← Chapters

သေရွာပြန်

Vol. 35 Ch. 463

သေရွာပြန်

Vol. 35 Ch. 463

"ယွီချန်က ကပ်ဘေးသယ်ဆောင်သူကို ကယ်ချင်နေတယ်။ အဲ့ဒီစုန်းမကို တားကြ"

လူအုပ်ကြီးက အင်မော်တယ်သုံးပါး မျိုးဆက်များကို အော်ဟစ်သတိပေးလိုက်သော်လည်း မြေခွေးကြီး၏ လက်မှ မနည်းလွတ်အောင် ရုန်းကန်နေရသဖြင့် အရေးမစိုက်တော့ပေ။ ယွီချန်က လန်ရီအနား ရောက်ကာနီးတွင် ကောင်းကင်မှ ငွေရောင်လိပ်ပြာများ ဆင်းသက်လာကာ တံတိုင်းတစ်ခု ဖွဲ့စည်းသွားခဲ့သည်။ သူမက ခြေတစ်လှမ်း နောက်ကျသွား၍ မော့ကြည့်လိုက်ရာ မြေအင်မော်တယ်သည် သံလိုက်အိမ်မြှောင် ရတနာကို ကိုင်ထားပြီး လန်ရီမှာမူ နှောင်ကြိုးများမှ မလွတ်မြောက်နိုင်သေးပေ။

"မြေအင်မော်တယ် ပြန်လာပြီ"

ဤအချက်က အင်မော်တယ်သုံးပါး မျိုးဆက်များကို စိတ်အားထက်သန်စွာ ကြွေးကြော်စေပြီး နီအန်အပေါ် ကြောက်စိတ် ပျောက်ကွယ်စပြုလာ၏။

"မြေအင်မော်တယ်က ကပ်ဘေးကို ဖယ်ရှားပြီး ကျွန်တော်တို့ကို ကယ်တင်ပေးပါ"

"အပြစ်သားကို အမြစ်ပြတ် ချေမှုန်းဖို့ တက်ကျမ်းကို ကျင့်ကြံပြီး ငါ့ကို ကူညီစမ်း"

မြေအင်မော်တယ်က အာဏာစက်ပြင်းပြင်း အမိန့်ပေးလိုက်သောအခါ လူအုပ်ကြီးသည် သေခြင်းတရားကို မကြောက်ဘဲ တင်ပျဥ်ခွေထိုင်ချကာ ကျင့်ကြံလိုက်ကြ၏။ မရေမတွက်နိုင်သော အသက်ဓာတ်များ စီးထွက်သွားကာ လူအများ အိုမင်းရင့်ရော်လာသည်နှင့်အမျှ သူက ပို၍ သန်မာလာသည်။ သူက အောက်သို့ ငုံ့ကြည့်လိုက်မိသောအခါ ကြောက်မက်ဖွယ် အလောင်းများ မြင်လိုက်ရပြီး ရှန်ချန်းကို လိုက်လံဖမ်းဆီးရန် ခဏတာ ထွက်ခွာသွားသော်လည်း နီအန်သည် မျိုးဆက်များကို အထိနာစေခဲ့သည်။ လောဘတကြီး သတ်ဖြတ်စားသောက်နေသော ငွေရောင် မြေခွေးကို မြင်လိုက်ရသောအခါ သူ၏ အဖြူရောင် မျက်ဝန်းများ၌ သတ်ဖြတ်လိုစိတ် ပြင်းထန်စွာ ထွက်ပေါ်လာ၏။

"တိရစ္ဆာန်ကောင်"

မြေအင်မော်တယ် ရောက်ရှိလာခြင်းက လူအုပ်ကြီးကို အားတက်သွားစေသော်လည်း မြေခွေးမှာ ဆက်လက် သတ်ဖြတ်နေဆဲပင်။ အချိန်တိုင်း သူ၏ မျိုးဆက်များ သတ်ဖြတ်ခံနေရပြီး စိန်ခေါ်လိုက်သည့်အလား ဖြစ်သည်။ ရှေ့တည့်တည့်တွင် သူ၏ မျိုးဆက်များကို ဝါးမျိုစားသောက်၍ ပြန်ရောက်လာသည့်တိုင် အရေးမပါကြောင်း ပြသပေးနေသည်။

"ရပ်လိုက်စမ်း"

မြေအင်မော်တယ်၏ မျက်လုံးမှ ငွေရောင်မီးတောက်များ ပေါက်ကွဲထွက်လာကာ သံလိုက်အိမ်မြှောင်ဖြင့် လန်ရီကို စတင် မီးရှို့လိုက်သည်။

"မြေအင်မော်တယ်က ကပ်ဘေးသယ်ဆောင်သူကို မီးရှို့နေပြီ။ ကပ်ဘေး ပြီးဆုံးသွားပြီ"

ရှေးဟောင်းအပျက်အစီးနယ်မြေ၏ လူသားများက စိတ်အေးစွာ အော်ဟစ်အားပေးလိုက်ကြပြီး မီးတောက်များအကြားတွင် လန်ရီသည် အံကြိတ်ကာ နာကျင်မှုကို တောင့်ခံနေသည်။ ဆံပင်ရှည်များနှင့် အရေပြားသည် ပြင်းထန်သော အပူဓာတ်ကြောင့် မည်းနက်ကာ မည်မျှ နာကျင်သည်ဖြစ်စေ၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အသံတစ်ချက်ပင် မထွက်ခဲ့ပေ။

"နီအန် မင်းက ဒီမိန်းကလေးကို ကယ်တင်ချင်တာ ငါ သိတယ်။ ဒါက နောက်ဆုံး သတိပေးတာပဲ။ ရပ်လိုက်"

မြေအင်မော်တယ်က ကြောက်လန့်နေသောကြောင့် လန်ရီဖြင့် အကျပ်ကိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကာ ငွေရောင်မြေခွေးနှင့် တိုက်ရိုက် ရင်မဆိုင်ခဲ့ပေ။

"ဒါက ငါ့ကိစ္စ မဟုတ်ဘူး။ ငါ လုပ်ရမှာက ဒီပိုးကောင်တွေကို စားသောက်ဖို့ပဲ"

တစ်ကိုယ်လုံး သွေးများ စိုရွှဲနေသော မြေခွေးက အေးစက်စက် မော့ကြည့်လာကာ လှောင်ပြောင်လိုက်သဖြင့် သူ့ကို ရှုပ်ထွေးသွားစေသည်။

"ဒါဆိုရင်လည်း အဆုံးသတ်လိုက်တာပေါ့"

နောက်ထပ် ရန်သူများ မရှိနိုင်ဟု ယုံကြည်ထားသော မြေအင်မော်တယ်က လန်ရီကို အဆုံးသတ်ရန် ကြေညာလိုက်သောအခါ ကာကွယ်သူများ ဒေါသတကြီး ပြေးထွက်လာကြ၏။ လန်ရီကို မီးတောက်က လောင်ကျွမ်းနေသော်လည်း ယွမ်ရှောင် ပျောက်ကွယ်သွားခြင်းလောက် နာကျင်ခြင်း မရှိပေ။

"အစ်ကိုကြီး ဖြစ်နိုင်ရင် နောက်ဘဝမှာ ဆုံကြတာပေါ့"

သူမသည် ထမ်းဆောင်ရမည့် တာဝန်၏ ဖိအားကို နားလည်ပြီး သတ္တဝါများကို ကယ်တင်မည်ဟု ယုံကြည်ချက် ရှိသော်လည်း ယွမ်ရှောင်ကို အမည်မသိ ဖြစ်တည်မှုတစ်ခု ဖမ်းဆီးသတ်ဖြတ်သွားသောအခါ ပထမဆုံးအကြိမ် စိတ်ဓာတ် ကျနေမိသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေမှ လူသားများက သူမ၏ သနားကရုဏာနှင့် ထိုက်တန်ပုံ မရသဖြင့် နက်ရှိုင်းစွာ ဝမ်းနည်းပူဆွေးလာ၏။

"ကံကြမ္မာက မင်းကို စေလွှတ်လိုက်ရင်တောင် ဒီနယ်မြေက ငါတို့အပိုင်ဆိုတာ ပြောင်းလဲ မသွားဘူး။ နားလည်လား ဟား ဟား။ နီအန်က မင်းကို ကယ်တင်မှာ မဟုတ်ဘူး"

မြေအင်မော်တယ်က ရယ်မော၍ လန်ရီအပေါ်ရှိ မီးတောက်ပမာဏကို ထပ်မံ တိုးမြှင့်ကာ စိတ်ကူးမရနိုင်လောက်အောင် နာကျင်စေသည်။ သူက ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားနေခြင်း ဖြစ်သော်လည်း နီအန်ကို လွှတ်ပေးထားသဖြင့် ကိုယ်ပိုင်မျိုးဆက်များကိုပင် ဂရုမစိုက်ကြောင်း သိသာ၏။ မီးတောက် ရောင်စုံ ထွက်ပေါ်လာ၍ ဝါးမျိုသွားသော အခိုက်အတန့်တွင် လန်ရီ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာကာ အမှောင်မိုက်ဆုံး အချိန်၌ အလင်းရောင် မြင်လိုက်ရသကဲ့သို့ ပြုံးလိုက်သည်။ သူမ၏ ယုံကြည်ချက် ပြန်လည် ဖြစ်ပေါ်လာကာ တိုက်ပွဲဝင်လိုစိတ်ကို ခံစားမိသောကြောင့် မြေအင်မော်တယ် မသိစိတ်အရ ကျောစိမ့်သွားမိ၏။

ကောင်းကင်ရှိ ဟင်းလင်းပြင် ကွဲထွက်လာကာ ဟောင်းလောင်းပေါက် ဖြစ်နေသော ပါးစပ်ကြီး တိုးထွက်လာကာ ၎င်းအတွင်းမှ လူငယ်တစ်ယောက် ဓားပျံ စီးနင်း၍ ထွက်ပေါ်လာသည်။

"ယွမ်ရှောင်"

မြေအင်မော်တယ် အပါအဝင် လူတိုင်း ထိုနာမည်ကို ရေရွတ်လိုက်မိပြီး ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ တစ်ဖက်လူမှာ သေသွားရမည့်အစား အထိအခိုက်မရှိဘဲ တက်ကြွနေသည့်အပြင် တိုက်ခိုက်ရန် စိတ်ဓာတ် ပြင်းပြနေသောကြောင့် မြေအင်မော်တယ်က မျက်မှောင်ကြုတ်နေသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ ဓားပျံအနောက်တွင် ကြိုးဖြင့်ဆွဲထားသော ခေါင်းငါးလုံး ဖြစ်ကာ ၎င်း၏ ပုံရိပ်သည် ဓားဝိညာဥ်အတွင်း ဖိနှိပ်ခံထားရပုံပေါ်သည်။ သို့သော် အင်အား လျော့နည်းမသွားသောကြောင့် ကောင်းကင်ရှိ နေနှင့်လကို တုန်ခါစေကာ မြေအင်မော်တယ်ထံ စီးဝင်နေသည့် အသက်ဓာတ်များမှာ ဓားဝိညာဥ်ထံ ပြောင်းလဲရောက်ရှိသွား၏။ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ လူသားများကို ကျင့်ကြံမှုကို ရပ်တန့်၍ မျက်လုံးအပြူးသားနှင့် ကောင်းကင်သို့ စိုက်ကြည့်နေကာ အင်မော်တယ်သုံးပါး မျိုးဆက်များလည်း ပါဝင်သည်။

"ဒါက ဘာကြီးလဲ"

ဤအကြံကို ရာစုနှစ်ချီ စီစဥ်လာသော မြေအင်မော်တယ်မှာ စိတ်ရှုပ်ထွေးကာ ဓားဝိညာဥ်ရှိ ခေါင်းငါးလုံး ပုံရိပ်အား မေးခွန်းထုတ်လိုက်၏။ ထိုအချိန်တွင် မြေခွေး၏ စကားကို ပြန်လည် အမှတ်ရသွားကာ သူ့ကို ရင်ဆိုင်ရန် ရည်ရွယ်ထားသူမှာ ယွမ်ရှောင် ဖြစ်ကြောင်း နားလည်လာခဲ့သည်။

"ကောင်းကင် အပြစ်ဒဏ် ယိုယွင်းမှု။ မင်းရဲ့ အဆုံးသတ်ကို ပို့ပေးလိုက်မယ်"

ယွမ်ရှောင်၏ မျက်လုံး၌ ဒေါသမီးတောက် လောင်ကျွမ်းနေကာ လန်ရီကို တစ်ချက်ကြည့်၍ ရှည်ရှည်ဝေးဝေး ပြောမနေဘဲ ရန်သူထံ ဓားချက် ပစ်သွင်းလိုက်၏။

"ငါ့ကို သတ်ချင်တာလား။ ရယ်စရာကောင်းလိုက်တာ"

မြေအင်မော်တယ်က လျင်မြန်စွာ လှုပ်ရှား၍ လန်ရီကို အကာအကွယ် အဖြစ် ရှေ့တည့်တည့်သို့ ဆွဲယူထားခဲ့သည်။ တစ်ဖက်လူ၏ ဓားအထက်မှ စွမ်းအားသည် ကိုယ်ပိုင် မဟုတ်ဘဲ တစ်ကြိမ်သာ အသုံးပြုနိုင်ကြောင်း သူက ကောက်ချက်ချထားသည်။

"အရူးကောင် မင်းက တကယ့် ယိုယွင်းမှုက ဘာလဲဆိုတာတောင် မသိဘူး"

ယွမ်ရှောင်က အေးစက်စက် ပြောလိုက်ပြီး ခေါင်းငါးလုံး ပုံရိပ်သည် ဓားဝိညာဥ်မှ ခွဲထွက်လာသောကြောင့် မြေအင်မော်တယ်၏ မျက်လုံးများ အဆမတန် ပြူးကျယ်သွားသည်။ ဧရာမ ခေါင်းငါးလုံး သတ္တဝါကြီးသည် သူ၏ မြင်ကွင်းအတွင်း ပိုမိုကြီးမားလာကာ မျက်လုံးငါးစုံ၏ ပစ်မှတ်ထားသော အကြည့်နှင့် ရင်ဆိုင်လိုက်ရ၏။ ၎င်းသည် ကောင်းကင်တွင် ပျံသန်းရင်း သွေးနီရောင် ဧရာမလက်ကြီးတစ်ဖက် ဆန့်ထုတ်၍ သူ့ကို ဖမ်းချုပ်ရန် နီးကပ်လာသောအခါ လန်ရီဖြင့် အကျပ်ကိုင်ခြင်းလည်း အသုံးမဝင်ချေ။

"လွှတ်စမ်း လွှတ်စမ်း"

သန်းချီသော လူသားများ မျက်လုံးကျွတ်ကျလုမတတ် အံ့သြနေစဥ် မြေအင်မော်တယ်သည် မူလ၌ တည်ငြိမ်ဟန်ဆောင်ထားသော်လည်း သွေးနီရောင်လက်အတွင်း ဖြည်းဖြည်းချင်း ထိတ်လန့်စပြုလာ၏။ မျက်ကန်းယုံကြည်သူများ နတ်ဘုရားပမာ ကိုးကွယ်သော ဂူကျင့်ကြံသူက ထိုလက်ကြီးအတွင်း ပိုးကောင်ပမာ မျှော်လင့်ချက်မဲ့စွာ ရုန်းကန်နေသည်။

"ဘိုးဘေး"

အင်မော်တယ်သုံးပါး မျိုးဆက်များက ဒူးထောက်ကျသွား၍ ယုံကြည်မှု ပျက်ပြားကုန်သည်။

"မင်းတို့ ဂူကျင့်ကြံသူသုံးယောက်က ဒီနယ်မြေကို အဆိပ်ခတ်ဖို့ ကြိုးစားခဲ့တယ်။ တစ်တောင်ထက် မြင့်တဲ့ တောင်ဆိုတာ ရှိစမြဲ။ တရားမျှတမှုကို အရူးလုပ်ပြီး တာအိုကို ကျင့်ကြံချင်တာလား။ အိပ်မက်မက်နေလိုက်"

ယွမ်ရှောင်၏ စကားလုံးများက မြေအင်မော်တယ်ကို အမှန်တကယ် အကြောက်လွန်သွားစေသည်။

"မဟုတ်ဘူး"

သူက သွေးရူးသွေးတန်း ရုန်းကန်နေသော်လည်း သားရဲလက်ကြီးသည် ပိုမို တင်းကျပ်လာကာ နောက်ဆုံးတွင် တစ်ချက် ညှစ်လိုက်သောအခါ အသွေးအသားများ လက်ချောင်းအကြားမှ စီးထွက်လာ၏။ လက်ဝါး ဖွင့်လိုက်သောအခါ အကြွင်းအကျန် ဝိညာဥ်က ငွေရောင်လိပ်ပြာများ အဖြစ် ခွဲထွက်၍ ထွက်ပြေးချင်ခဲ့သည်။.

"ဘယ်ပြေးမလို့လဲ"

"အား။ ငါ့အကြံက ဒီလို မဖြစ်ရဘူး။ မဟုတ်ဘူး"

သို့သော် ယွမ်ရှောင်၏ ဓားပျံက ချက်ချင်း ရောက်ရှိလာကာ လိပ်ပြာများကို သုတ်သင်ခဲ့သဖြင့် အော်သံနက်ကြီး ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခွင် ပဲ့တင်ထပ်သွားသည်။ သန်းချီသော လူသားများသည် ပါးစပ်အဟောင်းသား ဖြစ်ကာ မင်သက်နေပြီး အရာရာ ရပ်တန့်သွားစဥ် ငွေရောင်မြေခွေးကမူ အင်မော်တယ်သုံးပါး မျိုးဆက်များကို ဆက်တိုက် မိုက်ဇာတ်သိမ်းပေးခဲ့လေသည်။

All Chapters