← Chapters

အခန်း (၇၃-၇၄)

Vol. 7 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 7 Ch. 73-74

အပိုင်း ၇၃

စုရှီသည် သူမခင်ပွန်း၏ လက်မောင်းကို ညင်သာစွာမှီရင်း သူ ထိုနှစ်ယောက်ကို စိတ်ပျက်မှုနှင့် မကျေနပ်မှုများရောယှက်ကာ ဆူပူနေသည်ကို ကြည့်နေသည်။

သူက ထိုနှစ်ယောက်ကို သူ၏မောင်နှမအရင်းများကဲ့သို့ သဘောထားနေသည်ကို သူမ နားလည်သည်။ သို့မဟုတ်လျှင် သူ၏စရိုက်နှင့် ဒီလောက်စကားများများ ပြောမည်မဟုတ်ပေ။

သို့သော်လည်း ဆူပူခံရပြီးနောက် စိတ်ပျက်အားငယ်နေသော လူငယ်လေးနှစ်ယောက်ကို မြင်သောအခါ စုရှီသည် ရှဲ့ကျန်း၏ လက်မောင်းကို ပုတ်ရင်း မရယ်ဘဲမနေနိုင်တော့ပေ။

“တော်ပြီ၊ ဒီအကြောင်းတွေ ဆက်မပြောကြတော့ဘူး။ အဘွားက ကျွန်မတို့ကို အမဲခြောက်တွေ ပေးလိုက်တယ်မလား။ ကျွန်မ စားချင်တယ်”

ရှဲ့ကျန်းသည် ဆူပူနေခြင်းကို ရပ်တန့်ပြီး အမြန်လှည့်ကာ အိတ်ထဲမှာ မွှေနှောက်လိုက်ပြီး အမဲခြောက် ပေါင်ဝက်ကျော်ကို ထုတ်ယူလိုက်သည်။ သူက တစ်တုံးကိုယူ၍ စုရှီကို ပေးလိုက်သည်။

ထို့နောက် နောက်ထပ်အနည်းငယ်ကိုထုတ်၍ တစ်ဖက်မှလူနှစ်ယောက်ကို ပေးလိုက်သည်။ “စားကြ။ ရှီရှီရဲ့အဘွားချက်တာ တကယ်ကောင်းတယ်”

ဖန့်ရှင်းနှင့် တုန့်ယွင်တို့သည် အားမနာဘဲ အမဲခြောက်ကို တက်ကြွစွာယူကာ စားကြတော့သည်။ ထိုအချိန်တွင် ဖန့်ရှင်းသည် စုရှီကို တိတ်တဆိတ် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

စုရှီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမ ဒီကောင်မလေးကို အတော်လေးသဘောကျသည်။ တက်ကြွပြီး အပြစ်ကင်းစင်သော်လည်း ရိုးအခြင်းမရှိပေ။ ဤမျှငယ်ရွယ်သောအရွယ်မှာပင် သူမလိုချင်သောအရာကို သိနေပြီဖြစ်သည်။

ဖန့်ရှင်းသည် အမဲခြောက်ကို ကိုက်လိုက်သောအခါ အစပိုင်းတွင် သွားအတွက် အနည်းငယ်မာသည်ဟု ထင်ရသော်လည်း ဝါးလေလေ အရသာက တဖြည်းဖြည်း ပိုပေါ်လာပြီး ပို၍အရသာရှိလာလေလေဖြစ်သည်။ သူမက ချီးကျူးလိုက်သည်။

“အစ်မ ရှီရှီ အစ်မရဲ့အဘွားက တော်လိုက်တာ။ ဒီအမဲခြောက်က အရမ်းစားကောင်းတယ်၊ ပြီးတော့ နွေရာသီမှာလည်း မသိုးဘူး။ ညီမနဲ့ ညီမ အစ်ကိုနဲ့ မတူဘူး၊ အစားအသောက်တွေသိုးမှာစိုးလို့ ဘာမှမယူလာရဘူး၊ ရထားပေါ်က စားစရာတွေပဲ ဝယ်စားရတယ်”

စုရှီအတွက် သူမအဘွား၏ အရည်အချင်းကို အသိအမှတ်ပြုခံရခြင်းက သူမအား ချီးကျူးခံရခြင်းထက်ပင် ပို၍ပျော်ရွှင်စေသည်။

“အစ်မအဘွားက တကယ်ချက်ပြုတ်တာတော်တယ်။ အချိန်ရရင် ရှဲ့ကျန်းနဲ့ အစ်မဆီကို လာလည်လို့ရတယ်၊ အစ်မအဘွားလက်ရာကို မြည်းစမ်းခိုင်းမယ်”

ဖန့်ရှင်းသည် အားရပါးရ ခေါင်းညိတ်လိုက်သည်။ သူမသည် လက်ရှိတွင် အတော်လေး အားလပ်နေသည်။ တက္ကသိုလ် ဆက်မတက်နိုင်တော့ဘဲ သူမ၏အနာဂတ်လမ်းကြောင်းကို မဆုံးဖြတ်ရသေးခင်အထိ လျှောက်သွားနေခြင်းက ကောင်းမွန်သော အတွေးတစ်ခုဟု ထင်ရသည်။

ဖန့်ရှင်းသည် အတော်လေး စကားများသူဖြစ်ပြီး ရှဲ့ကျန်းက ဒီလောက်လှပသောကောင်မလေး စုရှီကို ဘယ်လိုအရယူနိုင်ခဲ့လဲဆိုသည်ကို သိချင်နေသည်။ သူမသည် အရင်ကမေးရန် ရှက်နေခဲ့သော်လည်း ယခုအခါတွင် အားလုံးက အသိုင်းအဝိုင်းတစ်ခုတည်းဖြစ်သည်ဟု ခံစားရသောကြောင့် တည့်တိုးမေးမြန်းလိုက်သည်။

“အစ်မ ရှီရှီ၊ အစ်မနဲ့ အစ်ကိုရှဲ့ကျန်းတို့ ဘယ်လိုတွေ့ခဲ့ကြတာလဲ”

ဖန့်ရှင်းက ထိုသို့မေးလိုက်သည်နှင့် ရထားဥဩဆွဲသံ ထွက်ပေါ်လာပြီး အဖွဲ့သားအားလုံးသည် ပြတင်းပေါက်အပြင်ဘက်မှ နောက်သို့ကျန်နေခဲ့သော ရှုခင်းများကို လှည့်ကြည့်လိုက်ကြကာ ရထားသည် အချိန်ဇယားအတိုင်း စတင်ထွက်ခွာနေပြီဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။

ဥဩဆွဲသံ တိတ်သွားသောအခါ စုရှီသည် မျှော်လင့်တကြီးဖြင့် စောင့်နေဆဲဖြစ်သော ဖန့်ရှင်း ဘက်သို့လှည့်ကာ သူမနှင့် ရှဲ့ကျန်းတို့ တွေ့ဆုံခဲ့ကြပုံကို အတိုချုံး၍ ပြန်ပြောပြလိုက်သည်။

ဖန့်ရှင်းသည် သူမ၏မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ထောက်ထားရင်း အိပ်မက်ဆန်သော အံ့ဩမှုများဖြင့် မျက်လုံးများတောက်ပစွာ နားထောင်နေသည်။

“အစ်မရှီရှီ အစ်မနဲ့ ရှဲ့ကျန်းတို့က တကယ်ရေစက်ပါတာပဲ။ သူတို့ပြောသလိုပဲ၊ ဒါက ကံကြမ္မာပဲ”

စုရှီ စဉ်းစားကြည့်သောအခါ သူမတို့သည် အမှန်တကယ်ပင် ကံကြမ္မာဖန်သူများဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့သည် အကြိမ်ကြိမ်အခါခါ တွေ့ဆုံခဲ့ကြပြီး ယခုအခါတွင် နေရာတစ်ခုတည်း၌ပင် အတူတူအလုပ်လုပ်နေကြပြီဖြစ်သည်။

ဤသို့တွေးမိသဖြင့် စုရှီသည် သူမ၏ခင်ပွန်းထံသို့ မော့ကြည့်လိုက်ရာ သူ၏နူးညံ့ကြင်နာသော မျက်ဝန်းများက သူမဆီသို့ ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ခဏတာ အံ့အားသင့်သွားပြီး သူမ၏မျက်လုံးများသည် မသိစိတ်အရ လခြမ်းပုံစံ ကွေးညွှတ်သွားကြသည်။

....

ဇူလိုင်လတွင် ညသည် နေ့ခင်းဘက်၏ အပူရှိန်ကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ ကျဉ်းမြောင်းသော ရထားတွဲသည် ပြတင်းပေါက်များကို ဖွင့်ထားသဖြင့် လန်းဆန်းသော လေပြေများ တိုးဝင်လာကာ နှစ်သိမ့်ဖွယ်အေးမြမှုကို ဆောင်ကြဉ်းပေးနေသည်။

စုရှီသည် မအိပ်သေးပေ။ ပြတင်းပေါက်ဘေးတွင်ထိုင်ရင်း ရှဲ့ကျန်း၏ ပခုံးကိုမှီကာ သူမသည် မျက်လုံးများကိုမှေးစင်းထားပြီး ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို ချီးကျူးနေမိသည်။

ဒါသည် သူမ၏ တစ်သက်တာ၌ ရှားရှားပါးပါး မြင်တွေ့ရသော မြင်ကွင်းတစ်ခုဖြစ်သည်။

ထိုအချိန်တွင် တစ်ဖက်ကုတင်တွင် အိပ်နေသော ဖန့်ရှင်းသည် လှုပ်ရှားလာခဲ့သည်။

စုရှီ လှည့်ကြည့်လိုက်ရာ ထိုကောင်မလေးသည် ကုတင်အစွန်းရှိ လှေကားငယ်လေးမှ တုန်ယင်စွာဖြင့် ဂရုတစိုက်ဆင်းနေသည်ကို သတိပြုမိလိုက်သည်။

ထိုလှုပ်ရှားမှုကြောင့် နိုးလာသော တုန့်ယွင်သည် ချက်ချင်းထထိုင်လိုက်ပြီး ထိုကောင်မလေးကို ပွေ့ချီကာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ။ အိမ်သာသွားချင်လို့လား”

ဖန့်ရှင်းသည် သမ်းဝေပြီး မရှင်းမလင်းရေရွတ်လိုက်သည်။

“ဒီည ရေသောက်များသွားလို့”

တုန့်ယွင်သည် လရောင်အောက်တွင် သူ့ဖိနပ်ကို စဝတ်ဆင်လိုက်သည်။

“ငါ မင်းနဲ့လိုက်ခဲ့မယ်”

ဖန့်ရှင်းသည် တုံ့ဆိုင်းသွားပြီး တိုးတိုးလေးရေရွတ်လိုက်သည်။

“ဒါပေမဲ့ ရှင်က ကျွန်မနဲ့အတူတူ အထဲကိုလိုက်ဝင်လို့မရဘူးလေ”

စုရှီသည် ရှဲ့ကျန်းက သူမ၏ခါးကို ဖက်ထားသောလက်ကို ပုတ်လိုက်သည်။

“ရှင်းရှင်း၊ အစ်မ မင်းနဲ့လိုက်ခဲ့မယ်”

ဖန့်ရှင်း အနည်းငယ်ရှက်သွားသည်။ သူမ၏ တိုးတိုးလေးရေရွတ်သံကို ကြားသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

“အစ်မ ရှီရှီ မလိုပါဘူး။ အစ်ကို တုန့်ပဲ လိုက်ပို့လို့ရပါတယ်”

စုရှီသည် သူမ၏ဖိနပ်ကို ဝတ်ဆင်ပြီးဖြစ်သည်။ “ငါက မင်းကိုသက်သက်လိုက်ပို့တာမဟုတ်ဘူး၊ ငါကိုယ်တိုင်လည်း သွားဖို့လိုတယ်”

ဖန့်ရှင်းသည် ထိုအရာက အမှန်ဟုတ်မဟုတ် မသေချာသော်လည်း စိတ်သက်သာရာရသွားသည်ကိုတော့ ခံစားလိုက်ရသည်။ အပြင်ဘက်သည် မှောင်မည်းနေပြီး အိမ်သာသို့ရောက်ရန် ရထားတွဲများစွာကို ဖြတ်သွားရရုံသာမက ရောက်သွားသည့်အခါတွင်လည်း တစ်ယောက်တည်းဖြစ်နေလျှင် အနည်းငယ်ကြောက်စရာကောင်းပေလိမ့်မည်။

တုန့်ယွင်သည်လည်း သူ့ဖိနပ်ကို ဝတ်ဆင်ပြီးဖြစ်သည်။ “ဒါဆို ကျွန်တော် မင်းတို့နှစ်ယောက်နဲ့လိုက်ခဲ့မယ်။ မင်းတို့ကို အပြင်မှာစောင့်နေမယ်”

စုရှီသည် သူမအိတ်ထဲမှ တစ်ရှူးနှင့် တဘက်အချို့ကိုယူကာ လက်ကိုယမ်းပြလိုက်သည်။

“မလိုပါဘူး၊ ကျွန်မတို့ဘာသာကျွန်မတို့ သွားလို့ရတယ်”

ထိုသို့ပြောပြီးနောက် သူမသည် ဖန့်ရှင်း၏ လက်ကိုဆွဲကာ ထွက်သွားတော့သည်။

တုန့်ယွင်သည် ဤမျှနူးညံ့သောကောင်မလေးနှစ်ယောက်ကို ဒီလောက်ညဉ့်နက်ကြီးတွင် နှစ်ယောက်တည်း အပြင်ထွက်ခွင့်မပြုဝံ့ပေ။ သူက သူတို့နောက်သို့ လိုက်မည်အပြုတွင် သူ၏အစ်ကိုဖြစ်သူ ရှဲ့ကျန်းသည် ကုတင်ပေါ်တွင် စိုးရိမ်မှုတစ်စိုးတစ်စိမျှမရှိဘဲ တည်ငြိမ်စွာထိုင်နေသည်ကို သတိပြုမိလိုက်သည်။

တုန့်ယွင် မယုံနိုင်ဖြစ်သွားသည်။ “အစ်ကို၊ အစ်ကို့မိန်းမက အဲ့ဒီလိုပုံစံနဲ့၊ အစ်ကို စိတ်မပူဘူးလား။ သူတို့နောက်ကို လိုက်မသွားဘူးလား”

ရှဲ့ကျန်းက သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။ “မင်းရဲ့မရီးက ငါလိုက်တာကို မလိုချင်ဘူး။ ငါလိုက်သွားရင် သူစိတ်မချမ်းမသာဖြစ်ပြီး ငါ သူ့ကိုမယုံဘူးလို့ ထင်လိမ့်မယ်”

တုန့်ယွင် နားမလည်နိုင်ဖြစ်သွားသည်။ “သူမ စိတ်မချမ်းမသာဖြစ်ရင်တောင် အစ်ကိုလိုက်သွားသင့်တယ်”

ရှဲ့ကျန်းသည် လိုက်သွားရန်ပြင်နေသော တုန့်ယွင်ကို ကြည့်ကာ ပြန်ဆွဲထားလိုက်သည်။ “တော်ပြီ၊ စိတ်အေးအေးထား။ မင်းရဲ့မရီးက မင်းလိုလူ ဆယ်ယောက်ကို တစ်ယောက်တည်းနိုင်တယ်”

တုန့်ယွင်က အော်လိုက်သည်။ “ဒါက အရမ်းလွန်တာပဲ။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်အခြေအနေနဲ့ဆို စစ်သားအများစုနဲ့တောင် နှိုင်းလို့မရလောက်ဘူး… မဟုတ်ဘူး… ခဏလေး၊ အစ်ကို၊ တကယ်ပြောနေတာလား”

သူစကားဆုံးသည်နှင့် တုန့်ယွင်သည် ရှဲ့ကျန်းက သူ့လက်များကို ခေါင်းနောက်တွင်ထောက်ကာ ပြန်လှဲအိပ်လိုက်သည်ကို ကြည့်ကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်သည်။

ရှဲ့ကျန်းသည် ပြန်ဖြေရန် စိတ်မပါတော့ပေ။

တုန့်ယွင်သည် မကြာမီ သူ့အစ်ကိုက အလေးအနက်ပြောနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် အရင်ကသတိမထားမိခဲ့သော်လည်း ကြယ်တစ်ပွင့်ထက်ပင် ပို၍နူးညံ့ပုံရသော ထိုနူးညံ့သိမ်မွေ့သည့်မရီးသည် တကယ်တမ်းတွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သည်။

ရုတ်တရက် အတွေးတစ်ခုဝင်လာသကဲ့သို့ တုန့်ယွင်သည် ရှဲ့ကျန်းကို ယုံရခက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ထိပ်တန်းအထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ရှဲ့ကျန်းသည် သူ့ထံသို့ ဦးတည်နေသော ပြင်းထန်သည့်အကြည့်ကို ချက်ချင်းခံစားမိလိုက်သည်။ သူက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။

“ဘာဖြစ်လို့လဲ”

တုန့်ယွင်သည် စိုးရိမ်သောမျက်နှာဖြင့် ပြောလိုက်သည်။

“အစ်ကို၊ အစ်ကိုက ရက်စက်လွန်းတယ်၊ အစ်ကို့မိန်းမကို လက်နက်တစ်ခုလို လေ့ကျင့်ပေးနေတာလား။ သူမ တော်တော်ကံဆိုးရှာမှာပဲ…”

ရှဲ့ကျန်း - “……”

...

ရထားတွဲအပြင်ဘက်တွင် စုရှီက ရှေ့မှဦးဆောင်၍ ထွက်လာခဲ့သည်။

သူမ၏ အမြင်အာရုံသည် အလွန်ကောင်းမွန်သည်။ မှောင်မည်းနေသော ညအချိန်၌ပင် သူမအတွက် အနှောင့်အယှက်မဖြစ်ပေ၊ အထူးသဖြင့် ရထားပြတင်းပေါက်များမှ လရောင်အချို့ ဝင်ရောက်နေသောကြောင့် ဖြစ်သည်။

ရထား၏ သန့်စင်ခန်းသည် အတော်လေး အလှမ်းဝေးပြီး ရိုးရိုးတန်းဖက်အခြမ်းတွင် တည်ရှိသည်။

စုရှီသည် ဖန့်ရှင်း၏ လက်ကိုကိုင်ကာ အိပ်စင်တွဲနှစ်တွဲကို ဖြတ်ကျော်ပြီး လူများဖြင့်ပြည့်နေသော ရိုးရိုးတန်းတွဲသုံးတွဲကို တိုးဝှေ့သွားခဲ့ကြသည်။ သူမတို့သည် မိုးခြိမ်းသံကဲ့သို့သော ဟောက်သံများနှင့် ထူးဆန်းသောချွေးနံ့များဖြင့် တိုက်ခိုက်ခံရပြီးနောက် နောက်ဆုံးတွင် သန့်စင်ခန်းသို့ ရောက်ရှိသွားကြသည်။

နှစ်ယောက်သား မချိပြုံးပြုံးလိုက်ကြပြီး သူတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများကို အမြန်ဖြေရှင်းလိုက်ကြသည်။ လက်ဆေးပြီးနောက် သူမတို့သည် လူအုပ်ကြားမှ သတိဖြင့် ပြန်ထွက်လာခဲ့ကြသည်။ ဖန့်ရှင်းက တိုးတိုးလေးပြောလိုက်သည်။

“နောက်ညတွေ ရေမသောက်တော့ဘူး။ အိမ်သာသွားရတာ တကယ်ဒုက္ခများတယ်”

ရုတ်တရက် စုရှီသည် ခြေလှမ်းများရပ်တန့်သွားပြီး သူမ၏ အကြည့်သည် ရှေ့ရှိထိုင်ခုံတစ်ခုဆီသို့ အေးစက်စွာ စူးစိုက်သွားသည်။

ဖန့်ရှင်းသည် စုရှီ၏ပခုံးကို တို့ပြီး တိုးတိုးလေးမေးလိုက်သည်။

“အစ်မရှီရှီ၊ ဘာလို့ရပ်လိုက်တာလဲ”

စုရှီ ယသည် နောက်သို့လှည့်ကာ သူမလက်ညှိုးကို နှုတ်ခမ်းပေါ်တင်၍ ဖန့်ရှင်းကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

တုံ့ပြန်မှုအနေဖြင့် ဖန့်ရှင်းသည် သူမ၏ပါးစပ်ကို လက်သေးသေးလေးများဖြင့် ချက်ချင်းအုပ်လိုက်ပြီး အစ်မ ရှီရှီကို ရပ်တန့်စေသည့်အကြောင်းရင်းကို ရှာဖွေရန် မျက်လုံးများကို ဝေ့ကြည့်လိုက်သည်။

သို့သော် သူမ၏အမြင်အာရုံသည် စုရှီကဲ့သို့မစူးရှသဖြင့် အမြန်ကြည့်ရှုပြီးနောက် အခြေအနေကို မသဲမကွဲသာ မြင်နိုင်ခဲ့သည်။

စုရှီသည် ဖန်းရှင်း၏လက်ကိုကိုင်ထားရင်း ရှေ့တန်းနှစ်တန်းဆီသို့ ခြေဖျားထောက်၍ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် ဖန့်ရှင်းပင် ဘာဖြစ်နေသည်ကို မြင်နိုင်ပြီဖြစ်ပြီး သူမ၏မျက်လုံးများသည် ဒေါသဖြင့် တောက်လောင်လာကာ စုရှီ၏လက်ကို အလိုလို တင်းတင်းဆုပ်ကိုင်လိုက်သည်။

စုရှီသည် ဖန့်ရှင်းကို သက်သေအဖြစ်ထားရန် ဤအရာကို မြင်စေချင်ခဲ့ခြင်းဖြစ်သည်။

ထိုမိန်းကလေး မြင်သွားပြီဖြစ်သောကြောင့် သူမသည် နောက်ထပ်သည်းခံရန် မလိုအပ်တော့ဟု ဆုံးဖြတ်လိုက်သည်။

စုရှီသည် ဖန့်ရှင်း၏ လက်ကိုလွှတ်လိုက်ပြီး ကိုယ်ကိုကိုင်းကာ ထိုလူယုတ်မာ၏လက်ကို ဖမ်းဆွဲလိုက်သည်။

ထိုအချိန်တွင် ထိုလူသည် သူ့ဘေးမှမိန်းကလေး၏ ရင်ဘတ်ကို အရှက်မဲ့စွာ ကိုင်တွယ်နေပြီး သူ၏အဆီပြန်နေသောမျက်နှာထက်တွင် မှိန်ဖျော့သောအလင်းရောင်အောက်၌ ယုတ်မာသော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

ရုတ်တရက် ဖမ်းဆွဲခံလိုက်ရသဖြင့် လန့်သွားသော လူယုတ်မာသည် ဝက်သတ်ခံရသကဲ့သို့ အော်သံတစ်ချက်ထွက်ပေါ်လာခဲ့သည်။

ထိုအော်သံကြောင့် တွဲထဲရှိလူတိုင်း လန့်နိုးသွားကြသည်။

“ဘာဖြစ်တာလဲ။ ဘယ်သူလဲ”

“သေစမ်းကွာ၊ လန့်သေတော့မယ်။ ဝက်သတ်နေတယ်ထင်တာ”

“ဘာဖြစ်နေတာလဲ။ တစ်ယောက်ယောက် မီးဖွင့်လိုက်စမ်း”

“ငါ ကောင်မလေးတစ်ယောက်ကို မြင်လိုက်သလိုပဲ”

“……”

ထိုစဉ်မှာပင် ထိုရထားတွဲထဲရှိမီးများ ရုတ်တရက် လင်းလာခဲ့သည်။

ဝန်ထမ်းတစ်ဦးသည် ခက်ထန်သော မျက်နှာထားဖြင့် လျှောက်လာရင်း ဆူပူလိုက်သည်။

“ဒီမှာ ဘာတွေဆူညံနေတာလဲ။ အချိန်ဘယ်လောက်ရှိပြီလဲ”

ထိုအချိန်တွင် လူတိုင်းသည် ရထားတွဲအလယ်တွင်ရပ်နေသည့် လှပသော မိန်းကလေးနှစ်ယောက်ကို သတိပြုမိလိုက်သည်။ သူတို့ထဲမှတစ်ယောက်သည် နူးညံ့သိမ်မွေ့ပုံရပြီး လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး၏ လက်မောင်းကို ကိုင်ထားသည်။

ထိုလူ၏ မျက်နှာသည် နီရဲနေပြီး နဖူးမှချွေးများစီးကျနေကာ အဆက်မပြတ်ကျိန်ဆဲနေသည်။ သူ့အော်သံအရ အစောပိုင်းက အဖြစ်အပျက်ကြောင့် နာကျင်နေသည်မှာ ထင်ရှားသည်။

သို့သော်လည်း ကြည့်ရှုနေသူများက တစ်ခုခုမှားနေသည်ဟု ခံစားနေရသည်။ သူတို့သည် ထိုလူက ဟန်ဆောင်နေသည်ဟူသော ခံစားချက်ကို မဖယ်ရှားနိုင်ပေ။ နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ယောက်က ဘယ်လောက်များ အားရှိနိုင်မည်နည်း။ မသိလျှင် သူ့လက်မောင်းကျိုးသွားသည်ဟုပင် ထင်မှတ်နိုင်သည်။

ဝန်ထမ်းသည် လူအုပ်ကြားမှတိုးထွက်လာပြီး သူမ၏ ရှေ့မှမြင်ကွင်းကြောင့် အံ့ဩသွားသည်။

“ဘာ… ဘာဖြစ်နေတာလဲ”

လူလတ်ပိုင်းအရွယ်အမျိုးသားသည် သူ၏ ဝတုတ်တုတ် မျက်နှာကို မော့လိုက်ပြီး ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

“ဒီခွေးမလေးကို ငါ့လက်ကိုလွှတ်ခိုင်းစမ်း။ သောက်ကျိုးနည်း၊ ငါကောင်းကောင်းထိုင်နေတာကို သူကရုတ်တရက် ပေါ်လာပြီး ငါ့လက်မောင်းကို လာဆွဲတယ်။ အား… နာလိုက်တာ။ မင်း၊ ကောင်မစုတ်လေး၊ ငါ့ကိုအခုချက်ချင်းလွှတ်စမ်း”

စုရှီသည် သူ့ဆီမှ အဆက်မပြတ်ထွက်ပေါ်နေသော ဆဲဆိုသံများကို ပြန်တုံ့ပြန်ရန်မကြိုးစားဘဲ နားထောင်နေလိုက်သည်။ ထို့နောက် သူမသည် အခြားလက်တစ်ဖက်ကိုမြှောက်ကာ သူ့ကို အသံကျယ်လောင်စွာဖြင့် တစ်ချက်ရိုက်ချလိုက်သည်။

သူမ၏ ပြင်းထန်သော အပြုအမူကြောင့် တွဲတစ်ခုလုံး မှင်သက်သွားကြပြီး လေထုသည် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် ခရီးသည်သုံးလေးငါးယောက်ကြားမှ တီးတိုးသံများ ထွက်ပေါ်လာသည်။

“အို ဘုရားရေ။ ဒီကောင်မလေးက နူးညံ့ပုံရပေမဲ့ ဒီလောက်အားရှိလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဟိုလူကိုတွေ့လား။ ငါ ခုနက သူ့သွားတစ်ချောင်း လွင့်ထွက်သွားတာ မြင်လိုက်တယ်”

“ငါလည်းမြင်လိုက်တယ်။ ဒါ ဘယ်လိုရန်ငြိုးမျိုးလဲ”

“ဒီလူက တစ်ယောက်ယောက်ကို သွားစော်ကားမိတာဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်၊ အဲ့ဒီကောင်မလေးက တော်တော်ကြမ်းတယ်”

“……”

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိုကောင်မလေး၏ ရဲရင့်မှုကြောင့်၊ အထူးသဖြင့် မျက်လုံးများစွာ၏ အောက်တွင် အံ့အားသင့်သွားပုံရသည်။ သူသည် သူ၏ရောင်ကိုင်းနေသောပါးကို ကြီးမားသောလက်ဖြင့်အုပ်ကာ စုရှီကို သူမအား စုတ်ဖြဲပစ်ချင်သည့်အလား မလိုမုန်းတီးစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။

“မင်း သေချင်နေတာပဲ” ဝန်ထမ်းသည် အမြန်ကြားဝင်လိုက်သည်။

“ရဲဘော်၊ လူကိုရိုက်လို့မရဘူး။ အခုချက်ချင်းလွှတ်လိုက်၊ မဟုတ်ရင် ရထားရဲကိုခေါ်လိုက်မယ်”

စုရှီသည် ဂရုမစိုက်သောမျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။ “တချို့အရာတွေက မပြောတာပဲကောင်းတယ်။ ချေးပေနေရင် အဲ့ဒါက ချေးပဲလေ။ စကားပြောဖို့တောင် နံလွန်းတယ်”

လူအုပ် - “……”

ဝန်ထမ်း - “……”

အရမ်း... အရမ်း မောက်မာတာပဲ !

အသက် ၄၀ အရွယ်ခန့်ရှိသော ဝန်ထမ်းအမျိုးသမီးသည် သူမ၏ အံ့ဩမှုမှ သတိပြန်ဝင်လာပြီး စုရှီကို ဆူပူရန်ပြင်ဆင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် စုရှီသည် သူမ၏အာရုံကို ထိုင်ခုံတွင်တုန်ယင်နေသော မိန်းကလေးထံသို့ ပြောင်းလိုက်ပြီးဖြစ်သည်။ သူမသည် ပခုံးပေါ်တွင်ချိတ်ထားသော တဘက်ကို ထိုမိန်းကလေး၏ မျက်နှာပေါ်သို့ လွှားတင်ပေးလိုက်ပြီး ညင်သာစွာပြောလိုက်သည်။

“ဖုံးထားလိုက်”

မိန်းကလေးက တဘက်ဖြင့် မျက်နှာကို နာခံစွာဖုံးအုပ်လိုက်သည်ကို သေချာစေပြီးနောက် စုရှီသည် သူမကို မုန်းတီးစွာစိုက်ကြည့်နေသော လူလတ်ပိုင်းအရွယ်အမျိုးသားထံသို့ အသက်မဲ့သောအရာတစ်ခုကဲ့သို့ အကြည့်ကိုပို့လိုက်ပြီး အေးစက်စွာမေးလိုက်သည်။

“ခုနက ဟိုကောင်မလေးရဲ့ရင်ဘတ်ကို ကိုင်ရတာ ပျော်ရဲ့လား”

စုရှီသည် အရှက်အကြောက်မရှိဘဲ တည့်တိုးပြောလိုက်ရာ အဓိကအချက်ကို ထိမှန်သွားသည်။ သူမ၏ အသံသည် အလွန်ကျယ်လောင်သောကြောင့် ရထားတွဲတစ်ခုလုံး တိတ်ဆိတ်သွားပြီး အပ်ကျသံပင် ကြားနိုင်လောက်သည်။

တစ်စုံတစ်ယောက်က မယုံနိုင်စွာပြောလိုက်သည်။ “ဘာလဲ။ ငါကြားတာမှားသွားတာလား”

အခြားခရီးသည်တစ်ဦးက လျင်မြန်စွာတုံ့ပြန်လိုက်ပြီး မျက်ခုံးပင့်ကာ ခက်ထန်သော အမူအရာရှိသည့် အသက်ကြီးသည့် အမျိုးသမီးတစ်ဦးက အော်လိုက်သည်။

“ဘာလဲ။ သူက တကယ်တဏှာရူးလား”

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၇၄

ဝန်ထမ်းသည် ဤအရာက အကြောင်းရင်းဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမကိုယ်တိုင်က အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် ထိုမိန်းကလေးပြောခဲ့သည်ကို လျင်မြန်စွာ နားလည်သဘောပေါက်သွားသည်။

သူမသည် သံသယဖြစ်သောအကြည့်ဖြင့် မျက်နှာက ဝက်တစ်ကောင်ကဲ့သို့ ရောင်ကိုင်းနေသော လူလတ်ပိုင်းအရွယ်အမျိုးသားထံသို့ လှည့်ကြည့်လိုက်ရာ အခြေအနေအပေါ် သူမ၏ ယုံကြည်မှုက ပိုမိုခိုင်မာလာသည်။

သူတို့သည် ရထားပေါ်တွင် ဤကဲ့သို့သောအဖြစ်အပျက်မျိုးကို တစ်ကြိမ်ထက်မက ကြုံတွေ့ခဲ့ဖူးသည်။ သူမသည် အဝလွန်နေသောလူကို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်ပြီး ရထားတွဲနောက်ဘက်မှ ချောင်းကြည့်နေသော လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ရထားရဲကို အကြောင်းကြားရန် အချက်ပြလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် မိန်းကလေးက သူ၏အပြုအမူများကို မြင်သွားသောကြောင့် ဤသို့ဆက်ဆံခံနေရခြင်းဖြစ်ကြောင်း ခန့်မှန်းပြီးဖြစ်သည်။ ဒီတော့ရော ဘာဖြစ်သေးလဲ။ သူသည် ယခင်က အမျိုးသမီးများစွာနှင့် ပတ်သက်ခဲ့ဖူးသည်။ အနည်းငယ် ကိုင်တွယ်ရုံဖြင့် သူ့အတွက် ဘာမှဆုံးရှုံးစရာမရှိပေ။ အဓိကအချက်မှာ သူမတွင် သက်သေရှိသလားဆိုသည်ပင်။

“ငါ့ကို အသရေမဖျက်နဲ့။ မင်းမှာသက်သေရှိလား”

ဖန့်ရှင်းသည် ဒေါသဖြင့်တုန်ယင်သွားပြီး စုရှီ၏ဘေးမှနေ၍ အော်ပြောလိုက်သည်။

“ရှင်က အရှက်မရှိဘူး။ ကျွန်မ အကုန်လုံးမြင်တယ်။ ရှင်က ဟိုကောင်မလေးက သူ့အိတ်သေးသေးလေးနဲ့ကာကွယ်နေတာတောင် သူ့ရင်ဘတ်ကို အတင်းကိုင်တယ်။ ကျွန်မ သူ့အိတ်ကိုဖယ်လိုက်တာကို မြင်တယ်။ ကျွန်မက သက်သေပဲ”

ဖန့်ရှင်း စကားပြောလိုက်သည်နှင့် လူအုပ်ထဲမှအများအပြားက သူမကိုယုံကြည်သွားကြသည်။ ထိုမိန်းကလေး၏ အပြုအမူသည် အတုအယောင်မဖြစ်နိုင်သလို စိတ်မြန်သောလူအချို့ကလည်း ထရပ်ကာ သူ့ကိုရင်ဆိုင်ရန် အနားသို့ချဉ်းကပ်လာကြသည်။

သို့သော် အဆီပြန်နေသောလူသည် မာနကြီးစွာဖြင့် အော်ဟစ်နေဆဲဖြစ်သည်။

“မင်းတို့ ခွေးမနှစ်ကောင်က ပေါင်းကြံနေတာ။ မင်းတို့ ငါ့ကိုထောင်ချောက်ဆင်ပြီး ငွေညှစ်ဖို့ကြိုးစားနေတာ။ ငါ့မှာပိုက်ဆံအများကြီးရှိတယ်၊ ဒါပေမဲ့ မင်းတို့လိုအမှိုက်တွေကို မပေးဘူး”

သူ၏စကားများသည် မဖြစ်နိုင်ဟု ထင်ရသော်လည်း လူအုပ်ထဲမှအချို့က တုံ့ဆိုင်းသွားကြသည်။

အချို့က စုရှီနှင့် ဖန့်ရှင်းတို့၏ အဝတ်အစားများကို သေသေချာချာ ကြည့်ရှုလာကြသည်။

ထိုအချိန်တွင် ရထားရဲများရောက်လာသည်။ သူတို့သည် ဤကဲ့သို့သော အခြေအနေများကို ကိုင်တွယ်ရာတွင် အတွေ့အကြုံရှိသော ဝါရင့်အရာရှိများဖြစ်သည်။ အခြေအနေများကို အမြန်အကဲဖြတ်ပြီးနောက် သူတို့သည် စစ်ဝတ်စုံဝတ်ထားသော စုရှီကိုတစ်ချက်၊ ထို့နောက် မျက်လုံးကလယ်ကလယ်နှင့် ဝက်မျက်နှာဖြစ်နေသောလူကိုတစ်ချက်ကြည့်ကာ သူတို့၏စိတ်ထဲတွင် အစီအစဉ်တစ်ခု ရေးဆွဲပြီးဖြစ်သည်။

သို့သော်လည်း တစ်စုံတစ်ယောက်ကို ဖမ်းဆီးသည့်အခါတွင်ပင် သက်သေအထောက်အထားသည် အရေးကြီးကြောင်း သူတို့သိသည်။

ထို့ကြောင့် အရာရှိတစ်ဦးသည် ထိုင်ခုံတွင်ထိုင်နေဆဲဖြစ်ပြီး မျက်နှာကို တဘက်ဖြင့်အုပ်ကာ တုန်ယင်နေသော မိန်းကလေးဘက်သို့ လှည့်လိုက်သည်။ သူက ညင်သာစွာပြောလိုက်သည်။

“ရဲဘော်၊ မကြောက်ပါနဲ့။ ကျွန်တော်က ရဲအရာရှိတစ်ယောက်ပါ။ မင်းကို တစ်ခုလောက်မေးဖို့လိုလို့ပါ။ တဘက်ကိုဖယ်စရာမလိုပါဘူး၊ ကျွန်တော့်ကို အမှန်အတိုင်းဖြေပေးပါ”

ကြာမြင့်စွာတိတ်ဆိတ်နေပြီးနောက် တဘက်အောက်မှ သေးငယ်သော၊ ရှိုက်သံပါသော အသံတစ်သံထွက်ပေါ်လာသည်။

“…ဟုတ်ကဲ့”

အရာရှိသည် အနည်းငယ် စိတ်သက်သာရာရသွားပြီး ပြဿနာရှာရန် ကြိုးစားနေသော ယုတ်မာသည့်လူကို ထိန်းချုပ်ရန် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို အချက်ပြလိုက်သည်။ သူက အသံကို ပိုမိုနူးညံ့စေလိုက်သည်။

“မင်းကိုမေးချင်တာက၊ မင်းဘေးမှာထိုင်နေတဲ့လူက ခုနက မင်းကို စော်ကားခဲ့သလား”

“…ဟင့်အင်း”

လူအုပ်ထဲမှ အံ့ဩသံများ ထွက်ပေါ်လာသည်။

လူတိုင်းသည် ယုတ်မာသောလူထံသို့ မယုံနိုင်သောအကြည့်များဖြင့် လှည့်ကြည့်လိုက်ကြသည်။ နစ်နာသူဟု ထင်မှတ်ခံထားရသော မိန်းကလေးက သူမစော်ကားမခံရဟု ပြောလိုက်သည်။ သူတို့ သူ့ကိုအထင်လွဲခဲ့ကြလေသလား။ သူက ဒီတိုင်း ကြည့်ရဆိုးရုံပဲလား။

အရာရှိသည် ထိုကဲ့သို့တုံ့ပြန်မှုကို မမျှော်လင့်ထားခဲ့ပေ။ သူက နောက်ထပ်မေးခွန်းများ မေးရန်အပြုတွင် လူယုတ်မာက စတင်အော်ဟစ်တော့သည်။ ထိုမိန်းမက သူ့ကိုအဘယ်ကြောင့် ကာကွယ်ပေးနေသည်ကို သူနားမလည်သော်လည်း သူ့ရှေ့မှ မိန်းကလေးနှစ်ယောက်ကို ဖြေရှင်းလိုစိတ်ကိုတော့ မတားဆီးနိုင်ခဲ့ပေ။

သူသည် သူ၏ပျော်ရွှင်မှုကို ဖျက်ဆီးခဲ့သော ဤမိန်းကလေးနှစ်ယောက်၏ အချက်အလက်အားလုံးကို လိုချင်သည်။ သူသည် သူတို့ကိုပေးဆပ်စေရန် စီစဉ်ထားပြီး နောက်ပိုင်းတွင် ဂိုဏ်းတစ်ခုခေါ်လာကာ သင်ခန်းစာပေးရန်ပင် စဉ်းစားနေသည်။ နောင်တွင် ဤမျှလှပသော မိန်းကလေးများကို သူဘယ်လိုကစားနိုင်မည်ကို စိတ်ကူးယဉ်ရင်း သူ၏မှေးစင်းသောမျက်လုံးများတွင် ယုတ်မာသော အလင်းရောင်တစ်ခု တောက်ပလာပြီး သူ၏တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်လာသည်။

စုရှီသည် ထိုကဲ့သို့သော အမှိုက်ကို သည်းမခံနိုင်ပေ။ သူမသည် လက်ကိုမြှောက်ကာ ထိုလူယုတ်မာ၏ မျက်နှာတစ်ဖက်ကို အသံကျယ်လောင်စွာဖြင့် နောက်တစ်ချက်ရိုက်ချလိုက်သည်။

လူအုပ် - “……”

ဒီကောင်မလေးက တကယ်ပြင်းထန်တာပဲ။

ဖန့်ရှင်းသည် စုရှီကို လင်းလက်တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူမ၏ နှလုံးသားထဲတွင် တောခွေးတစ်ကောင်ကဲ့သို့ အော်ဟစ်နေသည်။

“ဝိုး၊ အစ်မ ရှီက အံ့ဩစရာပဲ။ အစ်မ ရှီ ယက အရမ်းမိုက်တယ်”

ရထားအရာရှိသည် ဤစစ်သားရဲဘော်က ဤမျှမဆင်မခြင်ပြုမူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် သူမကို သင်ခန်းစာ အကျဉ်းချုံးပေးရန် ရည်ရွယ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

သို့သော်လည်း သူသည် ထိုအမျိုးသမီးစစ်သားက လူယုတ်မာကို လွှတ်ပေးပြီး တုန်ယင်နေသောမိန်းကလေး၏ ပခုံးကို ပုတ်ရန် ကိုယ်ကိုကိုင်းလိုက်သည်ကို ကြည့်နေလိုက်သည်။

“ညီမလေး၊ မကြောက်နဲ့။ မင်းဘေးက ဦးလေးက ဘာလုပ်ခဲ့လဲဆိုတာ အမှန်အတိုင်းပြောပြ၊ ဟုတ်ပြီလား”

နူးညံ့သောအသံကိုကြားသောအခါ တုန်ယင်နေဆဲဖြစ်သော မိန်းကလေးသည် အလိုလိုခေါင်းညိတ်လိုက်သည်။

စုရှီက မေးလိုက်သည်။ “ပြောပြ၊ မင်းဘေးမှာ ထိုင်နေတဲ့ဦးလေးက ဘာလုပ်ခဲ့လဲ”

မိန်းကလေးသည် မေးခွန်းကြောင့် လန့်သွားသော်လည်း ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ “ကျွန်မ… ကျွန်မလည်းနားမလည်ဘူး။ သူက ကျွန်မရင်ဘတ်ကို လိုက်ထိနေတော့ နာတယ်။ ကျွန်မ သူ့ကိုတွန်းဖယ်လိုက်တော့ သူက နားမထောင်ရင် ကျွန်မကို ရောင်းစားမယ်လို့ပြောတယ်… ကျွန်မ… ကျွန်မကြောက်တယ်… ဝူးဝူး… အစ်မ၊ ကျွန်မကြောက်တယ်…”

ဘုရားသခင်၊ ထိုစကားများ ထွက်ပေါ်လာသောအခါ လူတိုင်း ဒေါသထွက်သွားကြသည်။

ထိုလူယုတ်မာ တစ်ယောက်သာ နောက်ဆုံးထိ ရုန်းကန်နေဆဲဖြစ်သည်။

“သူက မင်းတို့အားလုံးနဲ့ ပေါင်းကြံတာ။ မင်းတို့အားလုံး ငါ့မှာပိုက်ဆံရှိတာကို မြင်နေတာပဲ”

စုရှီသည် သူ့ကိုဂရုမစိုက်နိုင်တော့ပေ။ ထို့အစား သူမသည် နောက်ထပ်မေးခွန်းတစ်ခုမေးလိုက်သည်။

“ညီမလေး၊ ထပ်မေးမယ်။ ခုနက ရဲအရာရှိက မင်းကိုစော်ကားခံရလားလို့မေးတော့ မင်းက ဟင့်အင်းလို့ပြောတယ်။ စော်ကားတယ်ဆိုတာ ဘာကိုဆိုလိုမှန်း နားလည်လား။ ပြီးတော့ မင်းအသက်ဘယ်လောက်ရှိပြီလဲ”

တဘက်အောက်မှမိန်းကလေးသည် ရှိုက်ကြီးတငင်ငိုကြွေးလိုက်သည်။ “ကျွန်မ… ကျွန်မ စော်ကားတယ်ဆိုတာ ဘာကိုဆိုလိုမှန်းမသိဘူး။ ကျွန်မ… ကျွန်မ ဒီနှစ် ၁၃ နှစ်ပြည့်ပြီ”

ဘုန်း !

အရင်က လူတိုင်းသည် ထိုမိန်းကလေးကို အရပ်ပုသည်ဟုသာ ထင်ခဲ့ကြသော်လည်း ထိုအချိန်တွင် သူမသည် ကလေးတစ်ယောက်သာဖြစ်ကြောင်း အားလုံးသိလိုက်ကြသည်။

ယနေ့ခေတ်တွင် မည်သည့်မိသားစုတွင် ကလေးအနည်းငယ် မရှိဘဲနေမည်နည်း။

စိတ်ခံစားမှုပြင်းထန်သော အချို့လူများသည် ချက်ချင်း သူတို့၏ ကလေးများကို စဉ်းစားမိသွားကြသည်။

သူတို့၏ ဒေါသများ ပေါက်ကွဲထွက်သွားခဲ့သည်။

လူတိုင်းသည် အော်ဟစ်ကျိန်ဆဲလာကြပြီး အနီးအနားမှအမျိုးသမီးအချို့ကပင် ဆံပင်ဆွဲ၊ မျက်နှာကုတ်ခြစ်ကာ ပေါင်နှစ်ရာကျော်ရှိသည့် ထိုလူယုတ်မာကို သူက မတရားခံရသည်ဟု အော်ဟစ်နေဆဲတွင် ရက်စက်စွာဆွဲခေါ်နေကြသည်။

သေချာပေါက် သူဝန်မခံနိုင်ပေ။ ယနေ့ခေတ်တွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုသည် အလွန်ကြီးလေးသောပြစ်မှုဖြစ်ပြီး အထူးသဖြင့် နစ်နာသူသည် အရွယ်မရောက်သေးသူဖြစ်သည့်အခါတွင် ပို၍ဆိုးသည်။

သူ မသိလို့လား။ သေချာပေါက် သူသိသည်။ သူသည် သူ၏ဇာတိမြို့တွင် လိုသလိုပြုမူနေကျဖြစ်ပြီး ယနေ့တွင် တိတ်ဆိတ်သောည၌ တစ်ယောက်တည်းရှိနေသော မိန်းကလေးတစ်ယောက်ကို မြင်သောအခါ သူ၏တဏှာစိတ်ကို ပိုမိုကြီးထွားစေခဲ့ခြင်းသာဖြစ်သည်။

ဤမျှနှစ်များကြာပြီးနောက် ယနေ့တွင် သူတကယ်တမ်း အခက်အခဲနှင့် တွေ့လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သူသည် ခေါင်းကိုအုပ်ကာ ရှောင်တိမ်းရန်ကြိုးစားရင်း စုရှီကို မုန်းတီးသောအကြည့်ဖြင့် လှမ်းကြည့်ရန်မမေ့ခဲ့ပေ။

သို့သော် စုရှီသည် သူ့ကိုဂရုမစိုက်ပေ။ သူမသည် အမျိုးသမီးဝန်ထမ်းကို လက်ယပ်ခေါ်လိုက်ပြီး ထိုမိန်းကလေးကို ဘေးကင်းရာသို့ခေါ်သွားရန် ညွှန်ကြားလိုက်သည်။

အမျိုးသမီးဝန်ထမ်းသည် ထိုမိန်းကလေးကို လာမည့်ရက်အနည်းငယ်အတွင်း ဝန်ထမ်းများ၏ အနားယူခန်းတွင် နေစေမည်ဟုပြောရင်း အကြိမ်ကြိမ်ခေါင်းညိတ်လိုက်သည်။

သူမ၏သမီးသည် ဤမိန်းကလေးနှင့် အသက်အရွယ်တူညီသောကြောင့် သူမအတွက် စာနာရန်ပိုလွယ်ကူစေသည်။

သူမတွင် တာဝန်များသာမရှိပါက ထိုအမှိုက်ကို သေအောင် ကုတ်ခြစ်ရန် ပြေးသွားချင်မိပေလိမ့်မည်။

စုရှီသည် ဝန်ထမ်းက ထိုမိန်းကလေးကို ခေါ်ဆောင်သွားသည်ကိုကြည့်ပြီးနောက် မြေပြင်ပေါ်တွင် ဖရိုဖရဲဖြစ်နေသော အသားပုံကြီးထံသို့ သူမ၏အာရုံကို ပြန်ပို့လိုက်သည်။

သူမ၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူနှင့် ထိုက်တန်သော်လည်း ထိုအမျိုးသမီးများသည် အံ့ဩစရာကောင်းလောက်အောင် လျင်မြန်ပြီး ပြတ်သားကြပုံပင်၊ သို့သော် သူမကတော့ သဘောကျသည်။

သက်သေအထောက်အထားများ ခိုင်လုံသောကြောင့် ရထားရဲများသည် အစောကကဲ့သို့ နောက်တွန့်မနေတော့ပေ။

ရဲအရာရှိနှစ်ဦးသည် ကြမ်းပြင်ပေါ်တွင် သေဟန်ဆောင်နေသော မသမာသည့်လူကို ပြန်ထဖို့ ဆွဲမရန် ကိုယ်ကိုကိုင်းလိုက်ကြသည်။

သို့သော်လည်း သူ၏ကိုယ်အလေးချိန်သည် ပေါင်နှစ်ရာကျော်ရှိပြီး သူကတမင်တကာ လဲလျောင်းနေသောကြောင့် သာမန်လူများအတွက် သူ့ကိုရွှေ့ရန် ခက်ခဲသည်ကို သူတို့တွေ့ရှိလိုက်ရသည်။

အနီးအနားမှ ခန္ဓာကိုယ်တောင့်တင်းသော လူတစ်ဦးသည် ကျိန်ဆဲကာ တိုးဝှေ့ဝင်ရောက်လာရန် ကြိုးစားသည်။ သူ၏ခန္ဓာကိုယ်သည် ကြွက်သားများဖြင့်ပြည့်နေပြီး သူတွင် အားအင်အတော်အတန်ရှိသည်မှာ ထင်ရှားသည်။

သို့သော်လည်း စုရှီ ဤနေရာတွင် ရှိနေသောကြောင့် အခြားမည်သူ့ကိုမျှ မလိုအပ်တော့ပေ။

သူမသည် အရာရှိနှစ်ဦးကို နောက်ဆုတ်ပြီး နေရာရှင်းပေးရန် ညွှန်ကြားလိုက်သည်။ ပတ်ဝန်းကျင်မှ လူများ၏ နားမလည်နိုင်သော အကြည့်များအောက်တွင် သူမသည် လက်ကိုဆန့်ကာ ပေါင်နှစ်ရာကျော်ရှိသော လူယုတ်မာဖတ်တီးကို မြေပြင်မှ အလွယ်တကူ မတင်လိုက်သည်။ ထို့နောက် လူတိုင်း၏ အံ့ဩမှင်သက်နေသောမျက်လုံးများရှေ့တွင် သူ့ကို လျှောက်လမ်းကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ထိုလူယုတ်မာသည် အဆင်မပြေစွာ လဲကျသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာကျကာ နာကျင်စွာညည်းညူရင်း သနားစရာကောင်းသည့် အော်ဟစ်သံတစ်ချက်ထွက်ပေါ်လာသည်။

ရုတ်တရက် အမျိုးသမီးတစ်ဦးက အော်ဟစ်ကာ မျက်နှာကိုအုပ်ပြီး ကျိန်ဆဲလိုက်သည်။

“တဏှာရူး၊ တဏှာရူး။ သူ့ဘောင်းဘီဇစ်က… တိရစ္ဆာန်လိုကောင်!”

လူတိုင်းသည် အာရုံစိုက်လိုက်ကြပြီး ထို့နောက် အစောပိုင်းက သူသည် ထောင့်တွင်ကွယ်နေပြီး ထိုင်ခုံများ ကွယ်ထားသောကြောင့် သူတို့သတိမထားမိခဲ့ကြောင်း သိလိုက်ကြသည်။ မသမာသောလူ၏ ဇစ်သည် ပွင့်နေပြီး အရေးအကြီးဆုံးမှာ ပေါင်ခြံတစ်ဝိုက်တွင် အရည်အချို့ရှိနေခြင်းပင်။

လူကြီးများအနေဖြင့် သူတို့အများစုသည် ထိုအရာက ဘာကိုဆိုလိုသည်ကို အတိအကျသိကြသည်။

ကောင်းလိုက်လေ။ ယခုအခါတွင် အမျိုးသားများက ဝင်ရောက်လာကြပြီး မသမာသောလူ၏ အော်သံများ တဖြည်းဖြည်း တိုးသွားသည်အထိ လက်သီးများ၊ ခြေကန်ချက်များနှင့် ကျိန်ဆဲသံများဖြင့် တိုက်ခိုက်ကြတော့သည်။

ထိုအခါမှသာ ရထားရဲများက ကြားဝင်ဟန်ဆောင်လိုက်ကြသည်။

ရဲများက မည်သူ့ကိုမျှ ဆူပူရန်မလိုအပ်ပေ။ ဒဏ်ရာဗရပွဖြစ်နေသော မသမာသည့်လူသည် ငိုယိုအော်ဟစ်ကာ အရာရှိများဘေးတွင် သနားစဖွယ်ခိုလှုံရန် ရှာဖွေနေသည်။

အရာရှိတစ်ဦးက နူးညံ့သိမ်မွေ့သော အမျိုးသမီးစစ်သားကိုကြည့်ရင်း ညင်သာစွာပြောလိုက်သည်။

“ရဲဘော်စစ်သား၊ ရိုးရိုး ထွက်ဆိုချက် တစ်ခုအတွက် ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးဖို့ အနှောင့်အယှက်ပေးရပါလိမ့်မယ်”

သူသည် အစပိုင်းတွင် သူမကို စာပေစစ်သားတစ်ဦးဟုသာ ထင်ခဲ့သော်လည်း အမျိုးသမီးရဲဘော်က သူမ၏ အစွမ်းကိုပြသလိုက်သောအခါ သူအထင်လွဲခဲ့ကြောင်း သိလိုက်ရသည်။ သူမ၏ အင်အားသည် သာမန်လူများပိုင်ဆိုင်သည့်အရာမဟုတ်ပေ။

စုရှီက ထပ်ပြောလိုက်သည်။ “ဒီလူရဲ့ ဇာတိမြို့က နောက်ကြောင်းရာဇဝင်ကို စုံစမ်းတာ ပိုကောင်းလိမ့်မယ်။ သူက ဒီကိစ္စမှာ တော်တော်ကျွမ်းကျင်ပုံရတယ်။ ဖမ်းမိတာကို အပြစ်ရှိတယ်လို့ မခံစားရဘူးဆိုရင် ဒါသူ့ရဲ့ပထမဆုံးအကြိမ်မဟုတ်တာ သေချာတယ်”

အတွေ့အကြုံရှိသော ဝါရင့်ရဲအရာရှိများသည် စုရှီ၏ အကဲဖြတ်မှုကို သဘာဝကျကျ သဘောတူကြသည်။ သူတို့သည် ထိုလူကို စေ့စေ့စပ်စပ်စုံစမ်းပြီး သတိပေးချက်အဖြစ် အချက်အလက်များကို လူသိရှင်ကြားထုတ်ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုလူယုတ်မာသည် သူမ၏ စကားကြောင့် နောက်သို့ကျုံ့သွားသည်။ သူသည် နှစ်များတစ်လျှောက် အမျိုးသမီးငယ်မည်မျှကို နှိပ်စက်ခဲ့သည်ကို သူသိသည်။ ဤအရာကိုစုံစမ်းလျှင် သူသည် ကြီးလေးသောအကျိုးဆက်များနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ထိုအတွေးက သူ့ကို ပိုတုန်ယင်စေသည်။

ထို့နောက် သူ့ဝမ်းဗိုက်အောက်ပိုင်းသည် ပျော့ကျသွားပြီး ဆိုးရွားသောဆီးနံ့တစ်ခု လေထဲတွင် လွင့်ပျံလာသည်။

အခြားသူများသည် လူယုတ်မာ၏ စိုစွတ်နေသောဘောင်းဘီကို ကြည့်လိုက်ကြပြီး အားလုံးသည် စက်ဆုပ်စွာဖြင့် မျက်နှာလွှဲလိုက်ကြသည်။

စုရှီ၏မျက်လုံးများထဲတွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။ ယခုမှ သူကြောက်နေသည်။ အရင်က သူများကို နှောင့်ယှက်နေစဉ်က ဘာကြောင့်မကြောက်ခဲ့သနည်း။

သူမ၏ မျက်လုံးများကို ပူလောင်စေသောမြင်ကွင်းကို မကြည့်လိုသဖြင့် စုရှီသည် ဖန့်ရှင်းဘက်သို့လှည့်ကာ သူမကို အခန်းသို့ အရင်ပြန်ပို့သင့်လားဟု စဉ်းစားနေလိုက်သည်။

ဖန့်ရှင်းသည် စုရှီ၏ရည်ရွယ်ချက်ကို အာရုံခံမိပြီး ချက်ချင်းပင် သူမအပေါ်သို့ခုန်တက်ကာ သူမ၏ လက်မောင်းကို တင်းတင်းဖက်ထားရင်း သူမ၏ ချစ်စဖွယ်ကျွမ်းကျင်မှုများကို အသုံးပြုလိုက်သည်။

“မဖြစ်ဘူး၊ အစ်မ ရှီရှီ ကျွန်မ အစ်မနဲ့လိုက်ခဲ့မယ်၊ ကျွန်မလည်း သက်သေပဲ”

စုရှီသည် သူမနှုတ်ခမ်းကို တွန့်လိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် သတ္တိရှိသလိုလုပ်နေတာကို ကြည့်စမ်းပါဦး၊ 'သက်သေ' ဆိုတာ ဘာကိုဆိုလိုတာလဲ”

သို့သော်လည်း သူမသည် နောက်ဆုံးတွင် ငြင်းဆန်ခြင်းမပြုခဲ့ပေ။ သူမ၏ အမြီးငယ်လေးက နောက်မှလိုက်ပါလာပြီး သူမသည် တွဲထဲရှိ လူတိုင်း၏ နှုတ်ဆက်မှုများကြားမှ ရဲအရာရှိများနှင့်အတူ ရဲအခန်းဆီသို့ လျှောက်သွားလိုက်သည်။

သူတို့သည် အဝေးကြီး မလျှောက်ရသေးခင်မှာပင် စုရှီသည် ရှဲ့ကျန်းနှင့် တုန့်ယွင်ကိုတွေ့လိုက်ရသည်။ လူငယ်လေး၏ တွေဝေနေသောအမူအရာကို သတိပြုမိသဖြင့် သူတို့သည် အတော်ကြာစောင့်ဆိုင်းနေခဲ့ရသည်ဟု သူမခန့်မှန်းလိုက်သည်။

သူမ ရှဲ့ကျန်းကို ပြုံးပြရင်း ပြောလိုက်သည်။

“ရှင်တို့နှစ်ယောက်ပြန်ပြီးတော့ အထုပ်အပိုးတွေကို စောင့်ကြည့်ထားလိုက်။ ကျွန်မတို့ ခနနေ ပြန်လာခဲ့မယ်”

ရှဲ့ကျန်းသည် လူများစွာရှိနေသောကြောင့် ဘာမှမပြောပေ။ သူသည် သူ့ဇနီး၏ ခေါင်းလေးကို ညင်သာစွာပုတ်လိုက်ပြီး တုန့်ယွင်ကို ခေါ်၍ ပြန်သွားသည်။

သို့သော်လည်း သူတို့သည် ထိုလူယုတ်မာ၏ ဘေးမှဖြတ်သွားသောအခါ ရှဲ့ကျန်း၏အကြည့်သည် အေးစက်သွားသည်။ သူသည် သူ့ဇနီးသည်ကို ရည်ညွှန်းသော စော်ကားမှုများစွာကို ခုနကကြားခဲ့သောကြောင့် ဘာမှမကြားဟန်ဆောင်ရန် မဖြစ်နိုင်ပေ။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပွတ်တိုက်ဖြတ်သွားစဉ် ရှဲ့ကျန်းသည် ထိုလူယုတ်မာ၏ ခြေသလုံးကို ကန်လိုက်သည်။ လူတိုင်းသည် “ခရက်” ဟူသောအသံကျယ်ကို ကြားလိုက်ရပြီး ထိုလူယုတ်မာသည် နာကျင်စွာအော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့ခြေထောက်ကိုကိုင်ကာ ဝံပုလွေကဲ့သို့ အူနေသည်။

စုရှီ - “……”

ရဲအရာရှိများ - …

ထိုလူက ဘာမှမဖြစ်သလို ရထားတွဲထဲသို့ လျှောက်ဝင်သွားသည်ကိုကြည့်ရင်း စုရှီနှင့် သူမ၏အဖော်များသည် စကားမပြောနိုင်တော့ဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

ဖန့်ရှင်းသည် သူမ၏ပါးစပ်ကိုအုပ်ကာ ဆီခိုးလာသောကြွက်ကလေးတစ်ကောင်ကဲ့သို့ တခစ်ခစ်ရယ်လိုက်သည်။ “ငါ့အစ်ကိုက ငါ့အစ်ကိုပဲ။ သူက မြန်မြန်ဆန်ဆန်တိုက်ခိုက်တယ်”

စုရှီသည် သူမလည်ချောင်းကို ရှင်းလိုက်သည်။ “မင်းဘာတွေပြောနေတာလဲ။ ခုနက ဘာမြင်လိုက်ကြသေးလဲ”

ဖန့်ရှင်းသည် ချက်ချင်း ကိုယ်ကိုမတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်လေးသည် အလေးပြုသကဲ့သို့ ရပ်နေသည်။

“မမြင်ပါဘူး။ ကျွန်မ ဘာမှမမြင်လိုက်ပါဘူး”

စုရှီသည် အရာရှိနှစ်ဦးကို ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။

ရဲအရာရှိများသည် သူတို့၏နှုတ်ခမ်းများကို တွန့်လိုက်ကြပြီးနောက် မျက်နှာလွှဲလိုက်ကြသည်။ သူတို့သည် ထိုလူယုတ်မာကို တစ်ပိုင်းထောက်၊ တစ်ပိုင်းဆွဲကာ ယာယီထိန်းသိမ်းရေးနေရာသို့ ခေါ်ဆောင်သွားကြသည်။ အရာရှိတစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒီလူက တကယ်ပဲ၊ ကိုယ့်ခြေထောက်နဲ့ကိုယ်ခလုတ်တိုက်နိုင်တယ်။ သူထိုက်တန်တယ်”

အခြားတစ်ဦးက ထောက်ခံလိုက်သည်။ “မကောင်းတဲ့လူတွေက အပြစ်ဒဏ်ခံရမှာသေချာတယ်”

စုရှီနှင့် ဖန့်ရှင်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး နောက်မှလိုက်သွားရန်အပြုတွင် ရုတ်တရက်နောက်မှ တုန့်ယွင်၏အော်သံကို ကြားလိုက်ရသည်။

“ဘာလဲ။ မရီးက တကယ်လူသားလက်နက်လား။ အစ်ကိုက သူ့ကို ကျွန်တော့်လိုလူဆယ်ယောက်နိုင်တယ်လို့ပြောတာ မဆန်းတော့ဘူး။ အဲ့ဒီဝက်ကို လက်တစ်ဖက်တည်းနဲ့ မလိုက်တဲ့အားကိုကြည့်စမ်းပါဦး၊ မယုံနိုင်စရာပဲ”

စုရှီ - “……” သူမ ကြားလိုက်သည်။

All Chapters