အခန်း (၄၃၆)
Vol. 33 Ch. 436
ဤသည်မှာလည်း ချန်ကျဲ့သည် သန့်စင်မွမ်းမံဆားလုပ်ငန်း၏ အကျိုးအမြတ် ၆၀ရာခိုင်နှုန်းကို စီရင်စုအုပ်ချုပ်ရေးမှူးကို ပေးရသောကြောင့် ဖြစ်သည်။ သို့မဟုတ််ပါက သူရရှိသည့်အကျိုးအမြတ်သည် ပို၍များပြားပေလိမ့်မည်။
လေးခုမြောက်သည် ကြမ်းတမ်းခက်ထန်သည့် အလေ့အကျင့်များကို ဖျောက်ဖျက်ခြင်းဖြစ်သည်။
၎င်းဖိနှိပ်မှုများသည် ကဏ္ဍနှစ်ခုကို ရည်ညွှန်းသည်။ ပထမအချက် ကျားဖြူခန်းမအဖွဲ့သားများသည် ကျားဖြူခန်းမအပိုင် လမ်းများတွင် တရားမဝင် အခကြေးငွေများသတ်မှတ်၍ ကုန်သည်လေးများနှင့် ပျံကျစျေးသည်များကို ဖိနှိပ်တတ်သည်။ အစားအသောက်စားသောက်ပြီး ငွေမရှင်းခြင်းနှင့် လက်ဆောင်ပဏ္ဏာပေးအပ်ရန် တောင်းဆိုခြင်းတို့ကို လုပ်လေ့ရှိခဲ့သည်။
ချန်ကျဲ့သည် ထိုသို့အပြုအမူများကို ဘွင်းဘွင်းရှင်းရှင်း သတိပေးခဲ့ပြီး ထိုသို့အပြုအမူမျိုး ကျူးလွန်သည့် ကျားဖြူခန်းမအဖွဲ့သားများကို ချက်ချင်း အလုပ်ထုတ်ပစ်ကာ ဘယ်တော့မှ ပြန်၍အလုပ်မခန့်တော့ပေ။ ပျံကျစျေးသည်များ၏ အခြေအနေကို စစ်ဆေးရန်အတွက် လူများ ပုံမှန်စေလွှတ်လေ့ရှိပြီး တိုင်ကြားချက်တစ်ခုခုရှိခဲ့ပါက သနားညှာတာခြင်းမရှိဘဲ ပြင်းပြင်းထန််ထန် အရေးယူသည်။
ဒုတိယအချက်မှာ ကျားဖြူခန်းမ၏ မှောင်ခိုလုပ်ငန်းအချို့နှင့် ပတ်သက်နေသည်။
ဥပမာ အတိုးမြင့်ချေးငွေများဖြစ်သည်။
ကုန်သည်အဖွဲ့တစ်ခုအနေဖြင့် ကျားဖြူခန်းမသည် အတိုးမြင့်ချေးငွေများကို မကြာခဏ ဖြေရှင်းရသည်။ အတိုးမြင့်ချေးငွေများသည် ယခင်က ခန်းမ၏ အဓိကဝင်ငွေအရင်းအမြစ်များထဲမှ တစ်ခုလည်း ဖြစ်သည်။
ဤကာလတွင် ငွေချေးခြင်းသည် လူထုအတွင်း ပုံမှန်ဖြစ်လာနေသည်။ ကောက်ပဲသီးနှံများ မဖြစ်ထွန်းခြင်း၊ နာမကျန်းခြင်းကြောင့် ဆင်းရဲနွမ်းပါးခြင်း သို့မဟုတ်် လောင်းကစားရှုံးခြင်းတို့ကြောင့် အများစု ငွေချေးကြသည်။
သဘာဝကြောင့်ဖြစ်စေ၊ လူဖန်တီးသည့် ကပ်ဘေးကြောင့်ဖြစ်စေ မည်သည့်အကြောင်းပြချက်မဆို မိသားစုတစ်စုကို ပျက်စီးစေရန် လုံလောက်၏။
သို့ဖြင့် အသက်ရှင်သန်ရန်အတွက် ချမ််းသာကြွယ်ဝသူများထံမှ ငွေချေးကြရသည်။
အဲဒီတော့ ငွေကြေးကြွယ်ဝတဲ့သူတွေက ဘယ်သူတွေဖြစ်မတဲ့လဲ။ ကုန်သည်အဖွဲ့တွေပဲပေါ့။
သို့သော် ကုန်သည်အဖွဲ့များ၏ အတိုးနှုန်းသည် အလွန်အမင်း မြင့်လွန်းသည်။
ဥပမာ အများဆုံးတွေ့ရတတ်သည့် ၉ခုချေး၊ ၁၃ခုပြန်ဆပ်စနစ်နှင့် ပို၍ယုတ်မာရက်စက်သည့် မြည်းကျွန်ပြုခြင်းစနစ်တို့ ဖြစ်သည်။
၉ခုချေး၊ ၁၃ခုပြန်ဆပ်စနစ်ဟူသည် ကုန်သည်အဖွဲ့တစ်ခုထံမှ ငွေ၁၀တုံးချေးလျှင် ကုန်သည်အဖွဲ့သည် ငွေ၁၀တုံးချေးယူသည့် အကြွေးမှတ်တမ်းကို ရေးလိမ့်မည်။ သို့သော် တကယ်တမ်းပေးငွေသည် ငွေ၉တုံးသာဖြစ်ပြီး ပြန်ဆပ်ရချိန်တွင်တော့ ငွေ၁၃တုံး ပြန်ဆပ်ရမည်ဖြစ်သည်။
သို့သော် ဤစနစ်သည် သနားညှာတာမှုရှိသေးသည်ဟု ဆိုနိုင်ပါ၏။
ကုန်သည်အဖွဲ့များသည် မြည်းကျွန်ပြုခြင်းစနစ်ကို ပို၍ အသုံးများကြသည်။ ဥပမာဆိုရသော် ချန်ကျဲ့ ရှန်းထောင်ရွာတွင် စန်းလျို့ထံမှ ငွေတစ်တုံးချေးယူခဲ့စဉ်က နှစ်လကြာပြီးနောက်တွင် ငွေ၂၅တုံးအဖြစ် ပြောင်းလဲသွားခြင်းကဲ့သို့ ဖြစ်သည်။ ဤသည်မှာ မြည်းကျွန်ပြုခြင်းဖြစ်သည်။
ရလဒ်အနေဖြင့် ၎င်းမြင့်မားလွန်းသည့် အတိုးနှုန်းများအောက်တွင် မိသားစုများစွာ ပြိုကွဲပျက်စီးခဲ့ရသည်။
အကြွေးပြန်မဆပ်နိုင်ပါက မည်သို့ဖြစ်လိမ့်မည်နည်း။ မြေရှိလျှင် မြေကိုသိမ်းယူမည်။ အိမ်ရှိလျှင် အိမ်ကိုသိမ်းယူမည်။ ကလေးရှိလျှင် ကလေးများကိုလည်း သိမ်းယူလိမ့်မည်။
အထူးသဖြင့် သမီးမိန်းကလေးများကို ဖြစ်သည်။ သိမ်းယူပြီးနောက် ဆောင်ကြာမြိုင်များသို့ ရောင်းချကာ ငွေရှာယူကြလိမ့်မည်။
နှစ်ပေါင်းများစွာအတွင်း၌ အတိုးနှုန်းမြင့်ချေးငွေများကြောင့် မရေမတွက်နိုင်သော မိသားစုများ ပျက်စီးခဲ့ရသည်။
ချန်ကျဲ့သည် ထိုအန္တရာယ်ကို များစွာ သတိထားမိနေခဲ့ပြီး ဂရုတစိုက် စဉ်းစားဆင်ခြင်ပြီးနောက် အတိုးနှုန်းနည်းသည့် ချေးငွေစနစ်ကို မိမိ၏ပိုင်နက်အတွင်း စတင်ကျင့်သုံးခဲ့သည်။
သို့ဖြင့် အတိတ်ကာလများက အလွန်မြင့်မားလွန်းသည့် အတိုးနှုန်းထားများကို သိသိသာသာ လျှော့ချနိုင်ခဲ့သည်။
ကောက်ပဲသီးနှံအထွက်နည်းသောကြောင့် ဆင်းရဲနွမ်းပါးသည့် လယ်သမားများအတွက် ၁၀ခုချေး၊ ၁၁ခုပြန်ဆပ်စနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ ဆိုလိုသည်မှာ အတိုး၁၀ရာခိုင်နှုန်းသာ ကောက်ခံယူခြင်းဖြစ်ပေသည်။
ဤခေတ်ကာလ၌ ဤသည်မှာ အလွန်တရာ နည်းပါးနေပြီဟု ဆိုနိုင်ပေသည်။ ဤစနစ်ကို ကျားဖြူခန်းမအပိုင် ငါးဖမ်းကုန်သည်ဌာနခွဲများတည်ရှိသည့် ရွာသုံးရွာတွင်သာ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် စီးပွားရေးလုပ်ငန်း စတင်ချင်သည့် မြို့သူမြို့သားများအတွက်လည်း ၁၀ခုချေး၊ ၁၂ခုပြန်ဆပ်စနစ်ကို ကျင့်သုံးခဲ့သည်။
နောက်ထပ်ပြီး ဤခေတ်တွင် ပျံ့နှံ့နေသည့် နေရာတစ်ဝှမ်းရှိ လောင်းကစားရုံများတွင် လောင်းကစားသမားများအတွက် ချေးငွေစနစ်ကို အကောင်အထည်ဖော်သည်။
ချန်ကျဲ့သည် လောင်းကစားသမားများ လောင်းကစားခြင်းကို မဟန့်ထားနိုင်ပေ။ သို့သော် သူတို့၏ချေးငွေတွင် ကန့်သန့်ချက်များ ထည့်သွင်းသတ်မှတ်ပြီး ယခင် မြည်းကျွန်ပြုခြင်းစနစ်မှ ၉ခုပေး၊ ၁၃ခုပြန်ဆပ်စနစ်ကို ကျင့်သုံးခဲ့သည်။ ကန့်သတ်ချက်မှာ လောင်းကစားသမားတစ်ဦးလျှင် တစ်ကြိမ်သာ ငွေချေးနိုင််ပြီး အကြွေးမကျေမချင်း လောင်းကစားရုံများသို့ ဝင်ခွင့်ပိတ်ပင်သည်။
ဤသို့ပြုပြင်ဖွဲ့စည်းမှုများကြောင့် ကျားဖြူခန်းမ၏ဂုဏ်သတင်းသည် အလွန်တရာ တိုးတက်ကောင်းမွန်လာခဲ့ပြီး ဖန်းရှစ်ကျုံး သက်ရှိထင်ရှားရှိစဉ်ကထက်ပင် ပို၍ ကြီးပွားချမ်းသာလာခဲ့သည်။
ဖြောင့်မတ်မှန်ကန်သည့် ဂုဏ်သတင်းသည် မျန့်ရွှေစီရင်စုတစ်ခွင်လုံး ပျံ့နှံ့ကျော်ဇောခဲ့သည်။
၎င်းသည် အခြားသူများ၏ စီးပွားရေးလုပ်ငန်းများကို အပြင်းအထန် သက်ရောက်စေခဲ့သည်။ အထူးသဖြင့် ကျားဖြူခန်းမ၏ လမ်းများနှင့် အနီးဆုံးဖြစ်သည့် လင်းယုန်ခန်းမအပေါ် သက်ရောက်မှုအပြင်းထန်ဆုံးဖြစ်ခဲ့သည်။
လင်းယုန်ခန်းမ၏ လမ်းသုံးလမ်းသည် ကျားဖြူခန်းမ၏ လမ်းလေးလမ်းနှင့် ဘေးကပ်ရပ်ဖြစ်သည်။ မူလက နန််ပါးထျန်းသည် ဖန်းရှစ်ကျုံးအား စောင့်ကြည့်ရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ခဲ့ခြင်းဖြစ်သော်ငြား လက်ရှိတွင်မူ ချန်ကျဲ့၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြုပြင်ဖွဲ့စည်းမှုများကြောင့် လင်းယုန််ခန်းမ၏ လမ်းသုံးလမ်းသည် သိသိသာသာ ဝင်ငွေလျော့နည်းကုန်တော့သည်။
လင်းယုန်ခန်းမသည် ကျားဖြူခန်းမနှင့် မယှဉ်နိုင်ပေ။ ခြုံငုံလိုက်သော် ကျားဖြူခန်းမသည် ဖန်းရှစ်ကျုံးတည်ဆောက်ထားခဲ့သည့် အခြေခံအုတ်မြစ်တည်ရှိ၏။ ကိုယ်ပိုင်သံသတ္တုတွင်း၊ ဆားနယ်မြေနှင့် ကုန်သွယ်ရေးလုပ်ကိုင်နိုင်သည့် လမ်းများ ပိုင်ဆိုင်ထားသည်။
လင်းယုန်ညီနောင်များမှာမူ သိုင်းလောကတွင် တိုက်ခိုက်ရေး၌ အရည်အချင်းရှိနိုင်သော်ငြား လမ်းများကို စီမံခန့်ခွဲရခြင်းသည်တော့ သူတို့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။
ထို့ကြောင့် လင်းယုန်ခန်းမအပိုင် လမ်းများ၏ အဓိက ဝင်ငွေရင်းမြစ်သည် လောင်းကစားရုံများ၊ ပြည့်တန်ဆာအိမ်များနှင့် အတိုးနှုန်းမြင့်ချေးငွေများ ဖြစ်သည်။
လင်းယုန်ခန်းမ၏ အကျိုးအမြတ်ရှာဖွေသည့် အဓိကနည်းလမ်းသည် အတိုးနှုန်းမြင့်ချေးငွေဖြစ်သည်။ လူတို့ကို လောင်းကစားလုပ်ရန် သွေးဆောင််ပြီး လောင်းကစားနိုင်ပါက ပြည့်တန််ဆာအိမ်များတွင် သုံးဖြုန်းရန် တိုက်တွန်းဖျားယောင်းသည်။ လောင်းကစားရှုံးသူများကို အတိုးနှုန်းမြင့်ချေးငွေများ ချေးပေးခြင်းဖြင့် နောက်တစ်ကြိမ် လောင်းကစားလုပ်စေသည်။ နောက်တစ်ကြိမ်ထပ်ရှုံးပါက ထပ်ခါထပ်ခါ အကြွေးမကျေမချင်း ငွေချေးရတော့သည်။ ထို့နောက်တွင်တော့ ခန်းမအရှင်သခင်ချင်းသည် အိမ်များ၊ မြေများနှင့် သားသမီး၊ ဇနီးမယားတို့ကို လာရောက်သိမ်းယူလိမ့်မည်။ သမီးနှင့်ဇနီးတို့ကို ပြည့်တန်ဆာအိမ်များသို့ ရောင်းချလိုက်လိမ့်မည််။
ဤအရာများအားလုံး၏ အဓိကအချက်မှာ အတိုးနှုန်းမြင့်ချေးငွေဖြစ်သည်။ သို့သော် ယခုတွင်တော့ ဘေးကပ်ရပ်ဖြစ်သည့် ကျားဖြူခန်းမမှ အတိုးနှုန်းနည်းသည့်ချေးငွေစနစ်ကို ကျင့်သုံးလိုက်ရာ လင်းယုန်ခန်းမမှ ငွေချေးသူမှာ နည်းသထက် နည်းပါးလာတော့သည်။
ဘုန်း!
ချင်းဟူသည် လချုပ်စာရင်းစာအုပ်ကို စားပွဲသို့ ရိုက်ချလိုက်သည်။
“သည်းမခံနိုင်စရာပဲ လုံးဝသည်းမခံနိုင်စရာပဲ!”
ချင်းဟူမှ ဒေါသတကြီး အော်သည်။ ထိုအခါ ချင်းယင်သည် အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
“ဘာဖြစ်လို့လဲ”
“အစ်ကိုကြီး ဒီလအတွက် လချုပ်စာရင်းကို ကြည့်ပါဦး။ ကျားဖြူခန်းမက ကျွန်တော်တို့ခေါင်းပေါ် တက်ချီးပါနေတာပဲ”
ထိုအခါ ချင်းယင်သည် စားပွဲပေါ် ပစ်ထုတ်ခံထားရသည့် စာရင်းစာအုပ်ကို ကောက်ယူလိုက်သည်။
စာရင်းစာအုပ်တွင် ဖော်ပြထားသည်မှာ လင်းယုန်ခန်းမ၏ ဒီလဝင်ငွေသည် ငွေတုံး၁၅၀၀ဟု ဖော်ပြထားပေသည်။ လွန်ခဲ့တဲ့လဝင်ငွေ၏ တစ်ဝက်ဖြစ်သည်။
ချင်းယင်လည်း တည်ငြိမ်မနေနိုင်တော့ပေ။
“ဒါက ဘယ်လိုဖြစ်ရတာလဲ”
“ဒါအကုန် အဲဒီကျားဖြူခန်းမက သောက်ကျိုးနဲသူခိုးကောင်တွေကြောင့်ပဲဲ မဟုတ်ဘူးလား!”
လင်းယုန်ခန်းမ၏ ချေးငွေလုပ်ငန်းအားလုံးကို တာဝန်ယူရသည့် ချင်းပေါင်မှ ဒေါသတကြီး ဝင်ပြောသည်။
“အစ်ကို ကျားဖြူခန်းမက အရမ်းလွန်လွန်းနေပြီ။ သူတို့က ချေးငွေနှုန်းထားကို ၁၀ခုပေး၊ ၁၂ခုပြန်ဆပ်စနစ်အဖြစ်တောင် ညှိလိုက်သေးတယ်။ ကျားဖြူခန်းမက နန်ရေကန်ဆားနယ်မြေရှိနေလို့ ဒီလိုအတိုးနှုန်းနည်းနည်းကို ခံနိုင်ရည်ရှိတာ။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်နိုင်ပါ့မလဲ။ ဒီလိုသာ ဆက်သွားနေလို့ကတော့ ကျွန်တော်တို့လင်းယုန်ခန််းမတော့ ပျက်စီးကိန််းဆိုက်လိမ့်မယ်”
“ဟုတ်တယ် အစ်ကိုကြီး၊ ကျားဖြူခန်းမက အရမ်းတရားလွန်တယ်။ ကျွန်တော်် မနေ့တုန််းကပဲ သစ္စာဖောက်နှစ်ယောက်က ကျားဖြူခန်းမထဲဝင်ဖို့ လျှို့ဝှက်လုပ်ဆောင်နေတာကို ရှာတွေ့ခဲ့သေးတယ်။ အခု အဲဒီလိုရည်ရွယ်ချက်ရှိနေတဲ့သူတွေ မနည်းလောက်ဘူး။ ကျွန်တော်တို့ ဘာမှမတုံ့ပြန်ဘဲနေရင် လင်းယုန်ခန်းမပြိုလဲဖို့ အချိန်သိပ်မလိုတော့မှာ စိုးရတယ်။ ကျွန်တော်တို့လူတွေလည်း အကုန်ပြေးကုန်ကြလိမ့်မယ်”