← Chapters

အစီအစဉ် နှစ်မျိုး၊ ပြင်ဆင်ထားခြင်းနှင့် စွမ်းအားသည် သူရဲကောင်း၏ သတ္တိ။

Vol. 4 Ch. 50

အစီအစဉ် နှစ်မျိုး၊ ပြင်ဆင်ထားခြင်းနှင့် စွမ်းအားသည် သူရဲကောင်း၏ သတ္တိ။

Vol. 4 Ch. 50

"အို... မင်းမိန်းမ ဟုတ်လား"

"ခေါင်းမော့လိုက်စမ်း... ငါကြည့်ရအောင်"

ဖုန်းဝေ၏ မျက်နှာသည် စုဝေဝေအား ပြောဆိုနေချိန်တွင် အေးစက်ခက်ထန်နေ၏။

ထိုစကားကို ကြားသော် စုဝေဝေ ခေါင်းမော့လိုက်ရာ ဝါညိုညို မည်းညစ်ညစ်နှင့် အမဲစက်များ ပြည့်နေသော မျက်နှာတစ်ခု ပေါ်လာလေသည်။

သိသာထင်ရှားစွာပင် ရုပ်ဆိုးသော တောသူမကြီး တစ်ယောက် ဖြစ်နေသည်။

မြင်ရသူအဖို့ ပျို့အန်ချင်စိတ် ပေါက်လာစေနိုင်သည့် ရုပ်ရည်မျိုးပင် ဖြစ်သည်။

"ဖယ်လိုက်စမ်း"

"ဒီရုပ်ဆိုးမကြီးက ဘယ်ကရောက်လာတာလဲကွ... အခုချက်ချင်း ထွက်သွားခိုင်းလိုက်"

ဖုန်းဝေ ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုလိုက်သည်။

သူ၏ သခင် လင်းနို့ဘုရင် ယန်ချင်သည် မိန်းမကိစ္စတွင် အလိုရမ္မက် ကြီးမားသော်လည်း တွေ့ကရာ မိန်းမတိုင်းကို ယူသည်တော့ မဟုတ်ချေ။

အလှပဂေး မဟုတ်ပါက ယန်ချင် မည်သို့ စိတ်ဝင်စားပါမည်နည်း။

အကယ်၍ သူသာ ဤကဲ့သို့ ရုပ်ဆိုးသော တောသူမကြီး တစ်ယောက်ကို ခေါ်သွားပါက သူ့သခင်က သူ့အား အပိုင်းပိုင်း ဆွဲဖြဲပစ်လိမ့်မည် ဖြစ်သည်။

သူ့အပေါ် မကျေနပ်ချက် ရှိနေသည်ဟုပင် ထင်သွားနိုင်သည်။

သေဒဏ်ပေးခံရနိုင်သော ပြစ်မှုတစ်ခု ဖြစ်သွားနိုင်သည်။

"ဒါက..."

ဘေးမှ ကြည့်နေကြသော ရွာသားအများအပြားသည် ဤမြင်ကွင်းကြောင့် အံ့သြသွားကြသည်။

အချိန်အနည်းငယ် အတွင်းမှာပင် စုဝေဝေသည် ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။

ယခင်က လှပသော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုမူ အလွန် အရုပ်ဆိုးသွားခဲ့ချေပြီ။

ဤသည်မှာ ဟိုကောင်လေး ကျန်းဖန်၏ လက်ချက်ပင် ဖြစ်ရပေမည်။

သူ့မိန်းမကိုတောင် ကောင်းကောင်း မကျွေးမွေးနိုင်ဘူး။

ငတ်ပြတ်တာ အချိန်ကြာလာတော့ ဖျားနာပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာ ဖြစ်လောက်မယ်။

သူတို့အားလုံး စုဝေဝေကို သနားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

သို့သော် ထူးဆန်းသည်ဟု မထင်ကြပေ။ သော်ကရွာရှိ အမျိုးသမီး အများစုသည်လည်း ဤကဲ့သို့ ပုံစံများ ဖြစ်နေကြသောကြောင့်ပင်။

ငတ်ပြတ်နေသည်မှာ ကြာပြီဖြစ်ရာ ရုပ်ရည်လှပသူက မည်သည့်နေရာမှ ရှိနိုင်ပါမည်နည်း။

"ဟုတ်ကဲ့ပါ အရှင်"

ကျန်းဖန် ခေါင်းညိတ်လိုက်ပြီး စုဝေဝေ၏ လက်ကိုဆွဲကာ ဘေးသို့ ချက်ချင်း ဖယ်လိုက်သည်။ သူ၏ ပုံစံမှာ တည်ငြိမ်အေးဆေးနေလေသည်။

သူ၏ ရုပ်ဖျက်သိုင်းသည် အမှန်တကယ်ပင် ကောင်းမွန်ပြီး သူတို့ကို အလွယ်တကူ လှည့်စားနိုင်ခဲ့ပုံ ရသည်။

နေ့လယ်ခင်းအချိန် ကုန်ဆုံးသွားလေသည်။

ရွာသားများသည် ငွေကြေးများ ပေးအပ်လိုက်ကြပြီး ငွေကုန်ခံကာ ကပ်ဘေးကို ရှောင်ရှားနိုင်ခဲ့ကြသည်။

သို့သော် သော်ကရွာတွင် ဖုန်းဝေ စိတ်ဝင်စားသော မိန်းကလေး တစ်ယောက်မျှ ပါမလာခဲ့ပေ။ ထိုအချက်က သူ့ကို အလွန် မကျေမနပ် ဖြစ်စေခဲ့သည်။

"ဒါ ဘာရွာစုတ်ကြီးလဲကွာ... မိန်းမလှလေး တစ်ယောက်တောင် မရှိဘူး"

"ဒီရွာက မိန်းမတွေက သခွားသီးပုပ်တွေ၊ စွန်ပလွံသီးခြောက်တွေလို ဖြစ်နေကြတာပဲ"

"ငါ သခင်ကြီးယန်ချင်ကို ဘယ်လို ပြန်တင်ပြရမလဲ"

ဖုန်းဝေ တီးတိုး ရေရွတ်ရင်း ကျိန်ဆဲလိုက်သည်။

ထိုစကားကို ကြားသော် သော်ကရွာမှ အမျိုးသမီးများသည် ဒေါသထွက်ပြီး စိတ်ဆိုးသွားကြသည်။ သူတို့ ရုပ်ဆိုးသည်မှာ မှန်သော်လည်း ဤမျှအထိ ဆဲဆိုခံရရန် မထိုက်တန်ပေ။

သို့သော် သူတို့ကို အပြစ်တင်၍ မရချေ။

ဤခေတ်ကာလမှ အမျိုးသမီးများသည် ကောင်းကောင်းမစားရ၊ နွေးနွေးထွေးထွေး မဝတ်ရသည့်အတွက် ပိန်လှီနေကြသည်။ အသားအရေမှာ ညိုမည်းနေပြီး ရာသီဥတုဒဏ်ကြောင့် အိုစာနေကြ၏။ ကံကြမ္မာကို တွန်းလှန်ရန် အလှပြင်ပစ္စည်းများလည်း မရှိကြချေ။

ရုပ်ဆိုးနေသည်မှာ သဘာဝပင် ဖြစ်သည်။

အလှပဂေး အများစုသည် အထက်တန်းလွှာ မိသားစုများမှ ဆင်းသက်လာကြသည် မဟုတ်ပါလော။

သို့တိုင်အောင် သူတို့ ကံကောင်းသည်ဟု ခံစားနေကြရသည်။ အလိုမရှိခြင်း ခံရသည်ကပင် ကောင်းချီးမင်္ဂလာ တစ်ပါး ဖြစ်နေသောကြောင့်ပင်။

အနည်းဆုံးတော့ သူခိုးဓားပြများ လက်ထဲသို့ ကျရောက်ပြီး ဆိုးဆိုးရွားရွား သေဆုံးရမည့် ဘေးမှ ကင်းဝေးသွားကြသည်။

"သွားကြစို့"

သို့သော် ဖုန်းဝေ ဆက်လက် နေထိုင်ခြင်း မပြုတော့ပေ။ သူ လက်ဝှေ့ယမ်းပြလိုက်ပြိီး မျက်ခုံးနီ သူပုန်တပ်သား တစ်အုပ်ကို အချက်ပြလိုက်ကာ ချက်ချင်း ထွက်ခွာသွားကြတော့သည်။

သခင်ကြီးယန်ချင် လိုချင်သော အမျိုးသမီးများ ဤနေရာတွင် မရှိသဖြင့် အခြားနေရာများသို့ သွားရောက်ရှာဖွေရပေမည်။

ခဏချင်းမှာပင် မျက်ခုံးနီ သူပုန်တပ်သားများသည် သော်ကရွာ အတွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့သည်။

ဤအချက်က တံငါသည် အများအပြားကို သက်ပြင်းချနိုင်စေခဲ့သည်။

ငွေကြေး အမြောက်အမြား ဆုံးရှုံးလိုက်ရသော်လည်း အသက် မဆုံးရှုံးလိုက်ရပေ။

၎င်းသည် ကပ်ဘေးထဲမှ ကောင်းချီးမင်္ဂလာ တစ်ပါးပင် ဖြစ်သည်။

ဒေါင်…

ထိုအချိန်၌ ကျန်းဖန်၏ အသိစိတ်အာရုံ နက်ရှိုင်းသော နေရာမှ သတင်းစကားတစ်ခု ပေါ်ထွက်လာလေသည်။ "နာခံပြီး ငွေပေးချေခဲ့ခြင်း၊ ဇနီးသည် စုဝေဝေကို ရုပ်ဖျက်ထားစေခြင်းတို့ကြောင့် မျက်ခုံးနီ သူပုန်တပ်ခေါင်းဆောင် ဖုန်းဝေသည် သင့်အား အရေးမပါဟု ယူဆခဲ့၏။ သတ်ဖြတ်ခံရမည့် ကပ်ဘေးတစ်ခုကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သည်။ ကံကောင်းခြင်း အမှတ် (၁၂၀) နှင့် နဝမအဆင့် အခွင့်အလမ်း တစ်ခုကို ရရှိသည်။"

ဘာ…

ထိုသတင်းစကားကို အာရုံခံမိလိုက်သော် ကျန်းဖန် ချက်ချင်း ဝမ်းသာသွားလေသည်။ ဤ ကံကောင်းခြင်း အမှတ် (၁၂၀) နှင့်ဆိုလျှင် ယခု သူ့တွင် စုစုပေါင်း (၄၁၀) ရှိနေပြီ ဖြစ်၏။ ကံကောင်းခြင်း အမှတ် (၅၀၀) ရရှိရန် သိပ်မလိုတော့ပေ။

ဆိုလိုသည်မှာ သူသည် မကြာမီ အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင် ဖြစ်လာနိုင်တော့မည် ဖြစ်သည်။

ဤအဖြစ်အပျက်ကို ကြုံတွေ့ပြီးနောက် သိုင်းပညာစွမ်းအား လိုအပ်ချက်သည် ပိုမို အရေးတကြီး ဖြစ်လာခဲ့သည်။

အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့်မျှသာ ရှိသော စွမ်းအားသည် ဤပရမ်းပတာ လောကကြီးအတွက် အလွန် အားနည်းလွန်းနေသေးသည်။

အနည်းဆုံးတော့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့် သိုင်းပညာရှင်၊ သို့မဟုတ် အရှင်သခင် အဆင့်ထိ ရောက်ရှိမှသာ လုံလောက်ပေလိမ့်မည်။

"နောက်ထပ် နဝမအဆင့် အခွင့်အလမ်း တစ်ခု ဟုတ်လား"

ကျန်းဖန် ဖွဖွလေး နှိပ်လိုက်ရာ နောက်ထပ် သတင်းစကားတစ်ခု ပေါ်လာသည်။

"ငါးရက်အကြာ နေ့လယ်ခင်းအချိန်တွင် သော်ကရွာဆိပ်ကမ်းမှ အရှေ့မြောက်ဘက် (၁၃) မိုင် အကွာသို့ သွားရောက်၍ ပိုက်ကွန်ပစ် ငါးဖမ်းပါက နဝမအဆင့် အခွင့်အလမ်းကို ရရှိနိုင်သည်။"

ထိုသတင်းစကားကို အာရုံခံမိလိုက်သော် သူ အတော်လေး ပျော်ရွှင်သွားမိသည်။

ဤနဝမအဆင့် အခွင့်အလမ်းသည် ရတနာငါး ဖြစ်နိုင်ခြေ များသည်။

ရတနာငါး အရေအတွက် များလေ ပိုကောင်းလေပင်။

အဘယ်ကြောင့်ဆိုသော် အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့် သိုင်းပညာရှင် ဖြစ်လာပြီးနောက် သူ၏ အစားအသောက် နှုန်းထားသည် ပိုမို ကြီးမားလာသောကြောင့် ဖြစ်သည်။

အကယ်၍ ရတနာငါး အချို့ကို ရရှိပါက အစားအသောက် စရိတ်ကို များစွာ သက်သာစေနိုင်သည်။

တစ်ချိန်တည်းမှာပင် ရတနာငါးသည် သိုင်းပညာ ကျင့်ကြံမှုအတွက်လည်း များစွာ အကျိုးရှိစေသည်။

"ဟုတ်သားပဲ... ငါ့မှာ အဋ္ဌမအဆင့် အခွင့်အလမ်း တစ်ခု ကျန်သေးတာပဲ"

"ဒါပေမဲ့ နောက်ထပ် သုံးရက်နေမှ ရမှာ"

ကျန်းဖန် အလွန် မျှော်လင့်နေမိသည်။ အကယ်၍ ဤအခွင့်အလမ်း နှစ်ခုလုံးကို ရရှိခဲ့ပါက အရိုးတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ပြဿနာ ရှိတော့မည် မဟုတ်ကြောင်း တွေးမိလိုက်သည်။

ဝှစ်…

မကြာမီအချိန်တွင် ရွာသားများ အိမ်ပြန်သွားကြသည်။

ကျန်းဖန်သည်လည်း စုဝေဝေကို ခေါ်ဆောင်ပြီး အိမ်သို့ ပြန်လာခဲ့လေသည်။

"ယောကျာ်း... စောစောက တကယ်ကို အန္တရာယ်များတာပဲ"

"ကံကောင်းလို့ ယောကျာ်းက ကျွန်မကို ကြိုပြီး ရုပ်ဖျက်ပေးထားလို့... ရုပ်ရည်ကို ပြောင်းလဲပေးထားလို့သာပေါ့"

"မဟုတ်ရင် ကျွန်မ အဲ့ဒီလူယုတ်မာတွေရဲ့ ဖမ်းဆီးတာကို ခံရမှာ သေချာတယ်"

စုဝေဝေ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အကြွင်းအကျန်များ ရှိနေသေးသည်။

သံသယဖြစ်ဖွယ် မရှိသည်မှာ သူမ၏ မူလရုပ်ရည်ကိုသာ ပြသလိုက်ပါက မျက်ခုံးနီ သူပုန်တပ်သားများကို သေချာပေါက် ဆွဲဆောင်မိသွားပေလိမ့်မည်။

သူမ ဖမ်းဆီးခံရပြီး မျက်ခုံးနီ သူပုန်တပ်စခန်းသို့ ခေါ်ဆောင်သွားခြင်း ခံရပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် သူမ၏ ခင်ပွန်းသည် အလွန် သတိကြီးပြီး ထူးခြားသော စွမ်းရည်များ ရှိနေ၍သာ... သို့မဟုတ်ပါက ကပ်ဘေးဆိုက်ရောက်မည်မှာ သေချာသည်။

ဤကဲ့သို့ ပရမ်းပတာ ခေတ်ကာလတွင် သာမန်လူများ ရှင်သန်ရပ်တည်ရန်မှာ အလွန် ခက်ခဲလှသည်။

အနည်းငယ် သတိလက်လွတ် ဖြစ်သွားသည်နှင့် သေဆုံးသွားနိုင်သည်။

တကယ့်ကို အန္တရာယ်များသော လမ်းခရီးပင်။

"မပူပါနဲ့... တကယ်လို့ အဲ့ဒီကောင်တွေ မင်းကို အတင်းဖမ်းဖို့ ကြိုးစားရင်တောင် ကိုယ်က အောင်မြင်ခွင့် ပေးမှာ မဟုတ်ပါဘူး"

ကျန်းဖန်သည် စုဝေဝေကို ပွေ့ဖက်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။

အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်သည်။

သူသည် အစီအစဉ် နှစ်မျိုးကို ကြိုတင် ပြင်ဆင်ထားခဲ့သည်။

အကယ်၍ ရုပ်ဖျက်သိုင်းဖြင့် မျက်ခုံးနီ သူပုန်တပ်သားများကို လှည့်စားနိုင်ပါက အကောင်းဆုံးပင်... ဤကပ်ဘေးကို လွယ်ကူစွာ ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

အကယ်၍ မျက်ခုံးနီ သူပုန်တပ်သားများက စုဝေဝေ၏ လှည့်ကွက်ကို သိရှိသွားပြီး သူမကို မကောင်းကြံရန် ရည်ရွယ်လာပါက…

ထိုအခါ သူသည် ညှာတာနေမည် မဟုတ်ချေ။

အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့် စွမ်းအား၊ ဆရာတစ်ဆူအဆင့် ဓားသိုင်းနှင့် နတ်ဘုရားဓား ချန်ယင်းဓားတို့ကို အသုံးပြု၍ ဤမျက်ခုံးနီ သူပုန်တပ်သားများကို သတ်ဖြတ်ရန်မှာ သူ့အတွက် မခဲယဉ်းလှပေ။

တစ်နည်းအားဖြင့် ပြောရလျှင် ထိုမျက်ခုံးနီ သူပုန်တပ်သားများ ကံကောင်းသွားသည်ဟု ဆိုရမည်။

မဟုတ်ပါက ယနေ့သည် သူတို့၏ သေနေ့ ဖြစ်သွားပေလိမ့်မည်။

သေချာသည်မှာ ထိုသို့ ပြုလုပ်ပြီးပါက သော်ကရွာတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ဘဲ အဝေးသို့ ထွက်ပြေးရပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် အဆိုးရွားဆုံး အခြေအနေသို့ ရောက်မသွားခဲ့ချေ။

"ယောကျာ်း... ကျွန်မကို ချစ်ပေးပါ..."

စုဝေဝေသည် ကျန်းဖန်ကို တပ်မက်စိတ် ပြင်းပြသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမ၏ စိတ်ဝိညာဉ်ကို နှစ်သိမ့်ပေးရန်နှင့် ရင်ထဲမှ မငြိမ်သက်မှုများကို ငြိမ်းအေးစေရန် အတွက် သူမ၏ ယောက်ျားဆီမှ အချစ်ကို ရယူရန် လိုအပ်နေသည်ဟု သူမ ခံစားနေရသည်။

ထိုစကားကို ကြားရသော် ကျန်းဖန်သည် မငြင်းဆန်နိုင်တော့ဘဲ စွဲမက်ဖွယ်ကောင်းသော ဇနီးသည်ကို ခါးမှပွေ့ဖက်၍ မချီလိုက်ပြီး အိပ်ခန်းထဲသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားလေသည်။

မကြာမီ ကုတင်လေး လှုပ်ယမ်းသွားပြီး စောင်များ လှန်လှောကုန်ကြသည်။

အပြင်ဘက်တွင် မြောက်လေများ တဝေါဝေါ တိုက်ခတ်နေပြီး အရိုးခိုက်အောင် အေးစက်နေသော်လည်း... အခန်းတွင်းမှ ပူနွေးသော အငွေ့အသက်များကိုမူ မလွှမ်းမိုးနိုင်ခဲ့ချေ။

…

All Chapters