အခန်း (၁၆၃၇)
Vol. 117 Ch. 1637
ဖီးနစ်နတ်ဘုရားမီးတောက်… ။
ထိုသို့အရာမျိုးကိုမှ နတ်ဘုရားမီးတောက်ဟု ခေါ်သင့်သည်။
ဟန်မူယဲ့၏ လက်ထဲတွင် နတ်ဘုရားမီးတောက်များက အသင်္ချေရှိသည်။
နတ်ဘုရားမီးတောက်တစ်မျိုးစီက မီးတောက်စွမ်းအား၏ မူလဇစ်မြစ်သိပ်သည်းမှုမှ ဒြပ်ထည်ပုံစံ ဖြစ်သည်။
ဖီးနစ်နတ်ဘုရားမီးတောက်သည် ဟန်မူယဲ့ပိုင်ဆိုင်ထားသော နတ်ဘုရားမီးတောက်များအနက် အသန်မာဆုံး နတ်ဘုရားမီးတောက်မဟုတ်ပေ။ သို့သော် မူလစွမ်းအားကို ခွန်အားဖြင့် မတိုင်းတာပေ။ ယင်းအစား မူလစွမ်းအား၏ အရည်အသွေးနှင့် စွမ်းအားအဆင့်ပေါ်မှာ မူတည်သည်။
မဟာမူလဘုံမှ မီးဒြပ်စင်သန္ဓေပြောင်းသားရဲအတွက်တော့ ဖီးနစ်နတ်ဘုရားမီးတောက်က စိတ်ကူးမယဉ်နိုင်သော စွမ်းအားအဆင့်မှာ ရှိသည်။
ဖီးနစ်နတ်ဘုရားမီးတောက်ကို မြင်လိုက်ရသည့်အခိုက် ခေါင်းကိုးလုံးနတ်သားရဲက ချက်ချင်း အညံ့ခံသွားသည်။
၎င်းက သံသရာစက်ဝန်း၏ အထွတ်အထိပ်၊ ခြေလှမ်းဝက် အာဏာရှင်အဆင့်မှာဖြစ်သော်လည်း မီးတောက်ဖီးနစ်၏ အရှေ့၌ အညံ့ခံရုံသာ တတ်စွမ်းပေသည်။
“ မဖြစ်နိုင်တာ… ဘာလို့ ငါ့ရဲ့ သွေးမျိုးဆက်က ငါ့ကို အညံ့ခံဖို့ တွန်းအားပေးနေတာလဲ ”
ခေါင်းကိုးလုံးအနက် တစ်လုံးက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
“ ငါက မီးနတ်ဘုရားရုံးတော်ရဲ့ အသန်မာဆုံး အစောင့်အရှောက်သားရဲ… ငါအညံ့မခံဘူး… ငါအသက်ရှင်ရမယ်… ”
ခေါင်းကိုးလုံးနတ်သားရဲက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ရွှေရောင်မီးတောက်ဖီးနစ်ထံသို့ ပျံသန်းသွားသည်။
မီးတောက်ဖီးနစ်က ရွှေရောင်ပိုက်ကွန်အဖြစ် အသွင်ပြောင်းလဲသွားပြီး ခေါင်းကိုးလုံးနတ်သားရဲကို တိုက်ရိုက် ဖုံးအုပ်လိုက်သည်။
ပိုက်ကွန်ထဲတွင် ချုပ်နှောင်ခံလိုက်ရသော ခေါင်းကိုးလုံးနတ်သားရဲ၏ ဧရာမခန္ဓာကိုယ်က အဆက်မပြတ် ကျုံ့သွားသည်။
ရွှေရောင်အလင်း မှေးမှိန်သွားသည့်အခါ ၎င်း၏ ခေါင်းကိုးလုံးအနက် သုံးလုံးသာ ကျန်ရှိတော့သည်။
၎င်း၏ တိုက်တန်ခန္ဓာကိုယ်က အမြှီးသုံးချောင်းရှိသော အနက်ရောင်ဝံပုလွေခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းလဲသွားသည်။
၎င်းအသက်ရှူထုတ်လိုက်သည့့်အခါတိုင်း အဆုံးမဲ့သော မီးလျှံများက ထွက်ပေါ်လာလိမ့်မည်။
“ မိစ္ဆာနှိမ်နင်းနတ်သားရဲ… နတ်ဆိုးကုန်းမြေရဲ့ အစောင့်အရှောက်… မဆိုးဘူး ”
ဟန်မူယဲ့က သူ့အရှေ့၌ ဝပ်တွားနေသော ခေါင်းသုံးလုံးနတ်သားရဲကို ကြည့်လိုက်ပြီး နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
၎င်းက မိစ္ဆာနှိမ်နင်းနတ်သားရဲဖြစ်ပြီး နတ်ဆိုးကုန်းမြေကို ကာကွယ်ပေးနေသော အစောင့်အရှောက်သားရဲများအနက် တစ်ကောင်ဖြစ်သည်။
၎င်း၏ အထူးခြားဆုံးစွမ်းရည်မှာ မီးတောက်ထိန်းချုပ်နိုင်မှု ဖြစ်သည်။ ၎င်းက မီးတောက်ကို အသုံးပြုပြီး ဤလောကထဲမှ မိစ္ဆာအားလုံးကို ပြာချပစ်နိုင်သည်။
“ ကျုပ်ရဲ့ မိစ္ဆာနှိမ်နင်းကလန်က သခင်ရဲ့ ကယ်ဆယ်မှုကို တောင်းခံပါတယ် ”
မြေပြင်ပေါ်မှာ ဝပ်တွားနေသော ခေါင်းသုံးလုံးဝံပုလွေက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ အတိတ်မှာ ကျုပ်ရဲ့ မိစ္ဆာနှိမ်နင်းကလန်က လက်သည်းရှည်သားရဲကလန်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရပါတယ်… သူတို့ထဲက အများစုက နတ်ဆိုးမီးတောက်အဖြစ် ပြောင်းလဲသွားပါတယ် ”
“ အသက်ရှင်ကျန်နေခဲ့ကြတဲ့ မိစ္ဆာနှိမ်နင်းကလန်ရဲ့ အဖွဲ့သားသုံးသန်းဟာ ဒီနေရာမှာ စုဝေးနေကြပြီး ငရဲချောက်နက်မီးပင်လယ်ကို ဖိနှိပ်နေကြပါတယ်… ဒါပေမဲ့ အချိန်တိုင်းမှာ ကျုပ်ရဲ့ အဖွဲ့သားတွေက ဆက်တိုက် သေဆုံးနေကြပါတယ် ”
ခေါင်းသုံးလုံးဝံပုလွေက ဟန်မူယဲ့၏ အရှေ့မှာ ဒူးထောက်လိုက်ပြီး အသနားခံသည်။
နတ်ဆိုးမီးတောက်ဟူသည် အရာအားလုံးကို မိစ္ဆာစိတ်ကိန်းအောင်းစေနိုင်သော အမှောင်မီးတောက်ဖြစ်သည်။ ယင်းတို့က သက်ရှိအားလုံး၏ ပင်ကိုယ်အသိစိတ်ကို ဆုံးရှုံးသွားစေလိမ့်မည်။
တစ်နည်းဆိုရလျှင် ယခု ဟန်မူယဲ့၏ စစ်တပ်များ သုတ်သင်ရှင်းလင်းပစ်နေသော မိစ္ဆာသားရဲများက နတ်ဆိုးမီးတောက်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အတိတ်မှာ မဟာမူလဘုံကို မီးတောက်မျိုးနွယ်က အုပ်ချုပ်ခဲ့သည်။ နတ်ဆိုးမီးတောက်၏ တည်ရှိမှုက မီးတောက်မျိုးနွယ်ကြား၌ အဖွဲ့သားအချင်းချင်း ပဋိပက္ခဖြစ်စေခဲ့သည်။ သို့မဟုတ်လျှင် လက်သည်းရှည်သားရဲကလန်က မီးတောက်မျိုးနွယ်ကို ဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ချေ။
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အရှေ့မှ မိစ္ဆာပုံရိပ်များကို ကြည့်လိုက်သည်။
ထိုမိစ္ဆာပုံရိပ်များက သူ့အား အဆုံးမရှိသော တိုက်ပွဲအကျိုးပြုအမှတ်များကို ထောက်ပံ့ပေးနိုင်ရုံသာမက မဟော်ဂနီရွှေကျောက်တုံးများကိုလည်း ချန်ထားပေးသည်။
ထိုကျောက်တုံးများထဲမှာ အလွန်အားကောင်းသော မီးတောက်မူလစွမ်းအားက ကိန်းအောင်းနေသည်။ ယင်းတို့က အစစ်အမှန်မဟုတ်သော်လည်း အဆင့်မြင့် မဟာပန်သွန်ကျောက်တုံးများနှင့် နှိုင်းယှဉ်နိုင်ပေသည်။
မဟော်ဂနီရွှေကျောက်တုံးတစ်တုံးက အဆင့်မြင့် မဟာပန်သွန်ကျောက်တုံးတစ်သန်းနှင့် ညီမျှသည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ထိုကျောက်တုံးများက မည်မျှတန်ဖိုးကြီးမားကြောင်း သိနိုင်ပေသည်။
စစ်သည်တော်နှစ်သန်းအတွက်တော့ ထိုကျောက်တုံးများသည် တိုက်ပွဲအကျိုးပြုအမှတ်များအပြင် သူတို့ရရှိနိုင်သော အပိုဆုလာဘ်များ ဖြစ်ကြသည်။
အရေးကြီးဆုံးမှာ မိစ္ဆာသားရဲများ၏ တိုက်ပွဲစွမ်းအားက အလွန်အားနည်းသည်။
“ စကြာဝဠာအဆင့် စစ်သည်တော်တွေ ငါ့နောက် လိုက်ခဲ့ကြမယ် ”
ဟန်မူယဲ့က မိစ္ဆာသားရဲများကို မရပ်မနား သတ်ဖြတ်နေသော စစ်တပ်များကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
ပုံရိပ်ထောင်သောင်းချီက အရှေ့ထွက်လာကြပြီး ဟန်မူယဲ့၏ အနောက်မှာ ရပ်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားကြသည်။
ခေါင်းသုံးလုံးဝံပုလွေက အရှေ့မှ လမ်းပြနေစဉ် ၎င်း၏ သွေးချီစွမ်းအားက ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားပြီး အလင်းလွှာများကို ဖွဲ့စည်းလိုက်သည်။
“ သခင်… လက်သည်းရှည်သားရဲကလန်ရဲ့ စစ်တပ်က ကျုပ်တို့ကို ဝိုင်းရံထားပါတယ်… ကျုပ်တို့က မိစ္ဆာနှိမ်နင်းကလန်ကို ကယ်တင်နိုင်မယ်ဆိုရင် အဆုံးမဲ့တဲ့ နတ်ဆိုးမီးတောက်ကို အသုံးပြုပြီး မီးတောက်တံတိုင်းတွေကို ဖွဲ့စည်းနိုင်ပါလိမ့်မယ် ”
“ အတိတ်မှာ မီးနတ်ဘုရားရုံးတော် အင်အားကြီးမားခဲ့ချိန်မှာ မီးတောက်တံတိုင်းတွေက ပြင်ပမျိုးနွယ်စုအမြောက်အများကို တားဆီးခဲ့ပါတယ် ”
နတ်ဆိုးမီးတောက်သည် မီးတောက်တစ်မျိုး ဖြစ်သည်။ ယင်းကို ကောင်းမွန်စွာ အသုံးချမည်ဆိုလျှင် စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်များကို ရရှိလိမ့်မည်။
မည်သူမှ နတ်ဆိုးမီးတောက်ဖြင့် ယိုယွင်းတိုက်စားခံရပြီး မိစ္ဆာသားရဲအဖြစ် မပြောင်းလဲချင်ကြပေ။
ရွှေရောင်မီးတောက်များနှင့် နတ်ဘုရားအလင်းက ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွန်းလင်းသွားသည်။ သူ၏ လက်ထဲမှ ဓားက မျက်စိကျိန်းစပ်လုနီးပါး တောက်ပသော အလင်းကို ထုတ်လွှတ်လိုက်သည်။
သူ့အနောက်တွင် ပုံရိပ်ယောင်စကြာဝဠာနယ်မြေက ထွက်ပေါ်လာပြီး လမ်းတစ်လျှောက်မှာရှိသော တောင်တန်းများနှင့် မြစ်ချောင်းများကို ဝါးမျိုလိုက်သည်။ မိုးမြေကြားမှ မူလစွမ်းအားကို စုဆောင်းခြင်းက သူ၏ မိုးမြေစကြာဝဠာကို ပိုပြီးအားကောင်းလာစေရုံသာမက တိုက်ပွဲအကျိုးပြုအမှတ် အများကြီးကိုလည်း ရရှိစေသည်။
…..
မဟာမူလဘုံ၏ အလွန်ကျယ်ပြောသော ကုန်းမြေတစ်နေရာတွင်…
တန်ကိုင်က ဓားမော့ကိုင်ထားလျက် မတ်တတ်ရပ်နေသည်။ သူက မဟာမူလဘုံ၏ မျိုးနွယ်စုတစ်စုအား သုတ်သင်ရှင်းလင်းနေကြသော ဗိုလ်ချုပ်များကို ကြည့်လိုက်သည်။
“ စစ်ဦးစီးချုပ်… ဒီတစ်ကြိမ် ကျုပ်တို့တွေ အနည်းဆုံး တိုက်ပွဲအကျိုးပြုအမှတ် တစ်သန်းခန့် စုဆောင်းမိလောက်တယ် ”
အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူသန်ကြီးတစ်ယောက်က ပြုံးလျက် ပြောသည်။
နေ့တစ်ဝက်ကြာပြီးနောက် သူတို့က တိုက်ပွဲအကျိုးပြုအမှတ် တစ်သန်းခန့် စုဆောင်းမိသွားကြသည်။ ယင်းက သူတို့ကို ဖော်မပြနိုင်အောင် စိတ်လှုပ်ရှားစေသည်။
“ အဲ့ဒီအမြင်ကျဉ်းမြောင်းတဲ့ လူတွေက စစ်ဦးစီးချုပ်ကို စွန့်ပစ်ရဲကြတယ် ”
မုတ်ဆိတ်နက်ရှိသော အကြီးအကဲတစ်ယောက်က ခေါင်းယမ်းလိုက်ပြီး ပြောသည်။ ထို့နောက် သူက ပြုံးလိုက်သည်။
“ အဲ့ဒီစစ်ဦးစီးချုပ်အတုက စစ်သည်တော်နှစ်သန်းလောက်နဲ့ နယ်မြေတွေကို ကျူးကျော်သိမ်းပိုက်နိုင်မယ်လို့ တကယ် ထင်နေတာလား ”
တန်ကိုင်၏ ဘေးမှ ဗိုလ်ချုပ်များက ဟန်မူယဲ့နှင့် သူ့နောက်လိုက်များ၏ အမြင်မရှိမှုအကြောင်း အပြစ်တင်ပြောကြသည်။ သူတို့၏ အမြင်တွင် ဟန်မူယဲ့တို့အုပ်စုက သေတွင်းထဲသို့ ကိုယ့်ဘာသာ ခုန်ချသွားရန် ရွေးချယ်ခဲ့ကြသည်။
တစ်ခုကောင်းသွားသည်မှာ ဟန်မူယဲ့က အမိန့်အာဏာလုယူရန် စိန်ခေါ်ခဲ့သောကြောင့် တန်ကိုင်ကိုယ်တိုင် မဖြစ်မနေ စစ်ထွက်တိုက်ရသည်။
မည်သို့ဖြစ်ပါစေ တန်ကိုင်က ခြေလှမ်းဝက် အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်သည်။
ပုံမှန်အခြေအနေမှာဆိုလျှင် စစ်ဦးစီးချုပ်သည် အထွတ်အထိပ်တိုက်ပွဲများမှသာ ထွက်ပေါ်လာလေ့ရှိသည်။ သူတို့က ယခုကဲ့သို့ စစ်တပ်များအား ဦးဆောင်ပြီး နယ်မြေများကို ကျူးကျော်သိမ်းပိုက်ခြင်း မပြုလုပ်ကြချေ။
သူ၏ ဘေးပတ်ဝန်းကျင်မှ စကားသံများကို ကြားသောအခါ တန်ကိုင်က ပြုံးလိုက်သည်။
ယင်းက သူလိုချင်သော ဗိုလ်ချုပ်များထံမှ သစ္စာရှိမှု ဖြစ်သည်။
သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်အလင်းက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းထဲတွင် မဟာပန်သွန်ဘုံ၌ သူချန်ထားခဲ့သော တိုက်ပွဲအကျိုးပြုအမှတ်၏ ကိန်းဂဏန်းများက ထွက်ပေါ်လာသည်။
“ တိုက်ပွဲအကျိုးပြုအမှတ် ကိုးသန်းသုံးသိန်းငါးသောင်း ”
တန်ကိုင်ထုတ်ဖော်ပြလိုက်သော ပမာဏက သူ၏ ဘေးပတ်ဝန်းကျင်မှ ဗိုလ်ချုပ်များကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ တစ်ချိန်တည်းမှာ သူတို့က ဖော်မပြနိုင်အောင် စိတ်လှုပ်ရှားသွားကြသည်။
တစ်ရက်မပြည့်သေးသော်လည်း သူတို့က တိုက်ပွဲအကျိုးပြုအမှတ်တစ်သန်းကျော်ကို စုဆောင်းမိခဲ့ကြသည်။
“ ဟား ဟား… တိုက်ပွဲအကျိုးပြုအမှတ် တစ်သန်းကို ငါတို့စုဆောင်းမိပြီ… ဟန်မူယဲ့လက်အောက်က စစ်သည်တော်တွေတော့ လက်သည်းရှည်သားရဲကလန်ရဲ့ ဝိုင်းရံတိုက်ခိုက်ခံရပြီး သေသွားလောက်ပြီ ”
တစ်စုံတစ်ယောက်က တန်ကိုင်၏ လက်ထဲမှ တိုက်ပွဲအကျိုးပြုအမှတ်ကို မြင်သွားသောအခါ ဝမ်းသာသွားပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
တိုက်ပွဲအကျိုးပြုအမှတ်တစ်သန်းသည် အတိတ်မှာ သူတို့စိတ်ကူးမယဉ်ဝံ့သော ပမာဏ ဖြစ်သည်။
ထိုနှုန်းအတိုင်းဆိုလျှင် တစ်နှစ်ကြာပြီးနောက် သူတို့က မည်မျှများပြားသော တိုက်ပွဲအကျိုးပြုအမှတ်များကို စုဆောင်းမိသွားမည်နည်း။
ထိုအခါကျလျှင် လူတစ်ယောက်ချင်းစီက အလွန်များပြားသော တိုက်ပွဲအကျိုးပြုအမှတ်များကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။
ဟန်မူယဲ့၏ စိန်ခေါ်မှုက ထိုသို့အခြေအနေကို ဖြစ်ပေါ်စေလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။
ယင်းက သူတို့အားလုံးအတွက် ကောင်းမွန်သောအရာ ဖြစ်သည်။
တန်ကိုင်က စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
ထို့နောက် ရွှေရောင်အလင်းက သူ၏ လက်ဖဝါးပေါ်မှာ လှည့်ပတ်သွားပြီး ဟန်မူယဲ့ဘက်မှ တိုက်ပွဲအကျိုးပြုအမှတ်များကို ဖော်ပြလိုက်သည်။
“ တစ်ရာသုံးဆယ့်ငါးသန်း… ”
သန်းတစ်ရာ… ။
တန်ကိုင်၏ မျက်နှာပေါ်မှ အပြုံးက အေးခဲသွားသည်။
တန်ကိုင်၏ ဘေးပတ်ဝန်းကျင်မှ ဗိုလ်ချုပ်များ၏ အပြုံးသည်လည်း ပျောက်ကွယ်သွားသည်။
ထိုအရေအတွက်က သူတို့အားလုံးကို အသိစိတ်ဗလာဖြစ်သွားစေသည်။ သူတို့က နေရာမှာတင် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
ဘာလို့ တိုက်ပွဲအကျိုးပြုအမှတ်က အဲ့လောက်များနေတာလဲ… ။
မဟာမူလဘုံမှ ကျင့်ကြံသူများက ဟန်မူယဲ့တို့အုပ်စု၏ လက်ချက်ဖြင့် အသတ်ခံရန် တန်းစီရပ်နေကြသည်လော။
သို့မဟုတ် ဟန်မူယဲ့က မဟာပန်သွန်ဘုံ၏ ကောင်းကင်ဘုံသားတော်လော… ။
နေ့တစ်ဝက်အတွင်းမှာ သူတို့က သန်းတစ်ရာကျော်သော တိုက်ပွဲအကျိုးပြုအမှတ်များကို စုဆောင်းနိုင်ခဲ့ကြသည်။ ယင်းက ဒဏ္ဍာရီများထဲမှာပင် တစ်ခါမှ မဖြစ်ပေါ်ဖူးသောအရာ ဖြစ်သည်။
“ ဗုန်း ”
တန်ကိုင်၏ လက်ထဲမှ ရွှေရောင်အလင်းက ပေါက်ကွဲသွားပြီး အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ စစ်ဦးစီးချုပ်… ကျုပ်အထင် သူတို့က လက်သည်းရှည်သားရဲကလန်က စစ်သည်တော်အများအပြားရဲ့ ဝိုင်းရံတိုက်ခိုက်တာကို တွေ့ကြုံခဲ့ကြတာ ဖြစ်မယ်… သူတို့က အသေအကြေ တိုက်ခိုက်ပြီးမှ ဒီရလဒ်ကို ရရှိခဲ့ကြတာ ဖြစ်မယ်… ”
အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူသန်ကြီးတစ်ယောက်က အော်ပြောလိုက်သည်။
“ ဟုတ်တယ် စစ်ဦးစီးချုပ်… သူတို့က အခု ခြေကုန်လက်ပန်းကျနေလောက်ပြီ… ကျုပ်တို့လုပ်နေတာက ရေရှည်အစီအစဉ်ပဲ… ဒီဟာကို ခေါင်းထဲ မထည့်သင့်ပါဘူး ”
ဘေးမှ တခြားဗိုလ်ချုပ်က ဝင်ပြောသည်။
ကျန်ဗိုလ်ချုပ်များက ဇဝေဇဝါဖြစ်သွားကြသော်လည်း သူတို့အားလုံးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
တိုက်ပွဲအကျိုးပြုအမှတ် သန်းတစ်ရာဟူသော ပမာဏက သူတို့ကို ယာယီမိန်းမောသွားစေသည်။
“ ဟွန့်… သူတို့တွေ ဒီနှုန်းအတိုင်း ဆက်ပြီး စုဆောင်းသွားနိုင်မယ်လို့ ငါမယုံဘူး ”
တန်ကိုင်က အံကြိတ်လိုက်ပြီး အေးစက်စွာ ပြောသည်။
သူက အဝေးသို့ လှမ်းကြည့်လိုက်ပြီး လေထဲသို့ ခုန်လိုက်သည်။
“ စစ်တပ်တွေ တိုက်ခိုက်ဖို့ ငါ့နောက်ကနေ လိုက်ခဲ့ကြ ”
သူက ဟန်မူယဲ့၏ တိုက်ပွဲအကျိုးပြုမှုအမှတ်ကို သိပ်အလေးမထားသော်လည်း ယင်းက သူ့ကို ဒေါသထွက်စေသည်။
တခြားဗိုလ်ချုပ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အနောက်မှ အမြန်လိုက်သွားကြသည်။
…..
ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က စကြာဝဠာအဆင့် စစ်သည်တော်များကို ဦးဆောင်လျက် အရှေ့သို့ ရွေ့လျားသွားနေသည်။ မကြာမီ သူတို့အုပ်စုက အလွန်ကျယ်ပြောသော အနက်ရောင်မီးတောက်ပင်လယ်တစ်စင်း၏ အရှေ့မှာ ရပ်လိုက်ကြသည်။
“ ဒီနေရာက ငရဲချောက်နက်မီးပင်လယ်ပဲ ”
“ မီးတောက်တွေကို ယင်နဲ့ ယန်၊ မိုးနဲ့ မြေဆိုပြီး ခွဲခြားထားတယ်… တကယ်တော့ ဒီနေရာရဲ့ မီးတောက်က… ”