← Chapters

အခန်း (၁၆၃၂)

Vol. 117 Ch. 1632

အခန်း (၁၆၃၂)

Vol. 117 Ch. 1632

ကျောက်မင်ယွင်သည် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ လစန္ဒာတောင်ထွတ်၏ တပည့်ကြီး ဖြစ်သည်။

လစန္ဒာတောင်ထွတ်ကို ဟန်မူယဲ့ လွှဲပြောင်းယူခဲ့သည့်အချိန်မှစ၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အုပ်ချုပ်နေစဉ်အတွင်း ကျောက်မင်ယွင်က ဟန်မူယဲ့ အားကိုးရသော တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။

တပ်စခန်း(၉၅၂၈)မှ ဟန်မူယဲ့ ထွက်သွားသည့်အချိန်မှာ သူက လုယွဲ့ဓားကို ကျောက်မင်ယွင်ဆီသို့ အပ်နှင်းပေးခဲ့သည်။

နောက်ပိုင်းတွင် မဟာမူလဘုံဆီသို့ သူတို့ရောက်သွားသည့်အခါ ကျောက်မင်ယွင်က တပ်စခန်းထဲမှ လူတိုင်းကို အမိန့်ပေးညွှန်ကြားခဲ့သည်။ ထိုထဲမှာ ရှုဖုန်းယန်နှင့် တခြားလူများပင် ပါဝင်ကြသည်။

ဤအခိုက်အတန့်မှာ ကျောက်မင်ယွင်က တိုက်ပွဲအကျိုးပြုအမှတ် အစစ်ဆေးခံရန် အရှေ့သို့ လျှောက်သွားသည်။

ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံးက နားစွင့်လိုက်ကြသည်။

မည်သို့သော ရလဒ်ကြောင့် တိုက်ပွဲအကျိုးပြုအမှတ်အကြောင်း ကြေညာသည့် စစ်သည်တော်က ထိုမျှအံ့ဩသွားရသနည်း။

စစ်သည်တော်က သရုပ်တုံကင်ကို စစ်ဆေးနေရင်း မျက်လုံးပြူးကျယ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည်။

“ တပ်စခန်း(၉၅၂၈)က ကျောက်မင်ယွင်… တိုက်ပွဲအကျိုးပြုအမှတ်(၃၈၅၂)မှတ်ကို စုဆောင်းထားတယ် ”

တိုက်ပွဲအကျိုးပြုအမှတ်သုံးထောင်… ။

တိုက်ပွဲတစ်ပွဲအတွင်းမှာ ရန်သူသုံးထောင်ကို သုတ်သင်ခဲ့ခြင်း… ။

၎င်းတို့ကို သူတစ်ယောက်တည်း သတ်ဖြတ်ခဲ့ခြင်းလော၊ အသတ်ခံရသော လူများက သူနှင့်ကျင့်ကြံခြင်းအဆင့်တူသော လူများလော မသေချာပေ။

သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲအကျိုးပြုအမှတ်သုံးထောင်က မည်သူမှ စိတ်ကူးမယဉ်နိုင်သော ပမာဏဖြစ်သည်။

တိုက်ပွဲအကျိုးပြုအမှတ်ကို ကြေညာလိုက်သည့်အခါ တဲအိမ်က လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။

တစ်စုံတစ်ယောက်က တိုက်ပွဲတစ်ပွဲအတွင်းမှာ တိုက်ပွဲအကျိုးပြုအမှတ်သုံးထောင်ကို စုဆောင်းနိုင်လိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။

ထိုစဉ် စစ်သည်တော်ကိုင်ထားသော သရုပ်တုံကင်က ရွှေရောင်ဝင်းလက်သွားသည်။ ဤသည်မှာ သူက တစ်စုံတစ်ယောက်ထံ သတင်းပို့နေသည့်အလားပင်။

တဲအိမ်ထဲတွင် အသက်တစ်ရာရှူချိန်ကြာပြီးနောက် တီးတိုးဆွေးနွေးသံများ ထွက်ပေါ်လာသည်။

“ အဲ့ဒါ ဘယ်သူလဲ… သူရူးသွားပြီလား… သူက ဘယ်လိုလုပ် အဲ့လောက်များတဲ့ တိုက်ပွဲအကျိုးပြုအမှတ်တွေကို စုဆောင်းနိုင်တာလဲ ”

“ သူက ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ ရန်သူတွေကို မရေမတွက်နိုင်အောင် သတ်ခဲ့တာဖြစ်မယ်… ဒါမှမဟုတ် သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ ရန်သူတွေကို သုတ်သင်ပစ်ခဲ့တာဖြစ်မယ်… ဘာပဲပြောပြော ဒီလူက အရမ်းကြမ်းတမ်းတယ် ”

ကျောက်မင်ယွင်အပေါ် ကြည့်သော ထိုလူများ၏ အမြင်က ပြောင်းလဲသွားသည်။

မိမိထက် ကျင့်ကြံခြင်းအဆင့်ပိုမြင့်သော ရန်သူများကို သတ်ပစ်ခဲ့သည့် လူများသာလျှင် ထိုမျှများပြားသော တိုက်ပွဲအကျိုးပြုအမှတ်များကို စုဆောင်းနိုင်လိမ့်မည်။

“ တိုက်ပွဲတစ်ပွဲတည်းနဲ့ တိုက်ပွဲအကျိုးပြုအမှတ်သုံးထောင်… အဲ့ဒါက ကောင်းကင်ဘုံစစ်ပွဲမှာ အမြင့်ဆုံးရလဒ်မဟုတ်ဘူးလား ”

“ ရှန်းဟဲစီရင်စုက သူတို့ရဲ့ လက်ထောက်ဗိုလ်ချုပ်နေရာအတွက် လူရှာနေတယ်လို့ ငါကြားတယ်… ကြည့်ရတာ ဒီလူက အဲ့ဒီနေရာအတွက် သင့်တော်တဲ့ပုံပဲ ”

“ ကောင်းကင်ဘုံအစောင့်တပ်ရဲ့ လက်ထောက်ဗိုလ်ချုပ်လား… အဲ့ဒီနေရာက ထင်သလောက် မလွယ်ဘူး ”

“ တိုက်ပွဲအကျိုးပြုအမှတ်သုံးထောင်ကို တခြားဘယ်သူက ရနိုင်လို့လဲ ”

ထိုစဉ် ပုံရိပ်အများအပြားက တဲအိမ်၏ အပြင်ဘက်သို့ တိတ်တဆိတ် ရောက်လာကြသည်။ သူတို့ထဲမှ တချို့က တဲအိမ်ထဲမှ အခြေအနေကို အာရုံစိုက်လိုက်ကြသည်။

ဟန်မူယဲ့က အပြင်ဘက်မှ လူများကို အာရုံခံမိသွားသည်။ သူတို့ထဲမှ အများစုက စကြာဝဠာအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး နှစ်ယောက်က ယင်ယန်အဆင့်မှာ ဖြစ်ကြသည်။

သို့သော်လည်း ဟန်မူယဲ့က ထိုလူများကို ဂရုမစိုက်ပေ။

“ တိုက်ပွဲတစ်ပွဲတည်းနဲ့ တိုက်ပွဲအကျိုးပြုအမှတ်သုံးထောင်ကို စုဆောင်းနိုင်တယ်… အဲ့ဒီရလဒ်က ကောင်းကင်ဘုံစစ်ပွဲမှာ သေချာပေါက် ပထမတန်းစားဖြစ်လိမ့်မယ် ”

မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်က ပြောသည်။

သူ၏ ဘေးပတ်ဝန်းကျင်မှ လူများက ယင်းကို သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

“ တိုက်ပွဲအကျိုးပြုအမှတ်သုံးထောင်လောက်ကို ပထမတန်းစားလို့ ခင်ဗျားက မြင်တာလား ”

ထိုအခိုက်အတန့်မှာ တခြားအသံတစ်သံက ထွက်ပေါ်လာသည်။

တဲအိမ်အပြင်ဘက်တွင် နောက်ထပ် ပုံရိပ်များက အမြန်ရောက်လာကြသည်။

သတ်ဖြတ်ခြင်းအရှိန်အဝါက တစ်ဟုန်ထိုး ပေါ်လျှိုးလာပြီး သွေးချီစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။

အရှေ့ဆုံးမှ ဦးဆောင်လာသူသည် အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူက မျက်နှာကို သွေးချီစွမ်းအားဖြင့် ဖွဲ့စည်းထားသော နတ်ဘုရားအင်းသင်္ကေတများဖြင့် ဖုံးကွယ်ထားသည်။

“ ကျောက်ဟွေ့ ”

“ ကောင်းကင်ဘုံအစောင့်တပ်က ဗိုလ်မှူးကျောက်ဟွေ့လား… ပြောသံကြားတာတော့ သူက လက်ထောက်ဗိုလ်ချုပ်ရာထူးကို အရယူဖို့ စိတ်ဆုံးဖြတ်ထားတယ်တဲ့ ”

“ သူက ကျောက်မိသားစုရဲ့ အကြီးဆုံးသားဖြစ်ပြီး ဒေသအကြီးအကဲစံအိမ်ရဲ့ သူရဲကောင်း(၁၈)ယောက်ထဲမှာ အဆင့်ကိုးချိတ်တယ် ”

အာမေဋိတ်စကားသံများက တဲအိမ်ထဲမှ ပျံ့လွင့်လာသည်။

မကြာမီ လူသန်ကြီးကျောက်ဟွေ့က တဲအိမ်ထဲသို့ အမြန်ဝင်သွားပြီး သူ၏ ခါးမှာ ချိတ်ဆွဲထားသော တုံကင်ကို ဖြုတ်ယူလိုက်သည်။ သူက တုံကင်ကို စစ်သည်တော်ထံသို့ ပစ်ပေးလိုက်သည်။

တိုက်ပွဲအကျိုးပြုအမှတ်များကို ကြေညာပေးနေသော စစ်သည်တော်က တုံကင်ကို ဖမ်းယူလိုက်သည်။ ဝိညာဉ်အလင်းက တုံကင်ကို လွှမ်းခြုံသွားသည့်အခါ သူက အံ့အားသင့်စွာ ပြောလိုက်သည်။

“ ကောင်းကင်ဘုံအစောင့်တပ်ရဲ့ ဗိုလ်မှူးကျောက်ဟွေ့က တိုက်ပွဲအကျိုးပြုအမှတ်(၄၈၀၀)မှတ်ကို စုဆောင်းထားပါတယ် ”

လေးထောင့်ရှစ်ရာတိုက်ပွဲအကျိုးပြုအမှတ်… ။

အာမေဋိတ်သံများက တဲအိမ်ထဲမှာ ထပ်မံ ထွက်ပေါ်လာသည်။

ယနေ့ အခြေအနေသည် ကောင်းကင်ဘုံစစ်ပွဲစတင်သည့်အချိန်မှစ၍ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ဖြစ်သည်။

လက်ရွေးစင်စစ်သည်တော်နှစ်ယောက်၏ တိုက်ပွဲအကျိုးပြုအမှတ်များက အမှန်တကယ် အံ့ဩဖွယ်ကောင်းသည်။

“ တိုက်ပွဲအကျိုးပြုအမှတ်သုံးထောင်က အံ့ဩစရာကောင်းနေပြီကို… အခု တိုက်ပွဲအကျိုးပြုအမှတ်လေးထောင့်ရှစ်ရာ စုဆောင်းထားတဲ့ လက်ရွေးစင်က ထွက်ပေါ်လာပြီ ”

လူတိုင်းက အံ့ဩသွားကြသည်။

“ ဒီတစ်ခေါက် ကောင်းကင်ဘုံစစ်ပွဲက ဒဏ္ဍာရီတွင်တော့မယ့်ပုံပဲ ”

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်လေရာ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံစစ်ပွဲမှာ ထိုသို့လက်ရွေးစင်များ ထွက်ပေါ်လာခြင်းက ကောင်းမွန်သောအရာ ဖြစ်သည်။

လူတိုင်း၏ အကြည့်က ကျောက်ဟွေ့ပေါ်သို့ ကျရောက်သွားသည်။

“ သူက ကျောက်မိသားစုရဲ့ တိုက်ရိုက် မျိုးဆက်တစ်ယောက်ဖြစ်ပြီး အကြီးအကဲကျောက်ရှိုးကျန့်ရဲ့ မြေးဖြစ်တယ်… သူဒီလိုစွမ်းဆောင်နိုင်တာ မထူးဆန်းပါဘူး ”

အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က တိုးညင်းစွာ ပြောသည်။

သူက အစောနက ရောက်လာခဲ့သော ယင်ယန်အဆင့် ကျွမ်းကျင်ပညာရှင်နှစ်ယောက်အနက် တစ်ယောက်ဖြစ်သည်။

“ ကျောက်ဟွေ့က လက်ထောက်ဗိုလ်ချုပ်ရာထူးအတွက် မျက်စိကျနေတာ အတော်ကြာပြီ… ဒေသအကြီးအကဲစံအိမ်က ကျောက်မိသားစု ပိုပြီးအင်အားကြီးမားလာမှာကို စိုးရိမ်နေတာကြောင့်မဟုတ်ရင် အစောကြီးကတည်းက ဒီရာထူးက… ”

ယင်ယန်အဆင့် တခြားကျွမ်းကျင်ပညာရှင်က တီးတိုးပြောသည်။ စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

စီရင်စုအတွင်းမှာလည်း အင်အားပြိုင်ဆိုင်မှုများ ရှိပေသည်။

“ မင်းရဲ့ နာမည်က ကျောက်မင်ယွင်မဟုတ်လား ”

ကျောက်ဟွေ့က ကျောက်မင်ယွင်ကို မောက်မာထောင်လွှားသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ ငါမြင်ရသလောက်တော့ ဒီကောင်းကင်ဘုံစစ်ပွဲမှာ ငါနဲ့ ယှဉ်ပြိုင်နိုင်တဲ့ လူတွေက အများကြီး မရှိဘူး ”

“ မင်းက အဲ့ဒီလူနည်းစုထဲက တစ်ယောက်ပဲ ”

သူက လက်မြှောက်လိုက်ပြီး ကျောက်မင်ယွင်ကို ညွန်လိုက်ကာ ကျယ်လောင်စွာ ပြောသည်။

“ ဒီတော့… မင်းနဲ့ ငါနဲ့ အတူလက်တွဲရအောင် ”

“ လက်ထောက်ဗိုလ်ချုပ်ရာထူးကို ငါရပြီးတာနဲ့ မင်းက ငါ့ရဲ့ အရာရှိသုံးယောက်ထဲက တစ်ယောက်ဖြစ်လာမယ် ”

သူက ကျောက်မင်ယွင်ကို ကတိပေးလိုက်သည်။

ကျောက်ဟွေ့က လက်ထောက်ဗိုလ်ချုပ်ရာထူးကို သေချာပေါက် အရယူရန် စိတ်ဆုံးဖြတ်ထားကြောင်း ထင်ရှားသည်။

ကျောက်ဟွေ့သာလျှင် ထိုသို့စကားကို ပြောဝံ့လိမ့်မည်။

တဲအိမ်ထဲမှ လူတိုင်း၏ အမြင်တွင် ယင်းက သာမန်ဖြစ်သည်။

“ အို ဘုရားရေ… ကျောက်မင်ယွင်နဲ့ ကျောက်ဟွေ့ ပူးပေါင်းသွားမယ်ဆိုရင် သူတို့က ဘယ်လောက်အင်အားကြီးမားသွားလိမ့်မလဲ ”

“ ဒါပေါ့… တိုက်ပွဲအကျိုးပြုအမှတ်သုံးထောင်နဲ့ လေးထောင့်ရှစ်ရာကို ပေါင်းလိုက်မယ်ဆိုရင် ဘယ်တပ်စခန်းက သူတို့ကို ကျော်နိုင်တော့မှာလဲ ”

သဘောတူသော အသံများ ထွက်ပေါ်လာသည်။

လူအများစုက မျက်လုံးဝင်းလက်သွားကြသည်။

ကျောက်မင်ယွင်က ကျောက်ဟွေ့ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ အံ့ဩသော အမူအရာ ထွက်ပေါ်လာသည်။

“ ငါ့ကို မင်းနဲ့ ပူးပေါင်းစေချင်တာလား ”

ကျောက်ဟွေ့က ခေါင်းညိတ်လိုက်သည်။

“ ကောင်းကင်ဘုံစစ်ပွဲမှာ လူအနည်းစုပဲ ငါနဲ့ အတူလက်တွဲနိုင်တယ်… အဲ့ဒါကို မင်းဂုဏ်ယူသင့်တယ် ”

ကျောက်မင်ယွင်၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။

သူက ခေါင်းညိတ်လိုက်ပြီး စစ်သည်တော်၏ လက်ထဲမှ သရုပ်တုံကင်ကို ပြန်ယူလိုက်သည်။ သူက ဆုလာဘ်ကို လက်ခံပြီးနောက် အနောက်ဆုတ်သွားသည်။

ကျောက်ဟွေ့က ထပ်မံ စကားပြောတော့မည့်အချိန် အရပ်ရှည်သော အမျိုးသားတစ်ယောက်က အရှေ့တတ်လာပြီး သူ၏ သရုပ်တုံကင်ကို စစ်သည်တော်ထံသို့ ကမ်းပေးလိုက်သည်။

စစ်သည်တော်က တုံကင်ကို ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ သရုပ်တုံကင်က ထွန်းလင်းတောက်ပသွားသည်။

“ တပ်စခန်း(၉၅၂၈)က စုကြွယ်ရှန့်… တိုက်ပွဲအကျိုးပြုအမှတ်(၆၃၄၅)မှတ်ကို စုဆောင်းထားပါတယ် ”

ထိုအခိုက်အတန့်မှာ တခြားကျင့်ကြံသူတစ်ယောက်က အရှေ့တတ်လာပြီး သူ၏ သရုပ်တုံကင်ကို ကမ်းပေးလိုက်သည်။

“ တပ်စခန်း(၉၅၂၈)က ဝူရှီးလန်… တိုက်ပွဲအကျိုးပြုအမှတ်(၈၆၅၀)မှတ်ကို စုဆောင်းထားပါတယ် ”

တဲအိမ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကျောက်ဟွေ့က မျက်လုံးပြူးကျယ်သွားပြီး အသက်ရှူရန် မေ့သွားသည်။

ဟန်မူယဲ့၏ အရှေ့မှာ မတ်တတ်ရပ်နေသော ရှုကျိချူးက ပြုံးလိုက်ပြီး အရှေ့သို့ အမြန်လျှောက်သွားသည်။ သူက လက်ထဲမှ သရုပ်တုံကင်ကို စစ်သည်တော်ထံသို့ ကမ်းပေးလိုက်သည်။

“ ကျုပ် ဒီတိုက်ပွဲမှာ အမှတ်ဘယ်လောက်ရထားလဲ တစ်ချက်လောက် ကြည့်ပေးပါဦး ”

စစ်သည်တော်က ဇဝေဇဝါဖြစ်သော မျက်နှာဖြင့် သရုပ်တုံကင်ကို လှမ်းယူလိုက်သည်။ ဝိညာဉ်အလင်းက တုံကင်ပေါ်မှာ ထွက်ပေါ်လာသည်။

ထို့နောက် သူ၏ ပုံစံက ပိုပြီးဇဝေဇဝါဖြစ်သွားသည်။ သူက ရှုကျိချူးကို ကြည့်လိုက်ပြီး ပြောသည်။

“ မင်း… မင်းရဲ့ တိုက်ပွဲအကျိုးပြုအမှတ်ကို… ငါမကြည့်နိုင်ဘူး… ”

တိုက်ပွဲအကျိုးပြုအမှတ်ကို မကြည့်နိုင်ဘူးလား… ။

ဘာဖြစ်တာလဲ… ။

အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော ယင်ယန်အဆင့် ကျွမ်းကျင်ပညာရှင်က အရှေ့သို့ အမြန်လျှောက်လာသည်။

“ ငါ့ကို တစ်ချက်ပြကြည့်စမ်း ”

“ တိုက်ပွဲတစ်ပွဲတည်းနဲ့ တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်းရတဲ့ လူတွေရဲ့ သရုပ်တုံကင်ကပဲ ဖုံးကွယ်ခံရလိမ့်မယ်… ဒီတစ်ခေါက် တိုက်ပွဲမှာ တစ်ယောက်ယောက်က အမှတ်တစ်သောင်းရရှိလိမ့်မယ်လို့ ငါမယုံဘူး ”

သူက ရှုကျိချူး၏ သရုပ်တုံကင်ကို ဖမ်းဆုပ်လိုက်ပြီး သူ၏ သွေးချီကို အထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် သူက မျက်လုံးပြူးကျယ်သွားသည်။

“ အဲ့ဒါ တကယ် အမှတ်တစ်သောင်းပဲ… ”

တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်း… ။

တိုက်ပွဲတစ်ပွဲတည်းနဲ့ တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်းရရှိတယ်လား… ။

အကယ်၍ တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းက တစ်မှတ်၊ အန္တိမတာအိုအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းက ဆယ်မှတ်၊ ကနဦးမူလအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းက အမှတ်တစ်ရာ၊ စကြာဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းက အမှတ်တစ်ထောင်ဆိုလျှင်…

တစ်စုံတစ်ယောက်က အမှတ်တစ်သောင်းရရန် ယင်ယန်အဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်ကို သတ်ပစ်ရလိမ့်မည်။

အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။

ယင်ယန်အဆင့် အစွမ်းထက်ပညာရှင်သည် မည်သည့်အင်အားစုတွင်မဆို ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

ဥပမာ စစ်သည်တော်သန်းပေါင်းများစွာရှိသော တပ်စခန်းအကြီးကြီးများတွင်ပင် ယင်ယန်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များက လက်တစ်ဆုပ်စာသာ ရှိသည်။

ယင်ယန်အဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်သည် စစ်သည်တော်တစ်သိန်းကို အမိန့်ပေးနိုင်သည်။

“ တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်း… ”

သူ့အရှေ့မှ ရှုကျိချူးကို ကြည့်နေရင်း ကျောက်ဟွေ့က မျက်လုံးပြူးကျယ်သွားသည်။ ဤသည်မှာ သူက သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလားပင်။

စုကြွယ်ရှန့်က တိုက်ပွဲအကျိုးပြုအမှတ်ခြောက်ထောင်ကို ပိုင်ဆိုင်သည်။

ဝူရှီးလန်က တိုက်ပွဲအကျိုးပြုအမှတ်ရှစ်ထောင်ကို ပိုင်ဆိုင်သည်။

ရှုကျိချူးက တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်းကို ပိုင်ဆိုင်သည်။

ဤအခိုက်အတန့်မှာ ကျောက်ဟွေ့က သူ့ကိုယ်သူ လူပြက်တစ်ယောက်ဟု ခံစားမိသွားသည်။

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… တိုက်ပွဲတစ်ပွဲတည်းနဲ့ တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်းကို စုဆောင်းနိုင်တဲ့လူ ဒီကမ္ဘာမှာ ရှိလို့လား ”

ကျောက်ဟွေ့က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

“ ဘာလို့မဖြစ်နိုင်ရမှာလဲ ”

ရှုကျိချူး၏ သရုပ်တုံကင်ကို ကိုင်ထားသော လူသန်ကြီးက ခေါင်းယမ်းရင်း နူးညံ့စွာ ပြောသည်။

“ ကောင်းကင်ဘုံစစ်ပွဲမှာ တိုက်ပွဲအကျိုးပြုအမှတ်တစ်သောင်း စုဆောင်းနိုင်တဲ့ လူတွေက အနာဂတ်မှာ အင်အားစုကြီးတစ်ခုရဲ့ အုပ်ချုပ်သူတွေ ဖြစ်လာကြလိမ့်မယ်… သူတို့က မိုင်ပေါင်းဘီလီယံနဲ့ချီ ကျယ်ပြောတဲ့ ဒေသကြီးတွေကို လွှမ်းမိုးအုပ်ချုပ်နိုင်ကြလိမ့်မယ် ”

ယင်ယန်အဆင့် လူသန်ကြီးက ရှုကျိချူးကို ကြည့်နေရင်း သိမ်မွေ့နူးညံ့စွာ ပြောသည်။

“ တာအိုရောင်းရင်း… ရှန်းဟဲစီရင်စုရဲ့ ဒေသအကြီးအကဲစံအိမ်ကို ဝင်ရောက်ဖို့ မင်းစိတ်ဝင်စားလား ”

All Chapters