← Chapters

အခန်း (၁၆၃၆)

Vol. 117 Ch. 1636

အခန်း (၁၆၃၆)

Vol. 117 Ch. 1636

အဆုံးမဲ့စွာ ကျယ်ပြောသော ဟင်းလင်းပြင်၏ အခြားတစ်ဖက်တွင်…

ဟန်မူယဲ့က မီတာတစ်သောင်းရှည်လျားသော ဘီလူးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး ဧရာမဓားကို ဖမ်းဆုပ်လိုက်သည်။

သူ၏ ဘေးပတ်ဝန်းကျင်၌ လျှပ်စီးတန်းများက ယှက်ထွေနေကြပြီး မိုးကြိုးပင်လယ်တစ်စင်းကို ဖွဲ့စည်းနေကြသည်။

မိုးကြိုးပင်လယ်က မိုင်ထောင်ပေါင်းများစွာ ကျယ်ပြောသော ဧရိယာကို ဖုံးလွှမ်းသွားသည်။

မိုးကြိုးပင်လယ်၏ အပေါ်တွင် ရွှေရောင်မီးတောက်ကြာပန်းများက လွင့်မျောနေကြသည်။

မိုးကြိုးပင်လယ်နှင့် မီးပင်လယ်ကြားတွင် အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။

ဓားအလင်းသည် မိုးကြိုးပင်လယ်၏ ကြေးချွတ်သန့်စင်ဘုံထဲမှာ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။ မည်သည့်သက်ရှိမှ ဓားအလင်း၏ သတ်ဖြတ်ခြင်းကို မခုခံနိုင်ပေ။

တိုက်ပွဲဝင်ရန် စိတ်အားထက်သန်နေကြသော ဟွမ်ချန်းမင်နှင့် တခြားလူများက ဘေးပတ်ဝန်းကျင်မှ မိုးကြိုးသွားများကို မြင်သွားသောအခါ ဆွံ့အသွားကြသည်။

မိုးမြေကြားထဲမှ မိုးကြိုးပင်လယ်၏ တည်ရှိမှုကြောင့် သူတို့က မည်သည့်အရာမှ လုပ်ဆောင်ရန် မလိုအပ်ပေ။

“ ဂျိန်း ဂျိန်း... ”

သေခြင်းရှင်ခြင်းအဆင့် သားရဲတစ်ကောင်၏ ခန္ဓာကိုယ်က မိုးကြိုးသွားတစ်စင်းဖြင့် ထိမှန်သွားပြီး အက်ကွဲသွားသည်။ မဟာပန်သွန်ကျောက်တုံးများက နေရာအသီးသီးသို့ ပြုတ်ကျသွားကြသည်။

စစ်သည်တော်များက ဝမ်းသာပျော်ရွှင်သွားကြပြီး မဟာပန်သွန်ကျောက်တုံးများကို သိမ်းဆည်းရန် အရှေ့သို့ ပြေးသွားကြသည်။

သူတို့၏ ဘေးပတ်ဝန်းကျင်တွင် မိုးကြိုးသွားများ၊ မီးတောက်ကြာပန်းများနှင့် ဓားအလင်းတန်းများ ရှိကြသည်။ သူတို့က ယင်းတို့ကို နည်းနည်းမှ မထိဝံ့ကြချေ။

“ ဘန်း ”

လက်သည်းရှည်သားရဲကလန်မှ လှံရှည်ကိုင်ထားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က မိုးကြိုးသွားဖြင့် ထိမှန်သွားပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။

သေခြင်းရှင်ခြင်းစွမ်းအားက လေထဲမှာ လွင့်ပြယ်သွားပြီး မရေမတွက်နိုင်သော မဟာပန်သွန်ကျောက်တုံးများက မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာသော လှံကို ဖမ်းဆုပ်လိုက်သည်။ မှတ်ဉာဏ်ဒီရေက သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာသည်။

သူ့အရှေ့မှ မြင်ကွင်းများက ပြောင်းလဲသွားသည်။ ထိုမြင်ကွင်းများထဲတွင် စစ်သည်တော်သန်းတစ်ရာပါဝင်သော စစ်တပ်များက စုဝေးနေကြောင်း သူမြင်တွေ့သွားသည်။

မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲများနှင့် မဟာမူလဘုံ၏ လက်သည်းရှည်သားရဲကလန်မှ စစ်သည်တော်များက အင်အားကြီးမားသော စစ်တပ်များကို ဖွဲ့စည်းထားကြပြီး အရပ်ရှစ်မျက်နှာမှ ဝိုင်းရံထားကြသည်။

အဝေးသို့ လှမ်းကြည့်လိုက်သည့်အခိုက် ဟန်မူယဲ့၏ မျက်လုံးက တိုက်ပွဲစိတ်ဆန္ဒဖြင့် ထွန်းလင်းတောက်ပသွားသည်။

ငါ့ကို ဝိုင်းရံပြီး သတ်ချင်တာလား… ။

စစ်သည်တော်သန်းတစ်ရာ… ။

ယင်းက သူ့ကိုယ်ပိုင်စစ်တပ်၏ အရေအတွက်ထက် အဆပေါင်းများစွာ ပိုများပြားသည်။ သို့သော်လည်း ယင်းက ကိစ္စမရှိပေ။

ယင်းက သူ့ကို တိုက်ပွဲအကျိုးပြုအမှတ်အလုံအလောက် ပေးလိမ့်မည်။

သူက သဘောကျစွာ ရယ်လိုက်ပြီး အရှေ့သို့ ချီတတ်သွားသည်။

ဟန်မူယဲ့က ဓားကိုင်လျက် အရှေ့သို့ လျှောက်သွားနေစဉ် မီးတောက်ကြာပန်းများနှင့် လျှပ်စီးကြေးချွတ်သန့်စင်ဘုံက အရှေ့သို့ ရွေ့လျားသွားကြသည်။

တောင်တန်းများနှင့် ပင်လယ်များက သူ့ကို မတားဆီးနိုင်ကြချေ။ ယင်းတို့က အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားကြပြီး အလွှာလိုက် ကွဲထွက်သွားကြသည်။

ပျက်စီးသွားသော မိုးမြေအစိတ်အပိုင်းများက ဟန်မူယဲ့၏ အနောက်မှ ပုံရိပ်ယောင်စကြာဝဠာထဲသို့ ဝင်ရောက်သွားကြသည်။ ထို့နောက် ယင်းတို့က သူ့ကိုယ်ပိုင်စကြာဝဠာနှင့် တစ်သားတည်း ပေါင်းစည်းသွားကြသည်။

မိုင်သန်းပေါင်းများစွာ ရွေ့လျားပြီးနောက် ဟန်မူယဲ့၏ စကြာဝဠာပုတီးစေ့(၃၆၀)လုံးအနက် ပုတီးစေ့(၈၀)လုံးက စကြာဝဠာများအဖြစ် ပြောင်းလဲသွားကြသည်။

ဟွမ်ချန်းမင်နှင့် တခြားလူများက လုံးဝ အံ့ဩသွားကြသည်။

ဟန်မူယဲ့၏ စကြာဝဠာက မည်မျှကျယ်ပြောသောကြောင့် ထိုမျှများပြားသော မိုးမြေအစိတ်အပိုင်းများကို သူစုဆောင်းနေရသနည်း။

ယင်းက သူတို့စိတ်ကူးမယဉ်နိုင်သော ပမာဏဖြစ်သည်။

မိုးမြေအစိတ်အပိုင်းများကို စုဆောင်းခြင်းနှင့် မဟာမူလဘုံမှ မူလစွမ်းအားကို ဝါးမျိုခြင်းသည်လည်း တိုက်ပွဲအကျိုးပြုအမှတ်များကို ရရှိစေသည်။

ဟန်မူယဲ့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း တိုက်ပွဲအကျိုးပြုအမှတ်အများကြီးကို စုဆောင်းမိသည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ တိုက်ပွဲအကျိုးပြုအမှတ်က သန်းရှစ်ဆယ်ရှိသွားသည်။

အခြားတစ်ဖက်တွင်တော့ တန်ကိုင်နှင့် တခြားလူများက ဆယ်သန်းမပြည့်သေးပေ။

တန်ကိုင်၏ လက်အောက်မှာ စစ်သည်တော်ရှစ်သန်းရှိသော်လည်း သူတို့က ဟန်မူယဲ့၏ လျှပ်စီးကြေးချွတ်သန့်စင်ဘုံကို မယှဉ်နိုင်ကြပေ။

“ ရဲတင်းလိုက်တာ ”

“ ရိုင်းစိုင်းလှချည်လား ”

မိုးခြိမ်းသံပမာ ကျယ်လောင်သော အော်သံများက ထွက်ပေါ်လာသည်။

အရှေ့တွင် ဧရာမပုံရိပ်နှစ်ခုက ထွက်ပေါ်လာကြပြီး ဟန်မူယဲ့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။

မီးတောက်ကြာပန်းများနှင့် လျှပ်စီးကြေးချွတ်သန့်စင်ဘုံက ထိုတိုက်တန်နှစ်ကောင်နှင့် တွေ့ဆုံသွားသည့်အခါ မရေမတွက်နိုင်သော မဟော်ဂနီရွှေအလင်းတန်းများက ကောင်းကင်ယံမှာ ထွက်ပေါ်လာကြသည်။

တိုက်တန်နှစ်ကောင်သည် ကမ္မအဆင့်ထက် သာလွန်သော သံသရာစက်ဝန်းအဆင့် လက်သည်းရှည်သားရဲများ ဖြစ်ကြသည်။

မဟာမူလဘုံတွင် သံသရာစက်ဝန်းအဆင့်က အထွတ်အထိပ် တည်ရှိမှုဖြစ်သည်။

ဟန်မူယဲ့ ထုတ်ဖော်ထားသော စွမ်းအားသည်လည်း သံသရာစက်ဝန်းအဆင့် တိုက်ပွဲစွမ်းအားဖြစ်သည်။

ယင်းက မဟာမူလဘုံ၏ မူလစွမ်းအားကို စုဝေးနိုင်သော နယ်ပယ်ဖြစ်သည်။

“ သတ် ”

ဟန်မူယဲ့၏ အနောက်တွင် ဝိညာဉ်မီးတောက်မှ အသွင်ပြောင်းလဲသွားသော စစ်ဗိုလ်ချုပ်က ရွှေရောင်လှံတစ်ချောင်းကို ဆုပ်ကိုင်လျက် အရှေ့ထွက်လာသည်။

“ မီးတောက်မျိုးနွယ် ”

“ အဲ့ဒါ ထျန်းဟောင်နတ်ဘုရားလှံပဲ ”

လက်သည်းရှည်သားရဲကလန်မှ သံသရာစက်ဝန်းအဆင့် တိုက်တန်နှစ်ကောင်သည် မျက်လုံးပြူးကျယ်သွားကြပြီး အလန့်တကြား အော်ပြောလိုက်ကြသည်။

ဝိညာဉ်မီးတောက်က ထျန်းဟောင်နတ်ဘုရားလှံ၏ စွမ်းအားကို အသက်သွင်းလိုက်လေရာ ပေတစ်သောင်းရှည်လျားသော မီးနဂါးတစ်ကောင်က လေထဲမှာ ထွက်ပေါ်လာပြီး လက်သည်းရှည်သားရဲကလန်မှ တိုက်တန်နှစ်ကောင်ကို တိုက်ခိုက်လိုက်သည်။

ဟန်မူယဲ့က မရပ်တန့်သွားဘဲ အရှေ့သို့ ဆက်လက် လျှောက်သွားသည်။

မီးတောက်စွမ်းအားက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားပြီး မီးတောက်ပင်လယ်က မီးတောက်လျှောက်လမ်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

“ အရှင်သခင် ”

မီးတောက်လျှောက်လမ်းပေါ်တွင် ပေတစ်ထောင်ရှည်လျားသော မီးတိုက်တန်တစ်ကောင်က ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။

ထိုမီးတိုက်တန်၏ အနောက်တွင် မရေမတွက်နိုင်သော ဝိညာဉ်မီးတောက်သားရဲများက စုဝေးသွားကြသည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လေရာ ရွှေရောင်အလင်းက ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်မီးတောက်သားရဲအားလုံးကို ဖုံးလွှမ်းသွားသည်။

မိုင်တစ်သောင်းရှည်လျားသော မီးတောက်လျှောက်လမ်းနှင့် ဝိညာဉ်မီးတောက်သားရဲအားလုံးက ဟန်မူယဲ့၏ စကြာဝဠာပုတီးစေ့တစ်လုံးထဲသို့ ဝင်ရောက်သွားကြသည်။

ထို့နောက် မီးတောက်စကြာဝဠာနယ်မြေတစ်ခုက သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။

“ ဗုန်း ”

ဟန်မူယဲ့၏ အရှေ့မှ မီးတောက်ပင်လယ်က ပျောက်ကွယ်သွားသည့်အခါ မြေကြီးအောက်ထဲတွင် ထူးဆန်းသော မီးခိုးရောင်လောကတစ်ခု ထွက်ပေါ်လာသည်။

မီးခိုးရောင်လောက၏ မိုးမြေကြားတွင် မိစ္ဆာပုံရိပ်များက ပြေးလွှားနေကြသည်။

“ အရှင်… ကျုပ်ရဲ့ မီးတောက်မျိုးနွယ်က အဲ့ဒီမိစ္ဆာသားရဲတွေကို နှိမ်နင်းနေတဲ့အချိန် လက်သည်းရှည်သားရဲကလန်က အခွင့်ကောင်းယူပြီး ကျုပ်တို့ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြပါတယ်… အဲ့ဒါကြောင့် ကျုပ်တို့ရဲ့ မီးတောက်မျိုးနွယ်က ပျက်စီးသွားခဲ့ရတာပါ ”

မီးတိုက်တန်က ရိုသေလေးစားစွာ ပြောသည်။

“ နောက်ဆုံးမှာတော့ ကျုပ်တို့မီးတောက်မျိုးနွယ်ရဲ့ မီးနတ်ဘုရားရုံးတော်က ပြိုကွဲသွားခဲ့ပါတယ်… ဒါပေမဲ့ မီးတောက်မျိုးနွယ်ထဲက အစောင့်အရှောက်သားရဲတွေက အဲ့ဒီမိစ္ဆာသားရဲတွေ အပြင်မထွက်လာနိုင်အောင် ဖိနှိပ်ထားကြပါတယ်… သူတို့က တာဝန်ကို လျစ်လျူမရှုရဲကြပါဘူး ”

“ တကယ်လို့ အဲ့ဒီမိစ္ဆာသားရဲတွေ လွတ်မြောက်သွားမယ်ဆိုရင် မဟာမူလဘုံတစ်ခုလုံး နတ်ဆိုးကုန်းမြေအဖြစ် ပြောင်းလဲသွားပါလိမ့်မယ် ”

မီးတိုက်တန်က ဆက်ပြောသည်။

“ အဲ့ဒီအခါကျရင် မဟာမူလဘုံထဲက သက်ရှိအားလုံးက ကိုယ်ပိုင်အသိစိတ်မရှိတော့တဲ့ မိစ္ဆာတွေ ဖြစ်လာကြပါလိမ့်မယ် ”

မီးတိုက်တန်က ဟန်မူယဲ့ကို လေးနက်စွာ အရိုအသေပေးလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မြေအောက်ထဲမှ အဆုံးမဲ့သော မိစ္ဆာပုံရိပ်များကို စိုက်ကြည့်လိုက်သည်။

“ အဲ့ဒီမိစ္ဆာသားရဲတွေကို အမြစ်ဖြတ်သုတ်သင်ပစ် ”

သူက မထူးမခြားနား ပြောသည်။

သူ၏ စကားသံဆုံးသွားသည်နှင့် တိုက်ပွဲဆာလောင်နေကြသော မဟာပန်သွန်ဘုံမှ စစ်တပ်များက မြေအောက်ထဲသို့ တစ်ဟုန်ထိုး ဆင်းသွားကြသည်။

စစ်သည်တော်နှစ်သန်းပါဝင်သော စစ်တပ်များက လီတစ်သောင်းကျယ်ပြောသော နတ်ဆိုးကုန်းမြေထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့က သွေးချီအရှိန်အဝါကို ထုတ်လွှတ်လိုက်ကြပြီး အနက်ရောင်မိစ္ဆာသားရဲများကို တိုက်ခိုက်လိုက်ကြသည်။

မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများ၏ သွေးချီစွမ်းအားက အလွန်အမင်း အားကောင်းသည်။ ထို့ကြောင့် သူတို့က နတ်ဆိုးကုန်းမြေ၏ ယိုယွင်းတိုက်စားမှုကို ကြောက်စရာမလိုပေ။

သို့သော်လည်း မိစ္ဆာသားရဲများက ဖျက်ဆီးခံလိုက်ရသည်နှင့်ချက်ချင်း နောက်တစ်ကြိမ် ပြန်ဖွဲ့စည်းသွားလိမ့်မည်။ ယင်းက မိစ္ဆာသားရဲအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် အခက်အခဲဖြစ်စေသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ မဟာပန်သွန်ဘုံတွင် ကျန်နေခဲ့သော တိုက်ပွဲအကျိုးပြုအမှတ်က သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

မိစ္ဆာသားရဲများ အသတ်ခံလိုက်ရသည်နှင့်ချက်ချင်း ရွှေရောင်အလင်းတန်းပေါ်မှ ကိန်းဂဏန်းများက မြန်ဆန်စွာ ပြောင်းလဲသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သိန်းဂဏန်း၊ သန်းဂဏန်းခန့် တိုးမြှင့်သွားသည်။

ထိုမိစ္ဆာသားရဲများက သေဆုံးသွားပြီးနောက် ပြန်လည်ဖွဲ့စည်းသွားသော်လည်း ယင်းက တိုက်ပွဲအကျိုးပြုအမှတ် ရေတွက်မှုကို အနှောင့်အယှက်မဖြစ်စေပေ။

“ မဟာပန်သွန်ဘုံရဲ့ မူလစွမ်းအားကို လှည့်စားလို့ မရဘူး… အဲ့ဒီမိစ္ဆာသားရဲတွေက တကယ် အသတ်ခံလိုက်ကြရတာ… ”

“ သူတို့ကို ဆက်ပြီး သတ်ဖြတ်ကြ… အချိန်ကြာလာရင် သူတို့တွေ ပိုပြီးအားနည်းလာလိမ့်မယ် ”

“ ဒီနေရာမှာပဲ မိစ္ဆာသားရဲတွေကို သတ်ဖြတ်ပြီး တိုက်ပွဲအကျိုးပြုအမှတ်တွေ ရှာဖွေရအောင် ”

ဟန်မူယဲ့၏ အသံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။

သူ၏ စကားက အဓိပ္ပာယ်ရှိသည်။

ထိုမိစ္ဆာသားရဲများက အရေအတွက်များပြားသော်လည်း ၎င်းတို့၏ တိုက်ပွဲစွမ်းအားက မသန်မာပေ။ ထို့ပြင် ၎င်းတို့ကို ထပ်ခါထပ်ခါ သတ်ဖြတ်နိုင်သည်။

သို့ဖြစ်၍ ဤနေရာက သူတို့ကို မရေမတွက်နိုင်သော တိုက်ပွဲအကျိုးပြုအမှတ်များ ပေးနိုင်မည့် ရတနာသိုက်ကြီး ဖြစ်သည်။

မိစ္ဆာသားရဲများကို ထပ်ခါထပ်ခါ သတ်ဖြတ်လိုက်သည့်အခါ ရွှေရောင်အလင်းတန်းပေါ်မှ ကိန်းဂဏန်းများက တစ်ဟုန်ထိုး တိုးပွားသွားသည်။

နေ့ဝက်ကြာပြီးနောက် ဟန်မူယဲ့၏ တိုက်ပွဲအကျိုးပြုအမှတ်က (၄၈)သန်းအထိ တိုးမြှင့်သွားသည်။

တန်ကိုင်၏ တိုက်ပွဲအကျိုးပြုအမှတ်က ယခုမှ (၉)သန်းကျော်ရုံသာ ရှိသေးသည်။

ထိုမျှကြီးမားသော ကွာခြားမှုက ဟန်မူယဲ့နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့ကြသော စစ်သည်တော်များကို ဝမ်းသာပျော်ရွှင်သွားစေသည်။ အထူးသဖြင့် ဟွမ်ချန်းမင်ကဲ့သို့ ဗိုလ်ချုပ်များ ဖြစ်ကြသည်။ သူတို့က ပါးစပ်မစေ့နိုင်အောင် ပြုံးဖြီးနေကြသည်။

အကယ်၍ ဟန်မူယဲ့က ထိုတိုက်ပွဲအကျိုးပြုအမှတ်များဖြင့် စစ်ဦးစီးချုပ်ရာထူးကို ရရှိနိုင်မည်ဆိုလျှင် သူတို့သည်လည်း ကြီးမားသော ဆုလာဘ်များကို ရရှိကြလိမ့်မည်။

ကျင့်ကြံခြင်းအရင်းအမြစ်များဖြစ်စေ သို့မဟုတ် ထူးခြားသော အခွင့်အရေးများဖြစ်စေ ယင်းတို့ကို သူတို့ရရှိနိုင်ကြလိမ့်မည်။

“ ဗုန်း ”

အဝေးတွင် ပေတစ်သိန်းရှည်လျားသော ဧရာမသန္ဓေပြောင်းသားရဲတစ်ကောင်က ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။

ထိုသန္ဓေပြောင်းသားရဲမှာ ဦးခေါင်းကိုးလုံးရှိပြီး ၎င်း၏ နောက်ကျောပေါ်မှာ မရေမတွက်နိုင်သော အနက်ရောင်အကြေးခွံများ ရှိသည်။ ၎င်းမှာ ခြေလက်လေးချောင်းနှင့် အမြှီးရှစ်ချောင်း ရှိသည်။

၎င်း၏ ဦးခေါင်းကိုးခုစလုံးမှာ မီးတောက်များဖြင့် ပြည့်နှက်နေသည်။

“ မီးတောက်မျိုးနွယ်ရဲ့ ဘုရင်လား ”

ဦးခေါင်းကိုးလုံးထဲမှ တစ်လုံးက စကားပြောသည်။

“ ဟွန့်… ငါကမှ မီးတောက်မျိုးနွယ်ရဲ့ စစ်မှန်တဲ့ အရှင်သခင် ”

အခြားဦးခေါင်းတစ်လုံးက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး မီးတောက်များကို မှုတ်ထုတ်လိုက်သည်။

“ ဟား ဟား… သူ့ကို ငါဝါးမျိုနိုင်ရင် ငါက မီးတောက်မျိုးနွယ်ရဲ့ အသန်မာဆုံးဘုရင် ဖြစ်လာလိမ့်မယ် ”

တတိယမြောက်ဦးခေါင်းက အခိုင်အမာ ပြောကြားသည်။ ထို့နောက် ၎င်းက မီးတောက်လှံတစ်ချောင်းကို ဟန်မူယဲ့ထံသို့ မှုတ်ထုတ်လိုက်သည်။

မီးတောက်လှံက လေနှင့် မိုးကြိုးကို သယ်ဆောင်လျက် အရှေ့သို့ ပျံသန်းသွားသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်မီးတောက်သားရဲများကို ခန္ဓာကိုယ်တောင့်တင်းသွားစေသည်။

ယင်းက မီးတောက်မူလစွမ်းအား၏ ဖိနှိပ်မှု ဖြစ်သည်။

“ မီးဒြပ်စင်နတ်သားရဲတစ်ကောင်လား ”

ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူ၏ အမူအရာက တည်ငြိမ်သည်။

ထိုသန္ဓေပြောင်းသားရဲက မီးတောက်မီးလျှံထဲမှာ မွေးဖွားလာသော အစွမ်းထက်သက်ရှိတစ်ကောင်ဖြစ်ပြီး မီးတောက်ထိန်းချုပ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

၎င်းက အတိတ်မှ မီးနတ်ဘုရားရုံးတော်ထဲတွင် အသန်မာဆုံး အစောင့်အရှောက်နတ်သားရဲ ဖြစ်သည်။

ဟန်မူယဲ့က သူ့လက်ထဲမှ ဓားကို မြှောက်လိုက်ပြီး သန္ဓေပြောင်းသားရဲကို ချိန်ရွယ်လိုက်သည်။

“ မီးတောက်စွမ်းအား… မီးတောက်ကနေ အသက်မွေးဖွားလာစမ်း ”

“ ဒါဆိုလည်း ကြည့်ရအောင်… မီးတောက်ထိန်းချုပ်မှုမှာ မင်းဘယ်လောက်တော်လဲဆိုတာ… ”

ဟန်မူယဲ့၏ စကားသံ ပျံ့လွင့်သွားသည်နှင့် မိုးမြေက တုန်လှုပ်သွားသည်။

မူလစွမ်းအားက တစ်ဟုန်ထိုး ပေါ်လျှိုးလာပြီး ဟန်မူယဲ့၏ အနောက်မှာ စုဝေးသွားသည်။ ထို့နောက် ပေတစ်သိန်းရှည်လျားသော မီးတောက်ဖီးနစ်တစ်ကောင်က ထွက်ပေါ်လာသည်။

မီးတောက်မှ အသက်မွေးဖွားခြင်း… ။

မီးတောက်များ၏ ဘုရင်… ။

မီးတောက်ဖီးနစ်… ။

ဖီးနစ်နတ်သားရဲ ထွက်ပေါ်လာသည့်အခိုက် မိုးမြေကြားမှ မီးတောက်အားလုံးက တုန်ယင်သွားကြပြီး ဖီးနစ်ကို တုံ့ပြန်လိုက်ကြသည်။

“ နတ်ဘုရားမီးတောက်… အဲ့ဒါ နတ်ဘုရားမီးတောက်တွေရဲ့ အရှင်သခင်… ”

ခေါင်းကိုးလုံးနတ်သားရဲက တီးတိုးရေရွတ်လိုက်သည်။

All Chapters