← Chapters

အခန်း (၁၆၂၆)

Vol. 117 Ch. 1626

အခန်း (၁၆၂၆)

Vol. 117 Ch. 1626

အံ့ဖွယ်ကိုးပါးကောင်းကင်ဘုံမီးတောက်က ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သွားပြီး ဝိညာဉ်သက်ရှိအဖြစ် အသွင်ပြောင်းလဲသွားသည်။

မီတာတစ်သိန်းရှည်လျားသော ဝိညာဉ်မီးတောက်သားရဲ ထွက်ပေါ်လာသည့်အခါ သေခြင်းရှင်ခြင်းအဆင့် ဗိုလ်ချုပ်ဖြစ်စေ၊ လော့ကျန်းဖြစ်စေ သို့မဟုတ် မဟာမူလကလန်မှ အဖွဲ့သားများဖြစ်စေ သူတို့အားလုံးက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

ယင်းက အံ့ဖွယ်ကိုးပါးကောင်းကင်ဘုံမီးတောက် ဖြစ်သည်။ ယင်းက မဟာမူလဘုံ၏ မီးဒြပ်စင်မူလစွမ်းအားထဲ၌ အသန်မာဆုံး အထွတ်အထိပ်တည်ရှိမှုတစ်ခု ဖြစ်သည်။

ထိုသို့တည်ရှိမှုက မည်သို့ကြောင့် ကိုယ်ပိုင်ဝိညာဉ်ကို ပိုင်ဆိုင်သွားပြီး သန္ဓေပြောင်းသားရဲအဖြစ် ပြောင်းလဲသွားရသနည်း။

ထို့ပြင် ၎င်း၏ မီတာတစ်သိန်းခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသော စွမ်းအားက မည်မျှကြောက်စရာကောင်းလိမ့်မည်နည်း။

၎င်းထံမှ အကြည့်တစ်ချက်က သေခြင်းရှင်ခြင်းအဆင့် ကျင့်ကြံသူများကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။

“ ဝိညာဉ်မီးတောက်… နာမည်ကောင်းပဲ ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။ သူလက်မြှောက်လိုက်သည့်အခါ မိုးကြိုးသွားတစ်စင်းက ဝိညာဉ်မီးတောက်၏ နဖူးပေါ်သို့ ကျဆင်းသွားသည်။

ထိုမိုးကြိုးသွားသည် အစောနက ထွက်ပေါ်လာခဲ့သော မိုးကြိုးသွားများထက် အားမနည်းပေ။ သို့သော်လည်း ယင်းက အဆုံးမဲ့သော ဝိညာဉ်အလင်းကို ထုတ်လွှတ်နေသည်။

မိုးကြိုးသွားက ၎င်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည့်အခါ မီတာတစ်သိန်းရှည်လျားသော သန္ဓေပြောင်းသားရဲက တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။ နောက်အခိုက်အတန့်မှာ ၎င်း၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း လွင့်ပြယ်သွားသည်။

၎င်းပြန်ပေါ်လာသည့်အခါ ကိုးပေရှည်လျားသော လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူက ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး လက်ထဲမှာ လှံတစ်ချောင်းကို ကိုင်ထားသည်။ ထို့နောက် သူက ဟန်မူယဲ့၏ အရှေ့မှာ ဒူးထောက်လိုက်သည်။

“ ဝိညာဉ်မီးတောက်က သခင်ကို အရိုအသေပေးပါတယ် ”

ဩဇာကြီးမားသော သူ့အသံက ပီသစွာ ပျံ့လွင့်သွားစဉ် နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူ၏ အကြည့်တစ်ချက်က လူတိုင်းကို နှလုံးတုန်ယင်သွားစေရန် လုံလောက်သည်။

သူက လူသားအသွင် ပြောင်းလဲသွားပြီးနောက် ပိုပြီးကြီးကျယ်မြင့်မြတ်သွားပုံပေါ်သည်။

“ ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်… အဲ့ဒါက မိုးမြေကြားက အသက်ဓာတ်ရဲ့ ဆင့်ကဲပြောင်းလဲမှုတစ်ခုပဲ… သူက ဘယ်လိုလုပ် အဲ့ဒါကို လုပ်ဆောင်နိုင်တာလဲ… ”

လော့ကျန်းက ဝိညာဉ်မီးတောက်ကို လှမ်းကြည့်လိုက်ပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်သည် သေခြင်းရှင်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်များ မော်ကြည့်ရသော အဆင့်ဖြစ်သည်။

လော့ကျန်း၏ အမြင်တွင် ဟန်မူယဲ့က ယင်ယန်အဆင့်မှာသာ ဖြစ်သည်။ မည်သို့ကြောင့် သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် အစွမ်းထက်သက်ရှိတစ်ကောင်ကို ပျိုးထောင်နိုင်ရသနည်း။

သူ့ဘေးမှ ဟွမ်ချန်းမင်က ခေါင်းခါလိုက်သည်။ နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အဲ့ဒါ ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် မဟုတ်ဘူး… အဲ့ဒါက ကမ္မ ”

“ အဲ့ဒီဝိညာဉ်မီးတောက်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ရဲ့ အသက်ဓာတ်ကနေ ဖွဲ့စည်းသွားတဲ့ သန္ဓေပြောင်းသားရဲမဟုတ်ဘူး… အဲ့ဒီအစား… ”

ဟန်မူယဲ့ကို ကြည့်လိုက်သည့်အခါ စိတ်လှုပ်ရှားမှုက ဟွမ်ချန်းမင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ … သူက သူ့ကိုယ်ပိုင်ကမ္မကို အသုံးပြုပြီး အသက်ဓာတ်ကို ပျိုးထောင်ပေးလိုက်တာပဲ ”

ကမ္မ… ။

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သေခြင်းရှင်ခြင်းကို ဖြတ်ကျော်ပြီး အသက်ဓာတ်ကို ခိုးယူခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသို့စွမ်းအားကို မိုးမြေ၏ အရှေ့မှာ အပြည့်အဝ မထိန်းချုပ်နိုင်ပေ။ ယင်းက ကောင်းကင်ဘုံလျှို့ဝှက်ချက် တစ်စိတ်တစ်ပိုင်းအတွက် ယှဉ်ပြိုင်ခြင်းမျှသာ ဖြစ်သည်။

သို့သော်လည်း ကမ္မအဆင့်သည် မိုးမြေနှင့် ကုန်သွယ်ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်သည် စွမ်းအားတစ်စိတ်တစ်ပိုင်းအတွက် သူ့ကိုယ်ပိုင်ခွန်အားဖြင့် လဲလှယ်နိုင်သည်။

ကမ္မဖန်တီးခြင်း… ကမ္မခံယူခြင်း… ။

“ ကမ္မလား ”

လော့ကျန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“ သူက ကမ္မအဆင့်လား ”

ယင်းက ဟွမ်ချန်းမင်ကို လေးနက်စွာ ပြုံးသွားစေသည်။

“ ကမ္မကို ခံယူဖို့ ကမ္မအဆင့်မှာ ရှိရမယ်လို့ မင်းကို ဘယ်သူက ပြောလဲ ”

“ တကယ်လို့ မင်းက ကိုယ်ရဲ့ ကျင့်ကြံခြင်းစွမ်းအားနဲ့ ပါရမီကို ယုံကြည်ချက်ရှိတယ်ဆိုရင် ကမ္မကို ခံယူနိုင်လိမ့်မယ် ”

“ ဒီနေ့ မင်းနဲ့ ငါ့ရဲ့ အသက်က သူ့ကမ္မရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ဘူးလား ”

ဟန်မူယဲ့သည် ဟွမ်ချန်းမင်နှင့် လော့ကျန်းကို ကယ်တင်ရန် အရှေ့ထွက်လာခဲ့သည်။ ယင်းက ကမ္မဖြစ်သည်။ အကယ်၍ သူက ဟွမ်ချန်းမင်နှင့် လော့ကျန်းကို အောင်မြင်စွာ ကယ်တင်နိုင်မည်ဆိုလျှင် ကမ္မစွမ်းအားက သူ့ကို ပြန်လည်အားဖြည့်ပေးလိမ့်မည်။

ဟွမ်ချန်းမင်နှင့် လော့ကျန်း၏ ခွန်အားက ထိုအားဖြည့်ပေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

“ သူက ကမ္မအဆင့်မှာ မဟုတ်ဘူး… ဒါပေမဲ့ သူက ဒီကမ္မကို ခံယူနိုင်တယ်လို့ သူ့ကိုယ်သူ ယုံကြည်ချက်ရှိတယ်… သူက ဒီဘဝမှာ ကမ္မအဆင့်ကို သေချာပေါက် တတ်လှမ်းနိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ချက်ရှိတယ်… ”

လော့ကျန်းက ဟန်မူယဲ့ကို ကြည့်လိုက်သည့်အခါ စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူက သေခြင်းရှင်ခြင်း ကျင့်ကြံခြင်းအဆင့်မှာ ဖြစ်သည်။ သို့သော်လည်း ယင်းက စဦးအဆင့်မှာသာ ဖြစ်သည်။ သူက ဤဘဝတွင် သေခြင်းရှင်ခြင်းအဆင့်၏ အထွတ်အထိပ်ကိုသာ ရောက်ရှိနိုင်ကြောင်း သိသည်။ ယင်းက သူ၏ အကန့်အသတ်ဖြစ်သည်။

သို့သော်လည်း ဟန်မူယဲ့က ယင်ယန်အဆင့်မှာသာ ရှိသေးသော်လည်း သူက ဤဘဝတွင် ကမ္မအဆင့်သို့ ဝင်ရောက်ရန် ယုံကြည်ချက်ရှိနေသည်။

ကမ္မအဆင့်သို့ ဝင်ရောက်ရန် သူက သေခြင်းရှင်ခြင်းနှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖြတ်ကျော်ရဦးလိမ့်မည်။ မိုးမြေကြားမှ ကမ္မသည် သာမန်ကျင့်ကြံသူများ စိတ်ကူးမယဉ်နိုင်သောအရာ ဖြစ်သည်။ ထိုအဆင့်တွင် တစ်စုံတစ်ယောက်၏ အသက်ရှူငွေ့က မရေမတွက်နိုင်သော ကျင့်ကြံသူများကို လဲကျသွားစေနိုင်သည်။

“ ကမ္မအဆင့်လား ”

ဟွမ်ချန်းမင်က ခေါင်းခါလိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ကမ္မအဆင့်ကို ဝင်ရောက်ရုံပဲဆိုရင် သူက အခုလိုမျိုး ကမ္မစွမ်းအားကို စောစောစီးစီး လှုံ့ဆော်ရဲမှာ မဟုတ်ဘူး ”

“ ငါ့အထင်မမှားရင် သူက သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်မယ်… အကြောင်းတစ်ခုခုကြောင့် သူက အတိတ်ကို ဖြတ်တောက်ပြီး ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ထဲ ဝင်ရောက်ခဲ့တာဖြစ်မယ် ”

ဟွမ်ချန်းမင်က လေးနက်သော အသံဖြင့် ပြောပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူတစ်ယောက်ကပဲ ဒီလိုနည်းလမ်းကို အသုံးပြုနိုင်တယ် ”

သံသရာစက်ဝန်း… ။

ဟန်မူယဲ့က ယခင်ဘဝမှာ သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့သည်လော။

မဟာပန်သွန်ဘုံ၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် သံသရာစက်ဝန်းအဆင့်က အာဏာရှင်အဆင့်ပြီးနောက် အသန်မာဆုံး ဖြစ်သည်။

“ ဒီတော့ အဲ့ဒီလိုကို… ”

လော့ကျန်းက ကြည်ညိုလေးစားသော အကြည့်ကို ထုတ်ဖော်လိုက်ပြီး နူးညံ့စွာ ပြောသည်။

သူမြင်ဖူးသမျှ ကျင့်ကြံသူများထဲတွင် သံသရာစက်ဝန်းအဆင့်က အသန်မာဆုံး ဖြစ်သည်။

ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က သူ့အနောက်မှ ဟွမ်ချန်းမင်နှင့် လော့ကျန်းကြားမှ စကားဝိုင်းကို ဂရုမစိုက်နေပေ။ သူက ရိုးရှင်းစွာ လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဝိညာဉ်မီးတောက်က အရှေ့သို့ ခုန်လိုက်သည်။

ဝိညာဉ်မီးတောက်က ကမ္မအဆင့်ဖြစ်မည်ဟု ဟွမ်ချန်းမင်နှင့် လော့ကျန်းက တွေးထင်ခဲ့ကြသည်။ သို့သော်လည်း သူတို့၏ အတွေးက မှားယွင်းခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် အံ့ဖွယ်ကိုးပါးကောင်းကင်ဘုံမီးတောက်က ဤမဟာမူလဘုံ၏ အသန်မာဆုံး မီးတောက်မူလစွမ်းအား ဖြစ်သည်။

ထိုသို့စွမ်းအားက ဘုံတစ်ခု၏ အထွတ်အထိပ်တည်ရှိမှုကို ကိုယ်စားပြုသည်။

မဟာမူလဘုံ၏ အသန်မာဆုံးစွမ်းအားက သံသရာစက်ဝန်းဖြစ်သည်။

ထို့ကြောင့် အံ့ဖွယ်ကိုးပါးကောင်းကင်ဘုံမီးတောက်မှ အသွင်ပြောင်းလဲသွားသော ဝိညာဉ်မီးတောက်သည် ဤဘုံ၏ သံသရာစက်ဝန်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဤဘုံတွင် သံသရာစက်ဝန်းအဆင့် ပညာရှင်က အထွတ်အထိပ်တည်ရှိမှု ဖြစ်သည်။

“ မဖြစ်နိုင်တာ… အံ့ဖွယ်ကိုးပါးကောင်းကင်ဘုံမီးတောက်က ဘယ်လိုလုပ် ဝိညာဉ်သက်ရှိတစ်ကောင် ဖြစ်သွားတာလဲ… အတိတ်မှာ ကောင်းကင်ဘုံမီးတောက်ရဲ့ ဝိညာဉ်က ပြန့်ကျဲသွားခဲ့တာ မဟုတ်ဘူးလား… ”

မဟာမူလကလန်မှ ခေါင်းဆောင်က လူသားအသွင်ပြောင်းလဲသွားသော ဝိညာဉ်မီးတောက်ကို ကြည့်နေရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ဝိညာဉ်မီးတောက်က လက်မြှောက်လိုက်လေရာ ရွှေရောင်မီးဘောလုံးတစ်လုံးက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

ထိုမီးတောက်၏ ထွက်ပေါ်လာမှုက အချင်းမိုင်တစ်သောင်းဧရိယာထဲမှ အရာအားလုံးကို မီးပင်လယ်အဖြစ် ပြောင်းလဲသွားစေသည်။

မီးပင်လယ်ထဲတွင် ဟန်မူယဲ့၏ မိုးကြိုးသွားများက အရပ်မျက်နှာအသီးသီးသို့ ရွေ့လျားကူးခတ်နေကြသည်။

မိုးကြိုးပင်လယ်… မီးပင်လယ်… ။

သေခြင်းရှင်ခြင်းအဆင့် စွမ်းအားအကာအရံသည် မီးပင်လယ်ဖြင့် တွေ့ဆုံသွားသည့်အခါ ချက်ချင်း အငွေ့ပျံသွားသည်။ သံသရာမီးတောက်၏ အရှေ့တွင် သေခြင်းရှင်ခြင်းစွမ်းအားက ဖုန်တစ်မှုန့်ထက် မပိုချေ။

မဟာမူလကလန်မှ ခေါင်းဆောင်က မျက်နှာဖြူဖျော့သွားပြီး ချက်ချင်း ထွက်ပြေးသည်။

“ ပြေးကြဟေ့ ”

သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူက မဟာမူလကလန်မှ တခြားအဖွဲ့သားများကို ဂရုမစိုက်ဘဲ အမြန်ထွက်ပြေးသည်။

သို့သော်လည်း ကံမကောင်းစွာပင် သူက မိုင်တစ်ရာအဝေးသို့သာ ထွက်ပြေးနိုင်ခဲ့သည်။ မိုင်တစ်ရာကျော်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်က ပြာမှုန်အဖြစ် လောင်ကျွမ်းသွားသည်။

သူ၏ ဘေးပတ်ဝန်းကျင်တွင် မဟာပန်သွန်ကျောက်တုံးများက ပြုတ်ကျလာသည်။

အထွတ်အထိပ် သေခြင်းရှင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ခရီးစဉ်က ဤနေရာမှာ ထိုသို့အဆုံးသတ်သွားသည်။

သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အရှေ့မှာ သေခြင်းရှင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ထွက်ပြေးရန်ပင် အခွင့်အရေးမရှိပေ။

မဟာမူလကလန်မှ တခြားအဖွဲ့သားများသည်တော့ မိုးကြိုးဖြင့် လွှမ်းခြုံခံလိုက်ရပြီး မဟာပန်သွန်ဘုံ၏ လူသားအသွင်သို့ ပြောင်းလဲသွားကြသည်။

ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်း… အသွင်ပြောင်းလဲခြင်း… ။

မိုးကြိုးအားလုံး ပျောက်ကွယ်သွားသည်နှင့် ဟန်မူယဲ့၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားသည်။

ဝိညာဉ်မီးတောက်နှင့် သေခြင်းရှင်ခြင်းအဆင့် ကျင့်ကြံသူဆယ်ယောက်သည်လည်း နေရာမှ ပျောက်ကွယ်သွားကြသည်။

လော့ကျန်းက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ နောင်တရသော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ဘာမှကြည့်နေစရာမလိုဘူး… အနာဂတ်မှာ ငါတို့ထပ်တွေ့ကြလိမ့်မယ် ”

ဟွမ်ချန်းမင်က နက်နဲသိမ်မွေ့စွာ ပြုံးလိုက်သည်။

“ အဲ့ဒီကောင်လေးက ကျန်းချန်းသေမင်းတပ်စခန်းမှာ တာဝန်ထမ်းဆောင်နေတယ်… ကြည့်ရတာ သူက ကောင်းကင်ဘုံအစောင့်တပ်ကို ရည်မှန်းချက်ထားနေတာ ဖြစ်မယ် ”

“ ငါအရမ်းသိချင်မိတယ်… နောက်တစ်ကြိမ် ငါတို့ပြန်တွေ့တဲ့အခါ သူ့ရဲ့ တိုက်ပွဲအကျိုးပြုမှုအမှတ်က ဘယ်လောက်တောင် များနေလိမ့်မလဲ ”

ဟွမ်ချန်းမင်က ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။ ထို့နောက် သူ၏ မျက်နှာက တည်ကြည်လေးနက်သွားပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ စွန်းချီ… မင်းက ငါတို့ရဲ့ မဟာပန်သွန်ဘုံကို သစ္စာဖောက်ရဲတယ်… မင်းက သေချင်နေတာပဲ ”

ထိုသို့ပြောလိုက်စဉ် သေခြင်းရှင်ခြင်းအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။ သူက အရှေ့သို့ အမြန်ပျံသန်းသွားရင်း ပြောသည်။

“ ပြီးတော့ မဟာမူလဘုံက ဒီတစ်ကြိမ်မှာ ပြင်ဆင်မှုတချို့ ပြုလုပ်ထားလောက်တယ်… အဓိကတပ်စခန်းဆီ ငါပြန်သွားပြီး စစ်ရေးအမတ်ကို ဒီအကြောင်း တင်ပြရမယ် ”

…..

မိုင်သုံးထောင်အဝေးတွင် ဟန်မူယဲ့က အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားနေသည်။ သူ၏ အနောက်တွင် ဝိညာဉ်မီးတောက်နှင့် ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားကြသော မဟာမူလကလန်မှ အဖွဲ့သားများက နီးကပ်စွာ လိုက်ပါလာကြသည်။

“ သခင်… မဟာမူလဘုံရဲ့ အရင်အုပ်ချုပ်သူက ကျုပ်တို့ရဲ့ မီးတောက်မျိုးနွယ်ပါ… စိတ်မကောင်းစရာက နောင်ပိုင်းမှာ မဟာမူလဘုံက လက်သည်းရှည်သားရဲမျိုးနွယ်ရဲ့ သိမ်းပိုက်တာခံလိုက်ရပါတယ်… အဲ့ဒီကောင်တွေက ကျုပ်တို့ရဲ့ မူလစွမ်းအားကို ကုန်ခမ်းစေခဲ့ပါတယ် ”

ဝိညာဉ်မီးတောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ အခု ကျုပ်တို့သွားနေတဲ့ နေရာက ရှေးဟောင်းမီးနတ်ဘုရားရုံးတော်ပါ… အဲ့ဒီနေရာက မီးတောက်နတ်ဘုရား အိပ်စက်နေတဲ့ နေရာပါ ”

“ အတိတ်မှာ နတ်ဘုရားအရှင်သခင်ရဲ့ ကျင့်ကြံခြင်းစွမ်းအားက အာဏာရှင်အဆင့်ထိ ရောက်ရှိနေပါပြီ ”

“ တကယ်လို့ ကျုပ်တို့က နတ်ဘုရားအရှင်သခင် အားကိုးအားထားရတဲ့ ရတနာတွေကို ယူဆောင်နိုင်မယ်ဆိုရင် မဟာမူလဘုံရဲ့ အခြေခံအုတ်မြစ်ကို ထိန်းချုပ်နိုင်ပါလိမ့်မယ်… အဲ့ဒီအချိန်ကျရင် လက်သည်းရှည်သားရဲမျိုးနွယ်က မဟာမူလဘုံကို အပြည့်အဝ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ပါဘူး ”

ဝိညာဉ်မီးတောက်က လက်ဆန့်တန်းလိုက်ပြီး အဝေးမှ ရှည်လျားသော တောင်တန်းဒေသတစ်ခုကို ညွှန်ပြလိုက်သည်။

“ ရှေးဟောင်းမီးနတ်ဘုရားရုံးတော်က အဲ့ဒီမှာ ရှိပါတယ် ”

ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က အဝေးမှ ပုံရိပ်ယောင်တိမ်တိုက်များကို ဖောက်ထွင်းသွားပြီး တောင်တန်းဒေသတစ်ခုပေါ်သို့ ကျဆင်းသွားသည်။ သူ၏ မျက်နှာက အနည်းငယ် တည်ကြည်လေးနက်သွားသည်။

“ ဒီစွမ်းအား… အဲ့ဒါကို အတိတ်တုန်းက တစ်နေရာရာမှာ ငါမြင်ဖူးသလိုပဲ ”

All Chapters