← Chapters

ဆရာတစ်ဆူအဆင့် အလင်းတန်း ဓားသိုင်း။

Vol. 4 Ch. 47

ဆရာတစ်ဆူအဆင့် အလင်းတန်း ဓားသိုင်း။

Vol. 4 Ch. 47

"အခြေအနေကို ကြည့်ရသလောက်တော့ ရွေးချယ်စရာက တစ်ခုဘဲ ကျန်တော့တယ်"

"အဲဒါကတော့ အလင်းတန်း ဓားသိုင်းရဲ့ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်ဖို့ပဲ"

"ဓားသိုင်းအဆင့်ကို မြှင့်တင်ရမယ်"

ကျန်းဖန်သည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်လေသည်။

သူသည် ကံကောင်းခြင်း အမှတ်များကို စုဆောင်းပြီး အရိုးတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းလိုသည်။

သို့သော် ယခုအချိန်တွင် ထိုသို့လုပ်ဆောင်ရန် အချိန်အလုံအလောက် မရှိတော့ဟု ထင်ရပေသည်။

ရေတိုကာလအတွင်း တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဓားသိုင်းအဆင့်ကို မြှင့်တင်ခြင်းသာ ဖြစ်သည်။

ထို့ကြောင့် တွန့်ဆုတ်နေစရာ အကြောင်းမရှိတော့ချေ။

ထိုသို့ တွေးတောရင်း သူသည် ထိုနေရာမှ ထွက်ခွာခဲ့ပြီး အိမ်သို့ ပြန်လာခဲ့လေသည်။

မည်သို့ပင်ဆိုစေကာမူ ဓားသိုင်းအဆင့်ကို မြှင့်တင်သည့်အခါ ရွာသူရွာသားများ မမြင်တွေ့စေရန် အိမ်၌ ပြုလုပ်ခြင်းက ပိုကောင်းပေသည်။

အိမ်နောက်ဖေး ခြံဝင်းထဲတွင် ဖြစ်သည်။

ကျန်းဖန် စိတ်အာရုံဖြင့် ညွှန်ကြားလိုက်သည်နှင့် တပြိုင်နက် အလင်းတန်း ဓားသိုင်းကို အဆင့်မြှင့်တင်ရန် အတွက် ကံကောင်းခြင်း အမှတ်များကို သုံးစွဲလိုက်လေသည်။

ဝုန်း…

တစ်ခဏချင်းမှာပင် ဆန်းကြယ်သော စွမ်းအားတစ်ခုသည် သူ၏ ဝိညာဉ်ကို အတုအယောင် နယ်ပယ်တစ်ခု အတွင်းသို့ ဆွဲခေါ်သွားလေသည်။

ထိုနေရာတွင် အလင်းတန်း ဓားသိုင်းကို လေ့ကျင့်နေသော လူရိပ်တစ်ခု ရှိနေသည်။

ထိုလူရိပ်၏ လှုပ်ရှားမှုတိုင်းသည် နှစ်ပေါင်း (၃၀) ကျော်ကြာ လေ့ကျင့်ထားသကဲ့သို့ ယုံကြည်နိုင်စရာ မရှိအောင် နက်နဲဆန်းကြယ်လှသည်။

ဆရာတစ်ဆူအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံပြီးသား အနေအထား ဖြစ်နေသည်။

အကယ်၍ ကျွမ်းကျင်အဆင့် အလင်းတန်း ဓားသိုင်းသည် လှည့်စားတတ်သော ထောင့်ချိုးများမှ တိုက်ခိုက်ခြင်းဖြင့် ရန်သူကို ခုခံကာကွယ်ရန် ခက်ခဲစေသည် ဆိုပါက… ဆရာတစ်ဆူအဆင့်သည် ဓားသိုင်း၏ အနှစ်သာရကို ထိုးထွင်းသိမြင်ထားပြီ ဖြစ်သဖြင့် ငြင်းချက်ထုတ်စရာ မလိုအောင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေပေသည်။

ပေါ့ပါးသော ဓားချက်တိုင်းသည် သမင်ဒရယ်၏ ဦးချိုများကဲ့သို့ ခြေရာလက်ရာ ရှာမရအောင် ဖြစ်နေသည်။

ထို့ပြင် ခွန်အားနှင့် အမြန်နှုန်းသည် နှစ်ဆ တိုးတက်လာပြီး ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အသုံးပြုမှုသည်လည်း ပိုမို ထိရောက်ပြင်းထန်လာသည်။

ဓားသိုင်းကို နှစ်ပေါင်း (၃၀) တိုင်တိုင် ဇောက်ချလေ့ကျင့်ထားသော ဓားသမားတစ်ယောက်ကဲ့သို့ပင်။

ဤအဆင့်သည် သာမန် သိုင်းပညာရှင်များ လက်လှမ်းမီနိုင်သော အဆင့်မဟုတ်ချေ။

ဒေါင်…

နောက်တစ်စက္ကန့်တွင် ထိုလူရိပ်သည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသကဲ့သို့ ကျန်းဖန်၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါသွားပြီး မရေမတွက်နိုင်သော ဓားသိုင်းပညာရပ်များအပေါ် ဉာဏ်အလင်းပွင့်သွားလေသည်။ အတုအယောင် နယ်ပယ်ထဲတွင် ဓားသိုင်းကို နှစ်ပေါင်း (၃၀) ကြာ လေ့ကျင့်ခဲ့ရသကဲ့သို့ပင်။

စိတ်ကူးတစ်ချက်ဖြင့် သူသည် ဟင်းလင်းပြင်လက်စွပ်ထဲမှ ချန်ယင်းဓားကို ချက်ချင်း ထုတ်ယူလိုက်သည်။

လေထုအလယ်တွင် ဓားရိပ်များ ထပ်ဆင့်ပေါ်ထွက်လာပြီး ဓားတစ်ချက် ထိုးလိုက်သည်နှင့် ဓားအလင်းတန်း ကိုးခု ရုတ်တရက် ပေါ်ထွက်လာလေသည်။

ဓားအလင်းတန်း တစ်ခုစီတိုင်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။

အကယ်၍ ထိမှန်ပါက ရန်သူသည် သေချာပေါက် သေဆုံးရမည် ဖြစ်သည်။

အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင်များပင် ရှောင်တိမ်းနိုင်မည် မဟုတ်ဘဲ ချက်ချင်း အသတ်ခံရပေလိမ့်မည်။

"သိပ်ကို စွမ်းအားကြီးတာပဲ"

ကျန်းဖန်သည် ဆရာတစ်ဆူအဆင့် အလင်းတန်း ဓားသိုင်း၏ ကြောက်မက်ဖွယ် ကောင်းပုံကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် ဓားသိုင်းကို နှစ်ပေါင်း (၃၀) ကြာ လေ့ကျင့်ထားသူ တစ်ဦးကဲ့သို့ အလွန် မြင့်မားသော ကျွမ်းကျင်မှုနှင့် စွမ်းအားအဆင့်သို့ ရောက်ရှိနေပြီဟု ယုံကြည်လိုက်သည်။

သူ့ကြွက်သား အစိတ်အပိုင်းတိုင်းသည် ဓားသိုင်းလမ်းကြောင်း အတွက် မွေးဖွားလာသကဲ့သို့ ဖြစ်နေသည်။

ထို့ပြင် မြွေပျံသိုင်းကျမ်းမှ ရရှိထားသော အာရုံခံစားမှု ငါးပါး တိုးတက်လာခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ…

ထိုပေါင်းစပ်မှုသည် မှတ်သားလောက်အောင် အားကောင်းနေပြီး သာမန်ဓားသမားများထက် များစွာ သာလွန်နေတော့သည်။

စစ်မှန်သော အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင် တစ်ယောက်၏ တိုက်ခိုက်မှုကို မမြင်ဖူးသော်လည်း ထိုသူတို့သည် သူ၏ လက်ရှိစွမ်းအားကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ဟု သူ ခံစားမိနေသည်။

ဓားတစ်ချက်တည်းနှင့်ပင် ရန်သူ၏ အသက်ကို အဆုံးသတ်ပေးရန် လုံလောက်နေပြီ ဖြစ်သည်။

သံသယဖြစ်ဖွယ် မရှိသည်မှာ အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင် တစ်ယောက်သည် နဂါးဘုရင်ဂိုဏ်း အတွင်း၌ပင် ထိပ်တန်းကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

ယွင်ဇီခရိုင် တစ်ခုလုံးတွင်ပင် အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင် တစ်ယောက်သည် သိုင်းသင်တန်းကျောင်း ဖွင့်လှစ်နိုင်ပေသည်။

သိုင်းဆရာအချို့၏ အင်အားသည် အရိုးတည်ဆောက်ခြင်း အဆင့်မျှသာ ရှိသော်လည်း ကမ္ဘာအနှံ့မှ တပည့်များစွာကို သင်ကြားပေးရန် လုံလောက်နေသည်။

အကယ်၍ သူသာ အရိုးတည်ဆောက်ခြင်း အဆင့် တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်ပြသလိုက်ပါက မည်သည့်နေရာတွင်မဆို ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် ဆက်ဆံခံရပေလိမ့်မည်။

တစ်နာရီ... နှစ်နာရီ…

ကျန်းဖန်သည် နေဝင်ချိန်အထိ ဆက်လက် ကျင့်ကြံအားထုတ်နေပြီး နေလုံးဝ ဝင်သွားမှသာ ရပ်တန့်လိုက်လေသည်။

ကံကောင်းခြင်း အမှတ်များက သူ့ကို ဆရာတစ်ဆူအဆင့် ဓားသိုင်းအဆင့်သို့ ရောက်ရှိအောင် ကူညီပေးခဲ့သော်လည်း…

ထိုတိုးပွားလာသော စွမ်းအားနှင့် အတွေ့အကြုံများကို အပြည့်အဝ ပေါင်းစပ်နိုင်ရန်၊ မိမိ၏ ကိုယ်ပိုင်စွမ်းအားအစစ်အမှန် ဖြစ်လာစေရန်၊ တစ်သားတည်း ဖြစ်သွားစေရန်အတွက် ပြင်းထန်သော လေ့ကျင့်မှုများ လိုအပ်နေသေးသည်။

တစ်ညနေခင်းလုံး ပြင်းထန်စွာ လေ့ကျင့်ပြီးနောက် အဆုံးတွင် သူသည် အလင်းတန်း ဓားသိုင်းကို ဆရာတစ်ဆူအဆင့် အထိ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လေသည်။

စိတ်ကူးတစ်ချက်ဖြင့် သူ၏ ကိုယ်ခန္ဓာရှိ အတုအယောင် မျက်နှာပြင်ကို ဖွင့်လိုက်သည်။

[အမည် - ကျန်းဖန်]

[ကံဇာတာ - ကောင်းကင်နှင့်အမျှ ကြီးမားသော ကောင်းချီးမင်္ဂလာ (စွမ်းရည် - ကြီးမားသော ဘေးအန္တရာယ်မှ လွတ်မြောက်ပြီးနောက် ကောင်းချီးမင်္ဂလာ ရရှိမည်)]

[သက်တမ်း - ၈၀ နှစ်]

[ကံကောင်းခြင်း အမှတ် - ၂၉၀]

[ကျင့်စဉ် - မြွေပျံသိုင်းကျမ်း (မပြည့်စုံ) ၊ တတိယအဆင့်]

[ကျွမ်းကျင်မှု - ငါးဖမ်းခြင်း (ကျွမ်းကျင်အဆင့်)]

[ရုပ်ဖျက်သိုင်း - ကျွမ်းကျင်အဆင့်] [ချောင်မိသားစု အဆိပ်ကျမ်း - ဆရာတစ်ဆူအဆင့်] [အလင်းတန်း ဓားသိုင်း - ဆရာတစ်ဆူအဆင့်]

[နယ်ပယ် - အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့် (၃၀%)]

ယခုတစ်ကြိမ် အလင်းတန်း ဓားသိုင်းကို အဆင့်မြှင့်တင်ရာတွင် ကံကောင်းခြင်း အမှတ် (၈၀) ကုန်ကျသွားခဲ့သည်။

ယခင်က သူသည် ကံကောင်းခြင်း အမှတ် (၃၀၀) ရရှိထားခဲ့သည်။

ထို့ကြောင့် ယခု သူ့တွင် စုစုပေါင်း ကံကောင်းခြင်း အမှတ် (၂၉၀) ကျန်ရှိနေသေးသည်။

အကယ်၍ နောက်ထပ် အနည်းငယ် ထပ်မံ ရရှိပါက သူသည် အရိုးတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်ပေလိမ့်မည်။

အမှန်တိုင်းပြောရလျှင် သူ၏ တိုးတက်မှုနှုန်းသည် လုံလောက်အောင် မြန်ဆန်နေပြီ ဖြစ်သည်။

သာမန်သိုင်းပညာရှင် တစ်ယောက်အဖို့ ရတနာဆေးဝါးများ၏ အကူအညီ ပါလျှင်တောင်မှ အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့် ဖြစ်လာရန် ဆယ်နှစ်ကျော် ကြာမြင့်နိုင်သည်။

၎င်းသည် သိုင်းပညာရှင်၏ ပါရမီအပေါ်တွင်လည်း မူတည်နေသေးသည်။

ပါရမီမရှိပါက တစ်သက်လုံး အရေပြား သန့်စင်ခြင်း အဆင့်တွင်သာ ရပ်တန့်နေနိုင်သည်။

မည်သို့ပင်ဖြစ်စေ ကျန်းဖန် စိတ်သက်သာရာ ရသွားလေသည်။

ဤသည်မှာ စွမ်းအားက ပေးစွမ်းသော ယုံကြည်မှုနှင့် ခိုင်မာမှုပင် ဖြစ်သည်။

မျက်ခုံးနီ သူပုန်တပ် ထုန်ဟယ်မြို့နယ်သို့ ရောက်ရှိလာခြင်းသည် ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးဖြစ်စေ…

သူ့တွင် မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

အကယ်၍ မျက်ခုံးနီ သူပုန်တပ်က သော်ကရွာကို ဒုက္ခပေးရန် ကြံစည်ပါက သူသည် စုဝေဝေကို ခေါ်ဆောင်ပြီး ဘေးကင်းစွာ ထွက်ပြေးနိုင်မည် ဖြစ်သည်။

အခြေအနေ အလွန် ဆိုးရွားလာပါက အခြားမြို့တစ်မြို့သို့ ပြောင်းရွှေ့နေထိုင်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ငွေစ (၅၀၀) ကျော် ရှိနေသဖြင့် အချိန်ကြာမြင့်စွာ နေထိုင်နိုင်မည် ဖြစ်သည်။

"ယောကျာ်း... လာ ထမင်းစားတော့လေ"

ထိုအချိန်၌ စုဝေဝေ၏ ချိုသာသော အသံလေး အိမ်ထဲမှ ထွက်ပေါ်လာသည်။ သူမသည် ကျန်းဖန်ကို အနည်းငယ် အပြစ်တင်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ခင်ပွန်းသည် သိုင်းကျင့်ရာတွင် အာရုံရောက်လွန်းအားကြီးပြီး ထမင်းစားရန် မေ့နေသည်ဟု သူမ ထင်မှတ်နေပုံ ရသည်။

အဝတ်ကြမ်းများကို ဝတ်ဆင်ထားသော်လည်း သူမ၏ ရင်သပ်ရှုမောဖွယ်ရာ ခန္ဓာကိုယ်အလှကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးကဲ့သို့ သွေးသားဆူဖြိုးလှပနေသည်။

လှုပ်ရှားမှုတိုင်းနှင့် အပြုံးတိုင်းသည် အလွန် ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်များ ထုတ်လွှတ်နေလေသည်။

အထူးသဖြင့် ကျန်းဖန်နှင့် အတူနေပြီးနောက်ပိုင်း သူမ၏ အလှတရား အလားအလာများသည် အပြည့်အဝ ပွင့်လန်းလာသကဲ့သို့ ဖြစ်နေသည်။

အချိန်ကြာလာသည်နှင့်အမျှ သူမသည် ရှေးဟောင်းဒဏ္ဍာရီထဲမှ မိန်းမလှလေး တာကျီကဲ့သို့ ပိုမို ဆွဲဆောင်မှု ရှိလာနေသည်။

စုဝေဝေတွင် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ တစ်ခုခု ရှိရမည်ဟု ကျန်းဖန် တွေးမိလိုက်သည်။ သို့မဟုတ်ပါက ပြောင်းလဲမှုသည် ဤမျှ သိသာထင်ရှားလိမ့်မည် မဟုတ်ချေ။

"ဝေဝေ... မနက်ဖြန်ကစပြီး မင်း ရုပ်ဖျက်ထားဖို့ လိုလိမ့်မယ်"

ကျန်းဖန် စုဝေဝေ၏ ဘေးနားသို့ သွားလိုက်ပြီး မြွေတစ်ကောင်အလား သွယ်လျသော သူမ၏ ခါးလေးကို သိုင်းဖက်လိုက်သည်။

မျက်ခုံးနီ သူပုန်တပ်များသာ စုဝေဝေကို မြင်တွေ့သွားပါက ပြဿနာများ ဖြစ်ပေါ်လာမည်ကို သူ စိုးရိမ်မိသည်။

ပရမ်းပတာ ခေတ်ကာလတွင် အလှပဂေးများသည် ကံဆိုးမိုးမှောင်ကျမှုများနှင့် ဦးစွာ ရင်ဆိုင်ရလေ့ ရှိသည်။

"ရုပ်ဖျက်ရမယ် ဟုတ်လား"

ထိုစကားကို ကြားသော် စုဝေဝေသည် သူမ၏ လှပသော မျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ကျန်းဖန်ကို နားမလည်စွာ ကြည့်လိုက်သည်။

"မင်းက အရမ်း လှလွန်းနေတယ်"

"ဟို မျက်ခုံးနီ သူပုန်တွေသာ မင်းကို တွေ့သွားရင် မင်းကို ဖမ်းခေါ်သွားလိမ့်မယ်"

"ဒါကြောင့် မင်း ရုပ်နည်းနည်းဆိုးအောင်၊ တောသူမလေး ပိုပီသအောင် ပြင်ဆင်ထားဖို့ လိုတယ်"

"ဒါမှ မင်း ဘေးကင်းမှာ"

ကျန်းဖန် ရှင်းပြလိုက်သည်။

သူ၏ ရုပ်ဖျက်သိုင်းသည် ကျွမ်းကျင်အဆင့်သာ ရှိသေးသော်လည်း သာမန်လူများကို လှည့်စားရန်မှာ လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။

ပြုလုပ်ပေးလိုက်သည်နှင့် စုဝေဝေ၏ ရုပ်ရည်သွင်ပြင်ကို လုံးဝ ပြောင်းလဲသွားစေနိုင်သည်။

ဤနည်းအားဖြင့် စုဝေဝေ ဘေးကင်းလုံခြုံမည် ဖြစ်သည်။

သို့မဟုတ်ပါက အလွန်အမင်း လှပသော ရုပ်ရည်သည် ဤခေတ်ကာလတွင် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်သည်။

"ကောင်းပါပြီ"

"ယောကျာ်း ဘာပဲခိုင်းခိုင်း ကျွန်မ လုပ်ပါ့မယ်"

ထိုစကားများကို ကြားရသော် စုဝေဝေ ပျော်ရွှင်သွားပြီး လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ခင်ပွန်းသည်က သူမ၏ အလှကို ချီးကျူးလိုက်ခြင်း ဖြစ်သည် မဟုတ်ပါလော။ သူမ ဆွဲဆောင်မှု ရှိနေသေးကြောင်း သက်သေပြနေသည်။

အမှန်တိုင်းပြောရလျှင် ကျန်းဖန်၏ စွမ်းအားများ ဆက်တိုက် တိုးတက်လာသည်နှင့်အမျှ သူမကို ငြီးငွေ့သွားပြီး စွန့်ပစ်ထားခဲ့မည်ကို သူမ စိုးရိမ်နေခဲ့မိသည်။

ထို့ကြောင့် ညတိုင်း ခင်ပွန်းသည် စိတ်ကျေနပ်စေရန် သူမ အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

"ဒါပေမဲ့ အဲ့ဒါအတွက်က လောလောဆယ်တော့ အလောတကြီး လုပ်စရာ မလိုသေးပါဘူး"

"မနက်ဖြန်ကျမှ လုပ်လို့ရပါတယ်"

ကျန်းဖန် ရှေ့သို့ တိုးသွားပြီး စုဝေဝေကို ပွေ့ချီကာ အိပ်ခန်းထဲသို့ ဝင်ရောက်သွားလေသည်။

ရုတ်ခြည်းပင် ကုတင်လေး လှုပ်ယမ်းသွားပြီး အပူချိန်များ မြင့်တက်လာတော့သည်။

သူတို့၏ စိတ်နှင့် ကိုယ်ခန္ဓာများသည် တစ်သားတည်း ဖြစ်သွားကြ၏။ ပြင်ပမှ စိုးရိမ်ပူပန်မှု အားလုံးကို မေ့လျော့ထားလိုက်ကြသကဲ့သို့ပင်။

ကျန်ရစ်သည်မှာ သူတို့၏ နှလုံးခုန်သံများ ထပ်တူကျနေသည့် အသံသာ ဖြစ်တော့သည်။

…

All Chapters