အခန်း (၇၇)
Vol. 8 Ch. 77
ဂျူတီကုတ်နှင့် အမျိုးသား၏ မျက်နှာပေါ်တွင် တုံ့ဆိုင်းသည့်အရိပ်အယောင်တို့ ရှိနေသော်လည်း သူ့လက်ကိုဝှေ့ရမ်းပြီး ကျင်းယန်ကိုဝင်ခွင့်ပြုလိုက်သည်။
ထားလိုက်ပါတော့..
ဤအဆင့် သန္ဓေပြောင်းတိရစ္ဆာန်များ၏ လည်ပတ်က ရှာဖွေရန်ပင် အလွန်ခက်ခဲမည်ဖြစ်၏။ သူ၏ရှေ့မှ ဤအဆင့်မြင့် ဆင့်ကဲပြောင်းလဲသူကိုလည်း သူ မျက်နှာသာပေးသင့်ပေသည်။
သာမာန်ယုန်တစ်ကောင်က ပြဿနာအများအပြား မဖြစ်ပွားစေနိုင်လောက်ချေ။
ထိုစိတ်နှင့်အတူ ထိုအမျိုးသားက ကျင်းယန်နှင့် သူ၏အသင်းဖော်များကို မြို့တော်Zဆီသို့ ဝင်ခွင့်ပြုလိုက်သည်။
ဤထူးကဲသည့် အခြေစိုက်စခန်းထဲသို့ သူတို့ခြေချလိုက်သည်နှင့် မြို့တစ်ဝိုက်တွင် လှည့်လည်သွားလာနေသော သာမာန်လူများက မျက်နှာသစ်များကို သတိထားမိပြီး ဤလူ အနည်းငယ်ကို အထက်အောက်ကြည့်ပြီးနောက် သူတို့၏မျက်လုံးများက တောက်ပသွားသည်။
သန့်ရှင်း၍ သပ်ရပ်သော အသွင်အပြင်၊ စိတ်အေးလက်အေး အမူအရာများကိုပါ ပေါင်းစပ်ကြည့်ပါက ဤလူများမှာ ဆင့်ကဲပြောင်းလဲသူတစ်ဖွဲ့ဖြစ်မည်မှာ သေချာပေ၏။
ထိုအခိုက် ဤနေရာတစ်ဝိုက်တွင် စောင့်နေခဲ့သော လူအစုလိုက်အပြုံလိုက်တို့က ရှေ့သို့အပြေးအလွှားတက်လာပြီး ကျင်းယန်နှင့်အခြားသူများကို ဝန်းရံလိုက်ကြသည်။
“ကျွန်တော့်ကို ပေါင်မုန့်သုံးလုံးပဲပေး.. သိချင်တဲ့ အရာအားလုံးကို သေသေချာချာ မသိမချင်း မြို့တော် Zတစ်ဝိုက် လိုက်ပြပေးမယ်! အသင့်စားခေါက်ဆွဲခြောက်ဆိုလည်း လက်ခံပါတယ်!”
“ လူကြီးမင်း.. မြို့တော်Zထဲက အင်အားစုတွေနဲ့ မြို့တွေရဲ့ ဖြန့်ဖြူးမှုသတင်းတွေအတွက် အလဲအလှယ်အနေနဲ့ ပေါင်မုန့်နှစ်လုံးပါ.. မြို့ထဲမှာအနိမ့်ဆုံး စျေးနှုန်းပါပဲ”
“လူကြီးမင်း .. ကျွန်တော်လည်း နှစ်လုံးဆို ရတယ်”
“...”
မြို့တော်ဂိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များနှင့်အတူ ပျက်ကပ်အကြိုနှင့်အနီးစပ်ဆုံး မြို့အခြေအနေကို ပထမဆုံးအကြိမ်အဖြစ် ယင်ရိလျိုမြင်ခဲ့ရသည်။
အဆောက်အဦးများကြားတွင် ရန်မမူတတ်သော ဧရာမအပင်များသာ ကျန်နေခဲ့ပြီး လမ်းများပေါ်မှ လူအများစုသည်ကား ပိန်လှီကာ အဝါရောင်သန်းနေသော မျက်နှာနှင့် အဝတ်အစုတ်အပြဲများကိုသာ ဝတ်ဆင်ထားကြသည်။
သန့်ရှင်းသည့်အသွင်အပြင်နှင့် လူများသည်က အလွန်နည်းပါးလှပြီး အများအားဖြင့် ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြလေသည်။
စတိုးဆိုင်အမျိုးအစားနှင့် ဗန်းရွက်စျေးသည်များ အားလုံးကလည်း လမ်းဘေးနှစ်ဖက်လုံးရှိ မြေပြင်ပေါ်တွင် သူတို့၏ကုန်ပစ္စည်းများကို ရောင်းချနေကြသည်။
မြို့တော်Zမှာ ထူထပ်သော လူအသွားအလာနှင့် ထူးကဲသောအခြေစိုက်စခန်း ဖြစ်နေကတည်းက သာမာန်လူများနှင့် ဆင့်ကဲပြောင်းလဲသူ နှစ်မျိုးလုံးမှ လူအများအပြားကလည်း နေ့တိုင်းနီးပါး မြို့ထဲကို ဝင်နေခဲ့ကြသည်။
မြို့တော်Zမှ ဒေသခံအုပ်စုက ဤသည်ကို စီးပွားရေးအခွင့်အရေး တစ်ခုအဖြစ် မြင်ခဲ့ပြီး မြို့တော်ဂိတ်တွင် နေ့တိုင်းထိုင်က် ဖောက်သည်များကို စောင့်နေခဲ့ကြသည်။
မျက်နှာသစ်များ ဝင်လာနေသရွေ့ သူတို့ကိုယ်သူတို့ ကြော်ငြာရန် အစုပြုံလိုက်သွားတတ်ကြပြီး အပြင်ဘက်မှ ဆင့်ကဲပြောင်းလဲသူများထံတွင် ဤမြို့မှ အာဏာဖြန့်ဝေမှုနှင့် မြို့တော်Z၏ တည်ဆောက်ပုံအကြောင်းကို စားစရာအချို့နှင့် အလဲအလှယ်အဖြစ် ပြောပြလေ့ရှိကြသည်။
ဤလူများထဲမှ အများစုမှာ အသက်လေးဆယ်အရွယ်တွင် ဖြစ်ကြသည်။
သူတို့သည်ကား ပျက်ကပ်မတိုင်ခင်ကလည်း အလုပ်လက်မဲ့များဖြစ်ကြပြီး ပျက်ကပ်ဖြစ်ပြီးနောက်တွင်ပင် အသုံးမကျဆဲ၊ သတ္တိကြောင်ဆဲ ဖြစ်ကြသည်။
ဆောက်လုပ်ရေး သို့မဟုတ် သန့်ရှင်းရေအလုပ်ကို လုပ်ရန်အတွက် အလွန်ပျင်းရိနေကြပြီး ကင်းလှည့်ခြင်းနှင့် မြို့ပြင်သို့ စူးစမ်းလေ့လာခြင်းကဲ့သို့ တာဝန်များယူရန်အတွက်လည်း သေဆုံးမည်ကို အလွန်ကြောက်နေကြသည်။
သူတို့တစ်ယောက်ချင်းစီတွင် ဖိုသီးဖတ်သီးဆံပင်များနှင့် သူတို့မျက်နှာပေါ်မှ အညစ်အကြေးများမှာလည်း မြေကြီးထက်ပင် ပို၍ညစ်ပတ်သောလေသည်။
သူတို့က ကျင်းယန်၏အသင်းဆီသို့ ချည်းကပ်လာလျှင် သူတို့၏ပတ်လည်မှ လေထုတွင် ချဥ်စုတ်သည့်အနံ့တစ်ခုက ပျံ့နှံ့နေခဲ့သည်။
ကျင်းယန်၏အမူအရာက အနည်းငယ်မှောင်မိုက်သွားသော်ငြား သူ မည်သည့်စကားကိုမှ မပြောနိုင်ခင် သူ၏ဘေးမှ အနက်ရောင်ဝံပုလွေက ရုတ်တရက်ရှေ့သို့ တက်လာပြီး တိုးဝှေ့နေသော လုအုပ်ကြီးကို ဟိန်းဟောက်ကာ ၎င်း၏ လည်ချောင်းထဲမှလာသော မာန်ဖီသံကိုထုတ်လွှတ်၍ ဖြူဖွေးသော သွားများကိုဖော်ထုတ်ကာ ခြိမ်းခြောက်လိုက်လေသည်။
အပြေးအလွှားရောက် လာကြသော လူများ၏မျက်နှာက အကြောက်တရားဖြင့် ဖြူဖျော့သွားကြပြီး သူတို့၏ခြေထောက်များကလည်း တုန်ရီသွားကာ နောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။
“သ.. သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင် ဖောက်ဝင်လာတယ်”
သူတို့ မည်သည့်နေရာကို သွားပါစေ သန္ဓေပြောင်းတိရစ္ဆာန်များက အပေါ်လွင်ဆုံး တည်ရှိမှုများဖြစ်ကာ အထူးသဖြင့် လူသားများထံတွင် ယဥ်ပါးစေခြင်းခံရသော ထိုအကောင်ဖြစ်၏။
ချက်ချင်းပင် မြို့ထဲမှ အင်အားစုတချို့က ကျင်းယန်နှင့် သူ၏အသင်းဖော်များကို ကြည့်လာခဲ့ကြသည်။
လူအုပ်စုက ကြောက်လန့်နေသည့်အချိန်၌ပင် ထိုလူအုပ်ထဲမှ ပု၍ ညှက်သည့်ကောင်လေးတစ်ယောက်၏ ခေါင်းမှ ညှစ်ထွက်လာလေသည်။သူက သူ၏နှလုံးသားထဲမှ အကြောက်တရားကို တောင့်ခံလျက် တိတ်ဆိတ်နေသည့် ခဏကို အခွင့်ကောင်းယူကာ မဝံ့မရဲပြောလိုက်သည်။
“လူကြီးမင်း.. ကျွန်တော့်အတွက် ပေါင်မုန့်တစ်ခုပဲ လိုပါတယ်”
ဤစကားသံကိုကြားလျှင် ယင်ရိလျို၏အာရုံက လူအုပ်ထဲတွင် ရောနှောနေသော ထိုကလေးဆီသို့ ရောက်ရှိသွားခဲ့သည်။
ကောင်လေး၏ညစ်ပတ်သော မျက်နှာပေါ်မှ သူ၏ရိုးစင်းသော အဖြူနှင့်အမည်း မျက်လုံးများက ကြည်လင်နေကြောင်းကို မြင်နိုင်လေသည်။
ကျင်းယန်နှင့်သူ၏အသင်းဖော်များ အားလုံးက သူ့ကိုကြည့်နေသည်ကို မြင်လျှင် သူက တစ်ကြိမ်ထပ်၍ သတ္တိစုပြီးပြောလိုက်သည်။
“ပေါင်မုန့် တစ်လုံးတည်းနဲ့ မြို့တော်Z အကြောင်းနှင့် ပတ်သက်တဲ့သတင်းအချက်အလက်တွေအားလုံးကို ကျွန်တော် ပြောပြနိုင်တယ်”
သူ၏ဘေးမှ သက်လတ်ပိုင်းလူကြီးက ပြန်လည်းအသိဝင်လာခဲ့သည်။
ထိုလူကြီး၏မျက်နှာပေါ်တွင် ဒေါသထွက်နေသောအရိပ်အယောင်တို့ထင်ရှားစွာ ထွက်ပေါ်လာခဲ့ပြီး ကောင်လေး၏ ခေါင်းနောက်ကို အားပြင်းပြင်းနှင့်ရိုက်လိုက်လေသည်။
ရိုက်နှက်သည့် အသံပင် ကျယ်လောင်စွာ ထွက်လာပြီးနောက် သူ၏နံစော်သော တံတွေးကိုလည်း ကလေး၏မျက်နှာပေါ်သို့ ထွေးလိုက်သေးသည်။
“ဒီမိမစစ်ဖမစစ်လေးက အချောင်ပေါက်တွေ အမြဲရှာနေတာ.. သူ့ရဲ့အဓိပ္ပာယ်မရှိတာတွေကို နားမထောင်ပါနဲ လူကြီးမင်း.. ဒီကောင်စုတ်လေးက အရမ်းခိုးတတ်တာ..
မြို့တော်ထဲမှ အာဏာဖြန့်ကျက်မှုအကြောင်းကို သူ ဘာမှမသိဘူး.. အကုန်လုံးက အစားအစာအတွက် အလိမ်အညာတွေချည်းပဲ”
“အဲဒါအမှန်ပဲ သူကိုပစ်ထုတ်လိုက်”
ထိုကလေးမှာ အလွန်ပင် လူမုန်းများပုံရသည်။
သူက အစားအသောက်ကို အလွန်အနည်းငယ်သာ စားသောက်ပြီး ဉာဏ်ကောင်းသောကြောင့် ဤလူအုပ်စုထံမှ ‘စီးပွားရေး’ကို အကြိမ်ရေအချို့ လုယက်သည့်အတွက် စက်ဆုပ်ခံရသည်မှာ ကြာနေခဲ့ပြီဖြစ်ပုံရသည်။
လူကြီးက ကောင်လေး၏ပါးကို ပြင်းထန်စွာ ဖြတ်ရိုက်ခြင်းအားဖြင့် ရှုပ်ထွေးနေသည့်အခွင့်အရေးထဲမှ အမြတ်ယူခဲ့သည်။
မကြာမှီ ထိုကလေး၏ပိန်လှီသော လည်ပင်းက ရှေ့နောက် ယိုင်ထိုးသွားခဲ့သော်လည်း သူက အံကိုတင်းတင်းကြိတ်ပြီး နာကျင်မှုကို သည်းခံခဲ့လေသည်။
ယင်ရိလျို သူ့အတွက် စိတ်ပူသွားရသည်။
ကျင်းယန်က လူအုပ်ကြီးကြောင့် ညှစ်ထုတ်ခံရတော့မည့် ပိန်လှီသည့်ကောင်လေးကို လက်ညှိုးထိုးပြီး လေသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။
“ဒါဆို မင်း..”
မြို့ထဲတွင် အနိမ့်ဆုံးစျေးဖြစ်သောကြောင့် သူ့ကိုမရွေးချယ်ရန် အကြောင်းပြချက်မရှိချေ။
ကျင်းယန်က သူ့ကိုရွေးချယ်ရန် ဆန္ဒရှိသေးမည်ဟု ကောင်လေးက မမျှော်လင့်ထားပုံရသည်။
သူ့၏ရှေ့မှ အဖွဲ့ကိုကြည့်လျက် ခဏတာလောက်ကြက်သေသေသွားခဲ့လေသည်။ တစ်ခဏကြာပြီးနောက်တွင် သူ၏ညစ်ပတ်နေသော မျက်နှာလေးပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာပြီး ခေါင်းငြိမ့်၍ အမူအရာကလည်း လုပ်ငန်းမုဒ်သို့ ပြောင်းလဲသွားခဲ့သည်။
“အမျိုးသမီးများနှင့် လူကြီးမင်းများ ကျွန်တော့်နှင့် လိုက်ခဲ့ကြပါ .. ကျွန်တော် ခင်ဗျားတို့ကို အကုန်လုံးပြောပြပါ့မယ်”
ကောင်ငယ်လေး၏ ခန္ဓာကိုယ်မှာ ကောက်ရိုးများဖြင့် ထောက်ပံ့ထားသည် စက္ကူရုပ်တုငယ်ကဲ့သို့ ပိန်ပါးပြီး သူ၏လည်ပင်းပိန်ပိန်ကသာ သူ၏ခေါင်းကို ထောက်ပံ့ထားသောကြောင့် သူသည် လက်နှင့်တို့ထိရုံဖြင့် လဲကျသွားမည်နှင့်တူလေသည်။
ကျောင်းစီဟွေ့ သူ့အတွက် ဂရုဏာသက်မိခဲ့က် စူးရှနာကျင်သည့်ခံစားချက်ကို ခံစားခဲ့ရသည်။
ကလေး၏မျက်နှာက အမြဲတစေအပြုံးတစ်ခုနှင့် တောက်ပနေခဲ၏။
ထို့အပြင် မည်သည့်နေရာမှ သင်လာမှန်း မသိရသော်လည်း သူတို့ကို ‘ Sirနှင့် ‘Miss’ဟူ၍ ဆက်တိုက်ခေါ်နေခဲ့သည်။
သူက ငယ်ရွယ်သော်လည်း အလွန်အသေးစိတ်သည့် ညွှန်ကြားချက်တို့ကို ပေးခဲ့လေသည်။
ပထမဆုံး လီကျန်ကျောင်းနှင့် နျိုဖေးဟောင်ကြားမှ အကျိုးတူဆက်ဆံရေးကိုရှင်းပြခဲ့သည်။
၎င်းသည်က သူတို့နဂါးပျံအခြေစိုက်စခန်း၌ သိခဲ့သည့်အချက်အလက်တို့နှင့် ဆင်တူသော်လည်း ပို၍အသေးစိတ်လေသည်။
လီကျန်ကျောင်းကို ဗဟိုအစိုးရမှ ဗိုလ်ချုပ်ကြီးအဆင့် သတ်မှတ်ချက်ဖြင့် ဤနေရာသို့ တာဝန်ချပေးထားခြင်းဖြစ်ပြီး ဆွေမျိုးဟူ၍ မရှိဘဲ လူယုံတစ်ယောက်သာလျှင် ရှိ၏။
သူသည်က စစ်တပ် တပ်ဖွဲ့များ၊ သုတေသနဌာနများနှင့် လက်နက်ခဲယမ်းများ၊ ပစ္စည်းကိရိယာများကိုလည်း အဓိကအားဖြင့် စီမံခန့်ခွဲ့သည်။
မြို့တော်Z၌ သူ၏နာမည်ကောင်းက နျိုဖေးဟောင်ထက် အနည်းငယ်ပိုမြင့်ပြီး သာမာန်လူများ၏ မျက်လုံးထဲတွင်တော့ သူသည်က လက်ခံနိုင်သော ပုံရိပ်ဖြစ်သည်။
ထိုအချိန်တွင် နျိုဖေးဟောင်၏ လက်အောက်တွင်တော့ အမျိုးမျိုးသောစွမ်းရည်များနှင့် ဆင့်ကဲပြောင်းလဲသူများက ပို၍များပြားပြီး အပေါ်စီးဖြင့် ဆက်ဆံတတ်သည့် အမျိုးအစားဖြစ်ကာ အခြေစိုက်စခန်းထဲ၌ သူတို့ ရှောင်ရှားသင့်သည့် လူမျိုးထဲတွင် ပါဝင်၏။
သူ့ထံတွင် နျိုရင်းဟု အမည်ရသော အဖိုးတန်သမီးတစ်ယောက်ရှိပြီး နျိုဖေးဟောင်၏လက်ဖဝါးထဲတွင် အလိုလိုက် ဖျက်ဆီးခံထားရသည်ဟု ပြော၍ရလေသည်။
သူမက ဆင့်ကဲပြောင်းလဲ စွမ်းရည်များမရှိသည့် သာမာန်လူတစ်ယောက်ဟု ပြောကြသည်။
ထို ကလေး မည်သည့်အရာကို တွေးတောနေသည်ကို သူတို့မသိသော်လည်း သူသည်က ထိုအကြောင်းကိာပြောချိန်တွင် အနည်းငယ် တုန်ရီပြီး သူ၏အသက်နှင့်မလိုက်သည့် လေးနက်သော မျက်နှာနှင့် ပြောခဲ့လေသည်။“မစ်နျိုကို ဘယ်တော့မှ ရန်မစမိစေနဲ့.. အမျိုးသမီးတွေက အာဃာဏတရားကို လက်ကိုင်အထားဆုံးပဲ”
သူ၏ ခေါင်းကို ခါရမ်းသည့်အမူအရာကြောင့် ယင်ရိလျို အနရ်းငယ်ရယ်ချင်သွားရသည်။
ဤကလေး၏ ပြောဆိုပြုမူပုံသည်က အသက်အရွယ်နှင့်မလိုက်ပါချေ။ သူက လူကြီးလေးနှင့်ပင်တူကာ ဤကဲ့သို့ ငယ်ရွယ်သည့် အရွယ်၌ပင် အမျိုးသမီိးများက အာဃာဏကို ဆုပ်ကိုင်သည်ဟု စတင်စဥ်းစားနေပေပြီ ။
ကျောင်းချီယန်မှာ ရွှတ်နောက်နောက် လုပ်တတ်သော လူငယ်တစ်ယောက်ပင်ဖြစ်သည်။
ဤကဲ့သို့ စိတ်ဝင်စားစရာကောင်းသော ကောင်လေးတစ်ယောက်ကို တွေ့လျှင် သူ့ကို မစနောက်ဘဲ မနေနိုင်ဲ့ချေ။
“မင်းရဲ့အသက်က ဘယ်နှနှစ်ရှိပြီလဲ?”
“ကျွန်တော်က မကြာခင် ကိုးနှစ်ပြည့်တော့မှာ”
ယင်ရိလျိုနှင့် ကျောင်းစီဟွေ့တို့ နှစ်ယောက်လုံး အနည်းငယ် အံ့သြသွားကြလေ၏။ သူတိာ့အနေဖြင့် ဤကောင်လေးက အများဆုံး ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ဟုသာ ထင်ခဲ့ကြသည်။
သူက ယင်ရိလျို၏ လူသားအသွင်နီးပါးလောက်သာ အရပ်ရှည်သော်လည်း စင်စစ်တွင် ကိုးနှစ်ပြည့်လုနီးပါးပင် ဖြစ်နေခဲ့သည်။