← Chapters

အခန်း (၁၆၃၀)

Vol. 117 Ch. 1630

အခန်း (၁၆၃၀)

Vol. 117 Ch. 1630

ကနဦးမူလအဆင့်၏ အထက်အဆင့်က စကြာဝဠာအဆင့် ဖြစ်သည်။

စကြာဝဠာအဆင့်တွင် တစ်စုံတစ်ယောက်က ကိုယ်ပိုင်စကြာဝဠာတစ်ခုကို ဖွဲ့စည်းနိုင်လိမ့်မည်။

စကြာဝဠာအဆင့် အစွမ်းထက်ပညာရှင်များသည် အချင်းမိုင်တစ်သန်းကျယ်ပြောသော ဧရိယာထဲမှ ဂိုဏ်းကြီးများကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိကြသည်။

အရေးကြီးသော မေးခွန်းမှာ ထိုသို့အစွမ်းထက်ပညာရှင်များက ကောင်းကင်ဘုံစစ်ပွဲမှာ မည်မျှများပြားစွာ ပါဝင်ကြသနည်း။

ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်ကြသော စကြာဝဠာအဆင့် ကျင့်ကြံသူတိုင်းသည် စစ်သည်တော်တစ်သောင်းပါဝင်သော စစ်တပ်ကို အမိန့်ပေးနိုင်ကြသည့် ဂုဏ်သရေရှိပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မည်သို့ကြောင့် ထိုသို့ပညာရှင်တစ်ယောက်က ဤနေရာမှာ တစ်စုံတစ်ယောက်၏ အစော်ကားခံနေရသနည်း။

စကြာဝဠာအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်ကို ရန်မစနိုင်ပေ။

“ ဂရောင်း ”

ပေတစ်ထောင်ကြီးမားသော လက်သီးပုံရိပ်က အနက်ရောင်ကျားတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ကျားနက်က လေထဲမှာ မာန်ဖီဟိန်းဟောက်လိုက်ပြီး ၎င်း၏ လက်သည်းကို ဝှေ့ယမ်းလိုက်သည်။

ဟဲချန်းယန်နှင့် သူ့အနောက်မှ ကျင့်ကြံသူများက အဆုံးမဲ့သော လေကြမ်းဖြင့် ရိုက်ခတ်ခံလိုက်ကြရသည်။ သူတို့၏ အရိုးများက ကျိုးကြေသွားပြီး မရီဒျန်များက ပျက်စီးသွားသည်။

“ ဦးရီးတော် ”

ဟဲချန်းယန်က မကျေးမချမ်း အော်ခေါ်လိုက်သည်။

အဝေး၌ အော်သံတစ်သံ ထွက်ပေါ်လာသည်။

“ ဘယ်သူက ငါ့တူတော်ကို ထိခိုက်အောင် လုပ်ရဲတာလဲ ”

အော်သံနှင့်အတူ လှံရှည်တစ်ချောင်းက လေထဲမှာ ထွက်ပေါ်လာသည်။

လှံရှည်က ပေတစ်ရာရှည်လျားသော မိုးပြာရောင်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး မိစ္ဆာကျားနက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

သို့သော်လည်း မိစ္ဆာကျားနက်၏ လက်သည်းက အောက်သို့ ကျဆင်းလာဆဲပင်။

“ ဘန်း ”

ဟဲချန်းယန်နှင့် သူ့အနောက်မှ ကျင့်ကြံသူများက တိုက်ရိုက် ပေါက်ကွဲသွားကြပြီး သူတို့၏ သွေးချီအနှစ်သာရက မဟာပန်သွန်ကျောက်တုံးများအဖြစ် ပြောင်းလဲသွားသည်။ ဝိညာဉ်စွမ်းအားသည်လည်း လေထဲမှာ လွင့်ပြယ်သွားသည်။

သူတို့အားလုံးက နေရာမှာတင် အသတ်ခံလိုက်ကြရသည်။

ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။ သူတို့က မည်သည့်အသံမှ မထွက်ဝံ့ကြချေ။

ဟဲချန်းယန်က အစောင့်စစ်တပ်မှ တပ်မှူးတစ်ယောက်၏ နောက်ခံကို ရရှိထားလေရာ ဤနေရာ၌ အနည်းငယ် လွှမ်းမိုးမှုရှိသည်။

ထိုသို့ပုဂ္ဂိုလ်က လူအများ၏ အရှေ့မှာ အသတ်ခံလိုက်ရသည်။

“ သွားပြီ… အားလုံး သွားပြီ… ”

မနီးမဝေးတွင် သံမဏိဂိုဏ်းမှ အကြီးအကဲရှောက်မင်က ခန္ဓာကိုယ်တုန်ယင်သွားသည်။ သူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ ဤသည်မှာ သူက မကြည့်သင့်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အလားပင်။

သူအမှုထမ်းနေသော ယွင်ထျန်းတာအိုဂိတ်မှ သခင်လေးယန်က ဤနေရာမှာ သေဆုံးသွားလိမ့်မည်ဟု လုံးဝ သူမမျှော်လင့်ထားပေ။ ထို့အတူ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ ဟန်မူယဲ့က ထိုသို့တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

စကြာဝဠာအဆင့်… ။

“ ခရက် ”

လှံအက်ကွဲသံ ပဲ့တင်ထပ်သွားသည်။

ကျားနက်မိစ္ဆာ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော လှံက အပိုင်းသုံးပိုင်း ကွဲထွက်သွားသည်။

“ သေစမ်း ”

ကျယ်လောင်သော အော်သံက အဝေးမှ ပဲ့တင်ထပ်လာသည်။ ဤသည်မှာ မိုးခြိမ်းသံက အဝေးမှ ပျံ့လွင့်လာသည့်အလားပင်။

ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေသည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။

ရှုဖုန်းယန်က မျက်မှောင်ကြုတ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

“ ဗုန်း ”

တောင်တန်းများနှင့် မြစ်ချောင်းများရှိသော ပုံရိပ်ယောင်ကမ္ဘာတစ်ခုက ရှုဖုန်းယန်၏ အနောက်မှာ ထွက်ပေါ်လာသည်။ ထို့နောက် မြေကြီးက စိမ်းစိုသော မြက်ခင်းပြင်အဖြစ် ပြောင်းလဲသွားသည်။

စကြာဝဠာအဆင့်… ။

သူ၏ ဘေးတွင် မတ်တတ်ရပ်နေသော ရှုကျိချူးက သူ၏ သွေးချီအရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်လိုက်လေရာ မိုးမြေစကြာဝဠာတစ်ခုက သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။

စကြာဝဠာအဆင့်… ။

စကြာဝဠာအဆင့် ကျင့်ကြံသူနှစ်ယောက်… ။

သူတို့၏ ဘေးပတ်ဝန်းကျင်မှ လေထုထဲမှာ အံ့အားသင့်မှုဖြင့် ပြည့်နှက်သွားသည်။

ကျန်းကန်းနှင့် တခြားလူများသည်ပင် မျက်လုံးပြူးသွားကြသည်။

သူတို့၏ အကိုကြီးက ထိုမျှအံ့ဖွယ်ကောင်းသော အင်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဝူရှီလန်းက သူ၏ အင်္ကျီကို သပ်ရပ်စွာ ပြုပြင်လိုက်ပြီး ပေါ့ပါးစွာ ရယ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

“ ဗုန်း ”

တတိယမြောက်စကြာဝဠာက ထွက်ပေါ်လာသည်။

စကြာဝဠာအဆင့် ကျင့်ကြံသူက သုံးယောက်တောင်လား… ။

မိုးမြေစကြာဝဠာသုံးခုက အပြန်အလှန် ထပ်ဆင့်လွှမ်းခြုံသွားကြသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ပရမ်းပတာ တုန်ခါသွားသည်။

“ အဲ့ဒါ ရှုထျန်းဖုန်းပဲ… ”

အဝေးတစ်နေရာတွင် တုံမင်ဓားကျောင်းတော်မှ ဝမ်ယုချောင်က ထိုမြင်ကွင်းကို မြင်သွားသောအခါ မျက်နှာဖြူဖျော့သွားသည်။ သူက ရှုဖုန်းယန်၏ အနောက်မှ စကြာဝဠာကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

ရှုထျန်းဖုန်းက စကြာဝဠာအဆင့်ကို ချိုးဖြတ်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ထိုအဆင့်က သူ့ကိုယ်ပိုင်စွမ်းအားထက် သာလွန်သည်။

“ ငါသိပြီ… ငါသိပြီ… ”

အခြားတစ်ဖက်တွင် ထူးခြားငါးပါးဓားဂိုဏ်းမှ လျောင်ချန်းဖုန်းက အနည်းငယ် အံ့ဩသွားသည်။

ရှုဖုန်းယန်နှင့် သူ့အပေါင်းအဖော်များက စကြာဝဠာအဆင့်မှာ ဖြစ်ကြသည်။ ယင်းက သူ့အား အနည်းငယ် စိတ်ဓာတ်ကျမိစေသည်။ သူက စီနီယာတစ်ယောက်ဖြစ်သော်လည်း ဂျူနီယာများ၏ ကျင့်ကြံခြင်းစွမ်းအားက သူ့ထက် သာလွန်နေကြသည်။ ယခု သူက ကိုယ့်ကိုယ်ကိုယ် စီနီယာအဖြစ် မသတ်မှတ်ဝံ့တော့ချေ။

အဝေးတွင် အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော တပ်မှူးယုရုံကိုင်က တည်ကြည်လေးနက်သော မျက်နှာဖြင့် အမြန်ချဉ်းကပ်လာသည်။ ဝမ်းနည်းကြေကွဲသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထင်ရှားစွာ ထွက်ပေါ်နေသည်။

အစောင့်စစ်သည်တော်များသည် တပ်မှူးယုရုံကိုင်၏ အနောက်မှ လိုက်လာကြသည်။ သို့သော်လည်း သူတို့က စကြာဝဠာအဆင့် ကျင့်ကြံသူလေးယောက်ဖြင့် ရင်ဆိုင်ရသောအခါ အကူအညီမဲ့သွားကြသည်။

“ မင်းက ဘယ်လောက်သတ္တိရှိလို့ ငါတပ်မှူးရဲ့ အမိန့်ကို လွန်ဆန်ပြီး ငါ့ရဲ့ တူတော်ကို သတ်ရဲတာလဲ ”

ယုရုံကိုင်က ဟန်မူယဲ့ကို လက်ညှိုးညွှန်လိုက်သည်။ ရှည်လျားသော လှံပုံရိပ်တစ်ခုက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။

သူ့အနောက်တွင် အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်များက သူတို့၏ လက်ထဲမှ လက်နက်များကို ကိုင်မြှောက်လိုက်ကြပြီး ဟန်မူယဲ့ကို ချိန်ရွယ်လိုက်ကြသည်။

စကြာဝဠာအဆင့် ကျင့်ကြံသူလေးယောက်ဖြစ်တော့ရော ဘာအရေးလဲ…။

ဤနေရာက တပ်စခန်းဖြစ်ပြီး သူတို့က တပ်စခန်း၏ လုံခြုံရေးကို တာဝန်ယူထားရသော စစ်သည်တော်များ ဖြစ်ကြသည်။

သူတို့က စကြာဝဠာအဆင့် ကျင့်ကြံသူများဆိုလျှင်ပင် တပ်စခန်းဧရိယာအတွင်းမှာ အစောင့်စစ်သည်တော်များကို အမှန်တကယ် တိုက်ခိုက်ဝံ့ကြမည်လော။

သတ်ဖြတ်ခြင်းအရှိန်အဝါ… ။

သတ်ဖြတ်ခြင်းအရှိန်အဝါက စတင်ပျံ့နှံ့သွားသည်။

ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများက အမြန်အနောက်ဆုတ်သွားကြသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ ကျင့်ကြံသူများနှင့် တပ်စခန်း(၉၅၂၈)မှ အဖွဲ့သားများသည်သာ ဟန်မူယဲ့နားတွင် နီးကပ်စွာ ရှိနေကြသည်။ သူတို့က အနောက်သို့ ခြေတစ်လှမ်းပင် မဆုတ်ကြချေ။

အနီးနားတွင် ကျန်းချန်းသေမင်းတပ်စခန်းမှ ကျန်းကန်းနှင့် တခြားလူများက ဟန်မူယဲ့ဆီသို့ အမြန်လျှောက်သွားကြသည်။

“ ယုရုံကိုင်… မင်းရဲ့ တူကို သတ်တာက စစ်တပ်စည်းကမ်းကို ဖောက်ဖျက်တာမို့လို့လား ”

ကျန်းကန်းက အော်ပြောလိုက်သည်။ သွေးချီအနှစ်သာရက သူ၏ ဘေးပတ်ဝန်းကျင်မှာ သိပ်သည်းသွားသည်။

“ ငါတို့ကျန်းချန်းသေမင်းတပ်စခန်းရဲ့ ကိစ္စတွေကို မင်းဝင်စွက်လို့မရဘူး ”

ကျန်းချန်းသေမင်းတပ်စခန်းသည် ကောင်းကင်ဘုံစစ်ပွဲတွင် ရှေ့တန်းမှ တိုက်ခိုက်ကြသူများ ဖြစ်ကြသည်။ သူတို့က အမြဲတမ်း အသက်ကို စွန့်စားထားကြလေရာ စစ်တပ်စည်းကမ်းများကို မည်သို့ကြောင့် ဂရုစိုက်နေမည်နည်း။

မည်သို့ဖြစ်ပါစေ စစ်တိုက်ထွက်သည့်အခါတိုင်း ကျန်းချန်းသေမင်းတပ်စခန်းသည် အဖွဲ့သားအနည်းငယ်သာလျှင် အသက်ရှင်လျက် ပြန်လာနိုင်ကြသည်။

ကျန်းချန်းသေမင်းတပ်စခန်းမှ စစ်သည်တော်များက တစ်ယောက်ပြီးတစ်ယောက် အရှေ့ထွက်လာကြသည်။

ယုရုံကိုင်က ဒေါသအကြီးအကျယ် ထွက်သွားသော်လည်း အံကြိတ်ထားရုံသာ တတ်စွမ်းပေသည်။

သူက ကျန်းချန်းသေမင်းတပ်စခန်းမှ ထိုစစ်သည်တော်များကို အနိုင်ယူနိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိပေ။

ကျန်းချန်းသေမင်းတပ်စခန်းမှ စစ်သည်တော်များကို အနိုင်မယူနိုင်ခြင်းက စကြာဝဠာအဆင့် ကျင့်ကြံသူသုံးယောက်ကို ထိပ်တိုက် သူမရင်ဆိုင်နိုင်ကြောင်း အဓိပ္ပာယ်ရပေသည်။

အကယ်၍ သူက ထိုကျင့်ကြံသူများကို ထိပ်တိုက် မရင်ဆိုင်နိုင်လျှင် တခြားရဲဘော်ရဲဘက်များကို ဆင့်ခေါ်နိုင်လိမ့်မည် မဟုတ်ချေ။

သူ့ကိုယ်ပိုင်စွမ်းအားနှင့် သူ၏ ထိန်းချုပ်မှုအောက်မှာရှိသော စစ်သည်တော်များက စကြာဝဠာအဆင့် ကျင့်ကြံသူသုံးယောက်၏ ပြိုင်ဘက်များ မဟုတ်ကြပေ။

“ တပ်မှူး… ကျုပ်တို့ဘာလုပ်ကြမလဲ ”

အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူသန်ကြီးတစ်ယောက်က ယုရုံကိုင်ဆီသို့ လျှောက်သွားပြီး တီးတိုးပြောသည်။

သူတို့အားလုံးက ယုရုံကိုင်၏ အဖေ၏ စစ်သည်တော်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ သစ္စာရှိမှုကို မေးခွန်းထုတ်စရာ မလိုပေ။

သို့သော်လည်း သူတို့က အလဟဿ မသေချင်ကြပေ။

“ အရင်ဆုံး… ”

ယုရုံကိုင်က လက်တစ်ဖက်မြှောက်လိုက်ပြီး စကားပြောလိုက်သည်။ သို့သော်လည်း သူ့စကားမဆုံးမီ ကျယ်လောင်သော အော်သံက အဝေးမှ ပျံ့လွင့်လာသည်။

“ ဘာလို့ ဒီနေရာမှာ ဆူဆူညံညံဖြစ်နေတာလဲ… ရှန်းဟဲတပ်စခန်းရဲ့ စည်းမျဉ်းတွေက အလှပြထားရုံသက်သက်လား ”

အော်သံ အဆုံးသတ်သွားသည်နှင့် အလွန်အားကောင်းသော သွေးချီအရှိန်အဝါက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

အံ့အားသင့်သော အမူအရာက ယုရုံကိုင်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ဗိုလ်မှူး ”

ဗိုလ်မှူးသည် စစ်သည်တော်တစ်ထောင်ကို အမိန့်ပေးနိုင်သော ရာထူးမြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ရှန်းဟဲစီရင်စု၏ တဲစခန်းထဲတွင် ဗိုလ်မှူးများက စကြာဝဠာနှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြသည်။ ထို့ပြင် သူတို့က အနီးနားဝန်းကျင်မှ အစောင့်စစ်သည်တော်များကိုလည်း အမိန့်ပေးနိုင်ကြသည်။ ဗိုလ်မှူးတစ်ယောက်၏ ရောက်ရှိလာမှုက ဤအခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည်။

“ ဗိုလ်မှူး… အဲ့ဒီလူက တပ်စခန်းထဲမှာ လူသတ်ရဲပါတယ်… ပြီးတော့ ကျန်းချန်းသေမင်းတပ်စခန်းကို ဆူပူအောင် သွေးထိုးလှုံ့ဆော်ပါတယ် ”

ယုရုံကိုင်က အရှေ့သို့ လျှောက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားပြီး ဆံပင်စည်းနှောင်ထားသော အသက်ငါးဆယ်အရွယ် အဖိုးအိုတစ်ယောက်က လက်နှစ်ဖက်ကို အနောက်ပို့ထားလျက် ချဉ်းကပ်လာသည်။ သူ၏ မျက်လုံးထဲတွင် စူးရှတောက်ပသော အလင်းက ထွက်ပေါ်နေသည်။

အဖိုးအိုက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ထည့်သွင်းစဉ်းစားပြီးတော့ ငါအကြံတစ်ခု ပေးမယ်… မင်းတို့အားလုံး ငါ့ရဲ့ အစောင့်တပ်ထဲ ဝင်ကြပါ… အဲ့ဒါဆိုရင် ဒီနေ့ကိစ္စကို ဘာမှမဖြစ်သလို ငါသဘောထားပေးမယ် ”

ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း ယုရုံကိုင်က တုန်ယင်သွားသည်။

ဘေးပတ်ဝန်းကျင်၌ စောင့်ကြည့်နေသူများနှင့် စစ်သည်တော်များက မျက်လုံးပြူးကျယ်သွားကြသည်။

ထိုဗိုလ်မှူးက အခြေအနေကို ထိန်းချုပ်ရန် ရောက်လာခြင်း မဟုတ်ပေ။ ယင်းအစား သူက ဟန်မူယဲ့နှင့် တခြားလူများကို စည်းရုံးသိမ်းသွင်းရန် ရောက်လာခြင်း ဖြစ်သည်။

မည်သို့ဖြစ်ပါစေ ဤလောကတွင် ခွန်အားသည် အရာရာဖြစ်၏။

အကြည့်အားလုံးက ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားသည်။

ယင်းက ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။

အတိတ်တွင် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော တပ်စခန်းများသည် ယခုကဲ့သို့ ခေါ်ယူစုဆောင်းခြင်း မခံကြရချေ။

အကယ်၍ ဟန်မူယဲ့က ထိုဗိုလ်မှူး၏ တောင်းဆိုမှုကို သဘောတူမည်ဆိုလျှင် သူက အစောင့်တပ်ဖွဲ့ထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်သွားလိမ့်မည်။

ယင်းက မည်မျှရှားပါးသော အခွင့်အရေးလဲ။

မနာလိုသော အကြည့်များက ဟန်မူယဲ့ပေါ်သို့ ကျရောက်လာသည်။

“ ကျုပ်က လက်မခံဘူးဆိုရင်ရော ”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

ငြင်းပယ်တာလား… ။

ဗိုလ်မှူးတစ်ယောက်၏ ခေါ်ယူမှုက ငြင်းဆန်ခံလိုက်ရသည်လော။

ဟန်မူယဲ့၏ စကားကို ကြားသောအခါ ဗိုလ်မှူးက အေးစက်စက် ရယ်လိုက်သည်။ ရက်စက်ကြမ်းကြုတ်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ တကယ်လို့ မင်းက ငြင်းဆန်မယ်ဆိုရင် အချက်ပေး လေချွန်သံကို ထုတ်ဖော်ပြီး အနီးနားဝန်းကျင်က အစောင့်စစ်သည်တော်တွေကို ငါဆင့်ခေါ်လိုက်မယ်… ပြီးတော့ မင်းတို့အားလုံးကို နေရာမှာတင် သတ်ဖြတ်ပစ်မယ် ”

“ ငါမင်းကို စဉ်းစားဖို့ အချိန်သုံးစက္ကန့်… ”

“ သူက မဝင်ချင်ဘူးလို့ ပြောနေပြီပဲ… ဘယ်သူက သူ့ကို အတင်းအဓမ္မခေါ်ရဲလဲ ငါကြည့်မယ် ”

ကျယ်လောင်သော အော်သံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။

အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်အုပ်စုတစ်စုက ညီညာစွာ ဆင်းသက်လာကြသည်။ သူတို့ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါက မိုးမြေကို တုန်လှုပ်သွားစေသည်။

“ ကောင်းကင်ဘုံအစောင့်တပ် ”

“ ကောင်းကင်ဘုံအစောင့်တပ် ရောက်လာပြီ ”

ကောင်းကင်ဘုံအစောင့်တပ်ထဲမှ အားအနည်းဆုံးလူသည်ပင် ကနဦးမူလအဆင့်မှာ ရှိသည်။

ကောင်းကင်ဘုံအစောင့်တပ်မှ တပ်မှူးတစ်ယောက်၏ တိုက်ပွဲစွမ်းအားနှင့် သူ့အမိန့်အောက်မှ စစ်သည်တော်များ၏ ဝိုင်းရံတိုက်ခိုက်မှုက အထွတ်အထိပ် စကြာဝဠာအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်ကို သတ်ပစ်နိုင်သည်။

အံ့ဩသော တီးတိုးစကားသံများကြားတွင် ကောင်းကင်ဘုံအစောင့်တပ်မှ တပ်မှူးယန်ယွင်ဖုန်းက အရှေ့သို့ ထွက်လျှောက်လာသည်။ သူက ဟန်မူယဲ့ကို ပြုံးပြလိုက်ပြီး ပြောသည်။

“ အကိုဟန်က တိုက်ပွဲအကျိုးပြုမှုအမှတ်တွေ ဘယ်လောက်များများ စုဆောင်းမိပြီလဲ မသိဘူး ”

“ တိုက်ပွဲတစ်ရာအတွက် လုံလောက်ပြီလား ”

“ ကျုပ်ရဲ့ ကောင်းကင်ဘုံအစောင့်တပ်ကို ဝင်ရောက်ဖို့ ခင်ဗျားစိတ်ဝင်စားလား ”

All Chapters