← Chapters

ဗာဂျရာအဆင့် သိုင်းပညာရှင်

Vol. 1 Ch. 308

ဗာဂျရာအဆင့် သိုင်းပညာရှင်

Vol. 1 Ch. 308

"သတ်ဖြတ်ခြင်း အင်အား စတုတ္ထအဆင့်"

မိန်းမစိုးဝေ့နှင့် အနီးမှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သာမက ရှားနိုင်ငံ၏ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များအပါအဝင် စစ်သည် အားလုံးသည် ဆွံ့အနေကြသည်။ အများစုသည် လေးစားအားကျ၍ မနာလိုသော အရိပ်အယောင်များပါ ရှိနေကြသည်။

တာအို၏ အနှစ်သာရ အင်အားသည် အလွန်ဆန်းကြယ်သော အရာဖြစ်သည်။

တာအိုအင်အားသည် နားလည်ရန် ခက်ခဲပြီး လူဆယ်သန်းမှ တစ်ယောက်လောက်သာ နားလည်ရန် ဖြစ်နိုင်သောကြောင့် နားလည်ခြင်းကပင် ချီးကျူးခံရရန် ထိုက်တန်နေပြီး ဖြစ်သည်။ ထို့ပြင် တာအိုအင်အားများ အဆင့်တက်ရန်မှာ ပို၍ပင် ခက်ခဲသေးသည်။ သို့သော် တာအိုအင်အား အရာတွင် စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်ထက် သာလွန်သွားပါက စွမ်းအားတို့သည် တုန်လှုပ်စရာ ကောင်းလေသည်။

ကောင်းကင် ကြယ်တာရာနယ်မြေ၏ သမိုင်းတွင် တာအိုအင်အား စုစုပေါင်း တစ်ရာကျော်ရှိသည်။ ထိုအထဲတွင် ဆယ်မျိုးမှာ အားအကောင်းဆုံး ဖြစ်သည်။ ဥပမာ ကျန်းပိုင်လီ အရှင်သခင် အင်အားသည် နံပါတ်ခြောက် နေရာတွင်ရှိ၍ ကျန်းရီ၏ သတ်ဖြတ်ခြင်း အင်အားမှာ နံပါတ်သုံး နေရာတွင်ရှိလေသည်။ သတ်ဖြတ်ခြင်းအင်အား မည်မျှ အားကောင်းကြောင်း ခန့်မှန်းကြည့်နိုင် ပါသည်။

သတ်ဖြတ်ခြင်း ဧကရာဇ် သေဆုံးသွားပြီး အချိန်အတော် ကြာသည့်အထိ သတ်ဖြတ်ခြင်း အင်အားအကြောင်းကို သမိုင်းစာအုပ် များထဲတွင်သာ ဖတ်ရှုနိုင်ခဲ့ကြသည်။ လူအများစုမှာ ထိုအကြောင်းအား ဒဏ္ဍာရီ အနေဖြင့်သာ ကြားဖူးကြသည်။ ယခု အခိုက်အတန့်လေးတွေ သတ်ဖြတ်ခြင်းအင်အား မည်မျှ အားကောင်းကြောင်း လူတိုင်း ခံစားမိလိုက်ကြသည်။

သတ်ဖြတ်ခြင်းအင်အား စတုတ္ထအဆင့်သို့ ရောက်လျှင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် များသည်ပင် တိုက်ခိုက်ခြင်းငှာ မစွမ်းသာချေ။

တစ်နည်းအားဖြင့် ဆိုသော် သတ်ဖြတ်ခြင်းအင်အား စတုတ္ထအဆင့်သို့ ရောက်သူသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်တွင် ပြိုင်ဘက်ကင်းသည်။ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် ထိပ်ဆုံး အဆင့်များသည်ပင် သူတို့၏ လက်နက်များကို မမြှောက်နိုင်သလို တိုက်ခိုက်မှုများလည်း မပြုလုပ်နိုင်ရာ ထိုသူကမှ ပြိုင်ဘက်မကင်းလျှင် မည်သူက ပြိုင်ဘက်ကင်းမည်နည်း။

ထို့ပြင် သတ်ဖြတ်ခြင်း အင်အား၏ စတုတ္ထအဆင့်တွင် သက်ရောက်နိုင်သည့် ဧရိယာ အကျယ်အဝန်းမှာ ပို၍ ကျယ်ပြန့်သွားပြီး သုံးကီလိုမီတာ အတွင်းမှ စစ်သည်များအားလုံး မလှုပ်နိုင်ကြပေ။ ကျန်းရီနှင့် မီတာ ရာဂဏန်းခန့်သာ ဝေးသော အားနည်းသည့်သူများ ဆိုလျှင် မတ်တတ်ပင် မရပ်နိုင်ကြတော့ပေ။ သူတို့အားလုံးသည် နဂါးတစ်ကောင်နှင့် တွေ့ပြီး နဂါး၏လွှမ်းမိုးမှု ခံရသော သိုးငယ်လေးများပမာ ဖြစ်နေကြသည်။ သူတို့သည် ထိတ်လန့် ကြောက်ရွံ့မှုနှင့် အကူအညီ ကင်းမဲ့မှုကို ခံစားနေရသည်။

"ဒီမျိုးဆက်ရဲ့ တကယ့် ပါရမီရှင်ပဲ"

မရေမတွက်နိုင်သော လူများသည် စိတ်ထဲတွင် ထိတ်လန့်တကြား ရေရွတ်လိုက်မိကြသည်။ သူတို့သည် ရန်သူများ ဖြစ်ကြသော်လည်း စိတ်ထဲတွင် ကျန်းရီအား အလိုလို လေးစားအားကျ နေကြသည်။ တာအိုအင်အားသည် အဆင့်တက်ရန် အလွန်ခက်ခဲပြီး ကျန်းပိုင်လီ သည်တောင် စတုတ္ထ အဆင့်တွင် ရပ်တန့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကျန်းရီသည် အသက် ငယ်ငယ်လေးနှင့် အဆင့်တက်ခဲ့ပြီး သူ၏တာအို အင်အားမှာလည်း ပို၍ ပြင်းထန်နေသေးသည်။

"ဟူး ... ဟူး"

ရှားနိုင်ငံဘက်မှ စွမ်းအားကြီးသူများသည် ပင့်သက်ရှိုက် လိုက်ကြသည်။ သူတို့သည် အစက မျှော်လင့်ချက် မဲ့နေခဲ့သော်လည်း ယခု မျှော်လင့်ချက် ရေးရေးကို မြင်တွေ့နေရပြီ ဖြစ်သည်။ ကျန်းရီသည် ရုတ်တရက် အင်အားများ ထိုးတက်သွား၍ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်တွင် ပြိုင်ဘက်ကင်းသွားသည်။ ယခုတစ်ကြိမ်တွင် သူတို့ အကယ်ခံရနိုင်၍ ရှားနိုင်ငံလည်း ပျောက်ကွယ်သွားချင်မှ ပျောက်ကွယ်သွားတော့မည်။

"ဟူး"

ရှားနိုင်ငံမှ စွမ်းအားကြီးသူများ၏ မျက်လုံးများသည် ချက်ချင်းပင် နှမြောဝမ်းနည်းသည့် အရိပ်အယောင်များ ပြည့်လာခဲ့သည်။ ကျန်းရိ၏သတ်ဖြတ်ခြင်း အင်အား အဆင့်တက်ခြင်းသည် နောက်ကျလွန်းနေပြီး စုလောရွှယ်နှင့် စုဂိုဏ်းသား အများစုမှာ သေသွားကြပြီဖြစ်သည်။ ကျန်းရီသည် ရှားနိုင်ငံအား ကပ်ဘေးမှ ကူညီကာကွယ်နိုင်သည် ဆိုလျှင်တောင် စုလောရွှယ် သေဆုံးသွားပြီဖြစ်ရာ ရှားနိုင်အား ကူညီပေးပါဦးမည်လော။

သူတို့သည် လျင်လျင်မြန်မြန်ပင် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။ စုလောရွှယ်မသေပါက ကျန်းရိ၏သတ်ဖြတ်ခြင်း အင်အားမှာ အဆင့် မတက်လောက်ပေ။ ကျန်းရီသည် သူမ၏သေဆုံးမှု အတွက် လက်စားချေလို၍သာ သတ်ဖြတ်ခြင်း အင်အားသည် အကန့်အသတ် တစ်ခုသို့ ရောက်သွားခဲ့သည်။ သို့နှင့် သူသည် ဉာဏ်အလင်း ပွင့်သွားကာ သတ်ဖြတ်ခြင်းအင်အား အဆင့်တက်သွားခဲ့ခြင်း ဖြစ်သည်။

"ဝှစ် ... ဝှစ်"

ကျန်းရီသည် စတင် တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။ မီးနဂါးဓားသည် အနီရောင်အလင်းများ တောက်ပလာ၍ မိန်းမစိုးဝေ့၏ လည်ပင်းထက်တွင် လှပသော အနီရောင်မျဉ်း တစ်ကြောင်းကို ရေးဆွဲလိုက်သည်။ တောင်တစ်လုံး၏ ဖိအားကို ထုတ်ဖော်နိုင်သော မိန်းမစိုးဝေ့မှာ ကြက်ပေါက်လေး တစ်ကောင်၏ အင်အားမျှသာရှိသော စာပေသမားလေးပမာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူသည် သူ့လည်ပင်းနှင့် ကိုယ်ခန္ဓာ ဝေးကွာသွားသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။ သူ့ခေါင်းကျဆင်း သွားချိန်တွင် အလုပ်လုပ်နေသော မျက်လုံးများမှ တစ်ဆင့် မီးနဂါးဓား၏ ဓားချက်များကြောင့် အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားသော သူ့ကိုယ်ကြီးကို တွေ့မြင်ခဲ့ရလေသည်။

မိန်းမစိုးဝေ့အား သတ်ဖြတ်ပြီးနောက် ကျန်းရီသည် မီးနဂါးဓားကို ဝှေ့ယမ်း၍ မြေပြင်တွင် ဝပ်နေကြသူများထံ မီးနဂါးနှစ်ကောင်ကို ထုတ်လွှတ်လိုက်သည်။ ထိုခဏတွင် သူတို့သည် မရပ်နိုင်သည့်အပြင် ဦးခေါင်းရှိ ဒွါရခုနစ်ပေါက်မှ သွေးများပါ စီးကျနေလေရာ မည်သို့များ ဓားချက်ကို ခုခံနိုင်ပါဦးမည်နည်း။ သူတို့သည် တစ်ချက်တည်းနှင့် လူအုပ်လိုက်ကြီး အသတ်ခံလိုက် ရသည်။

ကျန်းရီသည် မီးနဂါးဓားအား အရူးတစ်ယောက်ပမာ ဆက်တိုက် ဝှေ့ယမ်းနေခဲ့သည်။ မီးနဂါးများ ပြေးထွက်သွားရာ နေရာတိုင်းတွင် မည်သူမှ မခုခံနိုင်ဘဲ ခွေးကလေး၊ ကြက်ကလေးများပမာ အသတ်ခံနေ ရလေသည်။ တဖျပ်ဖျပ် လွင့်နေသော သွေးနီရောင်ဆံပင်များ၊ သွေးရောင်မျက်လုံး တစ်စုံနှင့် နီရဲနေသည့် ဓားရှည်တို့မှာ လူအပေါင်းအား သူသည် ငရဲမှ တက်လာသော သွေးဆာနေသည့် နတ်ဆိုးတစ်ကောင် ဟူသည့် ခံစားချက်ကို ပေးလေ၏။ သူ၏ အကြည့် တစ်ချက်ဖြင့်ပင် လူအပေါင်း၏ ရင်ထဲတွင် အကြောက်တရားများ မွေးဖွားလာခဲ့သည်။

"အားလုံး ပြီးသွားပြီ"

ကျင်းရှန်နိုင်ငံမှ စစ်သူကြီးအိုကြီး၊ မိုးပြာနဂါး အင်ပါယာမှ စစ်သူကြီးလုံ၊ ရှန်ဝူနိုင်ငံမှ စစ်သူကြီးထိုက်ရှစ်နှင့် အခြား စစ်သူကြီးများသည် ရင်ထဲမှ သက်ပြင်းကိုယ်စီ ချနေကြသည်။ ဤတစ်ကြိမ်သည် နှစ်ပေါင်း တစ်သောင်းအတွင်း အင်အားစုခြောက်ခု ပေါင်းစည်း၍ နိုင်ငံတစ်နိုင်ငံကို ချေမှုန်းသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သို့သော် သူတို့သည် လူငယ်လေး တစ်ဦး၏ တားဆီးခြင်း ခံရသည်။ ထို့ပြင် ထိုလူငယ်လေးမှာ ဆယ့်ခုနစ်နှစ်ပင် မပြည့်သေးသည့် လူငယ်လေးဖြစ်သည်။

သတ်ဖြတ်ခြင်း အင်အားသည် အလွန် အားကောင်းသည်။ ယခု သတ်ဖြတ်ခြင်းအင်အား စတုတ္ထအဆင့်ဖြစ်ရာ သုံးကီလိုမီတာ ပတ်လည်အတွင်းရှိ စစ်သည် တစ်သောင်းကျော်ကို လွှမ်းခြုံနိုင်သည်။ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်များလည်း သူ့အနီးသို့ မကပ်ရဲကြရာ တိုက်ပွဲပြီးသွားပြီဟု ဆိုနိုင်လေသည်။

သူတို့သည် ကျန်းရီကို လျစ်လျူရှု၍ ရှားနိုင်ငံ၏ စစ်တပ်ကို သတ်ဖြတ်ကာ ရှားယွိမြို့အား သိမ်းပိုက်ရန် ရကောင်းရနိုင်သည်။ သို့သော် ပေးဆပ်ရမည့် အရင်းအနှီးမှာ အလွန်များမည် ဖြစ်သည်။ ကျန်းရီသည် ချက်ချင်းနေရာ ရွှေ့ပြောင်းနိုင်၍ လူသတ်နှုန်းသည် အလွန်မြန်ဆန်သည်။ သူသည် မည်သူ့ကိုမှ ကြောက်လန့်ခြင်း မရှိတော့ရာ စိတ်တိုင်းကျ သတ်ဖြတ်နေနိုင်သည်။

အရေးအကြီးဆုံး နောက်တစ်ခုမှာ တိုက်ပွဲဝင် စိတ်ဓာတ်ဖြစ်သည်။

စစ်ပွဲတစ်ပွဲ တိုက်လျှင် တိုက်ပွဲဝင်လိုစိတ်မှာ အလွန်အရေးပါသည်။ ယခုမူ သာမန်စစ်သည်များ မဆိုထားနှင့်၊ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်ရှိ တပ်မှူးရာထူးဖြင့် စစ်သည်များသည်တောင် ကျန်းရီကို မြင်ရုံနှင့် တုန်လှုပ်နေကြသည်။ ဤစစ်ပွဲကို သူတို့ အဘယ်ပုံ အဘယ်နည်းဖြင့် ဆက်တိုက်ရ မည်နည်း။

စိတ်ဝိညာဉ်မျောလွင့် ခရီးသည် သတ္တမအဆင့်၊ အဋ္ဌမအဆင့်နှင့် ထိပ်ဆုံး အဆင့်များတောင် အရဲမစွန့်ရဲကြပေ။ ထိုသူများအားလုံးသည် ပြင်းပြင်းထန်ထန် ကျင့်ကြံပြီး လက်ရှိ ရာထူးများကို ရထားခဲ့ခြင်း ဖြစ်သည်။ မည်သူက အသက်ကိုရင်း၍ ကျန်းရီအား သတ်ရန် ကြံစည်ရဲပါမည်နည်း။

"ဝူး ... ဝူး ... ဝူး"

ထိုက်ရှစ်ကျန်းသည် နောက်ဆုတ်ကြရန် အမိန့်ပေးလိုက်သည်။ ရှားဝူဟွေ့မှာ သေပြီဖြစ်သည်။ မိန်းမစိုးဝေ့နှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သက်တော်စောင့် အချို့လည်း သေသွားလေပြီ။ ရှန်ဝူနိုင်ငံဘက်မှ အကျအဆုံးမှာ အလွန် များပြားနေခဲ့သည်။ စစ်သည်များမှာလည်း သတ္တိများ ပျောက်ဆုံးနေကြပြီ ဖြစ်သည်။ ယခုချက်ချင်း နောက်မဆုတ်ပါက အကုန်လုံး သေသွားပေလိမ့်မည်။

"တပ်ဆုတ်ကြမယ်"

ရှန်မိနိုင်ငံမှ စစ်သေနာပတိချုပ်သည် လက်မြှောက်၍ တပ်ဆုတ်ရန် အမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်သည်။ ကျင်းရှန်နိုင်ငံမှ စစ်သူကြီး အိုကြီးသည်လည်း သက်ပြင်းချကာ အလားတူ အမိန့်ပေးလိုက်သည်။ ကျန်လူများနှင့် မိုးပြာနဂါး အင်ပါယာမှ စစ်သူကြီးလုံသည်လည်း အံကြိတ်၍ နောက်ဆုတ်ရန် အမိန့်ပေးလိုက်ကြသည်။

"ဟူး ... ဟူး"

စစ်တပ်ခြောက်ခုမှ တပ်ဆုတ်ရန် အချက်ပြသံများကို ရှားနိုင်ငံမှ စစ်သည်များ ကြားလိုက်ကြသည်။ သူတို့အားလုံးသည် ဒီရေပြန်ကျသွားသည့် အလား စစ်တပ်များ ဆုတ်ခွာ သွားကြသည်ကို ကြည့်ရင်း အိပ်မက်မက်နေသည့် အလား ခံစားနေကြရသည်။ သူတို့သည် ရန်သူများအား သတ်ဖြတ်နေဆဲ ဖြစ်သော ကျန်းရီအား ကြည့်လိုက်ကြပြီး နားမလည်နိုင်သော မျက်နှာများ ဖြစ်လာကြသည်။

လူတစ်ဦးတည်းသည် စစ်သည်တစ်သန်းအား အမှန်ပင် တားဆီးနိုင်ခဲ့သည်။

သူသည် စစ်သည် သောင်းပေါင်းများစွာကို အလွယ်တကူ သတ်ဖြတ်၍ ပျောက်ကွယ်လုဆဲဆဲ ရှားနိုင်ငံအား ကယ်တင်ခဲ့သည် ကောင်းကင်ကြယ်တာရာ နယ်မြေ၏ သမိုင်းတွင် ထိုသို့ အဖြစ်အပျက်များ ရှိခဲ့သော်လည်း ဝင်တားဆီးကြသူများမှာ ဗာဂျရာထိပ်ဆုံး အဆင့် သိုင်းသမား သို့မဟုတ် ကောင်းကင် ဧကရာဇ်အဆင့် တို့သာ ဖြစ်ကြသည်။ ကျန်းရီသည် တစ်ဖက်စစ်တပ် ခြောက်ခု၏ မျက်လုံးများထဲတွင် သွေးဆာနေသော နတ်ဆိုးတစ်ကောင် ဖြစ်သော်လည်း ရှားနိုင်ငံမှ စစ်သည်များ၏ မျက်လုံးများထဲတွင်မူ ပြိုင်ဘက်ကင်း စစ်နတ်ဘုရင် ဖြစ်လေသည်။

"ဝှစ် ... ဝှစ်"

ရှားနိုင်ငံမှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် နှစ်ယောက်သည် တစ်ခုခုကို သတိရသွားကာ မိန်းမစိုးဝေ့ ချန်ခဲ့သော လက်ဝါးရာ ချိုင့်ကြီးထံ ပြေးထွက်သွားကြသည်။ သူတို့သည် စုလောရွှယ် အမှန်တကယ် သေဆုံးသွားခြင်း ဟုတ်မဟုတ် ကြည့်ချင်ကြသည်။ သူမသာ မသေသေးပါက ရှားနိုင်ငံသည် အမှန်ပင် ကယ်တင်ခံရနိုင်သည်။

"ဘန်း"

ရှေ့မှ ပြေးသွားသူသည် စိတ်လှုပ်ရှားလွန်း၍ ချိုင့်ကြီးထံ တိုက်ရိုက်ခုန်ချသွားရာ ရွှံ့နံရံနှင့် ရိုက်မိသံကြီး ပေါ်ထွက်လာခဲ့သည်။ နောက်မှပြေးသွားသူ၏ မျက်လုံးများထဲ တွင်လည်း အလျင်လိုဟန်များ ရှိနေလေသည်။

သူခုန်ချတော့မည့် ဆဲဆဲတွင် ထူးဆန်းနေသည့် မြင်ကွင်းအား သတိထားမိ လိုက်သောကြောင့် ချက်ချင်း ရပ်တန့်လိုက်သည်။ သူ့တွင် ထိတ်လန့် အံ့အားသင့်ဟန်များ ရှိနေလေသည်။ တစ်ဖက်မှ စစ်တပ်များသည် ပြန်ဆုတ် နေကြခြင်းကို ရပ်တန့်၍ ရှားယွိမြို့ထံ ပြေးလာနေကြသည်။

ဘာများ ဖြစ်နေသနည်း။

ရှားနိုင်ငံမှ စစ်သည်များသည်လည်း ဘေးဒုက္ခမှ လွတ်မြောက်သွား၍ ကျန်းရီ နောက်ဆုံးလက်ကျန် ရန်သူများကို သတ်ဖြတ်ပြီးလျှင် ဝမ်းသားအားရ အောင်ပွဲခံရန် ပြင်ဆင်နေကြသည်။ သူတို့သည် ပြန်လာနေသော စစ်တပ်ကြီးများကို ကြောင်အစွာ စိုက်ကြည့်နေမိကြသည်။

"အမ်"

ကျန်းရီသည်လည်း သတိထားမိသွားကာ မြောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ အနောက်မြောက် အရပ်သို့ အရောက်တွင် သူ့မျက်လုံးများ ရပ်တန့်သွားခဲ့ပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု တွဲခိုလာလေ၏။

ရှားနိုင်ငံမှ စွမ်းအား ကြီးသူများသည် အနောက်မြောက်ဘက် အရပ်သို့ လျင်မြန်စွာ ကြည့်လိုက်ကြပြီး ပင့်သက်များ ရှိုက်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

အနောက်မြောက်ဘက် အရပ်၏ ကောင်းကင်တွင် အနက်ရောင် အစက်လေးတစ်စက် ရှိနေလေသည်။ ထိုအနက်စက်လေးသည် လျင်မြန်စွာ ပျံသန်းလာနေပြီး မျက်တောင် တစ်ခတ်စာအတွင်း တပ်ပေါင်းစုကြီး၏ အနောက်ဘက်သို့ ရောက်ရှိလာသည်။

ထိုသူမှာ ငါးရောင်စပ် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး တောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားသည့် သိုင်းသမားတစ်ဦး ဖြစ်သည်။ ထိုသူ၏ကိုယ်မှ တောင်တစ်လုံးကဲ့သို့ အရှိန်အဝါများ ဖြာထွက်နေသည်။ ဆယ်မိုင်ကျော် ကွာဝေးနေသေး သော်လည်း အောက်မှလူများမှာ ပြင်းထန်လှသော ဖိအားကြောင့် အသက်ရှူပင် ကျပ်လာကြသည်။

ဗာဂျရာအဆင့် သိုင်းပညာရှင် ...

ကောင်းကင်တွင် ပျံသန်းနိုင်ပြီး တပ်ပေါင်းစုကြီးအား ပြန်လှည့်လာအောင် လုပ်နိုင်သောစွမ်းအား ... ဗာဂျရာ အဆင့်များကသာ ထိုသို့လုပ်နိုင်စွမ်း ရှိလေသည်။

***

All Chapters