← Chapters

အခန်း (၇၈)

Vol. 8 Ch. 78

အခန်း (၇၈)

Vol. 8 Ch. 78

“မင်းရဲ့မိဘတွေကရော? သူတို့ကဘာလို့ မင်းကိုတစ်ယောက်တည်း ထွက်ခွင့်ပြုရတာလဲ? ဒီလိုအသက်ငယ်ငယ်လေးနဲ့ အဲဒီလူတွေနဲ့ ယှဥ်ပြိုင်ရဲတယ်ပေါ့.. သူတို့ မင်းကို အနိုင်ကျင့်မှာ မကြောက်ဘူးလား?”

“ကျွန်တော် မကြောက်ပါဘူး”

ကောင်လေး၏မျက်နှာက တည်ငြိမ်ပြီး လျစ်လျူရှုသော အကြည့်ဖြင့် ပြည့်နေခဲ့သည်။

“သူတို့က အများဆုံး ကျွန်တော့်ကို ရိုက်ရုံလောက်ပဲ.. ဘယ်လိုပဲဖြစ်ဖြစ် စားပြီးလို့ အစာအိမ်ထဲကိုရောက်နေတဲ့ စားစရာကို သူတို့ရိုက်ထုတ်နိုင်တာမှ မဟုတ်တာ.. လူကြီးမင်း .. ကျွန်တော့်ရဲ့စားစရာကို ကြိုယူထားလို့ရမလား?”

ကောင်‌လေး၏မျက်နှာပေါ်တွင် သတိထားသည့်အမူအရာကို ဆင်မြန်းထားကာ ကျင်းယန်မှ သူ့အားစိတ်ဆိုးသွားမည်ကိုလည်း ကြောက်နေခဲ့ပုံရသည်။

သူ့အနေဖြင့် အတိတ်တွင် လှည့်စားခံရခြင်း သို့မဟုတ် ‘အခကြေးငွေများ’ မပေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဤအခြေအနေမျိုးအတွက် အလွန်အမင်းအတွေ့အကြုံ ရှိနေပုံရသည်။

*

ကျင်းယန် သူ့၏နောက်ကျောထဲတွင်ရှိနေသည့် အိတ်ထဲမှ ပေါင်မုန့်မီးကင် အပိုင်းကြီးတစ်ခုကို ထုတ်ယူပြီး ကောင်လေးဆီသို့ ပစ်ပေးလိုက်သည်။

ကောင်လေးကလည်း ၎င်းကိုသူ၏လက်မောင်းထဲ အလျှင်အမြန်ဖက်ထားလိုက်သည်။ ဤတစ်ကြိမ်အတွက် ဖောက်သည်က အလွန်ရက်ရောမည်ဟု သူမမျှော်လင့်ထားခဲ့ချေ။

သူက အထုတ်ကို အလျှင်အမြန်ဖြဲဖွင့်ပြီး ပေါင်မုန့်ကို သူ့ပါးစပ်ထဲသို့ ထိုးသွတ်လိုက်သည်။ သူ၏ပိန်လှီသည့် လည်ပင်းဖြင့် အစားအစားကို ဇွတ်အတင်းမြိုချနေသည်အား စောင့်ကြည့်ရင်း ကျောင်းစီဟွေ့ သူ့အတွက် ဝမ်းနည်းသွားခဲ့သည်။

“ကျွန်တော်ရဲ့မိဘတွေက ဒီကိုလာတဲ့လမ်းမှာပဲ သေသွားခဲ့တာ”

ကောင်လေးက စားသောက်၍ ဆက်ပြောခဲ့သည်။

“ကျွန်တော် မြို့တော်Zဆီကို တခြားသူတွေရဲ့ပစ္စည်း‌တွေ နောက်ကနေလိုက်လာခဲ့တာ.. ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့အတွက် အလုပ်ရှာဖို့ လိုတယ်လေ.. တခြားအလုပ်တွေကို ကျွန်‌တော်မလုပ်နိုင်ဘူး ပြီးတော့ ဘယ်သူကမှ ကျွန်တော့်ကို မငှားချင်ကြဘူး”

သူက ဤအကြောင်းများကိုပြောနအရာအားလုံးချိန်တွင် ကျင့်သားရနေသကဲ့သို့ဖြစ်နေပြီး သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုနည်းနည်းမျှပင် မရှိချေ။

“လူသတ်တာကို အခြေစိုက်စခန်းထဲမှာ ခွင့်မပြုထားဘူးလေ.. ဒါ့အပြင် အဲဒီလူတွေက ကျွန်တော့်လောက်တောင် သတ္တိမရှိကြဘူးလေ.. ကျွန်တော် သူတို့ကို မကြောက်‌ဘူး”

သူသည်က အချိန်အကြာကြီး ဆာလောင်နေခဲ့ပုံရကာ သူ၏ခေါင်းထက် ကြီးသော ပေါင်မုန့်မီးကင်တစ်ဝက်ကို အလျှင်အမြန်ပင် အငမ်းမရစားလိုက်သည်။

မကြာမီ သူ၏ဗိုက်က စုတ်ပြဲနေသည့် အင်္ကျီအောက်တွင် မြင်သာစွာဖြင့် ဖောင်းထွက်နေခဲ့သည်။

ကောင်လေးက သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှက်လိုက်သည်။

“လူကြီးမင်း.. ကျွန်တော် ခင်ဗျားကို တခြားအရာတစ်ခု ပြောနိုင်သေးတယ်”

ကျင်းယန်က သူ၏အိတ်ထဲမှ လက်ဖဝါးအရွယ်အစား ဓာတ်ဆားရေဘူးကို သူ့ဆီပစ်ပေးလိုက်လေ၏။

ထိုအချိန်မှသာ ကောင်လေးက သူ၏ဘောင်းဘီထဲမှ ကြေမွနေသော စာရွက်အပိုင်းတစ်ခုကို ဆွဲထုတ်လိုက်သည်။

၎င်းသည်က မြို့တော်၏ အရေးကြီးသောနေရာများ၏ ပုံကြမ်းကို စာရွက်ပေါ်၌ ရေးဆွဲထားခြင်းဖြစ်သည်။ ၎င်းက ရိုးရှင်းသော်လည်း ရှင်းလင်းလေသည်။

“ဒါက ကျွန်တော့်ဘာသာ ဆွဲထားထားတဲ့ ဖြန့်ဖြူးရေးမြေပုံပဲ.. မြို့တော်Zထဲမှာ အမှတ်ခန်းမလည်း ရှိပါ့.. ခင်ဗျားတို့အားလုံးက သန်မာတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့် တာဝန်တွေလုပ်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းနိုင်တယ်..

ခင်ဗျားတို့ရတဲ့ အမှတ်တွေကို အစားအစာအတွက် လဲလှယ်လို့ရတယ်.. မြို့တော်Zရဲ့အမှတ်တွေက အဘိုး‌မော့*နဲ့ညီမျှတယ်”

[T/n : 毛爷爷 (Grandfather Mao): Money(ပိုက်ဆံ). People’s Republic of China (PRC) ၏တည်ထောင်သူဖခင်၊ Mao Zedong ၏မျက်နှာပါရှိသည့် 100 yuan banknotes မှဆင်းသက်လာသော နာမည်ပြောင်]

သူ ခြေဖျားထောက်ရပ်ပြီး နေရာတစ်ခုသို့ သူ၏ပိန်းပါးသော လက်ကောက်ဝတ်ဖြင့် ညွှန်ပြလိုက်သည်။

“ဟိုနေရာကိုကြည့်လိုက်.. စွမ်းအား ဒါမဟုတ် လုပ်ပိုင်ခွင့်အာဏာ မရှိတဲ့သာမာန်လူတွေက နျိုကျားထောက်ပံ့ပေးတဲ့ ပိုက်ဆံနဲ့လူတွေနဲ့ တည်ဆောက်ထားတဲ့ အိပ်ဆောင်ထဲမှာ နေကြတယ်..

အိပ်ဆောင်တွေက နေရာတိုင်းမှာ ရေစိမ့်ပေါက်တွေရှိပြီး လူမျိုးစုံကို နေရာထိုင်ခင်းပေးထားတာဖြစ်လို့ နေကောင်းမွန်တဲ့ နေရာကောင်းတစ်ခု မဟုတ်ဘူး.. ဟုတ်သားပဲ.. နျိုကျားက နျိုဖေးဟောင်ကိုပြောတာ.. ဘုရင်လီကကျ လီကျန်ကျောင်းနော်”

“ခင်ဗျားတို့မှာ ပိုက်ဆံနဲ့ စားစရာရှိရင် အမှတ်ခန်းမကိုသွားပြီး နေထိုင်ခွင့်နဲ့ လဲလှယ်လို့ရတယ်..

ကျွန်တော်ကြားတာတော့ အဲဒီအိမ်တွေမှာ အိပ်ယာအကြီးကြီးတွေနဲ့ အပူပေးစက်တချို့ ရှိတယ်ဆိုပဲ.. အဲဒီအိမ်တွေက အရမ်းကောင်းတာတဲ့”

“...”

ကောင်လေးက ကျင်းယန်နှင့်သူ့အသင်းဖော်များကို အနိမ့်ဆုံးစျေးဖြင့် အကောင်းဆုံးဝန်ဆောင်မှု ပေးခဲ့လေသည်။

သူသည်က ပျက်ကပ်ထဲတွင် မိဘများဆုံးရှုံးခဲ့ရသည့် ကလေးထောင်ချီထဲမှ တစ်ယောက်သာဖြစ်ပြီး အလွန်ထူးခြားသည့် တစ်ယောက်ဖြစ်လေသည်။

ကျင်းယန်နှင့်တခြားသူများက မြို့တော်Zထဲမှ အခြေအနေကို အပြည့်အဝသဘောပေါက်ပြီးနောက် ကလေးက သူ၏ ပရိုဖက်ရှင်နယ်ဆန်သော မျက်နှာကို မြှင့်ပြီး ပြောခဲ့သည်။“ကျွန်တော့်ရဲ့နာမည်က ဖူမင်ပါ.. များသောအားဖြင့် နေ့ခင်းဆို မြို့တော်ဂိတ်မှာ ထိုင်လေ့ရှိတယ်.. ခင်ဗျားတို့ တစ်ခုခုလိုအပ်ရင် အဲဒီမှာကျွန်တော့်ကို လာရှာလို့ရပါတယ်”

ကျောင်းချီယန် နှုတ်ခမ်းကိုဖိကာ ကောင်လေး၏ခေါင်းကို ပုတ်၍ နောက်လှည့်ပြီး ကျင်းယန်နှင့်သူ၏အစ်မတို့နောက်သို့ ထွက်သွားခဲ့သည်။

ခြေနှစ်လှမ်းမျှသာ လှမ်းပြီးနောက် ကျင်းယန်၏ခန္ဓာကိုယ်မှ တစ်စုံတစ်ခု လိမ့်ကျလာခဲ့သည်။

ကောင်လေး၏မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်သည်။

“လူကြီးမင်း.. ခင်ဗျား တစ်ခုခု ကျနေခဲ့တယ်”

ကျင်းယန်ကတော့ ခြေလှမ်းကို မရပ်ဘဲ ဆက်လျှောက်သွားခဲ့သည်။

အချိန်အနည်းငယ် တုံ့ဆိုင်းပြီးနောက် ကောင်လေးက မြေပြင်ပေါ်မှ အရာများကို ကောက်ယူရန် ပြေးသွားလိုက်သည်။

သူ၏လက်ထဲရှိသည့်ပစ္စည်းကို မြင်ပြီးနောက် သူ၏မျက်လုံးများက ပို၍ပင်ပြူးကျယ်သွားပြီး ကျင်းယန်နှင့်သူ၏အသင်းဖော်များ သွားသည့် ဦးတည်ရာကို လှမ်းကြည့်လိုက်လေသည်။

သူ၏ညစ်ပတ်သော လက်တွင် ရောင်စုံသစ်သီးချိုချဥ် အနည်းငယ်ကို ကိုင်ထားခဲ့သည်။ ပျက်ကပ်ဖြစ်ပြီးနောက် သူသည်က မြက်၏အမြစ်များနှင့် နွားချေးကိုပင် စားခဲ့ရလေသည်။ ချိုချဥ်များက မည်သို့အရသာရှိကြောင်းကိုပင် သူမေ့လုနီးပါးဖြစ်နေပေပြီ။

သူ၏လက်ထဲမှ ချိုချဥ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး မကြာခင် သူ၏ပိန်လှီသော ခန္ဓာကိုယ်က အကောက်အကွေ့များသော လမ်းကြားထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

ထိုအခိုက်တွင် ယင်ရိလျို၏နှလုံးသားက ကသောင်းကနင်းဖြစ်နေခဲ့၏။

သူမ အလွန်အမင်း စိတ်လိုက်မာန်ပါ ပြူမူမိကြောင်း သူမသိသည်။

ယခုလေးတင် ကောင်လေးက မည်မျှ သနားစရာကောင်း‌ကြောင်းကို မြင်လိုက်ရချိန်တွင် မထိန်းချုပ်နိုင်ဘဲ သူမ၏နေရာလွတ်ထဲမှ ချိုချဥ်နှစ်ခုကို လှမ်းယူပြီး မြေပြင်ပေါ် ပစ်ချလိုက်မိသည်။

၎င်းတို့ကို ပစ်ချလိုက်သည့်အခိုက်တွင် သူမကိုယ်သူမပင် စိတ်အနှောင့်အယှက်ဖြစ်သွားရလေ၏။

သူမရဲ့နှလုံးသားက ထပ်ပြီးပျော့ညံ့သွားခဲ့ပြန်ပြီ!

နောက်တစ်ကြိမ်!

နောက်တစ်ကြိမ်ဆိုတာ ထပ်မရှိစေရဘူး!

သူမ၏ လုပ်ဆောင်ချက်လေးက ကျင်းယန်၏မျက်စိအောက်မှ မည်သို့ လွတ်မြောက်နိုင်မည်နည်း?

သို့သော် သူငယ်ချင်းလေး၏ လုပ်ဆောင်ချက်ကို သူ သဘောတူထားခဲ့လေသည်။

ထိုနေရာတွင် တခြားတစ်စုံတစ်ယောက်သာဖြစ်လျှင်တော့ သူ၏ဘေးမှ စိတ်မရှည်စွာ ကန်ထုတ်မည်ဖြစ်၏။

သို့သော် ၎င်းက သူ၏ယုန်လေးဖြစ်နေသောအခါတွင်တော့ ရက်စက်သောအရာများ မပြောခဲ့ညဘဲ သူငယ်ချင်းလေး၏ နားရွက်များကိုသာ ခပာဖွဖွဆိတ်လိုက်လေသည်။

သူငယ်ချင်းလေးက သူမ၏ရန်သူများကို ညှာတာမှုမပြသတတ်ပါချေ။

သို့သော်လည်း သူမ၏ဂရုဏာတရားသည်က လုံးဝပျောက်ပျက်မသွားသေးပေ။ သူမသည် အလွန်ပင်ကြင်နာတတ်သော ကလေးမလေးဖြစ်ပြီး အလွန်ပင် ချစ်စရာကောင်းလေသည်။

ဤအချိန်တွင် သူ့ထံ၌ စံနှစ်မျိုးဟုခေါ်သော တစ်စုံတစ်ရာရှိနေပြီဖြစ်ကြောင်းကို ကျင်းယန်မသိခဲ့ချေ။

သူသည်က စကားလုံးကို ပုဂ္ဂိုလ်ရေးများဖြင့် အဓိပ္ပာယ်ကောက်နေပြီး ‘စံနှစ်မျိုး’ လမ်းသို့ ပို၍ပင် နက်ရှိုင်းစွာ ဆင်းသွားနေခဲ့သည်။

ကျင်းယန်နှင့်သူ၏အသင်းဖော်များက အမှတ်ခန်းမကို ရှာဖွေခဲ့ပြီး နေစရာနေရာတစ်ခုကိုရှာရန် ရည်ရွယ်နေခဲ့ကြသည်။

ထိုနေရာသို့ရောက်လျှင် အတော်အတန်သေးသည့် ခန်းမထဲတွင် ထိုင်နေသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရ၏။

သူမသည်က ပျက်ကပ်ထဲတွင် ကောင်းမွန်စွာ အာဟာရပြည့်ဝနေခဲ့ပုံရသည်။ သူမ၏မျက်နှာပေါ်၌ သိသာသည့် foundationကိာပင် လိမ်းထားပြီး သူမကိုယ်သူမ မှန်ထဲသို့သာ အဆတ်မပြတ်ကြည့်နေကာ သူတို့ဝင်လာသည်ကို ကြားသောအချိန်တွင်ပင် ခေါင်းမော့မလာခဲ့ချေ။

“စာရင်းသွင်းဖို့ဆိုရင် တာဝန်ကတ်ကို ယူလာခဲ့”

သူမ၏စကားကိုကြားလျှင် ကျင်းယန်စိတ်မပါစွာ ပြောလိုက်သည်။

“အိမ်တစ်အိမ် ရှာနေတာ”

ဤစကားကိုကြားလိုက်ရချိန်တွင်တော့ အမျိုးသမီးက မှန်ကိုချလိုက်ပြီး အပြုံးတစ်ခုကို ပြသလာခဲ့လေသည်။ ဤနေ့ရက်များတွင် အိမ်တစ်အိမ်ငှားရန်အတွက် တတ်နိုင်သည့် လူစုဆိုသည်မှာ ဖောက်သည်ကြီးများပင် ဖြစ်သည်။

ကျင်းယန်၏မျက်နှာကို တွေ့လိုက်ရချိန်တွင် သူမ၏မျက်နှာပေါ်မှ အပြုံးသည်က ပို၍ပင် စိတ်ရင်းပါလာခဲ့သည်။

“ ရှင့်ရဲ့နာမည်ကို စာရင်းသွင်းဖို့ ပြောပါဦး”

“ကျင်းယန်”

“မစ္စတာကျင်းယန် .. ရှင့်ရဲ့နာမည်က အတော်လွှမ်းမိုးတာပဲ ပြီးတော့ ဒီလိုမျိုးရိုးနာမည်က အတော့်လေးကိုရှားတယ်….”

ကျင်း-ချောမောသည့်-ယန်၏ မျက်နှာက မလှုပ်ရှားသည်ကို မြင်လိုက်ရသော်လည်း ထိုအမျိုးသမီးက စိတ်ပျက်မသွားချေ။

သူအနေဖြင့် ကျင်းယန်နှင့် အသင်းဖော်များ၏ နာမည်များကို နောက်ဆုံးသော ဆင့်ကဲပြောင်းလဲသူများနာမည်စာရင်းတွင် ရှာတွေ့ခဲ့သောကြောင့်ဖြစ်သည်။

မြို့တော်Zရှိ နာမည်စာရင်းက အချိန်တိုင်း updateဖြစ်နေတတ်၏။ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အသွင်အပြင်မှာ အာရုံစိုက်မှုအများအပြားကို ဆွဲဆောင်နှင့်ပြီဖြစ်သည်။

“ကျင်းယန်ကော.. ကျွန်မတို့ရဲ့မြို့တော်Zမှာ ငှားရမ်းခွင့်တွေအတွက် အမှတ်တွေကို လဲလှယ်လို့ရပါတယ်.. ငှားရမ်းခကို လူတစ်ယောက်ချင်းစီက တစ်ရက်ဆယ်မှတ်ပေးရမှာဖြစ်ပြီး အခြေခံအားဖြင့် သီးခြားစီ ပေးချေရတယ်..ဒါပေမဲ့ ရှင့်တို့က ဒီမှာ လူသစ်တွေဆိုတော့ အမှတ်တွေကို အစားအစာနဲ့လှယ်လို့ရတယ်.. ပေါင်မုန့်၊ အသင့်စားခေါက်ဆွဲ၊ ဆန်နဲ့ အခြားဟာတွေလိုမျိုး ပုံမှန်စားစရာတွေဆို လူတစ်ယောက်ကို တစ်ရက် တစ်ကီလိုဂရမ်ပဲ.. အသားဆိုရင်တော့ တစ်ရက်ကို ၅၀၀ ဂရမ်နဲ့”

နောက်ဘက်တွင် နားထောင်နေသည့် ကျောင်းစီဟွေ့တစ်ယောက် ဤနှလုံးသားမည်းနက်သည့် စီးပွားရေးသမားများကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

All Chapters