← Chapters

နီအန် ရောက်လာခြင်း

Vol. 35 Ch. 461

နီအန် ရောက်လာခြင်း

Vol. 35 Ch. 461

ငွေရောင် မြေခွေးသည် တိမ်များကို ထိုးဖောက်ကာ ကောင်းကင်သို့ အလင်းတန်းပမာ အရှိန်ပြင်းစွာ တိုးဝင်လိုက်သည်။ ပြာလဲ့လဲ့ ကောင်းကင်နောက်ခံတွင် မျောလွင့်နေသော သင်္ဘောထံ နီးကပ်လာပြီး ပေါင်းစပ်ထားသည့် နေ နှင့် လမှာ မျက်စိကျိန်းလောက်အောင်ပင် လင်းလက်နေ၏။ သူ့အနောက်တွင် ရွှေရောင်အလင်းတစ်ခု ကပ်လိုက်လာပြီး မည်မျှ အရှိန်မြန်ပါစေ၊ တစ်ဖက်လူသည်လည်း မြန်ဆန်သောကြောင့် မျက်ခြေဖြတ်မထားနိုင်ခဲ့ပေ။ အကြောင်းအရင်းမှာ ထိုလူသည် ငွေရောင်မြေခွေး၏ ပန်းတိုင်ကို အတိအကျ သိနေပြီး ဆိုးယုတ်စွာ လှောင်ရယ်ရင်း သားကောင်အနောက်မှ လိုက်လာသော မုဆိုးပမာ ဖြစ်နေသည်။ သို့သော် ခဏအကြာတွင် သူ၏ ရယ်သံ တိခနဲ ပြတ်တောက်သွားကာ ပတ်ဝန်းကျင်၌ အဖြူရောင် မြူခိုးများ အလွှာလိုက်ရှိနေကြောင်း မြင်လိုက်ရသည်။

"ပုံရိပ်ယောင်လား။ နီအန်က ငါးစာဖြစ်ပြီး တကယ့်ပစ်မှတ်က နားခိုရာဂိုဏ်းလား"

ကောင်းကင်အင်မော်တယ်က မျက်မှောင်ကြုတ်၍ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ ဤအတွေးကြောင့် သူက ရှေးဟောင်းအပျက်အစီးနယ်မြေနှင့် သွေးမိစ္ဆာနယ်မြေထံ အချက်ပြမှုနှစ်ခု ပစ်ခတ်၍ ငရဲကိုးထပ်ကမ္ဘာထံ ပြန်လည် ဆင်းသက်သွားသဖြင့် နားခိုရာဂိုဏ်းမှာ မည်မျှ အရေးကြီးကြောင်း သိနိုင်သည်။ နီအန်က ရှေးဟောင်းအပျက်အစီးနယ်မြေသို့ လွတ်မြောက်သွားလျှင်ပင် မြေအင်မော်တယ် ရှိသောကြောင့် စိုးရိမ်စရာ မဟုတ်ပေ။

ကျောက်စိမ်းအင်မော်တယ် မျှော်စင် ပတ်လည်၌ လူပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး အရေအတွက်သန်းချီ၍ လမ်းများအထက်တွင် လက်ပင် မမြှောက်နိုင်လောက်အောင် ပြွတ်သိပ်နေ၏။ ထိုအခြေအနေတွင် တာအိုဂါထာတစ်ခုတည်းကပင် မရေမတွက်နိုင်သော သေဆုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။

"ကပ်ဘေးသယ်ဆောင်သူကို သတ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ပါ"

လည်ပင်းများ ဆန့်တန်း၍ လူအုပ်က ကြွေးကြော်နေကြပြီး အဖြူရောင် မီးခိုး တလူလူ ထွက်ပေါ်ကာ လည်ပင်း၌ သွေးကြောများ ဖောင်းကားနေသည်။ ကောင်းကင်မှ မြူခိုးများသည် ဒွါရကိုးပေါက်အတွင်း မြွေများကဲ့သို့ ဝင်ထွက်သွားလာနေကာ ခေါင်းအထက်တွင် ဂူကောင်များဖြင့် ဖွဲ့စည်းထားသော ဧရာမ မြွေပုံရိပ်ကြီးများ ထင်ဟပ်လာ၏။ သို့သော် လူအုပ်က ဂရုမစိုက်အားဘဲ စင်မြင့်တစ်ခုထံ စိုက်ကြည့်နေကာ အဖြူရောင်ဝတ် မိန်းကလေးတစ်ယောက် ချုပ်နှောင်ခံထားရသည်။ ကျိန်ဆဲသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသောကြောင့် လန်ရီ၏ မျက်တောင်များ လှုပ်ခတ်ကာ သတိလစ်နေရာမှ ပြန်လည် နိုးထလာ၍ မျက်ရည်ဝဲနေသည်။

"အင်မော်တယ်မီးတောက်နဲ့ မကောင်းဆိုးဝါးကို ရှို့လိုက်"

ရူးသွပ်နေသော လူအုပ်ကြီးက ဒေါသကြောင့် မျက်လုံးများ နီရဲကာ မျက်ဆံများအတွင်း ဂူကောင်များ လှည့်ပတ်သွားလာနေ၏။ အင်မော်တယ်သုံးပါး၏ မျိုးဆက်တိုင်း ဤနေရာသို့ ရောက်ရှိလာပြီး အရေအတွက် သိန်းချီဖြင့် စင်မြင့်အား စောင့်ကြပ်ခဲ့သည်။ သူတို့ မရပ်နေလျှင် ရူးသွပ်နေသူများက တိုးဝင်လာနိုင်ပြီး စံအိမ်သခင်များ၊ ကောင်းကင်အရာရှိများနှင့် အကြီးအကဲများ ပါဝင်ကာ ယင်နယ်ပယ် ကျင့်ကြံသူများနှင့် အထက် ဖြစ်၏။ အဓိကအင်အားစုသည် စည်းကမ်းထိန်းသိမ်းထားရန်နှင့် ကွပ်မျက်မှုကို မည်သူမျှ မနှောင့်ယှက်နိုင်စေရန် စုရုံးနေခြင်းပင်။ ယွမ်ရှောင်ကို မေးခွန်းထုတ်စရာ ဖြစ်တည်မှုက ဖမ်းဆီးသွားသဖြင့် ကောင်းကင်အပြစ်ဒဏ်ဟု ဦးနှောက်ဆေးနိုင်သော အခွင့်အရေးကြောင့် မတော်တဆမှုများ ဖြစ်လာရန် အကြောင်း မရှိချေ။

မြေအင်မော်တယ်က ဤမြင်ကွင်းကို ဖန်တီးထားခြင်းမှာ ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိပြီး လန်ရီအား လူမြင်ကွင်း၌ ရာဇဝတ်ကောင်အဖြစ် သတ်ဖြတ်ရန် ဖြစ်၏။ စင်မြင့်အထက်တွင် ကောင်းကင်သခင်သုံးယောက်က ကြီးကြပ်နေပြီး ပတ်ပတ်လည်ရှိ အင်မော်တယ်သုံးပါး မျိုးဆက်များသည် ကျေနပ်စွာ ပြုံးနေကြသည်။

"မြေအင်မော်တယ်က မသေမချင်း မီးရှို့သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်ပြီ"

ဤကွပ်မျက်ခြင်းတွင် ကမ္ဘာပေါင်းစုံမှ အဆိပ်ပြင်း မီးတောက်များကို အသုံးပြုကာ အရေပြား၊ ကြွက်သား၊ အကြော၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများ လောင်ကျွမ်းသည်အထိ အပြင်မှ အတွင်းသို့ မီးရှို့ပေလိမ့်မည်။ ၎င်းမှာ ဆယ်ရက်ဆယ်ညတိုင်တိုင် ကြာမြင့်ပြီး လူအုပ်ကြီးသည် ကောင်းကင်ကို သက်သေထား၍ တရားမျှတမှုအတွက်၊ သာမန်ပြည်သူများအတွက် ဟု အသံကောင်းဟစ်နေကြပြန်၏။

"သတ် သတ် သတ်"

သူတို့က မကျေနပ်ချက်အားလုံးကို ထုတ်လွှတ်လိုက်သကဲ့သို့ အစွမ်းကုန် အော်ဟစ်လိုက်ကြစဥ် စင်မြင့်အထက်၌ ငွေရောင်ဝတ်ရုံ ပုံရိပ်တစ်ခု မျောလွင့်နေသည်။ သူ၏ မျက်နှာအထက်တွင် အပြုံးတစ်ခု ရှိနေပြီး အမူအရာ နူးညံ့သိမ်မွေ့ကာ ပန်းချီကားအတွင်းမှ မြင့်မြတ်သော သူတောင်စင်တစ်ယောက်ပမာ ဟန်ဆောင်ထား၏။

မျှော်စင်နှင့် မနီးမဝေး အခန်းတစ်ခုအတွင်း မီးခိုးရောင်ဝတ် ပုံရိပ်တစ်ခုနှင့် အပေါင်းအသင်းများ ပြတင်းပေါက်ဘေးတွင် ရပ်နေကြသည်။ ရှန်ချန်း ဖြစ်ပြီး ယွီချန်၊ ယွမ်တဟဲနှင့် ကာကွယ်သူများလည်း ရှိကာ သွေးများ စွန်းထင်းနေသော်လည်း ကိုယ်ပိုင်သွေး သို့မဟုတ် အခြားသူများ၏ သွေးမှန်း မသိရပေ။

"ငါတို့မှာ အခွင့်အရေးတစ်ခုတည်း ရှိတယ်။ ငါက မြေအင်မော်တယ်ကို ရင်ဆိုင်မယ်။ ကျန်တာ မင်းတို့ တာဝန်ပဲ"

"ကောင်းပြီ"

ရှန်ချန်က ပြောလိုက်သောအခါ ဆံပင်ဖြူများပင် အနီရောင် ပြောင်းလဲနေသည့် ယွီချန်မှ ချက်ချင်း ခေါင်းညိတ်ပြသည်။ ကာကွယ်သူများသည် ကြောက်စိတ် လုံးဝ မရှိဘဲ သေခြင်းတရားကို ရင်ဆိုင်ရန် အသင့်ဖြစ်နေကာ ရှေးဟောင်းကျောင်းတော်မှ ထွက်ပြေးလာရသည့် အကြောင်းအရင်းမှာ လန်ရီကို ကယ်တင်ရန် ဖြစ်၏။ သူမ အသက်ရှင်နေသမျှ ကာလပတ်လုံး ဂူကျင့်ကြံသူများကို တွန်းလှန်ရန် အခွင့်အရေး ကျန်ရစ်ပေလိမ့်မည်။

"ငါက သေရလိမ့်မယ်။ ဒါပေမယ့် မင်းတို့အတွက် လုံလုံလောက်လောက် အချိန်ဆွဲပေးမှာပါ။.ငါတို့ထက် အရေအတွက် သာလွန်တဲ့ ရန်သူတွေကို ရင်ဆိုင်ဖို့ စိတ်ကို ပြင်ဆင်ထား"

ရှန်ချန်က လေးနက်စွာ ပြောလိုက်သောအခါ တစ်ယောက်ချင်းစီသည် သတ္တိကြောင်မနေခဲ့ပေ။

"အဘိုးကြီးချန် အခုအချိန်မှာ သေသေရှင်ရှင် အရေးမကြီးတော့ဘူး။ ငါတို့က အစွမ်းကုန် တိုက်ခိုက်မယ်"

"ဘာကို ကြောက်နေရမှာလဲ"

သူတို့၏ အကြည့်များသည် လန်ရီထံ ပြိုင်တူ ကျရောက်သွားကာ လောကကြီးကို ပြောင်းလဲပေးနိုင်မည့် မျှော်လင့်ချက်ဟု ပြင်းပြစွာ ယုံကြည်ထားသည်။

"မိတ်ဆွေတို့ ဒီနေရာမှာ ငါတို့ သွေးတွေ ခြောက်ကပ်သွားတဲ့အထိ တိုက်ခိုက်ရရင်တောင် နောင်တ မရစေနဲ့"

ရှန်ချန်က အားလုံးကို လေးနက်စွာ အရိုအသေပေး၍ နောက်ဆုံး အမှာစကား ပြောလိုက်သည်။ ကာကွယ်သူများအနက် အများစုမှာ အရိပ်ထဲတွင် အမြဲတမ်းပုန်းအောင်း၍ လန်ရီကို စောင့်ရှောက်ပေးခဲ့သောကြောင့် လူသိမများပေ။ ၎င်းမှာ လက်ရှိအခြေအနေကြောင့် ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုလုံး ပြစ်တင်ရှုတ်ချမည့် လုပ်ရပ် ဖြစ်သော်လည်း အားလုံးမှာ မျှော်လင့်ချက် မီးတောက်ကို စိတ်အားထက်သန်စွာ ဆွဲကိုင်ထား၏။

"နောက်ဘဝမှ တာအိုအကြောင်း ဆွေးနွေးတာပေါ့"

စကားအဆုံးတွင် ရှန်ချန်က မြင်ကွင်းမှ ပျောက်ကွယ်သွားကာ ကောင်းကင်အထက်ရှိ မြေအင်မော်တယ်ထံ မီးခိုးရောင် ကျားပုံရိပ်အဖြစ် ဝင်ရောက်၍ လက်သီးတစ်ချက် ပစ်သွင်းခဲ့သည်။.

ဘုန်း

မိုးကြိုးနှင့် လျှပ်စီးက ဤလက်သီးချက်တွင် စုဝေးပြီး ကျားဟိန်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာသောအခါ မြေအင်မော်တယ်သည် မရေမတွက်နိုင်သော လိပ်ပြာများ ဆင့်ခေါ်၍ ဟန့်တားလိုက်သည်။ ၎င်းက ဘုန်းခနဲ ပေါက်ကွဲသွားသဖြင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသောအခါ အင်မော်တယ်သုံးပါးကို ပြိုင်ဘက်ကင်းအဖြစ် မျက်ကန်းယုံကြည်နေသည့် လူအုပ်မှာ မင်သက်သွားသည်။

"သိုင်းဧကရာဇ် မျိုးနွယ်မှာ ဒီလိုကျင့်ကြံသူတစ်ယောက် ကျန်နေခဲ့တာလား"

မြေအင်မော်တယ်က တိုက်ခိုက်လာသူကို ရုတ်တရက် စိုက်ကြည့်၍ ထူးဆန်းစွာ ပြုံးပြလိုက်၏။ သူက လိပ်ပြာများကို ကောင်းကင်ပြည့်နှက်သွားလောက်အောင် ဆင့်ခေါ်၍ ကျားပုံရိပ်ထံ တိုးဝင်သွားခဲ့သည်။ တစ်ဖက်လူက ချက်ချင်း ရှောင်တိမ်း၍ တိုက်ပွဲကို စင်မြင့်နှင့် ဝေးရာသို့ ဆွဲခေါ်ရန် ကြိုးပမ်းလိုက်၏။

"ငါ နည်းနည်းလောက် ကစားဦးမယ်။ မင်းတို့ အလုပ်စလို့ ရပြီ"

မြေအင်မော်တယ်က အဝေးမှ အချက်ပြလိုက်သောအခါ ကောင်းကင်သခင်သုံးယောက်သည် လန်ရီကို သတ်ဖြတ်ရန် အားကြိုးမာန်တက် စတင်လိုက်ကြသည်။

"အခု လှုပ်ရှားကြစို့"

ကာကွယ်သူများ ပြေးထွက်လာကာနီးတွင် ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခု ရုတ်တရက် ဆင်းသက်လာသဖြင့် ရန်သူများကို အငိုက်မိသွားစေသည်။ ကိုယ်တွင်းသို့ ကြောက်စိတ်များ ဖြစ်ပေါ်လောက်အောင် လုံလောက်သည့် ဟိန်းသံ တစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း ကျောရိုးအထိ အေးစိမ့်သွားကြ၏။ ငွေရောင်သားရဲတစ်ကောင် စင်မြင့်အထက်သို့ ရောက်ရှိလာသောအခါ ချက်ချင်း ပြိုကျ၍ အပျက်အစီးများ လွင့်ထွက်သွားသဖြင့် လူသန်းပေါင်းများစွာ လဲကျသွားသည့်အပြင် တုန်ခါမှုလှိုင်းကြောင့် ကျောက်စိမ်းအင်မော်တယ် မျှော်စင်လည်း ပြိုကျခဲ့သည်။

"ဘာကြီးလဲ"

ဒဏ်ရာကိုယ်စီဖြင့် သွေးများ ပန်းထွက်နေသော လူအုပ်ကြီးသည် ကောင်းကင်သို့ မော့ကြည့်၍ ဟိန်းဟောက်နေသော သားရဲတစ်ကောင်ကို ကြောက်မက်ဖွယ် မြင်လိုက်ရ၏။ မျက်ကန်းယုံကြည်သူများပင် ထိတ်လန့်တုန်လှုပ်နေကာ မြေအင်မော်တယ်အပေါ် ယုံကြည်မှု ခဏတာ လွှမ်းမိုးခံလိုက်ရသည်။ အင်မော်တယ်သုံးပါး မျိုးဆက်များကိုယ်တိုင် မင်သက်တုန်လှုပ်နေကြပြီး ကြောက်လန့်နေစဥ် သားရဲကြီးသည် ကောင်းကင်သခင်သုံးယောက်ကို ပြားချပ်နေအောင် ရိုက်ချပစ်လိုက်၏။

"ပြေးကြ"

"မသေချင်ရင် မြန်မြန် ပြေး"

အင်မော်တယ်သုံးပါး မျိုးဆက်များ အကြောက်လွန်၍ မင်သက်နေသောအခါ တစ်ယောက်ယောက်က အစပြု၍ အော်ဟစ်လိုက်၏။ ထို့ကြောင့် အခြေအနေက ပရမ်းပတာ ဖြစ်သွားသော်လည်း သားရဲကြီးမှာ သတ်ဖြတ်မှုကို ရပ်တန့်မည်ပုံ မပေါ်ချေ။ ငွေရောင် မျက်လုံးတစ်စုံက အေးစက်ပြီး ခံစားချက်မဲ့ကာ အဝါရောင် မျက်လုံးတစ်စုံမှာ ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် လူတိုင်းအပေါ် ဝေ့ကြည့်လိုက်သည်။

"ကောင်းကင်က နီအန် ဆင်းသက်လာရင် သတ္တဝါတိုင်း ဒုက္ခရောက်ကြတယ်"

All Chapters