အခန်း (၇၅)
Vol. 8 Ch. 75
ကျင်းယန် အသက်ပြင်းပြင်းရှူပြီး သူ့ရှေ့မှ မိသားစုသုံးယောက်ကို မပျော်ရွှင်စွာ စိုက်ကြည့်လိုက်သည်။
လူငယ်လေးက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ပုံရသည်။
“ဒီယုန်က အိမ်မွေးယုန်ဆိုတာကို ငါတို့ မသိခဲ့ဘူးလေ.. ငါတို့က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူး”
“ဘာပဲဖြစ်ဖြစ် အရွယ်ရောက်တဲ့ ယောကျ်ားကြီးတစ်ယောက်က ယုန်တစ်ကောင်ကို ဘယ်လိုမျိုး အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးထားရတာလဲ”
သူ အသံတိုးတိုးဖြင့် ဗလုံးဗထွေးပြောလိုက်သည်။
ဝမ်ရန်ကျင်း သူမအစ်ကို၏လက်မောင်းကို ဆောင့်ဆွဲပြီး သူမ၏ရှေ့မှ ချောမောသည့်လူကို မျက်နှာပေါ်၌ စိတ်ရင်းမှန်သည့် အမူအရာနှင့် တောင်းပန်လိုက်သည်။
“ကျွန်မတို့ တကယ် တောင်းပန်ပါတယ်.. အခု သန္ဓေပြောင်းတိရစ္ဆာန်တွေက နေရာတိုင်းရှိနေတော့ ဒီတစ်ကောင်က လူတွေမွေးထားတာမှန်း ကျွန်မတို့ တကယ် မသိလိုက်လို့ပါ”
ကျင်းယန်တွင် ဤမိသားစုသုံးယောက်နှင့် တိုက်ခိုက်ရန်အတိက် ရည်ရွယ်ချက် မရှိချေ။ ယနေ့ဖြစ်ပျက်ခဲ့သည့်အရာများက အမှန်ပင် မတော်တဆဖြစ်ပေသည်။
ထို့အပြင် ကျေးဇူးတင်စရာ ကောင်းစွာဖြင့် သူငယ်ချင်းလေးကလည်း ကြောက်လန့်ရုံသာဖြစ်ပြီး မထိခိုက်မိသွားပောချေ။
ထိုသို့မဟုတ်လျှင် သူ ဤလူများကို ချိတ်မှ လွတ်ခွင့် ပြုမည်မဟုတ်ချေ။
ကျင်းယန် သူတို့၏နောက်သို့ ချဥ်းကပ်လာသည့် ဝံပုလွေလေးကို တစ်ချက်ကြည့်ပြီးနောက် သူ၏အကြည့်ကို လက်မောင်းထဲမှ သူငယ်ချင်းလေးဆီသို့ နိမ့်လိုက်ပြီး သူမကိုနှစ်သိမ့်လိုက်သည်။
လေထုဖိအားက တိုက်ပွဲ၏အစွန်အဖျားသို့ရောက်နေရာမှ အလွန်အမင်း အားဖျော့သည့်အထိ တိုးတက်လာသည်ကို မြင်လျှင် သူတို့သုံးယောက်လည် ပြဿနာ ထပ်မဖြစ်သင့်တော့ဟု ခံစားရသောကြောင့် ထွက်ခွာရန်ဆုံးဖြတ်ခဲ့ကြသည်။
လူငယ်က ခံပြင်းပြီး မကျေနပ်ဆဲဖြစ်သော်လည်း အဆုံးတွင် တိတ်ဆိတ်နေခဲ့သည်။
သူ၏လက်မောင်းထဲမှ ယုန်လေးကို စနောက်နေဆဲဖြစ်သည့် ကျင်းယန်ကို ဝမ်ရန်ကျင်း တစ်ချက်လောက်ချောင်းကြည့်လိုက်သည်။
သူမ၏နှလုံးသားထဲမှ ရင်တလှပ်လှပ်ခုန်နေမှုက ခါးသီးမှုများနှင့် ရောယှက်နေခဲ့လေသည်။
သူတို့ ထွက်ခွာရန်အတွက် နောက်သိာ့လှည့်လိုက်သောအခိုက်တွင် အစိမ်းပုပ်ရောင် မျက်လုံးများနှင့်အတူ အမည်မသိကြမ်းကြုတ်သော သားရဲတစ်ကောင်၏ ကြီးမားပြီး အာအသားစိမ်းနံ့များနံသည့် ပါးစပ်နှင့် ဆုံတွေ့လိုက်ရလေ၏။
၎င်းသည်က သူမ၏မျက်နှာနှင့် အလွန်အမင်း နီးကပ်နေလေသည်။
ဝံပုလွေက အူလိုက်လျှင် ဝံပုလွေ၏သွားများကြားထဲမှ သွေးအမျှင်တန်းများကိုပင် သူမမြင်နိုင်ပြီး ကြောက်လန့်မှုကြောင့် ေအာ်လိုက်မိလေသည်။
သားပေါက်လေးက သူမကိုဝတ်ကျေတမ်းကျေ ခြောက်လှန့်ရုံမျှသာ ဖြစ်သည်။
တစ်ဖက်မှ မိန်းကလေးက မျက်ရည်ကျသည်အထိ ကြောက်သွားသည်ကို မြင်သောအခါ ၎င်း၏ပါးစပ်ကို ပျင်းရိစွာပိတ်လိုက်ပြီး ပါးစပ်ထောင့်ကို လျက်ပြီးနောက် ကျင်းယန်၏ဘေးသို့ နှေးကွေးစွာ လျှောက်သွားလိုက်သည်။
ထိုအချိန်မှသာ ဤဝံပုလွေက ချောမောခန့်ညားသည့် အမျိုးသား၏အသင်းမှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းကို သူတို့ နားလည်သွားခဲ့သည်။
သူမ နှာခေါင်းရှုံ့လိုက်ပြီး မျက်ရည်များကို ပြန်ထိန်းလိုက်သည်။
သူမ၏နီရဲနေသော မျက်လုံးများများကြောင့် အလွန် သနားစရာကောင်းနေခဲ့လေသည်။
သူမ၏ဘေးရှိ အဖေနှင့်အစ်ကိုဖြစ်သူသည်လည်း ဒေါသထွက်သွားခဲ့သည်။ လူငယ်လေးက ရှေ့သို့တိုးပြီး ကျင်းယန်နှင့်အသင်းဖော်များဆီ ရှင်းပြချက် တောင်းလာခဲ့လေသည်။
“မင်းတို့ကောင်တွေ ဘာလိုချင်တာလဲ? ယုန်က သေသွားတာမျိုးမှ မဟုတ်ဘဲ”
ကျောင်းစီဟွေ့မှာ အစပိုင်း၌ အနည်းငယ် ကိုးယိုးကားယားဖြစ်သွားသော်လည်း တစ်ဖက်လူ၏စကားကိုကြားပြီးနောက် မထိန်းချုပ်နိုင်စွာဖြင့် မျက်ခုံးတစ်ဖက်ပင့်မ,လိုက်သည်။
“နင်က ဘာအတွက်အော်နေတာလဲ? သူလည်း သေသွားတာမျိုးမှ မဟုတ်ဘဲ”
လူငယ်လေးက အလွန် ဒေါသပွနေခဲ့သည်။
“တိရစ္ဆာန်တစ်ကောင်က လူသားတစ်ယောက်နဲ့ ဘယ်လိုလုပ် နှိုင်းယှဥ်နိုင်ပါ့မလဲ?”
သူတို့သည်က မုဆိုးမိသားစုမှ ဆင်းသက်လာပြီး တိရစ္ဆာန်ရိုင်းများ၏ သားမွှေးကို အလှဆင်ပစ္စည်းများအဖြစ် နံရံများ၌ ချိတ်ဆွဲသည့် အိမ်တွင် ကြီးပြင်းလာခြင်းဖြစ်၏။
သူတို့မြို့ဆီ မရွှေ့ပြောင်းမှီပင် မကြာခဏ အမဲလိုက်လေ့ရှိကြသည်။
သူတို့၏မသိစိတ်ထဲတွင် တိရစ္ဆာန်များက သားကောင်များဖြစ်၏။ ယုန်တစ်ကောင်သာမက မည်သည့်အရာမှ သူ၏ညီမလေးနှင့် မနှိုင်းယှဥ်နိုင်ချေ။
ဝမ်ရန်ကျင်းတစ်ယောက် သူမ၏မကျေနပ်မှုကို မြိုသိပ်ကာ စိတ်မဝင်စားသည့် အမူအရာအတိုင်း ရှိနေဆဲဖြစ်သည့် ကျင်းယန်ကို တစ်ချက်လှမ်းကြည့်ပြီး သူမ အစ်ကို၏ လက်မောင်းကို ဆွဲလိုက်သည်။
“ရပ်လိုက်တော့”
လူသုံးယောက်၏ ပုံသဏ္ဍာန်က အကွာအဝေးတစ်ခုအတွင်း ပျောက်ကွယ်သွားပြီးနောက် ကျင်းယန်မျက်မှောင်ကြုတ်ပြီး ထိုင်ချလိုက်သည်။
ထို့နောက် ယုန်လေး၏လက်ဖဝါးလေးများနှင့် ခြေထောက်များ တစ်ခုချင်းစီကို ဂရုတစိုက် စစ်ဆေးပြီး ၎င်းတို့ပေါ်တွင် သွေးအစွန်းအထင်းနှင့် ဒဏ်ရာမရှိကြောင်း သေချာပြီးမှသာ ကျင်းယန် စိတ်သက်သာရာရမှုကို ခံစားခဲ့ရသည်။
သူ၏မျက်နှာပေါ်တွင်တော့ သည်းခံသည့် အမူအရာတစ်ခုရှိကာ ယုန်လေး၏ ပန်းရောင်နှာခေါင်းထိပ်ကို အသာအယာပုတ်လိုက်သည်။
ထို့နောက် သူ သက်ပြင်းချလျက် ပြောခဲ့သည်။“မင်း ဘာလို့ အမြဲတမ်း ကိုယ့်ကို စိတ်ပူရအောင် လုပ်နေရတာလဲ?”
လှည့်လည်သွားနေဆဲ ယင်ရိလျို၏ နှလုံးသားနှင့်စိတ်သည်က အရေးကြီးသည့် ထိချက်တစ်ခုကို ရုတ်တရက် လက်ခံလိုက်ရပြီး သူမ၏နှလုံးသားလေးကလည်း စည်းချက်မမှန်တော့ဘဲ ခုန်သံတစ်ချက် လွဲချော်သွားခဲ့သည်။
ရွှေပေါင်လုံးကြီးရေ ရှင်ရဲ့ ချောမောမှုတွေကို မြန်မြန်လေး အဝေးထားလိုက်စမ်းပါ!
အဲဒါက မတရားဘူးနော်!
*
သူတို့မြို့စွန်မှ ထွက်ခွာလာပြီးချိန်တွင် သိသာမြင်သာသည့် မြို့တော်Z အခြေစိုက်စခန်းကို လူတိုင်းမြင်လိုက်ရသည်။
ထူထည်ကြီးမားသည့် မြို့တော်ဂိတ်အပြင်တွင် မြင့်မားသည့်နံရံများကို တည်ဆောက်ထားပြီး အတူတကွတင်းကြပ်စွာ ရှုပ်ထွေးနေသော ညိုးခြောက်နေသည့် အပင်အတန်းများသည်က ဆူးချွန်များအဖြစ် ဖြတ်ခံရသည်။
၎င်းတို့က မြို့တော်နံရံကို ဖုံးအုပ်ထားနေသည်မှာ ကြီးမားသည့်ဆူးချွန်ကွန်ရက်တစ်ခုအတွင်း ဖုံးထားသကဲ့သို့ပင်။
မြို့တော်၏ မီတာတစ်ရာအတွင်း ကုန်းမြေသည် မဲတူး၍မီးကျွမ်းနေပြီး သူတို့ဤနေရာထဲ ခြေချလိုက်ချင်းပင် ပျံနှံမသွားသေးသည့် ပိုးသတ်ဆေးနံ့ ဖျော့ဖျော့တို့ရှိနေလေသည်။
သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင် အနေနှင့် ဝံပုလွေလေးက ဤအနံ့ကိုအနံ့ခံမိပြီးနောက် ၎င်း၏နှာခေါင်းကို တွန့်ကာ အကြိမ်ရေအချို့ နှာချေလိုက်ပြီး ၎င်း၏ခေါင်းကို ခါရမ်းလာသည်။
နှာခေါင်းကိုလည်း လက်ဖဝါးဖြင့် ပွတ်နေခဲ့သေးသည်။
ဤသည်မှာ မြို့တော်Zရှိ လူများဖော်စပ်ခဲ့သည့် ဆေးအမျိုးအစားတစ်ခုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ ပတ်ဝန်းကျင်မှ သန္ဓေပြောင်း အပင်များကို လုံးဝအမြစ်ပြတ်သုတ်သင်ရန် ဆေးများနှင့် မီးကိုပထမဆုံးအသုံးပြုပြီး ထို့နောက် သူတို့ပတ်ဝန်းကျင်မှ လုံခြုံမှုကိုသေချာစေရန် တိရစ္ဆာန်များ၏ မနှစ်မြို့မှုကို လှုံဆော်သည် အမှုန့်တချို့ ဖြူးခဲ့ကြသည်။
ယင်ရိလျို၏နှာခေါင်းသည်လည်း စပ်ဖျဥ်းဖျဥ်းခံစားနေရ၏။
အလွန်ယားယံသဖြင့် သူမ တုန်ရီ၍ ငိုညည်းသည့်အသံ တိုးတိုးများကို ပြုလုပ်ပြီး သူ၏သလင်းကျောက်နှင့်တူသော မျက်လုံးနီနီများကလည်း မျက်ရည်များနှင့် တလက်လက်တောက်ပ နေခဲ့သည်။
ကျင်းယန်လည်း ၎င်းကို သတိထားမိပြီးနောက် သူ၏ဂျာကင်အင်္ကျီကို ဖွင့်ပြီး သူငယ်ချင်းလေး၏ခေါင်းကို သူ့ရင်ဘက်ဆီသိုး ဖိလိုက်သည်။
ယုန်လေးမှာ မတုံ့ပြန်နိုင်မှီ ကြံ့ခိုင်ပြီး နွေးထွေးသည့် ရင်ဘက်ထဲတွင် မြှုပ်နှံခံရပြီးဖြစ်၏။
ကျင်းယန်၏နွေးထွေးသော အသက်ရှုငွေ့နှင့် သူ၏ခန္ဓာကိုယ်မှ သူမကိုလွှမ်းမိုးထားသည့် ထင်းရှူးသားနံ့ဖျော့ဖျော့ကို ခံစားနိုင်ပြီး နှာခေါင်းထိပ်မှ စပ်ဖျဥ်းဖျဥ်းအနံ့ကို ချက်ချင်း ဆေးကြောပစ်လိုက်လေသည်။
ကျင်းယန်၏ သန်မာပြီး အနည်းငယ်ဖောင်းနေသော ရင်အုပ်ကို သူမ၏ နူးညံ့သော လက်ဖဝါးများနှင့် ဖိလိုက်ပြီးနောက် ယင်ရိလျိုတစ်ယောက် နှလုံးသားထဲတွင် လျှို့ဝှက်စွာ ခေါင်းငြိမ့်လိုက်သည်။
အမ်း.. အထိအတွေ့က ခံစားလို့ကောင်းတယ်!
ထို့နောက် သူမ၏ ဖျက်လိုဖျက်စီးလုပ်ချင်နေသည့် လက်ဖဝါးလေးကို လက်ကြီးတစ်ဖက်က ဆုပ်ကိုင်လာခဲ့ပြီး သူမ၏ အသားပေါသည့် လက်ဖဝါးဖုလေးကို အပြစ်ပေးသည့်အနေဖြင့် ညှစ်လာခဲ့သည်။
ယုန်လေးလည်း ထပ်၍လျှောက်မထိရဲတော့ဘဲ သူ၏ရင်အုပ်ထဲတွင်သာ သူမကိုယ်သူမ မြှုပ်နှံလိုက်သည်။
ကျင်းယန်နှင့် သူ့အသင်းဖော်များအပြင် မြို့တော်ဂိတ်အပြင်ဘက် အတန်းထဲတွင် စောင့်နေသော လူတချို့ရှိ၏။
အဖြူရောင်ကုတ်နှင့် အမျိုးသားနှစ်ယောက်က ဂိတ်၏တစ်ဖက်တစ်ချက်စီတွင် ထိုင်ကာ သူတို့ရှေ့မှ စားပွဲပေါ်တွင် ချထားထားသည့် ကွန်ပျူတာကိုနှိပ်နေကြသည်။
ဤကဲ့သို့ လက်ဖျာခါလောက်သည့် မြင်ကွင်းကြောင့် ကျောင်းချီယန် ကူကယ်ရာမဲ့စွာ စုတ်သပ်လိုက်မိသည်။
“ဒီမြို့တော်Z အခြေစိုက်စခန်းက ကြီးကျယ်လွန်းတယ် အဲဒီနဂါးပျံအခြေစိုက်စခန်းဆိုလား ဘာလားထက် အဆဘယ်လောက်ပိုကြီးလဲဆိုတာ ဘုရားပဲသိလိမ်မယ်.. ဘုရားရေ သူတို့က ကွန်ပျူတာတွေတောင်မှ သုံးနေတာပဲ”
နဂါးပျံအခြေစိုင်စခန်း၌ အခြေစိုက်စခန်းထဲတွင် အာဏာကိုင်ဆောင်ထားသည့် ဆင့်ကဲပြောင်းလဲသူများအတွက် လျှပ်စစ်နှင့်အပူကို ထောက်ပံ့ရန် အသုံးပြသည့် မီးအားပေးစက် တစ်လုံးသာလျှင်ရှိ၏။
ညအခါ၌ အခန်းအများစုက မှောင်လွန်းသောကြောင့် လက်ချောင်းများကိုပင် မမြင်ရချေ။ အမြင်အာရုံအားနည်းသည့်သူများသည်က ဖယောင်းတိုင်များအတွက် အမှတ်များနှင့်သာလျှင် လဲလှယ်နိုင်လေသည်။
မြို့တော် Zမှ အခြေအနေများကို ကြည့်ခြင်းအားဖြင့် မြို့တော်တစ်ခုလုံးအတွက် စွမ်းအင်အထောက်အပံ့မှာ အလွန်ကောင်းမွန်လောက်ပေသည်။
လက်ရှိတွင် သူတို့နှင့်အတူပါလာသည့် သန္ဓေပြောင်းတိရစ္ဆာန် တစ်ကောင်ဖြစ်သော အနက်ရောင်သားပေါက်ကြောင့် လူအများ၏ အာရုံစိုက်မှုအများအပြားကို ဆွဲဆောင်ခဲ့လေသည်။
သာမာန်လူအများစုသည်က သန္ဓေပြောင်းတိရစ္ဆာန်များကို ရင်ဆိုင်ရာတွင် ပို၍ကြောက်ရွံ့ကြလေသည်။
ယင်ရိလျို ကျင်းယန်၏လက်မောင်းထဲမှ ထွက်ကြည့်လိုက်သောအခိုက်တွင် ဝံပုလွေအနက်၏ ကြည့်ကောင်းမှုကြောင့် ကောင်လေးတစ်ယောက်ကတော့ အဆွဲဆောင်ခံလိုက်ရပုံရပြီး ၎င်းကိုတောက်ပသော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။တစ်ဖက်တွင် သူ၏အမေသည်က သတိထားသည့်အမူအရာနှင့်အတူ သူမ၏လက်မောင်းထဲမှ ကလေးကို ကာကွယ်နေကာ ဝံပုလွေက နောက်တစ်စက္ကန့်တွင် သူမ၏ကလေးကို ခုန်ပြီးကိုက်မည့် လုံခြုံရေးကို ခြိမ်းခြောက်သည့်အရာတစ်ခု ဖြစ်နေသကဲ့သို့ပင်။
ထိုစဥ် ဆင့်ကဲပြောင်းလဲသူများ၌ ပို၍ရန်လိုသော အကြည့်များရှိကာ အများစုက သူတို့ကိုလေးစားနေကြပြီး ခွန်အားကို တိုင်းဆနေကြလေသည်။
မြို့တော်Z ဆီသို့မဝင်မီ လူတိုင်းက သူတို့နေရာ၏ မူလဇစ်မြစ်နှင့် သူတို့က ဆင့်ကဲပြောင်းလဲသူ ဟုတ်မဟုတ်ကို စာရင်းသွင်းရန် လိုအပ်သည်။
သူတို့၏ရှေ့၌ လူအများအပြားမကျန်တော့သောကြောင့် မကြာမီတွင် ကျောင်းချီယန်၏ အလှည့်သို့ရောက်လာခဲ့လေ၏။
သူသည်က သူတို့၏အသင်းထဲတွင် ပထမဆုံး စာရင်းသွင်းသူဖြစ်သည်။
အဖြူရောင်ကုတ်နှင့် အမျိုးသားက သူ၏နာမည်၊ အသက်အရွယ်၊ နေထိုင်ရာမူရင်းဇစ်မြစ်နှင့် ဆင့်ကဲပြောင်းလဲစွမ်းရည်ကို မှတ်တမ်းယူပြီးနောက် သူအား သူ၏စွမ်းရည်ကို လက်တွေ့ပြသရန် တောင်းဆိုခံခဲ့ရလေသည်။
ကျောင်းချီယန်က အင်္ကျီလက်ကို လိပ်တင်ပြီး သူ၏လက်မောင်းကို ဆန့်ထုတ်လိုက်သည်။
ထို့နောက် မာကျောသော အစိမ်းရောင်အရေပြားက သူ၏လက်မောင်းတစ်ခုလုံးကို ချက်ချင်းရစ်ပတ်သွားပြီး သူ၏လက်သည်လည်း ချွန်ထက်သော လက်သည်းများနှင့် အိမ်မြှောက်လက်တိုတိုများအဖြစ် ပြောင်းလဲသွားခဲ့သည်။