← Chapters

နီအန်ရဲ့ စားသောက်ပွဲကြီး

Vol. 35 Ch. 462

နီအန်ရဲ့ စားသောက်ပွဲကြီး

Vol. 35 Ch. 462

ပရမ်းပတာ ဖြစ်နေသော အခြေအနေအကြားတွင် လေထုကို ထိုးဖောက်လာသော ဓားတစ်စင်းအလား ကာကွယ်သူများ ရောက်ရှိလာကြသည်။ နီအန်ကြောင့် ပတ်ဝန်းကျင်က ဗြောင်းဆန်သွားပြီး သခင်သုံးယောက် တစ်ချက်တည်း ရိုက်သတ်ခံလိုက်ရခြင်းမှာ အားလုံးကို ကြောက်ဒူးတုန်စေ၏။ လူအုပ်ကြီးက အလန့်တကြား ထွက်ပြေးရင်း တစ်ယောက်နှင့်တစ်ယောက် တိုက်မိ နင်းမိသောကြောင့် ငိုသံများ၊ အော်သံများ ၊ ဆဲဆိုသံများ ညံနေသည်။ ကာကွယ်သူများသည် ၎င်းကို ကြောက်သော်လည်း ရွှေရောင်အခွင့်အရေးတစ်ခု ဖမ်းဆုပ်ခဲ့ပြီး ကွပ်မျက်ရာ စင်မြင့်ထံ ချဥ်းကပ်လာကြသည်။

"ပါးစပ်ပိတ်ထားစမ်း။ ဒါက နတ်ဆိုးအရှိန်အဝါ ထွက်နေတယ်။ နီအန် မဖြစ်နိုင်ဘူး"

"ကာကွယ်သူတွေ ရောက်နေတယ်။ သူတို့ကိုလည်း ပိတ်ဆို့ထား"

ထိတ်လန့်သော်လည်း အရေအတွက်များပြားသော အင်မော်တယ်သုံးပါး မျိုးဆက်များသည် ပြန်လည် စုစည်းကာ ခြိမ်းခြောက်လာသော အရာကို ဖယ်ရှားပစ်ချင်နေသည်။ သူတို့က စိတ်တည်ငြိမ်အောင် ထိန်းသိမ်း၍ အင်အားများ ခွဲထွက်ကာ ကာကွယ်သူများကို ရင်ဆိုင်လိုက်သကဲ့သို့ ကျန်ကျင့်ကြံသူများသည် လက်နက်ကိုယ်စီ ဆင့်ခေါ်ပြီး ငွေရောင်မြေခွေးထံ ချီတက်သွားကြ၏။ အင်မော်တယ်သုံးပါး မျိုးဆက် တစ်သိန်းကျော်က ပြိုင်တူ တိုက်ခိုက်လိုက်ကြပြီး လက်နက်များ မိုးရွာသကဲ့သို့ တဖွဲဖွဲ ကျရောက်လာသည်။ ၎င်းတို့က မျက်စိကျိန်းလောက်အောင် တောက်ပ၍ လေထဲတွင် ပြည့်နှက်နေကာ ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်အစုအဝေးမှာ လူတိုင်း ခံနိုင်ရည် ရှိသော အရာ မဟုတ်ပေ။ လန်ရီမှာ တိုက်ပွဲဗဟိုတွင် ဖမ်းချုပ်ခံထားရသောကြောင့် ယွီချန် စိတ်ပူသွားသော်လည်း ငွေရောင်မြေခွေး၏ ခန္ဓာကိုယ်ကြီးဖြင့် ကာကွယ်ခံထားရသည်။

"အင်မော်တယ်သုံးပါးရဲ့ အစွမ်းအောက်မှာ ဘယ်လိုသားရဲ ဖြစ်ဖြစ် သေရမယ်။ ဒီကောင့်ကို သတ်ပစ်"

ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် လူအုပ်ကြီးသည် ထွက်ပြေးနေရာမှ ရပ်တန့်လိုက်ပြီး ပြန်လှည့်ကာ လက်သီးလက်မောင်းတန်း၍ ကြွေးကြော်ခဲ့သည်။ တိုက်ပွဲကို မြင်ရသောအခါ သူတို့၏ မျက်လုံးများ တောက်ပလာစဥ် လက်နက်ပေါင်းစုံမှာ နီအန် တစ်ဖြစ်လည်း လနတ်သားထံ ထိမှန်သွားပြီ ဖြစ်သည်။

"လန်ရီ"

ငွေရောင် မြေခွေးမျက်လုံးများက စိုက်ကြည့်လာသောအခါ လန်ရီမှာ တစ်ခုခုကို သဘောပေါက်၍ တုန်ရီကာ မယုံကြည်နိုင်ဖြစ်နေသည်။ သူမ ဖမ်းချုပ်ခံထားရသောအခါ ယွမ်ရှောင် ကိုယ်ပွား၏ သတ်ဖြတ်လိုစိတ်က ရုတ်တရက် ပြင်းထန်လာကာ ပါးစပ်ရှေ့တည့်တည့်သို့ အဖြူနှင့် အဝါ မီးတောက်များ ထွေးထုတ်ကာ စွမ်းအင်လုံးကြီး အဖြစ် စုစည်းနေသည်။ ၎င်းက တဝှီဝှီ လည်ပတ်၍ လက်နက်များထံ ထိပ်တိုက်ရင်ဆိုင်လိုက်သောအခါ ဘုန်းခနဲ ပေါက်ကွဲ၍ နောက်ပြန် လွင့်ထွက်သွားစေသည်။

"သတိထားကြ"

"ပြေးဟေ့ ပြေး ပြေး"

ပြင်းထန်လှသော ဖျက်ဆီးအား အရှိန်ကြောင့် မီးလျှံပေါက်ကွဲမှုကြီးသည် မြေပြင်ကိုပင် လှိုင်းထသွားစေ၍ အဆောက်အအုံများ အမှုန့်ဖြစ်ကာ အင်မော်တယ်သုံးပါး မျိုးဆက်များ မရှုမလှ ဖြစ်ကုန်သည်။ မီးတောက်များကြောင့် လောင်ကျွမ်းခံလိုက်ရသကဲ့သို့ ပြန်လွင့်လာသော လက်နက်များ ထိမှန်ခံလိုက်ရသောအခါ ပွဲချင်းပြီး အသက်ပျောက်ကုန်သဖြင့် တယူသန် မောက်မာမှုအစား ကြောက်စိတ် အစားထိုး ဝင်ရောက်လာသည်။ ငွေရောင်မြေခွေးသည် ဒေါသတကြီးဖြင့် သူတို့ထံ ပြေးဝင်လာပြီး ခန္ဓာကိုယ် ကြီးမားသော်လည်း စိတ်ကူးမရနိုင်လောက်အောင် လျင်မြန်ဖြတ်လတ်၏။ လက်သည်းနှင့် အမြှီးများ ဝှေ့ယမ်းလိုက်သောအခါ မြေပြင်ပင် သွေးစွန်း၍ ပါးစပ်ထဲမှ ကိုယ်လက်အင်္ဂါအပြတ်များ ထွက်ကျလာသည်။ လနတ်သားသည် ဤတိုက်ပွဲတွင် နီအန်၏ အသိစိတ်ကို စိတ်တိုင်းကျ ထိန်းချုပ်စေလိုက်သောအခါ နှစ်ပေါင်းများစွာ ငတ်မွတ်နေခဲ့ရသော သားရဲကြီးမှာ စားသောက်ပွဲ ဆင်နွှဲပစ်လိုက်၏။

"ကောင်းလိုက်တာ။ ကောင်းလိုက်တာ။ ငါ့ကို ဗိုက်ပြည့်အောင် စားခွင့်ပေး"

နီအန်သည် လနတ်သား၏ ထိန်းချုပ်မှုအောက်တွင် ဤမျှ ဝဝလင်လင် စားသောက်ရမည်ဟု ထင်မထားပေ။ ၎င်းကို ထိန်းချုပ်သူက ကြင်နာတတ်သူ ဖြစ်နေမည်ကို စိုးရိမ်ခဲ့သော်လည်း လက်ရှိ၌ အင်မော်တယ်သုံးပါး မျိုးဆက်များအား စိတ်တိုင်းကျ စားသောက်ခွင့် ရနေသည်။ ကြွေးကြော်နေသော လူအုပ်ကြီးမှာ ချက်ချင်း အသံတိတ်သွားကာ ကိုးကွယ်နေသော အင်အားစုများ သားရဲရှေ့မှောက်တွင် အစာဖြစ်နေသည်ကို မြင်ရသောအခါ ယုံကြည်မှု ပြိုကွဲကုန်၏။

"မြေအင်မော်တယ် ကယ်တော်မူပါ"

သူတို့သာမကဘဲ တိုက်ပွဲဝင်နေသော အင်မော်တယ်သုံးပါး မျိုးဆက်များပင် ကြောက်စိတ်ကြောင့် သွေးရူးသွေးတန်း အော်ဟစ်လိုက်မိသည်။

"လူခွဲပြီး ထွက်ပြေးကြ။ မြေအင်မော်တယ် ပြန်ရောက်လာရင် ဒီကောင့်ကို ကိုင်တွယ်လိမ့်မယ်"

ကျင့်ကြံသူပေါင်း တစ်သိန်းကျော်က ခိုင်မာသော ဖွဲ့စည်းပုံ ပျက်စီးသွားသောအခါ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည့် ထန်ယီလန်သည် ချက်ချင်း အမိန့်ပေးလိုက်သည်။

"သတိထား"

ထိုအချိန်တွင် သူမနှင့် မျက်နှာချင်းဆိုင် ရှိနေသော ကျင့်ကြံသူများက အလန့်တကြား သတိပေးလိုက်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားကြ၏။ နောက်လှည့်မကြည့်နိုင်ခင်မှာပင် လေတစ်ချက် ဝေ့သွားပြီး သွေးနံ့ပြင်းပြင်း ထွက်ပေါ်လာကာ တဂျွတ်ဂျွတ် ဝါးလိုက်သံနှင့်အတူ ခြေထောက်နှစ်ချောင်းသာ ပြတ်တောက် ကျန်ရစ်ခဲ့သည်။ ဒူးအထက်မှ ခန္ဓာကိုယ်တစ်ခုလုံး မြေခွေး၏ ပါးစပ်အတွင်း တစ်ချက်တည်း ရောက်ရှိသွားကာ ထိတ်လန့်စွာ အော်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာစေ၏။ ဤမြင်ကွင်းကို အနီးကပ် ကြည့်နေရသောအခါ အင်မော်တယ်သုံးပါး မျိုးဆက်များက မြေပြင်ပေါ်သို့ လဲကျကာ မောက်မာမှုများနှင့် ယုံကြည်မှုများ မရှိတော့ပေ။

"ဒေါ်လေး"

သူတို့အကြားတွင် ထန်ချန် အမည်ရသော ပါရမီရှင်တစ်ယောက် ကြောက်စိတ်ကြောင့် တုန်ရီနေပြီး မြင့်မြတ်ဝံ့ကြွားသော အင်မော်တယ်သုံးပါး မျိုးဆက်အနေဖြင့် ရက်စက်စွာ အစားခံလိုက်ရမည်ဟု အိပ်မက်ပင် မမက်ဖူးပေ။

"နီအန်လား နတ်ဆိုးမြေခွေးလား"

သူက ကြောင်တောင်တောင် မျက်လုံးများဖြင့် သားရဲကြီးကို စိုက်ကြည့်နေပြီး ကိုယ့်ကိုကိုယ် ကာကွယ်ရန် လှံတစ်ချောင်း ဆွဲထုတ်နေစဥ် ငွေရောင်အမြှီးတစ်ချောင်း ဝင်ရောက်လာသောကြောင့် နှစ်ပိုင်းပြတ်သွားသည်။ တဘုန်းဘုန်း ပေါက်ကွဲသံများ အကြားတွင် အင်မော်တယ်သုံးပါး မျိုးဆက်များ တရစပ် အသတ်ခံနေရပြီး သန်းပေါင်းများစွာသော လူအုပ်ကြီး ရှိနေသဖြင့် ထွက်ပြေးရန် ပိတ်ဆို့ခံထားရသည်။ လူတစ်ယောက်က ပုရွက်ဆိတ်အုံအတွင်း မြင်လေရာရာ သတ်ဖြတ်နေသကဲ့သို့ မြေခွေးကြီးသည် မည်သူ့ဖြစ်ကြောင်းကိုပင် စစ်ဆေးမနေဘဲ စိတ်ကြိုက်စားသောက်နေ၏။ ယွမ်ရှောင်က လန်ရီကဲ့သို့ ကြင်နာတတ်သူ မဟုတ်သောကြောင့် နီအန်၏ အသိစိတ်ကို သောင်းကျန်းခွင့်ပေးထားကာ လူသားများအပေါ် ကပ်တွယ်နေသည့် ဂူကျင့်ကြံသူများအပေါ် သနားစိတ်တစ်စက်ကလေးပင် မရှိချေ။

"စားမယ် ဝါးမယ်"

ငွေရောင်ပုံရိပ်ကြီးသည် သောင်းချီသော ရန်သူများကို ငရဲရောက်သကဲ့သို့ တုန်လှုပ်စေကာ ထောင်ချီသော ယင်နယ်ပယ် ကျင့်ကြံသူများ ဝိုင်းဝန်းတိုက်ခိုက်ရန် ကြိုးပမ်းသည့်တိုင်အောင် အရေပြား၌ ခြစ်မိရုံသာ ဖြစ်သည်။ နီအန်၏ ထူးခြားသော စွမ်းရည်တစ်ခုသည် အသွေးအသားများကို စားသောက်နေသမျှ ဒဏ်ရာများ ပျောက်ကင်းသွားကာ ပိုမိုရက်စက်ကြမ်းကြုတ်လာခြင်းပင်။

"တောင့်ခံထားကြ။ မကြာခင် မြေအင်မော်တယ် ရောက်လာလိမ့်မယ်"

ကောင်းကင်အရာရှိ ချင်ကျန်းက အခြေအနေကို ထိန်းချုပ်ရန် အော်ဟစ်ညွှန်ကြားနေစဥ် လက်သည်းတစ်ချောင်း ကိုယ်တွင်းသို့ ဖောက်ဝင်၍ မျှော်လင့်ချက်မဲ့စွာ အသက်ပျောက်သွား၏။ ကောင်းကင်ထက်တွင် ရှန်ချန်နှင့် တိုက်ခိုက်နေသော မြေအင်မော်တယ်သည် တစ်ဖက်လူက အချိန်တိုအတွင်း သူ၏ မျိုးဆက်များကို ကြီးကြီးမားမား ထိခိုက်ပျက်စီးစေမည်ဟု ထင်မထားပေ။ ကြောက်လန့်တကြား အော်သံများ ပဲ့တင်ထပ်နေပြီး ပတ်ဝန်းကျင်မှာ ငရဲပြည်အလား ပြောင်းလဲ၍ အင်မော်တယ်သုံးပါး မျိုးဆက် ငါးသောင်းကျော် အပိုင်းပိုင်း ပြတ်တောက်လျက် သေဆုံးခဲ့သည်။ သူတို့က ရှေးဟောင်းအပျက်အစီးနယ်မြေကို ထိန်းချုပ်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းထားသော်လည်း အချိန်တိုအတွင်း နီအန်ကြောင့် ပြဿနာတက်စေသည်။ အသက်ရှင်ကျန်ရစ်သူများမှာလည်း ကြောက်လွန်းသဖြင့် မျက်ရည်များ ကျင်ငယ်များ ထွက်ကျနေကာ အိပ်မက်ဆိုး အလား ခြိမ်းခြောက်ခံနေရ၏။

"လန်ရီကို ထိရင် မင်းတို့အကုန်လုံးကို ငရဲပြည့် ပို့ပေးမယ်"

ငွေရောင်မြေခွေး၏ အမွေးတိုင်း သွေးများ စီးကျနေကာ ပါးစပ်ထဲတွင် ကိုယ်ခန္ဓာအစိတ်အပိုင်းပေါင်းစုံ ပြည့်နှက်နေသည်။ သွားများက အနီရောင် ပြောင်းလဲနေကာ ငွေရောင်နှင့် အဝါရောင် မျက်လုံးများသည် သွေးဆာလောင်မှုဖြင့် တောက်ပနေကြ၏။

"နီအန်က ကြောက်စရာကောင်းလှချည်လား"

ကာကွယ်သူများသည် ဟန့်တားခံရမည်ကို မျှော်လင့်ထားသော်လည်း အစွမ်းထက်လွန်းသော နီအန်ကြောင့် လမ်းကြောင်း ရှင်းလင်းနေသည်။ ကောင်းကင်တွင် ငွေရောင်အလင်းတန်းတစ်ခု အပြေးလာနေသောကြောင့် မြေအင်မော်တယ် ပြန်ရောက်လာပြီဖြစ်ကာ ၎င်းအနေဖြင့် ယှဥ်နိုင်ချင်မှ ယှဥ်နိုင်ပေလိမ့်မည်။

"မင်းတို့က လမ်းကြောင်း ရှင်းထား။ ငါ လန်ရီကို သွားကယ်မယ်"

ယွီချန်က ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ လျင်မြန်စွာ လှုပ်ရှား၍ သွေးစွန်းမြေပြင်အတွင်း ဝင်ပြေးကာ လန်ရီထံ ဦးတည်လိုက်သည်။ ဤလုပ်ရပ်သည် ဦးနှောက်ဆေးခံထားရသော လူအုပ်ကြီးကို ဒေါသထွက်စေပြီး နီအန်အပေါ် ကြောက်စိတ်ကိုပင် ဂူကောင်များက လွှမ်းမိုးရန် ကြိုးစားနေ၏။ မျိုးဆက်အရေအတွက် မည်မျှ အသတ်ခံရပါစေ၊ အင်မော်တယ်သုံးပါး အသက်ရှင်နေလျှင် သူတို့၏ မျက်ကန်းယုံကြည်မှုက ပျောက်ကွယ်သွားမည် မဟုတ်ချေ။

All Chapters