ မရှိပေ။ 'ယီထျန်းချင်း' ကို စုဆောင်းရန် ရည်ရွယ်ချက်သာ မရှိခဲ့လျှင်၊ ဖုန်းဝူချန်က အဘယ်ကြောင့် သူ့ကို အဆင့်တက်အောင် ကူညီပေးပါမည်နည်း။

'ယီယွင်' နှင့် အခြားသူများ ပင်မ ခန်းမဆောင်မှ ထွက်လာသောအခါ၊ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း အစောင့် တစ်ဦးက သတင်းပို့လိုက်သည်။

နှုတ်မဆက်ဘဲ ထွက်ခွာသွားခြင်းကြောင့် 'ကောင်းကင်မီး တောင်ပေါ် စံအိမ်' ၏ အကြီးအကဲများ တိတ်တဆိတ် စိတ်ပျက်မိသွားကြသည်။

“ဆေးဧကရာဇ်က အချိန်တန်ရင် လူငယ် စံအိမ်သခင်ကို လာခေါ်မယ့်သူ ရှိလိမ့်မယ်လို့ မှာခဲ့ပါတယ်... ကျွန်တော် စံအိမ်သခင်ကို လာပြောမလို့ လုပ်ပေမယ့်... ဆေးဧကရာဇ်က စံအိမ်သခင်ကို အနှောင့်အယှက် ပေးစရာ မလိုဘူးလို့ ပြောပါတယ်...”

ဟု အစောင့်က လေးစားစွာ ပြောလိုက်သည်။

“ငါတို့ ကျေးဇူးတင်စကား ပြောဖို့တောင် အခွင့်အရေး မရလိုက်ဘူး...”

'ယီယွင်' ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီးနောက် “'ချင်း' လေး... နောင်ကျရင် ဆေးဧကရာဇ်ရဲ့ ကျေးဇူးကို အလဟဿ မဖြစ်စေနဲ့နော်...”

ဟု 'ယီထျန်းချင်း' ကို ပြောလိုက်တော့သည်။

“ကျွန်တော် နားလည်ပါတယ် အဖေ...”

'ယီထျန်းချင်း' အားကြိုးမာန်တက် ခေါင်းညိတ်လိုက်သည်။

“ဆေးဧကရာဇ် ဘယ်သွားလဲ ဆိုတာ သိလား...”

'ယီထျန်းချင်း' က မေးလိုက်သည်။

အစောင့်က ခေါင်းခါလိုက်သည်။ “ကျွန်တော်လည်း မသိပါဘူး သခင်လေး...”

ကောင်းကင်ယံကို မော့ကြည့်ရင်း 'ယီထျန်းချင်း' တိတ်တဆိတ် ကတိသစ္စာ ပြုလိုက်သည်။

“ဆေးဧကရာဇ်က ဒီနေ့ ကျွန်တော့်ကို 'ကောင်းကင်ဘုံ လူသား' ဘုံ ဒုတိယအလွှာ ရောက်အောင် ကူညီပေးခဲ့တယ်... ကျွန်တော် 'ယီထျန်းချင်း'... ဘယ်တော့မှ ကတိမဖျက်ပါဘူး...”

—----------

ဖုန်းဝူချန်နှင့် သူ၏ လူတစ်ဒါဇင်ကျော် အဖွဲ့သည် 'ကောင်းကင်မီး တောင်ပေါ် စံအိမ်' မှ ထွက်ခွာလာခဲ့ပြီး ယခုအခါ အရှေ့ဘက်သို့ ဦးတည်နေကြလေသည်။

အရှေ့ဘက်သည် 'ထျန်းယွဲ့' ဂိုဏ်း၏ နယ်မြေ ဖြစ်ပြီး၊ ထိုနေရာရှိ အဖွဲ့အစည်း အားလုံးသည် 'ထျန်းယွဲ့' ဂိုဏ်း၏ လက်အောက်ခံများ၊ လက်သည်းများနှင့် အစွယ်များ ဖြစ်ကြသည်။

ထို့ကြောင့်ပင် 'ထျန်းယွဲ့' ဂိုဏ်းသည် ဤမျှ အစွမ်းထက်သော အင်အားကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ အရှေ့ဘက်သို့ သွားရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။

လျိုချင်းယန်အတွက် လက်စားချေရန်ပင်။

ဒါပေမဲ့ ဖုန်းဝူချန်က အချိန် မတန်သေးဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ 'ထျန်းယွဲ့' ဂိုဏ်းက ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်တယ်လေ... အဲ့ဒီကို သွားတာက သေလမ်းရှာတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

ဖုန်းဝူချန်သည် 'ထျန်းယွဲ့' ဂိုဏ်းသို့ သွားရန် အစီအစဉ် မရှိသည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အမှန်တကယ်ပင် မိမိကိုယ်ကို သတ်သေခြင်း ဖြစ်ပေလိမ့်မည်။

လျိုချင်းယန် အသတ်ခံလိုက်ရလေပြီ...။ ဖုန်းဝူချန် အနေဖြင့် လက်ပိုက်ကြည့်နေ၍ မဖြစ်နိုင်ပေ။ အနည်းဆုံးတော့ သူသည် 'ထျန်းယွဲ့' ဂိုဏ်းကို လက်တုံ့ပြန်ရမည် မဟုတ်ပါလော။ သူ၏ ရင်ထဲမှ ဒေါသများကို ထွက်ပေါက်ပေးရမည် မဟုတ်ပါလော။

အရှေ့ပိုင်း ဒေသသို့ ဝင်ရောက်လာပြီးနောက်၊ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် 'တိမ်တိုက် လနန်းတော်' သို့ ရောက်ရှိလာကြသည်။

'တိမ်တိုက် လနန်းတော်' သည်လည်း အရှေ့ပိုင်းတွင် အင်အားကြီး အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး၊ ကြောက်မက်ဖွယ် အင်အားကို ပိုင်ဆိုင်ထားသည်။

“'ထျန်းယွဲ့' ဂိုဏ်းမှာ လက်ပါးစေတွေ အများကြီး ရှိတယ်... 'တိမ်တိုက် လနန်းတော်' က အဲ့ဒီထဲက တစ်ခုပဲ... ဆေးဧကရာဇ်က သူတို့ အကုန်လုံးကို ရှင်းလင်းပစ်ဖို့ စီစဉ်ထားတာလားဗျ..”

'ပေတိုယန်' က မေးလိုက်သည်။ ခရီးစဉ် တစ်လျှောက်တွင် အရှေ့ပိုင်း၏ အင်အား ခွဲဝေမှု အကြောင်းကို သူ လေ့လာခဲ့ပြီး ဖြစ်၏။

“တစ်ယောက်တည်း အရှင်ထားခဲ့... ကျန်တဲ့သူတွေ အကုန်သတ်... 'ထျန်းယွဲ့' ဂိုဏ်းဆီ ပြန်သွားပြီး သတင်းပို့မယ့်သူ တစ်ယောက်တော့ ရှိရမယ်လေ... ဒါကို လုပ်တာ ငါ ဖုန်းဝူချန် ပါလို့ သူတို့ကို သိစေရမယ်...”ဟု ဖုန်းဝူချန်က အေးစက်သော လေသံဖြင့် ပြောလိုက်တော့သည်။

All Chapters