← Chapters

အခန်း (၇၄)

Vol. 8 Ch. 74

အခန်း (၇၄)

Vol. 8 Ch. 74

ကျောင်းချီယန် သူ၏ပါးစပ်ထောင်မှ ဆီအစွန်းအထင်းများကို လက်ဖြင့်သုတ်ရင်း စကားစလာခဲ့သည်။

“ဟီးဟီး ကျွန်တော် ခင်ဗျားကို ဒီအကြောင်း အရင်ကမမေးရသေးဘူး”

သူက အသားကို စားနေရင်းဖြင့် မေးလာခဲ့လေသည်။

“ ကျင်းကော.. ခင်ဗျားရဲ့ယုန်က ဘာကြောင့် ဉာဏ်ကောင်းလွန်းရတာလဲ.. ဉာဏ်ကောင်းတာမှ နတ်သမီးတစ်ယောက်လို ပြောင်းသွားသလိုပဲ? သူ့ကို ခင်ဗျားပဲ တစ်ချိန်လုံး ပျိုးထောင်ခဲ့တာလား?”

ကျင်းယန် “အမ်” ဟု အသံတိုးတိုးပေးလိုက်လေ၏။

ယုန်လေးက နတ်သမီးလေးတစ်ယောက်ဖြစ်သည်က အမှန်ပင် ဖြစ်သဖြင့် တခြားသူများထက် ပို၍ဉာဏ်ကောင်းသည်မှာ အံ့သြစရာမရှိဟု သူ တွေးတောနေခဲ့သည်။

ဆိုရလျှင် ကျင်းယန်၏မျက်နှာပေါ်တွင်အေးစက်၍ လျစ်လျူရှုသည့်အမူအရာမှလွဲ၍ တခြားသောအမူအရာကိုပြသသည်မှာ ရှားပါးသောကြောင့် ကျောင်းမောင်နှမနှစ်ယောက် အတော်လေး အံ့သြသင့်သွားခဲ့ကြရသည်။

တစ်ဖက်လူလူ၏ နှလုံးသားနှင့် ဝိညာဥ်ကို လှုပ်ရှားစေသည့် တစ်ခုတည်းသောအရာမှာ ယုန်တစ်ကောင်တည်းသာ ဖြစ်ပုံရသည်။

သူ၏ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် အကြည့်များကို မွေးမွေးတိရစ္ဆာန်လေးတစ်ကောင်က လွှမ်းမိုးနိုင်ခြင်းမှာ အတော်လေး မယုံကြည်နိုင်စရာ ဖြစ်ပေ၏။

ဤအကြည့်ကို ကျောင်းစီဟွေ့ မှတ်မိနေခဲ့၏။

ထိုအခိုက်အတန်းမှ ကျင်းယန်၏အမူအရာသည်က သူမ၏မောင်ဖြစ်သူ၏ မိဘ-ဆရာ တွေ့ဆုံပွဲကို တက်ရောက်ပြီးနောက် သူမ၏မောင်က နောက်တစ်ကြိမ်ထပ်မံ၍ ထိပ်ဆုံးဆယ်ယောက်ထဲတွင် ဝင်သွားခဲ့ကြောင်း ကြွားဝါပြောဆိုရန်အတွက် အိမ်သို့ ပြန်လာသည့်အချိန်တွင် သူမ၏အဖေ ပြုမူခဲ့သော အမူအရာနှင့် ဆင်တူ‌နေလေသည်။

ထိုအတွေးတို့ပေါ်လာသည့် ဤတစ်ခဏတွင် သူမ စကားလုံးများပင် ပျောက်ရှသွားသည်။

ကံကောင်းစွာဖြင့် ကျောင်းချီယန်ရှိနေလျှင် ကိုးယိုးကားယားနိုင်သည့် တိတ်ဆိတ်မှုမရှိပါချေ။ သူက စားသောက်နေရင်းဖြင့် တိတ်ဆိတ်မှုကို ချိုးဖျက်၍ ဆက်လက်မေးခဲ့သည်။

“ဒါဆို ကျွန်တော်တို့က မြို့တော်Zမှာနေမှာလား? ကျင်းကောရဲ့ညီမက မြို့တော်Bမှာ စာသင်နေတယ်လို့ ကျင်းကောပြောဖူးတယ်လို့ ကျွန်တော်ထင်တာပဲ?

ကျင်းမေ့ကို သွားခေါ်ဖို့အတွက် ကျွန်တော်တို့ မြို့တော်Bဆီ မသွားသင့်ဖူးလား?”

ကျင်းယန်ာ နောက်ဆုံး၌ ကျောင်းချီယန်ကို အကြည့်တစ်ချက် ပေးသနားပြီး ပြောလာခဲ့သည်။

“သူက မင်းထက် နှစ်နည်းနည်းလောက် အသက်ပိုကြီးတယ်”

ကျောင်းချီယန် အရှက်ကွဲမှု နည်းနည်းလေးပင် မခံစားရချေ။

“ဒါဆို သူ့ကို ကျင်းကျဲလို့ ခေါ်ရမှာပေါ့”

ကျောင်းမောင်နှမတွင် အခြားမိသားစုဝင်များ မကျန်ခဲ့ချေ။ သူတို့က မည်သည့်အချိန်ကမှ ထုတ်မပြောခဲ့သော်ငြား သူတို့ မောင်နှစ်မနှစ်ယောက်အပြင် ကျင်းယန်နှင့်ယင်ရိလျိုသည်သု သူတို့ဘဝ၏ အရေးကြီးဆုံး သူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။

ဝံပုလွေလေးကိုတော့ ထည့်မတွက်ချေ။ ကျောင်းချီယန်၏ လည်ချောင်းကို ဝံပုလွေမှ ကိုက်ချင်သည့် မြင်ကွင်းက မှတ်ဉာဏ်ထဲတွင် ထင်ရှားနေဆဲဖြစ်၏။ ကျောင်းချီယန် ဤအမုန်းတရားကို ဆက်လက်ဆုပ်ကိုင်ခဲ့သည်။

ဆိုရလျှင် ကျင်းယန်သွားမည့် နေရာတိုင်းကို သူတို့လိုက်ပေလိမ့်မည်။

ကျောင်းမောင်နှမ၏ အမြင်တွင်တော့ ပျက်ကပ်ဖြစ်ပြီးနောက် မိသားစုဆိုသည်က တစ်စုံတစ်ယောက်၏ အနီးကပ်ဆုံး နှောင်ကြိုးများသာဖြစ်၏။

ထို့ကြောင့် ကျင်းယန်က သူ၏ညီမကို ရှာရန်အတွကာ မြို့တော်Bသို့ သွားကိုသွားချင်လိမ့်မည်ဟု တွေးထားခဲ့ကြလေသည်။

မမျှော်လင့်ထားစွာဖြင့် ကျင်းယန်က ခေါင်းခါမ်းရုံမျှသာလုပ်ပြီး ပြောခဲ့သည်။

“မြို့တော် Zမှာ အရင်အခြေချရ‌အောင်.. မြို့တော်Bဆီသွားဖို့ အလျှင်မလိုဘူး”

သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု သို့မဟုတ် တမ်းတမှုအရိပ်အယောင်တို့ အများအပြားမရှိပါချေ။

ကျောင်းမောင်နှ အနည်းငယ် အံ့သြသွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သော်ငြား မည်သည်ကိုမှ မပြောခဲ့ကြပေ။

မိသားစုတိုင်းတွင် သူတို့၏ကိုယ်ပိုင် အကြောင်းအရာကိစ္စများရှိသည်။

လွန်လွန်ကဲကဲ အင်အားကြီးသည့် ကျင်းမိသားစုကိုဆိုလျှင် ဖော်ပြရန်ပင် မလိုအပ်ပေ။

ကျင်းမောင်နှမ၏ကြားတွင် တစ်ယောက်နှင့်တစ်ယောက် နီးကပ်ခြင်း မရှိနိုင်လောက်သော သူတို့မသိသေးသည့် တစ်စုံတစ်ရာရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။

ကျင်းယန်သည်ကား သူ၏အသက်ရှင်နေသည့် တစ်ဦးတည်းသော မိသားစုဝင်အတွက် သိပ်ပြီးစိတ်မပူချေ။

သူမသည်က ကလေးဘဝကတည်းက ပါးနပ်လွန်းသူဖြစ်ပြီး သူမ၏အင်္ကျီလက်ထဲတွင်

မည်သူထက်မဆို လှည့်ကွက်များ ပိုရှိနေတတ်၏။

တခြားလူများက သူမကိုနာကျင်စေမည်ကို စိတ်ပူခြင်းထက် သူမကအခြားသူများကို ဘေးသင့်စေခြင်းကသာ ပို၍ဖြစ်နိုင်ဖွယ်ရှိပေ၏။

ထို့အပြင် မြို့တော်Bသည်က အသန်မာဆုံး ခုခံနိုင်စွမ်းနှင့် စစ်တပ်အင်အားများနှင့်အတူ နိုင်ငံ၏ စစ်တပ်နှင့် နိုင်ငံရေး၏ ဗဟိုလည်းဖြစ်လေသည်။

မြို့တော်B၏ စစ်တပ်ထဲတွင် ကျင်းမိသားစုနှင့် သွေးသားတော်စပ်သည့် ဦးလေးအချို့လည်းရှိ၏။ တခြားနေရာများထက် မြို့တော်Bတွင် ရှိခြင်းသည်က ပို၍ပင်လုံခြုံလေသည်။

ဆိုရလျှင် တချို့သောအကြောင်းပြချက်များကြောင့် ကျင်းရူမန်ကို ရှာချင်သည့် သူ၏ဆန္ဒက ကြီးမားခြင်းမရှိပါချေ။ဤနှစ်အနည်းငယ်၌ သူတို့နှစ်ယောက်လုံးက အတိတ်ကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုပြီး အပေါ်ယံတွင် ချစ်ခင်သ့ ည်မောင်နှမ နှစ်ယောက်အဖြစ် ပြန်ဖြစ်သွားသော်လည်း သူ၏နှလုံးသားထဲတွင် တချို့အရာများအား ပြုပြင်မရသေးကြောင်းကို ကျင်းယန်သိပေသည်။

*

သူတို့သုံးယောက်စားသောက်နေစဥ် လေထဲတွင် တစ်စုံတစ်ခု ချိုးဖြတ်သွားသည့် တိုးလျသောအသံက သူတို့၏အာရုံစိုက်မှုများကို ဆွဲဆောင်သွားသည်။

ကျင်းယန် တစ်စုံတစ်ခုကို ခံစားမိပြီး သိပ်မဝေးသည့် နေရာမှ ယုန်လေးကိုလှမ်းကြည့်လိုက်လေသည်။

ထို့နောက် သူ၏သူငယ်ချင်းလေးက အန္တရာယ်ကိုရိပ်စားမိပြီး တိုက်ခိုက်မှုကို ရှောင်ရှားရန် မြင့်မြင့်ခုန်လိုက်သည်ကို သူ မြင်ခဲ့ရသည်။

နောက်တစ်စက္ကန့်တွင် ယင်ရိလျို မူလက ရှိနေခဲ့သည့်နေရာကို ချွန်ထက်သော မြားတစ်စင်းက အကြင်နာကင်းမဲ့စွာ စိုက်ဝင်သွားသည်။

သူမသာ တုံ့ပြန်နိုင်စွမ်း အနည်းငယ် ပို၏နှေးကွေးခဲ့လျှင် ထိုသူငယ်ချင်းလေး၏ ခန္ဓာကိုယ်က မြားတစ်စင်းထံမှ ထိုးဖောက်ခြင်းခံရမည်ဖြစ်သည်။

ကျင်းယန်၏မျက်လုံးတို့က မှောင်မည်းသွားခဲ့ပြီး သူ၏အမူအရာသည်လည်း တစ်ခဏမျှ ကြောက်မက်ဖွယ်ကောင်းစွာ အေးစက်သွားခဲ့သည်။

သို့သော်လည်း သူငယ်ချင်းလေးက အလွန်ပင် ကြောက်လန့်လျက် သူ၏လက်မောင်းထဲကို ခုန်ဝင်လာသည်အား မြင်သောကြောင့် သူ၏ဒေါသကို ဖိနှိပ်ထားပြီး ယုန်လေးကို ညှင်သာစွာပုတ်ကာ သူမ၏နူးညံ့သော ခေါင်းနှင့် နားရွက်များကို နှစ်သိမ့်လိုစွာ ပွတ်သပ်ပေးလိုက်သည်။

ကျောင်းမောင်နှမသည်လည်း လျှင်မြန်စွာ ပါးစပ်ကိုသုတ်၍ မတ်တတ်ရပ်လိုက်ကြပြီး မြားထွက်လာသည့် အရပ်မျက်နှာကို စိုက်ကြည့်နေခဲ့သည်။

ဆယ်စက္ကန့်လောက်ကြာပြီးနောက်တွင် ခြုံပုတ်များထဲမှ တရှဲရှဲသံများကို ကြားရပြီး ပရိုဖက်ရှင်နယ် အမဲလိုက်အဝတ်အစားများကို ဝတ်ဆင်ထားသည့် ယောက်ျားလေးနှစ်ယောက်နှင့် မိန်းကလေးတစ်ယောက်က ခြုံပုတ်များထဲမှ ပေါ်ထွက်လာခဲ့သည်။

မိန်းကလေးက မကျေမနပ်ပြောနေပုံရ၏။

“နင့်ရဲ့ ပစ်မှတ်ချိန်တာက ဆိုးပါတယ်လို့ ငါနင့်ကိုပြောသားပဲ မြင်လား? ပစ်မှတ်ကို နင်ခြောက်လွှတ်လိုက်ပြီ”

သူမ၏နောက်တွင် ယောကျ်ားလေးနှစ်‌ယောက်ရှိကာ တစ်ယောက်သည်က သက်လတ်ပိုင်းအရွယ် ပတ်လည်ဖြစ်ပြီး တခြားတစ်ယောက်က သန်စွမ်းသည့် အရွယ်ကောင်းဖြစ်ပုံရသည်။

ပျက်ကပ်ထဲတွင်ပင် အလွန်ကောင်းမွန်စွာ ဝတ်ဆင်နိုင်သဖြင့် သူတို့အားလုံးက ဆင့်ကဲပြောင်းလဲသူများ ဖြစ်နိုင်လေသည်။

သူမ၏အကြည့်က ကျင်းယန်အပေါ် ကျသွားသည့်အခိုကအတန့်တွင် သူမ၏မျက်လုံးထဲ၌ မကွယ်ဝှက်နိုင်သော အံ့ဩမှု အရိပ်အမြွက်တစ်ခုရှိသည်။

တစ်ဖက်မှလူငယ်၏လက်မောင်းထဲမှ သူတို့သားကောင်အဖြစ် အမဲလိုက်ခဲ့သည့် ယုန်ကိုမြင်ပြီးနောက် သူတို့က တစ်စုံတစ်ယောက်၏ အိမ်မွေးတိရစ္ဆာန်ကို သတ်မိလုနီးပါးဖြစ်သွားကြောင်း သူမ သတိထားမိသွားသည်။

သူမ၏ဘေးမှ လူငယ်ကတော့ ယုန်ကိုသတိမထားမိချေ။ လေထဲမှ အသားမွှေးရနံ့ဖျော‌့ဖျော့ကိုသာ အနံ့ရခဲ့သည်။

သူ၏အစာအိမ်က အသံမြည်စပြုလာပြီး သူ၏မျက်လုံးများက တစ်ဖက်မှ လူအနည်းငယ်၏နောက်ရှိ အသားကင်ပေါ်တွင် မြဲမြံစွာ စွဲကပ်နေခဲ့သည်။

မိန်းကလေးက သဘာဝကျစွာနှင့် သင့်တင့်စွာ ပြုံးပြပြီး သူမ၏လက်ကို ဖြန့်ကားထားကာ ကျင်းယန်ကို မဝံ့မရဲပြောလိုက်သည်။

“ဟယ်လို ကျွန်မနာမည်က ဝမ်ရန်ကျင်းပါ.. ဒီယုန်က ရှင်ရဲ့ယုန်ဆိုတာကို ကျွန်မတို့ မသိခဲ့ဘူး...”

“ထွက်သွားစမ်း”

ကျင်းယန်၏မျက်လုံးထဲမှ ရွှေအိုရောင်အရိပ်က မငြိမ်မသက် ရွေ့လျားသွားကာ ကြောက်ခမန်းလိလိ ဒေါသကလည်း သူ့၏ကိုယ်တွင်းတွင် ရောစပ်နေပြီး နောက်တစ်စက္ကန့်တွင် သူ့၏ရှေ့မှ ဝမ်ရန်ကျင်းအမည်ရသည့် အမျိုးသမီးကို တစ်စစီဆွဲဖြဲတော့မည့်အတိုင်းပင်။

သူငယ်ချင်းလေးက မြားတစ်ချောင်းကြောင့် အသတ်ခံလုနီးပါး ဖြစ်သွားကြောင်းကို တွေးလိုက်သောအချိန်တွင် သူ၏နှလုံးသားထဲမှ ဒေါသကို မချုပ်ထိန်းနိုင်တော့ချေ။

ကျင်းယန်၏နဖူးပေါ်တွင် သွေးကြောများက ထောင်ထလာခဲ့ပြီး တဒိတ်ဒိတ် ခုန်လှုပ်နေကာ သူ၏ပုံမှန်အေးစက်သည့် အမူအရာနှင့် လုံးဝမတူညီတော့ချေ။

ကျင်းယန်၏မျက်လုံးထဲမှ ဂရုဏာမဲ့မှုကြောင့် ဝမ်ရန်ကျင်းစိတ်ပျက် အံ့အားသင့်ပြီး မသိစိတ်အရ နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

သူမ၏ဘေးမှ အနည်းငယ် မီးခိုရောင်သန်းနေသော ဆံပင်နှင့် လူကြီးက သူမကို သူ့၏နောက်သို့ ကာပေးလိုက်သည်။

ဤလူများမှာ မိသားစုသုံးယောက်ဖြစ်ပေ၏။ လူအိုကြီးက ဆင့်ကဲပြောင်းလဲသူတစ်ယောက် မဟုတ်ပါချေ။

ထို့အစား အတွေ့အကြုံရှိသည့် မုဆိုးတစ်ယောက်သာဖြစ်၏။ သူသည်က မုဆိုးများအဖြစ် သမိုင်းဆက် ရှည်လျားသောမျိုးဆက်မှ ဆင်းသက်လာခြင်းဖြစ်၏။

သူ၏မိသားစုက ကျဆင်းလာပြီးနောက် မြို့တော်Zတွင် အခြေချခဲ့ကြသည်။

ပျက်ကပ်သို့ ရောက်ရှိလာခြင်းက ကမ္ဘာလုံးဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုဆီ ဦးတည်သွာပြီး သူ၏ကလေးနှစ်ယောက်သည်လည်း ကွဲပြားသည့် ဆင့်ကဲပြောင်းလဲမှုများကို ကြုံတွေ့ရလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း?

၎င်းအကြောင်းကြောင့် မုဆိုးဟောင်းကြီးလည်း သူ၏အမဲလိုက်စကေးများကို တစ်ဖန်ပြန်အသက်သွင်းရန် ဆုံးဖြတ်ခဲ့လေသည်။

ပစ်မှတ်ချိန်ရွယ်မှုကို လေ့ကျင့်ရန်အတွက် တိရစ္ဆာန်အသေးလေးများပေါ်တွင် အသုံးပြုရန် နေ့တိုင်း သူ၏ကလေးများကို မြို့တော်၏ အစွန်သို့ ခေါ်လာလိမ့်မည်ဖြစ်သည်။ဤအကြိမ်၌ သူတို့၏’လေ့ကျင့်မှု’၌ ပြသနာတစ်ခုရှိသွားခဲ့သည်။

သူတို့မျက်စိကျခဲ့သည့် သားကောင်သည်က ၎င်း၏ပိုင်ရှင်မှ အလွန်ဂရုစိုက်သည့် အိမ်မွေးယုန်တစ်ကောင် ဖြစ်နေခဲ့သည်။

လူအိုကြီးက အတွေ့အကြုံရှိပြီး အန္တရာယ်ကို သိရှိခံစားနိုင်၏။

လူငယ်၏အကြည့်က အန္တရာယ်ရှိသည်ကို သူအာရုံခံနိုင်သည်။ တစ်ဖက်လူက ရှောင်ကျင်းကို အမှန်တကယ် သတ်ချင်နေခဲ့သည်။

ထိုအခိုက်တွင် ယင်ရိလျို၏ အရိုင်းဆန်စွာ ခုန်ပေါက်နေသော နှလုံးသားမှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။

ကျင်းယန်က သူမကို အလွန်တင်းကြပ်စွာ ကိုင်ထားသောကြောင့် မထိန်းချုပ်နိုင်စွာ တွန့်လိမ်လိုက်သည်။

သူမခေါင်းမော့လိုက်ချိန်တွင် ကျင်းယန်က မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းများကို မျဥ်းကြောင်းတစ်ကြောင်းအဖြစ် ဖိထားသည်ကိုမြင်လိုက်ရသည်။

သူမ၏နှလုံးသားက အနည်းငယ် နူးညံ့သွားပြီး သူမအဆင်ပြေကြောင်း ကျင်းယန် သတိပြုမိရန် တိတ်တဆိတ်ဖြင့် တကျီကျီအော်လိုက်သည်။

“ကျီ ကျီ”

ရှင့်ကို စိုးရိမ်အောင် လုပ်ခဲ့မိလို့ တောင်းပန်ပါတယ်!

All Chapters