← Chapters

အခန်း (၇၆)

Vol. 8 Ch. 76

အခန်း (၇၆)

Vol. 8 Ch. 76

အဖြူရောင်ကုတ်နှင့်လူက ကျောင်းချီရန်၏အသွင်ပြောင်းပုံစံကိုကြည့်ကာ ခေါင်းငြိမ့်လိုက်ပြီး သူ၏ဒေတာကို ကွန်ပျူတာထဲမှတ်တမ်းတင်ပြီး သူ့နောက်တွင်ရပ်နေသော လက်ထောက်ကို ရှေ့တက်လာရန် လက်ဟန်ပြခဲ့သည်။

ကျောင်းချီယန် စိတ်ရှုပ်သွား၏။

“ဒါ ဘာကိုဆိုလိုတာလဲ?”

“မြို့တော်ထဲဝင်တဲ့ လူတွေဆီက သွေးနမူနာကို စုဆောင်းပြီး မင်းတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘယ်သန္ဓေပြောင်း ဘက်တီးရီးယားကိုမှ မသယ်ဆောင်ထားဘူးဆိုတာကို သေချာအောင်လုပ်ဖို့ ရိုးရှင်းတဲ့စစ်ဆေးမှု လုပ်ဖို့လိုတယ်.. စကားမစပ် မင်းရဲ့နောက်လက်တစ်ဖက်က ဘာဖြစ်ထားတာလဲ?”

ကျောင်းချီယန်တစ်ယေ်င် ဆန်ဖက်ထုပ်ကဲ့သို့ ပတ်ထားသော သူ၏လက်ဖဝါးကို အသာအယာမြှောက်ပြီး ပြောခဲ့သည်။

“အခုလေးတင် မြို့အပြင်ဖက် ခူကောင်တစ်ကောင် အတုပ်ခံခဲ့ရတာ.. အဲဒါက အရေးမကြီးလောက်ပါဘူး ဟုတ်တယ်မလား?”

အဖြူရောင်ကုတ်နှင့် လူကြီးက အမူအရာကင်းမဲ့နေခဲ့၏။

“ပတ်တီးဖြည့်လိုက်.. ငါတစ်ချက်ကြည့်မယ်”

ထို့ကြောင့် သူ၏လက်တွင် လတ်တလောက ပတ်ထားသည့် ပတ်တီးကို ကျောင်းချီယန် ဖယ်ရှားလိုက်ရကာ တစ်နည်းနည်းအားဖြင့် ရောင်ကိုင်းပြီး ခရမ်းရောင်သန်းနေသော လက်ဖဝါးကို ဖော်ပြလိုက်သည်။

နောက်မှ လက်ထောက်သည်လည်း စမ်းသပ်စက္ကူတစ်စနှင့် ငွေအပ်တစ်ချောင်းကို ယူလာကာ သူ၏အကောင်းပတိ လက်ချောင်းကို ဖောက်၍ စက္ကူပေါ် သွေးနှစ်စက်ညှစ်ထုတ်ပြီး ၎င်းကိုကိရိယာတစ်ခုပေါ် တင်လိုက်သည်။

ကျင်းယန်က အခြေအနေကို တိတ်တဆိတ် လေ့လာနေပြီး ကျောင်းချီယန်၏ သွေးကိုယူပြီး အမည်မသိရသည့် စမ်းသပ်စက်တစ်ခုပေါ် တင်လိုက်သောအခိုက်တွင် သူ၏ သတိက နိုးကြားသွားခဲ့ကာ ယုန်လေးအပေါ် ဆုပ်ကိုင်ထားမှုကို တင်းကြပ်လိုက်မိသည်။

သုံးမိန်လောက်ကြာပြီးနောက် ကျောင်းချီယန်၏ စမ်းသပ်မှုရလဒ်က ထွက်လာခဲ့သည်။

လက်ထောက်က မှတ်တမ်းကို အသံကျယ်ကျယ်ဖတ်နေစဥ် အဖြူရောင်ကုတ်နှင့်လူက ၎င်းကိုမှတ်တမ်းတင်ခဲ့သည်။

“သွေးနမူနာထဲမှ မူမမှန်ခြင်းတွေ ရှာမတွေ့ပါဘူး.. နောက်ပြန်ဆုတ်တဲ့ သန္ဓေပြောင်းစွမ်းရည်ကတော့ ခန့်မှန်းခြေအားဖြင့် 40% ဖြစ်ပါတယ်”

အဖြူရောင်ကုတ်နှင့်လူက ခေါင်းငြိမ့်ပြီး ကျောင်းချီယန်ကို တစ်ဖန် ပြန်ကြည့်ချိန်တွင် သူ၏မျက်နှာပေါ်မှ အပြုံးက များစွာပို၍ စစ်မှန်လာခဲ့သည်။

မြို့တော်Zထဲ၌ အထူးဆက်ဆံမှုကို ရရှိနိုင်သည့် သာမာန်လူအမျိုးအစား တစ်မျိုးသာလျှင် ရှိပြီး ထိုသူများက သိပ္ပံသုတေသနပညာရှင်များ ဖြစ်၏။

အခြေစိုက်စခန်း၏ ခေါင်းဆောင် ဂျန်နရယ် လီကျန်ကျောင်း၏ သန်မာသည့် ထောက်ပံ့မှုများနှင့်အတူ မြို့တော်Zသည် အထူးသုတေသနဌာနတစ်ခုကို တည်ဆောက်ထားလေသည်။

အပြင်ဘက်ရှိအပင်များကို လောင်ကျစေရန် အသုံးပြုခဲ့သည့် ဆေးဝါးများနှင့် သူတို့သွေးထဲမှ သန္ဓေပြောင်းမှု၏ သိပ်သည်းဆကို ထောက်လှမ်းခြင်းအားဖြင့် ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းရည်ကို အကဲဖြတ်ရန် အသုံးပြုခဲ့သည့် ကိရိယာများသည်လည်း ဤလူများ တီထွင်ထားခြင်းဖြစ်၏။

တခြားသော အခွင့်ထူးရသည့် လူများကတော့ ဆင့်ကဲပြောင်းလဲသူများသာ ဖြစ်ကြသည်။

သွေးထဲမှ မူမမှန်သည့် သန္ဓေပြောင်းမော်လီကျူးများကို အခြေခံခြင်းအားဖြင့် ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ချင်းစီ၏ သန္ဓေပြောင်းမှုဒီဂရီကို ခွဲခြားသိမြင်နိုင်လေသည်။

20% အောက်လျော့နည်းလျှင် အဆင့်နိမ့်ဖြစ်ပြီး 20% မှ 40% ကြားသည် နှိုင်းစာ၍ ထူးခြားသည့် အလယ်လတ်အဆင့်ဖြစ်သည်။

50% ထက်ပိုခြင်းကို အခြေစိုက်စခန်းတစ်ခုလုံးတွင် လက်တစ်ဖက်စာ အရေအတွက်ထက်ပို၍ ရှာမတွေ့နိုင်ချေ။ ဤလူများသည်က သံသယမရှိ သူမတူထူးကဲစွာ သန်မာသည့် ဆင့်ကဲပြောင်းလဲသူများဖြစ်သည်။

ထို့ကြောင့် ကျောင်းချီယန်၏ ဆင့်ကဲပြောင်းလဲမှုအဆင့် 40% ပေါ်ထွက်လာသောအချိန်တွင် အဖြူရောင်ကုတ်နှင့် လူသည်လညား အံ့သြသွားခဲ့လေသည်။

ကျောင်းစီ‌ဟွေ့၏ စမ်းသပ်မှုရလဒ်က 42%ထွက်လာသောအခိုက်တွင် သူ ပို၍ပင် အံ့သြသွားခဲ့သည်။

ဤအဖွဲ့ထဲတွင် အလယ်လတ်အဆင့် ဆင့်ကဲပြောင်းလဲသူ နှစ်ယောက်ပင် ရှိနေပြီဖြစ်ပြီး သန္ဓေပြောင်း တိရစ္ဆာန်တစ်ကောင်ပင် ရှိနေလေသည်။

သူ မထိန်းချုပ်နိုင်ဘဲ ကျန်ရှိနေသော ကြီးကျယ်မြင့်မြတ်သည့် အရှိန်အဝါများထုတ်လွှတ်နေသူ၏ အဆင့်ကို စောင့်စားနေမိသည်။

*

ကျောင်းစီဟွေ့ နောက်မှလိုက်သည့် အနက်ရောင်ဝံပုလွေပေါက်က အရှေ့တက်လာချိန်တွင် အဖြူရောင်ကုတ်နှင့် လူကြီး၏နောက်ရှိ လက်ထောက်က အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

သူက သ‌န္ဓေပြောင်းတိရစ္ဆာန်များအတွက် အထူးဒီဇိုင်းထုတ်ထားသည့် သင့်တော်သောအရွယ်အစားနှင့် လည်ပတ်ကို သွားယူပြီးဖြစ်သော်လည်း ရှေ့သို့တိုးမလာရဲချေ။

“စကားမစပ် မြို့တော်Zကို ဝင်တဲ့သန္ဓေပြောင်း တိရစ္ဆာန်တွေက သူတို့ကိုစောင့်ကြည့်ဖို့အတွက် သုတေသနဌာနက တီထွင်ထားတဲ့ အာရုံခံလည်ပတ်တွေကို ဝတ်မှရမယ်..

သန္ဓေပြောင်းတိရစ္ဆာန်တွေက မြို့ထဲမှလူတွေကို ဘေးဖြစ်စေခဲ့ရင် ပိုင်ရှင်က တာဝန်အပြည့်အဝယူပေးရမယ်”

ကျင်းယန်၏ မျက်ခုံးက အနည်းငယ်လောက်ပင် တွန့်မသွားခဲ့ပါချေ။ ဝံပုလွေပေါက်ကို လည်ပတ် ပတ်ခွင့်ပြုရန် ကျောင်းစီဟွေ့ကိုသာ ခေါင်းငြိမ့်ပြလိုက်သည်။

သန္ဓေပြောင်းတိရစ္ဆာန်များက သွေးစစ်ချက်မလိုအပ်သည့်အတွက် သူ စိတ်သက်သာရာရသွားသည်။မြို့တော်Zက သူငယ်ချင်းလေး၏ သွေးကိုထုတ်ချင်လျှင် သူ့အနေဖြင့် သူ၏အသင်းဖော်များကိုခေါ်ကာ ချက်ချင်း ထွက်သွားမည်ဟု အစီအစဥ်ချထားခဲ့သည်။

နောက်ဆုံးတွင်တော့ သူငယ်ချင်းလေး၏အခြေအနေက ထူးခြားလွန်းနေသည်။ သူမကို မိသွားလျှင် သူတို့က သူမကို သေချာပေါက် ခွဲစိတ်ပြီး သုတေသနလုပ်ပေလိမ့်မည်။

“နာမည်”

“ကျင်းယန်”

“မူလဇစ်မြစ်”

“...”

သူ၏ ဆင့်ကဲပြောင်းလဲစွမ်းရည် အကြောင်းကို အမေးခံရချိန်တွင် ကျင်းယန်က သူ၏မျက်လုံးများကို နှိမ့်ပြီး‌ ပြောခဲ့သည်။

“ကျွန်‌တော့်မှာ ပိုကောင်းတဲ့ အမြင်အာရုံရှိတယ်”

သူ၏ဆင့်ကဲပြောင်းလဲစွမ်းရည်က သာမာန်အာရုံခံစားမှု အမျိုးအစားဖြစ်ကြောင်း အဖြူရောင်ကုတ်နှင့် လူကြီး သိသွားချိန်တွင် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

ကျင်းယန်က အဆင့်ကို မှတ်သားနိုင်ရန် အကွာအဝေးတစ်ခုမှ ခေါင်းလောင်းမျှော်စင်ပေါ်တွင် ချိတ်ဆွဲထားသည့် သင်္ကေတများ၏ ပုံကို ဖော်ပြပေးလိုက်သည်။

ထိုအချိန်တွင် သူမ၏ အကြည့်များကို ကျင်းယန်ဆီသို့ ဆက်တိုက်ရွှေ့လျားနေကာ ရှက်သွေးဖြာနေသော လက်ထောက်သည်လည်း ကျင်းယန်၏ သွေးစစ်ရလဒ်ကို လက်ခံရရှိခဲ့လေသည်။

စာရွက်ပေါ်မှဒေတာကို ကြည့်လိုက်ပြီး သူမ၏အမူအရာ ပြောင်းလဲသွားခဲ့သည်။

“ဆင့်ကဲပြောင်းလဲမှုအဆင့် 60%?!”

တစ်ထပ်တည်း တူညီသော ထိတ်လန့်နေသည့် အမူအရာတို့နှင့်အတူ အဖြူရောင်ကုတ်နှင့်လူကြီးသည်လည်း ထိုင်ခုံပေါ်မှ ရုတ်ခြင်းထရပ်လိုက်သည်။

သူက လက်ထောက်၏ လက်ထဲမှစစ်ဆေးမှုမှတ်တမ်းကို ဆောင့်ဆွဲယူပြီး ရလဒ်များကို ဂရုတစိုက်ကြည့်ပြီးနောက် သူ၏အမူအရာက အနည်းငယ်ထူးဆန်းသွားသည်။

သွေးစစ်ရလဒ်အရ လူငယ်လေး၏ သန္ဓေပြောင်းမှု သိပ်သည်းဆသည်က အမှန်ပင် 60%ဖြစ်၏။

သူသည် အလွန်အမင်းရှားပါးသော အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ဖြစ်ပေသည်။

သို့သော် ထူးဆန်းသည့်အရာမှာ ညီညီမျှမျှဖြန့်ဝေနေသင့်သော သန္ဓေပြောင်းမော်လီကျူးများသည်က တခြားသူများနှင့်ကွဲပြားစွာ အချို့နေရာများ၌ အလွန်အမင်းမြင့်မားနေပြီး အခြားနေရာများတွင် အလွန်အမင်းနိမ့်နေခဲ့သည်။

အနည်းဆုံးက 15%ဖြစ်ကာ ရှင်းလင်းစွာပင် အဆင့်နိမ့်ဖြစ်သည်။

ဖြစ်နိုင်ချေတစ်ခုကို ထည့်သွင်းစဥ်းစားပြီးနောက် သူ့တွင်ဖုံးကွယ်နေသော ဖျားနာမှုရှိမရှိ ကျင်းယန်ကို မေးလိုက်သည်။

တစ်ဖက်လူ၏ခြေထောက်တွင် ပြင်းထန်သော ထိခိုက်မှုရှိခဲ့ကြောင်း အဖြေကိုလက်ခံရရှိပြီးနောက် အဖြူကုတ်နှင့်လူကြီးလည်း နားလည်သွားခဲ့သည်။

ထိုသို့ဆိုလျှင် ၎င်းကဖြစ်နိုင်လေသည်။

သို့သော်ငြား ကျင်းယန်ဟု အမည်ရသည့် ဤလူ၏ဆင့်ကဲပြောင်းလဲစွမ်းရည်သည် အာရုံခံစားမှုဦးတည်ချက်တွင် ဖြစ်၏။ သူ၏ခြေထောက်မှဒဏ်ရာသည်က သူ၏အမြင်စွမ်းရည်ကို သက်ရောက်မည်မဟုတ်ချေ။

သူ၏စွမ်းရည်က အနည်းငယ်အသုံးမဝင်‌ ဖြစ်ခဲ့ရုံသာ။

သို့သော် သူ၏စွမ်းရည်က မည်သည့်အရာပင် ဖြစ်နေပါစေ အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ဖြစ်သရွေ့ မြို့တော်Z ထဲဝင်ပြီးနောက် သူ့ကိုအဖွဲ့ဝင်သစ်စုဆောင်းရန် ကြိုးစားမည့် အင်အားစုအများအပြား၏အာရုံစိုက်မှုကို သံသယမရှိ ဆွဲဆောင်မည်ဖြစ်ပြီး သူ၏ကျန်သည့်ဘဝတစ်လျှောက်လုံး အစားအစာအတွက် စိတ်ပူရန် မလိုတော့ချေ။

ဤသည်ကိုစဥ်းစားကာ အဖြူရောင်ကုတ်နှင့်လူကြီး၏ မျက်နှာပေါ်တွင် မနာလိုစိတ်တစ်စွန်းတစ်စ ပေါ်လာခဲ့သည်။

သို့သော်ငြား ကျင်းယန်က ပုံမှန်ဆင့်ကဲပြောင်းလဲသူများနှင့် မတူသည်ကိုသူမသိခဲ့ချေ။

သူ၏ခန္ဓာကိုယ်ကို ဆက်တိုက်ဆင့်ကဲပြောင်းလဲနေရန် တိုက်တွန်းနေသည့် စွမ်းအင်တစ်ခုက သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေ၏။

ဒေတာများကို မှတ်တမ်းယူပြီးနောက် ကျင်းယန်၏လက်မောင်းထဲတွင် လူးလွန့်နေသော သက်ရှိအဖြူရောင်သတ္တဝါပေါ်သို့ သူ၏အကြည့်ကျရောက်သွားခဲ့ပြီး သူ၏အမူအရာက အနည်းငယ် ရှုပ်ထွေးသွားသည်။

ပျက်က၏ပ်နောက်ဆက်တွဲအနေဖြင့် ၎င်းတို့၏အနီးစပ်ဆုံးနေရာကို ခြေရာခံရန်နှင့် မတော်တဆဖြစ်ပွားခဲ့လျှင် ၎င်းတို့ကိုချက်ချင်း ထိန်းသိမ်းရန် အလို့ငှာ သန္ဓေပြောင်းတိရစ္ဆာန်များ၏ အမျိုးစားပေါ်မူတည်၍ လည်ပတ်အချို့ ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း ဤမျှသေးငယ်သော သန္ဓေပြောင်းတိရစ္ဆာန်များက အလွန်ရှားပါးလွန်း၏။ သန္ဓေပြောင်း ကြက်၊ ကြောင်နှင့် ခွေးများကို သူတို့နှင့်အတူ ခေါ်လာသည်ကို မြင်ဖူးသော်လည်း သန္ဓေပြောင်း”ပိုးကောင်”များကို သယ်ဆောင်လာသူ မည်သူကိုမှ သူမမြင်ဖူးချေ။

ဤအသုံးမကျသည့် ပထမအဆင့် သန္ဓေပြောင်းတိရစ္ဆာန် လည်ပတ်များသည်က သဘာဝရ အလျှောက် အသုံးပြုရန် လိုအပ်သည့်အရေအတွက် အလွန်နည်းပါးပြီး နည်းသောကြောင့် သူတို့တွင်ရှိသော လည်ပတ်များသည်က သုတေသနဌာနထဲတွင် ဖုန်မှုန်များကို စုဆောင်းနေကြလေသည်။

အချိန်ခဏကြာအောင် ဂရုတစိုက်လေ့လာပြီးနောက် ကျင်းယန်၏လက်မောင်းထဲမှ ယုန်သည်က ပုံမှန်အရွယ်အစားနှင့် သာမာန်ယုန်တစ်ကောင် ဖြစ်သည်ကို ရှာတွေ့သွားသဖြင့် သူအံ့သြသွားခဲ့သည်။

ပျက်ကပ်က အလွန်အမင်း ထူးခြားသည်ဆိုကတည်းက တိရစ္ဆာန်များ သန္ဓေမပြောင်းသွားသည်ကိုလည်း နားလည်ပေးသင့်လေသည်။‘ကမ္ဘာလုံးဆိုင်ရာ ဇီဝဆင့်ကဲပြောင်းလဲမှု’ဆိုသော ဤသဘာဝဖြစ်စဥ်အောက်တွင် ဆင့်ကဲမပြောင်းလဲ၊ သန္ဓေမပြောင်းခဲ့သည့် သက်ရှိများကိုလည်း သူတို့ကြုံတွေ့ခဲ့ရပြီး ဤသက်ရှိများကို ခန္ဓာဗေဒဆိုင်ရာ သုတေသနအတွက် သူတို့၏ဌာနဆီ ခေါ်ဆောင်ခဲ့ကြသည်။

အဆုံးသတ်၌ သန္ဓေမပြောင်းခြင်းသည်က ကောင်းသောအရာမဟုတ်ဘဲ ထို့အစား ဤသက်ရှိများတွင် ရောဂါများရှိနေပြီး သူတို့၏ပတ်ဝန်းကျင်မှ စွန့်ပစ်ခံခဲ့ရခြင်းသာဖြစ်ကြောင်းကို သူတို့ရှာတွေ့ခဲ့ကြသည်။

လူကြီး၏ အကြည့်က သူ့လက်မောင်းထဲတွင်ရှိနေသည့် ယင်ရိလျိုပေါ်တွင် မြဲမြံနေဆဲဖြစ်သည်ကို သတိထားမိလျှင် ကျင်းယန်တစ်ယောက် သူ၏မကျေနပ်မှုကို ဖိနှိပ်ပြီး အနည်းငယ်မည်းမှောင်သည့် အမူအရာနှင့်ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ အိမ်မွေးယုန်လေးက သာမာန်တိရစ္ဆာန်ပါပဲ.. အန္တရာယ်လည်စမရှိပါဘူး.. သူ့ကို လည်ပတ်တပ်ဖို့ လိုမယ်လို့ ကျွန်တော်မထင်ဘူး”

ဤသူငယ်ချင်းလေးအား ထိုအစုတ်အပြတ်လည်ပတ်ကို ဝတ်ခွင့်မပြုနိုင်ပေ။

သို့ဆိုပါက သူမ၏လှုပ်ရှားမှုများက မှတ်တမ်းတင်ခံရရုံသာမက အနာဂတ်တွင် သူမ လူသားတစ်ယောက်အဖြစ် လျှို့ဝှက်စွာ ပြောင်းချင်လျှင် မပြောင်းနိုင်ဖြစ်နေပေလိမ့်မည်ပင်။

All Chapters