← Chapters

အခန်း (၇၇-၇၈)

Vol. 7 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 7 Ch. 77-78

အပိုင်း ၇၇

မနှစ်က သူမ၏ ယောက္ခမဖြစ်သူက ရှဲ့ကျန်းသည် သူ့အဖေနှင့်တူသည်ဟု ပြောခဲ့သည်ကို ကြားဖူးသော်လည်း ဤမျှလောက်တူလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် အနည်းဆုံး ၈၀% ခန့် တူညီကြသည်။

ရှဲ့ပေါ်သည် ယခုအခါ ၅၆ နှစ်ရှိပြီဖြစ်သော်လည်း အလွန် နုပျိုနေသည်။ နှစ်ပေါင်းများစွာ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်၊ သူသည် စုရှီ မျှော်လင့်ထားသည့် သူ့အသက်အရွယ်အတွက် ကြမ်းတမ်းသော ရုပ်ရည်မျိုးမရှိဘဲ အားအင်အပြည့်နှင့် ပြည့်စုံနေပုံရသည်။

သူသည် စုရှီကို ရှားရှားပါးပါး နူးညံ့သော အပြုံးဖြင့် ပြုံးပြပြီး ပြောလိုက်သည်။

“ထိုင်ပါ၊ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒါက မင်းရဲ့အိမ်ပဲ”

ထန်းစစ်ယွင်က စုရှီကို ထိုင်ခုံသို့ ညင်သာစွာ ပြန်ဆွဲထိုင်စေရင်း စနောက်သလို ပြောလိုက်သည်။ “ဟုတ်တယ်၊ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး”

စုရှီသည် ရှက်ရွံ့စွာ ပြုံးပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။

ထိုစဉ်မှာပင် ရှဲ့ကျန်းသည် နောက်ဆုံးဟင်းပွဲနှင့်အတူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။

ယခုအချိန်တွင် ညနေ ခြောက်နာရီနီးပါး ရှိနေပြီဖြစ်သော်လည်း စစ်တပ်ဝင်းသည် လျှပ်စစ်မီးကို ကြာမြင့်စွာကတည်းက ရရှိထားပြီး အိမ်သည်လည်း လင်းထိန်နေသည်။ မိသားစုသည် ထမင်းစားပွဲတွင် ဝိုင်းထိုင်ကြပြီး သူတို့၏ညစာကို စတင်စားသောက်ကြသည်။

ညစာစားပြီးနောက် အစောင့်နှစ်ယောက်သည် စားပွဲရှင်းလင်းခြင်းနှင့် ပန်းကန်ဆေးခြင်းတို့ကို လုပ်အားပေးခဲ့ပြီးနောက် သူတို့၏ အခန်းများသို့ ပြန်သွားကြရာ ဧည့်ခန်းသည် မိသားစုအတွက် လွတ်လပ်သွားသည်။

ရှဲ့ပေါ်သည် သူ၏ထိုင်ခုံတွင် နောက်သို့မှီထိုင်လိုက်ပြီး ထန်းစစ်ယွင် ဘေးတွင် အနားယူနေသည်။ လက်တစ်ဖက်က လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး ကျန်တစ်ဖက်ကမူ သူမထိုင်ခုံနောက်မှီပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားသည်။

“မနက်ဖြန်မနက် အဘိုးဆီကို သွားလည်ဖို့ စီစဉ်ထားကြလား”

ရှဲ့ကျန်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့၊ မနက်စာစားပြီးတာနဲ့ ချက်ချင်းသွားပြီး ညနေပိုင်းလောက်မှ ပြန်ရောက်ဖြစ်မယ်ထင်တယ်”

ခဏရပ်ပြီးနောက် ရှဲ့ပေါ် က အကြံပြုလိုက်သည်။ “စစ်ယွင်ကို မင်းတို့နဲ့အတူတူ လိုက်သွားခိုင်းလိုက်။ ညနေ အလုပ်ဆင်းရင် ငါ လာခေါ်မယ်”

ရှဲ့ပေါ်သည် စုရှီဘက်သို့ ကြည့်လိုက်ပြီး မေးလိုက်သည်။ “မင်းတို့နဲ့ ရှဲ့ကျန်းမှာ မင်္ဂလာဆောင်ဧည့်ခံပွဲ ကျင်းပဖို့ စိတ်ကူးရှိကြလား”

သူ၏လေသံသည် နွေးထွေးပြီး ကြိုဆိုနေဟန်ရှိသည်။

သူ၊ ထန်းစစ်ယွင်နဲ့ သခင်ကြီးရှဲ့ပါ သူတို့၏ချွေးမကို အလွန်နှစ်သက်ကြသည်။

အစပိုင်းတွင် သူတို့သည် သူမ၏ နောက်ခံနှင့် စာရိတ္တကိုသာ ကျေနပ်ခဲ့ကြသော်လည်း မနှစ်က သူ၏သမီး နေစရာနေရာ လိုအပ်ချိန်တွင် စုရှီက မဆိုင်းမတွ လက်ခံခေါ်ယူခဲ့သည်။ ထိုအချိန်မှစ၍ သူမသည် မိသားစုဝင်တစ်ဦးထက် ပိုသွားခဲ့ပြီး သူတို့သည် သူမကို စစ်မှန်စွာ တန်ဖိုးထားကြသည်။

စုရှီသည် အသက်ငယ်သော်လည်း ထူးချွန်သော လူတစ်ဦးဖြစ်သည်။ သူမသည် ခက်ခဲသော အခြေအနေများကို မည်သို့ ကျော်လွှားရမည်ကို သိပြီး အရေးကြီးဆုံးမှာ မိသားစုကို တန်ဖိုးထားခြင်းပင်ဖြစ်သည်။ ရှဲ့ကျန်း သည် ဤကဲ့သို့ စဉ်းစားတတ်သည့် ဇနီးတစ်ဦးနှင့် လက်ထပ်ခဲ့ရသည့်အတွက် ကံကောင်းပြီး ရှဲ့ မိသားစုတစ်ခုလုံးသည်လည်း သူမကြောင့် ကံကောင်းသည်ဟု ခံစားရသည်။

စုရှီသည် ရှဲ့ကျန်းနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ပြုံးလျက် ပြန်ဖြေလိုက်သည်။

“အဖေ၊ ရှဲ့ကျန်းနဲ့ သမီးက ရင်းနှီးတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ စားပွဲအနည်းငယ်လောက်ပဲ လုပ်ဖို့ စဉ်းစားထားတယ်။ လက်ရှိအခြေအနေအရ အရာရာကို ရိုးရိုးရှင်းရှင်းပဲ လုပ်တာက ပိုကောင်းပါတယ်”

ရှဲ့ပေါ်၏ မျက်နှာအမူအရာသည် သဘောကျဟန်ဖြင့် နူးညံ့သွားသည်။ “မင်းတို့နှစ်ယောက်လုံးက ခေါင်းကောင်းကြတော့ မင်းတို့အမေနဲ့ ငါလည်း ထပ်ပြီး အကြံမပေးတော့ဘူး။ ဧည့်ခံပွဲကို ၁၉ ရက်နေ့မှာ ကျင်းပရင် ဘယ်လိုလဲ။ ငါ ပြက္ခဒိန်ကြည့်ပြီးပြီ၊ အဲ့ဒီနေ့က နေ့ရက်ကောင်းဖြစ်ပုံရတယ်”

စုရှီနှင့် ရှဲ့ကျန်းတို့သည် မဆိုင်းမတွ သဘောတူလိုက်ကြသည်။

ယခုသည် ၁၆ ရက်နေ့ဖြစ်နေပြီဖြစ်၍ ၁၉ ရက်နေ့သည် မဝေးတော့ပေ။ သူတို့ J မြို့ တွင် ဆယ်ရက်ခန့်သာ နေနိုင်ပြီး ဟုန်ကျွင်း ကျွန်းသို့ သွားရမည်ကို ထည့်သွင်းစဉ်းစားပါက အချိန်ကိုက်ပင် ဖြစ်နေသည်။

….

နောက်တစ်နေ့မနက်တွင် ရှဲ့ပေါ် အလုပ်သွားပြီးနောက် အစောင့် ရှောင်လျိုသည် ရှဲ့ကျန်းနှင့် စုရှီကို လာကြိုပြီး သခင်ကြီးရှဲ့ဆီသို့ ခေါ်သွားခဲ့သည်။

အဘိုးရှဲ့၏ အမည်မှာ ရှဲ့ကျားရှု ဖြစ်ပြီး ကျန်းမာရေးပြဿနာများကြောင့် အငြိမ်းစားယူခဲ့သည်။ သူ၏ ကျန်းမာရေးသည် အချိန်အတန်ကြာ ဆုတ်ယုတ်နေခဲ့ပြီး သူ၏သားများက သူနှင့်အတူ နေစေချင်သော်လည်း သူတို့ အိမ်များအကြား ပြောင်းရွှေ့နေထိုင်ရသည်ကို အနှောင့်အယှက် ဖြစ်သည်ဟု ယူဆသည်။ ထို့ကြောင့် သူသည် အငြိမ်းစားများအတွက် နေထိုင်ရာဂေဟာတွင် နေထိုင်ရန် ရွေးချယ်ခဲ့ပြီး ထိုနေရာတွင် လိုအပ်ပါက ဆရာဝန်များနှင့် တွေ့ဆုံရန် ပိုလွယ်ကူသည်။

အငြိမ်းစားများအတွက် ရပ်ကွက်သည် အငြိမ်းစားအရာရှိကြီးများအတွက်သာ သီးသန့်ဖြစ်ပြီး သူငယ်ချင်းဟောင်းများအကြား စစ်တုရင်ကစားခြင်း၊ ငါးမျှားခြင်းတို့ဖြင့် သက်သောင့်သက်သာ နေထိုင်နိုင်စေသည်။

မနေ့ညက သူ့မြေးထံမှ ဖုန်းခေါ်ဆိုမှုရရှိပြီး‌ သူ့မြေးချွေးမအသစ်ကို လာရောက်တွေ့ဆုံရန် ခေါ်လာမည်ဟု ပြောကြားခဲ့သည့် အချိန်မှစ၍ သခင်ကြီးရှဲ့သည် စိတ်ဓာတ်အလွန်တက်ကြွနေခဲ့သည်။ ယနေ့မနက် မနက်စာစားပြီးနောက် သူသည် သူငယ်ချင်းများနှင့် အပြင်မထွက်ဘဲ သူ့အခန်းတွင် နေရန် ဆုံးဖြတ်ခဲ့ပြီး စာဖတ်မျက်မှန်တပ်ကာ စာအုပ်တစ်အုပ်ဖြင့် အချိန်ဖြုန်းနေခဲ့သည်။

ထိုစဉ်မှာပင် သူနှင့် သက်တူရွယ်တူ အဘိုးအိုတစ်စုသည် လက်ချင်းချိတ်ကာ ဝင်ရောက်လာကြသည်။ သူ အေးအေးဆေးဆေးနှင့် ကျန်းမာနေသည်ကို မြင်သောအခါ သူတို့ထဲမှ ဝဝကစ်ကစ်နှင့် စိတ်တိုတတ်သောအဘိုးအိုတစ်ဦးက မကျေမနပ်ပြောလိုက်သည်။

“အဘိုးကြီးရှဲ့၊ ဘာဖြစ်နေတာလဲ။ မနေ့က ငါတို့အားလုံး ဒီနေ့ ငါးမျှားသွားကြမယ်လို့ သဘောတူထားကြတာ မဟုတ်လား”

သခင်ကြီးရှဲ့သည် သူ၏စာဖတ်မျက်မှန်ကို ချွတ်ပြီး အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ သူ အေးဆေးစွာ ရယ်မောလိုက်သည်။

“ဒီနေ့ ငါ့မြေးနဲ့ သူ့မိန်းမ လာလည်မှာ။ မင်းတို့ အဘိုးကြီးတွေနဲ့ ငါးမျှားပြီး အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး”

မျက်မှောင်ကြုတ်ထားသော မျက်နှာဝိုင်းဝိုင်းနှင့် အဘိုးအိုက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။ “ဟား! အဘိုးကြီးရှဲ့၊ ခင်ဗျားကတော့ တကယ်ပါပဲ။ ခင်ဗျား မလာဘူးဆိုရင်တောင် အနည်းဆုံးတော့ ကျုပ်တို့ကို ပြောပြသင့်တာပေါ့။ ကျုပ်တို့က ခင်ဗျား တစ်ခုခုဖြစ်နေပြီလားလို့ စိတ်ပူနေကြတာ”

သခင်ကြီးရှဲ့သည် ပျော်ရွှင်နေသော စိတ်အခြေအနေတွင်ရှိသောကြောင့် ပြုံးရုံသာပြုံးပြီး စိတ်တည်ငြိမ်စွာဖြင့် သူတို့တစ်ဦးချင်းစီအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။

အဖွဲ့ထဲတွင် အယဉ်ကျေးဆုံးဖြစ်သော၊ လူကြီးလူကောင်းပုံစံရှိသူက သူ၏လက်ဖက်ရည်ကို သောက်ရင်း မေးလိုက်သည်။

“အဘိုးကြီးရှဲ့၊ ဒီနေ့ ဘယ်မြေးက ခင်ဗျားကို လာတွေ့တာလဲ”

ဝဝကစ်ကစ် အဘိုးအိုက ကြားဖြတ်ပြောလိုက်သည်။ “ဟေ့၊ ခင်ဗျား သူ့ကို အခုထိ မသိသေးဘူးလား။ ရှဲ့ကျန်းဆိုတဲ့ကောင်လေးပဲ ဖြစ်မှာပေါ့။ လောင်ရှဲ့က သူ့ရဲ့ တခြားမြေးတွေအတွက် ဒီလောက်ပျော်နေတာ ခင်ဗျား ဘယ်တုန်းက မြင်ဖူးလို့လဲ”

သခင်ကြီးရှဲ့တွင် သားသုံးယောက်ရှိပြီး ရှဲ့ပေါ် သည် အကြီးဆုံးဖြစ်ကာ တိုက်ခိုက်ရေး မဟုတ်သော ရာထူးများတွင် တာဝန်ထမ်းဆောင်နေသော ညီငယ်နှစ်ယောက်လည်းရှိပြီး သူတို့သည်လည်း စစ်မှုထမ်းဘဝတွင် အတော်လေး အောင်မြင်ကြသည်။

သူတို့အားလုံးပေါင်း၍ မြေးခုနစ်ယောက်၊ ရှစ်ယောက်ခန့်ရှိသော်လည်း ရှဲ့ကျန်း တစ်ဦးတည်းသာ စစ်တပ်သို့ ဝင်ရောက်ခဲ့သည်။

သူ၏အခြားမြေးများအကြား စစ်မှုထမ်းလိုစိတ်မရှိခြင်းသည် တော်လှန်ရေးသမားဟောင်း ရှဲ့ကျားရှု အတွက် စိတ်ပျက်စရာ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။

ရှဲ့ကျန်းသည် သူ၏အချစ်ဆုံးဖြစ်သည်မှာ အံ့ဩစရာမရှိပေ၊ သူသည် အကြီးဆုံးမြေးဖြစ်ပြီး ထူးချွန်သော စစ်သားတစ်ဦးလည်း ဖြစ်သည်။ အဘိုးအိုသည် သူ့အကြောင်း ပြောတိုင်း ဂုဏ်ယူစွာဖြင့် ပြုံးရွှင်နေတတ်သည်။

ယခုအချိန်ထိ တိတ်ဆိတ်နေခဲ့သော အခြားအဘိုးအိုတစ်ဦးက ရုတ်တရက် ကြားဖြတ်မေးလိုက်ရာ မကျေနပ်သည့်အသံဖြင့် ဖြစ်သည်။

“ဘာလဲ? ရှဲ့ကျန်းက အိမ်ထောင်ကျသွားပြီလား။ ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။ အဘိုးကြီးရှဲ့၊ ခင်ဗျားကတော့ ကျွန်တော့်ကို တော်တော်မတရားလုပ်တာပဲ။ ကျွန်တော့်ရဲ့ ယွင်ယွင်ကို ခင်ဗျားရဲ့ ရှဲ့ကျန်းနဲ့ ပေးစားချင်တယ်လို့ နှစ်ပေါင်းများစွာ ပြောလာခဲ့တာ။ အခုကျတော့ သူ အိမ်ထောင်ကျသွားပြီလို့ လာပြောနေတယ်။ ယွင်ယွင် ကိုယ်တိုင်ကတောင် ဒီနေ့နောက်ပိုင်း ခင်ဗျားကို လာတွေ့ဖို့ စီစဉ်ထားတယ်လို့ ပြောသွားသေးတယ်”

ထိုမှတ်ချက်သည် အထူးသဖြင့် ယဉ်ကျေးခြင်းမရှိသောကြောင့် သခင်ကြီးရှဲ့သည် သူ၏လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ချရင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လေသံသည်လည်း အေးစက်သွားခဲ့သည်။

“လောင်ဖန့်၊ ခင်ဗျား အဲ့ဒါ ဘာကိုဆိုလိုတာလဲ။ ရှဲ့ကျန်း က ယွင်ယွင်ကို အဲ့ဒီလို စိတ်ဝင်စားမှုမရှိဘူးလို့ ကျွန်တော် ခင်ဗျားကို အရင်ကတည်းက ပြောခဲ့ပြီးသားပဲ။ ပြီးတော့ မနှစ်က သူ ချစ်သူရနေပြီဆိုတာကိုတောင် ပြောခဲ့သေးတယ်။ သူ့ရဲ့ လက်တွဲဖော်ရွေးချယ်မှုအပေါ် ကျွန်တော် အရမ်းကျေနပ်တယ်၊ မှတ်မိလား”

ဝဝကစ်ကစ် အဘိုးအိုက ခေါင်းညိတ်ကာ သခင်ကြီးရှဲ့ ကို ထောက်ခံလိုက်သည်။ “ဟုတ်တယ်၊ လောင်ဖန့်။ ငါတို့အားလုံး ဒီအကြောင်းကို သိတယ်၊ ဒါကြောင့် မင်းရဲ့ မှတ်ချက်က လွန်သွားပြီ”

လောင်ဖန့်သည် စိတ်ပျက်နေပုံဖြင့် ပြန်ပြောလိုက်သည်။ “ခင်ဗျားတို့ တကယ်ပြောနေမှန်း ကျွန်တော် ဘယ်လိုသိမှာလဲ။ ရှဲ့ကျန်းရဲ့ အေးစက်စက်နိုင်တဲ့ သဘာဝကို သိတော့ ယွင်ယွင်ကို လက်လျှော့သွားအောင် ခင်ဗျားတို့က ကြိုးစားနေတယ်လို့ပဲ ထင်ခဲ့တာ။ သူ တကယ်ပဲ တစ်ယောက်ယောက်ကို ရှာတွေ့လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး”

ဝဝကစ်ကစ် အဘိုးအိုက ရယ်မောရင်း မီးလောင်ရာလေပင့်လုပ်လိုက်သည်။ “အင်း၊ လောင်ဖန့် ပြောတာလည်း မှန်သားပဲ။ ရေခဲတုံးလို အေးစက်တဲ့ ရှဲ့ကျန်းက တကယ်ပဲ ဇနီးတစ်ယောက် ရှာတွေ့နိုင်ခဲ့တယ်လား။ ဘယ်သူက ထင်မှာလဲ။ ဟား!”

ဝဝကစ်ကစ် အဘိုးအိုကို လျစ်လျူရှုရင်း သခင်ကြီးရှဲ့ က ပြန်ဖြေလိုက်သည်။ “ခင်ဗျား ပြန်သွားပြီး ခင်ဗျားရဲ့ ယွင်ယွင်နဲ့ စကားသွားပြောသင့်တယ်။ ရှဲ့ကျန်းက တကယ်ပဲ အိမ်ထောင်ကျသွားပြီ၊ သူတို့ တရားဝင် မှတ်ပုံတောင် တင်ပြီးသွားပြီ။ သူတို့က အခု မိသားစုခွင့်နဲ့ ပြန်လာကြတာ၊ ဧည့်ခံပွဲလေးတစ်ခုလုပ်ပြီး ငါ့ရဲ့ မြေးချွေးမကို ကျန်တဲ့မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့”

လောင်ဖန့်သည် စိတ်ပျက်နေပုံရသော်လည်း သူတွင် ပြောစရာအကြောင်းပြချက်များစွာ မရှိတော့သည်ကို သိသည်။ ဤမျှကောင်းမွန်သော မြေးသမက်တစ်ယောက်ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် သူသည် စိတ်ပျက်နေပြီး သူ၏မျက်နှာသည်လည်း သူ့စိတ်ပျက်မှုကို ဖော်ပြနေသည်။

“ယွင်ယွင်က ခဏနေရင် ရောက်လာလိမ့်မယ်။ သူ့မျက်စိနဲ့သူ မြင်ပါစေ၊ မဟုတ်ရင် သူ လက်လျှော့မှာ မဟုတ်ဘူး”

သခင်ကြီးရှဲ့သည် ထိုအလားအလာကြောင့် မပျော်ရွှင်ခဲ့ပေ။ ဤသည်မှာ သူ၏မြေးချွေးမ ပထမဆုံးအကြိမ် လာလည်ခြင်းဖြစ်ပြီး အခြားမိန်းကလေးတစ်ယောက် ဒီမှာရှိနေ၍ အနေရခက်တာမျိုး မဖြစ်စေချင်ပေ။ သူ ငြင်းဆန်တော့မည်အပြုတွင် ဝဝကစ်ကစ် အဘိုးအိုက ရုတ်တရက် လှမ်းအော်လိုက်သည်။

“ဟေ့၊ ကြည့်စမ်း၊ ရှဲ့ကျန်း ရောက်လာပြီ”

သခင်ကြီးရှဲ့သည် ပြတင်းပေါက်မှ အမြန်လှည့်ကြည့်လိုက်ရာ သူ၏မြေးသည် လှပသောမိန်းကလေးတစ်ဦး၏ လက်ကိုကိုင်ကာ သူ၏ချွေးမကနောက်မှ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။

အခြားအရာအားလုံးကို မေ့လျော့သွားပြီး သူသည် သူတို့ကို ကြိုရန် ထသွားလိုက်သည်။ တံခါးပေါက်သို့ ရောက်ချိန်တွင် အဖွဲ့သည် ရောက်နှင့်နေပြီဖြစ်သည်။

ထန်းစစ်ယွင်သည် သခင်ကြီးရှဲ့၏ လက်မောင်းကို ထောက်ပံ့ရန် အမြန်သွားလိုက်ပြီး သူ့ကို လမ်းလျှောက်ရာတွင် ကူညီပေးလိုက်သည်။

“အဖေ၊ ဘာလို့ အပြင်ထွက်နေတာလဲ။ ခြေထောက်က သက်သာရဲ့လား”

အဘိုးအို၏ ခြေထောက်များတွင် ပြဿနာရှိသည်။ လွန်ခဲ့သောနှစ်များက ပေါက်ကွဲမှုတစ်ခုတွင် ဒဏ်ရာရခဲ့ပြီး လက်ရှိဆေးပညာနည်းပညာဖြင့် မဖယ်ရှားနိုင်သော သံစများစွာ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် သူသည် များသောအားဖြင့် ဘီးတပ်ကုလားထိုင်တွင် ထိုင်လေ့ရှိသည်။ သူ လမ်းလျှောက်နိုင်သော်လည်း အလွန်နာကျင်သည်။

သခင်ကြီးရှဲ့ ဘေးတွင် ကြီးပြင်းလာခဲ့သော ထန်းစစ်ယွင်သည် သူနှင့် သူမ၏ကိုယ်ပိုင်သမီးကဲ့သို့ပင် ရင်းနှီးသည်။ သူ ပြုံးလိုက်သည်။

“ငါ အဆင်ပြေပါတယ်။ မနှစ်က ငါ့မြေးချွေးမ ပို့ပေးတဲ့ ဆေးဝိုင်က တကယ်ကို အထောက်အကူဖြစ်တယ်။ ငါ့ခြေထောက်တွေ အများကြီး သက်သာလာပြီ”

ထိုသည်က အမှန်တရားပင်ဖြစ်သည်။ သူ၏မြေးချွေးမသည် ထိုဝိုင်ချက်နည်းကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို သူ မသိသော်လည်း ဝိုင်သည် အရသာရှိရုံသာမက ဆေးစွမ်းလည်း အလွန်ကောင်းမွန်သည်။ တစ်နှစ်ခန့် သောက်သုံးပြီးနောက် သူ၏ ကာလရှည်ကြာ ရောဂါဝေဒနာများ သိသိသာသာ ပျောက်ကင်းသွားသည်ဟု ခံစားရသည်။

စုရှီနှင့် ရှဲ့ကျန်းတို့သည် သူတို့ယူဆောင်လာသော လက်ဆောင်များကို ဘေးတွင် ချထားလိုက်ပြီးနောက် ရှဲ့ကျန်းက စုရှီကို အဘိုးအိုထံသို့ ခေါ်သွားခဲ့သည်။

“အဘိုး၊ ဒါက ကျွန်တော့်ဇနီး စုရှီ ပါ”

စုရှီသည် ခါးကို အနည်းငယ် ကိုင်းညွတ်ပြီး တောက်ပစွာ ပြုံးလိုက်သည်။ “အဘိုး၊ မင်္ဂလာပါ”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်! အားလုံးကောင်းတယ်! အထဲဝင်ပြီး ထိုင်ကြ” သခင်ကြီးရှဲ့က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

သူသည် စုရှီကို အလွန်နှစ်သက်သည်။ ယခင်ကတည်းက ကျေနပ်ခဲ့သော်လည်း ယခုမူ ပို၍ပင် ကျေနပ်မိသည်။ သူ၏မြေးသည် ဤမျှလှပသော မြေးချွေးမတစ်ယောက်ကို ရှာတွေ့လိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။

သူတို့၏ အနာဂတ် မြစ်ကလေးကို စဉ်းစားကြည့်သောအခါ တရုတ်နှစ်သစ်ကူး ရိုးရာအရုပ်လေးကဲ့သို့ ချစ်စရာကောင်းသော ကလေးတစ်ယောက်ကို မြင်ယောင်မိပြီး ထိုအတွေးလေးနှင့်ပင် သူ အလွန်ပျော်ရွှင်နေမိသည်။

ဤသို့တွေးတောရင်း သူသည် သူ၏ တက်ကြွသောမြေးကို ကျေနပ်စွာဖြင့် ပုတ်လိုက်သည်။ ထက်မြက်သော မျက်နှာသွင်ပြင်ဖြင့် မတ်မတ်ရပ်နေသော သူ့ကိုကြည့်ရင်း သူ၏နှလုံးသားသည် ပျော်ရွှင်မှုများဖြင့် ဖောင်းပွလာသည်။ နေရာတိုင်းတွင် သူ၏ အကြီးဆုံးမြေးသည် ထူးချွန်ပြီး ဇနီးရွေးချယ်ရာတွင်လည်း အရည်အသွေးကို သိသည်။ ရှဲ့ မိသားစု၏ ယောက်ျားလေးများသည် အရည်အသွေးကို မြင်တတ်ကြသည်။

“ဝိုး! ကျန်းလေးရဲ့ မိန်းမက တကယ်လှတာပဲ။ ကောင်မလေးက ဘာအလုပ်လုပ်တာလဲ” ဧည့်ခန်းထဲသို့ ဝင်လာကြသောအခါ ဝဝကစ်ကစ် အဘိုးအိုက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ရှဲ့ကျန်းသည် စုရှီကို အဘိုးအိုများအား နှုတ်ဆက်စေပြီးနောက် ထိုင်ခုံသို့ လမ်းညွှန်ပေးကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

“ရှီရှီက စစ်ဘက်ဆရာဝန်တစ်ယောက်ပါ”

အဘိုးအိုများက သဘောတူညီစွာ ခေါင်းညိတ်ကြသည်။ ဒါသည် လေးစားဖွယ်ကောင်းသော အလုပ်အကိုင်တစ်ခုဖြစ်သည်။ အပြစ်ရှာတတ်သော လောင်ဖန့်ပင်လျှင် ဤမိန်းကလေးသည် တကယ်ပင် အထင်ကြီးစရာကောင်းကာ ရုပ်ရည်ချောမောပြီး အလုပ်အကိုင် ကောင်းမွန်သည်ကို ဝန်ခံရပေမည်။

ဤမျှနူးညံ့သိမ်မွေ့ပုံရသော မိန်းကလေးတစ်ဦးသည် စစ်ဘက်ဆရာဝန်ဖြစ်သည်ကို အံ့ဩသွားသော လောင်ဖန့်က စူးစမ်းစွာ မေးလိုက်သည်။

“မင်းက တော်တော်ငယ်ပုံရတယ်၊ ဆရာဝန်ဖြစ်နေပြီလား”

စုရှီသည် နုပျိုပုံရသည်၊ သူမသည် အသက်နှစ်ဆယ်သာ ရှိသေးသည် မဟုတ်ပါလား။

သူမ မဖြေကြားမီမှာပင် သခင်ကြီးရှဲ့က ကြွားဝါစပြုလာသည်။

“ဟုတ်တာပေါ့! ငါ့မြေးချွေးမက ကျောင်းတက်နေတုန်းက စတုတ္ထအဆင့် စာမေးပွဲကို အောင်မြင်ခဲ့တာ။ သူက ပထမတန်းစား စစ်ဆေးတက္ကသိုလ်ကနေ ဘွဲ့လွန်ကျောင်းသားအဖြစ် ဘွဲ့ရခဲ့တာ၊ ပြီးတော့ ထိပ်ဆုံးကနေ အောင်မြင်စွာ ဘွဲ့ရခဲ့တာ။ သူက အသက်ဆယ့်ကိုးနှစ်တည်းက အလုပ်စလုပ်ခဲ့တာ”

ဤသို့ကြားရသောအခါ အဘိုးအိုများသည် အမှန်တကယ်ပင် အထင်ကြီးသွားကြသည်။ ဂုဏ်သတင်းကြီးသော တက္ကသိုလ်နှင့် အတန်းထဲတွင် ပထမရ၍ ဘွဲ့ရခဲ့ခြင်းကြောင့် စုရှီသည် ရှဲ့ကျန်းနှင့် အမှန်ပင် လိုက်ဖက်ညီပုံရသည်။

လောင်ဖန့်သည် စိတ်ထဲ၌ အနည်းငယ် မသက်မသာဖြစ်သွားခဲ့သည်။ သူ၏ မိသားစုသည် ရှဲ့ မိသားစုလောက် ရာထူးမကြီးသော်လည်း အတော်လေး လေးစားဖွယ်ကောင်းသည်ဟု သူ ထင်ခဲ့သည်။ သူ၏ မြေးမသည် အနုပညာအဖွဲ့တွင် အလုပ်လုပ်ပြီး ဒါသည်လည်း ကောင်းမွန်သော အလုပ်တစ်ခုဖြစ်သည်၊ သူမသည် လှပပြီး ကျက်သရေရှိသည်။

သို့သော် ယခု ရှဲ့ကျန်းသည် ဤမျှနှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေခဲ့ပြီးနောက် ဤကဲ့သို့ ထူးချွန်သော လက်တွဲဖော်တစ်ဦးကို ရှာတွေ့ခဲ့သည်ကို မြင်သောအခါ သူ ပြောစရာစကားပင် ပျောက်ရှသွားသည်။

ရှဲ့ကျန်းသည် သူ့ဇနီး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသော အာရုံစိုက်တတ်သည့် အမူအရာကို ကြည့်ရင်း လောင်ဖန့်သည် ပို၍ပင် စိတ်မကောင်းဖြစ်သွားသည်။ သူသည် သူမကို အလွန်ဂရုစိုက်သည်မှာ ထင်ရှားသည်။ သူ၏ခေါင်းမာသော မြေးမလေးသာ သိသွားပါက ဖြစ်ပေါ်လာမည့် မြင်ကွင်းကို သူ မြင်ယောင်နေမိသည်။

ကံကြမ္မာအရ လောင်ဖန့်သည် သူ၏မြေးမအကြောင်း စဉ်းစားနေစဉ်မှာပင် သူမသည် မုန့်ပန်းကန်တစ်ချပ်ကို ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့သည်။ သူမသည် အထဲသို့ ဝင်လာသည်နှင့် ရှဲ့ကျန်းကို တွေ့လိုက်ရပြီး မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာလျက် စိတ်လှုပ်ရှားစွာဖြင့် အပြေးသွားလိုက်သည်။

“ရှဲ့ကျန်း၊ ဘယ်တုန်းက ပြန်ရောက်တာလဲ”

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၇၈

သူ၏မြေးမလေး ပန်းတစ်ပွင့်လို လန်းဆန်းတောက်ပစွာ ပြုံးနေသည်ကို ကြည့်ရင်း အဘိုးဖန့်၏ မျက်နှာထားသည် ရုတ်တရက် အိုးမည်းသုတ်ထားသကဲ့သို့ မည်းမှောင်သွားလေသည်။

မူလက သူ့မြေးမလေးက ရှဲ့ကျန်းအပေါ် အာရုံစိုက်နေခြင်းသည် ကိစ္စကြီးမဟုတ်ပေ။ အထူးသဖြင့် သူက လူလွတ်တစ်ယောက် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရှေးလူကြီးများ ဆိုစကားအရ မိန်းကလေးက ယောက်ျားလေးနောက်လိုက်လျှင် ကြားထဲတွင် ပိတ်ပါးလွှာလေးသာ ခြားသည်ဟူ၍ မဟုတ်ပါလား။

သို့သော်လည်း ရှဲ့ကျန်းတွင်ဇနီးရှိနေပြီဖြစ်ပြီး လက်ပင်ထပ်ထားပြီးဖြစ်သည်။ သူ့မြေးမလေးက သူတစ်ပါးဆက်ဆံရေးကို ဖျက်ဆီးသည့် တတိယလူအဖြစ် လုံးဝ ပြုမူ၍ မဖြစ်နိုင်ပေ။

အဘိုးဖန့်က သူ့မြေးမလေးကို ထိုအကြောင်းကို လုံးဝလက်လျှော့စေချင်သော်လည်း ယွင်ယွင်ကလည်း ထိုမျှ စိတ်စောနေ၍ မဖြစ်ပေ။ သူ၏မြေးမလေး ပန်းတစ်ပွင့်လို ပြုံးနေသည်ကို မြင်ရခြင်းက သူ့မျက်စိထဲတွင် ဆူးတစ်ချောင်းလို စိုက်ဝင်နေသကဲ့သို့ ခံစားနေရသည်။

ထို့အပြင် ရှဲ့ကျန်း၏ စိတ်နေစိတ်ထားအရ သူက သူ့ဇနီးကို မည်သည့် နစ်နာမှုကိုမျှ ခံစားရစေမည် မဟုတ်ပေ။ သူ့ဇနီးအပေါ် သူမည်မျှ ဂရုစိုက်သည်ကိုသာ ကြည့်လေ။ ရန်ပွဲတစ်ခုအဖြစ်သို့ပင် ပြောင်းလဲသွားနိုင်သည်။

ထို့နောက်တွင်တော့ အဖြစ်မှန်သည် အဘိုးဖန့် ထင်မှတ်ထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။

အဘိုးကြီးများအားလုံးက ရှဲ့မိသားစုမှ လူငယ်လေးသည် ခပ်တည်တည် မျက်နှာထားမျိုး ပြမည်ဟု ထင်ထားကြသော်လည်း ရှဲ့ကျန်းက ဖန့်ယွင်ယွင်ကို ညင်သာစွာ ခေါင်းညိတ်ပြပြီး ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"ကိုယ် မနေ့က နေ့လယ်လောက်က ပြန်ရောက်တာ။ ဒါက မင်းရဲ့အစ်မ စုရှီတဲ့။"

ထို့နောက် အဘိုးကြီးများကို လုံးဝ အံ့အားသင့်သွားစေသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

ဖန့်ယွင်ယွင်က သူမကိုင်ထားသော မုန့်များကို စားပွဲပေါ်တင်ပြီး တောက်ပစွာပြုံးကာ ပြောလိုက်သည်။ "အစ်မ၊ မင်္ဂလာပါ။ ကျွန်မနာမည်က ဖန့်ယွင်ယွင်ပါ။ ရှဲ့ကျန်းလိုလူက အစ်မကို ရသွားတာ တကယ်ကို မလွယ်ဘူးပဲနော်။"

လူတိုင်း စိတ်ထဲတွင် တွေးလိုက်ကြသည်။ သူတို့နှစ်ယောက် ဆံပင်ဆွဲလွှဲပြီး ကုတ်ခြစ်ကြရမည် မဟုတ်ပါလား။

ဖန့်ယွင်ယွင်သည် လှပကြောင်း သံသယဖြစ်ဖွယ်မရှိသော်လည်း စုရှီ၏ အာရုံကို အဖမ်းစားနိုင်ဆုံးအရာမှာ ထိုမိန်းကလေးသည် ကလေးလေးလို မျက်နှာပေါက်မျိုး ရှိသော်လည်း ကိုယ်လုံးကိုယ်ပေါက်မှာမူ အလွန် ဆွဲဆောင်မှုရှိခြင်းပင်။ တိုတိုပြောရလျှင် သူမသည် နောင်မျိုးဆက်များက အပြစ်ကင်းစင်ပြီး ဆွဲဆောင်မှုရှိသည်ဟု ဖော်ပြကြမည့် ပုံစံမျိုးဖြစ်ကာ ထူးကဲသော စွဲမက်ဖွယ်ရာ ရှိနေသည်။

စုရှီသည် အဘိုးကြီးများကြားမှ မမြင်ရသော တင်းမာမှုကို အနည်းငယ် ထူးဆန်းသည်ဟု ထင်သော်လည်း ဤမိန်းကလေးကို အတော်လေး သဘောကျမိသည်။ ပထမဆုံး တွေ့ဆုံခြင်းဖြစ်သောကြောင့် သူမသည် အနည်းငယ် ရှက်ရွံ့နေပြီး သူမ၏ ကြည်လင်သော မျက်ဝန်းများကို ဖန့်ယွင်ယွင်ဆီသို့ စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်္ဂလာပါ၊ ငါ့နာမည် စုရှီပါ။ သူငယ်ချင်းတွေကတော့ ငါ့ကို ရှီရှီလို့ခေါ်ကြတယ်။"

ဖန့်ယွင်ယွင်က တောက်ပစွာ ပြုံးပြီး ပြောလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆို ကျွန်မလည်း ရှီရှီလို့ ခေါ်မယ်နော်။ သူငယ်ချင်းတွေ လုပ်ကြရအောင်၊ ကျွန်မ ရှင့်ရဲ့စိတ်ထားကို သဘောကျတယ်။"

ထိုစကားနှစ်ခွန်းဖြင့်ပင် အပြစ်ကင်းစင်ပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်သည် လုံးဝ ပျောက်ကွယ်သွားပြီး အစားထိုး ဝင်ရောက်လာသည်မှာ ပွင့်လင်းဖြောင့်မတ်သော မိန်းကလေးတစ်ယောက်၏ ပုံစံပင်ဖြစ်သည်။

သူတို့နှစ်ဦး၏ ပထမဆုံး အမြင်များသည် ကောင်းမွန်ခဲ့သည်။ ထို့ကြောင့် အခြားသူများ၏ အမြင်တွင် ပြိုင်ဘက်များဖြစ်ရမည့် အမျိုးသမီးနှစ်ဦးသည် ခေါင်းချင်းဆိုင်ကာ တီးတိုးစကားပြောရင်း သူငယ်ချင်းဟောင်းများကဲ့သို့ ရင်းနှီးသွားကြသည်။

ထို့နောက် ထန်စစ်ယွင်လည်း ထိုစကားဝိုင်းထဲသို့ ဝင်လာပြီး မြင့်မားသော စိတ်အားထက်သန်မှုဖြင့် စကားစမြည် ပြောဆိုကြတော့သည်။

အဘိုးကြီးများမှာမူ မည်သို့ တုံ့ပြန်ရမည်ကို မသိဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။

ခဏအကြာတွင် ဝဝကစ်ကစ် အဘိုးကြီးက အဘိုးဖန့်ထံ မျက်ခုံးပင့်ပြကာ မေးလိုက်သည်။ "ယွင်ယွင်ဆိုတဲ့ ကောင်မလေးက ဘာသဘောလဲ။"

အဘိုးဖန့်လည်း နားမလည်ပေမာ့် ထိုအရာက သူ့ကို ကြွားဝါခြင်းမှ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ သူက ခြေထောက်ကို စတင်လှုပ်ယမ်းရင်း ပြောလိုက်သည်။

"ဒါက ဘာများ အရေးကြီးလို့လဲ။ ငါတို့ ဖန့်မိသားစုရဲ့ သမီးက ယူတတ်၊ ထားတတ်တယ်၊ အရမ်းကို စိတ်သဘောထားကြီးတာပဲ။"

သူပြောနေရင်း လက်မထောင်ပြလိုက်ရာ သူ့မြေးမလေးအတွက် အလွန် ဂုဏ်ယူနေသည့် ပုံစံဖြစ်နေသည်။

ဒါက သူ့ကို အခြားအဘိုးကြီးများထံမှ မျက်စောင်းလှိမ့်ထိုးခြင်းကို ရရှိစေခဲ့သည်။

သို့သော်လည်း ယွင်ယွင်က အရာရာကို ပေါ့ပေါ့ပါးပါး မြင်နိုင်ခြင်းသည် လူတိုင်း၏ အမြင်တွင် ကောင်းမွန်သော အရည်အချင်းတစ်ခု ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် သူငယ်ချင်းဟောင်းများ ဖြစ်ကြသည်။ မျိုးဆက်သစ်များကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်လာပါက အလွန် ရှက်စရာကောင်းပေလိမ့်မည်။ အရာအားလုံး လုံးဝ ပျက်စီးသွားမည် မဟုတ်သော်လည်း မဖြေရှင်းနိုင်သော ခံစားချက်အချို့မှာမူ ရှောင်လွှဲ၍မရသည်မှာ သေချာသည်။

လက်ရှိအခြေအနေအရမူ ဒီ့ထက် ပိုကောင်းနိုင်စရာ မရှိတော့ပေ။

ထို့ကြောင့် သူတို့ စိတ်ထဲတွင် နားမလည်နိုင် ဖြစ်နေကြသော်လည်း ချွေးမအသစ်စက်စက်၏ ရှေ့တွင် မည်သူမျှ မေးမြန်းဝံ့ခြင်း မရှိပေ။

ယနေ့ အဘိုးကြီးများနှင့် တွေ့ဆုံမှုသည် နှစ်ဦးနှစ်ဖက်လုံးအတွက် သာယာကြည်နူးဖွယ် ကောင်းခဲ့သည်။

အဘိုး ရှဲ့သည် စုရှီကို အလွန် သဘောကျနေခဲ့သည်။ ရှဲ့ ပေါ်က သူတို့ကို လာခေါ်သည့်တိုင်အောင် သူသည် ပျော်ရွှင်တက်ကြွပြီး တောက်ပနေခဲ့သည်။

စုရှီနှင့် အခြားသူများသည် ညစာစားပွဲကို နှစ်ရက်နောက်သို့ ရွှေ့ရန် စီစဉ်ထားကြသည်။ ညစာစားပြီးနောက် အဘိုး ရှဲ့က သူ့သားကို ထပ်မံ အလုပ်မရှုပ်စေချင်သောကြောင့် အားလုံးအတူတူ ဂျစ် ကားထဲသို့ တိုးဝှေ့ကာ ရှဲ့ပေါ်၏ အိမ်သို့ သွားကြသည်။

ဤနွေရာသီညတွင် လေထုထဲ၌ အေးမြမှု အနည်းငယ် ရှိနေသည်။

ဆံပင်လျှော်ပြီး ရေချိုးပြီးနောက် စုရှီသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သဘက်ဖြင့် ဆံပင်ကို ခြောက်အောင် သုတ်နေသည်။

၁၉၆၀ ပြည့်နှစ်များသည် အမှန်တကယ်ပင် အဆင်မပြေလှပေ။ သူမ၏ ဆံပင်သည် ထူထဲပြီး ရှည်လျားကာ လျှော်လိုက်တိုင်း ခြောက်အောင်သုတ်ရသည်မှာ အတော်လေး ကိုယ်လက်လှုပ်ရှားရသည့် အလုပ်တစ်ခုဖြစ်သည်။

သို့သော် သူမ ဆံပင်မညှပ်ချင်ခဲ့ပေ။

သူမ၏ ယခင်ဘဝတွင် အဆင်ပြေစေရန်အတွက် ကိုယ်ခံပညာ စသင်ခဲ့ပြီးနောက် သူမသည် ဆံပင်ရှည်ကို မထားဖြစ်ခဲ့ပေ။ အခြားသူများ၏ ရှည်လျားသော ဆံပင်များကို မြင်ရသည့်အခါတိုင်း သူမ မနာလိုစိတ် မဖြစ်ဘဲ မနေနိုင်ခဲ့။

ယခုဘဝတွင် ဆံပင်ရှည်ထားနိုင်သည့် အခြေအနေ ရှိလာသောအခါတွင်မူ သူမတွင် ဆံပင်အခြောက်ခံစက် မရှိခြင်းက စဉ်းစားလိုက်တိုင်း စိတ်ပျက်စရာ ကောင်းနေသည်။

သူမ စိုစွတ်နေသေးသော ဆံပင်ရှည်များနှင့် ရုန်းကန်နေစဉ် ရှဲ့ကျန်းက ရေချိုးပြီးနောက် နောင်မျိုးဆက်များ၏ ပုံစံနှင့်တူသော လက်ပြတ်အင်္ကျီနှင့် ကမ်းခြေဘောင်းဘီတိုကို ဝတ်ဆင်ကာ ဝင်လာသည်။

သူ၏ ရိုးရှင်းသော ဝတ်စုံသည် သူ၏ ကြွက်သားများ၏ လှပသော အချိုးအကွေ့များကို ပေါ်လွင်စေသည်။

ရှဲ့ကျန်း၏ ကြွက်သားများသည် အလွန်အကျွံ ဖောင်းကားနေသော အမျိုးအစား မဟုတ်သော်လည်း ခွန်အားအပြည့် ရှိနေသည်။ သူသည် အရပ်ရှည်ပြီး တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက် ရှိကာ သူမဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာစဉ် သူ၏ ကိုယ်နှင့်တစ်သားတည်းကျသော လက်ပြတ်အင်္ကျီအောက်မှ အနည်းငယ်မြင်နေရသော ဝမ်းဗိုက်ကြွက်သားများသည် အထူးသဖြင့် ထင်ရှားနေသည်။

ယခင်က ခံစားချက်ကို ပြန်အမှတ်ရရင်း စုရှီက တံတွေးမြိုချလိုက်ပြီး တိတ်တဆိတ် အကြည့်လွှဲလိုက်သည်။

သူမက တည်ကြည်တဲ့ လူတစ်ယောက်ပဲ!

စစ်ဘုရင်တစ်ဦးဖြစ်သည့် ရှဲ့ကျန်းအတွက်မူ သူမက ဖုံးကွယ်ထားသည်ဟု ထင်သော အားကျသည့်အကြည့်များ အားလုံးသည် သူ့အာရုံထဲသို့ ကျရောက်ခဲ့သည်။

သူ့ဇနီးက သူ့ကိုယ်လုံးကိုယ်ပေါက်ကို ကြိုက်နှစ်သက်ကြောင်း သူ ကြာမြင့်စွာကပင် သိရှိထားပြီးဖြစ်သောကြောင့် သူတို့နှစ်ယောက်တည်း ရှိနေသည့်အခါတိုင်း သူက သူမကို ဆွဲဆောင်ရန် ကြွက်သားအချို့ကို တမင်တကာ ထုတ်ဖော်ပြသလေ့ရှိသည်။

ဟုတ်သည်၊ ဒါက ဆွဲဆောင်ခြင်းပင် ဖြစ်သည်။

သူသည် သူဂရုစိုက်သောသူ၏ ရှေ့တွင် အခြားသော အထီးသတ္တဝါများကဲ့သို့ သူ့ခန္ဓာကိုယ်ကို ဂုဏ်ယူစွာ ပြသနိုင်လိမ့်မည်ဟု ယခင်က တစ်ခါမျှ စိတ်ကူးမယဉ်ဖူးခဲ့ပေ။

မိန်းကလေးက သူ့ကို အားကျသည့်အကြည့်ဖြင့် ကြည့်လိုက်တိုင်း သူ့အတွင်း၌ ငြင်းပယ်မရနိုင်သော ပျော်ရွှင်မှုတစ်ခု ပေါ်ပေါက်လာသည်။

သူ စုရှီနှင့် အတူရှိနေသည့်အခါတိုင်း သူသည် သူနှင့်မတူဘဲ အနည်းငယ် ကလေးဆန်သွားသည်ဟု သူထင်သော်လည်း သူက ထိုအရာကို နှစ်သက်သည်။

ရှဲ့ကျန်းက သူ့ဇနီးလေး၏ လက်ထဲမှ သဘက်ကို လှမ်းယူလိုက်ပြီး သူမနောက်တွင် ထိုင်ကာ စိတ်ရှည်စွာဖြင့် သူမ၏ ဆံပင်ကို ခြောက်အောင် သုတ်ပေးနေသည်။

သူ၏ လှုပ်ရှားမှုများသည် အလွန် ကျွမ်းကျင်ပြီး စုရှီ ကိုယ်တိုင် လုပ်သည်ထက်ပင် ပိုညှင်သာနေကာ ဤကဲ့သို့လုပ်ပေးခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သည်မှာ ထင်ရှားနေသည်။

"မင်း ခုနက ဘာတွေ တွေးနေတာလဲ။"

သူ၏အသံသည် အနည်းငယ် ရှတတ ဖြစ်နေသည်။ သူတို့သည် လင်မယားများ ဖြစ်နေကြပြီ၊ ညလည်းမိုးချုပ်နေပြီဖြစ်ပြီး ကုတင်တစ်ခုတည်းပေါ်တွင် ရှိနေကြသောကြောင့် စုရှီသည် စိတ်ထဲတွင် အတွေးများ လွင့်မျောသွားမိသည်။ အနည်းငယ် အပြစ်ရှိသလို ခံစားရပြီး သူမက တိုးညင်းသော အသံဖြင့် ပြန်ဖြေလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ တကယ်။"

ရှဲ့ကျန်းက ညင်သာစွာ ရယ်လိုက်ပြီး သူ့အသံသည် နိမ့်ကျကာ စုရှီ၏ နားနားကပ်နေပြီး သူ့ထွက်သက်လေက သူမ၏ နားကို တိုက်ခတ်သွားရာ သူမကို အနည်းငယ် တုန်ယင်သွားစေသည်။ သူမက နှုတ်ခမ်းကိုကိုက်ကာ အလျင်အမြန် စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဒါနဲ့၊ ရှင့်ကို မမေးရသေးဘူး၊ ဖန့်ယွင်ယွင်ကိစ္စက ဘာလဲ။ ကျွန်မ ဒီနေ့ အဘိုးတို့ရဲ့ မျက်နှာထားတွေက ထူးဆန်းနေတယ်လို့ ခံစားနေရတယ်၊ ကျွန်မတို့သုံးယောက်ကို တချိန်လုံး ကြည့်နေကြတာ။"

ရှဲ့ကျန်းက သူ့ဇနီးလေး၏ ရှောင်လွှဲမှုကို အလွယ်တကူ မြင်နိုင်သည်။ သူ၏ နက်မှောင်သော မျက်လုံးများသည် နက်နဲလှသော်လည်း သူ၏ လေသံမှာမူ တမင်တကာ တည်ငြိမ်နေသည်။

"အဘိုးကြီးတွေက ဖန့်ယွင်ယွင်က ကိုယ့်ကို သဘောကျတယ်လို့ အမြဲထင်နေကြတာ၊ ဒါကြောင့် ဒီနေ့ ကိုယ်တို့ ရင်းရင်းနှီးနှီး နေတာကိုမြင်တော့ သူတို့ ဒီလိုခံစားရတာ ဖြစ်လိမ့်မယ်။"

"ထင်တယ် ဟုတ်လား။"

စုရှီက မျက်ခုံးပင့်လိုက်သည်။ သူမကိုယ်သူမ ဉာဏ်မထိုင်းဟု မထင်ပေ။ အမျိုးသမီးတစ်ယောက်သည် အခြားအမျိုးသမီးတစ်ယောက်က သူမ၏ခင်ပွန်းကို သဘောကျနေသလားဆိုသည်ကို အများအားဖြင့် ပြောနိုင်သည်။ ဖန့်ယွင်ယွင်ကမူ ထိုသို့မရှိသလိုပင်။

ရှဲ့ကျန်းက ညင်သာစွာ ရယ်လိုက်သည်။ "ဟုတ်တယ်၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဖန့်ယွင်ယွင်ကို သူ့မိသားစုက အိမ်ထောင်ပြုဖို့ တိုက်တွန်းကြတယ်၊ အဲ့ဒီနောက်မှာ သူမက အဘိုးကြီးတွေကို ကိုယ့်လို ယောက်ျားမျိုးကို ကြိုက်တယ်လို့ ပြောခဲ့တာ။"

ယခု စုရှီ၏ စူးစမ်းလိုစိတ်က ပိုမိုပြင်းထန်လာသည်။ သူမက သူ့ဘက်သို့လှည့်ကာ မေးလိုက်သည်။ "အတိအကျ ဘာဖြစ်ခဲ့တာလဲ။"

ရှဲ့ကျန်းက သူ၏ ညင်သာသော လှုပ်ရှားမှုများကို ဆက်လုပ်ဆောင်နေသည်။ "မင်း စိတ်မဆိုးဘူးလား။"

စုရှီက သူ့လက်မောင်းကို ဆော့ကစားသလို ရိုက်လိုက်ပြီး ဆူလိုက်သည်။ "ကျွန်မက ဘာလို့ စိတ်ဆိုးရမှာလဲ။ သူမက ရှင့်ကို မကြိုက်ဘူး၊ ရှင်ကလည်း သူမကို မကြိုက်ဘူး။ ဒီလောက် သေးငယ်တဲ့ ကိစ္စအတွက် ကျွန်မ သဝန်တိုစရာ လိုလို့လား။"

ရှဲ့ကျန်းသည် စိတ်မကောင်းဟန်ဆောင်လျက် သက်ပြင်းချလိုက်သည်။ "ကိုယ်က မင်း ကိုယ့်အတွက် သဝန်တိုစေချင်နေတာ။"

စုရှီ မျက်ဖြူလှန်လိုက်သည်။ "ကျွန်မ သဝန်မတိုချင်ဘူး။ အရည်အချင်းပြည့်ဝတဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ ရှင့်ကို တကယ်ပဲ လိုချင်နေတဲ့ မိန်းမတွေရှိရင် အဲ့ဒီဒုက္ခတွေကို ရှင့်ဘာသာ ရှင်းသင့်တယ်။"

ရှဲ့ကျန်းက ကိုင်းညွတ်ကာ သူ့ဇနီး၏ အနည်းငယ်စူနေသော ပန်းရောင်နှုတ်ခမ်းလေးကို နမ်းပြီး ပြောလိုက်သည်။ "မင်းပြောတာ အရမ်းမှန်တယ်။"

စုရှီက ပျော်ရွှင်သွားသည်။ သူမက ပုံစံပြောင်းလိုက်ပြီး ကုတင်ပေါ် ဒူးထောက်လိုက်ရာ ထိုလူ၏ နှုတ်ခမ်းကို အလွယ်တကူ မှီနိုင်လောက်အောင် အရပ်အမြင့် ရောက်သွားသည်။ ချိုမြိန်သော အပြုံးဖြင့် သူမက သူ၏ ချောမောသော မျက်နှာကို ကိုင်ကာ သူ့ကို ပြင်းပြသော အနမ်းတစ်ခု ပေးလိုက်သည်။

သူတို့၏ အသက်ရှုသံများ ရောယှက်ကာ ပူနွေးလာသည်နှင့်အမျှ ရှဲ့ကျန်း၏ လက်ဖဝါးများသည် ပူနွေးလာပြီး သူ့ဇနီး၏ သေးသွယ်သော ခါးကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ အချိန်အတော်ကြာပြီးနောက် သူက သူမ၏ ချိုမြိန်သော နှုတ်ခမ်းများမှ ခွာလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

"ဟန်နီ ကိုယ့်ကို မစနဲ့။ မင်း ဆံပင်ခြောက်တဲ့အထိ စောင့်ကြရအောင်၊ ဟုတ်ပြီလား။"

ရုတ်တရက် စုရှီသည် မီးလောင်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမက သူ့ကို အမြန်နမ်းလိုက်ချင်ရုံလေးပါ...

သူမက ခြေခြိတ်ထိုင်လိုက်ပြီး အနည်းငယ် စိတ်တိုကာ သူမ၏ ခေါင်းကို ထိုလူ၏ ရင်ဘတ်နှင့် တိုက်လိုက်ရာ သူက ရင်ဘတ်တုန်ခါသည်အထိ ရယ်မောသွားသည်။

"အရူးမလေး၊ ခေါင်းနာသွားလား။"

စုရှီ - "......"

နည်းနည်းတော့ နာသွားသည်။ ဒီလူရဲ့ ကြွက်သားတွေက သံမဏိပြားလို ခံစားရသည်။

"ရှင် ယွင်ယွင် အကြောင်းကို ခုထိ မပြောပြသေးဘူး။"

သူမက သူမ၏ ခေါင်းလေးကို အနားပေးပြီး ယခင်အကြောင်းအရာကို ဆက်ရန် ဆုံးဖြတ်လိုက်သည်။

ရှဲ့ကျန်းက သူ့အတွင်းမှ တိုးတက်လာသော ပြင်းပြသည့် ဆန္ဒကို ချုပ်တည်းရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ သို့သော် သူ့လက်များ၏ လှုပ်ရှားမှုသည် အနည်းငယ် ပိုမြန်လာသည်။

"ကိုယ်တို့က အတူတူကြီးပြင်းလာကြတာ၊ ဒါပေမယ့် တကယ်တမ်းတော့ ဘာဆို ဘာခံစားချက်မှ မရှိခဲ့ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖန့်ယွင်ယွင်က ကောင်လေးတစ်ယောက်ကို ချစ်မိသွားတယ်၊ သူ့မိသားစုက သဘောမတူဘူးဆိုတာ သိတော့ သူမက တိတ်တိတ်လေး တွဲနေခဲ့တာ။ ဒါပေမယ့် ကိုယ်တို့အသိုင်းအဝိုင်းက လူတိုင်းက သူ့မှာ ရည်းစားရှိတယ်ဆိုတာ သိတယ်၊ ပြီးတော့ ကိုယ်တို့အားလုံးက သူ့ကို လျှို့ဝှက်ချက်ထိန်းသိမ်းပေးခဲ့ကြတယ်။ နောက်ပိုင်း သူအ ၂၅ နှစ်ပြည့်တော့ သူ့အဘိုးက သူမ အသက်ကြီးပြီထင်ပြီး သူ့ကို ဖူးစာရှာပွဲတွေ သွားဖို့ ဖိအားပေးတယ်။ သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ သူ့အဘိုးကို ကိုယ့်လို ယောက်ျားမျိုးကို ကြိုက်တယ်လို့ ပြောပြီး ကိုယ့်ကို အကာအကွယ်အနေနဲ့ သုံးခဲ့တာ။ အဲ့ဒီတုန်းက ကိုယ်က လူလွတ်ဆိုတော့ ကိုယ်တို့ရဲ့ ငယ်သူငယ်ချင်းသံယောဇဉ်ကြောင့် သဘောတူခဲ့တယ်။ ဒါပေမယ့် ကိုယ့်မိဘတွေနဲ့ ညီမကတော့ အဲ့ဒီအကြောင်းကို သိပြီး အလေးအနက် မထားခဲ့ကြဘူး..."

စုရှီက ထိုသို့သော နောက်ခံဇာတ်လမ်း ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဘဲ ဖန့်ယွင်ယွင်၏ ရည်းစားအကြောင်းကို သိချင်စိတ် ပိုမိုပြင်းပြလာသည်။

"ရှင် ယွင်ယွင်ရဲ့ ရည်းစားနဲ့ တွေ့ဖူးလား။ သူ့မိသားစုက ဘာလို့ သဘောမတူခဲ့တာလဲ။"

ရှဲ့ကျန်းက ရယ်လိုက်သည်။ "ကိုယ် မတွေ့ဖူးဘူး၊ ဒါပေမယ့် သူတို့ အခုတော့ သဘောတူလောက်ပြီလို့ ထင်တယ်။ ကြည့်လေ၊ ဖန့်ယွင်ယွင်က သူ့ရည်းစားကို လွန်ခဲ့တဲ့ ငါးနှစ်က ကြိုက်ခဲ့တာ၊ ပြီးတော့ သူက ၁၇ နှစ်ပဲ ရှိသေးတယ်။ သူ့မိသားစုက အဲ့ဒါကို သဘောတူမယ့် နည်းလမ်းမရှိဘူး။"

"အမလေး! မြေခွေးလိုကောင်လေးပဲ!"

စုရှီက ထိုသို့သော အံ့ဩဖွယ်ရာ ထုတ်ဖော်မှုကို မမျှော်လင့်ထားခဲ့ပေ။ ယုံနိုင်စရာမရှိပေ။ ယနေ့ခေတ်တွင် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်တွင် အိမ်ထောင်ပြုကြသူများ များပြားသော်လည်း သူမသည် အနည်းငယ် အံ့အားသင့်နေဆဲပင်။

ဖန့်မိသားစုက အဘယ်ကြောင့် ထိုစဉ်က သဘောမတူခဲ့သည်ကို အံ့ဩစရာမရှိတော့ပေ။ ယခုအခါတွင်မူ ထိုကောင်လေးသည် အသက် ၂၃ နှစ် ဖြစ်နေလောက်ပြီဖြစ်သောကြောင့် သူတို့ သဘောတူကြပေလိမ့်မည်။

ရှဲ့ကျန်းက သူ၏ ရှည်လျားသော မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သဘက်ကို အနီးရှိ ကုလားထိုင်ပေါ် ပစ်တင်လိုက်သည်။ သူက စုရှီကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ ခြိမ်းခြောက်လိုက်သည်။

"မင်း မြေခွေးလိုကောင်လေး ဆိုတာ ဘာကိုဆိုလိုတာလဲ။"

စုရှီက သူမ၏ မျက်နှာကို ဖုံးကွယ်လိုက်ပြီး သူမ စကားမှားသွားကြောင်း သိလိုက်သည်။ သူမက တောင်းပန်သည့်အပြုံးဖြင့် ပြုံးလိုက်သည်။

"ကျွန်မ ဘာကိုမှ မဆိုလိုပါဘူး၊ ကျွန်မက အမှတ်တမဲ့ ပြောလိုက်တာပါ။"

"အိုး? ဒါတော့ မဖြစ်နိုင်ဘူး။ ကိုယ် မင်းရဲ့ မျက်နှာအမူအရာကို မြင်လိုက်တယ်၊ မင်း တော်တော်လေး အားကျနေတဲ့ပုံပဲ။"

သူ့အသံတွင် အေးစက်သော အရည်အသွေးတစ်ခု ရှိနေပြီး စုရှီသည် သူမ၏ ခန္ဓာကိုယ် ပျော့ခွေသွားသည်ကို နားမလည်နိုင်စွာ ခံစားလိုက်ရသည်။ သူ၏ အန္တရာယ်ရှိသော အကြည့်ကို ရင်ဆိုင်ရင်း သူမက သွားကြိတ်ကာ ရှေ့သို့တိုးပြီး သူ့ကို ကုတင်ပေါ် တွန်းလှဲလိုက်ကာ သူ့နှုတ်ခမ်းများကို သူမ၏ နှုတ်ခမ်းများဖြင့် ဖမ်းယူလိုက်ပြီး သူ့၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပါးစပ်ကို ထိရောက်စွာ ပိတ်လိုက်တော့သည်...

ထို့နောက်... စုရှီ၊ နတ်သမီးလေးသည် ကျားတွင်းထဲ ကျရောက်ခြင်း၏ အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

သူမသည် အစားခံရရုံသာမက ‘မြေခွေးလိုကောင်လေး’ နှင့် 'အသားခြောက်ကြီး' တို့၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ ရှင်းပြခဲ့ရသည်။

သူမ မှတ်မိသမျှမှာမူ ထူးကဲသော ခံစားချက်များကြောင့် အရာအားလုံး အမှောင်မကျသွားမီလေးတွင် ထိုလူက သူမ၏ နားနားကပ်ကာ သူသည် ‘မြေခွေးလိုကောင်လေး’ ဖြစ်နိုင်လောက်အောင် ခွန်အားရှိလားဟု မေးခဲ့ခြင်းပင်ဖြစ်သည်။

All Chapters