← Chapters

အခန်း (၄၃၄)

Vol. 33 Ch. 434

အခန်း (၄၃၄)

Vol. 33 Ch. 434

ချန်ကျဲ့သည် စူးယွင်ကျင်းကို ကြည့်နေခဲ့သည်။ စူးယွင်ကျင်းမှ ပြုံးလျက် ပြောသည်။

“ရှင် ဘာလို့ ကျွန်မကို အဲဒီလိုမျိုး ကြည့်နေရတာလဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကိုယ်တို့ အရင်က တစ်ခါမှ ဒီလိုမျိုး နှစ်ယောက်ကြားမှာ အကာအဆီးခြားပြီး စကားမပြောခဲ့ဖူးဘူးလားလို့။ ဒါပေမဲ့ ဒီနေ့တော့ မင်း ကိုယ့်ကို အမှန်အတိုင်း မပြောချင်ဘူးပဲ”

“ယောက်ျား ရှင်ဘာတွေပြောနေတာလဲ။ ရှင်သာ ကြားချင်တယ်ဆိုရင် ယွင်ကျင်းရဲ့ နှုတ်ထွက်စကားတိုင်းက အမှန်တွေပါပဲ”

“ဒါဆို ကိုယ့်ကိုပြောပြ။ ဟွမ်ဝမ်အာက မင်းကို ‌‌အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောခဲ့သေးလား”

စူးယွင်ကျင်း ခေါင်းခါသည်။

“ဟင့်အင်း အစ်မဟွမ်က ကျွန်မကို ဘာမှမပြောခဲ့ပါဘူး။ ကျွန်မတို့ရဲ့ အတိတ်အကြောင်းတွေကိုပဲ ပြောခဲ့ကြတာပါ။ ဒီတိုင်း အချင်းချင်းအကြောင်း ပိုသိလာရုံလောက်ပါပဲ”

ထိုအခါ ချန်ကျဲ့သည် စူးယွင်ကျင်းကို သေချာကြည့်လျက် ပြောသည်။

“တကယ်လား”

“တကယ်ပါ။ ကျွန်မ ရှင့်ကို ဘယ်တော့မှ မလိမ်ပါဘူး”

“ဒါဆို မင်း ကိုယ့်ကို သူ့ကိုကူညီပေးဖို့ ပြောခဲ့တာကရော?”

စူးယွင်ကျင်းသည် ချန်ကျဲ့ကို လေးနက်စွာကြည့်လျက် ပြန်ပြောသည်။

“အစ်မဟွမ်က ပြောတယ်။ နန်ပါးထျန်းက သူ့အပေါ် မကောင်းဘူးတဲ့။ ပြီးတော့ ယောက်ျား၊ ကျွန်မအထင်တော့ ရှင်နဲ့ နန်ပါးထျန်းက အနှေးနဲ့အမြန် တိုက်ခိုက်ကြရမှာပဲ။ အဲဒီတော့ ဘာလို့များ အစ်မဟွမ်ကို ဒုက္ခတွေကနေ လွတ်မြောက်အောင် ကူညီမပေးရမှာလဲ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အဲဒါအကုန်ပဲလား”

“အဲဒါအကုန်ပဲ”

“ကဲ ယောက်ျား၊ ရှင့်ရဲ့ သံသယနဲ့ ခန့်မှန်းနေတာတွေကို ရပ်လိုက်တော့။ အခု ရှင် ကျွန်မကို အဖော်ပြုပေးဖို့ မလိုသေးဘူး။ ရှင် တခြားကိစ္စတွေကိုသာ မြန်မြန်သွားလုပ်လိုက်ပါ”

စူးယွင်ကျင်းသည် ချန်ကျဲ့ကို ထွက်သွားစေရန် တိုက်တွန်းသည်။

ထိုအခါ ချန်ကျဲ့သည် သူ၏ဇနီးငယ်လေးကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီး ဆက်လက် ကပ်တွယ်မနေတော့ဘဲ ထွက်လာခဲ့တော့သည်။ ချန်ကျဲ့ ထွက်ခွာသွားသည်နှင့် စူးယွင်ကျင်း၏ အကြည့်များသည် ရေကန်၏ တောက်ပနေသည့် မျက်နှာပြင်သို့ ကျရောက်သွားခဲ့သည်။

ဟွမ်ဝမ်အာသည် သူမကို အမှန်တကယ်ပင် ဘာမှမပြောခဲ့ပါချေ။

သို့သော် သူမသည် တချို့အကြောင်းအရာများကို တွေးတောမိပြီး ဖြစ်သည်။

အကြောင်းမှာ ချန််ကျဲ့ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်မှ ပြန်လာသည့်နေ့က ချန်ကျဲ့၏ကိုယ်မှ ဟွမ်ဝမ်အာထံမှ ရနံ့ကဲ့သို့ ရနံ့တစ်မျိုး စွဲထင်လာခဲ့သောကြောင့် ဖြစ်သည်။

အမျိုးသမီးတစ်ဦး၏ အလိုလိုသိစိတ်သည် သူတို့နှစ်ဦးကြား တစ်ခုခုရှိနေသည်ဟု ပြောနေသည်။ သို့သော် စူးယွင်ကျင်းသည် ထိုအကြောင်းအရာကို နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားရှာဖွေလိုခြင်း မရှိပါချေ။

သူမ၏ခင်ပွန်းသည် ရွေးချယ်သည့်လမ်းသည် ဆူးညှောင့်ခလုတ်များ အခက်အခဲများဖြင့် ပြည့်နှက်နေသည့်လမ်း ဖြစ်သည်။ သို့တိုင် ထိုဆူးညှောင့်ခလုတ်များကြား၌ပင် ထည်ဝါစွာ ယှဉ်ပြိုင်နေသည့် ပန်းများလည်း သေချာပေါက် တည်ရှိလိမ့်မည်ပင်။ ခင်ပွန်းသည်ဖြစ်သူမှ ထိုပန်းပွင့်များကို ကြိုက်နှစ်သက်လျှင် သူမ မဟန့်တားလိုပေ။ သို့သော် ထိုပန်းများသည် အဆိပ်မရှိကြောင်းကိုတော့ သူမ သေချာစစ်ဆေးရပေမည်။

စူးယွင်ကျင်းသည် ချန်ကျဲ့၏အာရုံစိုက်မှုကို ရယူရန် ပြိုင်ဆိုင်နေသူများကို ဟန့်တားလိမ့်မည် မဟုတ်ပါ။ သို့သော် ထိုသူများသည် ချန်ကျဲ့၏လုံခြုံရေးကို ထိခိုက်လာပါကမူ သူမအနေဖြင့် ရွေးချယ်စရာမရှိဘဲ ထိပ်တိုက်ရင်ဆိုင်ရလိိမ့်မည်။

ဟွမ်ဝမ်အာတွင် တစ်ပါးသူအား အန္တရာယ်ပြုလိုသည့်စိတ်မရှိကြောင်း စူးယွင်ကျင်း ခံစားသိနိုင်သည်။

သူမ၏ အလိုလိုသိစိတ်မှ ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ထိခိုက်စေလိမ့်မည်မဟုတ်ကြောင်း ပြောပြနေခဲ့သည်။ ထို့ကြောင့် စူးယွင်ကျင်းသည် ဒီနေ့ ဟွမ်ဝမ်အာနှင့် တွေ့ဆုံခဲ့ပြီး ထိုရင်းနှီးနေသည့် ရနံ့ကို ရရှိလိုက်ချိန်တွင် ဟွမ်ဝမ်အာအား သူမနှင့် အတူတူ အချိန်ဖြုန်းပါရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

…

“မင်း ငါ့ဇနီးနဲ့ မတွေ့ဘူးလို့ ကတိပေးခဲ့တယ် မဟုတ်ဘူးလား”

ဟွမ်ဝမ်အာ၏ အခန်းထဲ၌ ဖြစ်သည်။ ချန်ကျဲ့သည် လျှို့ဝှက်လမ်းကြောင်းမှ ဟွမ်ဝမ်အာ၏အခန်းထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် ပထမဆုံးပြောသည့်စကားမှာ ထိုကတိစကားအကြောင်း ဖြစ်သည်။

ထိုအခါ ဟွမ်ဝမ်အာမှ တည်ငြိမ်အေးဆေးစွာ ပြန်တုံ့ပြန်သည်။

“ကျွန်မ သူ့ကို တွေ့ချင်လို့ မဟုတ်ခဲ့ဘူး။ သူက ကျွန်မကို လာတွေ့ခဲ့တာ…”

ထိုအခါ ချန်ကျဲ့မှ ထိုင်လိုက်ပြီး မေးသည်။

“အဲဒီတော့ မင်းပြောတာက ငါ့ဇနီးက မင်းကို အရင်ဖိတ်ခေါ်ခဲ့တာပေါ့ ဟုတ်လား”

“ဟုတ်တယ်”

ချန်ကျဲ့ ဟွမ်ဝမ်အာကို ကြည့်လျက် မေးသည်။

“ဒါဆို မင်း သူ့ကို စည်းဘောင်ကျော်တဲ့စကားတွေ တစ်ခွန်းမှ မပြောခဲ့ဘူးမလား”

“မပြောခဲ့ဘူး။ ကျွန်မ သူနဲ့ ဗုဒ္ဓကျမ်းစာအကြောင်းပဲ ဆွေးနွေးခဲ့တာ။ ရှင့်ရဲ့ဇနီးက အတော်လေး ဗဟုသုတကြွယ်ဝတယ်လို့ ပြောရမှာပဲ။ သူက ကျွန်မထက်တောင်မှ ကျမ်းစာကို ပိုကောင်းကောင်း နားလည်နေတယ်လေ။ ပြီးတော့ ရှင်က တကယ် မကောင်းတဲ့ကောင်ပဲ!”

“ဟမ်?”

ချန်ကျဲ့ တွေဝေသွားလျက် မေးလိုက်သည်။

“မင်းဘာကိုဆိုလိုတာလဲ”

ဟွမ်ဝမ်အာမှ ချန်ကျဲ့ကို ကြည့်လျက် ပြောသည်။

“ဒီလောက်ကောင်းတဲ့ဇနီးကို ရှင် အရင်က သူ့ကို ကိုယ့်ကိုယ်ကိုယ် သတ်သေရလုနီးပါးဖြစ်အောင် လုပ်ခဲ့ရတယ်လို့။ ရှင်က တကယ် တိရစ္ဆာန်ကောင်ပဲ!”

ချန်ကျဲ့ အံ့ဩသွားပြီး မေးလိုက်သည်။

“ယွင်ကျင်းက မင်းကို ပြောပြခဲ့တာလား”

“သူထုတ်ပြောလာအောင် ကျွန်မ ဖိအားပေးလိုက်တာ။ ကျွန်မ ဒီကိုမလာခင်က ရှင်နဲ့ စူးယွင်ကျင်းရဲ့ အတိတ်အကြောင်းကို ရှာဖွေကြည့်ခဲ့သေးတယ်။ ရှင်က တစ်ချိန်က အကြမ်းဖက်တတ််တဲ့ ယောကျ်ားတစ်ယောက်ဖြစ်ခဲ့ဖူးတာကို သိလိုက်ရတော့ ကျွန်မ အံ့ဩသွားခဲ့သေးတာ။ ကျွန်မ အဲဒီအကြောင်းကိုသာ သိထားခဲ့ရင် ကျွန်မ ရှင့်ကို ကိုက်ဖြတ်ပစ်ခဲ့လောက်မှာ!”

ဟွမ်ဝမ်အာသည် သူမ၏ ချစ်စဖွယ်ကောင်းသည့် သွားလေးများကို ဖြဲခြောက်ပြလာသည်။ ချန်ကျဲ့၏ တူရိယာကို ကိုက်ဖြတ်သည့်ဟန် လုပ်ပြ၏။

“ဟူး… အဲဒါတောင်မှ ရှင့်ရဲ့သနားဖို့ကောင်းတဲ့ဇနီးလေးက ရှင့်ကို အကောင်းပြောပြီး ရှင့်ဘက်ကနေ ကာကွယ်ပြောပေးနေတုန်းပဲရယ်။ နောက်ဆုံးတော့ ကျွန်မမှာ ရွေးချယ်စရာမရှိဘဲ သူနဲ့ လျှို့ဝှက်ချက်တွေ ဖလှယ်ခဲ့ရတယ်။ အဲဒီတော့မှ သူက ရှင်နဲ့အတူတူ သတ်သေလုနီးဖြစ်ခဲ့တဲ့အကြောင်းကို ထုတ်ပြောလာခဲ့တာလေ”

…

ချန်ကျဲ့မှ ဆက်လက်မေးမြန်းသည်။

“မင်းက ယွင်ကျင််းနဲ့ လျှို့ဝှက်ချက်တွေ ဖလှယ်ခဲ့တယ်ပေါ့လေ။ မင်း ယွင်ကျင်းကို ဘာတွေပြောခဲ့လဲ”

ဟွမ်ဝမ်အာမှ ပြန်ပြောသည်။

“မစိုးရိမ်ပါနဲ့။ ကျွန်မ သူ့ကို ကျွန်မတို့နှစ်ယောက်အကြောင်း ပြောမပြခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မနဲ့ နန်ပါးထျန်းအကြောင်းကိုတော့ ပြောပြခဲ့တယ်”

“မင်းက မင်းတို့နှစ်ယောက်ရဲ့ဒဏ်ရာတွေကို ထုတ်ဖော်ခဲ့တာပဲ”

ချန်ကျဲ့မှ မှတ်ချက်ပြုသည်။

ဟွမ်ဝမ်အာမှ ပြောသည်။

“အဲဒါက ဒီတိုင်း ဝမ်းနည်းဖို့ကောင်းတဲ့အခြေအနေမှာ အကောင်းဆုံးကြိုးစားခဲ့ရုံပါပဲ။ ဒါပေမဲ့ ခန်းမအရှင်သခင်ချန် ကျွန်မ ရှင့်ကို ဒီတစ်ခုတော့ ပြောချင်တယ်။ ကျွန်မတို့နှစ်ယောက်ကိစ္စကို ဆက်ပြီး ဖုံးကွယ်မရနိုင်တော့ဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ ဆဌမအာရုံက အရမ်းအားကောင်းတယ်။ ရှင့်ရဲ့ဇနီးက ကျွန်မတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ခန့်မှန်းမိနေပြီဆိုတာကို ကျွန်မ ခံစားမိတယ်”

ချန်ကျဲ့မှ မေးသည််။

“ပြီးတော့ရော?”

“အဲဒီတော့ ကျွန်မရဲ့အမြင်ကတော့ ရှင် သူ့ကို တမင်သက်သက်ကြီး ဖုံးကွယ်မထားသင့်တော့ဘူး။ သူက ကျွန်မတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဂရုမစိုက်ကောင်း မစိုက်နိုင်ပေမဲ့ ရှင် သူ့အပေါ် လိမ်ညာတာကိုတော့ သူ သေချာပေါက် ဂရုစိုက်လိမ့်မယ်”

ချန်ကျဲ့ တိတ်ဆိတ်သွားခဲ့သည်။

ဟွမ်ဝမ်အာသည် ဘာမှဆက်မပြောတော့ပေ။ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ချန်ကျဲ့မှ ပြောသည်။

“စလိုက်ကြတာပေါ့”

“စလိုက်ကြတာပေါ့ဆိုတာ ဘာအဓိပ္ပာယ်လဲ”

ထိုစဉ် ချန်ကျဲ့သည် အဝတ်အစားများ ချွတ်နေရင်း ပြောသည်။

“မင်းက ဘာကိုပြောတယ်ထင်လို့လဲ”

ထိုအခါ ဟွမ်ဝမ်အာသည် ချန်ကျဲ့၏လုပ်ရပ်များကို ဟန့်တား၏။

“ဟင့်အင်း”

“ဘာလဲ?”

“ဒီနေ့ မလုပ်နဲ့တော့”

“မင်း တကယ်ကြီး မလုပ်ဖို့ပြောတယ်ပေါ့လေ?”

ချန်ကျဲ့ အံ့ဩသွားခဲ့သည်။ ဤသည်မှာ ဟွမ်ဝမ်အာမှ ပထမဆုံးအကြိမ်အဖြစ် ငြင်းဆန်ခြင်းဖြစ်သည်။

ထိုအချိန်၌ ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို သေချာကြည့်လိုက်ပြီး ပြောသည်။

“အခုကစပြီးတော့ ကျွန်မတို့ ရှင့်ရဲ့အိမ်တော်မှာတော့ မလုပ်ရအောင်။ ရှင််ဆန္ဒရှိရင် ကျွန်မကို ကျီးရှန်းဘုရားကျောင်းမှာ လာရှာလှည့်ပါ”

“ဘာလို့လဲ”

ချန်ကျဲ့သည် ဟွမ်ဝမ်အာ၏ပြောင်းလဲမှုကြောင့် အံ့ဩနေခဲ့သည်။

ဟွမ်ဝမ်အာမှ သက်ပြင်းချလျက် ပြောသည်။

“အဲဒီမိန်းကလေးလေ အဆုံးကျတော့ ကျွန်မ သူ့ကို နာကျင်အောင် မလုပ်ရက်နေဘူး”

“ငါ့ဇနီးကိုလား?”

ချန်ကျဲ့ မေးလိုက်သည်။

ဟွမ်ဝမ်အာမှ ပြောသည်။

“သူလည်း ကျွန်မလိုပဲ ခါးသီးတဲ့ကံကြမ္မာနဲ့ အမျိုးသမီးတစ်ယောက်လေ။ ဘာလို့များ ကံဆိုးမတစ်ယောက်က နောက်ကံဆိုးမတစ်ယောက်ကို ထိခိုက်နာကျင်အောင် လုပ်နေတော့မလဲ”

…

အခြေအနေများသည် ချန်ကျဲ့ မျှော်လင့်ထားသကဲ့သို့ ကြမ်းတမ်းသည့် စစ်မြေပြင်ဖြစ်မနေခဲ့ပါချေ။ ချန်ကျဲ့ အရှေ့ဘက်ခြံဝင်းရှိ စားသောက်ပွဲသို့ ပြန်လာခဲ့သည်။ အံ့အားသင့်ဖွယ်ကောင်းလှစွာပင် ချန်ကျဲ့သည် ပွဲတော်အတွင်းမှ အချိန်အကြာကြီး ပျောက်သွားခဲ့သည့်တိုင် မည်သူမျှ ချန်ကျဲ့ ဘယ်ရောက်သွားသနည်းဟု မေးမြန်းခဲ့ခြင်း မရှိကြပေ။

ချန်ကျဲ့သည် သက်သောင့်သက်သာရှိသည့် သိုင်းသမားဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး ဧည့်သည်အားလုံးနှင့် သေရည်အတူသောက်သည်။

စားသောက်ပွဲတော်သည် လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့သည်။

All Chapters