အခန်း (၄၃၇)
Vol. 33 Ch. 437
ထိုစကားတွင် ချင်းယင်၏မျက််ခုံးများ သိသိသာသာ တွန့်ကျုံ့သွား၏။
ကျားဖြူခန်းမက လူကို အရမ်းဖိအားပေးနေတာပဲ!
ထိုသို့အတွေးဖြင့် ချင်းယင် ရုတ်ချည်း ထရပ်လိုက်သ့ည်။
ချင်းဟူနှင့် ချင်းပေါင်တို့မှ ကြည့်လိုက်ပြီး ပြောသည်။
“အစ်ကိုကြီး ကျွန်တော်တို့လူတွေကို ခေါ်ပြီးတော့ ကျားဖြူခန်းမနဲ့ ရှင်းကြမလား”
“ရှင်းမယ်တဲ့လား”
ချင်းယင် ချင်းဟူနှင့် ချင်းပေါင်တို့ကို ကြည့်လိုက်သည်။
“မင်းတို့က ငါတို့ ကျားဖြူခန်းမကို အနိုင်ယူနိုင်မယ်ထင်လို့လား”
အမှန်တကယ်ပင် လင်းယုန်ခန်းမသည် ကျားဖြူခန်းမနှင့် တန်းတူရပ်တည်ရန် ခက်ခဲနေသည့်အခြေအနေ ဖြစ်ပါသည်။ ချန်ကျဲ့၏အင်အားသည် လွန်ခဲ့သည့်၆လအတွင်း၌ တစ်ဟုန်ထိုးတိုးတက်သွားခြင်းမျိုး မရှိခဲ့သော်ငြား သေချာပေါက် အဆင့်တစ်ခုတော့ တိုးတက်သွားခဲ့သည်ပင်။ ချင်းယင်သည် သူ၏သွေးလင်းယုန်လက်သည်းသိုင်း၏ အားနည်းချက်ကို ဖြည့်ဆည်းရန်အတွက် နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။
ထို့ကြောင့် ချင်းယင်သည် အင်အားတိုးတက်လာခဲ့ပြီး လွန်ခဲ့သည့်၆လက ချန်ကျဲ့၏အင်အားထက် မလျော့နည်းပေ။ သို့သော် ချန်ကျဲ့သည် ထိုအတိုင်း တိုးတက်မှုမရှိဘဲ ရပ်တန့်နေမည့်သူ မဟုတ်ပေ။ သေချာပေါက် အင်အားတိုးတက်နေလိမ့်မည်။
ထို့ပြင် ကျားဖြူခန်းမသည် ချန်ရှောင်ဟူကဲ့သို့ ပါရမီရှင်တစ်ဦးကို ကွယ်ဝှက်ထားလိမ့်မည်ဟု ချင်းယင် မျှော်လင့်မထားခဲ့ပေ။ ချန်ကျဲ့၏လူတစ်ဦးဖြစ်သည့် ချန်ရှောင်ဟူသည် သံမဏိအရိုးအဆင့်သို့ တက်လှမ်းခဲ့ပြီး လွန်ခဲ့သည့်တစ်လကမှ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့သည်။
ထို့ပြင် လွန်ခဲ့သည့်လဝက်ခန့်က ကျားဖြူခန်းမနှင့် လင်းယုန်ခန်းမကြား ပဋိပက္ခတွင် ချင်းဟူသည် ချန်ရှောင်ဟူနှင့် တိုက်ခိုက်ခဲ့ဖူးသည်။
ချန်ရှောင်ဟူ၏အင်အားသည် လွန်ခဲ့သည့်၆လက ချင်းယင်၏အင်အားခန့်ရှိလိမ့်မည်ဟု ချင်းဟူမှ ပြောသည်။ ထို့ပြင် ချန်ကျဲ့သည် ချန်ရှောင်ဟူကို သံမဏိလက်ဝါးသိုင်းလည်း သင်ကြားပေးထားသည်။
သို့သော် ချန်ရှောင်ဟူ၏ အဆင့်တက်လှမ်းမှုသည် အခြခံအုတ်မြစ် မတည်ငြိမ်သောကြောင့် ဖြစ်လိမ့်မည်၊ ချန်ရှောင်ဟူသည် ထိုမျှအင်အားမကြီးမားပေ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်
များထဲတွင် အောက်ခြေအဆင့်သာ ဖြစ်လိမ့်မည်။
ထိုအချက်မှာ မှန်ကန်ပါ၏။ ရှောင်ဟူ၏အဆင့်တက်လှမ်းမှုသည် ချန်ကျဲ့ပေးသည့် စိတ်ဝိဥာဉ်ပြောင်းလဲဆေးလုံးတစ်ဝက်ကို မှီခိုတက်လှမ်းခဲ့ခြင်း ဖြစ်သည်။
ချန်ကျဲ့၏အတွေးမှာတော့ ရှောင်ဟူအနေဖြင့် အဆင့်တက်လှမ်းနိုင်ပါကလည်း ကောင်းသည်။ အဆင့်မတက်နိုင်ပါကလည်း အားဖြည့်ဆေးသောက်လိုက်သည်ဟုသာ သဘောထားလိုက်မည်ဟူ၍ ဖြစ်ခဲ့သည်။ ရလဒ်အနေဖြင့် ရှောင်ဟူသည် အမှန်တကယ် အဆင့်တက်လှမ်းသွားခဲ့သည်။ သို့သော် စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးတစ်ဝက်၏ ဆေးအာနိသင်သည် လုံလောက်မှုမရှိပေ။ သို့ဖြင့် တစ်ချိန်က ချင်းယင်ကဲ့သို့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များထဲတွင် အောက်ခြေအဆင့်ဖြစ်ခဲ့ရသည်။
သို့တိုင် အောက်ခြေအဆင့်ဖြစ်လျှင်သော်မှ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်၏။
ထို့ပြင် ရှောင်ဟူသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်တစ်ဝက်တစ်ပြက်ဖြစ်သည့် ချင်းဟူနှင့် ချင်းပေါင်တို့ထက် ပို၍အင်အားကြီးမားသည်။ ထို့ပြင် ရှောင်ဟူ၏ အခြေခံအုတ်မြစ် မတည်ငြိမ်ခြင်းသည် သဒ္ဓိစွမ်းအင်လုံးတွင် အာဟာရမလုံလောက်သောကြောင့် ဖြစ်သည်။ ၎င်းကို ချန်ကျဲ့ပေးသည့် ဖြည့်စွက်အားဆေးများဖြင့် လျင်မြန်စွာ ပြန်လည်ထိန်းညှိနိုင်သည်။
သို့ဖြစ်ရာ လက်ရှိကျားဖြူခန်းမကို အင်အားကြီးမားသည့် စစ်တပ်တစ်ခုဟု သတ်မှတ်နိုင်ပါသည်။ တိုက်ပွဲတွင် အမှန်တကယ် ထိပ်တိုက်တွေ့ပါက လင်းယုန်ခန်းမသည် သူတို့အသာစီးရနိုင်လိမ့်မည် မဟုတ်ကြောင်း ချင်းယင် သေချာနားလည်ပါ၏။
ထိုသို့အတွေးဖြင့် ချင်းယင် ထရပ်လိုက်သည်။
ချင်းဟူမှ မေးသည်။
“အစ်ကိုကြီး ဘယ်သွားမလို့လဲ”
ချင်းယင်မှ ပြန်ပြောသည်။
“ငါ ကုန်သည်အဖွဲ့ခေါင်းဆောင်ဆီ သွားပြီး တရားမျှတမှုတောင်းမလို့”
…
ကျီးရှန်းဘုရားကျောင်း
ချန်ကျဲ့သည် အဝတ်ဗလာဖြင့် ဟွမ်ဝမ်အာကို ပွေ့ဖက်ထားရင်း ပြောသည်။
“ဝမ်အာ မင်း ရေခဲစိတ်စွမ်းအင်သိုင်း မယူရသေးဘူးလား”
ဟွမ်ဝမ်အာမှ ပြန်ပြောသည်။
“အချိန်ကျခါနီးပါပြီ”
ချန်ကျဲ့မှ ပြောသည်။
“ဒီနှစ်ဝက်အတွင်းမှာ ငါ ကျီးရှန်းဘုရားကျောင်းကို နှစ်ပတ်တစ်ကြိမ်လာပြီး မင်းကိုအဖော်ပြုပေးခဲ့တယ်။ အဲဒီ၅ကြိမ်တွေ့ဆုံမယ့် ကတိကိုလည်း ဖြည့်ဆည်းပေးတာ ကြာနေပြီ။ မင်းကတိဖျက်တာပဲ”
ဟွမ်ဝမ်အာမှ ရယ်မောသည်။
“ကျွန်မ ကတိဖျက်မှာကို ရှင်သိရဲ့သားနဲ့ ကျွန်မဆီ ဘာလို့ လာနေသေးတာလဲ”
ချန်ကျဲ့မှ အားရပါးရရယ်မောသည်။
“အချိန်ကြာလာတာနဲ့အမျှ ချစ်ခြင်းမေတ္တာတွေ တိုးလာလို့လေ”
ထိုအခါ ဟွမ်ဝမ်အာသည် ကိုယ်ကိုလှိမ့်လိုက်ပြီး ချန်ကျဲ့ကို ခွထိုင်လိုက်သည်။
“ဒါဆို ရှင့်ရဲ့ဇနီးလေးယွင်ကျင်းကရော?”
သူ၏ကိုယ်ပေါ် ခွထိုင်လိုက်သည့် သတ္တဝါလေးကို ကြည့်လျက် ချန်ကျဲ့ သူမ၏ခါးကို ပွေ့လိုက်သည်။
“မင်း အချစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ယွင်ကျင်းနဲ့ မပြိုင်ဆိုင်ပါဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား”
“ဒါပေမဲ့ ကျွန်မက မိန်းကလေးတစ်ယောက်လေ။ မိန်းကလေးတွေက ပြောင်းလဲတတ်တယ်”
ဟွမ်ဝမ်အာသည် ကိုယ်ပေါ်မှ ဆင်းမပေးပေ။ ချန်ကျဲ့သည် သူမ၏စကားကို လေသံလျှော့၍ တုံ့ပြန်သည်။
“မင်းနဲ့ ယွင်ကျင်းက မတူဘူးလေ”
ဟွမ်ဝမ်အာသည် ထိုသို့ချန်ကျဲ့ကို ကြည့်၍ မျက်နှာထက်တွင် ဝမ်းနည်းသည့်အငွေ့အသက်များ ထင်ဟပ်လာသည်။
“ဟုတ်ပါတယ်။ သူက တရားဝင် လက်ထပ်ယူထားတဲ့ ဇနီးပဲ။ ကျွန်မကရော? လမ်းဘေးက ပန်းရိုင်းလေးတစ်ပွင့်ပဲလေ။ အဲဒီလိုဆိုမှတော့ ရှင် ပြန်သွားတာ ပိုကောင်းလိမ့်မယ်။ တရားဝင်ဇနီးလေး စိတ်ဆိုးသွားပြီး လက်ပူးလက်ကြပ်လာဖမ်းနေမယ် သတိထားဦး”
ချန်ကျဲ့မှ ရယ်မောသည်။
“ငါ မင်းနဲ့တွေ့နေတာကို ယွင်ကျင်းသိတယ်”
ထိုအခါ ဟွမ်ဝမ်အာသည် မိမိကိုယ်ကိုယ် ဝါဂွမ်းနုနုအား လက်သီးဖြင့် ထိုးနေသကဲ့သို့ ခံစားလိုက်ရသည်။
“ဒီလိုမဖြစ်သင့်ဘူးလေ။ ကျွန်မတို့ရဲ့ဆက်ဆံရေးက နဂိုက အပေးအယူတစ်ခုပဲ ဖြစ်ခဲ့တာလေ၊ ဘယ်အချိန်က ဒီလိုဖြစ်သွားခဲ့တာလဲ။ ကျွန်မ ဒီလိုချုပ်နှောင်ခံရတဲ့ ခံစားချက်ကို မကြိုက်ဘူး”
ချန်ကျဲ့ ဟွမ်ဝမ်အာကို ကြည့်လိုက်ပြီး ပြောသည်။
“ငါလည်း မကြိုက်ပါဘူး။ ဒါပေမဲ့ မင်းငါ့ကို ရေခဲစိတ်စွမ်းအင်သိုင်းကျမ်း ခိုးပေးမယ်လို့ ကတိပေးထားပေမဲ့ အခုထိ ကတိမတည်သေးဘူး။ မင်းက ကတိဖျက်မှတော့ စာချုပ်ဖျက်ခနည်းနည်းတော့ ယူရလိမ့်မယ်”
ဟွမ်ဝမ်အာ ချန်ကျဲ့ကို စိုက်ကြည့်သည်။
“ရှင် အခုနောက်ပိုင်း အတော်လေး ရဲတင်းလာတယ်နော်။ ရှင် ကျွန်မတို့အကြောင်း နန်ပါးထျန်းသိသွားမှာကို ကြောက်တယ်မဟုတ်ဘူးလား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကြောက်တယ်။ ဒါပေမဲ့ အဲဒီလောက်ကြီးတော့ မဟုတ်ဘူး”
“အို အမွေးအတောင်တွေ ပေါက်လာပြီပေါ့?”
ဟွမ်ဝမ်အာမှ ရယ်မောသည်။
ချန်ကျဲ့မှ ပြောသည်။
“တကယ့်ကိုပဲ အမွေးအတောင်တွေ ပေါက်နေပါပြီ။ ဒါပေမဲ့ လုံလုံလောက်လောက် မသန်မာသေးရုံပါပဲ။ နန်ပါးထျန်းက ပါရမီရှင်တစ်ယောက်ဆိုတာတော့ ငြင်းလို့မရဘူး။ သူက လွန်ခဲ့တဲ့၆လတုန်းကပဲ စွမ်းအင်ပြောင်းလဲခြင်းအထွတ်အထိပ်အဆင့်ကို တက်လှမ်းသွားပြန်တယ်။ အဲဒါကြောင့် နဂိုတည်းက ကျပ်တည်းနေတဲ့အစီအစဉ်က ပိုကျပ်တည်းသွားရတယ်”
“ရှင် သူ့ကို မနိုင်ဘူးလား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အင်း။ ငါက နန်ပါးထျန်းတို့ လျိုလောင်ကွေ့တို့ရဲ့အဆင့်ကို မရောက်သေးဘူး။ အဲဒီအဖိုးကြီးနှစ်ယောက်က မျန့်ရွှေမှာ ကျင်လည်နေခဲ့တာကြာပြီ။ ပြီးတော့လည်း အတော်လေး အရည်အချင်းရှိကြတယ်”
“ဒါပေမဲ့ အခုအချိန်မှာ သူတို့ဘက်က ငါ့ကိုသတ်ဖို့လည်း မလွယ်ကူနိုင်ဘူး။ လွန်ခဲ့တဲ့၆လတုန်းကသာ သူတို့ငါ့ကိုသတ်ချင်ရင် ငါထွက်ပြေးရုံပဲ တတ်နိုင်မယ်။ ဒါပေမဲ့ အခုတော့ ဟက်… ကိုယ်ပိုင်အင်အားဖြစ်ဖြစ်၊ သိုင်းလောကအင်အားဖြစ်ဖြစ် အရင်နဲ့ မတူတော့ဘူးလေ။ သူတို့ ငါ့ကိုသတ်ချင်ရင် စိတ်ကူးမှန်းဆလို့မရတဲ့ တန်ကြေးတစ်ခုတော့ ပေးဆပ်လိုက်ရလိမ့်မယ်”
“ငါ လွန်ခဲ့တဲ့၆လအတွင်း အဲဒီအတွက် ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်”
ချန်ကျဲ့စကားပြောနေစဉ် ဟွမ်ဝမ်အာသည် ချန်ကျဲ့၏လည်တိုင်ကို လက်နှစ်ဖက်ဖြင့် ပွေ့ယှက်လိုက်သည်။
“သခင်ကြီးချန် ရှင် ကျွန်မကို အချိန်နည်းနည်းပဲ ထပ်ပေး။ ကျွန်မ ရေခဲစွမ်းအင်သိုင်းကျမ်းကို သေချာပေါက် ခိုးယူပေးမယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဟား ငါ မင်းကိုယုံပါတယ်။ ဒါပေမဲ့ အကယ်၍ မလုပ်နိုင်ရင်လည်း မစွန့်စားပါနဲ့”
ဟွမ်ဝမ်အာ ပြုံးလိုက်သည်။
“ရှင် ရှင် တကယ် ကျွန်မကို ဂရုစိုက်တာလား”
ချန်ကျဲ့မှ ပြောသည်။
“အကယ်၍ မင်း မကြိုက်ဘူးဆိုရင် ဂရုစိုက်တာကို ရပ်လိုက်မယ်လေ”
ဟွမ်ဝမ်အာမှ ပြန်ပြောသည်။
“ကျွန်မ ကြိုက်တယ်”
ထိုစဉ် ချန်ကျဲ့ ထရပ်လိုက်သည်။
“ငါသွားသင့်ပြီ”
ဟွမ်ဝမ်အာမှ တွန့်ဆုတ်စွာဖြင့် ပြောသည်။
“နည်းနည်းလောက် ထပ်နေပါဦး”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အပြင်မှာ အရမ်းကြာကြာနေလွန်းရင် သံသယတွေ ဖြစ်လာလိမ့်မယ်”
ထိုသို့ပြောခဲ့ပြီး ချန်ကျဲ့သည် အဝတ်အစားများ ပြန်ဝတ်ကာ ထွက်သွားတော့သည်။ ထိုနေ့က ကျားဖြူခန်းမရှိ အဖြစ်အပျက်အပြီးတွင် သူနှင့် ဟွမ်ဝမ်အာ၏ ကိစ္စကို စူးယွင်ကျင်းကို အတော်အသင့် အသိပေးခဲ့သည်။
ချန်ကျဲ့သည် စူးယွင်ကျင်းကို မလိမ်ညာလိုသောကြောင့် ပြောပြခဲ့လိုက်၏။
ချန်ကျဲ့သည် စူးယွင်ကျင်းမှာ ကံကြွေးချစနစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်သောကြောင့်သာ ဤသို့ပြောပြနိုင်ခြင်း ဖြစ်သည်။ မျက်မှောက်ခေတ်အမျိုးသမီးတစ်ဦးသာ ဤအကြောင်းကို ကြားသိလိုက်ရပါက ရူးသွပ်သွားလိမ့်မည် ဖြစ်၏။ ကွာရှင်းခြင်းအထိ ဖြစ်ခြင်း၊ မဖြစ်ခြင်း မတိုင်မီ ပွဲတစ်ခုတော့ သေချာပေါက် ဖြစ်သွားခဲ့လိမ့်မည်။ သို့သော် စူးယွင်ကျင်းသည် အလွန်တည်ငြိမ်သည်။
သူမသည် ထိုအတွက် အစီအစဉ်များပင် စဉ်းစားထားပြီး မေးခွန်းတစ်ခု မေးလာခဲ့သည်။
“ရှင် အစ်မဟွမ်ကို ဘယ်တော့ အိမ်ခေါ်လာမှာလဲ? အဆင့်အတန်းတစ်ခုမရှိထားတဲ့ အမျိုးသမီးက အပြင်မှာ အထင်သေးခံရနိုင်တယ်”