← Chapters

အခန်း (၄၃၅)

Vol. 33 Ch. 435

အခန်း (၄၃၅)

Vol. 33 Ch. 435

စားသောက်ပွဲပြီးဆုံးသည်နှင့် ချန်ကျဲ့သည် ကျားဖြူခန်းမ၏ ခန်းမအရှင်သခင် တရားဝင်ဖြစ််သွားပြီဖြစ်ပြီး မျန့်ရွှေစီရင်စု၏ အထင််ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ယခုအချိန်မှ စတင်၍ မျန့်ရွှေစီရင်စုသည် ချန်ကျဲ့အတွက် နေရာတစ်နေရာကို အသိအမှတ်ပြုခဲ့လေပြီ။

…

သို့ဖြင့် နှစ်ဝက်အချိန် ကုန်လွန်သွားခဲ့သည်။

ဤ၆လအချိန်အတွင်း၌ မျန့်ရွှေသည် တည်ငြိမ်အေးချမ်းနေခဲ့သည်။ သို့သော် အဖြစ်အပျက်ကြီးသုံးခုတော့ ဖြစ်ပျက်သွားခဲ့သည်။

ပထမတစ်ခုမှာ ဝူဟုန်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး မျန့်ရွှေစီရင်စု၏ ရာဇဝတ်သားဖမ်းဆီးရေးအရာရှိအသစ် ဖြစ်လာခဲ့သည်။ ယခင်ရာဇဝတ်သားဖမ်းဆီးရေးအရာရှိဟောင်း ကျန်းလီယဲ့သည် ဟွမ်ကျိုးပြည်နယ်သို့ လက်ထောက်ရဲမက်ချုပ်အဖြစ် ပြောင်းရွှေ့ခန့်အပ်ခံလိုက်ရသည်။

ဝူဟုန်ကျင့်ကြံဆင့်တက်လှမ်းပြီး မကြာမီတွင် ဝူဟုန်သည် သူ၏အကောင်းဆုံးမိတ်ဆွေဖြစ်သည့် ချန်ကျိုစစ်နှင့် သဘောထားကွဲလွဲမှုဖြစ်ခဲ့ပြီး နှစ်ဦးသည် သေရည်နတ်ဘုရားမျှော်စင်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီးနောက် မသင့်မြတ်နိုင်ဘဲ လမ်းခွဲခဲ့ကြသည်။ ထိုနောက်ပိုင်းမှ စတင်၍ သူတို့နှစ်ဦးသည် အဆက်အသွယ်ပြတ်တောက်သွားကြသည်။ ထို့ပြင် ဝူဟုန်သည် ကျားဖြူခန်းမအဖွဲ့သား ဒါဇင်ခန့်ကို ဖမ်းဆီးခဲ့ပြီး ၎င်းမှာ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟု ပြောဆိုခဲ့သည်။ ထိုအခါ ချန်ကျိုစစ်သည် သူ၏အဆက်အသွယ်များထံမှ ဩဇာအရှိန်အဝါကို အသုံးပြု၍ ရာဇဝတ်တရားသူကြီးထန်ဝမ်နျန်အား ကျန်းလီယဲ့၏ခေတ်က ရာဇဝတ်သားဖမ်းဆီးရေးအရာရှိဟောင်း သုံးဦးကို အလုပ်ဖြုတ်စေခြင်းဖြင့် သူ၏အာဏာကို တည်ဆောက်ခဲ့သည်။

သိုင်းလောကတစ်ခွင်တွင်တော့ သူတို့နှစ်ဦး လမ်းခွဲသွားရခြင်းအကြောင်းမှာ စံနှုန်းမတူညီခြင်းကြောင့်ဟု ကောလာဟလများ ပျံ့နှံ့နေပေသည်။

စိတ်မကောင်းစရာပါပဲလား!

ဒုတိယတစ်ခုမှာ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သည် ယခင်က ဖမ်းဆီးထားခဲ့သည့် သူဖုန်းစားများကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုလွှတ်ပေးခံရသည့် သူဖုန်းစားများထဲမှ ကျိုးဖန်းဟု အမည်ရသည့် သူဖုန်းစားသည်လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့သည်။ သူဖုန်းစားကျိုးဖန်းသည် တောင်ပိုင်းလမ်းရှိ လမ်းနှစ်လမ်းကို ရရှိခဲ့ပြီး သံမဏိသူဖုန်းစားကျိုးဖန်းဟု အမည်တွင်ခဲ့သည်။

ထိုသို့ပြောင်းလဲပေါ်ထွက်လာမှုများဖြင့် မျန့်ရွှေစီရင်စု၏ အစောင့်အရှောက်ကြီး၁၃ဦးသည် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးခဲ့သည်။

လက်ရှိ အစောင့်အရှောက်ကြီး၁၃ဦး၌ နန်ပါးထျန်း၊ လျိုလောင်ကွေ့တို့သည် အဆင့်အတန််းအမြင့်မားဆုံးဖြစ်ပြီး သမားတော်၊ ရဲမက်၊ ဆီကုန်သည်၊ တစ္ဆေလက်၊ စာပေပညာရှင်၊ မျက်နှာနီ၊ ပန်းပဲပညာရှင်၊ သံမဏိသူဖုန်းစား၊ မျက်မမြင်ကံကြမ္မာဟောပြောသူ၊ လင်းယုန််၊ ကျားနှင့် ကျားသစ်တို့ ပါဝင်ကြသည်။

အစောင့်အရှောက်ကြီး၁၃ဦးတွင် နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် သူတို့၏နေရာတွင် တည်ငြိမ်နေကြဆဲဖြစ်သည်။ သို့သော် တတိယနေရာတွင် ပြောင်းလဲသွားသည့် သမားတော်ဟူသည် မည်သူဖြစ်လိမ့်မည်နည်း။

သေချာပေါက်ပင် ချန်ကျိုစစ်ဖြစ်ပါ၏။ သမားတော်ပိုင်၏ တပည့်ဖြစ်သော ချန်ကျဲ့၏သရုပ်ကို လူအများသိခဲ့ကြပြီး မျန့်ရွှေအစောင့်အရှောက်ကြီး၁၃ဦးမှ တတိယနေရာအား ဆက်ခံသူသည် သမားတော်ဖြစ်လာခဲ့သည်။

ဖန်းရှစ်ကျုံးလည်း ထို့နည်းတူပင် ဖြစ်ခဲ့သည်။ ဖန်ရှစ်ကျုံး အောင်မြင်ကျော်ကြားလာသည်တွင် တံငါသည်တစ်ယောက်ဖြစ်ခဲ့သည့် သူ၏အတိတ်ကို လူအများသိသွားကြပြီး အစောင့်အရှောက်ကြီး၁၃ဦးတွင် တံငါသည်အဖြစ် အမည်သတ်မှတ်ခဲ့ရသည်။

နောက်ဆုံးအဖြစ်အပျက်မှာ ကျားဖြူခန်းမအရှင်သခင်အသစ် ချန်ကျိုစစ်သည် ကျားဖြူခန်းမအတွင်း ပြုပြင်ဖွဲ့စည်းမှုများကို အပြင်းအထန် အကောင်အထည်ဖော်ခဲ့ပြီး မျန့်ရွှေစီရင်စုတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။ ကျားဖြူခန်းမ၏ လုပ်ငန်းများသည် ဖန်းရှစ်ကျုံးလက်ထက်က ထက်ပင် ပို၍ အရှိန်အဟုန်မြင့် တိုးတက်ခဲ့သည်။

ချန်ကျဲ့၏ ပြုပြင်ဖွဲ့စည်းမှုများတွင် အပိုင်းသုံးပိုင်း ပါဝင်သည်။

ပထမပိုင်းသည် ကျားဖြူခန်းမ၏ အစောင့်များဖြင့် ဖွဲ့စည်းထားသည့် တပ်ဖွဲ့ပိုင်းဆိုင်ရာ ပြုပြင်ဖွဲ့စည်းမှုဖြစ်သည်။ ကျားဖြူခန်းမ အစောင့်များ၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် သိသိသာသာတိုးတက်လာခဲ့သည်။ ချန်ကျဲ့သည် တပ်ဖွဲ့အတွက် အသုံးစရိတ်ကို ချွေတာသုံးစွဲခြင်းမရှိခဲ့ရာ အစောင့်များ၏အင်အားသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

တပ်ဖွဲ့ခေါင်းဆောင်၁၃ဦးစလုံးသည် အမှောင်စွမ်းအင်အဆင့်များဖြစ်ကြပြီး သူတို့၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်မှ နန်ပါးထျန်း၏ အဓိကအဖွဲ့သားများနှင့် တန်းတူဖြစ်သည်။

နန်ပါးထျန်းသည် ကျားဖြူခန်းမ၏ ထိုသို့တိုးတက်မှုကြောင့် အမျက်ထွက်နေခဲ့သော်ငြား ဘာမျှမတတ်နိုင်ပေ။ နန်ပါးထျန်းသည် ကျားတစ်ကောင်အား ပျိုးထောင်ခွင့်ပေး၍ ကိုယ့်ဒုက္ခကိုယ် ဖိတ်ခေါ်ခဲ့မိခြင်းအတွက် တစ်ယောက်တည်း တစ်ကြိမ်ထက်မက ဝမ်းနည်းပူဆွေးခဲ့ဖူးပါ၏။

ထို့ပြင် ကျားဖြူခန်းမသည် စဉ်ဆက်မပြတ် တိုးတက်ချဲ့ထွင်နေခဲ့သည်။ ဤနှစ်ဝက်အချိန်အတွင်း၌ အဖွဲ့သားအသစ်နှစ်ရာကျော် ခေါ်ယူခန့်အပ်ခဲ့ပြီး စုစုပေါင်း အဖွဲ့သားအရေအတွက်သည် ရှစ်ရာနီးပါးခန့် ရှိလာခဲ့သည်။

ဒုတိယပိုင်းသည် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြုပြင်ဖွဲ့စည်းမှုဖြစ်သည်။

ကျားဖြူခန်းမ၏ အုပ်ချုပ်မှုအောက်ရှိ လမ်းအားလုံးကို အခွန်အခ သုံးဆယ်ရာခိုင်နှုန်းလျှော့ချကာ ပို၍ အရည်အသွေးမြင့်မားသည့် ကုန်သည်များကို ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်သည်။ လမ်းမလေးခုတွင် ဆိုင်များဖွင့်စေပြီး စီးပွားရေးလုပ်ငန်းများကို သိသိသာသာ တိုးတက်စေသည်။ ကျားဖြူခန်းမ၏ ဆိုင်များကို တိုက်ရိုက်စီမံခန့်ခွဲခြင်းဖြင့် အကျိုးအမြတ် အများအပြားရရှိစေသည်။

အခွန်အခလျှော့ချပေးခြင်းကြောင့် ချန်ကျဲ့သည် စေတနာထက်သန်ကာ အကျိုးပြုစိတ်ရှိသူအဖြစ် ကုန်သည်များ၏ သတ်မှတ်ခြင်းခံရသည်။ သို့ဖြင့် သူ၏ ပြည်သူလူထုအကြား ဂုဏ်သတင်းသည်လည်း တိုးတက်ကောင်းမွန်လာခဲ့သည်။

တတိယပိုင်းမှာ သူ၏အမိန့်အောက်၌ စီးပွားရေးလုပ်ငန်းစီမံရေးအဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်သည်။ စာလုံး၁၆လုံးညွှန်ကြားချက်ကို အဆိုပြုခဲ့သည်။

သတ္တုတွင်းများကို ကာကွယ်ရန်အတွက် ထုတ်လုပ်နှုန်းကို လျှော့ချခြင်း၊ ကုန်သည်များကို ဆွဲဆောင်ရန်အတွက် အခွန်အခများ လျှော့ချခြင်း၊ ချဲ့ထွင်ဖန်တီးတီထွင်ခြင်းနှင့် ပြင်းထန်ကြမ်းတမ်းသည့် အလေ့အကျင့်များကို ဖျောက်ဖျက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

သတ္တုတွင်းများကို ကာကွယ်ရန်အတွက် ထုတ်လုပ်နှုန်းလျှော့ချခြင်းဟူသည်မှာ ချန်ကျဲ့သည် သံသတ္တုတွင်းများ၏ ထုတ်လုပ်မှုပမာဏကို လျှော့ချခဲ့ခြင်းဖြစ်သည်။ ယခင်က ကျားဖြူခန်းမသည် သံသတ္တုများကို ပြင်ပသို့ ရောင်းချခဲ့သည်။ သို့သော် ယခုတွင်မူ သံသတ္တုတွင်း တူးဖော်မှုကို လျှော့ချလိုက်ပြီး ကျားဖြူခန်းမအတွင်း သုံးစွဲမှု လုံလောက်ရန်အတွက်သာလျှင် ထုတ်လုပ်တော့သည်။ အခြားလမ်းကြောင်းများအားလုံးကို ပိတ်ဆို့လိုက်ပြီး ပမာဏကြီးမားသည့် ကုန်သွယ်ရောင်းချမှုများကို ရပ်တန့်လိုက်သည်။

ချန်ကျဲ့သည် ကုန်သည်အဖွဲ့အတွင်း အင်အားအာဏာ စတင်စုဆောင်းခါစ လူသစ်တစ်ယောက်ဖြစ်ရာ စီရင်စုအုပ်ချုပ်ရေးမှူးအနေဖြင့် ချန်ကျဲ့အပေါ် မယုံသင်္ကာဖြစ်ခြင်းငှာ သဘာဝကျပါ၏။ ချန်ကျဲ့သည် သူနှင့် မဟာမိတ်ဖွဲ့ထားပြီးဖြစ်သည့်တိုင် စီရင်စုအုပ်ချုပ်ရေးမှူးသည် သူ့အပေါ် သတိထားမြဲပင်။

ထို့ကြောင့် ချန်ကျဲ့သည် ယုံကြည်မှုရရှိရန်အတွက် ဥပမာဆိုရသော် သံသတ္တုတွင်းအား သတ္တုတူးဖော်ခြင်းကဲ့သို့ အချို့လုပ်ပိုင်ခွင့်များကို မိမိဘာသာ လက်လျှော့ခဲ့သည်။

ဤခေတ်ကာလ၌ သံဟူသည် အဘယ်ကို ကိုယ်စားပြုပါသနည်း။ လက်နက်ကို ကိုယ်စားပြုသည်။ လက်နက်ဟူသည် အဘယ်ကို ကိုယ်စားပြုသနည်း။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခြင်းနှင့် ပုန်ကန်ခြင်းတို့ကို ကိုယ်စားပြုလိမ့်မည်။ စီရင်စုအုပ်ချုပ်ရေးမှူး ယုံကြည်စိတ်ချစေရန်အတွက် ချန်ကျဲ့သည်် အပြင်းထန်ဆုံးသော လုပ်ငန်းကို ရပ်တန့်ပစ်ခဲ့ပြီး ကျားဖြူခန်းမအတွင်း သုံးစွဲမှုအတွက် လုံလောက်ရုံသာ တူးဖော်သည်။

ပြင်ပသို့ သံသတ္တုကုန်သွယ်မှုကိုလည်း ရပ်တန့်ပစ်လိုက်သည်။

သံသတ္တုစျေးကွက်အား နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့နှစ်ဦးကိုသာ ဆက်လုပ်စေခဲ့သည်။ ဤလုပ်ဆောင်ချက်သည် မိမိကိုယ်ကိုယ် အားနည်းသည်ဟု ထုတ်ဖော်ပြသဟန်ရသော်ငြား တကယ်တမ်းတွင်မူ မိမိကိုယ်ကိုယ်ကာကွယ်မှုတစ်မျိုးသာ ဖြစ်ပါ၏။ နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော််၏ ချန်ကျဲ့အပေါ် ထောက်ခံအားပေးမှုသည် ပိုမိုတိုးမြှင့်လာခဲ့သည်။ လိုက်လျောမှုအချို့ကိုပင် လက်ခံရရှိလိုက်သေးသည်။ ချဲ့ထွင်ဖန်တီးတီထွင်ခြင်းသည် ဤအချက်ကို အခြေခံ၍ ဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်သည်။

ချဲ့ထွင်ဖန်တီးတီထွင်ခြင်းဟူသည် အဘယ်နည်း။ အဖြေမှာ ရိုးရှင်းပါသည်။ နန််ရေကန််ဆားနယ်မြေဖြစ်သည်။

သံသတ္တုတွင်းတူးဖော်မှုကို ရပ်တန့်လိုက်ခြင်းသည် ချန်ကျဲ့အပေါ် စီရင်စုအုပ်ချုပ်ရေးမှူး၏ ယုံကြည်မှုကို တိုးပွားစေခဲ့ရုံမျှမက ဆားစျေးကွက်ကို ရှယ်ယာပိုရစေခဲ့သည်။

သို့တည်းမဟုတ် ချန်ကျဲ့သည် ရှယ်ယာပိုရရုံသာမက စျေးကွက်အသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ခြင်းဟု သတ်မှတ်နိုင်ပေသည်။ သန့်စင်မွမ်းမံထားသည့် ဆားစျေးကွက်ဖြစ်သည်။

ဤခေတ်ကာလ၌ အိမ်သုံးဆားသည် ကြမ်းတမ်းပြီး သဲရှပ်သည်။ ထို့ပြင် စျေးကွက်အတွင်း တင်သွင်းထားသည့် ဆားများတွင်လည်း အတုံးအခဲကြီးများ ပါဝင်တတ်သည်။ ထိုသို့ဆားအမျိုးအစားသည် ကြမ်းတမ်းပြီး မသန့်စင်ပေ။ စားသုံးပါက ခါးသက်သည့်အရသာကို ခံစားရနိုင်၏။

ကမ္ဘာကူးပြောင်းလာသူတစ်ယောက်ဖြစ်သည့် ချန်ကျဲ့သည် ဆားကို သန့်စင်မွမ်းမံနိုင်မည့် နည်းလမ်းကို သိထားပါ၏။

ချန်ကျဲ့သည် မသန့်စင်သည့် ရာခိုင်နှုန်းနည်းပါးပြီး အရသာမခါးသက်သည့် ဆားတစ်မျိုးကို ထုတ်လုပ်လိုက်သည်။ ချန်ကျဲ့သည် ထိုသန့်စင်မွမ်းမံထားသည့် ဆားကို စျေးကြီးကြီးသတ်မှတ်၍ ရောင်းချသည်။ ပစ်မှတ်မှာ ဆင်းရဲနွမ်းပါးသူများ မဟုတ်ဘဲ ချမ်းသာကြွယ်ဝသူများ ဖြစ်ပေသည်။

သန့်စင်မွမ်းမံထားသည့် ဆား၏စျေးနှုန်းသည် ပုံမှန် ကြမ်းတမ်းသည့်ဆားထက် သုံးဆ စျေးပိုမြင့်သည်။

ဤစျေးကွက်သည် သေးငယ်လိမ့်မည်ဟု မှန်းထားခဲ့သော်ငြား မမျှော်လင့်စွာဖြင့် ကြွယ်ဝချမ်းသာမှုများအကြား ဇိမ်ခံစားသည့် အောင်မြင်မှုတစ်မျိုး ဖြစ်လာခဲ့သည်။ သို့ဖြင့် ချန်ကျဲ့မှာ အလွန်တရာ စီးပွားဖြစ်သွားတော့သည်။ ဤအောင်မြင်မှုသည် သံသတ္တုထုတ်လုပ်မှု လျှော့ချလိုက်ခြင်းနှင့် အခွန်လျှော့ချလိုက်ခြင်းတို့ကြောင့် ဝင်ငွေလျော့နည်းမှုကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် မြောက်များစွာသော ငွေကြေးပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်ခဲ့သည်။ ကျားဖြူခန်းမ၏ ဝင်ငွေကိုလည်း သုံးဆယ်ရာခိုင်နှုန်းကျော် တိုးပွားစေခဲ့သည်။

All Chapters