ကြောက်စရာ ခြိမ်းခြောက်မှု
Vol. 35 Ch. 451
"လန်ရီ အယောက်တစ်ရာဆိုရင်တောင် ငါတို့ရှေ့မှာ ကြီးကြီးကျယ်ကျယ် မပြောရဲဘူး။ မင်းက ဘာကောင် မို့လို့လဲ"
ဓားစံအိမ် သခင်ဟူက လှောင်ပြောင်နေစဥ် ဆန်းကြယ်ဘုရားကျောင်းသခင်များသည် တာအို ဂါထားများ ဖန်တီး၍ ပြေးပေါက်မရှိစေရန် ပိုက်ကွန်ကြီးတစ်ခု ပြင်ဆင်လိုက်ကြသည်။ စံအိမ်သခင် ဆယ်ယောက်သည် ယင်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကာ အသက်ရာချီ နေထိုင်ခဲ့သောကြောင့် ကျန်းရှင်းထက် များစွာ ပို၍ သန်မာ၏။ ဘုရားကျောင်းသခင် အယောက်နှစ်ဆယ်သည်လည်း ယန်နယ်ပယ်များချည်း ဖြစ်သကဲ့သို့ အနက်ရောင်တပ်ရင်း၏ စစ်သည် သောင်းချီက လူတစ်ယောက်တည်းကို တိုက်ခိုက်ရလျှင် အမှုန့်ဖြစ်သွားအောင် သုတ်သင်ရှင်းလင်းနိုင်စွမ်း ရှိသည်။ ဤအင်အားစုသည် အင်မော်တယ်သုံးပါး မျိုးဆက်၏ စစ်မှန်သော အထက်တန်းလွှာများ ဖြစ်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အာဏာကို ဆွဲကိုင်ထားသည်။
"ယွမ်ရှောင်ရဲ့ အပေါင်းအပါတွေ ရောက်မလာနိုင်အောင် တားဆီးပေးထားစမ်း"
စီချင်းသည် ယွမ်ရှောင်ကို အနီရောင်မျက်ဝန်းများဖြင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း အမိန့်ပေးခဲ့၏။ ကျန်းရှင်း အသတ်ခံရလိုက်သည်ကို တာဝန်ယူရမည်ဖြစ်သော အနက်ရောင်တပ်ရင်း စစ်သည်များသည် ဘုရားကျောင်းတစ်ခွင် ကင်းပတ်နေပြီး တာအိုဂါထားများ ထုတ်ဖော်၍ ပတ်ဝန်းကျင်အား စစ်ဆေးနေကြသည်။ ယနေ့ တရားခံသာ လွတ်မြောက်သွားလျှင် အင်မော်တယ် သုံးပါး၏ ဒေါသကို ဖြေရှင်းရန် နည်းလမ်း မရှိတော့ပေ။ ဆန်းကြယ်ဘုရားကျောင်း အကြီးအကဲသည် အဝေးတစ်နေရာမှ ရောက်လာသူ ဖြစ်ပြီး သူမ၏ မိဘများနှင့် အင်မော်တယ်သုံးပါးက မိတ်ဆွေများ ဖြစ်သည်။ သူမသည် ဓားနှင့် ရုန်း နှစ်မျိုး ကျင့်ကြံသူဖြစ်သော်လည်း တိုက်ခိုက်သည်ကို မမြင်ဖူးသောကြောင့် စံအိမ်သခင်များမှာ မျှော်လင့်ထားကြ၏။ ရှေးဟောင်းကျောင်းတော်၏ တပည့်များမှာမူ ခံစားချက်ကင်းမဲ့သော ဤလူစုနှင့် မတူညီဘဲ စိုးရိမ်စိတ်များ ရှိနေကြကာ သိသိသာသာပင် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ယွမ်ရှောင်အတွက် စိုးရိမ်ပေးခြင်းသည် သူတို့၏ စိတ်နှလုံး သန့်စင်နေဆဲဖြစ်ကြောင်း ဆိုလိုသောအခါ တိုက်ခိုက်ပေးရန် လုံလောက်သော အကြောင်းပြချက်ပင်။
စီချင်းနှင့် ရင်ဆိုင်ရမည့် တိုက်ပွဲတွင် ယွမ်ရှောင်၏ မျက်နှာက ခံစားချက် အပြောင်းအလဲ မရှိသော်လည်း စိတ်ထဲတွင် တည်ငြိမ်လေးနက်နေသည်။ လက်တွင် ကိုင်ထားသော ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်၏ ဓားအော်ရာ အလွှာသုံးသန်းသည် တရွှီရွှီ မြည်ဟီးနေပြီး အိပ်မက်ပင်လယ် ကမာနတ်ဆိုး ဓားစက်ကွင်း ဆယ်ခုမှာလည်း အဖြူရောင်အလင်းများ တောက်ပနေကြသည်။
"ဓားစက်ကွင်း ဆယ်ခု ဟုတ်လား။ ပုံရိပ်ယောင်တွေနဲ့ လှည့်စားဖို့ ကြိုးစားနေတာလား"
စီချင်းက စကားပြောနေရင်း အနီရောင်မျက်ဝန်းများ တဖြတ်ဖြတ် လင်းလက်လာ၏။ နဖူးမှ သွေးနီရောင် လင်းနို့တစ်ကောင် ပျံထွက်လာကာ ဘယ်လက်၌ အသက်တံဆိပ်အဖြစ် နားလိုက်သကဲ့သို့ ညာလက်တွင်လည်း အနက်ရောင် သွေးကြောများ ယှက်ဖြာနေသည့် အနီရောင် ဓားဝိညာဥ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းတွင် ဓားအော်ရာ နှစ်သန်း ပိုင်ဆိုင်ထားကာ ပတ်ဝန်းကျင် ချီစွမ်းအားကိုပင် ညစ်ညမ်းသွားစေကာ အသက်ရှူမှားလောက်သော သတ်ဖြတ်နိုင်စွမ်း ပြသနေ၏။
"ဓားဝိညာဉ်ရော အသက်တံဆိပ်ရောက ယန်နယ်ပယ်တွေပါလား"
"သွေးဓားဝိညာဥ်နဲ့ သွေးလင်းနို့ အသက်တံဆိပ် ဒီအမျိုးအစားတွေကို ရှေးဟောင်းအပျက်အစီးနယ်မြေမှာ တစ်ခါမှ မမြင်ဖူးဘူး"
"အရင်တုန်းက ဝတ်ရုံရှည်အောက်မှာ စီချင်း ဒီလောက် လှလိမ့်မယ်လို့ မထင်ထားဘူး"
စံအိမ်သခင်များသည် သူမကို တဏှာခိုးဝေနေသော မျက်လုံးများဖြင့် ငေးကြည့်နေပြီး အလွန်စိတ်ဝင်စားဟန် ဖြစ်နေကြသည်။
"တော်လောက်ပြီ။ သူမက အင်မော်တယ်သုံးပါးနဲ့ ရင်းနှီးတယ်"
သခင်ဟူက ချောင်းတစ်ချက်ဟန့်၍ သတိပေးလိုက်သောအခါတွင်မှ ပါးစပ်များ အလျင်အမြန် ပိတ်သွားကာ တည်ငြိမ်လေးနက်သော အခြေအနေ ပြန်ဖြစ်သွားပြီး တိုက်ပွဲအပေါ် အာရုံစိုက်ခဲ့ကြသည်။ အကြည့်များကသာ သတ်ဖြတ်နိုင်စွမ်း ရှိလျှင် ယွမ်ရှောင်အနေဖြင့် အကြိမ်ရာထောင်မက သေဆုံးပြီး ဖြစ်ပေလိမ့်မည်။
"မင်းရဲ့ အသက်တံဆိပ် ဘယ်မှာလဲ"
စီချင်းက မေးခွန်းထုတ်လိုက်ပြီး ဓားနှင့် ရုန်း ကျင့်ကြံခြင်းတွင် ယွမ်ရှောင်ကို အနိုင်ယူရန် စိတ်အားထက်သန်နေပုံပေါ်သည်။
"မင်းကို သတ်ဖို့ ဓားတစ်လက်တည်းနဲ့ လုံလောက်တယ်"
သို့သော် တစ်ဖက်လူက သူမကို ဓားဖြင့် ချိန်ရွယ်၍ စိန်ခေါ်လာသောအခါ စိတ်မရှည်တော့ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ နောက်ထပ်အချိန်ဆွဲမနေတော့ဘဲ ဓားမြည်သံ ထွက်ပေါ်နေသော သွေးဓားဝိညာဥ်ကို ဓားရှည်အသွင်ပြောင်းလဲကာ ရှေ့တိုးလာခဲ့သည်။
"သွေးအကျဥ်းထောင်ဓားသိုင်း"
သူမ အသုံးပြုနေသော တိုက်ခိုက်ရေး နည်းစနစ်ကြောင့် စံအိမ်သခင်များနှင့် ဘုရားကျောင်းသခင်များသည် အံ့သြတုန်လှုပ်သွားသောကြောင့် မည်မျှအစွမ်းထက်ကြောင်း သိနိုင်သည်။ ဓားချက်တိုင်းတွင် သွေးကြောမျှင်များစွာ ဖြာထွက်လာပြီး ၎င်းတို့ဖြင့် ဖွဲ့စည်းထားသော ဓားအလင်းပိုက်ကွန် တစ်ခု ဖြစ်တည်လာ၏။ သူမ၏ ဓားချက်သည် လောကကို အကျဥ်းချနိုင်သော ငရဲဘုံတစ်ခုပမာ ကြီးမားကျယ်ပြန့်၍ ယွမ်ရှောင်၏ သေကွင်းသေကွက်တိုင်းကို ချိန်ရွယ်ထားသည်။ မိစ္ဆာပညာရပ် ဖြစ်သောကြောင့် သူ့ကို သွေးပင်လယ်တစ်ခုအတွင်း ရောက်သွားသကဲ့သို့ နစ်မွန်းသွားစေကာ မကောင်းဆိုးဝါး အော်သံများကိုလည်း ကြားနေရသည်။ အစွမ်းထက် ဓားချက်က တည်ငြိမ်စွာ အသက်ဝင်လာသောအခါ ဆန်းကြယ်ဘုရားကျောင်း အဖွဲ့ဝင်များ အော်ဟစ်အားပေးနေကြပြီး သူတို့၏ အကြီးအကဲအပေါ် ကိုးကွယ်ယုံကြည်မှု ထင်ဟပ်ပေသည်။ သူတို့၏ အမြင်တွင် ဤဓားချက်အောက်၌ လန်ရီ အယောက်တစ်ရာပင်လျှင် အရှုံးပေးရပေလိမ့်မည်။
တစ်ဖက်တွင် ယွမ်ရှောင်က မုန်တိုင်း မလာခင် ပင်လယ်ကဲ့သို့ တည်ငြိမ်နေပြီး ရန်သူနှင့် ပြိုင်တူ လှုပ်ရှားခဲ့သည်။ သူက ဓားနှလုံးသားငါးခုကို လေပေါ် ပစ်တင်၍ ဓားဖြင့် ဆက်တိုက် ခုတ်ပိုင်းလာသောအခါ နှစ်ပိုင်း ပြတ်တောက်သွားသော်လည်း ထူးဆန်းစွာ ပေါက်ကွဲမှု ဖြစ်မလာခဲ့ပေ။ ထိုအစား စွမ်းအင်စီးကြောင်း ငါးခု ဖြစ်တည်လာကာ ဓားဝိညာဥ်ထံ ဝင်ရောက်၍ ဤဖြစ်စဥ် တလျှောက်လုံး သူ၏ မျက်ဝန်းများတွင် တစ်ဖက်လူ၏ ဓားသိုင်းကြောင့် သွေးနီရောင်သန်းနေသည်။
"အားနည်းသူကို အနိုင်ကျင့်ပြီး လွှမ်းမိုးအုပ်ချုပ်နိုင်ချင်တာနဲ့ မင်းတို့က သာမန်ပြည်သူတွေရဲ့ ဘဝကို ခြယ်လှယ်နိုင်မယ် ထင်နေတာလား။ ဒီလောကကြီးမှာ ထိပ်ဆုံးကို မရောက်သေးရင် တစ်တောင်ထက် မြင့်တဲ့ တောင်ဆိုတာ ရှိစမြဲပဲ။ မတရားမှုကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေး အော်နေရုံနဲ့ ဘာမှ ဖြစ်မလာဘူး။ ကောင်းကင်က ဘယ်လိုစီရင်တတ်တယ်ဆိုတာ မင်းတို့ကို ငါ ပြပေးမယ်"
ယွမ်ရှောင် ကြုံးဝါးလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်သင်္ချိုင်းဓား၏ ဖျက်ဆီးနိုင်စွမ်းက ပိုမိုကြမ်းတမ်းလာပြီး တစ်ဖက်လူ၏ သွေးဓားထက် သာလွန်သွားခဲ့သည်။ သူက စီချင်း၏ ဓားချက်အတိုင်း တစ်ထပ်တည်း တူညီသော ဓားသိုင်းကို အသုံးပြုလိုက်ရာ သွေးနီရောင် ဓားပိုက်ကွန်ထက် ပို၍ ကြီးမားထူထပ်ပြီး ရက်စက်ကြမ်းကြုတ်သော မိုးပြာရောင် ဓားကွန်ရက်ကြီး ဖြစ်တည်လာ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ပုံရိပ်ယောင်အစွမ်းလား"
ထိုအချိန်တွင် အင်မော်တယ်သုံးပါး မျိုးဆက်များသည် မယုံကြည်နိုင်ဟန် အော်ဟစ်လိုက်မိကြသည်။
"မဟုတ်သေးဘူး။ တစ်ခုခု မှားနေတယ်"
သခင်ဟူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားကာ ယွမ်ရှောင်သည် ရန်သူ၏ နည်းစနစ်အတိုင်း ထုတ်ဖော်တိုက်ခိုက်တတ်ကြောင်း အမှတ်ရသွားသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ နယ်ခံတစ်ယောက် မဟုတ်သော စီချင်းကိုယ်တိုင်ပင် မည်သူမျှ မမြင်ဖူးသော ဓားသိုင်း ပုံတူးကူးယူခံလိုက်ရသောအခါ ကိုယ့်ကိုကိုယ် သံသယဖြစ်လာ၏။
ခဏအတွင်း ဓားပိုက်ကွန်နှစ်ခု ထိပ်တိုက် တွေ့ဆုံသွားကာ ဓားအလင်းပေါင်းများစွာ ဖလှယ်လိုက်ကြသည်။ ၎င်းတို့ ပေါက်ကွဲသံများမှာ နားကွဲမတတ် ထွက်ပေါ်လာ၍ အလင်းတန်းများကြောင့် တပည့်များစွာလည်း မျက်စိများ ကျိန်းစပ်ကာ တုန်လှုပ်ကုန်သည်။
"ယွမ်ရှောင်က ဘုရားကျောင်းအကြီးအကဲကို တိုက်ရိုက် ရင်ဆိုင်နိုင်တာလား"
အံ့ဖွယ်အတွေးများ သူတို့၏ ရင်ထဲတွင် ဗလောင်ဆူနေ၏။ လူတိုင်း အသက်ပင်မရှူဘဲ စောင့်ကြည့်နေစဥ် မိုးပြာရောင် ဓားကွန်ရက်သည် ဒေါသထွက်နေသော နဂါးကြီးတစ်ကောင်ပမာ ဖိနှိပ်လာ၍ စီချင်း၏ ဓားကွက် ပျက်စီးသွားရသည်။ သူမသည် ခန္ဓာကိုယ်အား ထိပ်တန်းသံချပ်ကာဖြင့် ကာကွယ်ထားသော်လည်း ထိခိုက်သွားကာ စင်မြင့်အထက်မှ မြေပြင်သို့ ဒလိမ့်ကောက်ကွေး ပြုတ်ကျခဲ့ရ၏။
ယွမ်ရှောင်၏ ဓားဝိညာဉ်က ဓားနှလုံးသားကို တိုက်ရိုက် စုပ်ယူကာ အသုံးချပြီး ရန်သူ၏ ဓားကွက်ကို ပုံတူးကူးနိုင်သည်ဟူသော အချက်ကို သခင်ဟူ သဘောပေါက်သွားသောအခါ ခေါင်းကွဲမတတ် တုန်လှုပ်သွားသည်။ စီချင်းမှာလည်း ဒဏ်ရာရထားသော ညာလက်နှင့် တုန်ရီနေသော သွေးဓားဝိညာဥ်ကို ကြည့်ရင်း လေးနက်စွာ ရေရွတ်လိုက်၏။
"ဓားစက်ကွင်းဆယ်ခုက အစစ်အမှန်ပဲ။ ဒီကောင့်ကို လန်ရီထက်အရင် ရှင်းပစ်သင့်တယ်"
ဤစကားအရ ယွမ်ရှောင်သည် လန်ရီထက်ပင် အင်မော်တယ်သုံးပါး မျိုးဆက်အတွက် ခြိမ်းခြောက်နိုင်စွမ်း ကြီးမားသည်ဟု ဆိုလိုသောအခါ သခင်ဟူ၏ မျက်လုံးများ တရစပ် တုန်ရီနေသည်။
"အနက်ရောင်တပ်ရင်း အမိန့်နာခံစမ်း။ ဒီခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ အစွမ်းကုန် တိုက်ခိုက်ကြ"
သွေးအကျဥ်းထောင် ဓားချက်ကို ပုံတူကူးယူလိုက်သော ယွမ်ရှောင်၏ ခြိမ်းခြောက်နိုင်စွမ်းအရ အင်မော်တယ်သုံးပါး မျိုးဆက်များမှာ ညှင်းပန်းနှိပ်စက်ရန်ပင် မတွေးနိုင်ဘဲ ချက်ချင်း သုတ်သင်ရန်သာ ဗျာများနေကြ၏။
"အမိန့်အတိုင်းပါ"
သောင်းချီသော စစ်သည်များက ပြိုင်တူ ဟိန်းဟောက်၍ ဓားကျင့်ကြံသူများမှာ ဓားဆွဲထုတ်လိုက်သကဲ့သို့ ရုန်းကျင့်ကြံသူများ၏ အသက်တံဆိပ်များလည်း ထွက်ပေါ်လာကြသည်။ သိုင်းကျင့်ကြံသူများက ရှေ့တန်းတွင် နေရာယူထားကြပြီး အနိမ့်ဆုံး ယိုယွင်းမှုနယ်ပယ် ကျင့်ကြံသူအားလုံး ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။ သူတို့အတွက် ယွမ်ရှောင် ထုတ်ဖော်ပြသခဲ့သော စွမ်းအားသည် ခြိမ်းခြောက်နိုင်စွမ်း ကြီးမားလွန်းနေပြီး သတ်ဖြတ်ရန်မှတစ်ပါး အခြားအတွေး မရှိတော့ချေ။အပိုင်း ၄၅၁ - ကြောက်စရာ ခြိမ်းခြောက်မှု

သောင်းချီသော စစ်သည်များက ပြိုင်တူ ဟိန်းဟောက်၍ ဓားကျင့်ကြံသူများမှာ ဓားဆွဲထုတ်လိုက်သကဲ့သို့ ရုန်းကျင့်ကြံသူများ၏ အသက်တံဆိပ်များလည်း ထွက်ပေါ်လာကြသည်။ သိုင်းကျင့်ကြံသူများက ရှေ့တန်းတွင် နေရာယူထားကြပြီး အနိမ့်ဆုံး ယိုယွင်းမှုနယ်ပယ် ကျင့်ကြံသူအားလုံး ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။ သူတို့အတွက် ယွမ်ရှောင် ထုတ်ဖော်ပြသခဲ့သော စွမ်းအားသည် ခြိမ်းခြောက်နိုင်စွမ်း ကြီးမားလွန်းနေပြီး သတ်ဖြတ်ရန်မှတစ်ပါး အခြားအတွေး မရှိတော့ချေ။