← Chapters

အခန်း (၇၃)

Vol. 8 Ch. 73

အခန်း (၇၃)

Vol. 8 Ch. 73

ယင်ရိလျိုတစ်ယောက် ဝံပုလွေလေး၏ နူးညံ့သော သားမွှေးပေါ်တွင် အသိုက်ဖွဲ့ပြီး နေပူဆာလုံနေခဲ့လေ၏။

ယမန်နေ့ညကဖြစ်ပျက်ခဲ့သည့် ကိစ္စများ ပြီးနောက် သူမနှင့် ဝံပုလွေလေးသည်ကား ‘ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို အတူတကွဖြတ်ကျော်ခဲ့သည့် သူငယ်ချင်းများ’ ဟု ခံစားခဲ့ရသည်။

ထို့အပြင် ဝံပုလွေလေးက သူမ၏အကြီးမားဆုံး လျှို့ဝှက်ချက်ကိုပင် ရှာတွေ့သွားခဲ့သည်။

ထို့ကြောင့် သူမက စိတ်မရှည်တတ်သည့်သားပေါက်ပေါ်တွင် ရုတ်တရက်ဆန်စွာ တွယ်ကပ်နေခဲ့ကာ ၎င်း၏နူးညံ့သည့် သားမွှေးထူထူပေါ်တွင် သက်တောင့်သက်သာဖြစ်စွာ လဲလျောင်းနေခြင်းဖြစ်၏။

ကျင်းယန်ပင်လျှင် ပစ်ထားခြင်းခံရလေသည်။

မနေ့ညက ဖြစ်ရပ်များကို ဖြတ်ကျော်ပြီးနောက်တွင် ယင်ရိလျိုအနေဖြင့် မူရင်းဝတ္ထုထဲမှ သူမ မှတ်မိနိုင်လောကာသည့် ဇာတ်ကြောင်းတစ်ခုလုံးကို ပြန်တွေးကာ ပုံဖော်ကြည့်ခဲ့သော်ငြား မည်သည်က ပျက်ကပ်အား ဖြစ်စေခဲ့သည်ကို မသိရသေးချေ။

အဆုံးတွင်တော့ မတတ်နိုင်စွာဖြင့် ဝတ္ထုကို open-ended ချန်ထားခြင်းအားဖြင့် တာဝန်မဲ့စွပြုမူခဲ့သည့်အတွက် စာရေးဆရာကိုသာ ကျိန်ဆဲခဲ့မိသည်။

စာရေးသူက ပျက်ကပ်၏ဖြစ်ပွားမှုကိုအစကိုပင် မဖော်ပြခဲ့ချေ။

သူမ ယနေ့တစ်နေ့လုံး မည်သည့်အရာကိုမှ စိတ်မဝင်စားနိုင်ဖြစ်နေကာ ဝံပုလွေလေး၏နောက်ကျောပေါ်တွင် လှဲ၍ ဘဝအကြောင်း စဥ်းစားနေခဲ့သည်။

သို့သော်လည်း ကျင်းယန်နှင့် လျိုမန်ကြားမှ စကားဝိုင်းက ယင်ရိလျို အရာအားလုံးကို ကြားနိုင်လောက်သည်အထိ ကျယ်လောင်ပေသည်။

သူမ၏ခေါင်းကို လျှို့ဝှက်စွာငြိမ့်ကာ ဝတ္ထုထဲတွင် ရေးသားသည်နှင့် မကွာခြားသည့် သန္ဓေပြောင်းတိရစ္ဆာန်များ၏ သတ်မှတ်ချက်များကို စဥ်းစားနေခဲ့သည်။

ထို့နောက်တွင် ကျင်းယန်က ရုတ်တတရက် တိရစ္ဆာန်များ၏ လူသားများအဖြစ် အသွင်ပြောင်းနိုင်မှုအကြောင်းကို သာမန်ကာလျှံကာဖြင့် မေးနေသည်ကို ကြားလိုက်ရသည်။

သူမ၏နှလုံးသားက ရုတ်တရာ် ခုန်ပေါက်သွားခဲ့၏။

ကျင်းယန်က အဘယ်ကြောင့် ထိုအကြောင်းများကို မေးမြန်းလာရသနည်း?

သူက တစ်စုံတစ်ခုအကြောင်းကို ရှာတွေ့သွားခဲ့သည်များလား?

ယင်ရိလျိုတစ်ယောက် သူမ၏ရွှေပေါင်လုံးကြီးက အလွန်ပါးနပ်လွန်းပြီး ဖြစ်စဥ်တစ်ခုတးဖြင့် တခြားကိစ္စများ၏ ဖြစ်နိုင်ခြေအကြောင်း ယူဆချက်များကို တွေးတောနေခြင်းဖြစ်နိုင်သည်ဟု သူမကိုယ်သူမ တိတ်တဆိတ်နှစ်သိမ့်လိုက်ရသည်။

ထို့နောက်တွင် လျိုမန် ပြောလာခဲ့သည့်စကားများက သူမကိုအနည်းငယ် စိတ်သက်သာရာရသွားစေခဲ့သည်။

“ရှုန်းတိ.. မင်းဘာတွေတွေးနေတာလဲ? အခု တိရစ္ဆာန်တွေတောင်မှ လူသားဖြစ်လာနိုင်ရင် လူသားတွေအတွက် ရှင်သန်ဖို့နည်းလမ်းတစ်ခု ရှိပါ့ဦးမလား? မင်းကို အရမ်းနုံအနေလိမ့်မယ်လို ငါ မျှော်လင့်မထားခဲ့ဘူး ဟားဟားဟား”

ယင်ရိလျို စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် ရှုထုတ်လိုက်သည်။

သူ ပြောခဲ့သည်က အမှန်ပင်ဖြစ်ပေ၏။ စာအုပ်ထဲ၌ပင် တိရစ္ဆာန်များက လူသားများအဖြစ် ပြောင်းလဲနိုင်သည့် ဤကဲ့သို့ဆက်တင် မရှိချေ။

ဒါကြောင့် သူမရဲ့ခြေအိတ်ရုပ်လေးက ဘယ်တော့မှ ပေါ်သွားမှာမဟုတ်ဘူး!

သို့သော် ကျင်းယန်သည်လည်း လျှို့ဝှက်စွာ စိတ်သက်သာရာရသွားခဲ့သည်။

ယုန်လေး၏အခြေအနေက အလွန် အလွန်ထူးခြားနေသဖြင့် ဗဟိုအစိုးရပင် သတိမထားမိသေးသေးပါချေ။

ကျန်းယန် ထိုကဲ့သို့ တွေးတောနေခြင်းကို ယင်ရိလျို မသိခဲ့ပေ။

သူ၏ သူငယ်ချင်းလေးက အဖမ်းခံရပြီး ခွဲစိတ်လေ့လာခံရသည့် အခြေအနေမျိုးမဖြစ်နိုင်သေးဘဲ လောလောဆယ်တွင်တော့ လုံခြုံနေပုံရ၏။

သူတို့နှစ်ယောက် သူတို့၏ကိုယ်ပိုင်အတွေးများနှင့်အတူ ပစ္စည်းများကို ထုပ်ပိုးပြီး ကျန်ရှိနေသည့် အသင်းဖော်များနှင့်အတူ မြို့တော် Zဆီသို့ သွားရာ လမ်းပေါ်သို့ စတင် ခရီးထွက်ခဲ့ကြသည်။

သူတို့ နဂါးပျံအခြေစိုက်စခန်းမှ မနက်စောစောအချိန်တွင်ပင် ထွက်ခွာလာခဲ့ကြလေ၏။ မြို့တော်W၏ လမ်းဆုံသို့ သူတို့ရောက်လာချိန်တွင်တော့ သူတို့၏ မြင်ကွင်းထဲတွင် အပင်များ ပိုမိုများပြားလာခဲ့ပြီး သန္ဓေပြောင်းအပင်များ၏ ရက်စက်သော အမြစ်များကြောင့် လမ်းမျက်နှာပြင်ကလည်း မညီမညာဖြစ်နေခဲ့သည်။

ကျင်းယန် သူ၏ ဝှီးချဲကို ယုန်လေး၏နေရာလွတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် သူငယ်ချင်းလေးကို ကောက်ယူပွေ့ချီကာ ခြေကျင်ခရီးဆက်လာခဲ့ကြသည်။

သူ၏ခြေထောက်များက ဤနေ့ရက်များ၌ အပြောင်းအလဲမရှိဘဲ သက်သာနေခဲ့သည်။

သူ၏နာကျင်မှုကို ပိတ်ဆို့သည့်စွမ်းရည်မှာလည်း ပို၍ ကြာရှည်လာခဲ့ပြီး ယခင်က တစ်နာရီနှင့်နာရီဝက်အကြာတွင် နာကျင်မှုကို ပြန်လည် ခံစားခဲ့ရသော်လည်း ယခုတွင်တော့ သုံးနာရီနီးပါးထိ တိုးတက်လာခဲ့သည်။

မြို့တော်Zက နဂိုကတည်းက ဘေး အန္တာရာယ်ထူပြောနေခဲ့သည်။ ယခုအချိန်တွင် သူတို့နှင့်အတူ သန္ဓေပြောင်းဝံပုလွေတစ်ကောင်ကိုပါ ခေါ်လာခဲ့သေးသည်ပင်။

သူသာ ဝှီးချဲပေါ်တွင်ထိုင်နေခဲ့ပါက အာရုံစူးစိုက်မှု အများအပြားကို ဆွဲဆောင်မိပေလိမ့်မည်။

ယင်ရိလျိုက နဂါးပျံအခြေစိုက်စခန်းမှ သူတို့ရရှိခဲ့သည့် အသားများကို သူမ၏နေရာလွတ်မှ ထုတ်ယူလိုက်သည်။

ကျင်းယန်က ထိုအသားများထဲမှ အကြီးဆုံးအပိုင်းနှစ်ခုကို ဝံပုလွေလေးဆီသို ပစ်ပေးလိုက်လေ၏။

ဝံပုလွေမှ သူ၏ သူငယ်ချင်းလေးအား မည်သို့ကာကွယ်ခဲ့သည်ကို သူ မနေ့ညက မြင်ခဲ့သောကြောင့် ၎င်းအပေါ် သူ၏မကျေနပ်ချက်များက များစွာလျော့ပါးသွားခဲ့သည်။ဝံပုလွေလေးမှာ လယ်တောခြံထဲမှ ကြက်ကင်က မည်မျှနူးညံ့ပြီး အရသာရှိကြောင်းကို တွေးတောနေဆဲ ဖြစ်သော်လည်း အသားကိုမျှ‌ဝေလာသည့် ကျင်းယန်၏လုပ်ရပ်က သူ့ကို သူတို့၏အဖွဲ့ထဲသို့ တရားဝင်လက်ခံသည်ဟု ဆိုလိုကြောင်းကို နားလည် သိရှိပေသည်။

ဝံပုလွေက ဝမ်းသာအားရဖြင့် ၎င်း၏အမြီးကိုလှုပ်ရမ်းကာ အသားကိုကိုက်ယူလိုက်ပြီး အနီးအနားရှိ သစ်ပင်ဆီသို့ သွားပြီး စားသောက်ခဲ့ခဲ့သည်။

သူတို့၏ ဘေးဘက်ပတ်လည်တွင် စိမ်းလန်းစိုပြည်သည့် သစ်ကိုင်းများနှင့် သစ်ပင်များစွာရှိ၏။

ကျောင်းချီယန်က မျောက်တစ်ကောင်ကဲ့သို့ သစ်ပင်တစ်ပင်ပေါ်သို့ တက်သွားပြီး မီးမွှေးရန်အတွက် သေးငယ်သည့် သစ်ခက်အချို့ကို ချိုးချခဲ့သည်။

သို့သော်လည်း သူ ပြန်ဆင်းလာချိန်တွင်တော့ ဒေါသတကြီး ကျိန်ဆဲနေခဲ့ကာ သူ၏လက်များကို ခါယမ်းနေခဲ့သည်။

“ကျွန်တော် သေတဲ့အထိ အတုပ်ခံရတော့မလို့”

“ဘာဖြစ်ပြန်တာလဲ?”

ကျောင်းစီဟွေ့ လှမ်းမေးလိုက်သည်။

ထို့နောက်တွင်တော့ မောင်ဖြစ်သူ၏လက်ပေါ်တွင် အလွန် ကြောက်လန့်စရာကောင်းပြီး နီရဲပြီး ရောင်ယမ်းနေသော အဖုတစ်ဖုကိုသူမ မြင်လိုက်ရသည်။

“ကျွန်တော် သစ်ခက်တွေအစား သန္ဓေပြောင်းခူကောင် အဆုပ်လိုက်ကို မတော်တဆ လှမ်းဆွဲလိုက်မိတာ..

သူတို့က ကျွန်တော်ရဲ့လက်ဖဝါးထက်တောင် ကြီးပြီး အဆိပ်ဆူးတွေက အဆိပ်ပြင်းတွေရှိနေသလိုပဲ”

ကျောင်းစီဟွေ့ သက်ပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ သူမ၏ မောင်ဖြစ်သူကို စိတ်ပူရခြင်းအား မည်သည့်အချိန်တွင်မှ ရပ်တန့်နိုင်မည်နည်း?

ယင်ရိလျိုကတော့ တစ်ဖက်လူ၏ဒဏ်ရာကို မြင်လျှင် ရောဂါပိုးသတ်ဆေး၊ အရက်ပြန်နှင့် ပတ်တီးများကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်သည်။

ထို့နောက်တွင် ကျင်းယန်က ကျောင်းချီယန်၏ လက်မှ အဆိပ်ဆူးများအားလုံးကို ဖယ်ရှားပစ်ရန်အတွက် ကျောင်းစီဟွေ့ကို ခိုင်းစေလိုက်သည်။

ထိုသို့မဟုတ်လျှင် ၎င်းဒဏ်ရာက အလွယ်တကူ ပိုးဝင်၊ နီရဲလာပြီး‌ နောက်ဆုံးတွင် ပြည်တည်နာ ဖြစ်ပွားလာပေလိမ့်မည်။

ကျင်းယန်က အသားကင်သည့် တာဝန်ကို အသိစိတ်ရှိရှိ ယူလိုက်သည်။

တစ်ဖက်လူဒ ယင်ရိလျိုကို အံ့အားသင့်သွားစေခဲ့ကာ အနည်းငယ်လည်း ဝမ်းမြောက်သွားစေခဲ့သည်။

စာအုပ်ထဲမှ ဗီလိန်သည်ကား သူ့ကိုယ်သူ တခြားလူများနှင့် ဆက်ဆံရေးမလုပာခဲ့ဘဲ သီးခြားစီခွဲနေခဲ့လေသည်။

သူာ အပြင်ဘက်တွင် တခြားလူများနှင့် ဝေးကွာစွာနေကာ အတွင်းဘက်၌ အေးစက်သည်။

သူ့၏ဘဝတွင် တွေ့ကြုံရသူတိုင်းကို စိတ်ရင်းဖြင့် မဆက်ဆံခဲ့ပါချေ။

သို့သော်ငြား သူ့တွင် အထီးကျန်သည့်ခံစားချက်တို့က အမြဲတမ်း ရှိနေခဲ့ကာ တစ်နည်းအားဖြင့် လူတိုင်းနှင့်ဝင်မဆံ့နိုင်သည်နှင့် တူနေခဲ့လေသည်။

ယင်ရိလျို စာအုပ်ကို ဖတ်ခဲ့ချိန်တုန်းက ကျန်းယန်၏အခြေအနေတို့က သူမ၏နှလုံးသားကို နာကျင်စေခဲ့သည်။

ယခုအချိန်တွင်တော့ ကျင်းယန်က သူ၏အသင်းဖော်များကို တဖြည်းဖြည်း လက်ခံလာခဲ့သည်။

ဤသည်က သူ၏နှလုံးသားထဲမှ အထီးကျန်မှုသည်လည်း ပို၍ သက်သာလာပြီဟု ဆိုလိုခြင်းပင် မဟုတ်ပါလား?

*

ကျင်းယန်က ချက်ပြုတ်ရာတွင် သိပ်ပြီး မကျွမ်းကျင်သော်ငြား သူ့တွင် ကောင်းမွန်သည့်အမြင်အာရုံ ရှိပေသည်။

အသား၏အပိုင်းတစ်ခုခု အညိုရောင်သို့ ပြောင်းပြီး ဆီများတစ်စက်စက်ကျလာသောအချိန်တွင် အသားကို မီးဖိုမှ ပြန်ထုတ်လိုက်သည်။

ထို့နောက်တွင် ၎င်းတို့ကို လှီးဖြတ်ပြီး အရသာမှုန့် ပန်းကန်လုံးထဲသို့ ထည့်လိုက်လျှင် စားချင်စဖွယ်ကောင်းသည့် အသားရနံ့များက လေထုထဲတွင် ပြည့်နှက်လာခဲ့သည်။

ကျောင်းစီဟွေ့က မောင်ဖြစ်သူ၏ ဒဏ်ရာကို အပြီးသတ်ပေးခဲ့ပြီးနောက် ကျောင်းချီယန်၏ ဝက်လက်နှင့်တူသော လက်က တဖြည်းဖြည်း အရောင်လျော့လာခဲ့လေ၏။

လက်ရှိတွင် သူ့၏လက်ကို ပတ်တီး အလွှာများဖြင့် စည်းနှောင်ထားလေသည်။

သူ နှာခေါင်းကို ကုတ်ပြီး ဗလုံးဗထွေးပြောလိုက်၏။

“ဒါက အဲဒီလောက်ကြီး ပြင်းထန်တာမှမဟုတ်တာ.. ဘာလို့ ဆန်ဖက်ထုပ်လိုမျိုး ပတ်လိုက်တာလဲ?”

ထို့နောက် သူ၏ပတ်တီးစီးထားသော လက်ဖဝါးကို ဝှေ့ရာမ်း၍ မီးပုံဘေးထိုင်ပြီး နှာတရှုံ့ရှုံ့လုပ်လိုက်သည်။

“ကျင်းကော ခင်ဗျား လုပ်ထားတဲ့အနံ့က အရသာရှိမဲ့ပုံပဲ”

ပျက်ကပ်ဖြစ်ပေါ်လာခြင်းကြောင့် လောကကြီးက အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။

သူတို့၏အသက်များအတွက် အချိန်တိုင်း ပြေးလွှားခြင်းက အတိုင်တိုင်းနီးပါး ဖြစ်လာခဲ့ရပြီး လူတစ်ယောက်ကို ပျော်ရွှင်သည့် ခံစားမှုကိုပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ သူတို့ စားသောက်နေသာအချိန်သာလျှင် ဖြစ်နိုင်၏။

အထူးသဖြင့် အသားများကို တစ်ဝတပြဲစားရသည့်အချိန် ဖြစ်၏။

ထိုအချိန်တွင် ဝံပုလွေက အသားစိမ်း အပိုင်းကြီးနှစ်ခုကို စားသောက်ခြင်းမှ အပြီးသတ်ပြီးသွားပေပြီ။

လေထုထဲမှ မွှေးရနံ့ကို အနံ့ရလိုက်လျှင် တံတွေးမြိုချနေမိခြင်းကို မရပ်တန့်နိုင်တော့ချေ

တစ်ခဏကြာပြီးနောက် ၎င်းက အူလိုက်ပြီး သူ့၏ဗိုက်ကို ဖြည့်တင်းရန်အတွက် သားကောင်အချို့ ဖမ်းရန် ဆုံးဖြတ်လိုက်ကာ အနီးအနားမှသစ်တောထဲ တိုးဝင်သွားခဲ့သည်။

စားသောက်နေချိန်တွင် ကျောင်းချီယန်တစ်ယောက် သူ့၏ကိုယ်ပိုင်လျှာကို မြိုချလုနီးပါးပင်ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် ကျင်းယန်ကတော့ သူ၏လက်မောင်းထဲမှ ယင်ရိလျိုကို အရင်ဆုံးကျွေးနေလေသည်။ယုန်လေးထံတွင် စားသောက်ချင်စိတ် အနည်းငယ်သာရှိပြီး သူမက လျှင်မြန်စွာ စားသောက်ခဲ့သည်။

သူမဗိုက်ပြည့်လုနီးပါး ဖြစ်လာချိန်တွင် သူမ၏အမွှေးပွပွ ဗိုက်လေးကို ထုတ်ပြီး ကျင်းယန်၏လက်မောင်းကို ပုတ်ကာ အစာချေဖျက်နိုင်ရန်အတွက့ သူမ အောက်သို့ဆင်းပြီး လျှောက်ပတ် လမ်းလျှောက်ချင်ကြောင်း သူ့ကိုလက်ဟန်ပြခဲ့သည်။

အစာစားပြီးနောက် လမ်းလျှောက်ခြင်းသည်က ကလေးတစ်ယောက်၏ ကျန်းမာရေးအတွက် အကျိုးရှိသည်ဟု ကျင်းယန် ယုံကြည်လေသည်။

ထို့ကြောင့် သူမကို အဝေးကြီးသို့ မသွားရန် ပြောခဲ့ပြီး သစ်တောထဲတွင် ပြေးနေသည့် သူငယ်ချင်းလေးကို ဆက်တိုက် လိုက်ကြည့်နေခဲ့သည်။

All Chapters