← Chapters

အခန်း (၁၆၂၇)

Vol. 117 Ch. 1627

အခန်း (၁၆၂၇)

Vol. 117 Ch. 1627

ပုံရိပ်ယောင်… ။

ယင်းက အတုအယောင်နှင့် အစစ်အမှန်ကြားမှ အကူးအပြောင်းဖြစ်ပြီး ယင်းမှာ သေချာသော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေ။

ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ အပြာရောင်အလင်းတန်းတစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

“ ကပ်ဘေးဒုက္ခစွမ်းအား ”

လေးနက်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အံ့ဩစရာမဟုတ်တော့ဘူး… ။

ယင်းက ကပ်ဘေးဒုက္ခစွမ်းအား ဖြစ်သည်။

ကမ္ဘာဦးလောက အကြိမ်ကြိမ် ပျက်စီးသွားခဲ့ရသည့် အကြောင်းအရင်းက ကပ်ဘေးဒုက္ခစွမ်းအားကြောင့် ဖြစ်သည်။ ကြယ်စင်စုစကြာဝဠာနှင့် တခြားဘုံများသည်လည်း ကပ်ဘေးဒုက္ခစွမ်းအားကို မတွန်းလှန်နိုင်ကြချေ။

ကပ်ဘေးဒုက္ခစွမ်းအားက ကောင်းကင်ဘုံအသူရာချောက်နက်၏ အောက်ခြေတွင် စုဝေးနေပြီး အမျိုးမျိုးသော အပျက်အစီးနယ်မြေများအဖြစ် ပြောင်းလဲသွားနေသည်။

ထိုသို့စွမ်းအားက အတုအယောင်နှင့် အစစ်အမှန်ကြားမှ အကူးအပြောင်းဖြစ်ပြီး ယင်းကို ကပ်ဘေးဒုက္ခဟု ခေါ်သည်။

“ ကပ်ဘေးဒုက္ခစွမ်းအားက အာဏာရှင်ကို ကျော်လွန်နိုင်တဲ့ စွမ်းအားလို့ မဟာပန်သွန်ဘုံရဲ့ ရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်သားထားတယ် ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။

အာဏာရှင်အဆင့်ထက် ကျော်လွန်သွားသော ဒဏ္ဍာရီလာ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားက ကပ်ဘေးဒုက္ခစွမ်းအားကို ဆိုလိုကြောင်း ယခုမှ သူနားလည်သွားသည်။ ယင်းက ဘုံတစ်ခု၏ အထွတ်အထိပ်စွမ်းအားထက် သာလွန်သော တည်ရှိမှု ဖြစ်သည်။

ထိုစွမ်းအားက ကမ္ဘာများကို ဖျက်ဆီးပစ်နိုင်ပြီး အဆုံးမရှိသော သံသရာစက်ဝန်းကို ကျော်လွန်နိုင်သည်။

မူလစကြာဝဠာက ထိုစွမ်းအားကြောင့် ပျက်စီးသွားခဲ့ခြင်း မဟုတ်ပါလော။

“ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားလား ”

ဝိညာဉ်မီးတောက်က ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ နားလည်သဘောပေါက်သော အကြည့် ထွက်ပေါ်လာသည်။

“ မထူးဆန်းတော့ပါဘူး… နတ်ဘုရားအရှင်သခင် အိပ်ပျော်နေတာ ကြောက်စရာကောင်းတဲ့ အဲ့ဒီစွမ်းအားကို ဖိနှိပ်နေလို့ကို ”

မီးတောက်မျိုးနွယ်သည် အတိတ်မှာ အလွန်အားကောင်းခဲ့သည်။

မဟာမူလဘုံကို မီးတောက်မျိုးနွယ်က အုပ်ချုပ်ခဲ့သည်။

လက်စသတ်တော့ မီးတောက်မျိုးနွယ်ကို လက်သည်းရှည်သားရဲမျိုးနွယ် အနိုင်ရသွားသည့် အဓိကအကြောင်းအရင်းက အာဏာရှင်အဆင့်ထက် သာလွန်သော တည်ရှိမှုတစ်ခု၏ ကြားဝင်နှောင့်ယှက်မှုကြောင့် ဖြစ်သည်။

“ ဝူး ”

ဟန်မူယဲ့၏ လက်ထဲမှ ကပ်ဘေးဒုက္ခစွမ်းအားကို အာရုံခံမိသောအခါ အရှေ့မှ ပုံရိပ်ယောင်မြူခိုးက တအိအိလှုပ်ခတ်သွားပြီး သူ့အား လွှမ်းခြုံလိုက်သည်။

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။ သူ၏ လက်ထဲမှ ကပ်ဘေးဒုက္ခစွမ်းအားက ပျောက်ကွယ်သွားသည်။

သူက ကပ်ဘေးဒုက္ခစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ဤနေရာမှ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားအကြွင်းအကျန်ကို ရင်ဆိုင်နိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။

“ သွားကြစို့ ”

သူက မြူခိုးထု သူ့အပေါ် မဖုံးလွှမ်းလာခင် တောင်တန်းပေါ်သို့ ခြေချလိုက်သည်။

ဝိညာဉ်မီးတောက်က သူ့အနောက်မှ လိုက်လာစဉ် မီးတောက်မီးလျှံက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး အကာအကွယ်အလွှာတစ်ခုကို ဖွဲ့စည်းလိုက်သည်။

မီးတောက်မီးလျှံများက ဤနေရာမှ ပုံရိပ်ယောင်စွမ်းအားနှင့် တွေ့ဆုံသွားသည့်အခါ တရှဲရှဲ မြည်သွားသည်။ ဤသည်မှာ မီးတောက်မီးလျှံများက ငြိမ်းသတ်သွားတော့မည့်အလားပင်။

အံ့ဩသော အမူအရာက ဝိညာဉ်မီးတောက်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူက ဤနေရာကို ယခင်က တစ်ခါမှ မရောက်ဖူးပေ။ ဤနေရာမှ ပုံရိပ်ယောင်စွမ်းအားက ထိုမျှကြောက်စရာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

မိုင်တစ်ရာ ခရီးဆက်ပြီးနောက် ဟန်မူယဲ့က သူ၏ ခြေလှမ်းကို ရပ်လိုက်သည်။

ဤအခိုက်အတန့်မှာ ဝိညာဉ်မီးတောက်က မျက်နှာဖြူဖျော့နေသည်။

ဝိညာဉ်မီးတောက်က အထွတ်အထိပ်အခြေအနေမှာ ရှိမနေသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က သံသရာစက်ဝန်းမှာ ဖြစ်၏။ သို့တိုင်အောင် သူက ပုံရိပ်ယောင်စွမ်းအား၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိပေ။

“ သခင်… ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ ”

ဝိညာဉ်မီးတောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ပုံရိပ်ယောင်စွမ်းအားကို ထိတွေ့လိုက်သည်။

သူ၏ ကိုယ်ပေါ်တွင် ပုံရိပ်ယောင်စွမ်းအင်အလွှာများ ဖွဲ့စည်းသွားသည်။

“ ဟင်းလင်းပြင်ချိုးဖြတ်ခြင်း… အထဲဝင်ဖို့ ပုံရိပ်ယောင်တွေကို ချိုးဖြတ်ရမယ်ဆိုမှတော့ ပုံရိပ်ယောင်ရဲ့ အလယ်ထဲ ဝင်ကြရအောင် ”

သူ့စကားဆုံးသွားသည်နှင့် သူ၏ ခန္ဓာကိုယ်က စတင်ဝေဝါးသွားသည်။

သို့သော်လည်း ဝေဝါးသွားသည်နှင့်ချက်ချင်း မီးတောက်စွမ်းအင်စီးကြောင်းများက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာသည်။

မီးတောက်… ။

နတ်ဘုရားမီးတောက်… ။

မရေမတွက်နိုင်သော နတ်ဘုရားမီးတောက်များက ပေါ်လျှိုးလာကြပြီး အသင်္ချေရောင်ခြည်တန်းများအဖြစ် ပြောင်းလဲသွားကြသည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်က ရွှေကျီးကန်း၏ စစ်မှန်သော ဝိညာဉ်မှ အသွင်ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက မရေမတွက်နိုင်သော နတ်ဘုရားမီးတောက်များကို ထိန်းချုပ်နိုင်သည်။

ဤအခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းက အဆုံးမဲ့သော မီးတောက်ပင်လယ်အဖြစ် ပြောင်းလဲသွားသည်။

သူ့အနောက်မှာ မတ်တတ်ရပ်နေသော ဝိညာဉ်မီးတောက်က သူ့အရှေ့မှ မရေမတွက်နိုင်သော နတ်ဘုရားမီးတောက်များကို မြင်သွားသောအခါ မျက်လုံးပြူးကျယ်သွားသည်။

“ အဲ့ဒါ… အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

“ ဘာလို့ ဒီလောကမှာ နတ်ဘုရားမီးတောက်တွေ အဲ့လောက်အများကြီး ရှိနေတာလဲ ”

မီးနတ်ဘုရားရုံးတော်က မီးတောက်သန်းတစ်ရာ၏ ဇစ်မြစ်ကို ပိုင်ဆိုင်ထားသည်ဟု ပြောကြသည်။ သို့သော်လည်း မီးနတ်ဘုရားရုံးတော်သည်ပင် ယခု သူ့အရှေ့မှ နတ်ဘုရားမီးတောက်အရေအတွက်ကို မယှဉ်ပြိုင်နိုင်ပေ။

“ ဘန်း ”

နတ်ဘုရားမီးတောက်အရေအတွက်က ဆက်လက် တိုးပွားသွားသည်နှင့်အမျှ သူတို့၏ အရှေ့မှ ပုံရိပ်ယောင်လောကက စတင်ပြိုကွဲသွားသည်။

အမှန်မှာ ပုံရိပ်ယောင်က မပြိုကွဲသွားပေ။ ယင်းအစား အတုအယောင်နှင့် အစစ်အမှန်ကြားတွင် တစ်လှည့်စီ ကူးပြောင်းသွားနေသည်။

ဟန်မူယဲ့က တည်ကြည်လေးနက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ချိုးဖြတ်စမ်း ”

ခရက်… ။

ပုံရိပ်ယောင်က အက်ကွဲသွားသည်။

ရွှေရောင်မီးတောက်ဘောလုံးတစ်လုံးက သုံးလက်မရှည်လျားသော မီးတောက်ငယ်အဖြစ် အသွင်ပြောင်းလဲသွားသည်။

အချိန်ကြာလာသည်နှင့်အမျှ မီးတောက်က လေထဲမှာ အရွယ်အစားကြီးမားသွားသည်။ နောက်ဆုံးမှာတော့ မီးတောက်က ပေတစ်ထောင်မြင့်မားသော မီးတောက်သားရဲတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။

မီးတောက်သားရဲက ၎င်း၏ အရှေ့ခြေနှစ်ချောင်းကို မြှောက်လိုက်ပြီး အောက်သို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။

“ ဝုန်း ”

မိုးမြေက ပရမ်းပတာ တုန်ခါသွားသည်။

မိုးမြေလှုပ်ခါသွားသည်နှင့် မီးတောက်သားရဲ၏ ခန္ဓာကိုယ်က ထပ်မံ ကြီးမားသွားသည်။ ၎င်းက ပေတစ်သိန်းရှည်လျားသော ဧရာမသားရဲတစ်ကောင်အဖြစ် ကြီးမားသွားသည်။

ဘေးပတ်ဝန်းကျင်မှ ပုံရိပ်ယောင်လောကက တုန်ယင်သွားပြီး ပျက်စီးသွားသည်။

နောက်အခိုက်အတန့်မှာ ဧရာမမီးတောက်သားရဲက တိုက်ရိုက် ပြိုကွဲသွားပြီး ကပ်ဘေးဒုက္ခစွမ်းအား ကိန်းအောင်းနေသော မီးတောက်ပုတီးစေ့တစ်လုံးကိုသာ ချန်ထားခဲ့သည်။ မီးတောက်ပုတီးစေ့က ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

“ ဝူး ”

ဒုတိယမြောက် ရွှေရောင်မီးတောက်ဘောလုံးက ထွက်ပေါ်လာသည်။ မီးတောက်ဘောလုံးက တုန်ယင်သွားပြီး ပေတစ်ထောင်ရှည်လျားသော မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

မီးနဂါးက ကောင်းကင်နှင့် မြေပြင်ကို လောင်ကျွမ်းပစ်မည့် မီးတောက်မီးလျှံများကို မှုတ်ထုတ်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်က ဆက်လက် ကြီးမားသွားသည်။

နောက်ဆုံးမှာတော့ ပေတစ်သိန်းရှည်လျားသော မီးနဂါးက ပြိုကွဲသွားပြီး ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားကို စုပ်ယူလိုက်သည်။

မီးနဂါးပြိုကွဲသွားသည်နှင့် အပြာရောင်ပုတီးစေ့တစ်လုံးက လေထဲမှာ ထွက်ပေါ်လာသည်။ ဟန်မူယဲ့က လက်ဆန့်တန်းလိုက်ပြီး ပုတီးစေ့ကို ဖမ်းယူလိုက်သည်။ သူက ပုတီးစေ့ကို သူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

ထို့နောက် တတိယမြောက် ရွှေရောင်မီးတောက်ဘောလုံးက ထွက်ပေါ်လာသည်။

…..

မီးနဂါးများ၊ ရွှေရောင်ဖီးနစ်များ၊ ရွှေကျီးကန်းများ… ။

မရေမတွက်နိုင်သော မီးတောက်သားရဲများက ဤပုံရိပ်ယောင်လောကထဲမှာ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားကြသည်။ ထို့နောက် ၎င်းတို့က ပြိုကွဲသွားကြသည်။

ဟန်မူယဲ့က သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ မီးတောက်စွမ်းအားကို အကန့်အသတ်ထိရောက်အောင် တွန်းအားပေးလိုက်သည်။ ထို့နောက် သူက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားကို ဆွဲဆောင်ပြီး ၎င်းတို့ကို ဖိနှိပ်ပစ်သည်။ ယင်းက မီးတောက်ကို ပြိုကွဲသွားစေသည်။

ထိုသို့လုပ်ဆောင်လိုက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားက မီးတောက်များထဲသို့ ပေါင်းစပ်သွားသည်။

အချိန်က ဤအခိုက်အတန့်မှာ ရပ်တန့်သွားသည်။

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအား၏ သက်ရောက်မှုအောက်မှာ အချိန်က ဤလောကတွင် အရေးမကြီးတော့ပေ။

ဟန်မူယဲ့၏ အရှေ့တွင် နတ်ဘုရားမီးတောက်အားလုံးက ဆင့်ကဲပြောင်းလဲသွားကြသည်။

“ ဝီး ”

မရေမတွက်နိုင်သော မီးတောက်ဘောလုံးများ အက်ကွဲသွားသည့်အခါ ဟန်မူယဲ့၏ အရှေ့မှ လေဟာနယ်က တုန်ယင်သွားသည်။ ထို့နောက် ပုံရိပ်ယောင်က သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ အပြာရောင်အလင်းက အထွတ်အထိပ်သို့ မြင့်တတ်သွားသည်။

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအား ကိန်းအောင်းနေသော မီးတောက်ပုတီးစေ့များက သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာသည့်အခါ ဟန်မူယဲ့က နောက်ဆုံးမှာ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်သွားသည်။

“ အက်ကွဲစေ ”

သူက တိုးညင်းစွာ ရေရွတ်လိုက်သည့်အခါ သူ့အရှေ့မှ လောကက ချက်ချင်း ပြိုကွဲသွားသည်။

ထို့နောက် ရွှေရောင်တောက်ပသော နန်းတော်များက သူ၏ မျက်စိအရှေ့မှာ ထွက်ပေါ်လာကြသည်။

ထိုနန်းတော်များက မီးတောက်မီးလျှံများဖြင့် ဖုံးလွှမ်းခံထားရသည်။

“ အတော်ရှားတယ်… သံသရာစက်ဝန်း (၃၂၀)ကြိမ် လည်ပတ်ပြီးမှပဲ တစ်စုံတစ်ယောက်က ဒီနေရာကို ခြေချနိုင်တော့တယ် ”

“ ငါ့မီးနတ်ဘုရားရုံးတော်ရဲ့ အမွေအနှစ်က မပျောက်ဆုံးတော့ဘူး ”

အသံတစ်သံက ထွက်ပေါ်လာသည်။

အရှေ့တွင် မီးတောက်မီးလျှံများကြားထဲ၌ ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။

သူက ချောမောလှပသော အမျိုးသမီးကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက ရွှေရောင်သရဖူကို ဆောင်းထားပြီး ဝတ်စုံနီကို ဝတ်ဆင်ထားသည်။

ဂုဏ်ကျက်သရေ၊ လှပမှု၊ တင့်တယ်မှု၊ ထည်ဝါမှု အစရှိသော ကြန်အင်လက္ခဏာများက ထိုအမျိုးသမီး၏ ဖြစ်တည်မှုနှင့် လိုက်လျောညီထွေရှိနေသည်။

“ နတ်ဘုရားအရှင်သခင် ”

ဝိညာဉ်မီးတောက်က ဦးညွတ်လိုက်သည်။ သူက အမျိုးသမီးကို တည့်တည့် မကြည့်ဝံ့ချေ။

ယင်းက သူ၏ သွေးမျိုးဆက်ထဲမှ ဖြစ်ပေါ်လာသော အလိုအလျောက်စိတ်ဆန္ဒ ဖြစ်သည်။ သူက ထိုအမျိုးသမီးကို မလေးမစား မပြုလုပ်ဝံ့ချေ။

“ နတ်ဘုရားအရှင်သခင်လား ”

ဟန်မူယဲ့က အမျိုးသမီးကျင့်ကြံသူကို ကြည့်လိုက်သည်။ သူစကားပြောလိုက်သည့်အခါ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ စိတ်မကောင်းစရာပဲ… ခင်ဗျားက ဟိုးအရင်ကတည်းက သေသွားပြီးပြီ ”

အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ဤနေရာမှာ ကျဆုံးသွားခဲ့သည်လော။

“ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းချိပ်တံဆိပ်ရဲ့ အကူအညီနဲ့ အဲ့ဒီစွမ်းအားကို ဒီနေရာမှာ ငါထိန်းသိမ်းနိုင်တယ်… အဲ့ဒါမှ စွမ်းအားက မဟာမူလဘုံတစ်ခုလုံးကို ပျံ့နှံ့မသွားမှာ… အဲ့ဒါက ငါ့ရဲ့ လုပ်နိုင်စွမ်းအကုန်ပဲ ”

“ တကယ်လို့ ငါမသေသွားဘူးဆိုရင် ဒီနေရာက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားအတွက် အာဟာရဓာတ် ဖြစ်လာလိမ့်မယ် ”

အမျိုးသမီးကျင့်ကြံသူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ ဒီနေရာက မီးတောက်မျိုးနွယ်ရဲ့ မူလဇစ်မြစ်ပဲ… ဒီနေရာက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားမှာကို ငါဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မှာလဲ ”

ဘုံတစ်ခုလုံးက ပုံရိပ်ယောင်စွမ်းအားအတွက် အာဟာရဓာတ် ဖြစ်လာခြင်း… ။

ဟန်မူယဲ့က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားကို ကိုယ်တိုင်စုပ်ယူခဲ့လေရာ ထိုစွမ်းအားက မည်မျှကြောက်စရာကောင်းကြောင်း နားလည်သည်။

ကမ္ဘာဦးလောကကဲ့သို့ ကျယ်ပြောလှသော ကမ္ဘာတစ်ခုသည်ပင် ကပ်ဘေးဒုက္ခစွမ်းအားအတွက် မွေးမြူရေးခြံတစ်ခု ဖြစ်ခဲ့သည်။ အာဟာရဓာတ်ထုတ်လုပ်ခြင်းက အမြဲမပြတ် ရှိနေသည်။ ယင်းက မည်သည့်အခါမှ အဆုံးမသတ်သွားပေ။

“ ဒီနေ့ နင်က ဒီနေရာကို ရောက်လာတယ်ဆိုတော့ ငါ့ရဲ့ နတ်ဘုရားရုံးတော်နဲ့ ရေစက်ရှိတယ်လို့ ပြောနိုင်တယ် ”

ဝတ်စုံနီဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူက ဟန်မူယဲ့ကို ပြုံးပြလိုက်ပြီး ပြောသည်။

ထို့နောက် သူက လက်ဆန့်ထုတ်လိုက်လေရာ ဟန်မူယဲ့၏ ခန္ဓာကိုယ်က အရှေ့သို့ အမြန်ရွေ့လျားသွားသည်။

“ နင့်မှာ ရွေးချယ်စရာနှစ်ခု ရှိတယ် ”

“ ပထမတစ်ခုက ငါနဲ့ တူနှစ်ကိုယ်ကျင့်ကြံပါ… ကမ္ဘာဦးမီးတောက်ကို နင့်အတွက် ငါသယ်ဆောင်ပေးမယ် ”

“ အဲ့ဒီမီးတောက်က တစ်နေ့မှာ ဒီနေရာက ပုံရိပ်ယောင်အားလုံးကို လောင်ကျွမ်းပစ်နိုင်တဲ့အခါ မီးနတ်ဘုရားရုံးတော်က အပြင်လောကမှာ ပြန်ထွက်ပေါ်လာလိမ့်မယ် ”

“ ဒုတိယရွေးချယ်စရာက ငါ့ရဲ့ မီးတောက်တုံကင်ကို အမွေဆက်ခံပြီး ဒီဘုံကို ထိန်းချုပ်ပါ… ပြီးတော့ မဟာမူလဘုံရဲ့ အုပ်ချုပ်သူဖြစ်လာပါ ”

အမျိုးသမီးကျင့်ကြံသူ၏ အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားပြီး သူက တိုးညင်းစွာ ပြောသည်။

“ နင့်ရဲ့ ရွေးချယ်မှုက ဘာလဲ ”

“ ငါ့ရဲ့ ရွေးချယ်မှုလား ”

ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်ပြီး သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

All Chapters