← Chapters

အခန်း (၇၅-၇၆)

Vol. 7 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 7 Ch. 75-76

အပိုင်း ၇၅

“မရီး၊ မရီးက ဒီအတွက် သီးသန့်လေ့ကျင့်ထားတာလား။ မရီးရဲ့အားက အံ့ဩစရာပဲ”

စုရှီသည် ရထားတွဲထဲသို့ပြန်ရောက်ကာစ၊ ထိုင်ခုံတွင်ပင် နေရာမကျသေးခင် တုန့်ယွင်က တစ်ဖက်ခြမ်းမှ စိတ်လှုပ်ရှားစွာဖြင့် သူမကို လက်မထောင်ပြလိုက်သည်။

စုရှီသည် မျက်နှာကို လက်ဖြင့်အုပ်ထားချင်စိတ် ပေါက်သွားသည်။

လွန်ခဲ့သောနာရီအနည်းငယ်က တုန့်ယွင်ကို ပထမဆုံးတွေ့စဉ်က သူသည် သူမအစ်ကိုကြီး စုတုန့်နှင့် စိတ်နေစိတ်ထားအရ အနည်းငယ်ဆင်တူကာ ယဉ်ကျေးပြီး ခပ်တန်းတန်းနေတတ်သော လူတစ်ယောက်ကဲ့သို့ ထင်ရသည်ကို သူမသတိရမိသည်။

ရင်းနှီးသွားသည်နှင့် သူက ဘယ်လိုများ ဒီလောက်ကွာခြားသွားရသနည်း။

သူမက ပြန်ဖြေလိုက်သည်။ “အားက မွေးရာပါပဲ၊ တမင်တကာ လေ့ကျင့်ထားတာမဟုတ်ဘူး”

တုန့်ယွင်သည် ရှဲ့ကျန်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ “ကျွန်တော်က မရီးရဲ့အရည်အချင်းတွေက အစ်ကို ရှဲ့ ကြောင့်ဖြစ်လာတာလို့ ထင်နေတာ။ သူက ကျွန်တော်တို့ကိုလိုပဲ မရီးကို ရက်ရက်စက်စက်လေ့ကျင့်ပေးတာလားလို့ တွေးနေတာ၊ ဒါပေမဲ့ မဟုတ်ဘူးထင်တယ်…”

စုရှီသည် စကားမပြောနိုင်ဖြစ်နေသော ရှဲ့ကျန်းကို တစ်ချက်လှမ်းကြည့်ပြီး ပြုံးလိုက်သည်။ “တကယ်တော့ အဲ့လိုမဟုတ်ပါဘူး၊ ကျွန်မက ငယ်ငယ်ကတည်းက အားရှိတာ”

အခြားသူများ စကားပြောနေစဉ်တွင် ဖန့်ရှင်းသည် တုန့်ယွင်၏ အကူအညီဖြင့် အပေါ်ထပ်ကုတင်သို့ တက်သွားသော်လည်း သူမသည် နာခံစွာ လှဲမနေခဲ့ပေ။ ထိုအစား သူမသည် ခြေထောက်ချိတ်ထိုင်ကာ စုရှီကို ငုံ့ကြည့်လိုက်သည်။

“အစ်မ ရှီရှီ၊ အစ်မက တကယ်ဘယ်လောက်အားကြီးတာလဲ။ အဲ့ဒီဝက်သိုးကို အစ်မ ဘယ်လောက် လွယ်လွယ်ကူကူ မလိုက်လဲဆိုတာ ကျွန်မမြင်လိုက်တယ်”

စုရှီသည် အမှောင်ကို အခွင့်ကောင်းယူကာ ထိုလူ၏ နှုတ်ခမ်းကို လျင်မြန်စွာနမ်းလိုက်သည်။ သူ၏ ချက်ချင်းတောင့်တင်းသွားမှုကို လျစ်လျူရှုကာ သူမသည် ငါးခိုးလာသော ကြောင်တစ်ကောင်ကဲ့သို့ ကောက်ကျစ်သော အပြုံးကိုဆင်မြန်းရင်း ဖိနပ်များကို လျင်မြန်စွာချွတ်ကာ လှေကားပေါ်သို့ ပြေးတက်သွားသည်။ သူမလှဲလျောင်းပြီးသည်နှင့် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“အင်း၊ ငါငယ်ငယ်တုန်းက ငါတို့ရဲ့သစ်သားပစ္စည်းတွေ မကြာခဏကျိုးတယ်”

အတွင်းထဲတွင် သူမသည် ပီတိဖြစ်စွာဖြင့် တီးတိုးရေရွတ်နေမိသည်။ ထိုလူဆိုးက လွန်ခဲ့သောရက်အနည်းငယ်က သူမကို ကုတင်ပေါ်မှ မထနိုင်လောက်အောင် စနောက်ခဲ့သည်၊ ယခုတော့ သူသည် လူတိုင်းရှေ့တွင် သူ၏အတွေးများကို စိတ်ထဲမှာပင်ထားရတော့မည်။ ဟီးဟီး။

ဖန့်ရှင်း၏ မျက်လုံးများသည် အံ့ဩမှုဖြင့် ပြူးကျယ်သွားသည်။ “အစ်မ ရှီရှီက ချိုးပစ်လိုက်တာလား”

စုရှီသည် လွန်ခဲ့သည့်နှစ်အနည်းငယ်က ရှဲ့ကျန်းက သူမနောက်မှ ရှင်းလင်းပေးနေသည့်မြင်ကွင်းကို ပြန်လည်သတိရရင်း ရယ်မောလိုက်သည်။

“တိတိကျကျပြောရရင်တော့ ကြေမွသွားတာ…”

“ဝိုး။ အစ်မ ရှီရှီ၊ အစ်မက တော်လိုက်တာ…”

သူမသည် တကယ်ပင် အထင်ကြီးစရာကောင်းလှသည်။ တုန့်ယွင်သည် သူ့တစ်ဖက်မှလူကို သူများဒုက္ခရောက်သည်ကို ဝမ်းသာအားရကြည့်သော အမူအရာဖြင့်ကြည့်ရင်း အစ်ကို ရှဲ့က ဤမျှအားကြီးသောတစ်စုံတစ်ယောက်ကို တွေ့ရှိခဲ့သည်မှာ ဘယ်လောက်ကောင်းလိုက်လဲဟု တွေးနေမိသည်။ ဤအားကြီးသောမိန်းမက တစ်နေ့တွင် ထိုလူဆိုးကြီးကို နေရာတကျထားနိုင်မည်ဟူသော အတွေးကြောင့် သူသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်မိသည်။

တုန့်ယွင်၏အကြည့်သည် အလွန်ပြင်းထန်နေသောကြောင့်ဖြစ်နိုင်သည်။ သူ၏ဇနီးသည်ထံမှ မူးယစ်ဖွယ်အနမ်းတွင် နစ်မြောနေခဲ့သော ထိုလူသည် ရုတ်တရက် သူ့ကို ပြင်းထန်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

တုန့်ယွင်သည် အောက်ထပ်ကုတင်ပေါ်သို့ လျင်မြန်စွာ လှဲချလိုက်ပြီး ချစ်စဖွယ်နာခံတတ်သော အမူအရာကို ဆင်မြန်းထားလိုက်သည်။

....

နောက်တစ်နေ့နံနက်၌။

စုရှီနှင့် ရှဲ့ကျန်းတို့သည် မျက်နှာသစ်ရန် သွားခဲ့ကြသည်။ သူတို့သည် ဘေးတွဲကို ဖြတ်သွားစဉ် နေရာတိုင်းတွင် ယခင်ညက အဖြစ်အပျက်များကို ဆွေးနွေးနေကြသည်ကို ကြားနေရသည်။

ရှင်းလင်းစွာပင်၊ မည်သည့်ခေတ်တွင်မဆို ကောလာဟလ ပျံ့နှံ့မှုအရှိန်ကို လျှော့တွက်၍မရနိုင်ပေ။

အမျိုးသမီးက သူတပါးကို သွေးဆောင်ရန် လှုံ့ဆော်သောဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်ထားရမည်ဟု အခိုင်အမာပြောဆိုကာ စကားများနေသော လူ အနည်းငယ်မှလွဲ၍ လူအများစုသည် အခြေအနေအပေါ် မှန်ကန်သောအမြင်ကို ထိန်းသိမ်းထားကြသည်။

စုရှီနှင့် ရှဲ့ကျန်းတို့သည် အနီးကပ်နားထောင်ရင်း ဖြစ်ပေါ်နေသော ပြဇာတ်အပေါ် သူတို့၏ ကျေနပ်မှုကို ဖော်ပြသော အကြည့်များဖြင့် အပြန်အလှန်ကြည့်လိုက်ကြသည်။

မျက်နှာသစ်ပြီးနောက် တုန့်ယွင်နှင့် အခြားသူများနှင့် နေရာလဲရန် အသင့်ဖြစ်၍ သူတို့၏ ရထားတွဲသို့ ပြန်ရောက်သောအခါ နံနက်စာကို အဆင်သင့် ခင်းကျင်းထားသည်ကို တွေ့လိုက်ရသည်။

ပေါက်စီ၊ အသားပေါင်း၊ ဆန်ပြုတ်နှင့် အီကြာကွေးအနည်းငယ်ပင် ရှိနေသည်။ မြင်ကွင်းသည် အတော်လေးခမ်းနားလှသည်။

ရှဲ့ကျန်းက မျက်ခုံးပင့်လိုက်သည်။ “ဒါတွေက ဘယ်ကရတာလဲ”

စားနပ်ရိက္ခာရှားပါးနေချိန်တွင် ပိုက်ဆံနှင့်လက်မှတ်များရှိလျှင်ပင် ဤကဲ့သို့သောအရာများကို မဝယ်နိုင်သည်မှာ သေချာသည်။ တစ်စုံတစ်ယောက်ကများ…။

ဖန့်ရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် စကားများနေပြီဖြစ်သည်။ “အစ်ကို ရှဲ့၊ ရထားဝန်ထမ်းတွေ ယူလာပေးတာ။ သူတို့က မနေ့က အစ်မ ရှီရှီရဲ့ သူရဲကောင်းဆန်တဲ့ကယ်တင်မှုအတွက် ဝန်ထမ်းအားလုံးကိုယ်စား ရထားမှူးက လက်ဆောင်ပေးတာတဲ့။ သူတို့က အလကားပို့ပေးတာ”

“သူရဲကောင်းဆန်ဆန်” ဟူသော စကားလုံးကိုကြားသောအခါ စုရှီသည် သူမနှုတ်ခမ်းကို တွန့်လိုက်ပြီး တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ သို့တိုင် သူမက မေးလိုက်သည်။

“မင်း ပိုက်ဆံပေးလိုက်လား”

ဖန့်ရှင်းသည် သူမ၏ရင်ဘတ်ကို ကော့လိုက်သည်။ “အစ်မ၊ စိတ်မပူနဲ့။ ကျွန်မက သူတို့ကို ကျွန်မတို့စစ်သားတွေက ပြည်သူတွေဆီက အပ်တစ်ချောင်း၊ ချည်တစ်မျှင်တောင် မယူနိုင်ဘူးလို့ပြောပြီး ပိုက်ဆံအတင်းပေးခဲ့တယ်”

စုရှီသည် သူမ၏ပွနေစောခေါင်းလေးကို ပုတ်လိုက်ရာ ထိုအပြုအမူက အထူးသဖြင့် ကျေနပ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။ ရှဲ့ကျန်းနှင့် အခြားသူများ သူမခေါင်းကို ပုတ်ရသည်ကို ကြိုက်သည်မှာ အံ့ဩစရာမရှိပေ။ သူမသည် ချီးကျူးစကားကို မခြွင်းမချန်ပြောလိုက်သည်။

“ငါသိသားပဲ။ ငါတို့ ရှင်းရှင်းက အတော်ဆုံးပဲ”

ဖန့်ရှင်းသည် ချီးကျူးစကားကြောင့် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။ သူ၏ခေါင်းပွပွလေးသည် စုရှီ၏ လက်ဖဝါးနှင့် ပွတ်သပ်ကာ ချစ်စဖွယ်နာခံတတ်သော အမူအရာကို ပြသနေသည်။

ဒါကိုကြည့်ရင်း တုန့်ယွင်သည် မနာလိုစိတ်တစ်ချက်ခံစားလိုက်ရသည်။ သူသည် သူ၏မိန်းကလေးကို ကောင်းကောင်းသိသည်။ ချိုမြိန်ပြီး အပြစ်ကင်းစင်ပုံရသော်လည်း ရှင်းရှင်းသည် တကယ်တမ်းတွင် အတော်လေး သတိကြီးသူဖြစ်သည်။ သူမသည် သူမတကယ်ကြိုက်သောသူမှလွဲ၍ မည်သူ့ကိုမျှ ဤကဲ့သို့ချစ်စဖွယ်အမူအရာကို မပြပေ။

သူသည် အနည်းငယ် စိတ်မချမ်းမသာဖြစ်မိသည်ကို မထိန်းနိုင်ဖြစ်မိသည်။

တုန့်ယွင်သည် မနာလိုစိတ်ဖြင့် ပူလောင်နေကာ ရှဲ့ကျန်းကို သူ၏ဇနီးကို စောင့်ကြည့်ရန် တိတ်တဆိတ်တိုက်တွန်းဖို့ စိုက်ကြည့်ဝံ့သည်အထိဖြစ်နေစဉ် ရှဲ့ကျန်း၏ အေးစက်သောအကြည့်နှင့် ဆုံသွားခဲ့သည်။ သူ အေးစက်သောဓားများဖြင့် ခုတ်ဖြတ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

တုန့်ယွင်သည် ချက်ချင်း နောက်သို့ကျုံ့သွားပြီး ကြောက်မက်ဖွယ် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူသည် ဤနေရာတွင် အစာကွင်းဆက်၏ အောက်ဆုံးတွင်ရှိနေသည်။ သူစော်ကားရန် တတ်နိုင်သောသူ တစ်ယောက်မျှပင် ရထားတွဲထဲတွင် မရှိပေ။

သူသည် သူ့ကိုယ်သူ တတ်နိုင်သမျှ မထင်မရှားဖြစ်အောင် ကြိုးစားနေစဉ်မှာ စုရှီက စကားစပြီး သူ့ကို အကျပ်အတည်းမှ ကယ်တင်လိုက်သည်။

“ရှင်းရှင်း၊ မင်းတို့ မြန်မြန်သွားပြီး မျက်နှာသစ်လိုက်ကြတော့။ အစာစားဖို့ ငါတို့စောင့်နေမယ်၊ ဟုတ်ပြီလား”

သူမစကားပြောရင်း စုရှီသည် ထိုင်ချလိုက်ပြီး ခရီးဆောင်အိတ်တစ်လုံးကို ဖွင့်ရန်ပြင်ဆင်ရင်း လှမ်းယူလိုက်သည်။

သို့သော် သူမ မလုပ်နိုင်ခင်မှာပင် ရှဲ့ကျန်းသည် သူ၏ထိုင်လျက်အနေအထားမှ ကိုင်းလိုက်ပြီး သူမကို ကုတင်ပေါ်သို့ မတင်လိုက်သည်။ ထို့နောက် သူသည် ကြမ်းပြင်ပေါ်သို့ ပြန်ထိုင်ချကာ ခရီးဆောင်အိတ်ကို သူကိုယ်တိုင်ဖွင့်ရင်း မေးလိုက်သည်။

“မင်း ဘာရှာနေတာလဲ”

စုရှီသည် ရယ်ရမလို၊ ငိုရမလိုဖြစ်သွားသည်။ ရယ်မောလိုက်သည်။ သူမသည် ကောင်းကောင်းကိုင်တွယ်နိုင်သော်လည်း ဒီလူသည် သူမကို အမြဲတမ်း နူးညံ့သိမ်မွေ့သော ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ ဆက်ဆံသည်။

“အဘွားက ဒီခရီးဆောင်အိတ်ထဲမှာ မက်မွန်သီးလေးလုံးထည့်ပေးလိုက်တာ မှတ်မိတယ်၊ ဟုတ်တယ်မလား။ အကုန်လုံး ထုတ်ပြီး ဆေးကြောဖို့ ရှင်းရှင်းတို့ကို ရေချိုးခန်းဆီ ယူသွားခိုင်းလိုက်”

ရှဲ့ကျန်းသည် သူနားလည်ကြောင်းပြရန် ခေါင်းညိတ်လိုက်သည်။ ဖွင့်ထားသော ခရီးဆောင်အိတ်၏ ထောင့်သို့ လက်လှမ်းကာ သူသည် ကြီးမားသောမက်မွန်သီးလေးလုံးကို ထုတ်ယူလိုက်သည်။

မက်မွန်သီးတို့သည် ဘယ်လောက်ကြီးမားသနည်း။ စုရှီ

သည် ယခင်က တစ်လုံးကို သူမလက်ထဲတွင် ချိန်ဆကြည့်ဖူးသည်။ တစ်လုံးစီသည် တစ်ပေါင်ကျော်ကျော်လောက်သည်။ ရှဲ့ကျန်း၏ လက်ကြီးများဖြင့်ပင် သူသည် တစ်ကြိမ်လျှင် တစ်လုံးသာ ကိုင်နိုင်ခဲ့သည်။

စုရှီသည် သူမ၏ လက်သေးသေးလေးနှစ်ဖက်ဖြင့် မက်မွန်သီးတစ်လုံးကို ကိုင်ရန်လိုအပ်သည်။

ဖန့်ရှင်းသည် စုရှီပေးသောမက်မွန်သီးတစ်လုံးကို လက်ခံယူလိုက်သည်။ သူမသည် မက်မွန်းသီးကို အံ့ဩရန်အချိန်မရခင် မက်မွန်သီး၏ ကြွယ်ဝပြီး သွေးဆောင်မှုရှိသောရနံ့က လေထဲတွင် ပြည့်နှက်သွားပြီး သူမပါးစပ်မှ သွားရည်များစီးကျလာခံ့သည်။

သူမသည် ချုပ်တည်းမှုအားလုံးကို မေ့သွားပြီး စပ်စုစွာဖြင့် မေးလိုက်သည်။

“အစ်မ ရှီရှီ၊ ကျွန်မ ဒီလောက်ကြီး၊ ဒီလောက်နီ၊ ဒီလောက်မွှေးတဲ့ မက်မွန်သီးမျိုး တစ်ခါမှမမြင်ဖူးဘူး။ ဒါက ကျွန်မမျက်နှာလောက် နီးနီးကြီးတယ်။ ကျွန်မတို့ နှစ်လုံးကို မနက်ဖြန်အတွက် ချန်ထားပြီး တစ်နေ့ကို မက်မွန်သီးတစ်ခြမ်းစီ စားသင့်လား”

ဖန့်ရှင်းက မက်မွန်သီးတို့ကို တကယ်မဖြုန်းတီးချင်ပေ။ ဤကြီးမားသောမက်မွန်သီးများကို တစ်ကြိမ်တည်းဖြင့် အကုန်မစားနိုင်ဟု ခံစားနေရသည်။ နောက်ဆုံးတော့ မိန်းကလေးများသည် များသောအားဖြင့် အစားသိပ်မစားနိုင်ကြသလို ဤခေတ်တွင် အစားအစာသည် ဖြုန်းတီးရန်အရာမဟုတ်ပေ။

ထို့နောက် စုရှီသည် ရှဲ့ကျန်းကို ခရီးဆောင်အိတ်ထဲမှ သန့်ရှင်းသောအိတ်တစ်လုံးရှာခိုင်းပြီး မက်မွန်သီးများအားလုံးကို အိတ်ထဲသို့ထည့်ပြီးသည်နှင့် သူမ အိတ်ကို တုန့်ယွင်ဆီသို့ ပေးပြီး ပြောလိုက်သည်။

“စိတ်မပူနဲ့၊ ဒီမက်မွန်သီးတွေက ကြီးပုံရပေမဲ့ တစ်ယောက်တစ်လုံးက မလောက်ဘူးလို့တောင် ခံစားရနိုင်တယ်”

သူမ အမှန်ကိုပြောနေခြင်းဖြစ်သည်။ ဤမက်မွန်သီးများကို မြည်းစမ်းပြီးသည်နှင့် သူတို့သည် အလွန်ကြီးမားသည်ဟု မထင်တော့ဘဲ၊ အမှန်တကယ်တွင် ပို၍ပင် လိုချင်လာနိုင်သည်။

စုရှီနှင့် ရှဲ့ကျန်းတို့သည် ပြီးခဲ့သည့်နှစ်က တောအစပ်တွင် မက်မွန်ပင်တစ်ဒါဇင်ခန့်ကို ပြောင်းရွှေ့စိုက်ပျိုးခဲ့ရာ စစ်သားများက စပ်စုခဲ့ကြသည်။ အသီးရှားပါးသော မက်မွန်ပင်များကို အဘယ်ကြောင့် ဒုက္ခခံ၍ ပြောင်းရွှေ့စိုက်ပျိုးရသနည်း။ သို့သော် သူတို့သည် မည်သည့်မေးခွန်းမျှ မမေးခဲ့ကြပေ။

နောက်ပိုင်းတွင် စုရှီသည် သူမ မက်မွန်ပင်များအား ကိုင်းဆက်နည်းကို နားလည်ကြောင်း သူမဘာသာသူမ ရှင်းပြခဲ့သည်။

ထိုအချိန်အတွင်း သူမသည် အပြင်မှ ကိုင်းဆက်ရန် အကိုင်းအခက်အချို့ကို ယူဆောင်လာခဲ့သည်။ သို့သော် စစ်သားများထဲမှ မည်သူမျှ ကိုင်းဆက်ခြင်းဆိုသည်မှာ ဘာလဲဟု နားမလည်ကြပေ။ သူတို့သည် စပ်စုစိတ်ဖြင့် ကြည့်နေခဲ့ကြပြီး ဘယ်သောအခါမှ အလေးအနက်မထားခဲ့ကြပေ။

ဘေးကင်းဇုန်၏ အပြင်ဘက်တွင် တည်ရှိသော တောအစပ်တွင် စုရှီ၏မက်မွန်ပင်များ ပြောင်းရွှေ့စိုက်ပျိုးရန် ကြိုးပမ်းမှုကို သိရှိသူ အလွန်နည်းပါးသည်။ တောင်များသို့ မကြာခဏ လေ့ကျင့်ရန်သွားသော စစ်သားများသာ ဒီအကြောင်းကို သိကြသည်။

ယခုနှစ်နွေဦးရာသီရောက်မှသာ စစ်သားများသည် အပြောင်းအလဲတစ်ခုကို သတိပြုမိလိုက်ကြသည်။ ပြီးခဲ့သည့်နှစ်က ပိန်လှီပြီး ကျဲပါးသောမက်မွန်ပင်များသည် ယခုအခါ စိမ်းလန်းစိုပြေနေပြီး သူတို့၏ အကိုင်းအခက်များသည် အရွက်များဖြင့် ပြည့်နှက်နေသည်။

မက်မွန်ပန်းများ ပွင့်သောအခါတွင် တစ်ဒါဇင်ခန့်ရှိသောပင်များသည် များများစားစား မဟုတ်သော်လည်း စုဝေးကာ အပြည့်အဝ ပွင့်နေသောမြင်ကွင်းသည် ရှားပါးသောအလှတရားတစ်ခုဖြစ်ခဲ့သည်။

ထို့နောက် စစ်သားများသည် လေ့ကျင့်ခန်းတစ်ခုသွားတိုင်း ဆရာဝန် စုရှီ ကိုင်းဆက်ထားသော မက်မွန်တောငယ်လေးကို စစ်ဆေးရန် အမှတ်တရပြုလုပ်ကြသည်။ သူတို့သည် ဤပင်များက မည်သည့်မက်မွန်သီးမျိုးကို ထုတ်လုပ်နိုင်မည်ကို သိချင်ခဲ့ကြသည်။

လအနည်းငယ်အတွင်းမှာပင် လူတိုင်း အံ့ဩသွားကြသည်။

ပင်များသည် အမှန်တကယ်ပင် အသီးများသီးခဲ့ပြီး မက်မွန်သီးတိုင်းသည် ထူးခြားစွာတောက်ပသော အနီရောင်၊ အလွန်ကြီးမားပြီး အဝေးမှပင် အနံ့ရနိုင်လောက်အောင် မွှေးကြိုင်လှသည်။

အခြေအနေတစ်ခုလုံးသည် အတော်လေးထူးခြားသည်။ ကံမကောင်းစွာဖြင့် မက်မွန်သီးများမှည့်သော နှစ်လအတွင်းတွင် တပ်ရင်းမှူး ရှဲ့ကျန်းနှင့် တပ်ရင်းမှူး ရှီးတို့သည် ကျွန်းပြင်ပတွင် တာဝန်ဖြင့်ရောက်နေကြသည်။ အခြားခေါင်းဆောင်များသည် စုရှီကို တိုက်ရိုက်ချဉ်းကပ်ရန် မသင့်တော်ဟု ခံစားရသောကြောင့် သူတို့သည် အကြီးတန်းဗိုလ်မှူးကြီး ကျန်းထံသို့ အစီရင်ခံခဲ့ကြသည်။

အကြီးတန်းဗိုလ်မှူးကြီး ကျန်းသည် မက်မွန်တောသို့ ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီး အလွန်စိတ်လှုပ်ရှားသွားသည်။ သူသည် နူးညံ့သိမ်မွေ့ပုံရသော ဆရာဝန် စုရှီ တွင် ဤကဲ့သို့သော အရည်အချင်းတစ်ခုရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ တွေးလိုက်သည်မှာ ရဲဘော် ရှောင်စုက သူမဝက်မွေးနိုင်သည်ဟု ပြောလျှင် သူသည် နှစ်ခါမစဉ်းစားဘဲ ယုံကြည်လိမ့်မည်။ အမှန်တကယ်ပင်၊ အသွင်အပြင်ဖြင့် မဆုံးဖြတ်သင့်ပေ။

“ကိုင်းဆက်ခြင်း” တွင် ဘာတွေပါဝင်သည်ကို သူ သိပ်နားမလည်သော်လည်း ဒါသည် ကျွန်းပေါ်ရှိဘဝကို တိုးတက်စေရန် မျှော်လင့်ချက်ကို မြင်ခြင်းမှ သူ့ကိုမတားဆီးနိုင်ခဲ့ပေ။

နောက်ထပ်မနှောင့်နှေးဘဲ သူသည် စစ်သားများကို ဆုချရန် မက်မွန်သီးအချို့ဝယ်ယူလိုသော မျှော်လင့်ချက်ဖြင့် စုရှီကို ရှာဖွေသွားခဲ့သည်။

ကျွန်းပေါ်ရှိ အမြင့်ဆုံးအရာရှိတစ်ဦးအနေဖြင့် သူသည် မက်မွန်သီးများကို တပ်အတွက် ရိုးရှင်းစွာသိမ်းယူနိုင်ခဲ့သည်။ သို့သော် အကြီးတန်းဗိုလ်မှူးကြီး ကျန်းသည် သူ၏လက်အောက်ငယ်သားများကို အမြတ်ထုတ်တတ်သူမဟုတ်ပေ။

သူအံ့ဩစရာကောင်းလောက်အောင်ပင် စုရှီသည် သူစကားမဆုံးခင်မှာပင် ထိုမက်မွန်ပင်များကို ကျွန်းပေါ်ရှိလူများအတွက် အနည်းငယ်ဖြစ်ဖြစ် လက်ဆောင်ပေးရန် သီးသန့်ပြောင်းရွှေ့စိုက်ပျိုးခဲ့ကြောင်း အာမခံခဲ့သည်။

သူမက ပြီးခဲ့သည့်နှစ်က သူမအပင်များများ မစိုက်ပျိုးခဲ့ရခြင်းအကြောင်းရင်းမှာ အခြားသူများက သူမ၏ ကျွမ်းကျင်မှုကို မယုံကြည်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ပြီး ဒါသည် နားလည်မှုလွဲမှားခြင်းများကို ဖြစ်ပေါ်စေနိုင်သောကြောင့်ဟု ရှင်းပြခဲ့သည်။

သူမသည် အပင်အနည်းငယ်ဖြင့် စတင်ခြင်းသည် အကောင်းဆုံးဟု တွေးခဲ့သည်၊ သေးငယ်ပြီး မထင်မရှားဖြစ်ပြီး အပင်များ အသီးသီးသည်နှင့် ကျွန်းအတွက် အပင်များများ ကိုင်းဆက်ပေးမည်ဖြစ်သည်။ စံပြအနေဖြင့် သူမသည် နောင်တွင် မက်မွန်တောကြီး အပြည့်အစုံတည်ထောင်ရန် မျှော်လင့်ထားသည်။

မက်မွန်တောသည် မိသားစုဝင်းနှင့် ပိုမိုနီးကပ်လျှင် အမှန်တကယ်ပင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့နောက် မတ်လရောက်၍ မက်မွန်ပန်းများ အပြည့်အဝပွင့်သောအခါ လူတိုင်းသည် ဤရှားပါးလှပသောမြင်ကွင်းကို ခံစားနိုင်မည်ဖြစ်သည်။

စုရှီ၏အစီအစဉ်ကိုကြားသောအခါ အကြီးတန်းဗိုလ်မှူးကြီး ကျန်းသည် အလွန်စိတ်လှုပ်ရှားသွားသည်။ ဤကဲ့သို့သော ရဲဘော်၊ ဒီလို ကိုယ်ကျိုးမတွေးဘဲ ပြည်သူလူထုကို သစ္စာရှိလှသူပင်။ စိတ်လှုပ်ရှားမှုလွန်ကဲကာ သူသည် ချက်ချင်း လက်ဝှေ့ယမ်းပြီး လူငယ်စုံတွဲကို အားလပ်ရက်တစ်ပတ် ပိုပေးလိုက်သည်။

သို့သော် စုရှီ ယူဆောင်လာသော မက်မွန်သီးများသည် တောအစပ်မှမဟုတ်ပေ။

ထိုအချိန်က သူမသည် မက်မွန်ပင်နှစ်ပင်ကို ခြံဝင်းထဲတွင် ပြောင်းရွှေ့စိုက်ပျိုးခဲ့ပြီး သူမနှင့်ပိုနီးကပ်သောကြောင့် ဤပင်များမှ မက်မွန်သီးများသည် အပြင်ဘက်မှအပင်များထက် ပို၍ပင်ကောင်းမွန်စွာကြီးထွားခဲ့သည်။

အိမ်ရှိအပင်နှစ်ပင်မှ အသီးပေါင်တစ်ထောင်ကျော်ထွက်ရှိသောကြောင့် စု မိသားစုသည် ကျွန်း၏တောမှ ရိတ်သိမ်းရရှိသော ပေါင် ထောင်ပေါင်းများစွာကို ဖြန့်ဝေရာတွင် ပါဝင်ရန်မလိုအပ်ပေ။

ထိုပေါင်ထောင်ပေါင်းများစွာသော မက်မွန်သီးများကို ထမင်းစားဆောင်သို့ ထရပ်ကားဖြင့် ပို့ဆောင်ခဲ့သည့်နေ့ကို သူမ ကွက်ကွက်ကွင်းကွင်းမှတ်မိနေသည်။ လူတိုင်းသည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး စိတ်လှုပ်ရှားမှုဖြင့် ခုန်ပေါက်နေကြသည်။

အထူးသဖြင့် ကလေးများသည် တစ်နေရာတည်းတွင် ဤမျှများပြားသော အသီးအနှံများကို တစ်ခါမှမမြင်ဖူးသဖြင့် ထရပ်ကားနောက်သို့ ပျော်ရွှင်စွာလိုက်ပါခဲ့ကြသည်။

သို့သော် သူမသည် မက်မွန်သီးဖြန့်ဝေစဉ်က ထမင်းစားဆောင်၌ သူမ၏ကိုယ်ပိုင်ရှက်စရာကောင်းသောအတွေ့အကြုံကို ပြန်စဉ်းစားမိသောအခါ သူမသည် ယခုတိုင် ရှက်ရွံ့နေဆဲဖြစ်သည်။ သူမသည် ဒါကိုသတိရရုံဖြင့် ဘောလုံးတစ်လုံးကဲ့သို့ ကွေးကောက်သွားနိုင်သည်။

အကြီးတန်းဗိုလ်မှူးကြီးကျန်းသည် စုရှီကို စင်မြင့်ပေါ်သို့ ကိုယ်တိုင်ခေါ်ယူခဲ့ပြီး သူမအပေါ်တွင် အနီရောင်တောက်ပသောပန်းတစ်ပွင့်ကို ထိုးပေးကာ သူမ၏ စည်းလုံးညီညွတ်မှုနှင့် မိတ်ဖွဲ့မှုစိတ်ဓာတ်ကို ချီးကျူးခဲ့သည်။ သူမ၏ အလွန်အမင်းရှက်ရွံ့မှုကြားမှ သူမသည် လူတိုင်းမက်မွန်သီးတစ်လုံးစီကိုင်ဆောင်ကာ သူမထံသို့ ကျေးဇူးတင်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် ပြန်ကြည့်နေသည်ကို မြင်လိုက်ရသည်။

ထိုအချိန်တွင် စုရှီသည် အနည်းငယ်ရှက်ရွံ့ခြင်းသည် ပေးဆပ်ရမည့် အဖိုးအခ အနည်းငယ်သာဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။ ဒါသည် လူများကို ဤမျှပျော်ရွှင်စေမည်ဆိုလျှင် သူမသည် မက်မွန်ပင်တစ်ရာထပ်မံစိုက်ပျိုးရန် ဝမ်းမြောက်စွာဖြင့် လုပ်လိမ့်မည်။

ရထားပေါ်ရှိအချိန်သည် အလွန်နှေးကွေးစွာကုန်ဆုံးသွားခဲ့သည်။ အထူးသဖြင့် တကယ့်ဖျော်ဖြေရေးမရှိသည့်အခါတွင်ပင်။ သူတို့တစ်ဦးစီသည် အချိန်ကုန်ရန် စာအုပ်များယူဆောင်လာကြသော်လည်း ခရီးခုနစ်ရက်ကြာပြီးနောက် သူတို့အားလုံး စိတ်မရှည်ဖြစ်လာကြသည်။

ရှည်လျားသော မစ်ရှင်များကို ကျင့်သားရနေသော ရှဲ့ကျန်းမှလွဲ၍ အခြားသူများသည် သည်းခံရန်ရုန်းကန်နေကြရသည်။ စုရှီပင်လျှင် သူမကိုယ်တိုင် ပင်ပန်းနွမ်းနယ်နေသည်ကို တွေ့ရှိရသည်။

ရထားပေါ်ရှိ နောက်ဆုံးနေ့၌ စုရှီနှင့် သူမ၏ အဖော်များသည် ရက်ပေါင်းများစွာ ကောင်းမွန်စွာ မချိုးရသောကြောင့် အနည်းငယ် အဆီပြန်နေသော ဆံပင်များနှင့်အတူ သန့်ရှင်းသော အဝတ်အစားများသို့ ပြောင်းလဲဝတ်ဆင်ကြသည်။ သူတို့သည် လူအုပ်နှင့်အတူ ရထားပေါ်မှ တိုးဝှေ့ဆင်းလာကြသည်။

နောက်ဆုံးတော့ သူတို့သည် J မြို့ရထားဘူတာရုံသို့ ရောက်ရှိလာပြီဖြစ်သည်။

ရထားပေါ်တွင်ရှိနေစဉ်ကပင် သူတို့အားလုံးသည် သူတို့ ပထမဆုံး လုပ်ဆောင်မည့် အစီအစဉ်ကို သဘောတူခဲ့ကြသည်- ဆင်းပြီးနောက် သူတို့သည် အနီးအနားရှိတည်းခိုခန်းတစ်ခုသို့ တန်းသွားကာ ကောင်းမွန်စွာရေချိုး၊ လန်းဆန်းစေပြီးနောက် သူတို့၏ ခရီးဆုံးသို့ ဘတ်စ်ကားစီးရန်ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါက စုရှီ၏ ခင်ပွန်း မိသားစုအိမ်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်သောကြောင့် သူမကိုယ်သူမ ကောင်းမွန်စွာပြဖို့ရန် အရေးကြီးသည်။

သို့သော် သူတို့သည် ဘူတာရုံမှထွက်လာသည်နှင့် ဝင်ပေါက်မှ သူတို့ဘက်သို့ ချောင်းကြည့်နေသောတစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူမှာ ဘူတာရုံ၌ သူတို့ကိုစောင့်နေသော ထန်းစစ်ယွင်ပင်ဖြစ်သည်။

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၇၆

ထွက်ပေါက်သို့ရောက်သောအခါ ရှဲ့ကျန်းသည် စုရှီအား အကာအကွယ်ပေးရင်း ပျော်ရွှင်ကြည်နူးနေသော ထန်းစစ်ယွင်ကို ကြည့်လိုက်သည်။

“မေမေ၊ ဘာလို့ ဒီကို ရောက်နေတာလဲ”

စုရှီက နွေးထွေးစွာပြုံးလျက် သူမအား နှုတ်ဆက်လိုက်သည်။ “မေမေ!”

ထန်းစစ်ယွင်၏ အမြဲတစေ အေးစက်စက်နိုင်လှသော မျက်နှာသည် ယခုအခါ ပျော်ရွှင်မှုများဖြင့် တောက်ပနေခဲ့သည်။ သူမ၏သားကို လုံးဝလျစ်လျူရှုထားပြီး စုရှီ၏ လက်လေးကို ဆွဲယူကာ တောက်ပစွာ ပြုံးလိုက်သည်။

“ဪ၊ ရှီရှီ သမီးလေး၊ ပင်ပန်းနေပြီလား။ ဝူချုန့် ဆီကို ဖုန်းဆက်ပြီး သမီးတို့ရဲ့ ရထားအချိန်ဇယားကို သိလို့ လာကြိုနေတာ။ သမီးလေး ရောက်လာတာ မေမေ အရမ်းပျော်တာပဲ။ ဒီရက်ပိုင်းတွေမှာ မေမေက သမီးကို ပတ်ဝန်းကျင်တွေ လိုက်ပြပြီး ပျော်အောင်ထားပေးမယ်။ J မြို့ မှာ လည်စရာ ပျော်စရာနေရာတွေ အများကြီးပဲ။ လာ လာ။ ပြီးတော့ ရှင်းရှင်းရောပဲ၊ မြန်မြန်လိုက်ခဲ့။ သမီးလေးကတော့လေ၊ တော်တော်သတ္တိရှိတာပဲ…”

စုရှီသည် သူမ၏ယောက္ခမဖြစ်သူက သူမအား လာကြိုရန် ဤမျှခရီးဝေးကြီး လာခဲ့သည့်အတွက် အံ့ဩမိသော်လည်း အလွန်ပျော်ရွှင်သွားမိသည်။

မည်သို့ပင်ဖြစ်စေ၊ သူတို့နှစ်ဦးသည် မနှစ်ကတည်းက အလွန်ပင် အဆင်ပြေခဲ့ကြသည် မဟုတ်ပါလား။

သူမသည် ထန်းစစ်ယွင် ကမ်းပေးသော လက်ကို ဆွဲရန် မတွန့်ဆုတ်ဘဲ ပျော်ရွှင်စွာဖြင့် လက်ချိတ်လိုက်ပြီး ဖန့်ရှင်းကလည်း သူမ၏ တစ်ဖက်မှ ဝင်၍ လက်ချိတ်လိုက်သည်။

ထိုသုံးယောက်သည် ပျော်ရွှင်လန်းဆန်းစွာဖြင့် အတူတကွ ထွက်ခွာသွားကြသည်။

ဒါက အိတ်များနှင့် ပါဆယ်ထုပ်များဖြင့် ဝန်ပိနေသော အမျိုးသားနှစ်ဦးကို နောက်တွင် ချန်ထားခဲ့လေသည်။

တုန့်ယွင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ “အစ်ကို၊ ကျွန်တော် ကျိန်ပြောရဲတယ်၊ အန်တီ ထန်းက ကျွန်တော်တို့ကို မမြင်သလိုမျိုး လုပ်သွားတာ”

ရှဲ့ကျန်းက ခြေလှမ်းကျဲကြီးများဖြင့် လိုက်သွားပြီး မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။ “မင်း မှားနေတာ။ သူက မင်းကိုပဲ မမြင်တာ”

တုန့်ယွင်မှာ စကားပင် မပြောနိုင်တော့ချေ။

သူမ ဂရုစိုက်သောသူများအတွက်မူ ထန်းစစ်ယွင်သည် နူးညံ့သိမ်မွေ့ပြီး အာရုံစိုက်မှုအပြည့် ပေးတတ်သူပင်ဖြစ်သည်။

ရထားဘူတာမှ ထွက်လာသည်နှင့် ထန်းစစ်ယွင်သည် သူတို့အား စီစဉ်ထားသော စစ်သုံးဂျစ်ကားပေါ်သို့ တက်စေခဲ့သည်။ မည်သူမျှ မေးစရာမလိုဘဲ မကြာမီမှာပင် အနီးဆုံး တည်းခိုခန်းသို့ ထွက်ခွာသွားကြသည်။

စုရှီနှင့် အခြားသူများ ရေမိုးချိုး၊ ဆံပင်သန့်စင်ပြီး အဝတ်အစား လဲလှယ်ပြီးနောက်တွင် လန်းဆန်းတက်ကြွနေသော လူငယ်လူရွယ်များအဖြစ် ပြန်လည်ရောက်ရှိလာကြရာ နေ့လယ်စာစားချိန်နှင့် အတော်ပင်ဖြစ်နေသည်။

ကြန့်ကြာမနေဘဲ သူတို့သည် နိုင်ငံပိုင် စားသောက်ဆိုင်တစ်ခုသို့ သွားရောက်ကာ အားရပါးရ စားသောက်ပြီးနောက် စစ်တပ်ဝင်းသို့ ဆက်ထွက်ခဲ့ကြသည်။

စစ်တပ်ဝင်းသည် ရထားဘူတာမှ အတော်လေးဝေးကွာပြီး ဂျစ်ကားဖြင့် တစ်နာရီကျော် မောင်းနှင်ခဲ့ရသည်။

အုပ်စုထဲတွင် မရင်းနှီးသော မျက်နှာမှာ စုရှီ တစ်ယောက်တည်းသာ ဖြစ်သောကြောင့် ရှဲ့ကျန်းနှင့်အတူ အဝင်ဝတွင် မှတ်ပုံတင်ပြီးမှသာ ဝင်ခွင့်ရခဲ့သည်။

ကားသည် တုန့်ယွင်နှင့် သူ၏အဖော်ကို သူတို့အိမ်သို့ အရင်ချပေးခဲ့ပြီးမှ ရှဲ့မိသားစု၏ အိမ်သို့ ဆက်ထွက်ခွာခဲ့သည်။

ရှဲ့ပေါ် သည် ရာထူးကြီးသူတစ်ဦးဖြစ်သောကြောင့် သူ့အား စတုရန်းမီတာ ၁၀၀ ကျော် ကျယ်ဝန်းသော ခြံဝင်းပါသည့် နှစ်ထပ် အနောက်တိုင်းပုံစံ အိမ်တစ်လုံးကို ချထားပေးခဲ့သည်။ ပုံမှန်အားဖြင့် ဤရာသီတွင် ခြံဝင်းထဲ၌ ထန်းစစ်ယွင် ဂရုတစိုက် စိုက်ပျိုးထားသော တောက်ပမွှေးပျံ့သည့် ပန်းများဖြင့် ပြည့်နေလေ့ရှိသည်။ ဒါက ဝင်းထဲရှိ မိသားစုအများစုအတွက် သာမန်အခြေအနေပင် ဖြစ်သည်။

သို့သော်လည်း နှစ်အစပိုင်းမှစ၍ ဝင်းထဲတွင် တင်းကျပ်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။ အိမ်ထောင်စုတိုင်းသည် သူတို့၏ ပန်းများကို တူးထုတ်ပြီး “အရင်းရှင်တို့၏ သာယာမှု” လက္ခဏာရပ်များကို ငြင်းပယ်ကာ အရွက်စိမ်း ဟင်းသီးဟင်းရွက်များဖြင့် အစားထိုးစိုက်ပျိုးခဲ့ကြသည်။

သူမ၏ သမက်မှာ “မေးခွန်းထုတ်စရာ နောက်ကြောင်း” ရှိသည်ဟု သတ်မှတ်ခံထားရသဖြင့် ထန်းစစ်ယွင်သည် စိတ်မပါသော်လည်း လိုက်နာခဲ့ရသည်။ သူမသည် ပန်းအများစုကို တူးထုတ်ခဲ့ပြီး ခြံထောင့်များရှိ ပန်းအိုးအနည်းငယ်ကိုသာ ချန်ထားခဲ့သည်။

အုပ်စုသည် ခြံဝင်းကိုဖြတ်၍ အိမ်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။

စုရှီသည် အံ့ဩသော်လည်း မအံ့ဩဟူသော အမူအရာဖြင့် ပတ်ပတ်လည်ကို အမြန်တစ်ချက် ကြည့်လိုက်သည်။

သူမကို အံ့ဩစေသည်မှာ အိမ်၏ အလှဆင်မှုသည် ရာထူးကြီး အရာရှိတစ်ဦး၏ အိမ်နှင့်မတူဘဲ အလွန်ရိုးရှင်းနေခြင်းပင်ဖြစ်သည်။ သူမ မအံ့ဩသည်မှာ ဤခေတ်ကာလတွင် တန်ဖိုးရှိသော ပစ္စည်းတစ်ခုခု ပိုင်ဆိုင်ထားလျှင်ပင် မည်သူမျှ ပေါ်ပေါ်တင်တင် ပြသရဲမည် မဟုတ်သောကြောင့် ဖြစ်သည်။

စုရှီကို သစ်သားဆိုဖာပေါ်တွင် ထိုင်စေပြီးနောက် ထန်းစစ်ယွင်က သူမ၏သားကို လှမ်းခေါ်လိုက်သည်။

“ရှောင်ကျန်း၊ ခရီးဆောင်အိတ်တွေကို နောက်မှချထားလိုက်။ မီးဖိုချောင်ထဲသွားပြီး ရှီရှီ အတွက် မော့မစ် တစ်ခွက်သွားဖျော်ပေးလိုက်ဦး။ အစ်မလီက သူ့ဇာတိကို ပြန်သွားပြီ၊ ဒါကြောင့် လိုတာရှိရင် ကိုယ့်ဘာသာကိုယ်သာ ရှာလိုက်”

စကားဆုံးသည်နှင့် ထန်းစစ်ယွင်သည် စုရှီ ဘက်သို့ ပြန်လှည့်လာပြီး သူမ၏ မျက်နှာသည် နွေးထွေးမှုများဖြင့် တောက်ပနေသည်။

“ရှီရှီ၊ သမီး ရထားပေါ်မှာ ရက်တော်တော်ကြာ စီးလာရတာ ပင်ပန်းနေရောပေါ့။ နို့မလိုင်လေးသောက်ပြီး ခဏအိပ်လိုက်ဦး။ မေမေက သမီးအတွက် အခန်းကို သန့်ရှင်းရေး လုပ်ပေးထားပြီးပြီ။ ညကျရင် အဘိုးကြီးရှဲ့ ပြန်လာတဲ့အခါ ကောင်းကောင်းမွန်မွန် ဧည့်ခံပွဲလုပ်ကြမယ်”

စုရှီက နာခံစွာဖြင့် သဘောတူလိုက်သည်။ သူမသည် အထူးတလည် အိပ်ချင်နေသည် မဟုတ်သော်လည်း အချိန်အကြာကြီး ထိုင်နေရ၍ ပင်ပန်းနွမ်းနယ်နေပြီး ကောင်းကောင်းအိပ်စက်ခြင်းက သူမကို လန်းဆန်းစေမည်ဖြစ်သည်။

….

နေ့လယ် လေးနာရီ၌။

အနီရောင်တောက်တောက် အလှဆင်မှုများဖြင့် မွမ်းမံထားသော အခန်းထဲရှိ ကျယ်ဝန်းသော မင်္ဂလာခုတင်ပေါ်တွင် အလွန်ချောမောသော အမျိုးသားတစ်ဦးသည် သူ့ဇနီးအနားတွင် လဲလျောင်းနေခဲ့သည်။

ရှဲ့ကျန်း၏ မျက်တောင်များ အနည်းငယ် ပုတ်ခတ်သွားပြီးနောက် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏နာရီကို ကြည့်လိုက်ပြီးနောက် သူ့ရင်ခွင်ထဲတွင် အိပ်မောကျနေသော ဇနီးသည်ကို ငုံ့ကြည့်လိုက်သည်။

လိုက်ကာများကို အပြည့်မပိတ်ထားသောကြောင့် သင်းပျံ့သောလေပြေနှင့် တောက်ပသော နေရောင်ခြည်များက အခန်းထဲသို့ ဖြာကျနေသည်။

အိပ်မောကျနေ၍ ပါးပြင်များ နီမြန်းနေသော စုရှီကို ကြည့်ရင်း ရှဲ့ကျန်း၏ အကြည့်များ နူးညံ့သွားသည်။ သူသည် အနည်းငယ် ငုံ့ကိုင်းလိုက်ပြီး သူမ၏ ပန်းနုရောင်နှုတ်ခမ်းလေးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။

သူ၏ခါးကို ဖက်ထားသော လက်သေးသေးလေးများကို သူမအား မနှိုးမိစေရန် ကြိုးစားရင်း ဖြည်းညှင်းစွာ ဘေးသို့ရွှေ့လိုက်သည်။

သို့သော် ထိုညင်သာသော လှုပ်ရှားမှုနှင့်ပင် သူ့ရင်ခွင်ထဲမှ အမျိုးသမီးလေးသည် နိုးထလာခဲ့သည်။ စုရှီသည် အိပ်ချင်မူးတူး မျက်လုံးများကို ပုတ်ခတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ”

ရှဲ့ကျန်းသည် သူမကို နှိုးမိသည့်အတွက် သူ့ကိုယ်သူ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သူသည် ကလေးတစ်ယောက်ကို ပြန်အိပ်ရန် ချော့မြှူနေသကဲ့သို့ သူမကို ညင်သာစွာ ပုတ်ပေးပြီး ပြောလိုက်သည်။

“ကိုယ် မင်းကို နှိုးလိုက်မိတာလား။ ဘာမှမဟုတ်ပါဘူး၊ ပြန်အိပ်လိုက်ဦး။ ကိုယ် အောက်ထပ်ဆင်းပြီး မေမေ့ကို ညစာပြင်တာ ကူပေးမလို့”

စုရှီသည် အနည်းငယ် တုံ့ပြန်မှုနှေးကွေးနေသေးသော်လည်း ထထိုင်ပြီး ညင်သာစွာ သမ်းဝေလိုက်သည်။

“ညစာ?”

ရှဲ့ကျန်းသည် သူမကို ထပ်ဖက်ထားလိုက်ပြီး အနားသို့ ဆွဲယူလိုက်သည်။ “ဟုတ်တယ်၊ အခု အိမ်မှာ အိမ်ဖော်မရှိတော့ ကိုယ် အောက်ဆင်းပြီး ဟင်းချက်တာ ကူပေးရမယ်”

စုရှီ မေးလိုက်သည်။ “အခု ဘယ်အချိန်ရှိပြီလဲ”

ရှဲ့ကျန်းက သူမခေါင်းကို နမ်းပြီး ညင်သာစွာ ပြောလိုက်သည်။ “လေးနာရီ ထိုးပြီ”

စုရှီ အနည်းငယ် မတ်မတ်ထိုင်လိုက်သည်။ “ဒါဆို ကျွန်မလည်း ရှင်နဲ့အတူတူ လိုက်ခဲ့မယ်။ ကျွန်မရဲ့ ဟင်းချက်လက်ရာက သိပ်မကောင်းပေမယ့် ကူညီလို့တော့ ရပါတယ်”

ရှဲ့ကျန်းက စုရှီ အိပ်ရာ ထကာစမို့ ထောင်နေသော ဆံပင်များကို သပ်ပေးရန် လှမ်းလိုက်သည်။ “မင်း နည်းနည်းလောက် ထပ် မအိပ်ချင်ဘူးလား”

ထိုအချိန်တွင် စုရှီသည် ခုတင်အစွန်းသို့ ရောက်နှင့်နေပြီဖြစ်ပြီး ဖိနပ်စီးနေသည်။ “မအိပ်တော့ဘူး၊ ဒီထက်ပိုအိပ်ရင် ညကျ အိပ်လို့ရတော့မှာ မဟုတ်ဘူး။ ပြီးတော့ ဒါက ချွေးမတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် လာလည်တာလေ၊ ထိုင်စောင့်ပြီး အလုပ်အကျွေးခံနေလို့ မဖြစ်ဘူး”

ရှဲ့ကျန်းလည်း ခုတင်ပေါ်မှ ထလိုက်သည်။ “ဘာများ အရေးကြီးလို့လဲ။ မင်း ကိုယ့်ကို လက်ထပ်လိုက်တာနဲ့ အိမ်မှုကိစ္စတွေ လုပ်ရမယ်လို့ မဆိုလိုပါဘူး”

စုရှီသည် မျက်လုံးများ ကွေးညွှတ်သွားသည်အထိ ပြုံးရင်း သူ၏ချောမောသော မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အနားသို့တိုး၍ ချိုမြိန်သော အနမ်းတစ်ပွင့် ပေးလိုက်သည်။ သူမ မခွာရသေးမီမှာပင် သူက သူမကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်ပြီး ခံယူသူအဖြစ်မှ သူမကို ဆွဲဖက်ကာ အနမ်းကို နက်ရှိုင်းစွာ ခံစားလိုက်သည်။

နောက်ဆုံးတွင် သူတို့ ခွာလိုက်ကြသောအခါ ရှဲ့ကျန်း သည် သူ့နဖူးကို သူမနဖူးနှင့် ဖိကပ်ထားရင်း အသက်ရှုသံပြင်းစွာဖြင့် သတိပေးလိုက်သည်။

“အခုတော့ ကိုယ့်ကို မဆွဲဆောင်နဲ့ဦး… ညအထိတော့ စောင့်”

သူ့စကားကြောင့် စုရှီ တစ်ကိုယ်လုံး တုန်သွားခဲ့သည်။

မီးဖိုချောင်ထဲသို့ ရောက်သွားသောအခါ ထန်းစစ်ယွင် သည် ဟင်းချက်ရန် ပြင်ဆင်နေရာမှ မော့ကြည့်လိုက်ပြီး သူမ၏ သားနှင့် ချွေးမကို သတိပြုမိကာ မေးလိုက်သည်။

“မင်းတို့နှစ်ယောက် ဘာလို့ အောက်ကို ဆင်းလာကြတာလဲ။ ကောင်းကောင်းမနားလိုက်ရဘူးလား”

စုရှီသည် ထန်းစစ်ယွင် လုပ်နေသော ပဲသီးစိမ်းများကို လှမ်းယူလိုက်ပြီး သူမဘေးတွင် ရပ်ကာ ပဲသီးများကို ချိုးရင်း ပြောလိုက်သည်။

“သမီးတို့ အိပ်ရေးဝပါပြီ။ ဒီထက်ပိုအိပ်ရင် ညကျ အိပ်ပျော်မှာ မဟုတ်တော့ဘူး။ ပြီးတော့ ညစာပြင်တာ ကူညီဖို့ အောက်ဆင်းလာတာ အချိန်ကိုက်ပဲ”

ထန်းစစ်ယွင်သည် အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။ “မေမေက မီးဖိုချောင်မှာ သိပ်မတော်ဘူး၊ ပြင်ဆင်တဲ့အလုပ်လောက်ပဲ လုပ်တတ်တာ။ ပုံမှန်ဆို သမီးအဖေ အိမ်ပြန်လာမှ ချက်တာကို စောင့်နေရတာ”

စုရှီက အားရပါးရ ရယ်မောလိုက်သည်။ “အာ ရယ်စရာမဟုတ်ပါဘူး မေမေ။ သမီးလည်း ဟင်းချက်သိပ်မတော်ဘူး၊ ရှဲ့ကျန်းကပဲ အမြဲတမ်း တာဝန်ယူချက်ပေးတာ။ ကြည့်ရတာ ရှဲ့ကျန်းက အဖေ့ရဲ့ ဟင်းချက်လက်ရာကို အမွေဆက်ခံထားပုံပဲ”

ထန်းစစ်ယွင်က လက်ယမ်းပြလိုက်သည်။ “အာ၊ မဟုတ်ပါဘူး။ လောင်ရှဲ့ရဲ့ ဟင်းချက်လက်ရာက မေမေ့ထက် နည်းနည်းလေးပဲ သာတာပါ။ သူက အချိန်အများစု အလုပ်များနေတော့ မေမေက များသောအားဖြင့် လွယ်လွယ်ကူကူတစ်ခုခုနဲ့ပဲ ပြီးအောင်လုပ်လိုက်တယ်၊ ဒါမှမဟုတ် အစောင့်တွေက တပ်စခန်းကနေ ထမင်းလာပို့ပေးကြတယ်။ သမီးတို့ ပြန်ရောက်တဲ့ ပထမဆုံးနေ့ဆိုတော့ အပြင်မှာစားတာထက် အိမ်မှာစားတာက ပိုပြီးသက်သောင့်သက်သာရှိမယ်လို့ ထင်လို့။ ဒါပေမဲ့ ဒီကောင်စုတ်လေး ရှောင်ကျန်းက ဟင်းချက်တတ်မှန်း မေမေ လုံးဝမသိခဲ့ဘူး။ အထင်ကြီးစရာပဲ၊ သူက တော်တော်လေး အားကိုးရတဲ့ ခင်ပွန်းတစ်ယောက် ဖြစ်လာပြီပဲ”

သူမပြောပုံက ရှဲ့ကျန်းသည် မိသားစုထဲသို့ ဝင်လာသူကဲ့သို့ပင် ဖြစ်နေသည်။

စုရှီသည် စိတ်ထဲတွင် ပျော်ရွှင်စွာဖြင့် ထန်းစစ်ယွင်ကို ကြည့်လိုက်ရာ သူမ အနည်းငယ် ပိန်သွားသည်ကို သတိပြုမိလိုက်သည်။

“မေမေ့ကို နည်းနည်းပိန်သွားတယ်လို့ ထင်နေတာ၊ အကြောင်းရင်းရှိတာကိုး။ ဒီလို လွယ်လွယ်ကူကူ အစားအစာတွေနဲ့ပဲ ဆက်နေလို့ မဖြစ်ဘူးနော်။ မေမေ့အတွက် ချက်ပြုတ်ပေးမယ့် တစ်ယောက်ယောက်ကို ဘာလို့မရှာတာလဲ”

ရှဲ့ကျန်းက သဘောတူဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ “မေမေ၊ ရှီရှီ ပြောတာကို နားထောင်လိုက်ပါ။ မေမေက တကယ်ကို တစ်ယောက်ယောက် အနားမှာ ရှိသင့်တဲ့ အရွယ်ရောက်နေပြီ”

ထန်းစစ်ယွင်သည် အစပိုင်းတွင် သူမချွေးမ၏ စဉ်းစားပေးမှုကြောင့် ထိရှသွားသော်လည်း သူမသား၏ မှတ်ချက်ကို ကြားသောအခါ ချက်ချင်း ကန့်ကွက်လိုက်သည်။

“ဒီကောင်စုတ်လေး၊ ဘယ်သူ့ကို အသက်ကြီးတယ်လို့ ခေါ်နေတာလဲ။ သိထားဖို့က မေမေက ကိုယ့်အသက်နဲ့တောင် မလိုက်ဘူးနော်။ အပြင်သွားရင် ဘယ်သူကများ မေမေ့ကို အသက်ကြီးတယ်လို့ ပြောဖူးလို့လဲ”

ထိုသည်က အမှန်ပင်ဖြစ်သည်။ လွန်ခဲ့သောလများအတွင်း သူမ၏ သမီးနှင့် သမက်အတွက် စိုးရိမ်ပူပန်၍ အနည်းငယ် အသက်ကြီးသွားသော်လည်း စုရှီ ပို့ပေးသော မက်မွန်ဝိုင်ကို သောက်သုံးပြီး မျက်နှာပေါင်းတင်ဆေးအဖြစ်ပင် အသုံးပြုခဲ့သည်။ ယခုအခါ ရိုးရှင်းသောအဝတ်အစားများ ဝတ်ဆင်ထားသော်လည်း ထန်းစစ်ယွင်သည် မနှစ်ကထက်ပင် ပို၍နုပျိုနေသည်။

ရှဲ့ကျန်းသည် နံရိုးများကို ဆက်တောက်နေသော်လည်း ထပ်၍ စနောက်ချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။ “မေမေ ဘယ်လောက်ပဲ နုပျိုနေတယ် ပြောပြော၊ အသက်ငါးဆယ်ကျော်နေပြီပဲ”

ထန်းစစ်ယွင်သည် အလွန်စိတ်တိုသွားပြီး သူ့ကိုရိုက်ရန် လက်မြှောက်လိုက်သည်။

စုရှီက ရယ်မောရင်း ကြားဝင်ဖျန်ဖြေလိုက်သည်။ “မေမေ၊ သူ့ကို စိတ်ထဲမထားပါနဲ့၊ သူက စကားပြောမတတ်လို့ပါ”

ထန်းစစ်ယွင်က မျက်စောင်းထိုးလိုက်သည်။ “ဪ၊ သူ သိပါတယ်၊ သူက မေမေ့ကို စိတ်အနှောင့်အယှက်ပေးရတာကို ပျော်နေတာ”

ဤသားအမိနှစ်ယောက်တွင် တစ်စုံတစ်ခုတော့ ရှိနေသည်။ သူတို့ကြားတွင် စကားအနည်းငယ်သာ ပြောဖြစ်ကြသော်လည်း အဆုံးတွင်တော့ ငြင်းခုံခြင်းဖြင့်သာ အဆုံးသတ်သွားတတ်သည်။ ပုံမှန်အားဖြင့် တည်ငြိမ်ပြီး အေးဆေးသော ရှဲ့ကျန်းပင်လျှင် သူ့မိခင်အနားတွင်တော့ အလွန်ပင် စကားအသွားအလာ ထက်မြက်လာတတ်သည်။

မီးကို ဆက်မွှေးခြင်းက မကောင်းဟု ဆုံးဖြတ်လိုက်ပြီးနောက် စုရှီသည် စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည်။

“ဒါပေမဲ့ တကယ်ပါ မေမေ၊ မေမေ့အတွက် ချက်ပြုတ်ပေးမယ့် တစ်ယောက်ယောက်ကို ထားဖို့ စဉ်းစားသင့်တယ်။ အမြဲတမ်း အစားအသောက်ကို ဖြစ်သလို စားနေတာက ကျန်းမာရေးအတွက် မကောင်းဘူး”

ထန်းစစ်ယွင်သည် သူမသားနှင့် ချွေးမနှင့်အတူ သက်သောင့်သက်သာ ရင်ဖွင့်နိုင်သည်ဟု ခံစားရသောကြောင့် သက်ပြင်းချလိုက်သည်။

“မေမေလည်း လိုချင်တာပေါ့၊ ဒါပေမဲ့ ပြောသလောက် မလွယ်ဘူး မဟုတ်လား။ ဒီခေတ်ကြီးမှာ ဘယ်သူကများ အိမ်ဖော်ငှားရဲလို့လဲ။ မေမေ တစ်သက်လုံး မီးဖိုချောင်ထဲ လက်တစ်ချောင်းတောင် မလှုပ်ခဲ့ရဘူး၊ ဒီအသက်အရွယ်ရောက်မှ ချက်ပြုတ်၊ လျှော်ဖွပ်၊ သန့်ရှင်းရေးလုပ်တာတွေ သင်ယူရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ လောင်ရှဲ့ကတော့၊ မေမေ အဲ့ဒါတွေအားလုံး လုပ်နေရတာကို မကြည့်ရက်ဘူး။ သူက မေမေ့အတွက် ချက်ပြုတ်ပေးဖို့ နေ့တိုင်း တစ်နာရီစောပြီးတောင် ထတယ်၊ ပြီးတော့ အစောင့်ကောင်လေးနှစ်ယောက်က သန့်ရှင်းရေးလုပ်တာ ကူပေးကြတယ်။ တစ်ခါတလေ အဲ့ဒါအတွက် အားနာမိတယ်… ဒါပေမဲ့ လောင်ရှဲ့ကလည်း အသက်မငယ်တော့ဘူးလေ၊ ပြီးတော့ သူက နေ့တိုင်း အလုပ်များနေတာ။ သူ့အတွက်လည်း စိတ်မကောင်းဖြစ်မိတော့ ကိုယ့်ဘာသာကိုယ် တတ်နိုင်သလောက် လုပ်လိုက်တာပါပဲ”

စုရှီ ယက အကြံပြုလိုက်သည်။ “အိမ်ဖော်မဟုတ်ဘဲ ဆွေမျိုးလို့သာ ပြော မေမေ။ မိသားစုမရှိတော့လို့ မေမေတို့နဲ့ လာနေတဲ့သူတစ်ယောက်လို့ ပြောလို့ရတာပဲ။ ယုံကြည်ရတဲ့သူ တစ်ယောက်ကိုသာ ရှာတွေ့ရင် ဘာမှ စိတ်ပူစရာမရှိဘူး။ အပြင်လူတွေက မေမေတို့ သူ့ကို လစာပေးနေတယ်ဆိုတာ သိမှာမဟုတ်ဘူး”

ထန်းစစ်ယွင်သည် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ရယ်မောလိုက်သည်။ “မကြာသေးခင်က ဝင်းထဲမှာ မျက်နှာစိမ်းတွေ တွေ့နေတယ်လို့ ထင်နေတာ၊ အကြောင်းရင်းရှိတာကိုး။ မေးကြည့်တော့ လူတိုင်းက ဆွေမျိုးတွေ အလည်လာတာလို့ပဲ ပြောကြတယ်။ ဒါဆို အဲ့ဒါက အမှန်တကယ် ဖြစ်နေတာပေါ့”

ရှဲ့ကျန်းက ထပ်ပြောလိုက်သည်။ “တခြားလူတွေအများကြီးက လမ်းစထွင်ပြီးနေပြီဆိုတော့ မေမေနဲ့ အဖေလည်း ယုံကြည်ရတဲ့သူတစ်ယောက်ကို ရှာသင့်တယ်”

ထန်းစစ်ယွင် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ၊ ဒီည လောင်ရှဲ့ ပြန်လာရင် သူ့ကို ပြောကြည့်မယ်။ သိလား၊ ဒီအိမ်က သိပ်ကြီးတယ်လို့ တစ်ခါမှ မထင်ခဲ့ဖူးဘူး၊ ဒါပေမဲ့ အခု တစ်ယောက်တည်း သန့်ရှင်းရေးလုပ်ရတော့ တကယ်ကို ပင်ပန်းလွန်းတယ်”

သူတို့ စကားပြောရင်း ရယ်မောရင်းဖြင့် ညစာသည် မကြာမီမှာပင် အဆင်သင့်ဖြစ်သွားခဲ့သည်။

နောက်ဆုံးဟင်းတစ်ပွဲကို ထုတ်ယူခါနီးတွင် ရှဲ့ပေါ် သည် အလုပ်မှပြန်လာပြီး အစောင့်နှစ်ယောက်နှင့်အတူ ဝင်ပေါက်မှ လျှောက်လှမ်းဝင်ရောက်လာသည်။

အိမ်ထဲသို့ ဝင်လာသည်နှင့် အစားအစာများ၏ မွှေးပျံ့သောရနံ့က သူ့ကို အံ့အားသင့်သွားစေပြီး သူသည် မျက်ခုံးပင့်ကာ စိတ်ဝင်တစားဖြင့် ထမင်းစားခန်းသို့ တန်းတန်း လျှောက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ထန်းစစ်ယွင်နှင့် စုရှီတို့သည် ထမင်းစားပွဲတွင် ထိုင်၍ စကားစမြည်ပြောနေကြသည်။ တံခါးဖွင့်သံကြားလိုက်ရသဖြင့် ရှဲ့ပေါ် ပြန်လာသည်ကို သူတို့ သိလိုက်ကြသည်။

ထန်းစစ်ယွင်သည် ပြုံးလျက် တံခါးပေါက်ဘက်သို့ ကြည့်လိုက်သည်။ “လောင်ရှဲ့၊ ပြန်လာပြီလား”

စုရှီသည် အလျင်အမြန် ထရပ်ပြီး သူ့ဘက်သို့လှည့်ကာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။

“အဖေ!”

All Chapters